Cosmic Tarot & Oracle

Cosmic Tarot & Oracle ✨ Guiding souls through Oracle wisdom. Here to help you heal, grow & find clarity — You’re not alone. DM me for personal reading to find solution 💌

▪️ ဘဝမှာ တည်ဆောက်ရအခက်ဆုံး အရာက ဘာလဲလို့ မေးရင် တစ်ချို့က ငွေရေးကြေးရေးပိုင်းဆိုင်ရာ ပြည့်စုံဖို့လို့ ဖြေကြမယ်။ တစ်ချို့...
22/03/2026

▪️ ဘဝမှာ တည်ဆောက်ရအခက်ဆုံး အရာက ဘာလဲလို့ မေးရင် တစ်ချို့က ငွေရေးကြေးရေးပိုင်းဆိုင်ရာ ပြည့်စုံဖို့လို့ ဖြေကြမယ်။ တစ်ချို့ကကျလည်း healthy relationship တည်ဆောက်နိုင်ဖို့၊ တစ်ချို့ကျ Harmonious ဖြစ်တဲ့ environment တစ်ခု တည်ဆောက်နိုင်ဖို့ စသဖြင့် ကိုယ်စီ လိုအပ်ချက် ရှူထောင့်ကနေ သတ်မှတ်ကြပါလိမ့်မယ်။

▪️ တကယ်တော့ ဒါတွေမတိုင်ခင် အရေးကြီးဆုံး အရာ တစ်ခုကို အရင်တည်ဆောက်ဖို့ကို အများစုက မေ့လျော့နေတတ်ကြပါတယ်။ အဲ့ဒိအရာကတော့ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ အရာအားလုံးသည် ကိုယ် ကနေမှ စတင်ပြီး physically, mentally deal လုပ်ရတဲ့အတွက် ကိုယ့် စိတ်နဲ့ခန္ဓာသည် well -founded ဖြစ်နေဖို့ အရေးကြီးပါတယ်။ Well-founded ဖြစ်တယ်ဆိုတာသည် အကောင်းဆုံးသော အရာတွေနဲ့ brought up အလုပ်ခံရပြီး ကြီးပြင်းလာတာကို ဆိုလိုတာမဟုတ်ပါဘူး။ Well-founded ဆိုတာသည် ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်နေရသည့်တိုင် လုပ်သင့်လုပ်ထိုက်တာကို consistency ရှိရှိနဲ့ လုပ်တာ၊ ကိုယ့် စိတ်နဲ့ခန္ဓာကို လိုအပ်သလို adjust လုပ်တာ break ပေးတာမျိုးတွေဖြစ်ပါတယ်။

▪️ ကိုယ့်ကိုယ်ကိုယ် foundation ကောင်းကောင်းချထားနိုင်ဖို့ဆိုတာ ထင်ထားတာထက်လည်း ပိုခက်ခဲတတ်သလို အချိန်လည်းယူရပါတယ်။ အခုခေတ် လူတိုင်းလိုလိုမှာ struggle လုပ်ရတာတွေ ပိုများလာတဲ့အခါ ဘက်ပေါင်းစုံကနေ stress ဖြစ်တာ၊ burnout ဖြစ်တာတွေ ပိုများလာကြပါတယ်။ လူက သံပတ်ပေးထားသလို နေ့တစ်ဒူဝတော့ လှုပ်ရှားနေတယ် အိပ်ချိန်စားချိန် နဲ့ လည်ပတ်နေတယ်ဆိုပေမယ့် energy drain လာသလို တစ်နေ့တစ်ခြား အားနည်းလာမယ်။ ဒိထက် ဆိုးလာရင် ကျန်းမာရေးပါထိလာမယ်။

▪️ ဒါကြောင့် ကျွန်မတို့တွေက ကိုယ့်စိတ်နဲ့ခန္ဓာကို အမြဲ self check လုပ်မိဖို့ အရေးကြီးပါတယ်။ စိတ်ရော ခန္ဓာပါ align ဖြစ်ပြီး အဆင်ပြေနေမှ ကျန်တဲ့ အရာတွေဆီ ဆက်သွားနိုင်ကြမှာပါ။ တစ်ဖက်ကိုပဲ focus ထားပြီး နောက်တစ်ဖက်ကို neglect လုပ်ထားလို့ မရပါဘူး။ မဟုတ်ရင်တော့ ပဲ့နင်းဦးထောင်၊ ဦးနင်း ပဲ့ထောင်ဖြစ်နေဦးမှာပါပဲ။

▪️ အခုချိန်မှာ ကိစ္စတွေဟာ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာသေးသည့်တိုင် ဒီအပေါ်မှာပဲ စိတ်က ရေစုန်မျောမသွားဖို့ အရေးကြီးပါတယ်။ ဘဝဆိုတာ တကယ်တော့ ကံကြမ္မာရဟတ်လည်နေတာပါပဲ။ ဆိုးတာတွေပဲဖြစ်နေတာ မဟုတ်သလို ကောင်းတာတွေကြည့်ပဲ ရနေမယ်လို့လည်း တရားသေ သတ်မှတ်လို့ မရပါဘူး။

▪️ ဒါကြောင့်မို့ ကိုယ်အတတ်နိုင်ဆုံး အနေထားမှာ အကောင်းဆုံးရှင်သန်ပါ။ လိုတာတွေကိုသယ်၊ မလိုတာတွေကို ဖယ်နိုင်ဖို့ ကြိုးစားပါ။ အရာအားလုံး တစ်ပြိုင်နက်တည်း achieve ဖြစ်နိုင်ဖို့ထက် balance ဖြစ်နိုင်ဖို့ကို အရင် ချင့်ချိန်ပါ။ အရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကျန်းမာနေဖို့ကိုလည်း သတိပြုမိဖို့လိုပါတယ်။ ဒါဆိုရင်တော့ ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် foundation ကောင်းကောင်းနဲ့ တည်ဆောက်ထားနိုင်ပြီး ခက်ခဲတဲ့ကာလတွေကို ရင်ဆိုင်ကျော်လွှားဖို့ ခွန်အားတစ်ခုတော့ ရှိနေမှာပါပဲ။

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🌻 International Women’s Day ဆိုတော့ ရေးချင်တာလေးတွေကလည်း ပေါ်လာပြန်ပါတယ်။ ကိုယ်တိုင်ကလည်း အမျိုးသမီးဖြစ်နေတာက တစ်ကြောင်း...
08/03/2026

🌻 International Women’s Day ဆိုတော့ ရေးချင်တာလေးတွေကလည်း ပေါ်လာပြန်ပါတယ်။ ကိုယ်တိုင်ကလည်း အမျိုးသမီးဖြစ်နေတာက တစ်ကြောင်း၊ Millennial generation လည်းဖြစ်တော့ ရှေ့မှီနောက်မှီဆိုပါတော့။

🌻 Facebook မှာလည်း ဒီနေ့မှာဆို အမျိုးသမီးလေးတွေရဲ့ အလှပုံလေးတွေ ပန်းစည်းလေးတွေနဲ့ IWD ကို ဂုဏ်ပြုကြတာ အများပြားတွေ့ရပါတယ်။

🌻️️ ဆိုတော့ ဒီနေရာမှာ အမျိုးသမီးတစ်ယောက်ရဲ့ အောင်မြင်မှုကို ဘာနဲ့ တိုင်းတာကြသလဲ?

🌻 တစ်ချို့အမျိုးသမီးတွေအတွက်က မိမိရဲ့ career မှာ level တစ်ခုရောက်လာတာ၊ ကိုယ်ပိုင်စီးပွါးရေး လုပ်တဲ့သူတွေဆို တစ်စထက်တစ်စ စီးပွါးရေး ပိုအဆင်ပြေလာတာ၊ တစ်ချို့ကျ သာယာတဲ့မိသားစုလေးတစ်ခု တည်ဆောက်နိုင်တာ၊ တစ်ချို့ကျ အရင်ကထက် physically fit ဖြစ်လာတာ၊ mentally strong ဖြစ်လာတာ၊ လောကဓံက ဘယ်လောက်ပဲ ကြမ်းနေပါစေ သတ္တိရှိရှိနဲ့ အရှုံးမပေးပဲ ရှေ့ဆက်နေတာ စသဖြင့် မတူညီတဲ့ ဘဝပေးအခြေနေတွေမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ လမ်းမှန်ပေါ်ကနေ ဆက်လျှောက်နေတာ မျိုးတွေပဲ ဖြစ်ပါတယ်။

🌻 တကယ်တော့ အမျိုးသမီးတစ်ယောက်ဖြစ်ရတာ မလွယ်ကူပါဘူး။ မွေးရာပါ အမျိုးသမီးတစ်ယောက်ရဲ့ ခွန်အားနဲ့ masculine ဖြစ်အောင် နေကြရတာသည် အမျိုးသမီးတွေပါ။ အထူးသဖြင့် zero balance supporting အနေထားမှာ ကြိုးစားနေရတဲ့ အမျိုးသမီးလေးတွေဟာ ပိုလို့မှပင်ပန်းရပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ strong ဖြစ်တဲ့ အမျိုးသမီးတွေမြင်တိုင်း ကျားကျားလျားလျား မိန်းမသားလို့ မထင်ပါနဲ့။
In facts, there are thousands of reasons why they need to look like this.

🌻 ချစ်ရတဲ့ အမျိုးသမီးလေးတွေ အားလုံးကိုလည်း အခုချိန်မှာ ကိုယ့်ရဲ့ အိမ်မက်တွေကို အပြည့်ဝ အကောင်ထည် မဖော်နိုင်သေးရင်တောင် ခက်ခဲတဲ့ နေ့ရက်တာတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နေတဲ့အတွက် Congratulations ပါလို့ ပြောချင်ပါတယ်။
အမျိုးသမီးတိုင်း ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်လမ်းကိုယ်လျှောက်ရင်း ပိုမိုကောင်းမွန်သော နေ့ရက်တွေနဲ့အတူ မတူညီတဲ့ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

💫 လာမယ့် March လ 3 ရက်နေ့မှာ Total Lunar Eclipse ကျရောက်တော့မှာဖြစ်သလို အခုချိန်မှာ Mercury Retrograde ထဲလည်း ရောက်နေတဲ့...
01/03/2026

💫 လာမယ့် March လ 3 ရက်နေ့မှာ Total Lunar Eclipse ကျရောက်တော့မှာဖြစ်သလို အခုချိန်မှာ Mercury Retrograde ထဲလည်း ရောက်နေတဲ့ အပြင် Pisces ရာသီခွင်မှာလည်း လာတိုက်ဆိုင်နေတဲ့ အတွက် လူတော်တော်များများဟာ အခုချိန်မှာ မိမိနဲ့အပြင်လူနဲ့ မဟုတ်တောင် ကိုယ့်စိတ်နဲ့ကိုယ်ပြန်ပြီး Inner battle တွေကို struggle လုပ်နေရပါတယ်။

ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ
Event တစ်ခုချင်းပြောပြရရင်ဖြင့်
💥 Total Lunar Eclipse ကာလဝန်းကျင်သည် Energy စက်ကွင်းပြင်းတာမို့ uneasy feeling တွေနဲ့ ခံစားချက်တွေ ရှုပ်ထွေးတတ်ပါတယ်။
💥 Mercury Retrograde ကတော့ ပြောရရင် နှစ်တိုင်း ဇာတ်လိုက်ကျော်ကြီးပဲမို့ သူ့ကာလဆို communications and connection တွေအဆင်မပြေပဲ highly sensitive ဖြစ်တတ်ပါတယ်။ လူတွေသာမက သက်မဲ့ gadgets တွေကအစ တစ်လွဲတစ်ချော် ဖြစ်တတ်ပါတယ်။
💥 Pisces ရာသီခွင်ကတော့ Water Sign တို့ရဲ့ trademark အတိုင်း emotional ဖြစ်လွယ်သောပါပဲ။ အကုန်လုံးမှာ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပေမယ့် ဒီကာလမှာ ဘာကြောင့် ဘာဖြစ်တယ်ဆိုတဲ့ အချက်တွေ မြင်သာအောင်ပြောပြတာပါ။

✨ အဓိက ပြောချင်တာကတော့ အခုမှလာပါပြီ။
ဒီကာလမှာ focus ထားစေချင်တာကတော့ မိမိမှာ Runner - Chaser situation တွေရှိနေရင် ဒီကာလမှာ ဒါတွေကို မရပ်တန့်နိုင်တောင် pause လုပ်စေချင်ပါတယ်။
Runner - Chaser Energy ဆိုတာ အမှန်တော့ ကိုယ်ကလိုက်လေ တစ်ဖက်ကပြေးလေမို့ တကယ်ပင်ပန်းတဲ့ အလုပ် ကြီးပါ။ Runner ဖြစ်နေတဲ့ သူတစ်ယောက် ရပ်တန့်လိုက်နိုင်တဲ့အချိန် ဆိုတာသည်လည်း ဝဋ်ကြွေးတွေဆပ်လို့ ကုန်သွားတဲ့အချိန် လို့တောင် ကျွန်မကတော့ တင်စားပြီး ပြောချင်ပါတယ်။ တစ်စုံတစ်ရာကို တကယ်အပြီးတိုင် လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်နိုင်ပြီဆိုမှသာ ဒီအခြေနေကို turn table လုပ်နိုင်တာပါ။ Clear answer တစ်ခု ထွက်လာဖို့ game changer လည်းပြောလို့ရပါတယ်။ Risk များပေမယ့် တကယ်တော့ ပိုကောင်းတဲ့ အခြေနေဖြစ်လာဖို့ပါပဲ။ ဆိုတော့ ဒါကတော့ Runner - Chaser Energy အကြောင်း brief လေးပါ။

⚡️ အဓိကကတော့ Energy စက်ဝန်းတွေ အရမ်းပြင်းနေတဲ့ ကာလမို့ မိမိစိတ်ကို burden ဖြစ်စေမယ့် အရာတွေ လျော့ချနိုင်ဖို့နဲ့ မိမိကိုယ်တိုင်က Runner - Chaser စက်ဝိုင်းထဲမှာ looping ပတ်နေရင် သတိထားဖို့ remind လုပ်တာပါ။

🐚 ဒီကာလမှာ ဖြစ်နိုင်ရင် Meditation ထိုင် Grounding သေချာလုပ်ပြီး ကိုယ့်စိတ်ကို calm ဖြစ်နိုင်အောင် ကြိုးစားပါ။ မဖြစ်မနေဆောင်ရွက်ရမယ့် ကိစ္စတွေကလွဲလို့ အရေးကြီးကိစ္စတွေ အလျင်စလို မဆုံးဖြတ်ဖို့လည်း သတိလေးထားစေချင်ပါတယ်။

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🪷 နှစ်သစ်ရဲ့ ဒုတိယမြောက်လကိုတော့ ရောက်လာခဲ့ပြန်ပါပြီ။ နှစ်အစမှာ New Year Resolution တွေ အသီးသီးချမှတ်ခဲ့ကြပေမယ့် ကျွန်မတ...
01/02/2026

🪷 နှစ်သစ်ရဲ့ ဒုတိယမြောက်လကိုတော့ ရောက်လာခဲ့ပြန်ပါပြီ။ နှစ်အစမှာ New Year Resolution တွေ အသီးသီးချမှတ်ခဲ့ကြပေမယ့် ကျွန်မတို့တွေ ဒီ KPI ကို January လမှာ 100% meet ဖြစ်ခဲ့ကြရဲ့လား?

🪷 Numerology အရပြောရရင် 2026 သည် Universal Year (1) ဖြစ်တဲ့အတွက် New Beginnings and Initiation တွေ အစပျိုးသလို ကိုယ်ရဲ့ Comfort Zone ကနေထွက်ပြီး Solo Run ရဖို့ မောင်းတင်မယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။

🪷 တစ်ဖက်မှာကလည်း Chinese Zodiac အရ ဒီ 2026 သည် Year of Fire Horse ဖြစ်တဲ့အတွက် Energy ပြင်းပါတယ်။ အလျင်စလို အရှိန်နဲ့ action ယူမိတာတွေ၊ အခြေနေအရပ်ရပ်မှာ တုံ့ပြန်ချင်တာတွေကို ပြီးခဲ့တဲ့လမှာ ကတည်းက ခံစားမိခဲ့ကြမှာပါ။

🪷 အများစုဖြစ်ကြတဲ့ လက္ခဏာတွေက ကိုယ်တိုင်တောင် သတိမရတော့တဲ့ inner child trauma တစ်ချို့ ပြန်ပေါ်လာတာ၊ ကိုယ့်ရဲ့ shadow side တစ်ချို့ထွက်ကျလာတာ၊ ဒီအခြေနေတွေကနေမှ ကိုယ့်ဘက်က တုံ့ပြန်ချင်စိတ်တွေ များနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ သိထားသင့်တာက Shadow side ထွက်လာတာသည် ကိုယ့်အမှား ရယ်တော့ မဟုတ်ပါဘူး။ Shadow side ကြီး ပေါ်လာတာကို သိသိကြီးနဲ့ ကိုယ့်စိတ်ကို ဘရိတ်မအုပ်ပဲ လစ်လျူရှုထားတာကမှ အန္တာရယ်များတာပါ။ အလင်းရှိရင် အမှောင်ရှိတယ် ဆိုတဲ့ သဘောလိုပဲ လူတိုင်းမှာ Good side နဲ့ Bad side (Shadow side) က အမြဲဖြစ်တည်နေလေ့ ရှိပါတယ်။ ကိုယ့် Shadow side ကို ကိုယ့်သိထားဖို့နဲ့ Control မိဖို့၊ ဒီ Shadow side ကို ဖြည်ထုတ်နိုင်ဖို့ကသာ ပိုအရေးကြီးတာပါ။

🪷 အရှိန်ဟုန်နဲ့ ဆက်လက်မောင်းနှင်မယ့် နှစ်တစ်နှစ် ဖြစ်တာမို့ အပြောင်းလဲတွေကြားမှာ Balance မ out သွားဖို့နဲ့ Adaptable ဖြစ်ဖို့ ဘယ်အခြေနေ ဘယ်သူတွေနဲ့မဆို Negotiate လုပ်နိုင်ဖို့ (even with yourself) လိုအပ်ပါတယ်။ မိမိကိုယ်ကိုယ်လည်း ဘယ်အခြေနေမှာ force ပေးပြီး ဘယ်အခြေနေမှာ slow down လုပ်ရမလဲ အမြဲသတိထားမိဖို့ လိုပါတယ်။

January တော့ကုန်သွားပြီ ငါကတော့ ဘာမှ မဖြစ်သေးဘူးဆိုပြီးလည်း စိတ်ဓာတ်မကျပါနဲ့။

🪷 ကိုယ့်ဘဝရဲ့ ပြေးလမ်းပေါ်မှာ ခြေလှမ်းအစိတ် အကျဲနဲ့ ပြေးနှုန်း speed အတိုးအလျော့ကို ကိုယ်ပဲ ကစားရမှာပါ။ တစ်ချက်တစ်ချက်မှာ အားထည့်ပြီး ပြေးရင်ပြေးမယ်
ဒါပေမယ့် တစ်ချို့အချိန်တွေမှာ jogging လောက်ပဲ ပြေးရတာ / ပြေးနိုင်မှာတွေလည်း ရှိမယ်။ အဓိကကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် ပြေးလမ်း ပေါ်ကနေ မထွက်သွားဖို့နဲ့ လုံးဝမရပ်တန့်လိုက်ဖို့ပါပဲ။

⛳️ Your solo run may be tiring, but the finish line gets closer as long as you keep moving forward. Let’s step into another month with purpose.

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

💌 ဒီနေ့အတွက်ရလိုက်တဲ့ message လေး အားလုံးကို လာ sharing လုပ်ပေးတာပါ။✨ နှစ်သစ်ကူးခါစဆိုတော့ အနည်းနဲ့အများ အကုန်လုံးပဲ လုပ...
04/01/2026

💌 ဒီနေ့အတွက်ရလိုက်တဲ့ message လေး
အားလုံးကို လာ sharing လုပ်ပေးတာပါ။

✨ နှစ်သစ်ကူးခါစဆိုတော့ အနည်းနဲ့အများ အကုန်လုံးပဲ လုပ်ချင်ကိုင်ချင်စိတ်တွေ ဖြစ်နေကြမယ် ထင်ပါတယ်။ New Year’s Resolutions ပဲ ဆိုဆိုပေါ့နော်။ လူဆိုတာကတော့ အကြီးအကျယ်ကြီးတွေ တွေးခေါ် လုပ်ကိုင်မှ Resolution အသစ်ချတယ် ထင်တတ်ကြတာပါပဲ။ ကျွန်မလည်းအရင်ကတော့ ဒီလို ထင်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။

💫 ဘာတွေလုပ်မယ် ဘယ်လို plan ချမယ်ဆိုတာတွေကလည်း ကောင်းတယ်ဆိုပေမယ့် ကိုယ့်ရဲ့ Basic Responsibility ကိုတော့ မမေ့ကြဖို့ လိုပါတယ်။ Basic Responsibility ဆိုတာ ကိုယ်ရဲ့တစ်နေ့တာမှာ လုပ်ဖို့လိုအပ်တဲ့ တာဝန်ဝတ္တရား၊ တာဝန်ယူတတ်မှု အားလုံးအကျုံးဝင်ပါတယ်။

⚡️ ဒီလိုပြောလို့ ရှိသမျှအကုန် ကိုယ့်တာဝန်လို့ သတ်မှတ် ခိုင်းနေတာတော့ မဟုတ်ဘူးရယ်။

🌻 ဆိုလိုတာက ကိုယ့်တစ်ကိုယ်ရေ တစ်ကာယ၊ ကိုယ့်မိသားစု၊ ကိုယ့် inner circle က သူတွေ ဒီလူတွေ ဒီအရာတွေနဲ့ပက်သက်ပြီး ကိုယ်လုပ်ရမယ့် အရာတွေမလစ်ဟင်းဖို့ လစ်လျူမရှုမိဖို့ပါ။ အလှမ်းဝေးတဲ့အရာတွေကို အရင် ပုံဖော်ဖို့ ကြိုးစားတဲ့အခါ အနီးနားက လက်ဆုပ်လက်ကိုင် ထားရမယ့် အရာတွေကို မေ့လျော့သွားတတ်ပါတယ်။

🌻 တကယ်တော့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်ခြင်း၊ ကိုယ့် မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်မှာ ဖြစ်ပါစေ အပြင် society မှာ ဖြစ်ပါစေ ကိုယ်တာဝန်ယူရမယ့်အရာတွေ Basic Responsibility တွေကို ကျေပွန်ခြင်းသည် kind of ယတြာပါပဲ။ ကိုယ်လုပ်စရာရှိတာ လုပ်နေသလို၊ လုပ်ရမှာတွေကိုလည်း တာဝန်ယူတတ်ပြီး လုပ်နေမယ်ဆိုရင် ထွေထွေထူးထူး ယတြာတွေထိုင်ချေနေဖို့တောင် မလိုပါဘူး။

🌟 ကျွန်မရဲ့ clients တွေ audience တွေထဲမှာလည်း အခုချိန် ကိုယ့်ဘဝထဲမှာ blockage တွေ ရှိနေတယ် လုပ်ကိုင်သမျှ ဘာမှသိပ်မဖြစ်မြောက်ဘူးလို့ ထင်ရင် ကိုယ့်ကိုယ်ကိုယ် တစ်ချက် ပြန်သုံးသပ်ကြည့်ပါ။ ကိုယ်ဟာ ဘယ်နေရာမှာ ကိုယ့်တာဝန် ကိုယ်မယူပဲ လစ်ဟင်းနေလဲ? မေ့လျော့နေမိသလဲ? ကိုယ့်တာဝန်တောင် ကိုယ်မယူနိုင်ပဲ Universe ဆီကနေ မျိုးစုံ manifestation ပဲလုပ်နေကြမယ်ဆိုရင် ကျွန်မတို့ဟာ မိုးပေါ်က ဖိုးလမင်းဆီကနေ ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ တောင်းတဲ့အဖြစ်မျိုးနဲ့ တူမနေဘူးလားနော်။

လိုရင်းတိုရှင်းပြောရရင်
- ကိုယ့်တာဝန်ကိုယ်မမေ့ဖို့၊ တာဝန်ယူဖို့နဲ့
- မလိုတာတွေကိုတော့ နေရာတကာ ကိုယ့်တာဝန်လို့ မသတ်မှတ်ဖို့ပါပဲ။

💛 Hopefully, this post helps you a bit before you start working on your bigger New Year’s resolutions.

❣️ Private reading မေးလိုပါက available package တွေထဲက ရွေးချယ်နိုင်သလို မေးခွန်း မစဉ်းစားတတ်လို့ ဆိုလျှင်လည်း page messenger မှာ direct မေးမြန်းနိုင်ပါတယ်။

https://www.facebook.com/share/p/1NkPPdQUrf/?mibextid=wwXIfr

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🎊🎊 2026 ခုနှစ် နှစ်သစ်ဆုတောင်း 🎊🎊🤍 အားလုံးပဲ နှစ်ဟောင်းရဲ့ လေးလံတဲ့ဝန်တွေကို လွှတ်ချနိုင်ပြီး နှစ်သစ်ကို စိတ်သစ် လူသစ် e...
01/01/2026

🎊🎊 2026 ခုနှစ် နှစ်သစ်ဆုတောင်း 🎊🎊

🤍 အားလုံးပဲ နှစ်ဟောင်းရဲ့ လေးလံတဲ့ဝန်တွေကို လွှတ်ချနိုင်ပြီး နှစ်သစ်ကို စိတ်သစ် လူသစ် energy အသစ်တွေနဲ့ စတင်နိုင်ကြပါစေ။

💜 ကျွန်မတို့တွေ တစ်နှစ်ထက်တစ်နှစ် အသက်ကြီးလာတဲ့အခါ ကြုံတွေရတဲ့အခက်ခဲတွေကလည်း ငယ်ငယ်ကထက် ပိုခက်ခဲလာပေမယ့် ကိုယ့်ရဲ့ Survival skills, Problem solving skills ကလည်း ပိုမို Upgrade ဖြစ်လာစမြဲပါ။

🧡 ဒီတော့ 2026 ခုနှစ်မှာလည်း Better Me ဖြစ်အောင် ကြိုးစားရင်း ရှေ့ဆက်ကြမယ်နော်။

❣️ အခက်ခဲတွေအတွက် တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ခဲ့လျှင်လည်း ကျွန်မရဲ့ Cosmic Tarot & Oracle page က အမြဲ ကြိုဆိုလျှက်ပါရှင် (ကျွန်မ ဒီ field ကနေ retire မယူသေးခင်အထိပေါ့နော်) ။

🥂 In 2026, may the Universe fulfill our wishes quietly with ease!

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

⏳ နှစ်တစ်နှစ်တာ ကုန်ဆုံးခါနီးတဲ့အခါ ကျွန်မတို့တွေ အများစု လုပ်တတ်ကြတာက New Year Resolution တွေချမယ်။ Vision Board တွေထား...
28/12/2025

⏳ နှစ်တစ်နှစ်တာ ကုန်ဆုံးခါနီးတဲ့အခါ ကျွန်မတို့တွေ အများစု လုပ်တတ်ကြတာက New Year Resolution တွေချမယ်။ Vision Board တွေထားကြမယ်။ ဘယ်နေရာတွေကို ဘယ်လို Perfect ဖြစ်အောင် လုပ်ကြမယ် စသဖြင့်ပေါ့။ ဒီနေရာမှာ ကျွန်မတို့ သိပ်ပြီး သတိထားမိလေ့မရှိတာက လက်ရှိ ကုန်ဆုံးတော့မယ့် တစ်နှစ်တာကို ဘယ်လိုဖြတ်သန်းခဲ့လဲ reflect လုပ်မိဖို့ပါပဲ။ အကယ်၍ကိုယ်ဟာ ခက်ခဲ ပင်ပန်းတဲ့ကာလတွေကို ကျော်ဖြတ်ခဲ့ရတဲ့နှစ် ဆိုရင် ပိုတောင် flashback မလုပ်ချင်ကြပါဘူး။ ကျွန်မတ်ို့တွေဟာ ပုထုစဉ်တွေမို့ ဒီလိုဖြစ်တာကလည်း အထူးဆန်းတော့ မဟုတ်ဘူးရယ်။

▪️ အခက်ခဲဆိုတဲ့အရာတွေထဲမှာ လောကဓံကြောင့် ကြုံရတဲ့ အခက်ခဲတွေရှိမယ်၊ လူလူခြင်း မကောင်းကြံခြင်းကြောင့် ကြုံရတဲ့ အခက်ခဲတွေရှိမယ်၊ မိမိရဲ့ မှားယွင်းသော ရွေးချယ်မှုတွေကြောင့် ကြုံရတဲ့ အခက်ခဲတွေလည်း ရှိနိုင်ပါတယ်။ ဒီ post ရဲ့ highlight ကတော့ မိမိရဲ့ မှားယွင်းသော ရွေးချယ်မှုတွေကြောင့် ကြုံရတဲ့ အခက်ခဲတွေနဲ့ ပက်သက်ပြီး ပြန်လည် သုံးသပ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။
ကျွန်မတို့အားလုံးဟာ (ကျွန်မအပါဝင်) လူသားတွေမို့ အမှားနဲ့မကင်းကြပါဘူး။ ကိုယ့်အတွက် အဆင်ပြေနိုင်မယ် ပိုကောင်းနိုင်မယ်ထင်ပြီး action ယူလိုက်ပေမယ့် တကယ့်လက်တွေ့ outcome ကတော့ ကိုယ်မျှော်မှန်းထားသလို မဟုတ်တာမျိုး ကြုံရတတ်ပါတယ်။ မည်သို့ပင်ဆိုစေ ကိုယ့်ကိုယ်ကိုယ် လမ်းလွဲသွားမှန်းသိတယ် ကိုယ်ရောက်ရှိနေရမယ့် နေရာသည် ဒီနေရာမဟုတ်မှန်း သိတယ်ဆိုရင်ဖြင့် ဒီ negative outcome တွေကနေ လွတ်မြောက်ဖို့ 50% အောင်မြင်နေပါပြီ။ ကျန်တဲ့ 50% ကတော့ ကိုယ်တိုင် Re-route လုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

▪️ ဒီနေရာမှာ အမှားတွေကို ပြန်လည်ဝေဖန်သုံးသပ်ခြင်း အနုပညာ (Art of Reflecting on Mistakes) ဆိုတဲ့ ရှုထောင့်ကနေ ပြောရရင် ကျွန်မတို့တွေဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ရွေးချယ်မှုတွေကို ကြုံတွေ့ပြီးတဲ့အခါမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေရဲ့ တန်ဖိုးကို ပိုသိမြင် နားလည်လာနိုင်ပါတယ်။
Challenging ဖြစ်တဲ့အရာတွေကို ရင်ဆိုင်ဖြေရှင်းရတာကြောင့် ဦးနှောက်ကို ပိုအလုပ်ပေးရပြီး problem solving skill လည်း ပိုတက်လာစေနိုင်ပါတယ်။ Sharing တစ်ခုအနေနဲ့ ပြောပြရရင် ကျွန်မရဲ့ corporate life က case တွေဆိုရင် case တစ်ခုနဲ့တစ်ခု deal လုပ်ရတဲ့ပုံစံ အစုံပဲ။ ကိုယ်က မမှားတောင် Global Chain ကြောင့် နေရင်းထိုင်ရင်း ရှင်းရတဲ့ issue တွေမျိုးစုံရယ်။ ဒီလိုပုံစံမျိုးစုံ deal လုပ်ရတာတွေဟာ ကျွန်မအတွက်ပိုပြီး knowledgeable ဖြစ်လာစေတာတော့ အမှန်ပါပဲ (Problem solved မဖြစ်ခင်အထိတော့ ခေါင်းကျိန်းရတာပေါ့)။

▪️ ဒါ့အပြင် အမှားတိုင်းဟာ failure မဟုတ်သလို တစ်ခါတစ်လေ ခြေတစ်လှမ်း နောက်ပြန်ဆုတ်ပြီး အရှိန်ယူရတာလည်း ရှိတတ်ပါတယ်။ အမှားတွေကြောင့်သာ အမှန်တွေကို သိလာရတာ ဖြစ်သလို၊ အခက်ခဲတွေကြောင့်သာ ကိုယ့်ရဲ့ performance တွေဟာ တက်လာနိုင်တာ မဟုတ်လားနော်။

▪️ အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်မနေဘူးလို့ ခံစားနေရရင် စိတ်ဓာတ်မကျပါနဲ့။ လက်ရှိရင်ဆိုင်နေရတာတွေဟာ ပိုမို ကောင်းတဲ့အနေထားကို ကိုယ့်ဆီ ယူဆောင်လာဖို့ ရှုပ်ထွေးတာတွေကို အရင် ရှင်းလင်းနေရတာလည်း ဖြစ်နိုင်ပါတယ်။

▪️ဒါကြောင့်မို့ အခက်ခဲတွေ အမှားတွေကို ရင်ဆိုင် ဖြေရှင်းရမှာ မစိုးရွံ့ပါနဲ့။ ဒီအခက်ခဲတွေအပေါ်မှာ စိတ်ခံစားချက်တွေ နစ်မြုပ်မနေပဲ ပစ္စုပ္ပန်ကိုသာ မိမိစိတ်ကို ပြန်ဆွဲခေါ်ပါ။ လေးလံတဲ့ စိတ်ခံစားချက်တွေကို ဆွဲကိုင်မထားပဲ လက်လွှတ်နိုင်ဖို့ ကြိုးစားပါ။ အခက်ခဲကြားကနေ ရုန်းထွက်နိုင်ဖို့ Growth ကို ရှာဖွေပါ။ အရေးကြီးဆုံး အချက်အနေနဲ့ မိမိကိုယ်ကိုယ် အပြစ်မတင်ပဲ ခွှင့်လွှတ်ပါ။ ဒီလိုမှသာ ကျွန်မတို့ဟာ တစ်နှစ်ထက် တစ်နှစ် ပိုရင့်ကျက်လာကြပြီး လောကကြီး အကြောင်း၊ လူတွေအကြောင်းကို ပိုသိလာရတာမလား …

🧡 You don’t have to be perfect all the time. What’s more important is focusing on your growth and your well-being.

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

Occasional Collective Reading ❄️ 🎄 💟 Festive season ပေမယ့် အဆင်မပြေတာတွေကို ပြေသယောင် မျိုသိပ်ရင်း ဟန်ဆောင်နေရတဲ့ နေ့ရက်...
25/12/2025

Occasional Collective Reading ❄️ 🎄

💟 Festive season ပေမယ့် အဆင်မပြေတာတွေကို ပြေသယောင် မျိုသိပ်ရင်း ဟန်ဆောင်နေရတဲ့ နေ့ရက်တွေအတွက် မကြာခင် မျှော်လင့်ချက်လေးတွေ ထွန်းလင်းလာပါတော့မယ်။ ဒီလိုအချိန်မှာ ကိုယ်တစ်ယောက်တည်း အဆင်မပြေတဲ့ကာလကို ကျော်ဖြတ်နေရတာ မဟုတ်ပါဘူးနော်။ လူတိုင်းဟာ social media နဲ့ real life မှာ သူလိုကိုယ်လိုပဲမို့ အားငယ်စိတ်တွေကို လျော့ချနိုင်ပါစေ။ Try to look around and light up your mood a bit, dear.

💟 အဖက်ဖက်ကနေ ကောင်းမွန်တဲ့ သတင်းစကားလေးတွေ ကြားရတော့မှာမို့ ကိုယ့် energy နဲ့ vibe ကို ပြန် polish လုပ်ထားပါ။ ကိုယ်လိုအပ်သလို manage လုပ်နိုင်တဲ့ authority နဲ့ ကံတရားက ကိုယ့်လက်ထဲ ပြန်ရောက်လာတော့မှာပါ။ ပေးကမ်းခြင်းနဲ့ ပက်သက်ပြီး မလိုအပ်တဲ့သူတွေအတွက်တော့ ကိုယ်က ရက်ရောစွာပေးလိုက်သမျှဟာ အဖတ်မတင်ပဲ overflow ဖြစ်သွားတတ်တာကိုတော့ သတိလေးထားစေချင်ပါတယ်။ မေတ္တာရေးမှာလည်း ထိုနည်း၎င်းပါပဲ။

💟 ကိုယ်စိုက်ပျိုးတဲ့အပင်ရဲ့ အသီးပွင့်ကို ခံစားရရှိမယ့် အချိန် နီးလာပြီမို့ ကိုယ်လုပ်စရာရှိတာတွေနဲ့ ပက်သက်ပြီး ဆန္ဒရှိတဲ့အလျောက် လုပ်သင့်လုပ်ထိုက်တာအကုန် ဆက်သာလုပ်ပါ။ ရပ်မနေပဲ ရဲရဲသာ ရှေ့ဆက်တိုးပါ။

(အလုပ်ကိုင်၊ ငွေရေးကြေးရေး၊ မေတ္တာရေး အကုန်ပါတာမို့ မိမိလိုအပ်တဲ့ pov ကနေ ယူနိုင်ပါတယ်)

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

2 Year Anniversary Gratitude Post - featuringSpecial 20% Discount💜 ဒီနေ့ဟာဆိုရင် Cosmic Tarot & Oracle page ရဲ့ ၂ နှစ်မြ...
01/12/2025

2 Year Anniversary Gratitude Post - featuring
Special 20% Discount

💜 ဒီနေ့ဟာဆိုရင် Cosmic Tarot & Oracle page ရဲ့
၂ နှစ်မြောက် နေ့ရက်လေးပဲဖြစ်ပါတယ်။
၂ နှစ်ဆိုပေမယ့် ကျွန်မအနေနဲ့ ကျွန်မဆရာမ ဒေါ်မေနီနီဦး ဆီမှာ Intuitive Approved Oracle Reader ဖြစ်ဖို့ Intuitive Oracle Appraisal camp ဝင်တဲ့အချိန်မှ page မှာ ပို active ဖြစ်လာခဲ့တယ်ပဲ ပြောရပါမယ်။ Page စဖွင့်တုန်းကထက် Approved Reader mission တွေရဲ့ force ကတော့ အဓိက အကြောင်းရင်းပေါ့လေ။

💜 ဒီလိုနဲ့ ကျွန်မကို ဒီခရီး ဒီအထိရောက်အောင် ဆွဲခေါ် သင်ကြားပေးခဲ့တဲ့ ကျွန်မဆရာမ ဒေါ်မေနီနီဦး၊ ဒီ ၂ နှစ်အတွင်း ကျွန်မဆီ ယုံယုံကြည်ကြည်နဲ့ အမြဲလာမေးခဲ့ကြတဲ့ မိတ်ဟောင်း မိတ်သစ် client တွေ၊ ကျွန်မ page စ run ကတည်းက support လုပ်ပေးခဲ့တဲ့ ကျွန်မရဲ့ corporate field က seniors တွေ၊ ကျွန်မရဲ့soul family အားလုံးကို ကျေးဇူးတင်ပါတယ်။

💜 Oracle နဲ့ ကျွန်မရေစက်ကလည်း သိပ်ကို ဆန်းကြယ်ပါတယ်။ Oracle ဆိုတာကို စသိခဲ့တာလည်း ကျွန်မဆရာမဆီ client ဘဝနဲ့ စရောက်ပြီး discussion တွေဝင်ရင်းနဲ့ ဆရာမဆီကနေ Oracle ဆိုတာကို စ ကြားဖူးခဲ့တယ်။ ဆရာမရဲ့ client ကနေ student ဖြစ်လာပြီးနောက် သင်ယူခဲ့သမျှ ဘာသာရပ်တိုင်းမှာ Oracle သည် မရိုးနိုင်ဆုံးသောပဲ။
အမှန်တိုင်းပြောရရင် ဒီ divination ပညာရပ်တွေကို စပြီး သင်ယူနေတဲ့ ကာလတွေတုန်းက နောင်တစ်ချိန် အခုလိုသူများတွေကို service ပေး reading အဟောတွေဖတ်ပေးဖို့ဆိုတဲ့ အတွေး လုံးဝကို မရှိခဲ့တာရယ်။ တစ်ဖြည်းဖြည်းနဲ့မှ ဒါတွေဟာ ကျွန်မရှောင်လွှဲမရတဲ့ Soul Mission တွေပါလားလို့ နားလည်လာခဲ့ရတယ်။

⏳ ကျွန်မရဲ့ Oracle Journey ကိုတော့ ဒီ link လေးမှာ sharing လုပ်ပေးထားဖူးပါတယ်။
(For your pleasure reading)
https://www.facebook.com/share/p/18xkrVuvU3/?mibextid=wwXIfr

၂ နှစ်သားအရွယ် Cosmic Tarot & Oracle ဖြစ်လာဖို့ ဒီ ၂ နှစ်မတိုင်ခင် အစောပိုင်း ပညာသင်ယူနေတဲ့ ကာလတွေမှာ invest လုပ်ခဲ့ရတဲ့ Time, Money & Energy ကတော့ မနည်းမနောရယ်။

💞 ဆိုတော့ အခုတစ်ခါမှာတော့ 2 Year Anniversary အမှတ်တရအနေနဲ့ ကျွန်မ Old Client ဖြစ်ပါစေ New Client ဖြစ်ပါစေ အားလုံးအတွက်

✨ 20% Discount on all packages (except RS Energy) ✨promotion လေးရှိပါတယ်။

💖 Old client တွေအတွက်ကိုတော့ 20% Discount အပြင် အပိုထပ်ဆောင်း 1 Question ကိုပါ Free မေးခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒါကတော့ ၂ နှစ်လုံး Authentic Reach နဲ့ ရပ်တည်လာခဲ့တဲ့တစ်လျှောက် ကျွန်မနဲ့ ရေစက်ပါခဲဲ့တဲ့ Cosmic Souls လေးတွေအတွက် special treat လေးမို့ new client လေးတွေက စိတ်မကောက်ကြနဲ့နော့်။

🔔 Promotion ကာလလေးကတော့ 5th December 2025 အထိဖြစ်ပြီး limited head count ဖြစ်ပါတယ်။

Promotion အမှီ reading မေးနိုင်ဖို့ Page messenger မှာ မိမိမေးချင်တဲ့ reading package (or) မေးခွန်းအတိအကျနဲ့အတူ အမည်၊ မွေးသက္ကရာဇ်၊ မိမိမျက်နှာသေချာမြင်ရသည့် ဓာတ်ပုံတစ်ပုံပါ ပို့ပေးဖို့ လိုပါတယ်ရှင်။

မေးခွန်းမစဉ်းစားတတ်တာ၊ မမေးတတ်တာမျိုးဆိုရင် ကျွန်မနဲ့အရင် ဘယ်လိုမေးချင်တယ်ဆိုတာမျိုးလေး ပြောပြီး မေးလို့ရပါတယ်နော်။

⬇️ Package လေးတွေထဲလည်း အဆင်ပြေသလို ရွေးချယ် မေးမြန်းနိုင်ပါတယ်။

https://www.facebook.com/share/1MusfhpoCR/?mibextid=wwXIfr

သိကြတဲ့အတိုင်းပဲ အခုချိန်က နှစ်ကုန်ခါနီးမို့ အလုပ်တွေမတအား များနေပေမယ့် Page 2 နှစ်ပြည့်မို့ လိုအပ်သူတွေ fees သက်သက်သာသာနဲ့ မေးလို့ရအောင် စီစဉ်ပေးလိုက်တာပါ။

So, feel free to reach out if you need help finding solutions for your problems. I’m here to help! 💛

With Love & Gratitude,
Zune Wint Hte
Cosmic Tarot & Oracle 🔮

✨✨✨ Bookings Available Now! ✨✨✨▪️Reading Booking တွေပြန်လက်ခံနေပြီလား တစ်ချို့ old client တွေ လာလာမေးနေကြလို့ ပြန်လက်ခံန...
20/11/2025

✨✨✨ Bookings Available Now! ✨✨✨

▪️Reading Booking တွေပြန်လက်ခံနေပြီလား တစ်ချို့ old client တွေ လာလာမေးနေကြလို့ ပြန်လက်ခံနေပါပြီနော်။

▪️ဒီကြားထဲအလုပ်များနေလို့ရယ် Personally သိတဲ့ မိတ်ဆွေတွေရဲ့ အဟောတွေ ကြည့်ပေးနေရတာနဲ့မို့ Page မှာ booking available ဖြစ်ကြောင်း မတင်ပေးဖြစ်တာပါ။

▪️လောလောဆယ် မေးချင်တဲ့သူတွေ November last week နဲ့ December လလယ်လောက်အထိ reading booking ယူလို့ရပါမယ်ရှင့်

▪️Oracle Reading ဆိုတာကလည်း energy consumption များတဲ့ အဟောမို့ First come first serve ပဲ ကြည့်ပေးနိုင်တာရယ်။ မေးနေကြသူတွေကတော့ ကျွန်မအကြောင်း သိပြီးသားပေမယ့် Client အသစ်တွေက မသိမှာစိုးလို့ပါရှင့်။

So, this post is just FYI!

❣️ အခက်ခဲများအတွက် ဆွေးနွေးတိုင်ပင်လိုပါက

https://www.facebook.com/share/p/1NkPPdQUrf/?mibextid=wwXIfr

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🔮 11:11 Special Collective Reading via Oracle💌 ယခုနိမိတ်အဟောအသည် Oracle သီးသန့်ဖြင့် Collective Reading ဖတ်ပေးထားခြင်း ဖ...
11/11/2025

🔮 11:11 Special Collective Reading via Oracle

💌 ယခုနိမိတ်အဟောအသည် Oracle သီးသန့်ဖြင့် Collective Reading ဖတ်ပေးထားခြင်း ဖြစ်ပြီး Cosmic Tarot & Oracle နဲ့ ကံစပ်သော audience များသာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

⚡️အခုချိန်ဟာ planetary transit တွေအရမ်းကြမ်းနေတဲ့ အချိန်ကာလလည်းဖြစ်လို့ တစ်ခုခုဆို အလျင်စလို မလုပ်သင့်ပေမယ့် မိမိအနေနဲ့ လက်ရှိ ပုံစံအတိုင်း ပိုနေမြဲကျားနေမြဲ နေလို့လည်း မရတော့ပါဘူး။
သင်ရောက်နေတဲ့ လမ်းခုလတ်သည် သေချာချင့်ချိန်ပြီး ရှေ့ဆက်နိုင်ရင် upgrade ဖြစ်မယ်။ ဒီတိုင်းဘာမှမလုပ်ပဲ ရပ်နေရင် အောက်ကိုပြန်ပြုတ်ကျပါလိမ့်မယ်။ ဒီတော့ အပေါ်ကိုပဲ တက်နိုင်မလား၊ Down grade ပဲ ပြန်ဖြစ်မလားဆိုတာ ကိုယ့်အပေါ် အများကြီး မူတည်ပါတယ်။ ဘယ်ကိစ္စမှာမဆို သေချာစဉ်းစားသုံးသပ်ပြီးမှ action ယူပါ။

⚡️တစ်ချို့တွေ ကိုယ့်မှာ လုပ်စရာတွေအများကြီး ရှိနေပေမယ့် ဘယ်ကစလုပ်ရမလဲ Priority မခွဲခြားတတ်ဘူး ဖြစ်နေတယ်။ အဓိကနဲ့ သာမည မကွဲရင် အရေးမကြီးတာတွေ အရင်လုပ်မိတတ်ပြီး အချိန်ကုန် အကျိုးမရှိဖြစ်တတ်တာ သတိထားပါ။ The clock is ticking! 🕰

⚡️Every ending is a new beginning ဆိုသလိုပဲ Transformation ဖြစ်နိုင်ဖို့ အဟောင်းတွေကို စွန့်လွှတ်ရမယ်၊ စိတ်ဒဏ်ရာတွေကိုလည်း အကုန်ခွါချ ကုစားနိုင်ဖို့ ကြိုးစားသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် အောက်ဆုံးထိ ပြုတ်ကျသွားပြီလို့ ထင်မိချိန် ကမ်းမယ့်လက်တစ်စုံ ရောက်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ပင်ပန်းခက်ခဲတဲ့ နေ့ရက်တွေကို ပိုကောင်းတဲ့ အရွေ့တွေ ဖြစ်လာဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ ရင်ဆိုင် ကျော်ဖြတ်ပါ။

💫 အခုချိန်မှာ မိမိရွေးချယ်ပြုလုပ်မယ့် ဒါမှမဟုတ် စတင်မယ့် အရာတွေရဲ့ အကျိုးဆက် အသီးအပွင့် သည် နောက်နှစ် 11:11 မတိုင်ခင်မှာ အဖြေပေါ်ပါလိမ့်မယ်။ Trust me. Some things are worth the effort.

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cosmic Tarot & Oracle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share