15/08/2026
🚨 ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ အထူးသတိပြုရန် - ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ကြစို့ 🚨
နွေ/မိုး အကူးကာလမှာ အဖြစ်များလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုးမှ ကင်းဝေးစေဖို့အတွက် မိဘများနှင့် ကျောင်းသား/သူများအနေဖြင့် အောက်ပါ သန့်ရှင်းရေးနှင့် ကျန်းမာရေးဓလေ့များကို အထူးဂရုပြု လိုက်နာပေးကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
လိုက်နာရန် ဆောင်ရန်/ရှောင်ရန်များ
လက်ကို စနစ်တကျ ဆေးပါ
အစားအစာ မစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ အောင်စနစ်တကျ ဆေးကြောပါ။
သန့်ရှင်းသော ရေနှင့် အစားအစာကိုမှ သုံးဆောင်ပါ
ရေနွေးကျက်အေး သို့မဟုတ် သန့်ရှင်းသော သောက်ရေသန့်ကိုသာ သောက်သုံးပါ။
ယင်မနားသော၊ ကျန်းမာရေးနှင့် ညီညွတ်သော ပူပူနွေးနွေး အစားအစာများကိုသာ စားသုံးပါ။
လမ်းဘေးမသန့်ရှင်းသော မုန့်များနှင့် ယင်နားစာများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။
သစ်သီးဝလံများကို စနစ်တကျ ဆေးကြောပါ
အသီးအနှံများကို မစားမီ ရေနိုင်နိုင်ဖြင့် စနစ်တကျ ဆေးကြောပါ။
အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ
ယင်ကောင် မဝိုင်းစေရန် အမှိုက်များကို ဖုံးအုပ်ထားသော အမှိုက်ပုံးအတွင်းသို့သာ စနစ်တကျ စွန့်ပစ်ပါ။
သတိပြုရန်
ကလေးများ ဝမ်းသွားခြင်း၊ မူးဝေခြင်း၊ နားင်းခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းများ ရှိပါက မိဘအုပ်ထိန်းသူများထံ ချက်ချင်းအကြောင်းကြားရန်နှင့် နီးစပ်ရာ ကျန်းမာရေးဌာန/ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသ ကုသမှုခံယူကြပါရန် တိုက်တွန်းအပ်ပါသည်။
"ကျန်းမာရေးသည် ပထမ - သန့်ရှင်းရေးမှ စတင်ကြပါစို့"
#ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း