TravelPatient.com

TravelPatient.com Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TravelPatient.com, Medical and health, No. 23/5 C , Thiri Mingalar Avenue Street, 7 Qt, Yankin township, Yangon.

𝐓𝐫𝐚𝐯𝐞𝐥𝐏𝐚𝐭𝐢𝐞𝐧𝐭.𝐜𝐨𝐦 သည်ထိုင်းနှင့်အိန္ဒိယနိုင်ငံရှိ ထိပ်တန်း​ဆေးရုံကြီးများ (𝐁𝐚𝐧𝐠𝐤𝐨𝐤, 𝐈𝐧𝐝𝐢𝐚)တွင်သွား​ရောက်​ဆေးကုသလိုသူများအတွက် 𝐎𝐧𝐞-𝐒𝐭𝐨𝐩 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐨𝐮𝐫𝐢𝐬𝐦 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ဝန်​ဆောင်မှု​ပေး​​နေပါသည်

28/08/2026

🫀"ယခင် Stent ထည့်ဖူး၊ CABG ခွဲစိတ်ဖူးသော်လည်း နှလုံးသွေးကြောကျဉ်းဝေဒနာ ပြန်လည် ခံစားရသည့် အသက် (၆၅) နှစ်အရွယ် အန်တီ၏ အိန္ဒိယ AIG Hospital တွင် Stent ထည့်အောင်မြင်ခဲ့သော ဆေးကုသမှု ခရီးစဉ်"

"နှလုံးသွေးကြောကျဉ်းလို့ Stent လည်း ထည့်ဖူးတယ်၊ ခွဲစိတ်မှု (CABG) လည်း လုပ်ဖူးရဲ့နဲ့ ဝေဒနာတွေ ပြန်ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ..." ဆိုပြီး စိုးရိမ်ပူပန်နေကြတဲ့ မိဘပြည်သူတွေအတွက် စိတ်အေးချမ်းရာ ရလဒ်ကောင်းတစ်ခု ဖြစ်စေမယ့် TravelPatient.com ရဲ့ အောင်မြင်သော ဆေးကုသမှု ခရီးစဉ်တစ်ခုကို မျှဝေပေးချင်ပါတယ်။

🧑‍⚕️အန်တီဟာ ယခင်ကတည်းက နှလုံးသွေးကြောကျဉ်းဝေဒနာကို ...
• ၂၀၁၆ ခုနှစ်မှာ ရင်ဘတ်အောင့်ဝေဒနာကြောင့် စစ်ဆေးရာ နှလုံးသွေးကြောကျဉ်းတာတွေ့ရှိလို့ Stent (သွေးကြောချဲ့ စတန့်) ထည့်သွင်းကုသခဲ့ဖူးပါတယ်။
• ၂၀၁၉ ခုနှစ်မှာ ရင်ခေါင်းအောင့်ဝေဒနာ ထပ်မံခံစားရပြန်တာကြောင့် နှလုံးသွေးကြော ဖြတ်ဆက်ခွဲစိတ်မှု (CABG / Bypass Surgery) ကို ပြုလုပ်ခဲ့ရပါတယ်။

ယခုအခါမှာတော့ အန်တီဟာ ဘယ်ဘက်လက်မောင်း အောင့်သည့် ဝေဒနာကို ထပ်မံခံစားလာရတာကြောင့် ရန်ကုန်မြို့ရှိ နှလုံးအထူးကု ဆရာဝန်ကြီးနှင့် ပြသခဲ့ပါတယ်။

ဆရာဝန်ကြီးရဲ့ ညွှန်ကြားချက်အရ TravelPatient.com မှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့အဆင့်မီ AIG Hospital မှ နှလုံးအထူးကု ဆရာဝန်ကြီးနှင့် Tele-Consultation (အွန်လိုင်း တိုက်ရိုက် တိုင်ပင်ဆွေးနွေးမှု) ကို အချိန်မဆိုင်းဘဲ ပြုလုပ်နိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။

ထို့နောက် လူနာနှင့် မိသားစုဝင်များ မစိုးရိမ်ရအောင် TravelPatient.com မှ လိုအပ်သည့် ဆေးကုသမှုခရီးစဉ်အစအဆုံးကို စနစ်တကျ စီစဉ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ သို့ ထွက်ခွာခဲ့ကြပါတယ်။

လူနာဟာ July (၂၅) ရက်နေ့မှာ အိန္ဒိယနိုင်ငံသို့ စတင်ထွက်ခွာ ရောက်ရှိခဲ့ပြီး July (၂၇) ရက် AIG Hospital ၌ အထူးကု ဆရာဝန်ကြီးနှင့် OPD ပြသပြီး လိုအပ်သည့် ECG, ECHO နှင့် Angiogram စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်ခဲ့ပါတယ် ...

July (၂၉) ရက်နေ့မှာ နှလုံးအထူးကု ဆရာဝန်ကြီးက လိုအပ်သော ခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့ပြီး ခွဲစိတ်ပြီး (၃) ရက်မြောက်: ကုသမှု ရလဒ် အလွန်ကောင်းမွန်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံမှ အဆင်ပြေချောမွေ့စွာ ဆင်းနိုင်ခဲ့ပါတယ် ...

အရင်က စိုးရိမ်စိတ်များစွာဖြင့် ဒုက္ခပေးနေသည့် နှလုံးသွေးကြောကျဉ်း ဝေဒနာများဟာ ခွဲစိတ်မှုအပြီးမှာတော့ သက်သာပျောက်ကင်းသွားခဲ့ပါပြီ။ အခုလို TravelPatient.com မှ ကျန်းမာရေးခရီးစဉ် အစအဆုံး ကူညီခွင့်ရခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်ခင်ဗျာ။

💁‍♂️ဒါကြောင့် Stent ထည့်ထားဖူးသူ၊ CABG လုပ်ထားဖူးသူများအနေဖြင့် နောက်ဆက်တွဲ ဝေဒနာများ ပြန်လည်ခံစားရပါက မလိုလားအပ်သော စိုးရိမ်စိတ်များဖြင့် အချိန်မဆွဲဘဲ ကျွန်တော်တို့ TravelPatient.com သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ...

“TravelPatient.com နှင့် စတင်ပါ
ပိုမိုကျန်းမာသောကမ္ဘာ”

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
☎️09 949 221 640, 09 949 221 641

#နှလုံးရောဂါ #နှလုံးသွေးကြောကျဉ်းရောဂါ

👩‍⚕️"ရိုးတွင်းခြင်ဆီ အစားထိုးကုသနည်းဖြင့် သွေးကင်ဆာကို အနိုင်ယူပါ"💪သွေးကင်ဆာ (Leukemia) ဆိုတဲ့ စကားလုံးဟာ ကြားလိုက်ရုံနဲ...
27/08/2026

👩‍⚕️"ရိုးတွင်းခြင်ဆီ အစားထိုးကုသနည်းဖြင့် သွေးကင်ဆာကို အနိုင်ယူပါ"💪

သွေးကင်ဆာ (Leukemia) ဆိုတဲ့ စကားလုံးဟာ ကြားလိုက်ရုံနဲ့တင် လူတိုင်းရဲ့ ရင်ကို လေးလံသွားစေတာ အမှန်ပါပဲ။

ဒါပေမဲ့ ခေတ်မီဆန်းသစ်လာတဲ့ ဆေးပညာနည်းပညာတွေကြောင့် သွေးကင်ဆာဆိုတာ "အနိုင်မခံ အရှုံးမပေး" ယှဉ်ပြိုင်ကုသလို့ရတဲ့ ရောဂါတစ်ခု ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone Marrow Transplant - BMT) ဟာ သွေးကင်ဆာဝေဒနာရှင်များစွာကို ကျန်းမာတဲ့ ဘဝသစ်တစ်ခု ပြန်လည်ပိုင်ဆိုင်နိုင်စေမယ့် မျှော်လင့်ချက် အလင်းရောင်တစ်ခုပဲဖြစ်ပါတယ် ...

✅Bone Marrow Transplant (BMT) ဆိုတာ ဘာလဲ?
ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းဆိုတာ ပျက်စီးနေတဲ့ သို့မဟုတ် ရောဂါဖြစ်နေတဲ့ သွေးဆဲလ်ထုတ်လုပ်ရေးစနစ်ကို ဖယ်ရှားပြီး ကျန်းမာတဲ့ ပင်မဆဲလ် (Stem Cells) တွေနဲ့ အစားထိုးလဲလှယ်ပေးတဲ့ အဆင့်မြင့် ဆေးကုသမှု နည်းလမ်းဖြစ်ပါတယ်။

သွေးကင်ဆာကို အောင်မြင်စွာကုသနိုင်ခြေ မြင့်မားတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ တွင်ကျယ်စွာ အသုံးပြုနေကြတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းနည်းလမ်းရဲ့ အားသာချက်တွေကတော့ ...
- သွေးကင်ဆာရောဂါကို အထိရောက်ဆုံး ကုသနိုင်ခြင်း
- ကျန်းမာသော ခုခံအားစနစ်သစ် ပြန်လည်ရရှိခြင်း
- ထိရောက်သော ကီမိုဆေး ပမာဏမြင့်မားစွာ ပေးနိုင်ခြင်း
- ဘဝရဲ့ အရည်အသွေးကို အပြည့်အဝတိုးတက်ရရှိလာခြင်း တို့ပဲဖြစ်ပါတယ် ....

ကင်ဆာဆိုတာ အချိန်နဲ့တစ်ပြေးညီ မှန်ကန်တဲ့ ကုသမှုရယူဖို့ အရေးကြီးပါတယ် ဒါကြောင့် အချိန်မလွန်ခင် သွေးကင်ဆာကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ပြီး ကျန်းမာရေး မျှော်လင့်ချက် အလင်းရောင်ကို ပြန်လည်ရယူဖို့ ကျွန်တော်တို့ TravelPatient.com ကို ဆက်သွယ်တိုင်ပင်နိုင်ပါတယ်ခင်ဗျာ ....

“TravelPatient.com နှင့် စတင်ပါ
ပိုမိုကျန်းမာသောကမ္ဘာ”

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
☎️09 949 221 640, 09 949 221 641

#ရိုးတွင်းခြင်ဆီအစားထိုးခြင်း #သွေးကင်ဆာ

27/08/2026

🦵နာတာရှည် ဒူးဝေဒနာခံစားနေရသူများအတွက် ...

ဒူးနာဝေဒနာခံစားနေရသူများအတွက် ဒူးတစ်စိတ်တစ်ပိုင်းအစားထိုးခြင်းအကြောင်းကို ထိုင်းနိုင်ငံ Thonburi Bamrungmuang Hospital မှ အရိုးခွဲစိတ် အထူးကုဆရာဝန်ကြီးအား ကျွန်တော်တို့ TravelPatient.com မှ Dr. Shin Thant Lin ကနေ ဆွေးနွေးမေးမြန်းထားတဲ့ Short Video လေးအားမျှဝေပေးလိုက်ပါရစေ ...

“TravelPatient.com နှင့် စတင်ပါ
ပိုမိုကျန်းမာသောကမ္ဘာ”

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
09 949 221 640, 09 949 221 641

#ဒူးနာ #ကျန်းမာရေးဆွေးနွေးပွဲ

🧠ဦးနှောက်အကျိတ်ဆိုတိုင်း ဆေးရုံတက်ခွဲစိတ်စရာမလိုပါဘူး❗️ဦးနှောက်အကျိတ်လို့ ကြားလိုက်တာနဲ့ လူတိုင်း အရင်ဆုံး တွေးမိသွားတာက...
25/08/2026

🧠ဦးနှောက်အကျိတ်ဆိုတိုင်း ဆေးရုံတက်ခွဲစိတ်စရာမလိုပါဘူး❗️

ဦးနှောက်အကျိတ်လို့ ကြားလိုက်တာနဲ့ လူတိုင်း အရင်ဆုံး တွေးမိသွားတာက ဦးခေါင်းကို "ခွဲစိတ်ပြီး" နာကျင်ရမှာကိုပါ ...

ဒါပေမယ့် အခုပြောပြပေးမယ့် Gamma Knife (ဓာတ်ရောင်ခြည်ကုထုံး) ဟာဆိုရင်တော့ ခွဲစိတ်စရာမလိုဘဲ Gamma ရောင်ခြည်တန်းများကို ပစ်မှတ်တစ်ခုတည်းသို့ စုစည်းစေပြီး၊ ရောဂါရှိရာနေရာအနီးရှိ ကောင်းမွန်နေသော တစ်ရှူးများမထိခိုက်စေဘဲ အကျိတ်ကိုသာ သီးသန့် ဖျက်ဆီးပေးသည့် ကုထုံးဖြစ်ပါတယ် ...

🧑‍⚕️ဘယ်လိုရောဂါတွေမှာ ကုသနိုင်လဲ?
• ဦးနှောက်အကျိတ်များ
• ဦးနှောက်သွေးကြောဆိုင်ရာပြဿနာများ
• အာရုံကြောနဲ့ သက်ဆိုင်သော ဝေဒနာများတွင် ကုသနိုင်ပြီးတော့

Gamma Knife ၏ အဓိက အားသာချက်များကတော့ ...
• ဆေးရုံတွင် ရက်ရှည်တက်ရောက်ရန် မလိုဘဲ ကုသမှုခံယူပြီးနောက် (၁)ရက်တည်းမှာပင် နေအိမ်သို့ ပြန်နိုင်ခြင်း
• နာကျဉ်မှုလျော့နည်းတာကြောင့် မေ့ဆေးပေးရန်မလိုဘဲ လူနာသတိရှိနေသည့် အခြေအနေတွင်ပင် အေးဆေးစွာ ကုသမှုခံယူနိုင်ခြင်း
• သေးငယ်သော နေရာကိုပင် တိကျစွာ ပစ်မှတ်ထားနိုင်သဖြင့် ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း
• ခွဲစိတ်ဓား အသုံးမပြုသည့်အတွက် အနာတရဖြစ်ခြင်းနှင့် အမာရွတ်ကျန်ခြင်း လုံးဝမရှိခြင်း စတဲ့အားသာချက်များစွာရှိပါတယ် ...

အခုလို ဦးနှောက်အကျိတ်အတွက် ဆေးရုံရက်ရှည်တက်စရာမလို ခွဲစိတ်စရာမလိုတဲ့ Gamma Knife (ဓာတ်ရောင်ခြည်ကုထုံး) ကို အိန္ဒိယနိုင်ငံရှိ ဆေးရုံကြီးတွေမှာ သွားရောက်ကုသနိုင်ဖို့ ကျွန်တော်တို့ TravelPatient ကို ဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ ....

“TravelPatient.com နှင့် စတင်ပါ
ပိုမိုကျန်းမာသောကမ္ဘာ”

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
☎️09 949 221 640, 09 949 221 641

#ဦးနှောက်အကျိတ်

24/08/2026

🇹🇭ထိုင်းနိုင်ငံမှ Thonburi Bamrungmuang ဆေးရုံကြီးနှင့် TravelPatient.com တို့ အောင်မြင်စွာပူးပေါင်းကျင်းပနိုင်ခဲ့သော ကျန်းမာရေးဟောပြောပွဲကြီး ...

📍ရန်ကုန်မြို့ Melia Hotel ကြီးတွင်ပြုလုပ်ခဲ့သော ကျန်းမာရေးဟောပြောပွဲအခမ်းအနားကြီးသို့ တက်ရောက်ပေးခဲ့ကြသော Thonburi Bamrungmuang ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ တာဝန်ရှိလူကြီးမင်းများ နှင့် ကျန်းမာရေးအသိပညာလေ့လာလိုသူများ၊ လာရောက်ဆွေးနွေးခဲ့ကြသူများအားလုံးကို ကျွန်တော်တို့ TravelPatient.com မှ အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုက်ပါရစေခင်ဗျာ ...

အခမ်းအနားကျင်းပစဉ် လှုပ်ရှားမှုပုံရိပ်များအားလုံးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ....

" TravelPatient နှင့် စတင်ပါ
ပိုမိုကျန်းမာသော ကမ္ဘာ "

#ကျန်းမာရေးဟောပြောပွဲ

🧠ဦးနှောက်အကျိတ်ဖြစ်လာခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ❓🧠ဦးနှောက်အကျိတ်ဆိုတာ ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်မျာ...
23/08/2026

🧠ဦးနှောက်အကျိတ်ဖြစ်လာခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ❓

🧠ဦးနှောက်အကျိတ်ဆိုတာ ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်များ အဆမတန်ပွားများလာပြီး ဖြစ်ပေါ်လာသော ဆဲလ်အစုအဝေးဖြစ်ပါတယ် ...
ဦးနှောက်အကျိတ်ဟာ ဆိုရင်တော့ ရိုးရိုးအကျိတ် (Benign Brain Tumor) နှင့် ကင်ဆာကျိတ်( Malignant Brain Tumor) ဆိုပြီးတော့ (၂)မျိုးရှိပါတယ် ...
ဦးနှောက်အကျိတ်ဖြစ်လာပြီဆိုရင် ကုသလို့ရတဲ့နည်းလမ်းတွေကတော့ ...

✅Radiation (ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း)
Cyberknife, Gammaknife , SRS stereotactic Radiosurgery နည်းပညာတွေနဲ့ ဦးနှောက်ကို ခွဲစိတ်ဖို့မလိုဘဲနဲ့ တိကျတဲ့ ဓါတ်ရောင်ခြည်လှိုင်းတွေနဲ့အကျိတ်ကို ဖျက်ဆီးပစ်နိုင်ပါတယ် ...

✅surgery (ခွဲစိတ်ကုသခြင်း)
အကျိတ်တိုင်းအတွက် အဓိကအကျဆုံး ကုသနည်းဖြစ်ပြီးတော့ အခုအချိန်မှာဆိုရင်တော့ ဦးနှောက်အာရုံကြောကို မထိခိုက်ပဲနဲ့ computer assisted Navigation ကိုသုံးပြီး ပိုမိုတိတိကျကျကို ခွဲစိတ်နေပြီပဲဖြစ်ပါတယ် ...

✅chemotherapy (ဆေးသွင်းကုသခြင်း)
အကျိတ်ဆဲလ်တွေကို‌‌ သေစေမယ့် ဆေးဝါးတွေကို သွေးထဲကနေ တစ်ဆင့် ဦးနှောက်အထိ ရောက်ပြီး Blood Brain Barrier လို့ခေါ်တဲ့ အမြှေးပါးကိုဖြတ်၍ ထိထိရောက်ရောက် ကုသနိုင်တဲ့ ဆေးသွင်းကုသခြင်းပဲဖြစ်ပါတယ် ...

✅Target Therapy (ပစ်မှတ်ထားကုသခြင်း)
နောက်ဆုံးပေါ်ကုသနည်းဖြစ်တဲ့ အကျိတ်ဆဲလ်တွေ ရဲ့ ကြီးထွားမှုကို အဓိကထားပြီးတိုက်ထုတ်တဲ့ ဘေးထွက်ဆိုးကျိုးနည်းပါးတဲ့ ကုသနည်းပဲဖြစ်ပါတယ် ...

အခုလို ဦးအနှောက်အကျိတ်ကုသနိုင်တဲ့နည်းလမ်းများအပြင် တခြားသောကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် တိုင်ပင်ဆွေးနွေးလိုတယ်ဆိုရင်တော့ ကျွန်တော်တို့ TravelPatient.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ် ...

“TravelPatient.com နှင့် စတင်ပါ
ပိုမိုကျန်းမာသောကမ္ဘာ”

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
☎️09 949 221 640, 09 949 221 641

#ဦးနှောက်အကျိတ်

❗️အသည်းကင်ဆာဆိုတာနဲ့ မဖြစ်မနေ ခွဲရမှာလား❓အသည်းကင်ဆာလို့ ကြားလိုက်ရုံနဲ့ ခွဲစိတ်ရတော့မှာကို စိုးရိမ်ရသလို၊ ကုသပြီးလည်း နာ...
20/08/2026

❗️အသည်းကင်ဆာဆိုတာနဲ့ မဖြစ်မနေ ခွဲရမှာလား❓

အသည်းကင်ဆာလို့ ကြားလိုက်ရုံနဲ့ ခွဲစိတ်ရတော့မှာကို စိုးရိမ်ရသလို၊ ကုသပြီးလည်း နာကျင်ရမယ့် အာတွေကိုတွေးပြီး လက်လျှော့ချင်နေတဲ့ မိသားစုတွေ အများကြီးပါပဲ။

ဒါပေမဲ့ အခုခေတ်မှာဆိုရင်တော့ အသည်းကင်ဆာဖြစ်တိုင်း ခွဲစိတ်စရာ မလိုတော့ပါဘူး။
ခေတ်မီ ဆေးပညာအရ ကင်ဆာကျိတ်ကို တိကျစွာ ပစ်မှတ်ထား ကုသနိုင်တဲ့ TACE (Transarterial Chemoembolization) အသည်းဆေးဖြန်းကုထုံး ရှိနေပါပြီ။

💯TACE နည်းပညာရဲ့ ထူးခြားချက်များ
• ခွဲစိတ်စရာမလိုခြင်း: ပေါင်ခြံရှိ သွေးကြောမျှင်လေးမှတစ်ဆင့် ကင်ဆာကျိတ်ရှိရာသို့ တိုက်ရိုက် သွားရောက်ကုသပေးတာကြောင့် ခွဲစိတ်ရာတစ်စက်မှ မရှိပါဘူး ....
• တိကျစွာ ပစ်မှတ်ထားနိုင်ခြင်း: ကင်ဆာဆဲလ်များရှိရာသို့ ဆေးကို တိုက်ရိုက်ဖြန်းပေးသည့်အတွက် ထိရောက်မှု အလွန်ရှိပါတယ် ...
• နာကျင်မှု နည်းပါးခြင်း: နာကျင်မှုနည်းပြီး ဆေးရုံတက်ရသည့်ရက် တိုတောင်းသောကြောင့် နလန်မြန်မြန်ပြန်ထူစေပါတယ် ...
• ခွဲစိတ်ရန် မဖြစ်နိုင်သူများအတွက် အဖြေ: အသည်းခြောက်ခြင်း သို့မဟုတ် အသက်အရွယ်ကြောင့် ခွဲစိတ်ကုသရန် မဖြစ်နိုင်သည့် လူနာများအတွက်လည်း အထူးသင့်တော်ပါတယ် ...

ဒါကြောင့် အသည်းကင်ဆာဖြစ်တိုင်း ခွဲစိတ်ကုသရမယ်ဆိုတာထက် ‌ရောဂါ အခြေအနေပေါ်မူတည်၍ သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ကာ အခုလို အသည်းဆေးဖြန်းကုထခြင်း နည်းလမ်းကိုလည်းပြုလုပ်နိုင်ကြောင်း ကျွန်တော်တို့ TravelPatient.com မှ မျှဝေပေးလိုက်ပါရစေ ...

“TravelPatient.com နှင့် စတင်ပါ
ပိုမိုကျန်းမာသောကမ္ဘာ”

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
☎️09 949 221 640, 09 949 221 641

#အသည်းကင်ဆာ

🦵"ဒူးနာခြင်းဆိုတာ သက်သာ ပျောက်ကင်းနိုင်တဲ့ ဝေဒနာတစ်ခုပါ..."❗️ အသက်အရွယ် ရလာလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာ သို့မဟုတ် ဒူးဆစ်...
19/08/2026

🦵"ဒူးနာခြင်းဆိုတာ သက်သာ ပျောက်ကင်းနိုင်တဲ့ ဝေဒနာတစ်ခုပါ..."❗️

အသက်အရွယ် ရလာလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာ သို့မဟုတ် ဒူးဆစ်ကျီးပေါင်းကြောင့်ပဲဖြစ်ဖြစ် နာကျင်ခံစားနေရတဲ့ ဒူးနာဝေဒနာဟာ အမြဲတမ်း သည်းခံနေရမယ့် ဒုက္ခတစ်ခု မဟုတ်ပါဘူး။ ထိုင်ရာမှအထနဲ့ လမ်းလျှောက်တိုင်းမှာ နာကျင်နေရလို့ မိသားစုနဲ့အတူ ခရီးသွားဖို့၊ လမ်းလျှောက်ဖို့တွေကို လက်လျှော့ထားရသူတွေအတွက် သဘာဝအတိုင်း ပြန်လည်လှုပ်ရှားနိုင်မယ့် ခေတ်မီ ဆေးကုသမှုနည်းလမ်း ရှိနေပါပြီ။

UKA Knee Repair (ဒူးဆစ်တစ်စိတ်တစ်ပိုင်း ပြုပြင်ကုသခြင်း) နည်းပညာဟာ ဒူးဆစ်တစ်ခုလုံးကို အစားထိုးလဲလှယ်စရာမလိုဘဲ ပျက်စီးသွားသည့် အစိတ်အပိုင်းကိုသာ သဘာဝအတိုင်း ပြန်လည်ပြုပြင်ပေးသည့် ခွဲစိတ်ကုသမှုဖြစ်ပါတယ် ...

UKA Knee Repair ရဲ့ ထူးခြားသည့် အားသာချက်များကတော့ ...

✅သဘာဝဒူးဆစ်နှင့် အမြှေးပါးများကို ထိန်းသိမ်းနိုင်ခြင်း: ဒူးဆစ်တစ်ခုလုံးကို လဲလှယ်ခြင်းမဟုတ်ဘဲ ပျက်စီးနေသည့် အစိတ်အပိုင်းကိုသာ ပြုပြင်တာဖြစ်လို့ နဂိုမူလအရိုး၊ အကြော နှင့် အရွတ်တွေကို ရာခိုင်နှုန်းပြည့်နီးပါး ထိန်းသိမ်းထားနိုင်ပါတယ် ...

✅ခွဲစိတ်ဒဏ်ရာသေးငယ်ပြီး သွေးထွက်နည်းခြင်း: ခွဲကြောင်းရာအနေနဲ့လည်း သေးငယ်တာဖြစ်လို့ သွေးထွက်နည်းပြီး ကူးစက်ရောဂါဝင်ရောက်နိုင်ခြေ လျော့နည်းပါတယ် ....

✅လျှင်မြန်စွာ နာလန်ထူပြီး လမ်းပြန်လျှောက်နိုင်ခြင်း: နာကျင်မှု နည်းပါးသည့်အတွက် ဆေးရုံတက်ရသည့်ရက် တိုတောင်းပြီး မူလပုံမှန်လှုပ်ရှားမှုများကို မြန်ဆန်စွာ ပြန်လည်လုပ်ဆောင်နိုင်ပါတယ် ...

✅သဘာဝကျကျ ကွေးဆန့်လှုပ်ရှားနိုင်ခြင်း: ပျက်စီးနေတဲ့ အစိတ်အပိုင်းကိုသာ ပြုပြင်ကုသတာဖြစ်လို့ နဂိုဒူးဆစ်အတိုင်း လွတ်လပ်စွာ ကွေးဆန့်နိုင်သည့် ခံစားမှုကို ရရှိစေပါတယ် ....

ဒါကြောင့် ဒူးနာဝေဒနာ ကင်းဝေးပြီး ပျော်ရွှင်စရာ ဘဝသစ်ဆီသို့ အမြန်ဆုံးပိုင်ဆိုင်နိုင်စေရန် TravelPatient.com က ကူညီပါရစေ ...

🦵ဒူးနာတာကို သည်းခံမနေတော့ဘဲ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ဖို့ ကျွန်တော်တို့ TravelPatient.com ကို ဆက်သွယ်ပြီး အခမဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ ....

“TravelPatient.com နှင့် စတင်ပါ
ပိုမိုကျန်းမာသောကမ္ဘာ”

“ပြည်တွင်း၊ ပြည်ပ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု”
☎️09 949 221 640, 09 949 221 641

#ဒူးနာ #ဒူးဆစ်ခွဲစိတ်

🇲🇲ရန်ကုန်မြို့ Melia Hotel ကြီးတွင်ပြုလုပ်ခဲ့သော ကျန်းမာရေးဟောပြောပွဲအခမ်းအနားကြီးသို့ တက်ရောက်ကာ ဆရာဝန်ကြီးများနှင့် တိ...
18/08/2026

🇲🇲ရန်ကုန်မြို့ Melia Hotel ကြီးတွင်ပြုလုပ်ခဲ့သော ကျန်းမာရေးဟောပြောပွဲအခမ်းအနားကြီးသို့ တက်ရောက်ကာ ဆရာဝန်ကြီးများနှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြသော လူနာများရဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါရစေခင်ဗျာ ...

လူနာများရဲ့ ကျန်းမာရေးအခက်အခဲများကို ဖြေရှင်ပေးနိုင်ဖို့ ကျွန်တော်တို့ TravelPatient.com က အမြဲဦးစားပေးလုပ်ဆောင်လျက်ရှိပါတယ်ခင်ဗျာ ...

“TravelPatient.com နှင့် စတင်ပါ
ပိုမိုကျန်းမာသောကမ္ဘာ”

#ကျန်းမာဆွေးနွေးပွဲ

🇹🇭ထိုင်းနိုင်ငံမှ Thonburi Bamrungmuang ဆေးရုံကြီးနှင့် TravelPatient.com တို့ အောင်မြင်စွာပူးပေါင်းကျင်းပနိုင်ခဲ့သော ကျ...
17/08/2026

🇹🇭ထိုင်းနိုင်ငံမှ Thonburi Bamrungmuang ဆေးရုံကြီးနှင့် TravelPatient.com တို့ အောင်မြင်စွာပူးပေါင်းကျင်းပနိုင်ခဲ့သော ကျန်းမာရေးဟောပြောပွဲပုံရိပ်များ 📇

🇲🇲ရန်ကုန်မြို့ Melia Hotel ကြီးတွင်ပြုလုပ်ခဲ့သော ကျန်းမာရေးဟောပြောပွဲအခမ်းအနားကြီးသို့ တက်ရောက်ပေးခဲ့ကြသော Thonburi Bamrungmuang ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ တာဝန်ရှိလူကြီးမင်းများ နှင့် ကျန်းမာရေးအသိပညာလေ့လာလိုသူများ၊ လာရောက်ဆွေးနွေးခဲ့ကြသူများအားလုံးကို ကျွန်တော်တို့ TravelPatient.com မှ အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုက်ပါရစေခင်ဗျာ 🙏

🤗အခမ်းအနားကျင်းပစဉ်ပုံရိပ်များအားလုံးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ....

#ကျန်းမာရေးဆွေးနွေးပွဲ

Address

No. 23/5 C , Thiri Mingalar Avenue Street, 7 Qt, Yankin Township
Yangon
11081

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Website

Alerts

Be the first to know and let us send you an email when TravelPatient.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share