23/06/2026
"ခွေးကိုက်၊ ကြောင်ကိုက်ခံရရင် တုံဆိုင်းမနေပါနဲ့"
မိမိအိမ်မှာမွေးထားတဲ့ ကြောင်ကိုက်တာ၊ခွေးကိုက်တာ ဒါမှမဟုတ် လမ်းဘေးတိရစ္ဆာန်များ၏ ကိုက်ခြင်း၊ ကုတ်ခြင်းကို ခံရပါက ဒဏ်ရာသေးငယ်သည်ဟုထင်ပြီး လျစ်လျူမရှုသင့်ပါ။ ထိုဒဏ်ရာများမှတစ်ဆင့် ရောဂါကူးစက်နိုင်သည့် အန္တရာယ်များ ရှိနိုင်ပါသည်။
တကယ်တော့ ဒါဟာ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ ခွေးရူးပြန်ရောဂါ (Rabies) ကူးစက်နိုင်ခြေရှိလို့အလွန်အန္တရာယ်များပါတယ်။
ရောဂါလက္ခဏာပြမှ ကုသ၍မရပါ။ ခွေးရူးပြန်ရောဂါပိုးဟာ ခန္ဓာကိုယ်ထဲ ရောက်သွားပြီးနောက် လက္ခဏာ စတင်ပြသလာပြီဆိုရင် ကုသဖို ရာခိုင်နှုန်းမရှိသလောက် နည်းပါးသွားတတ်ပါတယ်။
ကာကွယ်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့်အကိုက်ခံရ၊ အကုတ်ခံရပြီးတာနဲ့ ဗိုင်းရပ်စ်ပိုး ဦးနှောက်ဆီမရောက်ခင် ခွေးရူးပြန်ကာကွယ်ဆေးကို အချိန်မီ ထိုးနှံထားခြင်းကသာ အသက်ကို ရာနှုန်းပြည့် ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ဒါ့ကြောင့် ခွေးကိုက်ခံရ၊ ကြောင်ကိုက်ခံရပါက ခွေးရူးပြန်ရောဂါကူးစက်နိုင်သည့် အန္တရာယ်မှကာကွယ်ရန် ခွေးရူးပြန်ကာကွယ်ဆေးကို အေးလရိပ်အထူးကုဆေးခန်းတွင် ထိုးနှံလို့ရနိုင်ပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်
09 769696255 / 09 421646004