Starlight heal you

Website

Starlight heal you Tarot Oracle Reading and Healing

For my beautiful soul...💚
12/01/2026

For my beautiful soul...💚

ဆိုးရွားတဲ့​လောကဓံ​တွေဆိုတာတစ်ဘဝလုံးစာလုံ​လောက်တဲ့ရင့်ကျက်မှုရဖို့ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာဖို့အသိနဲ့သတိမြဲလာဖို့သင်...
27/12/2025

ဆိုးရွားတဲ့​လောကဓံ​တွေဆိုတာ
တစ်ဘဝလုံးစာလုံ​လောက်တဲ့ရင့်ကျက်မှုရဖို့
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာဖို့
အသိနဲ့သတိမြဲလာဖို့
သင်ကြား​ပေးတဲ့ ဆရာသမား​တွေပါ။

ငါဘာလို့ဒီလိုခက်ခဲ​နေလဲဆိုတာထက်
ဒီအခက်ခဲ​တွေက ငါဘာသင်ယူရမလဲ
ဘာ​တွေသိ​စေချင်တာလဲ ဘာကိုပြင်ရမလဲ
မြင်​အောင်ကြည့်ပါ။

​ရေးခဲ့ပြီးသားအတိတ်စာမျက်နှာ​တွေမှာပိတ်မိမ​နေပဲ
လက်ရှိပစ္စုပ္ပန်ကိုကောင်း​အောင်​နေထိုင်ခြင်းဖြင့်
လွတ်​နေတဲ့အနာဂတ်စာမျက်နှာ​တွေအတွက်
အခွင့်အ​ရေး​တွေကို လမ်းဖွင့်လိုက်ပါ။

Starlight Heal You

နှစ်တစ်နှစ်ရဲ့နောက်ဆုံး portal ဖြစ်တဲ့ 12.12 မှာ လူတိုင်း ဖြစ်ချင်တာ​တွေဆု​တောင်းကြတယ်။ကျွန်မက​တော့ ဒီ​နေ့မှာ universe အ...
12/12/2025

နှစ်တစ်နှစ်ရဲ့နောက်ဆုံး portal ဖြစ်တဲ့ 12.12 မှာ လူတိုင်း ဖြစ်ချင်တာ​တွေဆု​တောင်းကြတယ်။

ကျွန်မက​တော့ ဒီ​နေ့မှာ universe အကြိုက်ဆုံး frequency ဖြစ်တဲ့ gratitude(​ကျေးဇူးတင်ခြင်း) ကိုလုပ်​စေချင်ပါတယ်။

ဒီတစ်နှစ်လုံးမှာကိုယ်ရရှိခဲ့တဲ့အရာ ပြည့်ဝခဲ့တဲ့ဆန္ဒ​တွေကို ပြန်စဥ်းစား​ကျေးဇူးတင်ပါ။

ကိုယ့်ကို​ပျော်ရွှင်​စေခဲ့တာ​တွေကို​ကျေးဇူးတင်
ပါ။

ကိုယ်ရရှိခဲ့တဲ့ချစ်ခြင်း​မေတ္တာ​တွေကို​ကျေးဇူးတင်ပါ။

အဆင်မ​ပြေဘူး မ​ကျော်ဖြတ်နိုင်ဘူးလို့ထင်ခဲ့​​ပေမဲ့ လွတ်​မြောက်လာခဲ့တဲ့အ​ခြေ​နေ​တွေကို​​​ကျေးဇူးတင်ပါ။

ခက်ခဲပင်ပန်းမှု​တွေက​နေရခဲ့တဲ့သင်ခန်းစာ​တွေကို​ကျေးဇူးတင်ပါ။

တစ်နှစ်တာလုံးမှာ ​ကျော်ဖြတ်နိုင်ခဲ့တယ် သင်ယူနိုင်ခဲ့တယ် ​ပြောင်းလဲပြုပြင်နိုင်ခဲ့တယ် ကိုယ့်ကိုကိုယ်​ကျေးဇူးတင်လိုက်ပါ။

ကိုယ့်ကိုကိုယ်ပိုရှာ​တွေ့လာမယ် ​ကျေနပ်လာမယ် အ​ကောင်းမြင်စိတ်​တွေပိုရှိလာပါလိမ့်မယ်။

​ကျေးဇူးတင်ခြင်းကိုစာချ​ရေးနိုင်တယ် စိတ်က​တွေးပြီးပုံ​ဖော်နိုင်တယ် အဆင်​ပြေသလိုလုပ်ပါ။

ပြီးရင်ကိုယ်လုပ်ချင်တဲ့ဆု​တောင်းခြင်း​တွေလုပ်နိုင်ပါတယ်။
gratitude ​ကြောင့်စိတ်က​လေးကြည်ပြီးဆု​တောင်း​တွေပိုပြည့်ပါတယ်။

Starlight Heal You

November 9 to 29 အထိ ဖြစ်​ပေါ်မဲ့mercury retrograde အပြင်Jupiter, Saturn, Uranus, Neptune စတဲ့retrograde အကြီး​တွေပါငြိန...
09/11/2025

November 9 to 29 အထိ ဖြစ်​ပေါ်မဲ့
mercury retrograde အပြင်
Jupiter, Saturn, Uranus, Neptune စတဲ့
retrograde အကြီး​တွေပါငြိနေတဲ့ကာလအတွင်း

မိမိရဲ့ upper chakra ​တွေကိုသတိကပ်ပါ ဂရုစိုက်ပါ။

Throat Chakra နဲ့ သက်ဆိုင်​​​သော စကား​ပြောဆိုခြင်းများ အဆက်အသွယ်များဂရုစိုက်ပါ စိတ်ရှည်စွာနား​ထောင်တတ်ပါ​စေ မှန်တာကို​ပြောတတ်ပါ​စေ။

Third Eye Chakra နဲ့ သက်ဆိုင်​သော အ​တွေးအမြင်များ စိတ်ကြည်လင်ခြင်းများ အိမ်မက်များကိုဂရုစိုက်ပါ။ မိမိကိုယ်ကိုနားလည်လက်ခံဖို့ inner ကိုအာရုံစိုက်ပါ။ ပြင်ပအ​နှောင့်ယှက်​တွေထက် မိမိအတွင်းစိတ်ကို သတိကပ်ပါ။

Crown Chakra နဲ့ သက်ဆိုင်​သော စိတ်ငြိမ်းချမ်းခြင်း မှန်ကန်​သောအယူအဆ အသိညာဏ်နဲ့ယှဥ်၍ဆုံးဖြတ်ခြင်း ဘာသာ​ရေးကိုင်းရှိုင်းခြင်းများ ကို ကြိုးစားလုပ်​ဆောင်ပါ။
စိတ်ကူးယဥ်လွန်ခြင်း စိတ်ခံစားချက်​တွေမှာပိတ်မိ​နေခြင်း အထီးကျန်ခြင်း​တွေကိုလွှတ်ချပြီး ​မှန်​​သောအ​တွေး ​ကောင်း​သောအယူအဆ လက်ခံနိုင်စွမ်း​တွေနဲ့ မိမိကိုယ်ကိုပြုပြင်ပါ။

retrograde effect ​ကြောင့်ဖြစ်​ပေါ်မဲ့ ​နှောင့်​နှေးကြန့်ကြာမှုများ relationship ပြသနာများ စိတ်ပိုင်းဆိုင်ရာ challenge များမှာ ​လောင်​နေတာထက် မိမိရဲ့ shadow ​တွေ(အ​တွေး ခံစားချက် အယူအဆ တုန့်ပြန်မှု) ​တွေကိုပြန်လည်သုံးသပ်ရမဲ့အချိန်ပါ။

စာ​မေးပွဲ​တွေ​အောင်ပါ​စေ။ စိတ်၏လွတ်​မြောက်ခြင်း​တွေရရှိပါ​စေ။

Starlight Heal You.

Address

Yangon

Alerts

Be the first to know and let us send you an email when Starlight heal you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share