26/08/2026
Chemotherapy, Radiotherapy, Surgery — ဘာကွာလဲ?
Cancer ကုသမှုမှာ လူနာတိုင်း Treatment တစ်မျိုးတည်း မရပါဘူး။ Cancer အမျိုးအစား၊ ဖြစ်ပွားနေတဲ့နေရာ၊ Stage နဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေအပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ ကုသမှုအစီအစဉ်ကို ရွေးချယ်ပေးပါတယ်။
💉 Chemotherapy
Cancer cells တွေကို ဖျက်ဆီးရန် သို့မဟုတ် ကြီးထွားမှုကို တားဆီးရန် ဆေးဝါးအသုံးပြုတဲ့ ကုသမှုဖြစ်ပါတယ်။ ဆေးက သွေးလည်ပတ်မှုမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ သက်ရောက်နိုင်ပါတယ်။
☢️ Radiotherapy
High-energy radiation ကို အသုံးပြုပြီး သတ်မှတ်ထားတဲ့နေရာရှိ Cancer cells တွေကို ဖျက်ဆီးခြင်း သို့မဟုတ် ကြီးထွားမှုကို ထိန်းချုပ်ခြင်း ဖြစ်ပါတယ်။
🏥 Surgery
ခွဲစိတ်ကုသခြင်းဖြင့် Tumor သို့မဟုတ် Cancer ဖြစ်နေတဲ့ Tissue ကို ဖယ်ရှားပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အချို့ Cancer အမျိုးအစားတွေမှာ အဓိက Treatment တစ်ခုဖြစ်နိုင်ပါတယ်။
📌 ဒါဆို ဘယ် Treatment က အကောင်းဆုံးလဲ?
တစ်ခုကို တစ်ခုထက် “ပိုကောင်းတယ်” လို့ သတ်မှတ်လို့မရပါဘူး။ လူနာအချို့မှာ Treatment တစ်မျိုးတည်း အသုံးပြုနိုင်သလို၊ အချို့မှာ Surgery + Chemotherapy, Chemotherapy + Radiotherapy စသဖြင့် ကုသမှုများကို ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။
အရေးကြီးဆုံးက ကိုယ့် Cancer အမျိုးအစားနဲ့ အခြေအနေကို သိပြီး Oncology Specialist နဲ့ Treatment Options ကို သေချာဆွေးနွေးဖို့ ဖြစ်ပါတယ်။
📩 Cancer Treatment, Second Opinion သို့မဟုတ် Specialist Consultation အတွက် UHS Page မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́
ကျွန်မတို့ 📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
𝐌𝐚𝐢𝐥: [email protected]
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို။