Emotional Awareness

Emotional Awareness I intend to share public about my mental knowledge and experience after I had learned about this.

10/05/2026

မြိုသိပ်ထားရသော မကျေလည်မှုတွေဆိုတာ တစ်ကြိမ်တစ်ခါတည်း ပေါ်ထွက်လာတဲ့ ခံစားချက်တွေ မဟုတ်နေတတ်ပါဘူး။ အချိန်ကြာလာတဲ့အထိ မညီမျှမှုတွေ၊ မမျှတမှုတွေကို ကိုယ့်အတွင်းထဲမှာ အကြိမ်ကြိမ်အခါခါ ခံစားနေရခြင်းကနေ တဖြည်းဖြည်း စုပေါင်းလာတတ်တဲ့ အရာတစ်ခုလို့ပဲ ဆိုလိုက်ချင်ပါတယ်။

မြိုသိပ်ထားမှုတွေ၊ မကျေလည်မှုတွေ သိပ်များသွားတဲ့အခါ စိတ်ပျက်မှုတွေဖြစ်လာတယ်။ ဒေါသတွေပါလာတယ်။ တစ်ခုခုဆို ပေါက်ကွဲဖို့ ပိုလွယ်ကူလာတယ်။

လက်ရှိအခြေဟာ ကိုယ့်ကို စိတ်ဆိုး၊ အဆင်မပြေဖြစ်စေဖို့ trigger ဖြစ်လာတယ်ဆိုပေမယ့် ကိုယ့်စိတ်ထဲ စုစုထားခဲ့ရတဲ့ သေးသေးလေးတွေ၊ အချိန်နဲ့အမျှ ဖြစ်တည်လာတဲ့ စိတ်ထဲက မြိုသိပ်မှုတွေဟာ လက်ရှိမှာ အင်နဲ့အားနဲ့ ကိုယ့်ဆီကို ဝင်လာသလိုပဲ။ ဒါ့ကြောင့် တချို့တွေ အချိန်တစ်ခုမှာ ဘာမှမဟုတ်လည်း ပိုစိတ်ဆတ်၊ စိတ်တိုလွယ်လာတာမျိုးတွေ တွေ့ရတတ်တယ်။

စုပေါင်းလာတယ်ဆိုကတည်းက “တစ်ကြိမ်တည်း” ကြောင့် မဟုတ်ဘဲ “ထပ်တလဲလဲ ဖြစ်နေမှုတွေ” များလာတဲ့အကြိမ်တွေကြောင့် ဖြစ်လာတတ်တာများတယ်။ ဥပမာ ပြောရရင်

🔲 ကိုယ့်လိုအပ်ချက်တွေကို အမြဲလျစ်လျူရှုခံနေရတဲ့အခါ (သို့)
🔲 ပြောခဲ့ပေမယ့် မပြောင်းလဲမှုတွေကိုပဲ ဆက်တိုက် လက်ခံပေးနေရတဲ့အခါ၊
🔲 ကိုယ့်ဘက်ကပဲ အလျော့ပေးသည်းခံ၊ ကိုယ့်ကိုယ်ကိုယ်နောက်ပို့ရတာတွေများလာတဲ့အခါ…

ဒီလိုအခါတွေမှာ အဲ့ဒီခံစားချက်က အတွင်းမှာ တဖြည်းဖြည်း စုပေါင်းလာပြီး နောက်ဆုံးမှာ မကျေလည်မှု၊ နာကျင်မှုတွေ၊ ဒေါသတွေအဖြစ် ပြောင်းလဲလာတတ်ပါတယ်။

ဒီမကျေလည်နေတဲ့ ခံစားချက်တွေဆိုတာ စိတ်ပျက်အားလျော့မှုတွေ၊ ဒေါသတွေချည်းပဲ မဟုတ်နေနိုင်ဘူး။ တခါတလေ ဒီခံစားချက်တွေရဲ့ နောက်ကွယ်မှာ နူးညံံ့တဲ့လိုအပ်ချက်လေးတွေပါ တည်ရှိနေတတ်တာကိုလည်း ကျွန်မတို့တွေ သတိပြူနိုင်ပါသေးတယ်။

🔲 “ငါ့ကို နားလည်ပေးစေချင်မိတယ်…”
🔲 “ငါ့ကို မြင်ပေးစေချင်မိတယ်…”
🔲 “ငါ့စကားတွေကို အရေးတယူဖြစ်ပေးစေချင်မိတယ်”
🔲 “ ငါပင်ပန်းနေတာကို တချက်လောက် သတိထားမိစေချင်မိတယ်” ဆိုတဲ့ အသံလေးတစ်ခုလည်း ဖြစ်‌နေနိုင်ပါတယ်။

ဒီလို ဖြစ်နေတဲ့ ခံစားချက်တွေကို ဆက်ပြီး ကိုယ့်ဘက်ကလည်း လျစ်လျူရှုထားရင်၊ တစ်ဘက်နဲ့လည်း အေးအေးဆေးဆေး ပြောဆိုဆွေးနွေးမှုကို မပြုလုပ်ရင် (သို့) ပြုလုပ်ခွင့် မရခဲ့ရင် အချင်းချင်းကြားမှာ နားလည်မှုတွေ၊ connection တွေ၊ ရင်းနှီးမှုတွေကိုပါ တဖြည်းဖြည်း ပြိုပျက်စေလာနိုင်ပါတယ်။

အပေါ်ကပြောခဲ့သလို တစ်ခါတလေ မကျေမလည် တနုံ့နုံ့ဖြစ်နေတဲ့ ခံစားချက်တွေအောက်မှာ မကြားရသေးတဲ့ လိုအပ်ချက်တစ်ခု၊ မမြင်ရသေးတဲ့ နာကျင်မှုတစ်ခု ရှိနေနိုင်ပါတယ်။

ဒါကြောင့် အဲဒီခံစားချက်တွေကို အမြန်တုံ့ပြန်မိမယ့်အစား အချိန်ယူ ကိုယ့်ကိုယ်ကို သတိထားကြည့်နိုင်ပါတယ်။ ဒီအခြေအနေမှာ -
◻️ “ငါဘာလိုအပ်နေလဲ…”
◻️ “ငါဘာကြောင့် ဒီလောက် ခံစားရလဲ…” ဆိုတာတွေကို တဖြည်းဖြည်း နားလည်လာဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

ဒီလို နားလည်မှုလေးတွေ ရလာတဲ့အခါ ကိုယ်နဲ့ ကိုယ်ကြားမှာလည်း နူးညံ့မှုလေးတစ်ခု ပိုတိုးဖန်တီးလာနိုင်တယ်။ တစ်ဖက်လူနဲ့ ဆက်ဆံရေးထဲမှာလည်း ဘယ်အရာဟာ အကောင်းဆုံးဖြစ်နိုင်မလဲဆိုတဲ့ လိုအပ်မှု၊ စည်းဘောင်၊ ညှိနှိုင်းမှု၊ ပြင်ဆင်မှု၊ ရွေးချယ်မှု စတာတွေကို ပိုနားလည်နိုင်တဲ့ နေရာတစ်ခု ဖန်တီးလာနိုင်ပါတယ် 🌿🌿🌿

မေတ္တာဖြင့်
Andrea

✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။

ကိုယ်တိုင်လည်း အဲ့လိုဖြစ်တတ်သလို သူများဖြစ်တာလည်း တွေ့ကြံုဖူးတယ်…သူကတော့ သူများနဲ့ယှဉ်ပြောတာခံရလို့ စိတ်တွေဆိုးပြီး ကိုယ...
10/05/2026

ကိုယ်တိုင်လည်း အဲ့လိုဖြစ်တတ်သလို သူများဖြစ်တာလည်း တွေ့ကြံုဖူးတယ်…သူကတော့ သူများနဲ့ယှဉ်ပြောတာခံရလို့ စိတ်တွေဆိုးပြီး ကိုယ့်ကိုလာပြောတာ တကယ်တော့သူလုပ်နေတာတွေက သူ့မကြိုက်ဘူးလို့ပြောတဲ့လူအတိုင်းဖြစ်နေတာပဲ…

ကိုယ်တွေလည်းအဲ့ဒီအချက်လေးတွေ သတိထားစေချင်တယ်

ကိုယ် မကြိုက်တဲ့သူဆီက အကျင့်ဆိုးတွေကို
ကိုယ့်မှာ ဘာလို့ သွားသွားတွေ့နေရတာလဲ?

တစ်ခါတလေ တစ်စုံတစ်ယောက်ရဲ့ အပြုအမူကို ကြည့်ပြီး ကိုယ်က ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖူးလား။

"သူကတော့ဖြင့် ရိုင်းလိုက်တာ"၊ "သူကတော့ဖြင့် အတ္တကြီးလိုက်တာ" လို့ ဝေဖန်နေမိတဲ့အချက်တွေက တကယ်တော့ ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ ကိုယ့်ရဲ့ အမှောင်ဘက်ခြမ်း ဖြစ်နေတတ်ပါတယ်။

🟠 ဒါကို စိတ်ပညာအရ "Projection" (ရောင်ပြန်ဟပ်ခြင်း) လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ဟာ ကိုယ့်မှာ ရှိနေပြီး ကိုယ်ကိုယ်တိုင် လက်မခံချင်လို့ ဖုံးကွယ်ထားတဲ့ အစိတ်အပိုင်းတွေကို သူများဆီမှာ သွားမြင်တဲ့အခါ ပိုပြီး စိတ်တိုတတ်ကြပါတယ်။ ကိုယ့်ဆီမှာ မရှိတဲ့အရာဆိုရင် ကျွန်တော်တို့က အဲ့ဒီလောက်အထိ တုံ့ပြန်မှု ပြင်းထန်မှာ မဟုတ်ပါဘူး။

🟠 ဝေဖန်ချင်တာလား။ ခုခံချင်တာလား။
တကယ်တော့ သူတစ်ပါးကို ပြင်းပြင်းထန်ထန် ဝေဖန်တာက ကိုယ့်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ ဦးနှောက်ရဲ့ Defense Mechanism (ခုခံမှု ယန္တရား) တစ်ခုပါပဲ။ တစ်ဖက်လူကို အပြစ်တင်လိုက်ခြင်းအားဖြင့် "ငါက သူ့လိုမဟုတ်ဘူး" ဆိုတဲ့ ခံစားချက်ကို ယူပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိတာပါ။

🟠 ဘယ်လိုလုပ်မလဲ။
တစ်စုံတစ်ယောက်ရဲ့ အပြုအမူကို ကြည့်ပြီး စိတ်တိုလာတဲ့အခါ "သူကတော့ ဘယ်လို..." လို့ ချက်ချင်း အပြစ်တင်မဲ့အစား ခဏလောက် အသက်ဝဝရှူပြီး ရပ်လိုက်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းလေး ပြန်မေးကြည့်ပါ -
➡️ "ငါ့ဘဝရဲ့ ဘယ်နေရာမှာ၊ ဘယ်တုန်းက ငါ ဒီလိုမျိုး ပြုမူခဲ့ဖူးသလဲ?"
(ဒါမှမဟုတ်)
➡️ "ငါ့ရဲ့ ဘယ်လိုဆန္ဒတွေကို ငါက အတင်းဖိနှိပ်ထားမိလို့ သူများဆီမှာ မြင်ရတဲ့အခါ ဒေါသထွက်နေရတာလဲ?"

ကိုယ်လက်မခံချင်တဲ့ ကိုယ့်ရဲ့ အမှောင်ဘက်ခြမ်း (Shadow) ကို ရဲရဲဝံ့ဝံ့ အသိအမှတ်ပြုလိုက်တာဟာ အဲ့ဒီအကျင့်ဆိုးရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်ဖို့ ပထမဆုံးခြေလှမ်းပါပဲ။

သူများကို လက်ညှိုးမထိုးခင် ကိုယ့်စိတ်ထဲက မှန်ကို အရင်ကြည့်ရဲတဲ့ သတ္တိကို မွေးမြူဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတဲ့အခါ တခြားသူတွေအပေါ် ထားရှိတဲ့ အမြင်တွေကလည်း ပိုပြီး ငြိမ်းချမ်းလာပါလိမ့်မယ်။

➡️➡️➡️➡️⬇️⬇️🔵🔵🟠🟠
#စာအုပ်အနှစ်ချုပ်

ာအုပ် #အတွေးမှလက်တွေ့သို့

01/05/2026

လူတိုင်းမှာ stress မရှိတဲ့လူမရှိပါဘူး
ခံယူထားတဲ့အယူအဆတွေပေါ် မူတည်သွားတာပါ…….

ကိုယ်မျှော်လင့်သလို ဖြစ်မလာတိုင်း စိတ်ဓာတ်မကျပါနဲ့…

ဘဝက သူ့အကြောင်းနဲ့သူ သူကံနဲ့သူဖြစ်လာတာပါ….

ဖြစ်လာသမျှကို ဘယ်လိုအကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်မလဲ

အချိန်တန်ရင် ပြီးသွားမှာပါဆိုတဲ့စိတ်
အားလံုးကို ကျော်ဖြတ်နိုင်မှာပါဆိုတဲ့ အတွေးလေးနဲ့ပဲရှေ့ဆက်ပြီး လုပ်စရာရှိတာ လုပ်ဆောင်လိုက်ပါ…

ကံဆိုတာ အမြဲဆိုးမနေပါဘူး

ကိုယ်တိုင်လုပ်ဘူးလို့ အကျိုးအများကြီးရှိတဲ့ ကျင့်စဉ်လေးတခုပါ 🙏🏻🙏🏻🙏🏻
24/04/2026

ကိုယ်တိုင်လုပ်ဘူးလို့ အကျိုးအများကြီးရှိတဲ့ ကျင့်စဉ်လေးတခုပါ 🙏🏻🙏🏻🙏🏻

◾တစ်ခါတလေ စိတ်က မငြိမ်ဘူး...

အလုပ်ပင်ပန်းမှု၊ စိတ်ဖိစီးမှု၊ သတင်းအချက်အလက်တွေ စုလုံးဝင်လာမှု၊ social media scrolling လုပ်ရင်း သတိပျံ့လွင့်သွားမှု… စတဲ့အရာတွေဟာ တနေ့တနေ့မှာ နည်းနည်းချင်း စုသွားပြီး နောက်ဆုံးတော့ စိတ်ကို “အနှောင့်အယှက်များတဲ့ mode” ထဲ ထည့်ထားတတ်ပါတယ်။

◾အဲဒီအချိန်မှာ “အတွေးကို မတွေးနဲ့” လို့ ကိုယ့်ကိုယ်ကို ပြောနေပေမဲ့ အတွေးဆိုတာ တားလိုက်လေ ပိုပြင်းထန်လာလေ ဖြစ်တတ်တာကြောင့် စိတ်ကို တိုက်ရိုက်ထိန်းဖို့ ခက်လာတဲ့အခါတွေရှိပါတယ်။

ဒါကြောင့်ပဲ ခေတ်သစ် neuroscience က “စိတ်ကို စိတ်နဲ့ပဲ အတင်းချုပ်ဖို့” မဟုတ်ဘဲ ခန္ဓာကိုယ်ဘက်ကနေ စပြီး စိတ်ကိုပြန်ညှိနိုင်မလားဆိုတာကို စိတ်ဝင်စားလာပါတယ်။

◾ခေတ်သစ်ဆေးပညာအရ လူ့ခန္ဓာကိုယ်ထဲမှာ Vagus Nerve လို့ခေါ်တဲ့ အာရုံကြောကြီးက ဦးနှောက်နဲ့ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဆက်သွယ်ပေးနေပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အေးချမ်းစေတဲ့ Parasympathetic Nervous System (အနားယူမှုစနစ်) ကို လှုံ့ဆော်ရာမှာ အရေးပါတယ်လို့ ရှင်းပြကြပါတယ်။

◾ဒီလိုအမြင်ကိုအခြေခံပြီး “အချိန်ကြာကြာ လေ့ကျင့်ရမယ့်အရာ” မဟုတ်ဘဲ ၁ မိနစ်လောက်နဲ့ စိတ်/ကိုယ်ကို အနည်းငယ်တည်ငြိမ်လာစေမယ့် body trick လိုမျိုးတွေကိုလည်း မျှဝေလာကြတာတွေ့ရပါတယ်။

◾အဲဒီထဲက တစ်ခုကတော့ လျှာကို အထက်အာခေါင်မှာ အနည်းငယ်ဖိကပ်ထားပြီး အသက်ကို ဖြေးဖြေးနဲ့ ရှည်ရှည်ရှူတာပါ။

လျှာလှုပ်ရှားမှုကို ထိန်းချုပ်တဲ့ ကြွက်သားအချို့ (ဥပမာ Palatoglossus) နဲ့ အာရုံကြောစနစ်တို့ ဆက်နွှယ်နေတဲ့အတွက် လျှာဖိကပ်ထားတာက Vagus Nerve/Parasympathetic response ကို ကူညီလှုံ့ဆော်နိုင်တယ်လို့ဆိုပါတယ်။

အဲဒီကနေ “ခန္ဓာကိုယ်က နည်းနည်းအနားယူလာတဲ့အခါ” စိတ်လည်း လိုက်ပြီး တည်ငြိမ်လာနိုင်ပါတယ်။

❗ဒီနေရာမှာ မှတ်သားစရာက—
ဒီနည်းလမ်းဟာ “အရာရာကုသပေးတဲ့ magic” မဟုတ်ပါဘူး။

ဒါပေမဲ့ စိတ်က လွန်စွာပျံ့လွင့်နေတဲ့အချိန်မှာ အနည်းဆုံး ‘ပြန်တည်ဖို့’ အစပြုရာနည်းလမ်းကောင်းအဖြစ် အသုံးဝင်နိုင်ပါတယ်။

◾အံ့ဩဖို့ကောင်းတာက ဒီလို “ခန္ဓာကိုယ်လှုပ်ရှားမှုအသေးငယ်တစ်ခုနဲ့ စိတ်ကိုပြန်ညှိ” ဆိုတဲ့အမြင်က ခေတ်သစ်ရဲ့ trend လို့ပဲ ထင်ရပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက ဗုဒ္ဓဟောကြားချက်ထဲမှာ အလားတူနည်းစနစ်တစ်ခု ရှိပြီးသားဖြစ်ပါတယ်။

◾မဇ္ဈိမနိကာယ်ထဲက ဝိတက္ကသဏ္ဌာနသုတ် (Vitakkasanthana Sutta, MN 20) မှာ မလိုလားအပ်တဲ့ အတွေးတွေ (အကုသိုလ်အတွေးတွေ) အကြိမ်ကြိမ်ဝင်လာတဲ့အခါ နည်းလမ်းတွေကို အဆင့်ဆင့်အသုံးချပြီး ဖယ်ရှားသင့်ကြောင်း ရှင်းပြထားပြီး၊

နောက်ဆုံးအနေနဲ့ “မဖြစ်မနေ ထိန်းချုပ်ရတဲ့အချိန်” မှာ လုပ်ရမယ့် နည်းလမ်းတစ်ခုအဖြစ် သွားချင်းကြိတ် (အံကိုကြိတ်)၍ လျှာကို အထက်အာခေါင်မှာ ဖိကပ်ထားပြီး “စိတ်ဖြင့် စိတ်ကို နှိမ်နင်း” သလိုမျိုး သတိတရားကို တင်းတင်းကျပ်ကျပ် တင်ခြင်းကို ညွှန်ပြထားပါတယ်။

◾ဒါကို ယနေ့ခေတ်စကားနဲ့ ပြန်ပြောမယ်ဆိုရင် ခန္ဓာကိုယ်ကို တချို့နေရာတွေမှာ တင်းကျပ်စွာ ထိန်းညှိပြီး သတိတရားကို မြှင့်တင်ကာ စိတ်လှုပ်ရှားမှုကို ဖြတ်တောက်ခြင်းလိုမျိုးပါ။

◾Neuroscience ဘက်က “parasympathetic/relaxation response” လို့ ရှင်းပြနိုင်သလို ဗုဒ္ဓနည်းစနစ်ဘက်ကတော့ အနှောင့်အယှက်အတွေးနောက်ကို မလိုက်ဘဲ စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်ဖို့ ရည်ရွယ်ထားတဲ့သဘောပါ။

မတူတဲ့ဘာသာစကားနှစ်ခုနဲ့ စိတ်နဲ့ကိုယ် ဆက်နွှယ်မှု (mind–body connection) ကိုတူတူ အလေးထားနေတယ်လို့ မြင်နိုင်ပါတယ်။

◾လက်တွေ့အနေနဲ့ စိတ်က အရမ်းပျံ့လွင့်နေတဲ့အချိန် “အတွေးကို မတွေးနဲ့” လို့ တိုက်ရိုက်တားနေခြင်းထက် လျှာကို အထက်အာခေါင်မှာ အနည်းငယ်ဖိကပ်ထားပြီး အသက်ကို ဖြေးဖြေးနဲ့ ရှည်ရှည်ရှူကြည့်တာမျိုးကို (အနည်းဆုံး ၅–၁၀ ကြိမ်) လုပ်ကြည့်နိုင်ပါတယ်။

ဒီနည်းလမ်းက အရာအားလုံးကို တစ်ခါတည်း ဖြေရှင်းပေးမယ်ဆိုတာထက် တည်ငြိမ်မှုအနည်းငယ်ကို ပြန်ရအောင်စတင်ပေးနိုင်တဲ့ reset လိုမျိုးအဖြစ် မြင်ရင် ပိုသင့်တော်ပါတယ်။

အဲဒီ ၁ မိနစ်လောက်တည်ငြိမ်လာခြင်းကနေပြီး နောက်ထပ် ဆင်ခြင်နိုင်မှု၊ ခွဲခြမ်းနိုင်မှု၊ သတိတရားပြန်တက်လာမှုတွေ စဖြစ်လာတတ်ပါတယ်။

- အရှင်နန္ဒာစာရ -
12.4.2026.

17/04/2026
12/04/2026

💁‍♀️ဘဝမှာ အဆင်မပြေတဲ့
အခိုက်အတန့်တွေ
အမြဲမရှိနိုင်သလို

💁‍♀️အဆင်ပြေတဲ့ အခိုက်အတန့်လည်း
အမြဲမရှိနိုင်ပါဘူး

တကယ်လေ့ကျင့်တဲ့အခါ တကယ်ကို positiveတွေ အကျင့်လိုမြင်လာပါတယ်…
09/04/2026

တကယ်လေ့ကျင့်တဲ့အခါ တကယ်ကို positiveတွေ အကျင့်လိုမြင်လာပါတယ်…

ကောင်းတာတွေကို မသိစိတ်ထဲအထိ အားကောင်းအောင် များများတွေးပါ
▬▬▬▬▬▬
အခက်အခဲကြားထဲမှ ခွန်အားဖြည့်အမြင်များ
Facing the Quakes of the Century through Self-Inspirations
(ဒုတိယနေ့ - ပထမအချိန်) - အပိုင်း(၈) - နောက်ဆုံးပိုင်း

★ Good experience ဆိုတာ ကောင်းတဲ့အတွေ့အကြုံပေါ့၊ မန္တလေးမြို့ မတ်လ ၂၈ မတိုင်ခင် အတွေ့အကြုံကောင်းတွေ အများကြီးရှိတယ်။ စွမ်းနိုင်ရည်တွေ အများကြီးရှိတဲ့တယ်၊ တဦးချင်းအနေနဲ့ မိသားစုအနေနဲ့၊ ကုမ္ပဏီတစ်ခုချင်းအနေနဲ့၊ တမြို့လုံးအနေနဲ့ တခြားမြို့လည်း ထိုနည်းတူစွာပဲ။

★ စစ်ကိုင်းမြို့၊ ပျော်ဘွယ်မြို့၊ နေပြည်တော်၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့၊ အောင်ပန်းမြို့ အစရှိသည်ဖြင့် ဒါ ငလျင်ဒဏ်သင့်တဲ့ နေရာတွေအားလုံး။ Good experience ဆိုတာ ရှိခဲ့တာပဲ။ ဘာမှ မရှိတဲ့နေရာ ၁၈၅၃ ဟိုဖက်တုန်းက ဘာမှမရှိတဲ့ဒီနေရာကို မန္တလေးမြို့ဖြစ်အောင် ၁၈၅၃ခုနှစ်မှာ မင်းတုန်းကြီးနန်းတက်တယ်၊ မြို့တော်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ အမရပူရကနေ ဒီပြောင်းလာတယ်။

★ အဲဒီအချိန်တုန်းက အောက်မြန်မာပြည်က အင်္ဂလိပ်လက်ထဲပါသွားပြီ၊ တိုင်းပြည်က တစ်ဝက်လောက်ပဲကျန်တယ်။ အဲဒီတစ်ဝက်လောက်ကနေရတဲ့ အခွန်ဘဏ္ဍာနဲ့ မြို့တော်ကြီးကို တည်ဆောက်ခဲ့တာ။ ဒါ တည်ဆောက်နိုင်ခဲ့သေးတယ်။ အဲဒီကနေ စပြီးတော့ ၅၃ ဆိုတော့ နှစ်ပေါင်း ၁၇၀ ကျော်လောက်မှာ ဒီမြို့ရဲ့သမိုင်း ဒီမြို့ရဲ့ခရီးစဥ် သူလျှောက်ခဲ့တဲ့ခရီးစဥ် အဲဒီ good experience တွေ အများကြီးရှိခဲ့တယ်။

★ ခဏခဏတွေးရင် absorb it ဆိုတာ မသိစိတ်ထဲကို ရောက်သွားတယ်။ အလိုအလျောက်ဖြစ်သွားတာပေါ့။ ဒီဟာကို တချို့ သိပ္ပံပညာရှင်တွေက ဘယ်လိုစကားသုံးတုန်းဆို default mode network လို့ပြောတယ်။ စိတ်အနေနဲ့လည်းပြောနိုင်တယ်။ ဦးနှောက်အနေနဲ့လည်း ပြောနိုင်တယ်။

★ စိတ်အနေနဲ့ဆိုရင် နိုးလာကတည်းက ပုံမှန်အနေနဲ့ ဖြစ်နေတဲ့စိတ်၊ တချို့ဆိုရင် စိတ်ညစ်စရာအကြောင်းချက်ချင်းတွေးတယ် နိုးတာနဲ့။ တချို့ဆိုရင် အပြစ်တင်စရာ ချက်ချင်းတွေးတယ်။ တချို့ကတော့ ဝမ်းသာစရာတွေးတယ်။ တချို့ကျတော့ သူများအတွက်တွေးတယ်။ Default network ဖြစ်နေတာ။

★ Default network ဖြစ်အောင် တွေးနိုင်ရင် absorb it မသိစိတ်ထဲကို ရောက်သွားပြီးတော့ default ဖြစ်သွားတယ်။ ပုံမှန်အနေအထားဖြစ်သွားတာ။ ဒီဟာက တစ်စက်တစ်စက် ကျလာတဲ့ရေပဲ။ Negative ဖြစ်တယ်ဆိုလည်း အဲဒီ negative ဖြစ်တဲ့စိတ်က default ဖြစ်သွားတယ်။ မသိစိတ်ကို လွှမ်းသွားတယ်။

★ ပါဠိလိုပြောရင်တော့ အနုသယဖြစ်သွားတယ်ပေါ့။ ကိလေသာ။ အဲဒီတော့ ကောင်းတာတွေ တွေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးရမယ်။

★ Link positive and negative material ဒီမှာ သူက ဘာပြောတာတုန်းဆို ဒီဟာက ကိုယ်တွေးတဲ့ဟာ ကောင်းတဲ့ဟာကိုတွေးတာ၊ ကောင်းတဲ့ဟာက အားကြီးလာပြီ။ အားကောင်းလာပြီ။ မသိစိတ်ထဲအထိ အားကောင်းလာပြီ။ အဲဒီလို အားကောင်းလာပြီဆိုရင် အဆင်မပြေတဲ့ဟာ စိတ်ညစ်စရာလည်း ပြန်တွေးလို့ရတယ်တဲ့။ တွဲပြီးတော့ တွေးလို့ရတယ်။

★ တွဲလို့ရတယ်ဆိုရင် အားငယ်တဲ့စိတ် negative ဖြစ်တဲ့စိတ်က နည်းသွားတယ်။ နောက်ဆုံးမှာ မရှိတော့ဘူး။ အဲဒါ အကောင်းကနေ ပြီးတော့ ကောင်းတဲ့အရည်သွေးတွေ မြင့်တင်ပြီးတော့ ပွားများအောင်လုပ်ပြီးတော့ မကောင်းတဲ့အရာတွေကို နည်းအောင်လုပ်သွားတဲ့ဟာပဲ။

Heal Yourself

H - Have a positive experience
E - Enrich it
A - Absorb it
L - Link positive and negative material

★ ဒါလေးကြည့် Heal ဆိုတာက ဒဏ်ရာကို ပျက်သွားအောင် ပျောက်သွားအောင် ကုစားတာနော်။ Heal.

H - ကောင်းတဲ့စွမ်းရည်
E - များများတွေးပေး
A - မသိစိတ်ထဲအားကောင်းသွားသည်အထိ
L - ကောင်းတဲ့အတွေ့အကြုံ→ လောကဓံ

★ H က ကောင်းတဲ့စွမ်းရည်တွေ၊ အဲဒီဟာကို Enrich ဆိုတာက က များများတွေးပေး၊ Absorb ဆိုတာက မသိစိတ်ထဲအားကောင်းသွားသည်အထိ၊ L က ကောင်းတဲ့အတွေ့အကြုံကနေပြီးတော့ လောကဓံကို သူ့ရဲ့အားနိသင်တွေ ပျက်ပြယ်သွားအောင် တွေးတာ။ Heal တဲ့ Healing လုပ်တယ်ပေါ့။

★ Healing လုပ်တာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ကတော့ အိမ်လေးနည်းနည်းလေး အပ်သွားတယ်ဆိုရင် ပြင်ကြတယ်လေ၊ ၇လအတွင်းမှာ တချို့ဆို ပြင်ပြီးပြီ၊ ပြန်ပြီးတော့ နေနေပြီ။ အပြာရောင် အဆင့်ရှိတဲ့ အဆောက်အဦးတွေပေါ့။

★ အဝါရောင်ရှိတဲ့အဆောက်အဦးတွေလည်း တချို့ လုပ်နေတာ တော်တော်လေးပြီးနေပြီပေါ့၊ အနီရောင်အဆင့်ရှိတဲ့ အဆောက်အဦးတွေကတော့ ပိုပြီးတော့ စိန်ခေါ်မှုရှိတာပေါ့။ ဒါဖြင့် ဘယ်ဟာကို ကြည့်ရမှာတုန်းဆို ကိုယ့်မှာ အရင်တုန်းက ကိုယ်စွမ်းနိုင်ခဲ့တဲ့အရာဟာ လုပ်နိုင်ခဲ့တဲ့အရာတွေ ကောင်းတာတွေ များများပြန်တွေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် အားပေးရမယ်။

★ ဒါဖြင့် ကောင်းတာကို H လို့ခေါ်တယ်။ ကောင်းတဲ့အတွေ့အကြုံ ရှိခဲ့တဲ့စွမ်းရည် ကို H လို့ခေါ်တယ်။ E ဆိုတာက ခဏခဏပြန်တွေးပေးတယ်၊ enriching. A - Absorb it ဆိုတာကတော့ ခဏခဏ ပြန်တွေးလိုက်ရင် မသိစိတ်ထဲထိ ရောက်သွားပြီးတော့ အားကောင်းသွားတယ်။

★ အဲဒီအဆင့်အထိ ရောက်သွားပြီဆိုရင်တော့ မသိစိတ်ထဲမှာ ရှိနေတဲ့အားငယ်တတ်တဲ့စိတ်တွေ၊ ရည်ရွယ်ချက်ပျောက်သွားတယ်။ အဲဒီဟာတွေ သူ့ဟာသူ အလိုလိုနည်းသွားမယ်။ အလိုလိုနည်းသွားသည်အထိ မစောင့်ချင်ဘူးဆိုရင်လည်း သူ့အကြောင်းတွေ တိုက်ရိုက်မတွေးလို့ရတယ်။ ဘာလို့တုန်းဆို ကိုယ်က အဲဒီအချိန်မှာ အားရှိလို့။

★ Break ခဏ ယူရအောင်နော်။ ပြန်လာတဲ့အခါကျမှာ ဒီဟာနဲ့ပတ်သက်ပြီး တရားထိုင်မယ်နော်။

သာဓု၊ သာဓု၊ သာဓု။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏

(၁၄.၁၁.၂၀၂၅) နေ့ မန္တလေးမြို့ ကြင်တော်ယန်ဗုဒ္ဓဘာသာကျောင်း၌ “အခက်အခဲကြားထဲမှ ခွန်အားဖြည့်အမြင်များ - Facing the Quakes of the Century through Self-Inspirations ” တရားတော် (ဒုတိယနေ့ ပထမအချိန်) မှ စာစီပူဇော်ပါသည်။

#တရားတော်နာယူရန်

https://youtu.be/WhdjmxQDytg?si=l2vMSv0og-15idir

09/04/2026

💭 အတွေးတွေက ရပ်တန့်လို့မရဘဲ တရစပ် ဝင်လာနေတဲ့အခါ စိတ်ထဲမှာ အင်မတန်ပင်ပန်းဖို့ကောင်းပါတယ်။

တစ်ခါတလေကျရင် "မတွေးနဲ့" လို့ ကိုယ့်ကိုယ်ကိုယ် တားလေလေ ပိုတိုးပြီး တွေးမိလေလေ ဖြစ်တတ်တာမျိုးပါ။

ဒီလိုမျိုး အတွေးသံသရာထဲမှာ ပိတ်မိနေတဲ့အခါ စိတ်ကို ပြန်ပြီး လည်ပတ်နိုင်ဖို့အတွက် ဝိတက္ကသဏ္ဌာန်သုတ်က လမ်းညွှန်ချက်လေးတွေကို အခြေခံပြီး လုပ်ဆောင်ကြည့်လို့ရပါတယ်။

အတွေးတွေ မရပ်မနား ဖြစ်လာတဲ့အခါ ဥပမာ ကိုယ်မကျေနပ်တဲ့အကြောင်းအရာတစ်ခု၊ လူတစ်ယောက်ကိုပဲ အတွေးထဲ ဆက်တိုက်ပေါ်နေတဲ့အခါ...

◾၁။ အာရုံကို လွှဲပစ်လိုက်ပါ

အတွေးဆိုးတစ်ခု ဝင်လာပြီဆိုရင် အဲဒီအတွေးကို ရပ်ဖို့ ကြိုးစားနေမယ့်အစား တခြားကောင်းတဲ့ အာရုံတစ်ခုဆီ ချက်ချင်း ပြောင်းလိုက်တာပါ။

ဥပမာ- စာဖတ်တာပဲဖြစ်ဖြစ်၊ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်လုပ်လက်စ အလုပ်တစ်ခုခုထဲ စိတ်ကို အတင်းနှစ်လိုက်တာမျိုးပေါ့။ ဒါဟာ သစ်သားတုံးထဲမှာ စိုက်နေတဲ့ သံဟောင်းကို သံအသစ်နဲ့ ရိုက်ထုတ်လိုက်သလိုပါပဲ။

◾၂။ ဒီအတွေးကြောင့် ဘာဖြစ်မလဲဆိုတာ ပြန်စဉ်းစားပါ

"ငါ ဒါကို ဆက်တွေးနေရင် ငါ့အတွက် ဘာအကျိုးရှိမှာလဲ" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ဒီလို တွေးနေလို့ စိတ်ညစ်ရတာ၊ အချိန်ကုန်တာ၊ လူပင်ပန်းတာတွေကို မြင်အောင်ကြည့်လိုက်ရင် အဲဒီအတွေးကို ဆက်မတွေးချင်တော့ဘဲ ရွံရှာပြီး စွန့်လွှတ်ချင်စိတ် ပေါ်လာပါလိမ့်မယ်။

◾၃။ ဂရုမစိုက်ဘဲ ပစ်ထားလိုက်ပါ

အတွေးဆိုတာ ဂရုစိုက်လေလေ ကြီးထွားလေလေပါပဲ။ ဒါကြောင့် အတွေးဝင်လာတဲ့အခါ "အော်... အတွေးတစ်ခု ဝင်လာတာပဲ" လို့ သိရုံလေးသိပြီး လျစ်လျူရှုထားလိုက်ပါ။ ဘာမှ တုံ့ပြန်မနေပါနဲ့။ မကြည့်ချင်တဲ့အရာကို မျက်စိမှိတ်ထားလိုက်သလိုမျိုး ဂရုမစိုက်ဘဲ ထားလိုက်ရင် အဲဒီအတွေးဟာ သူ့အလိုလို အားနည်းပြီး ပျောက်သွားပါလိမ့်မယ်။

◾၄။ အတွေးရဲ့ အရှိန်ကိုလျှော့ချပါ

အတွေးတွေက အရမ်းမြန်နေရင် အဲဒီအတွေးရဲ့ ဇစ်မြစ်ကို ပြန်လိုက်ကြည့်ပါ။ "ငါ အခု ဘာကြောင့် ဒီလောက်ထိ စိုးရိမ်နေတာလဲ" လို့ အေးအေးဆေးဆေး ပြန်ဆန်းစစ်ကြည့်တဲ့အခါ အရှိန်ပြင်းပြင်း ပြေးနေတဲ့သူက တဖြည်းဖြည်း လမ်းလျှောက်၊ လမ်းလျှောက်ရာက ရပ်၊ ရပ်ရာက ထိုင်ချလိုက်သလိုမျိုး စိတ်အရှိန်က တဖြည်းဖြည်း သေသွားပါလိမ့်မယ်။

◾၅။ ပြတ်ပြတ်သားသား တားဆီးပါ

အပေါ်က နည်းလမ်းတွေနဲ့မှ မရတော့ဘူးဆိုရင်တော့ နောက်ဆုံးလက်နက်ကို သုံးရပါမယ်။ အဲဒါကတော့ ကိုယ့်စိတ်ကို ကိုယ်အမိန့်ပေးတာပါ။ "တော်ပြီ... မတွေးတော့ဘူး" ဆိုပြီး သွားကို ကြိတ်၊ လျှာကို အာခေါင်မှာကပ်ပြီး အားအင်အပြည့်နဲ့ စိတ်ကို တင်းထားလိုက်တာမျိုးပါ။ ခွန်အားရှိတဲ့သူက အားနည်းတဲ့သူကို ဖိနှိပ်ချုပ်ကိုင်လိုက်သလိုမျိုး စိတ်ကို ပြတ်ပြတ်သားသား ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

အတွေးဆိုတာ လေ့ကျင့်ပေးရင် ယဉ်ပါးလာတတ်တဲ့ သဘောရှိပါတယ်။

ဒီနည်းလမ်းလေးတွေကို အခြေအနေပေါ်မူတည်ပြီး တစ်လှည့်စီ အသုံးချကြည့်မယ်ဆိုရင် မရပ်မနားဖြစ်နေတဲ့ အတွေးတွေကို အေးအေးဆေးဆေး ထိန်းကျောင်းလာနိုင်ပါလိမ့်မယ်။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ....

- အရှင်နန္ဒာစာရ -
2.4.2026.

Background photo: AI generated

31/03/2026

Self reminder video လေးလို့ခံစားမိတယ် ကြည့်ပြီးတဲ့အချိန်မှာ ကိုယ် ၂၀၁၅တုန်းက အတွေးတွေ ခံယူချက်တွေ အယူအဆတွေက တဖြည်း၂ပြောင်းလဲလာတာ သတိထားမိတယ်…

ဘဝမှာ အဆင်မပြေတာတွေထဲမှာ အဆင်ပြေအောင် ကောင်းတဲ့အရာတွေရှာဖွေတတ်လာတယ်

Toxic peopleတွေ စွန့်ခွါနိုင်လာတာ ပိုပြီးစိတ်ပျော်ရွှင်လာရတယ်

အရာတိုင်းက အဆိုးဆံုးရယ်လို့ မဟုတ်ဘူး ကောင်းတဲ့အရာတွေရှိနေသေးတယ်ဆိုတာ လက်ခံလာနိုင်တယ်

လူတိုင်းကို ကိုယ်မှန်ကြောင်း disclaimerမလုပ်ဘဲ နေနိုင်လာတယ်

စာဖတ်နေတဲ့လူတွေလည်း ကိုယ့်ကိုကိုယ် လွန်ခဲ့တဲ့ ၁၀နှစ်က Identity နဲ့ ခုဘာတွေပြောင်းလဲသွားလဲ စဉ်းစားကြည့်ပါဦး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Emotional Awareness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share