Taw Win Thitsar clinic

Call Website Contact the practice

Taw Win Thitsar clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taw Win Thitsar clinic, Hospital, No(267/273), ShweBonThar Street, Pabaden Township, Yangon.

"အရိုးအကြောဆိုင်ရာ နာကျင်မှုတွေ သက်သာစေဖို့ တော်ဝင်သစ္စာ ဆေးခန်းကို ယုံကြည် အားထားကြပါစို့"⛑✅ဒူးနာကျင်မှု နှင့်ဒူးကျီးပေ...
30/09/2026

"အရိုးအကြောဆိုင်ရာ နာကျင်မှုတွေ သက်သာစေဖို့ တော်ဝင်သစ္စာ ဆေးခန်းကို ယုံကြည် အားထားကြပါစို့"

⛑✅ဒူးနာကျင်မှု နှင့်ဒူးကျီးပေါင်း ဖြစ်ရတဲ့ အဓိကအကြောင်းအရင်း (၄) မျိုးနဲ့
ပြန်လည်ကောင်းမွန်လာစေဖို့ ကုသနည်းလမ်းညွှန်လေးတွေကို ပြောပြပေးချင်ပါတယ်ရှင့်။

​🔖ဒူးနာကျင်တာက သင့်ရဲ့နေ့စဉ်လှုပ်ရှားမှုကို အနှောင့်အယှက်ပေးနေပါသလားရှင့်?

✅ဒူးနာကျင်မှုက အသက်ကြီးတဲ့သူတွေမှာသာမက လူငယ်တွေကြားမှာပါ အဖြစ်များလာပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။နာကျင်မှုရဲ့ရင်းမြစ်ကို နားလည်ပြီး မှန်ကန်တဲ့ ပြန်လည်ထူထောင်ရေး ကုသခြင်း (Rehab and physiotherapy treatment )အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြင့် နာကျင်မှုကို လျော့ချပေးပြီး ဒူးအဆစ်များကို ကြာရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ရှင့်။

​📌 ဒူးနာကျင်မှုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းများစွာထဲမှာ အဖြစ်များဆုံး (၄) မျိုးမှာ..

​1️⃣ Muscle imbalance and Weakness(ကြွက်သားမညီမျှခြင်း နှင့် ကြွက်သားအားနည်းနေခြင်း)

✅ဒူးပတ်ပတ်လည်က ကြွက်သားတွေ (ဥပမာ- ပေါင်ရှေ့ကြွက်သား (Quadriceps) နဲ့ ပေါင်နောက်ကြွက်သား (Hamstrings) အင်အားမညီမမျှဖြစ်တဲ့အခါ နှင့် အားနည်းတဲ့အခါ ဒူးအဆစ်ပေါ်မှာ ဖိအားတွေ မမျှမတဖြစ်စေခြင်းကြောင့် ဒူးနာမှု ဖြစ်စေပါတယ်။

​2️⃣ Cartilage Wear and Tear (အရိုးနု တိုက်စားခြင်း)

✅ဒူးအဆစ်ရိုးထဲမှ အရိုးနုတွေဟာ အချိန်ကြာလာတာနဲ့အမျှ သို့မဟုတ် ပွတ်တိုက်မှု နှင့် ထိခိုက်မှုများခြင်းကြောင့်လည်းကောင်း၊ ရိုးတွင်းရှိ ချောဆီများ နည်းပါးခြင်းကြောင့် ပိုမိုတိုက်စားလာတဲ့အခါ နာတာရှည် ဒူးကျီးပေါင်း ရောဂါဖြစ်စေပြီး လှုပ်ရှားမှုတိုင်းမှာ နာကျင်မှုကိုဖြစ်ပေါ်စေပါတယ်ရှင့်။

​3️⃣ Ligament strain (အရွတ်တောင့်တင်းမှု/ဒဏ်ဖြစ်ခြင်း)

✅လှုပ်ရှားမှု ပြင်းထန်လွန်းတာ၊ ရုတ်တရက် လှည့်လိုက်တာမျိုးတွေကြောင့် အားကစား သမားများ နှင့် နာတာရှည် အလေးအပင်မသူများ တွင် ဒူးတွင်းရှိ အရွတ်များဖြင့်သော် (ACL, PCL, MCL, LCL) တင်းမာတာ (သို့) ဒဏ်ရာရခြင်းကြောင့် ဒူးနာခြင်းဖြစ်ပေါ်စေပါတယ်ရှင့်။

​4️⃣ Obesity and Overweight (အဝလွန်ခြင်း)

✅လူငယ်များ နှင့် လူလတ်ပိုင်းများတွင် sedentary life style များကြောင့်လည်းကောင်း၊ အဝလွန်ခြင်း နှင့် weight များခြင်းသည် ဒူးနာကျင်ခြင်း နှင့် ဒူးအဆစ်ရိုး ပျက်စီးစေသော် အဖြစ်များသော် အကြောင်းအရင်း တခုဖြစ်ပေသည်။

✨ Our Clinic Provide Excellence in Rehabilitation ,Physiotherapist Care And Specialist Medicine Care ✨

✨တော်ဝင်သစ္စာ အရိုးအကြောနှင့် အထွေထွေကုဆေးခန်းတွင် "အရိုး၊ အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆိုင်ရာ" ကျန်းမာရေးပြဿနာများအတွက် အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများမှ စနစ်တကျ စစ်ဆေးကုသပေးလျက်ရှိပါသည်။

✨ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုတည်းမဟုတ်ဘဲ လူနာတစ်ဦးချင်းစီအတွက် ယုံကြည်စိတ်ချရသော Care Experience ကို ဦးစားပေးဖန်တီးပေးနေပါသည်။

💠 Endocrine and Diabetes Care
💠 Upgrade System
💠 Modern Care
💠 Professional Consultation
💠 Personalized Rehabilitation Approach

"နာကျင်မှုသက်သာပြီး ပိုမိုကောင်းမွန်သော လှုပ်ရှားသွားလာနိုင်မှုနှင့် Quality of Life ကို ပြန်လည်ရရှိစေရန် ဂရုတစိုက်ကုသပေးနေပါသည်။

📍 တော်ဝင်သစ္စာ အရိုးအကြောနှင့် အထွေထွေကုဆေးခန်း
🏥 လိပ်စာ- အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန် မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊၀၉-၉၈၈၂၄၂၆၈၄

Hot line - 09-750075214/ 095089529




#ဆီးချိုရောဂါသမားများအတွက်



#ဟော်မုန်းရောဂါသမားများအတွက်
#ဆီးချိုသွေးချိုလူနာများအတွက်

✨ Our Clinic Provide Excellence in Rehabilitation ,Physiotherapist Care And Specialist Medicine Care ✨✨တော်ဝင်သစ္စာ အရို...
23/09/2026

✨ Our Clinic Provide Excellence in Rehabilitation ,Physiotherapist Care And Specialist Medicine Care ✨

✨တော်ဝင်သစ္စာ အရိုးအကြောနှင့် အထွေထွေကုဆေးခန်းတွင် "အရိုး၊ အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆိုင်ရာ" ကျန်းမာရေးပြဿနာများအတွက် အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများမှ စနစ်တကျ စစ်ဆေးကုသပေးလျက်ရှိပါသည်။

✨ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုတည်းမဟုတ်ဘဲ လူနာတစ်ဦးချင်းစီအတွက် ယုံကြည်စိတ်ချရသော Care Experience ကို ဦးစားပေးဖန်တီးပေးနေပါသည်။

👩🏼‍⚕️ပါမောက္ခ / ဌာနမှူး
ဒေါက်တာဒေါ်မျိုးသူဇာခင်

M.B.,B.S ,M.Med.Sc ,
Dr.Med.Sc (Rehabilitation Medicine),
MBA
ပါမောက္ခ/ငှါနမှုး
"အရိုးအကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွန်းရေး အထူးကုဆရာဝန်ကြီး"
ရန်ကုန်ဆေးရုံကြီး

📅 အပတ်စဉ် စနေနေ့
⏰ မနက် (၁၀:၀၀) မှစတင်ကြည့်ရှုပေးပါသည်။

👨‍⚕️ ဒေါက်တာ သိန်းသန်းဝင်း
M.B.,B.S, M.Med.Sc (Rehabilitation Medicine)
Dr.Med.Sc (Rehab Med)
Dip in TCM-Acupuncture (China),
Dip Med Ed
"အရိုးအကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွန်းရေး အထူးကုဆရာဝန်ကြီး"

📅 အပတ်စဉ် စနေနေ့
⏰ မနက် (၁၁:၀၀) မှ စတင်ကြည့်ရှုပေးပါသည်။

ပါမောက္ခ / အတိုင်ပင်ခံ ဆရာဝန်ကြီး

👨🏼‍⚕️ဒေါက်တာ လောဟာအောင်
M.B.,B.S, M.Med.Sc(Rehab Med)
Dr.Med.Sc(Rehab Med)
Dip.Med.Ed
"အရိုးအကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွန်းရေး အထူးကုဆရာဝန်ကြီး"

📅 အပတ်စဉ်
သောကြာ ညနေ (၄:၃၀) နှင့် တနင်္ဂနွေ နေ့လည် (၁၂:၃၀) မှ စတင်ကြည့်ရှုပေးပါသည်။

👩🏼‍⚕️ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကု
ဆရာဝန်ကြီး
ဒေါက်တာ ခင်မျိုးအောင်
M.B.,B.S,M.Med.Sc(Internal Medicine)
Dr.Med.Sc(Endocrinology)
Senior Consultant (Endocrine)
Department Of Diabetes and Endocrinology
"ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကု
ဆရာဝန်ကြီး၊ ရန်ကုန်ဆေးရုံးကြီး"

📅 အပတ်စဉ်
ကြာသပတေး ညနေ (၄:၃၀) နှင့် တနင်္ဂနွေ မနက် (၉:၃၀) မှ စတင်ကြည့်ရှုပေးပါသည်။

👩🏼‍⚕️ဒေါက်တာယဉ်ယဉ်မင်း
M.B.,B.S,M.Med.Sc(Rehabilitation Medicine)
Consultant Physiatrist
"အရိုးအကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွန်းရေး အထူးကုဆရာဝန်ကြီး၊ ကုတင်(၅၀၀) အထူးကုဆေးရုံကြီး၊ရန်ကုန်"

📅အပတ်စဉ်
အင်္ဂါ၊ကြာသပတေး ညနေ (၄:၃၀) နှင့် စနေ၊တနင်္ဂနွေ မနက် (၉:၃၀) မှ စတင်ကြည့်ရှုပေးပါသည်။

👩‍⚕️ ဒေါက်တာ စန္ဒာဦး
M.B.,B.S, M.Med.Sc (Rehabilitation Medicine)
Consultant Physiatrist
📅 နေ့စဉ်နေ့တိုင်း
⏰ ညနေ (၄:၀၀)

👨‍⚕️ ဒေါက်တာ မြတ်ဘုန်းအောင်
M.B.,B.S, M.Med.Sc (Rehabilitation Medicine), Dip.Med.Ed.
📅 အင်္ဂါနေ့ — ညနေ (၄:၀၀)
📅 တနင်္ဂနွေနေ့ — နေ့လည် (၂:၀၀)

👨🏼‍⚕️ဒေါက်တာကိုကိုနိုင်
M.B.,B.S(YGN)
Dip Family Med(CMC
အထွေထွေမိသားစု ဆရာဝန်
နေ့စဉ် ညနေ (၃:၃၀) မှစတင်ကြည့်
ရှုပေးပါသည်။

💠 Endocrine and Diabetes Care
💠 Upgrade System
💠 Modern Care
💠 Professional Consultation
💠 Personalized Rehabilitation Approach

"နာကျင်မှုသက်သာပြီး ပိုမိုကောင်းမွန်သော လှုပ်ရှားသွားလာနိုင်မှုနှင့် Quality of Life ကို ပြန်လည်ရရှိစေရန် ဂရုတစိုက်ကုသပေးနေပါသည်။

📍 တော်ဝင်သစ္စာ အရိုးအကြောနှင့် အထွေထွေကုဆေးခန်း
🏥 လိပ်စာ- အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန် မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊၀၉-၉၈၈၂၄၂၆၈၄

Hot line - 09-750075214/ 095089529




#ဆီးချိုရောဂါသမားများအတွက်



#ဟော်မုန်းရောဂါသမားများအတွက်
#ဆီးချိုသွေးချိုလူနာများအတွက်

✅🍀ကာလဝမ်းရောဂါ (Cholera) ဆိုသည်မှာ "Vibrio cholerae" ခေါ် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသော ပြင်းထန်သည့် အူလမ်းကြောင်းဆ...
13/08/2026

✅🍀ကာလဝမ်းရောဂါ (Cholera) ဆိုသည်မှာ "Vibrio cholerae" ခေါ် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသော ပြင်းထန်သည့် အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်သည်။

🚨ညစ်ညမ်းသောရေနှင့် အစားအစာများကို စားသောက်မိရာမှ ကူးစက်တတ်ပြီး အချိန်မှီ မကုသပါက ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် ဆားဓာတ်များ လျင်မြန်စွာ ဆုံးရှုံးကာ နာရီပိုင်းအတွင်း အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ပြင်းထန်သော ရောဂါဖြစ်သည်။

✅🚨ရောဂါလက္ခဏာများ…

🔔ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း- အရောင်ဖျော့ဖျော့၊ နို့နှစ်ရောင်ရှိပြီး အနံ့ညှီသော ဝမ်းများ အလွန်အမင်း သွားခြင်း။

🔔အော့အန်ခြင်း- ရောဂါစတင်ချိန်တွင် အစာများ သို့မဟုတ် အရည်များ ဆက်တိုက်အန်ခြင်း။

🔔ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်ခြင်း-
ရေငတ်ခြင်း၊ မျက်ကွင်းချိုင့်ခြင်း၊ အသားအရေပိန်ခြောက်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း။

🔔ကြွက်တက်ခြင်း- ခန္ဓာကိုယ်မှ ဆားဓာတ် (ပိုတက်စီယမ်၊ ဆိုဒီယမ်) များ ဆုံးရှုံးသဖြင့် ခြေသလုံးနှင့် ဗိုက် ကြွက်သားများ တောင့်တင်းနာကျင်ခြင်း။

🔔အလွန်အမင်း အားနည်းခြင်း - သွေးဖိအားကျဆင်းပြီး မူးဝေခြင်း၊ မှိန်းခြင်း သို့မဟုတ် ဂယောင်ခြောက်ချား ဖြစ်ခြင်း။

🚨🛤ကူးစက်ပြန့်ပွားပုံ..

✅မစင် သို့မဟုတ် အော့အန်ဖတ်များ ငြိစွန်းနေသော မသန့်ရှင်းသော သောက်သုံးရေ ကြောင့်။

✅ယင်ကောင်နားထားသော အစားအစာများ သို့မဟုတ် မသန့်ရှင်းသော လက် ဖြင့် ကိုင်တွယ်ထားသည့် လမ်းဘေးစာများ။

✅ကောင်းစွာကျက်အောင် မချက်ပြုတ်ထားသော ပင်လယ်စာများ (အထူးသဖြင့် ခရု၊ ကမာ) ကို စားမိခြင်းကြောင့်။

အရေးပေါ်ပြုစုခြင်းနှင့် ကုသခြင်း..

1️⃣ဓာတ်ဆားရည် ချက်ချင်းတိုက်ကျွေးပါ-ဝမ်းတစ်ကြိမ်သွားတိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု အိုအာအက်စ် (ORS) ဓာတ်ဆားရည် သို့မဟုတ် အိမ်တွင်းဖြစ် ဆား/သကြား ဖျော်ရည်ကို အမြန်ဆုံး တိုက်ကျွေးပါ။

2️⃣ဆေးရုံ၊ ဆေးခန်းသို့ အမြန်ပို့ဆောင်ပါ- ပြင်းထန်စွာ ဝမ်းလျှော၊ အော့အန်နေပါက သွေးကြောထဲမှတစ်ဆင့် ပုလင်းသွင်းကုသရန် (IV fluids) ဆေးရုံသို့ အချိန်မီ ပို့ဆောင်ရမည်။

3️⃣ပဋိဇီဝဆေးဝါးများ- ဆရာဝန်ညွှန်ကြားချက်အတိုင်း ဘက်တီးရီးယား သတ်ဆေးများ သောက်သုံးခြင်းဖြင့် ဝမ်းသွားသည့် ရက်ကို တိုစေနိုင်သည်။

🍀🛡ကြိုတင်ကာကွယ်ခြင်း…

❤️ ရေကို ကျိုချက်သောက်ပါ: သောက်သုံးရေနှင့် ချက်ပြုတ်ရေကို ဆူပွက်အောင် ကျိုချက်ပါ သို့မဟုတ် သန့်စင်ထားသော ရေသန့်ကိုသာ သုံးပါ။

❤️လက်ကို စင်ကြယ်စွာဆေးပါ: အစာမစားမီ၊ အစားအစာ မပြင်ဆင်မီနှင့် အိမ်သာတက်ပြီးတိုင်း ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ အောင် စနစ်တကျ လက်ဆေးပါ။

❤️အစားအစာကို ကျက်အောင်ချက်ပါ: အစားအစာများကို ပူပူနွေးနွေး ချက်ပြုတ်စားသောက်ပြီး ယင်ကောင်မနားစေရန် ဖုံးအုပ်ထားပါ။

❤️ယင်လုံအိမ်သာ အသုံးပြုပါ: မစင်များကို စနစ်တကျ စွန့်ပစ်ပြီး ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုစိုက်ပါ။

* ကာကွယ်ဆေး သောက်ပါ: ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများတွင် ကာလဝမ်းရောဂါ ကာကွယ်ဆေး (Oral Cholera Vaccine) ကို ကြိုတင်သောက်ထားနိုင်သည်။



Photo - credit

🙏 ဗုဒ္ဓဘာသာဝင်များ၏ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏☘️29.7.2026 ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်များ၏ ဝါဆိုလပြည့်အ...
29/07/2026

🙏 ဗုဒ္ဓဘာသာဝင်များ၏ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့🙏

☘️29.7.2026 ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော
ဗုဒ္ဓဘာသာဝင်များ၏ ဝါဆိုလပြည့်အခါသမယနေ့မှာ (၇)ရက်သားသမီးအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ဘေးဘယာကင်းဝေးပြီး လိုအင်ဆန္ဒများတစ်လုံး တo ပြည့်စုံကြပါစေကြောင်း "တော်၀င်သစ္စာ"ဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။🙏
#၀ါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့

✅"သင့်မှာ ဒီလက္ခဏာတွေ ရှိနေပြီလား?"🌲ယနေ့ခေတ်မှာ ရုံးအလုပ်များ၊ ကွန်ပျူတာရှေ့ အချိန်ကြာမြင့်စွာ ထိုင်လုပ်ရခြင်း၊ ဖုန်းအသု...
27/07/2026

✅"သင့်မှာ ဒီလက္ခဏာတွေ ရှိနေပြီလား?"

🌲ယနေ့ခေတ်မှာ ရုံးအလုပ်များ၊ ကွန်ပျူတာရှေ့ အချိန်ကြာမြင့်စွာ ထိုင်လုပ်ရခြင်း၊ ဖုန်းအသုံးပြုချိန်များလာခြင်းတို့ကြောင့် လည်ပင်း၊ ပခုံးနှင့် ကျောရိုးဆိုင်ရာ ပြဿနာများကို လူငယ်များတွင်ပါ ပိုမိုတွေ့ရှိလာရပါတယ်။

🌲အချိန်ကြာကြာ မမှန်ကန်တဲ့ ကိုယ်နေဟန်ထား (Poor Posture) ဖြင့် နေထိုင်ခြင်းကြောင့် လည်ပင်းနှင့် ကျောရိုးပတ်ဝန်းကျင်ရှိ ကြွက်သားများ တင်းကျပ်လာနိုင်ပြီး တချို့အခြေအနေများတွင် အာရုံကြောများအပေါ် ဖိအားသက်ရောက်ခြင်း (Nerve Compression) ဖြစ်ပေါ်လာနိုင်ပါတယ်။

အောက်ပါလက္ခဏာများကို ခံစားနေရပါသလား?

▪️ ဇက်ကြောတက်ခြင်း၊ လည်ပင်းနာကျင်ခြင်း၊
▪️ ပခုံးနှင့် လက်မောင်းများ ကိုက်ခဲခြင်း၊
▪️ လက်ချောင်းများ ထုံကျင်ခြင်း၊
▪️ လက်အားနည်းသလို ခံစားရခြင်း၊
▪️ ခေါင်းကိုက်ခြင်း၊
▪️ အချိန်ကြာကြာ ထိုင်ပြီးနောက် နာကျင်မှု ပိုမိုဆိုးရွားလာခြင်း၊

လူအများစုက ဒီလိုလက္ခဏာတွေကို ခဏတာ ပေါ့ဆ၍ "အနားယူလိုက်ရင် ကောင်းသွားမှာပါ" ဟု ယူဆတတ်ကြပါတယ်။

🌳သို့သော် တချို့သော အခြေအနေများတွင် ဒီ
လက္ခဏာများဟာ ကျောရိုးနှင့် အာရုံကြောဆိုင်ရာ ပြဿနာများ၏ အစောပိုင်းသတိပေးချက်များ ဖြစ်နိုင်ပါတယ်။

ကျောရိုးနှင့် အာရုံကြောစနစ် ကျန်းမာရေးက နေ့စဉ်လှုပ်ရှားမှုများ၊ အလုပ်လုပ်နိုင်စွမ်းနှင့် ဘဝအရည်အသွေးတို့အတွက် အရေးကြီးသော အခြေခံတစ်ခု ဖြစ်ပါတယ်။

☘️"Pain" နာကျင်မှုသေးသေးလေးများကို လျစ်လျူမရှုဘဲ စောစီးစွာ ဂရုစိုက်ခြင်းက နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးနိုင်ပါတယ်။

သင့်ခန္ဓာကိုယ်က ပေးပို့နေတဲ့ သတိပေးချက်တွေကို နားထောင်ပါ။

🏥 တော်ဝင်သစ္စာဆေးခန်း
အရိုး၊ အကြော၊ အဆစ်နှင့် ကျောရိုးဆိုင်ရာ ဝေဒနာများအတွက် အတွေ့အကြုံရှိ ဆရာဝန်များနှင့် တိုင်ပင်စစ်ဆေးနိုင်ပါသည်။

"😥အဆစ်အမြစ်ကိုက်ခဲမှုများအတွက်  အသားများများ စားသုံးခြင်းက တရားခံလား?"😰အဆစ်အမြစ်နာကျင်လာတဲ့အခါ"အသားစားလို့ ဖြစ်တာပါ၊ အနီ...
23/07/2026

"😥အဆစ်အမြစ်ကိုက်ခဲမှုများအတွက် အသားများများ စားသုံးခြင်းက တရားခံလား?"

😰အဆစ်အမြစ်နာကျင်လာတဲ့အခါ

"အသားစားလို့ ဖြစ်တာပါ၊ အနီရောင်အသားအားလုံး ရှောင်ရမယ်" ဆိုတဲ့ အယူအဆကို လူနာအများစုမှာ တွေ့ရတတ်ပါတယ်။

ဒါပေမယ့် အဆစ်အမြစ်နာကျင်မှု ဖြစ်စေတဲ့ အကြောင်းရင်းတွေက အမျိုးမျိုးရှိပြီး အနီရင့်ရောင်အသားစားခြင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။

ခန္ဓာကိုယ်ရဲ့ အရိုး၊ အဆစ်နဲ့ ကြွက်သားများ ကျန်းမာသန်စွမ်းဖို့အတွက် Protein (ပရိုတင်းဓာတ်) ဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် အဆစ်နာတိုင်း အနီရောင်အသားစားသုံးခြင်းကို လုံးဝရှောင်ရန် မလိုအပ်ပါ။

သို့သော် Gout (ယူရစ်အက်ဆစ်မြင့်တက်ပြီး အဆစ်ရောင်ရမ်းခြင်း) ကဲ့သို့သော အခြေအနေများတွင်တော့ Purine ဓာတ်များသော အစားအစာများဖြစ်သည့်—

▪️ အနီရောင်အသားများ
▪️ ကလီစာများ
▪️ အချို့သော ပင်လယ်စာများ

ကို ဆရာဝန်၏ အကြံပြုချက်အတိုင်း ကန့်သတ်စားသုံးရန် လိုအပ်နိုင်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့
"အဆစ်နာတယ်" ဆိုတဲ့ လက္ခဏာတစ်ခုတည်းနဲ့ ကိုယ့်ဘာသာ အစားအစာတွေကို မလိုအပ်ဘဲ ရှောင်ကြဉ်ခြင်း မပြုသင့်ပါ။

အဆစ်နာရတဲ့ အကြောင်းရင်းကို မှန်ကန်စွာ သိရှိပြီး သင့်တော်တဲ့ ကုသမှုနဲ့ အာဟာရပုံစံကို ရွေးချယ်ခြင်းကသာ ရေရှည်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

ကျန်းမာရေးအတွက် အယူအဆအရေးအသားများထက် အချက်အလက်မှန်ကို ရွေးချယ်ဖတ်ရှုခြင်းအားဖြင့်ကျန်းမာပျော်ရွှင်သောဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ
#အရိုးအကြောအထူးကုဆေးခန်း

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင...
19/07/2026

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင်
ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည် ခေါင်းဆောင်ကြီးများအား
ရိုသေလေးစားစွာဂါရဝပြုအပ်ပါသည်။

🌧️ မိုးရာသီမှာ အရိုးအကြောနာကျင်မှုတွေ ပိုဆိုးလာနေတာ ဘာကြောင့်လဲ?မိုးရာသီရောက်လာချိန်မှာ ဒူးနာခြင်း၊ ခါးနာခြင်း၊ လက်ခြေ အ...
26/06/2026

🌧️ မိုးရာသီမှာ အရိုးအကြောနာကျင်မှုတွေ ပိုဆိုးလာနေတာ ဘာကြောင့်လဲ?

မိုးရာသီရောက်လာချိန်မှာ ဒူးနာခြင်း၊ ခါးနာခြင်း၊ လက်ခြေ အဆစ်အမြစ်များ တင်းကျပ်နာကျင်ခြင်းနှင့် အရိုးအကြောကိုက်ခဲခြင်းများကို ယခင်ထက် ပိုမိုခံစားရတတ်ကြပါတယ်။

ဒီလိုဖြစ်ရခြင်းဟာ အသက်အရွယ်ကြောင့်သာ မဟုတ်ဘဲ မိုးရာသီအတွင်း စိုထိုင်းဆမြင့်တက်လာခြင်း၊ လေဖိအားပြောင်းလဲခြင်းနှင့် ရာသီဥတုအပြောင်းအလဲများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် အရိုးအဆစ်ရောင်ရမ်းခြင်း၊ အကြောဆိုင်ရာရောဂါများ သို့မဟုတ် အရိုးအဆစ်ပြဿနာအခံရှိသူများတွင် နာကျင်မှုများ ပိုမိုသိသာလာနိုင်ပြီး နေ့စဉ်လှုပ်ရှားမှုများကိုပါ ထိခိုက်စေနိုင်ပါတယ်။

🦴 ကျန်းမာသန်စွမ်းသော အရိုးအဆစ်များသည် ကောင်းမွန်သော ဘဝတစ်ခုအတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် အရိုးအကြောနာကျင်မှုများကို "မိုးရာသီမို့ပါ" ဟု ထင်မှတ်ကာ လျစ်လျူမရှုသင့်ပါ။ စောစီးစွာ စစ်ဆေးကုသခြင်းနှင့် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်းက နောင်တွင် ဖြစ်လာနိုင်သော ပိုမိုပြင်းထန်သည့် အရိုးအဆစ်နှင့် အကြောဆိုင်ရာ ပြဿနာများကို လျော့နည်းစေနိုင်ပါတယ်။

💙 အရိုးအကြောဆိုင်ရာ နာကျင်မှုများမှ သက်သာပျောက်ကင်းစေရန် တော်ဝင်သစ္စာဆေးခန်းမှ ကျွမ်းကျင်သော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးကုသမှု ခံယူလိုက်ပါ။

🏥 လိပ်စာ - အမှတ် (၂၆၇/၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ်၊ အမှတ် (၄) ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊ ၀၉-၉၈၈၂၄၂၆၈၄

📞 Hotline - 09-750075214, 09-5089529

💙 **ဘာကြောင့် တော်ဝင်သစ္စာကို ရွေးချယ်သင့်တာလဲ?**ကျန်းမာရေးဆိုတာ ဘဝရဲ့ အရေးအကြီးဆုံးသော အရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါကြ...
21/06/2026

💙 **ဘာကြောင့် တော်ဝင်သစ္စာကို ရွေးချယ်သင့်တာလဲ?**

ကျန်းမာရေးဆိုတာ ဘဝရဲ့ အရေးအကြီးဆုံးသော အရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူမယ့်နေရာကို ရွေးချယ်တဲ့အခါ ယုံကြည်စိတ်ချရမှု၊ ကျွမ်းကျင်မှုနဲ့ စေတနာပြည့်ဝမှုတို့က အရေးပါဆုံး ဖြစ်ပါတယ်။

🏥 **တော်ဝင်သစ္စာဆေးခန်း** တွင် နယ်ပယ်အသီးသီးမှ အတွေ့အကြုံပြည့်ဝပြီး ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများက လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးလိုအပ်ချက်များကို အသေးစိတ် စစ်ဆေးကာ သင့်လျော်သော ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ဆေးခန်းသည် လူနာများအတွက် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပေးအပ်နိုင်ရန် အမြဲကြိုးပမ်းလျက်ရှိပြီး ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် စေတနာတို့ကို ပေါင်းစပ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးဆောင်နေပါသည်။

✨ သင့်နှင့် သင့်မိသားစု၏ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် တော်ဝင်သစ္စာဆေးခန်းက အမြဲရှိနေပါသည်။

**ကျန်းမာရေးကောင်းမွန်သော အနာဂတ်အတွက် တော်ဝင်သစ္စာကို ယုံကြည်စွာ ရွေးချယ်လိုက်ပါ။**

🏥 လိပ်စာ - အမှတ် (၂၆၇/၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ်၊ အမှတ် (၄) ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊ ၀၉-၉၈၈၂၄၂၆၈၄

📞 Hotline - 09-750075214, 09-5089529

🌙 Eid Al-Adha Mubarak 🌙ပျော်ရွှင်စရာ Eid Al-Adha အချိန်အခါသမယမှာမိသားစုတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးပျော်ရွှင်မှုမ...
28/05/2026

🌙 Eid Al-Adha Mubarak 🌙

ပျော်ရွှင်စရာ Eid Al-Adha အချိန်အခါသမယမှာ
မိသားစုတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ပျော်ရွှင်မှုများနဲ့ ပြည့်နှက်နေကြပါစေလို့
တော်ဝင်သစ္စာဆေးခန်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 💚

ကျန်းမာရေးကောင်းမွန်တဲ့ ဘဝတစ်ခုကို
အမြဲတမ်း အတူလက်တွဲစောင့်ရှောက်ပေးသွားပါမည် ✨

📍 တော်ဝင်သစ္စာဆေးခန်း
“သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်”
#တော်ဝင်သစ္စာဆေးခန်း

Address

No(267/273), ShweBonThar Street, Pabaden Township
Yangon
PO11131

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959750075214

Alerts

Be the first to know and let us send you an email when Taw Win Thitsar clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Taw Win Thitsar clinic:

Shortcuts

Share

Category