𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐇𝐚𝐧𝐝𝐬 𝐅𝐨𝐫𝐭𝐮𝐧𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

  • Home
  • Myanmar
  • Yangon
  • 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐇𝐚𝐧𝐝𝐬 𝐅𝐨𝐫𝐭𝐮𝐧𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐇𝐚𝐧𝐝𝐬 𝐅𝐨𝐫𝐭𝐮𝐧𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 🔮 Astrology is a language. If you understand this language, the sky speaks to you 🔮

16/09/2026

Followers 55K ပြည့်ကတည်းက
တော်ယုံနားမလည်တဲ့
ပညာရပ်နဲ့ပတ်သက်တာပဲ တင်နေတာများတော့
Reach မရောက်လို့……
Engagement ရပြီး နည်းနည်း reach တက်အောင်
ပေါ်ပင်မှာ ပျော်ရွှင်ခွင့်ပြုပါဦးနော် 😁😁🙏🏽🙏🏽🙏🏽

💸 Sugar Daddy , Sugar Mommy လုပ်ရတာ ဝါသနာပါသူများနဲ့ Sugar Baby ဖြစ်ဖို့ ကံပါလာတတ်သူများ 💸လူတစ်ယောက် နဲ့ တစ်ယောက်က ကံခြင...
16/09/2026

💸 Sugar Daddy , Sugar Mommy လုပ်ရတာ ဝါသနာပါသူများနဲ့ Sugar Baby ဖြစ်ဖို့ ကံပါလာတတ်သူများ 💸

လူတစ်ယောက် နဲ့ တစ်ယောက်က ကံခြင်းမတူဘူးဆိုတာ ယုံကြလားတော့မသိဘူး။ တစ်ချို့လူတွေဆို ရုပ်လည်း အရမ်းမချော အရမ်းဆွဲဆောင်မှုအားမကောင်းပေမယ့် သူ့ဘဲက သူ့ကိုတင့်တောင်းတင့်တယ်ထားတာ စိန်တွေရွှေတွေစင်ပေးထားတာ ညွတ်နေတာပဲဆိုတာမျိုး မြင်ဖူးကြတယ်ဟုတ်။ ဒါကြ ကိုယ်ကြိုးစားယူလို့ရတာမဟုတ်ပဲ သူ့ကံနဲ့သူလာတာမျိုးဖြစ်သွားပြီ။

အောက်မှာ ဖော်ပြထားတဲ့အထဲမပါရင် ဒါကရောဆိုပြီး မမေးပါနဲ့နော် ။ ဒီစာရင်းထဲမပါဘူးလို့ သဘောထားပါလေ။

ပထမဆုံး ချစ်သူရဲ့ တင့်တောင်းတင့်တယ်ထားခြင်းခံရတတ်တဲ့သူတွေမှာ ပါတတ်တဲ့ placement တွေကိုအရင်ပြောပြပေးပါမယ်….။

Joytish app ရှိရပါမယ်နော်…..
Joytish app မှာ မွေးနေ့ မွေးချိန် ဇာတိကို ရိုက်ထည့်ပါ….။
ပြီးရင် ဘယ်ဘက် အပေါ်ဆုံးက မျဉ်းသုံးကြောင်းကိုနှိပ်ပါ KP Details ကိုပြောင်းပါ…..။
ပြီးရင် အပေါ်က KP chart , Dasha ဆိုတဲ့စာတန်းကိုဘေးလေးဆွဲလိုက်ပါ….။
Nakshatra Nadi ကိုနှိပ်ပြီး ဝင်လိုက်ပါ…..

အဲ့အောက်က Sub lord ဆိုတဲ့အတန်းကိုကြည့်ပါ…..

2,7,8,11
2,8,11
7,8,11
8,11
2,7,8
ဒီလို တွဲလျက်ပါတဲ့သူတွေက Sugar Baby လေးတွေဖြစ်ဖို့ ကံပါလာတတ်ပါတယ်။ ကိုယ်က ဒီအတွဲပါပေမယ့် အအမ်းမခံရသေးဘူးဆို Dasha မရောက်သေးလို့ပါနော်….။

2 က မိမိပိုင်ဆိုင်ရရှိမှု
7 က မိမိရဲ့ Rs , အိမ်ထောင်ဖက်
8 က မိမိအိမ်ထောင်ဘက်ပိုင်ဆိုင်တဲ့ပစ္စည်း
11 က မိမိအကျိုးအမြတ် မိမိဆန္ဒပြည့်ဝမှုကိုပြတာမို့ ဒီအတွဲအစပ်ကိုကြည့်မယ်ဆို။

2 ပါတဲ့တွဲစပ်မှုတွေမှာဆို တစ်လုံးတစ်ခဲတည်းနဲ့ အကြီးကြီးတွေရတတ်ပါတယ်။

2 မပါဘူးဆို တစ်လုံးတစ်ခဲအကြီးကြီးမရရင်တောင် fill fullness ဖြစ်တဲ့ တို့စိတို့စိတွေအအမ်းခံရပါတယ်။

အဲ့ဒီအတွဲရဲ့အပေါ်က ဂြိုလ်လေးတွေကိုလည်းကြည့်လို့ရပါတယ်။ Planet နေရာက ဂြိုလ်တွေကိုလည်းကြည့်လို့ရပါတယ်။

အဲ့ဂြိုလ်နေရာတွေမှာ Rahu ပါနေရင် အတွဲအစပ်မှာ 2 မပါရင်တောင် တစ်ခါတည်းနဲ့ အချီကြီးတွေအမ်းတာခံရတတ်ပါတယ်။ ကျနော့် Chart နဲ့ပြောရမယ်ဆို ကျနော်ဆို 7,8,11 ပါတယ်။ 2 မပါပေမယ့် Rahu ဂြိုလ်အကျိုးဆောင်နေတာကြောင့် ကိုယ့်ကို အချီကြီးတွေ လက်ဆောင်ပစ္စည်းလာပေးတာခံရဖူးပါတယ်။

အဲ့ဂြိုလ်နေရာမှာ Venus ပါနေရင် branded cosmetic ပစ္စည်းတွေ ဇိမ်ခံပစ္စည်းလှလှပပလေးတွေ ကားတို့ဘာတို့ အအမ်းခံရပါတယ်။ Venus က Financial ကိုပြသလို အကျိုးစီးပွါးကိုလည်းပြတာမို့ ကိုယ့်ဘဝအကျိုးစီးပွါးအတွက် support ပေးတာမျိုးတွေ ခံရတတ်ပါတယ်။ ဥပမာ - model လုပ်ဖို့ စပွန်ဆာပေးတာတို့၊ ကိုယ်ရာထူးတိုးဖို့ support ပေးတာတို့ပါ။

အဲ့ဂြိုလ်နေရာမှာ Mars ရှိနေရင်တော့ စက်ပစ္စည်းတို့ ယာဉ်ကားတို့ တိုက်ခန်းတို့ ရတတ်ပါတယ်။

Saturn ရှိရင် မြေကွက်တို့ဘာတို့ ရတတ်ပါတယ်။ တစ်ခါတစ်ရံ ဂြိုလ်ကအားနည်းနေရင်တော့ တိုလီမုတ်စလေးတွေပဲရတတ်ပါတယ်။

Moon ၊ Mercury ရှိနေရင် ချစ်စဖွယ်လက်ဆောင် သေးသေးလေးတွေရတတ်ပါတယ်။

Jupiter , Sun ရှိရင်တော့ ရွှေလေးတွေရတတ်ပါတယ်။

အကောင်းဆုံးကတော့ Venus နဲ့ Rahu ရှိနေတာအကောင်းဆုံးပါ။

Sugar Baby တွေအကြောင်းပြောပြပြီးပြီမို့ ဒီဟာက Date girl , offer လေးတွေအတွက်ပါနော်

2,6,8,11
ဒီအတွဲအစပ်ပါမှရပါမယ်။ ဟိုတစ်ယောက်လေ သူ့နာမည်မေ့နေပြီ ဟိုတယ်ပေါ်ကနေ ရွှေတွဲလဲငွေတွဲလဲနဲ့ထုတ်ထုတ်ကြွားတဲ့တစ်ယောက် ခုတော့ အဖမ်းခံလိုက်ရပြီ သူ့ဇာတာမျိုးပေါ့နော်။

2 က မိမိပိုင်ဆိုင်နိုင်မှု
6 က မိမိပေးရတဲ့ဝန်ဆောင်မှု ၊ တစ်ပါးသူရဲ့စွန့်လွှတ်မှု ပေးကမ်းမှု
8 က တစ်ပါးသူပိုင်ပစ္စည်း
11 က မိမိရဲ့အကျိုးအမြတ်ရရှိမှု

ဒီဘာဝတွေပေါင်းလိုက်တဲ့အခါ မိမိရဲ့ ဝန်ဆောင်ပေးမှုကြောင့် တစ်ပါးသူက စိတ်ကျေနပ်ပြီး တစ်လုံးတစ်ခဲတည်းနဲ့ မြိုးမြိုးမြတ်မြတ်ပေးလိုက်တာကို ရရှိတယ်ဆိုတာမျိုးအဓိပ္ပါယ်ဖွင့်လို့ရပါတယ်။ ( btw ဒါပါတိုင်း ဒိတ်ဂဲ offer ဖြစ်တာမဟုတ်ဘူးနော်….. လုပ်ချင်ရင် မြိုးမြိုမြတ်မြတ်ရနိုင်တယ်ရေးတာပါ။ ဒီလူတွေက ဝန်ထမ်းလုပ်ရင်တောင် အောက်ဆိုဒ်ကောင်းတဲ့နေရာတွေမှာ အလုပ်ရတတ်တယ် )

ဒါပါရင်တော့ မိမိရဲ့ဝန်ဆောင်မှုပေးတာကို customer က သဘောကျပြီး bonus ရှယ်ပေးတာကို ခံရတာမျိုးပါ။ 7 မပါတဲ့အတွက် ကိုယ့်ရဲ့ပါတနာဆီကရတာမဟုတ်ပဲ ကိုယ့်ရဲ့ဖောက်သည်ဆီက ရတာမျိုးဖြစ်ပါတယ်။ 7 ပါပါရင်တော့ ကိုယ့်ချစ်သူကို ဝန်ဆောင်မှုကောင်းကောင်းသာပေးပါ လက်ဖြားရွှေသီးလိမ့်မယ်။

Sugar Daddy တွေမှာပါတတ်တာကတော့

5,8,12
5,8

5 က မိမိချစ်ခင်နှစ်သက်သူ ၊ တစ်ပါးသူရဲ့ ဆန္ဒပြည့်ဝမှု
8 က တစ်ပါးသူပိုင်ဆိုင်နိုင်မှု
12 က မိမိရဲ့ ပေးကမ်းစွန့်ကျဲမှု

ဒီအတွဲအစပ်ပေါင်းလိုက်တော့ မိမိချစ်သူ ဆန္ဒပြည့်ဝဖို့ အကျိုးစီးပွါးတွေကို ပေးကမ်းစွန့်ကျဲဖြည့်ဆည်းပေးတယ်ဆိုတာမျိုးပါ…..။

ဒီမှာ ဂြိုလ်မှာ Venus , Rahu ပါနေရင် သူတို့က ရှယ်ကိုအမ်းပါတယ်။ ရှယ်ဆိုမှ ရှယ်အမ်းတာပါ။ obsess ဖြစ်ဖြစ်လည်း ချစ်တတ်တယ်။

ဒါက နည်းတစ်မျိုးနဲ့ကြည့်တာပါ……။ Vedic တို့ Western တို့ နဲ့ ဘယ်ဘာဝကဘယ်လိုဆက်စပ်မှုရှိရင်လို့ ရေးရင် နားမလည်ကြမှာဆိုးလို့ပါ….။

Follower လေးတွေလည်း Sugar Baby လေးတွေဖြစ်နိုင်ကြပါစေ။ ချစ်တယ်ဆို energy claim it လို့မန့်ခဲ့ပေး 🥰🥰

15/09/2026

ဘာ Coach ညာ Coach တွေက
မနက်ဖြန်ဆိုတာ အချိန်ဆွဲနေတာ
သင်လုပ်စရာရှိတာ ခုချက်ချင်းထလုပ်လိုက်ပါဆိုလို့
Moti တွေရပြီး ဖွင့်ပြောလိုက်တာ
အငြင်းခံလိုက်ရရော 🥴🥴🥴

ကိုယ့်ဆီ consulting လာယူရင်ဆရာဝန် သမားတော်တွေများတယ်ရယ်…..သမားတော်ကြီး တစ်ယောက်…..ဆေးရုံအပြောင်းအရွှေ့လေးအတွက်Consulting...
15/09/2026

ကိုယ့်ဆီ consulting လာယူရင်
ဆရာဝန် သမားတော်တွေများတယ်ရယ်…..
သမားတော်ကြီး တစ်ယောက်…..
ဆေးရုံအပြောင်းအရွှေ့လေးအတွက်
Consulting ပေးထားတာ အဆင်ပြေတယ်ဆိုလို့
ဝမ်းသာကျေနပ်ရ….🥰🥰🥰

ဒီနေ့ရထားတဲ့ feedback လေးရယ် 🥹🥹ကိုယ်ရေးတာ တော်ယုံနားမလည်ကြတာများတယ်ဆိုလို့တကယ်ပဲလားရယ်…..Rising မှာ Rahu ပူးတယ်ဆိုတာHous...
15/09/2026

ဒီနေ့ရထားတဲ့ feedback လေးရယ် 🥹🥹
ကိုယ်ရေးတာ တော်ယုံနားမလည်ကြတာများတယ်ဆိုလို့
တကယ်ပဲလားရယ်…..

Rising မှာ Rahu ပူးတယ်ဆိုတာ
House 1 မှာ Rahu , Northnode ရပ်နေတာကိုပြောတာပါ
ဒါမှမဟုတ် Rahu or Northnode က
House 12 မှာ ရပ်နေပေမယ့် House 1 cusp နဲ့
5 degree အကွာအတွင်းမှာရှိနေတယ်ဆို
Rahu or Northnode က House 1 နဲ့ ပူးတာပါ….🙏🏽

15/09/2026

“မော” ရုပ်ရှင်လူဝင်နည်းတာ အရမ်းအံ့ဩမိ
Review လေးအားတဲ့အချိန်ရေးပေးပါဦးမယ်….
တကယ်မိုက်တာကို
အဲ့လို psychological thriller တွေတကယ်ကြိုက်တာရယ်

14/09/2026

ကိုယ် research လုပ်လို့တွေ့ရသလောက်လေ…

Rising မှာ Rahu ပူးပြီး House 7 မှာ Ketu ရပ်နေတဲ့ သူတွေက အကျင့်မကောင်းကြတာများတယ်….။ အပေါ်ယံမျက်နှာဖုံးတွေနဲ့ လူတိုင်းကိုဆက်ဆံတယ်။ သူတို့မှာ အစစ်အမှန်ဆိုတာရှားတယ်။ သူတို့ကိုယ်တိုင်ကိုက illusion ထဲပိတ်မိနေတာမျိုးရယ်။

Rising မှာ Rahu ပူးနေရင် ကလိမ်ကကျစ်ကြတယ်…။
လောဘတွေ အလိုရမ္မက်တွေကြီးတယ်….။ ပြီးရင် သူတို့က ဆွဲဆောင်မှုအားကောင်းကြတယ်….။ ငြို့ဓာတ်ပြင်းတယ်….။ မချောရင်တောင် သူတို့အပြောတို့ တစ်ခြား Art of service တွေရဲ့အပိုင်းမှာ ပြိုယိုင်ကြတယ်။ ချော့မောပြောဆိုတတ်တယ်။ လှည့်ဖြားနိုင်စွမ်းအရမ်းမြင့်ကြတယ်။ Scammer တွေများတယ်….။

Rahu က Rising မှာရောက်နေရင် House 7 မှာ Ketu ကရောက်နေပြီ အိမ်ထောင်ရေးကံမကောင်းကြဘူး။ ဒါပေမယ့် အများအမြင်မှာ သူတို့အိမ်ထောင်ရေးကံမကောင်းတာ သူတို့အလွန်မဟုတ်ပဲ သူတို့အိမ်ထောင်ဘက်အလွန်လို့ထင်တတ်ကြတယ်။ မြင်တတ်ကြတယ်။ အပေါ်ယံမျက်နှာဖုံးတွေနဲ့လူရှေ့တစ်မျိုးဆက်ဆံပြီး နောက်ကွယ်မှာသွေးအေးတတ်ကြတယ်။ သူတို့ဒဏ်ကို သူတို့အိမ်ထောင်ဘက်တွေကလွဲပြီး ဘယ်သူမှမသိကြဘူး။ မြင်လည်းမမြင်ကြဘူး။

အဲ့လောက်ထိ သူတို့က ဟန်ဆောင်ဖုံးကွယ်တာရော manipulate လုပ်တာရောကျွမ်းကျင်ကြတယ်။

ဒီလူတွေက သူတို့လို အချင်းချင်းနဲ့မှ အိမ်ထောင်မြဲတတ်တယ်။ မဟုတ်ရင် တစ်ဖက်လူမှာ စိတ်ဒဏ်ရာပေါင်းစုံ Trauma ပေါင်းစုံရတတ်တယ်။

သတိထားရအောင်ပါ

လမ်းထဲလေ အလှူလုပ်နေလို့ဆူညံနေတာမို့လေ Tarot အဟောလေးတွေခနသည်းခံစောင့်ပေးနော်Astrology Birthchart ကိုတော့ဖြည်းဖြည်းချင်းဟေ...
13/09/2026

လမ်းထဲလေ အလှူလုပ်နေလို့
ဆူညံနေတာမို့လေ Tarot အဟောလေးတွေ
ခနသည်းခံစောင့်ပေးနော်
Astrology Birthchart ကိုတော့ဖြည်းဖြည်းချင်း
ဟောပေးနေပါတယ်ဗျ…..

13/09/2026

အိမ်ရောင်း မြေရောင်း
ယတြာလာတောင်းထားတဲ့သူတွေကို
မနက်ဖြန် ပို့ထားပေးမယ်နော်…
လူအရမ်းများနေတာရော်
ကျနော် အလုပ်တွေမပြတ်သေးတာရောကြောင့်
ခနသည်းခံပေးနော် 🙏🏽🙏🏽🙏🏽

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐇𝐚𝐧𝐝𝐬 𝐅𝐨𝐫𝐭𝐮𝐧𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share