Flexee Yoga Space

  • Home
  • Flexee Yoga Space

Flexee Yoga Space READY TO FLY ?

🧘‍♂️ အေးချမ်းခြင်းအတိနဲ့ အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ Yin Yoga & Sound Healing Session 🎶🔔💫လောကီလောကုတ္တရာ အပူအပင်တွေ၊ ပ...
16/05/2026

🧘‍♂️ အေးချမ်းခြင်းအတိနဲ့ အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ Yin Yoga & Sound Healing Session 🎶🔔💫
လောကီလောကုတ္တရာ အပူအပင်တွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ခဏတာမေ့ဖျောက်ပြီး ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာ ကို အေးချမ်းစေခဲ့တဲ့ 💫Yin Yoga & Sound Healing Session 💫လေးကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါတယ်ရှင် 🙏🏻
ဒီ Session လေးမှာ အတူတူ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ယောဂီတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင် 🙏🏻🍀✨
✨ ထူးခြားတဲ့ အခိုက်အတန့်လေးများ
🧘🏼‍♀️Yin Yoga ဖြင့် ခန္ဓာကိုယ်ရဲ့ နက်ရှိုင်းတဲ့ ကြွက်သားစုတွေနဲ့ အဆစ်အမြစ်တွေကို ညင်သာစွာ ဆန့်ထုတ်ရင်း (Stretch) တင်းကျပ်မှုတွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။
🔔Sound Healing ရဲ့ စွမ်းအင်ကို Singing Bowls တွေရဲ့ ငြိမ့်ညောင်းတဲ့ အသံလှိုင်းတုန်ခါမှုတွေ ကြောင့် ဦးနှောက်နဲ့ အာရုံကြောတွေကို အနက်ရှိုင်းဆုံးအဆင့်အထိ သက်သာရာရစေပြီး စိတ်ဖိစီးမှုတွေကို ဖြေလျော့ပေးနိုင်ခဲ့ပါတယ်။
👉🏼 Aromatherapy (အနံ့ကုထုံး) ရဲ့ ပံ့ပိုးမှု 🤗 Session တစ်ခုလုံးမှာ စိတ်ကိုကြည်လင် လန်းဆန်းပြီး တည်ငြိမ်မှုရစေမယ့် သဘာဝမရှိမဖြစ်ဆီ (Essential Oils) ရနံ့လေးတွေနဲ့ပါ ပေါင်းစပ်ကုသပေးနိုင်ခဲ့လို့ အာရုံငါးပါးလုံး အပန်းဖြေခွင့် ရရှိခဲ့ပါတယ်။

🧘🏼‍♀️ခန္ဓာကိုယ်က ငြိမ်သက်ခြင်းကို ရှာဖွေပြီး၊ စိတ်ဝိညာဉ်က အသံလှိုင်းတွေကြားမှာ လွင့်မြောပီး စိတ်ကိုကြည်လင်စေတဲ့ ရနံ့တွေနဲ့ အပန်းဖြေခွင့်ရခဲ့တဲ့ ညနေခင်းလေးတစ်ခု..."

အလုပ်တွေရှုပ်ပြီး စိတ်ပင်ပန်းနေတဲ့ အချိန်မှာ အခုလို ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး Healing လုပ်ဖြစ်ခဲ့တာဟာ တကယ့်ကို အဖိုးတန်တဲ့ ရွေးချယ်မှုတစ်ခုပါ။
နောင်လာမယ့် Session အသစ်တွေမှာလည်း အခုလို အေးချမ်းမှုတွေကို အတူတူ ထပ်မံခံစားနိုင်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်ရှင် 🙏🤍💫

15/05/2026

✨ Ready to Heal?
Sound Healing & Yin Yoga Session အတွက် အားလုံးပြင်ဆင်ပြီးပါပြီ! ✨ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျော့ပီး အေးချမ်းတဲ့ ခံစားချက်အသစ်ကို ပိုင်ဆိုင်ဖို့ အဆင်သင့်ပဲလား?

ဒီနေ့ Session မှာ စိတ်နဲ့ခန္ဓာကိုယ် တစ်သားတည်းကျစေမယ့် အတွေ့အကြုံကောင်းတွေကို အတူတူဖန်တီးကြပါမယ် 🤗
🧘‍♀️ Deep Yin Stretch 🍀 ခန္ဓာကိုယ်ရဲ့ နက်ရှိုင်းတဲ့ Connective Tissues တွေအထိ အကြောလျှော့ပြီး တင်းကျပ်မှုတွေကို ဖြေလျှော့ပေးမယ် 💫
🎶 Soulful Sound Bath 🔔 Singing Bowls ရဲ့ ငြိမ့်ညောင်းတဲ့ တုန်ခါမှုတွေနဲ့အတူ စိတ်သောကတွေကို ရေလိုအေးစေမယ့် **Deep Meditation** ထဲ နစ်ဝင်သွားစေမယ် 💫
✨ ဒီနေ့ Session မှာ ဘာတွေ မျှော်လင့်ထားလို့ရမလဲ???
1. **Instant Calm:** ဦးနှောက်နဲ့ အာရုံကြောတွေကို ချက်ချင်း အနားရစေခြင်း။
2. **Muscle Release:** တစ်နေ့တာ ထိုင်ရ၊ ရပ်ရလို့ ညောင်းညာနေတဲ့ အကြောအခြင်တွေကို ပြေလျော့စေခြင်း။
3. **Positive Energy:** စိတ်ထဲက မောဟတွေကို ဖယ်ထုတ်ပြီး လန်းဆန်းတဲ့ စွမ်းအင်သစ်တွေ ပြည့်နှက်သွားခြင်း။

🤗ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ တုံ့ဆိုင်းမနေပါနဲ့။ ဒီနေ့ညနေခင်းလေးက သင့်အတွက် အမှတ်တရအရှိဆုံး Self Care moment 🤍လေး ဖြစ်လာစေမှာပါ 🤍💫☘️

Instructor Lae Yin ရဲ့ **Aerial Yoga** 💫 အတန်းသစ်ကို စိတ်ဝင်စားနေတဲ့သူတွေအတွက် သတင်းကောင်းလေးရှိပါတယ်ရှင် 🍀 လာမယ့် ဇွန်လ...
12/05/2026

Instructor Lae Yin ရဲ့ **Aerial Yoga** 💫 အတန်းသစ်ကို စိတ်ဝင်စားနေတဲ့သူတွေအတွက် သတင်းကောင်းလေးရှိပါတယ်ရှင် 🍀 လာမယ့် ဇွန်လ (၂) ရက်နေ့မှာ အတန်းသစ် စတင်ဖွင့်လှစ်တော့မှာဖြစ်လို့ အခုပဲ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီရှင် 🤗
Class Details 👇🏼
💫Aerial Yoga Beginner Class
💫Instructor 🍀 Lae Yin
💫Date : Tuesday & Thursday 🍀 11 - 12 am
Saturday & Sunday 🍀 4 - 5 pm
👉🏼ဘာကြောင့် Aerial Yoga ကို ရွေးချယ်သင့်တာလဲ?
Aerial Yoga ဟာ hammock ကို အသုံးပြုပြီး လေ့ကျင့်ရတာဖြစ်ပါတယ်
လေ့ကျင့်ခြင်းမှ ရနိုင်တဲ့ အကျိုးကျေးဇူးတွေက👇🏼
👉🏼ကျောရိုးဖြေလျော့ပေးခြင်း
👉🏼ကြိုးပုခက်ထဲမှာ ဇောက်ထိုးနေခြင်းက ကျောရိုးဆစ်တွေကြား ဖိအားကို လျော့ကျစေပြီး နာကျင်မှုကို သက်သာစေပါတယ်
👉🏼Core Strength : ခန္ဓာကိုယ် ဟန်ချက်ထိန်းညှိရင်း ဗိုက်သားနဲ့ ကြွက်သားတွေကို ပိုမိုသန်မာစေပါတယ်
👉🏼Flexible ဖြစ်စေခြင်း**ပုံမှန်အတိုင်းဆို မလုပ်နိုင်တဲ့ Posture တွေကို ကြိုးပုခက်အကူအညီနဲ့ ပိုမိုပြည့်စုံစွာ လုပ်ဆောင်နိုင်ပါတယ်
👉🏼စိတ်ဖိစီးမှု လျော့ကျခြင်း:** လေထဲမှာ လွင့်မျောနေသလို ခံစားရတာကြောင့် စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်
💫စာရင်းပေးသွင်းရန်💫
Instructor Lae Yin ရဲ့ အနီးကပ်လမ်းညွှန်မှုနဲ့အတူ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်ဖို့ အတန်းသစ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်🤗
🔔 **မှတ်ချက်:** အတန်းလူဦးရေ ကန့်သတ်ထားတာမို့ ကြိုတင်စာရင်းပေးသွင်းပေးပါဦးနော် 🥰
💫Private (သီးသန့်)လေ့ကျင်ချင်သူများအတွက်လဲ Private class ကို ရက် / အချိန် ညှိနှိုင်းနိုင်ပါတယ်ရှင်💫
အသေးစိတ်သိချင်တာများရှိရင် Page Messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ် 🍀

Tr Juu ရဲ့ Aerial Yoga Level 2 workshop လေးရှိပါမယ် May 29/30/31 ပါရှင် 🤗Details 👇🏼🌟 Aerial Yoga Level 2 Workshop 🌟  Rea...
09/05/2026

Tr Juu ရဲ့ Aerial Yoga Level 2 workshop လေးရှိပါမယ် May 29/30/31 ပါရှင် 🤗
Details 👇🏼
🌟 Aerial Yoga Level 2 Workshop 🌟
Ready to level up your practice? 🤸‍♀️

ရန်ကုန်မြို့၊ Flexee Yoga Space မှာ ကျင်းပမယ့် Aerial Yoga Level 2 Workshop လာပါပြီ ✨
ဒီ workshop မှာတော့ Level 1 ကို ကျော်ဖြတ်ပြီးသူတွေတွက်
ပိုမို challenging ဖြစ်တဲ့ sequence, drops, flips တွေကို စနစ်တကျ လေ့ကျင့်နိုင်မှာပါ 💪🔥
🚨3_days Workshop ဖြစ်ပြီး Aerial Silk Training ပါ လေ့ကျင့်ခွင့်ရမှာပါနော်😍
အမိုးမြင့်ပီး environment အဆင်ပြေတဲ့နေရာမှာ
confidence ရှိရှိ practice လုပ်ကြရအောင် ✨

📅 Date – 29, 30, 31 May 2026 (3 Days)
⏰ Time – 10:30 AM – 1:30 PM
💰 Fees – 600,000 MMK

🎁 Special Discount
✔️ Level 1 Workshop တက်ဖူးသူများ
✔️ First (5) early sign-ups
👉 500,000 MMK သာ!

📍 တိုက် (၁၆၄/က) ၊ မြေညီထပ် ၊ သူရ (၅) လမ်း ၊ (၉) ရပ်ကွက် ၊ တောင်ဥက္ကလာ ၊ သုမင်္ဂလာစည်ပင်ရုံးရှေ့လမ်း (ရုံးရှေ့မှတ်တိုင် / ဥက္ကာမင်း လက်ဘက်ရည်ဆိုင်ဘေးလမ်း)
Ph - 09978570082 / 09268698686

⚠️ လူဦးရေကန့်သတ်ထားလို့အမြန်ဆုံး register လုပ်ဖို့ မမေ့ပါနဲ့နော်

🙏🏻 Sound Health & Yin Yoga Session 🧘🏼‍♀️Sound Healing Bowl တွေရဲ့ အသံလှိုင်း ၊ Vibrations နဲ့ Frequency တွေဟာလူ့စိတ်နဲ့ ...
07/05/2026

🙏🏻 Sound Health & Yin Yoga Session 🧘🏼‍♀️
Sound Healing Bowl တွေရဲ့ အသံလှိုင်း ၊ Vibrations နဲ့ Frequency တွေဟာ
လူ့စိတ်နဲ့ ခန္ဓာကို တိတ်တဆိတ် ချိတ်ဆက်ပေးတဲ့ energy language တစ်မျိုးလိုပါပဲ။

Bowl တစ်လုံးရဲ့ vibration wave တွေဟာ
နားထဲကနေတဆင့်
နှလုံးခုန်သံ၊ အသက်ရှူ rhythm နဲ့ brainwave frequency တွေအထိ သက်ရောက်နိုင်တယ်လို့ ဆိုကြပါတယ်။

Low frequency tones တွေက
stress, anxiety, overthinking တွေကို ဖြည်းဖြည်းချင်း လျော့ပါးစေပြီး
စိတ်ဝိဥာဉ်ကို grounded state ထဲ ခေါ်ဆောင်သွားတတ်တယ်။

High frequency vibrations တွေကတော့
inner clarity, emotional release နဲ့ spiritual awareness ကို နှိုးဆွပေးတတ်တယ်။

Sound healing session တစ်ခုအတွင်း
လူတစ်ယောက်ရဲ့ body cells တွေကပါ vibration ကို response ပြန်ပေးတယ်လို့ energy practitioners တွေက ယုံကြည်ကြပါတယ်။
ဒါကြောင့် sound healing ကို
“အသံနဲ့ meditation လုပ်ခြင်း” လို့လည်း ခေါ်ကြတယ်။

တစ်ခါတလေ
စကားလုံးတွေနဲ့ မဖော်ပြနိုင်တဲ့ စိတ်ပင်ပန်းမှုတွေကို
sound vibration တစ်ခုတည်းကပဲ နူးညံ့စွာ ဖြေလျော့ပေးနိုင်ပါတယ်။

Healing ဆိုတာ
အပြင်က တစ်ယောက်ယောက် လာကယ်ပေးတာမဟုတ်ဘဲ
ကိုယ့်အတွင်းမှာရှိနေတဲ့ balance ကို
ပြန်လည်နိုးထစေတဲ့ process တစ်ခုပါ။
Sound bowls တွေကတော့
အဲဒီ balance ကို ပြန်ရှာဖို့ gentle guide တစ်ခုလို ဖြစ်နေတတ်ပါတယ်။
:::

ဒါဆို Flexee Yoga Space မှာ ပေးမယ့်
🧘‍♀️ Sound Healing & Slow Yin Yoga Session (3–5 mins hold poses)
ဒီ class က
👉 Stress & anxiety များနေသူ
👉 Overthinking ဖြစ်နေသူ
👉 Body tight ဖြစ်နေသူတွေအတွက် အထူးသင့်တော်ပါတယ် .

💥 What you’ll feel after session:
✔ Calm mind✔ Light body
✔ Better Sleep ✔ Positive Energy

📍 Location : တိုက် (၁၆၄/က) ၊ မြေညီထပ် ၊ သူရ (၅) လမ်း ၊ (၉) ရပ်ကွက် ၊ တောင်ဥက္ကလာ ၊ သုမင်္ဂလာစည်ပင်ရုံးရှေ့လမ်း (ရုံးရှေ့မှတ်တိုင် / ဥက္ကာမင်း လက်ဘက်ရည်ဆိုင်ဘေးလမ်း)
Ph - 09978570082
မတွေ့ရင် ဖုန်းဆက်မေးလို့ရပါတယ်ရှင်
🗓 Date - 15 May 2026 (Friday)
🕰️ Time - 5:30 to 6:30 pm
🍀Energy Exchange: Happy Money🍀 35,555
Limited Seat မလို့
09978570082 (Lae Yin Win) kpay သို့ငွေလွှဲပြေစာလေးနှင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်ရှင် 🙏🏻

01/05/2026

သဘာဝတရားရဲ့ စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ စီးဝင်စေရင်း... 🌊 ဂင်္ဂါမြစ်ဘေးက မနက်ခင်းဟာ တစ်နေ့တာလုံးအတွက် ခွန်အားအပြည့်ဖြစ်စေတယ်

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻ခေတ်ကာလ အခြေအနေအရ ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့အမျှ သင်တန်းရဲ့ ရေရှည်ရပ်တည်မှုနဲ့ သင်ကြားမှု ...
28/04/2026

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻

ခေတ်ကာလ အခြေအနေအရ ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့အမျှ သင်တန်းရဲ့ ရေရှည်ရပ်တည်မှုနဲ့ သင်ကြားမှု အရည်အသွေး မကျဆင်းအောင် သင်တန်းကြေးလေးကို အခုလို ပြင်ဆင်သတ်မှတ်လိုက်ရပါတယ်ရှင် 🤍
နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင် 🤗
✅ Update Schedule & Fees:
🍀Aerial Yoga Class Schedule🍀

Instructor Ei Ei Htay
Wednesday,Thursday & Friday 🍀 7-8 am
Class Fees
8 Sessions per month - 180,000

Instructor Ei Thinzar
Saturday & Sunday 🍀 11 - 12 am
Class Fees
8 Sessions per month - 180,000

——————🍀——————
🍀Yoga Class Schedule🍀

Hatha Yoga Beginner Class
Instructor Yadanar
Saturday 🍀 7 - 8 am
Sunday 🍀 9 - 10 am
Class Fees
8 Sessions per month - 100,000

Hatha Yoga Regular Class
Instructor Thet Htar
Tuesday & Thursday 🍀 6 - 7 pm
Class Fees
8 Sessions per month - 100,000

စျေးနှုန်းလေး အနည်းငယ် တက်သွားပေမယ့် သင်တန်းသားတွေအတွက် ရရှိမယ့် Care နဲ့ Quality ကတော့ အပြည့်အဝ ရှိနေဦးမှာပါရှင် 🥰
Private session နဲ့ လေ့ကျင့်ချင်လဲ အချိန်ညှိလို့ ရပါတယ်ရှင် 🤗
Instructor Lae Yin မှာ India မှ ပြန်မရောက်သေးပါသဖြင့် ပြန်လည်ကြေငြာပေးပါ့မယ်ရှင် ☘️

တိုက် (၁၆၄/က) ၊ မြေညီထပ် ၊ သူရ (၅) လမ်း ၊ (၉) ရပ်ကွက် ၊ တောင်ဥက္ကလာ ၊ သုမင်္ဂလာစည်ပင်ရုံးရှေ့လမ်း (ရုံးရှေ့မှတ်တိုင် / ဥက္ကာမင်း လက်ဘက်ရည်ဆိုင်ဘေးလမ်း)
Ph - 09978570082
မတွေ့ရင် ဖုန်းဆက်မေးလို့ရပါတယ်ရှင်

Step closer to inner peace ☘️🤍🙏🏻သဘာဝအလှတရားနဲ့အတူ စိတ်ငြိမ်းချမ်းမှုကို ခံစားရင်း... ☘️🌈✨ဂင်္ဂါမြစ်ရေကြည်ကြည် ⛰️ ဟိမဝန္တ...
27/04/2026

Step closer to inner peace ☘️🤍🙏🏻

သဘာဝအလှတရားနဲ့အတူ စိတ်ငြိမ်းချမ်းမှုကို ခံစားရင်း... ☘️🌈✨
ဂင်္ဂါမြစ်ရေကြည်ကြည် ⛰️ ဟိမဝန္တာ တောင်တန်းကြီးတွေရဲ့ အငွေ့အသက်တွေနဲ့အတူ စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ Yoga အချိန်လေးတစ်ခု 🤍


Address

No . (164/A) Thura 5th Street 9 QTR South Okkala

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00
Saturday 08:30 - 16:00

Telephone

+959978570082

Website

Alerts

Be the first to know and let us send you an email when Flexee Yoga Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share