𝗛𝗲𝗮𝗹𝗶𝗻𝗴 𝗧𝗮𝗹𝗸 𝗕𝘆 𝗗𝗿.𝗦𝗼𝗲

  • Home
  • Myanmar
  • Yangon
  • 𝗛𝗲𝗮𝗹𝗶𝗻𝗴 𝗧𝗮𝗹𝗸 𝗕𝘆 𝗗𝗿.𝗦𝗼𝗲

𝗛𝗲𝗮𝗹𝗶𝗻𝗴 𝗧𝗮𝗹𝗸 𝗕𝘆 𝗗𝗿.𝗦𝗼𝗲 Dr. Soe Htet Tin
M.B.,B.S., M.Med.Sc. (Mental Health),
Dr.Med.Sc(Mental Health)
Dip.Applied Psychology

မင်္ဂလာရှိတဲ့ နှစ်သစ်မှာ စိတ်အေးချမ်းကြစေပါခင်ဗျာ🙏
13/04/2026

မင်္ဂလာရှိတဲ့ နှစ်သစ်မှာ စိတ်အေးချမ်းကြစေပါခင်ဗျာ🙏

ကမ္ဘာကြီး စိတ်မကျန်းမာလာခြင်း (သို့) စိတ်ရောဂါတွေ ဘယ်လောက်များလာပြီလဲ…..ယနေ့ခေတ်မှာ လူတွေ စိတ်ပင်ပန်းနေကြတာ ပိုများလာပါတ...
23/02/2026

ကမ္ဘာကြီး စိတ်မကျန်းမာလာခြင်း (သို့) စိတ်ရောဂါတွေ ဘယ်လောက်များလာပြီလဲ…..

ယနေ့ခေတ်မှာ လူတွေ စိတ်ပင်ပန်းနေကြတာ ပိုများလာပါတယ်။
စိတ်မပျော်တော့တာ၊ စိတ်လှုပ်ရှားတာ၊ အိပ်မပျော်တာ၊ အားမရှိတာ၊ မျှော်လင့်ချက်မရှိသလို ခံစားတာတွေကို လူအများစု ကြုံတွေ့နေကြရပါတယ်။
ဒါပေမယ့် ဒီအရာဟာ “လူတွေ အားနည်းလာလို့” လို့ သတ်မှတ်လို့ မရပါဘူး။

အမှန်တကယ်ကတော့

📌 လူနေမှုဘဝပုံစံပြောင်းလဲလာခြင်း
📌 စီးပွားရေးဖိအားများလာခြင်း
📌 အလုပ်ပင်ပန်းမှုများလာခြင်း
📌 မိသားစုနဲ့ လူမှုဆက်ဆံရေးထိခိုက်ပျက်စီးလာခြင်း
📌 စစ်ပွဲ၊ အကြမ်းဖက်မှု၊ ကပ်ရောဂါကြောင့် စိတ်ဒဏ်ရာတွေ ပိုများလာခြင်း
📌 social media ကြောင့် လူတွေရဲ့ self-esteem ပိုကျလာခြင်း စတဲ့အကြောင်းရင်းတွေကြောင့် စိတ်ရောဂါတွေ ပိုမိုဖြစ်လွယ်လာတာ၊ များပြားလာတာ တွေ့ရပါတယ်။

နောက်တစ်ချက် အရေးကြီးတာကစိတ်ရောဂါတွေဟာ အရင်ကလည်းရှိခဲ့ပါတယ်။
ဒါပေမယ့် အရင်အချိန်တွေတုံးက လူတွေ မသိခဲ့တာ၊ မဖော်ထုတ်နိုင်ခဲ့တာ၊ မကုသနိုင်ခဲ့တာကြောင့်သာယနေ့ခေတ်လို မမြင်သာခဲ့တာပါ။ တစ်ဖြည်းဖြည်းချင်းပြောပြပေးသွားပါမယ်။

ရာစုနှစ်အလိုက် စိတ်ရောဂါကို နားလည်လာပုံ

စိတ်ရောဂါကို နားလည်လာပုံဟာ ရာစုနှစ်တိုင်းမှာ အလွန်ကွာခြားပါတယ်။

၁။ ရှေးခေတ် (BC – 1500)

ရှေးခေတ်မှာ စိတ်ရောဂါကို

“နတ်ဝိညာဉ်ဝင်တာ”"မကောင်းဆိုးဝါး ပှူးကပ်ခံရတာ"“အပြစ်ဒဏ်ခံရတာ” လို့ ယုံကြည်ခဲ့ကြပါတယ်။ လူနာတွေကို ဆေးကုတာထက်အများအားဖြင့် ဘာသာရေးပွဲပြုလုပ်ခြင်း၊ဆုတောင်းခြင်း၊အပြစ်ပေးခြင်း၊ချည်နှောင်ထားခြင်းတွေကို ပိုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီခေတ်မှာ စိတ်ရောဂါဟာ medical illness မဟုတ်ဘူး ဆိုတဲ့ အမြင်ကြောင့်လူနာတွေဟာ အကူအညီမရခဲ့ကြပါဘူး။ ဒါပေမယ့် Hippocrates (BC 400) ကတော့စိတ်ရောဂါကို “ဦးနှောက်နဲ့ ဆိုင်နိုင်တယ်” ဆိုပြီး အစောဆုံးသတိပြုခဲ့သူဖြစ်ပါတယ်။ဒီအယူအဆက နောက်ပိုင်း Psychiatry တိုးတက်မှုရဲ့ အခြေခံဖြစ်လာခဲ့ပါတယ်။

၂။ 16–18 ရာစု (Asylum ခေတ် စတင်လာခြင်း)

ဒီခေတ်မှာလည်း လူနာတွေကို လူ့အသိုင်းအဝိုင်းထဲက ခွဲထုတ်ပြီး“asylum” လို့ခေါ်တဲ့ သီးခြားနေရာတွေမှာ ထားရှိခဲ့ကြပါသေးတယ်။အချို့ asylum တွေမှာတော့ လူနာကို လူသားလို မမြင်ဘဲ ချည်နှောင်ထားမယ် ၊ တံခါးပိတ်ထားမယ် ၊ မိသားစုနဲ့ တွေ့ခွင့်မပေးတာစတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြပြန်ပါတယ်။ ဒီကာလမှာ စိတ်ရောဂါလူနာတွေဟာ ကုသမှုမရဘဲ “ထိန်းထားရုံ” အဆင့်ပဲ ပြန်ဖြစ်နေခဲ့ရပါတယ်။

၃။ 19 ရာစု (1800s) — လူသားဆန်တဲ့ကုသမှု စတင်လာခြင်း

ဒီခေတ်မှာတော့ လူနာတွေကို “လူသားတစ်ယောက်အဖြစ်” ပြန်မြင်လာတဲ့ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာပါတယ်။ Philippe Pinel (France) က လူနာတွေကို ချည်နှောင်ထားတာတွေ ဖယ်ရှားပြီး “moral treatment” ဆိုတဲ့ လူသားဆန်တဲ့ကုသမှုကို စတင်ခဲ့ပါတယ်။

ဒါက
✔ သူတို့ ပြောစကားများကို နားထောင်ပေးခြင်း
✔ လေ့ကျင့်ခန်းလုပ်စေခြင်း
✔ သန့်ရှင်းသပ်ရပ်တဲ့နေရာမှာ ထားခြင်း
✔ လူမှုဆက်ဆံရေးအတွင်း ပြန်လည်ပါဝင်စေခြင်း တို့ပါဝင်လာပါတယ်။

၄။ 20 ရာစုအစ (1900–1950) — Psychoanalysis ခေတ်

ဒီခေတ်မှာ Freud ရဲ့ psychoanalysis သီအိုရီ ပေါ်ထွက်လာပါတယ်။
Freud က စိတ်ရောဂါတွေကို

👉childhood trauma (ငယ်ဘဝ စိတ်ဒဏ်ရာ)
👉unconscious conflict (မသိစိတ်ပဋိပက္ခ)
👉suppressed emotions ( ဖိနှိပ်ထားသော စိတ်ခံစားချက်များ) တွေနဲ့ ဆက်စပ်ပြီး နားလည်ခဲ့ပါတယ်။

ဒီအယူအဆက “စိတ်ခံစားမှု၊ အဆင်မပြေမှုတွေကို ပြောပြနိုင်ရင်၊ ဖြေရှင်းနိုင်ရင် လူနာတွေ သက်သာလာနိုင်တယ်” ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ခေတ်မှာ psychosurgery (lobotomy) လို့ အန္တရာယ်ရှိတဲ့ ခွဲစိတ်မှုနည်းလမ်းတွေကိုလည်း စမ်းသပ်ခဲ့ကြတာတွေ ရှိခဲ့ပါသေးတယ်။

၅။ 1950–2000 — Psychotropic Drugs Revolution

ဒီခေတ်ကတော့ Psychiatry သမိုင်းထဲမှာအကြီးဆုံးပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။1952 မှာ Chlorpromazine ပေါ်လာပြီး စိတ်ရောဂါ/စိတ်ကစဉ့်ကလျားရောဂါ ကို ထိန်းနိုင်တဲ့ ပထမဆုံး ဆေးတစ်ခု ဖြစ်လာပါတယ်။

ဒီနောက်မှာ

✔ စိတ်ကျရောဂါကုဆေးများ
✔ ဘန်ဇိုဒိုင်ယာဇီပင်းဆေးများ
✔ စိတ်ခံစားချက်တည်ငြိမ်စေသောဆေးများ (Lithium)တွေပါ တဖြည်းဖြည်းပေါ်လာပါတယ်။
ဒီခေတ်ကနေစပြီး Psychiatry ဟာ “စိတ်နဲ့ပဲမဟုတ်ဘဲ ဦးနှောက်နဲ့ပါဆိုင်တယ်” ဆိုတာ ပိုသေချာလာပါတယ်။

၆။ Digital Era & Global Mental Health Crisis
21 ရာစုထဲဝင်လာတဲ့အခါ စိတ်ရောဂါတွေကို အရင်ကထက် ပိုမိုဖော်ထုတ်လာနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့

✔ diagnostic criteria (DSM/ICD) တွေ ပိုမိုတိကျလာခြင်း
✔ စိတ်ကျန်းမာရေးအသိပညာ ပိုမြင့်လာခြင်း
✔ လူနာတွေ Stigma လျော့လာခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း

✅Social Media များစွဲလမ်းမှု
✅အထီးကျန်မှု
✅ပင်းပန်နွမ်းနယ်မှု
✅ငွေရေးကြေးရေးပြဿနာများ
✅စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာစတဲ့ “ခေတ်သစ်စိတ်ဖိအားပေါင်း များစွာ” ကလည်း စိတ်ရောဂါတွေကို ပိုမိုဖြစ်လွယ်လာစေတာကို တွေ့ရပါတယ်။

ကမ္ဘာတစ်ဝှမ်း စိတ်ရောဂါ အခြေအနေ (WHO Data) ကိုလေ့လာကြည့်ရအောင်..

လက်ရှိ ကမ္ဘာလူဦးရေဟာ ၈ ဘီလျံခန့် ရှိပါတယ်။ WHO အဆိုအရ လူ ၁ ဘီလျံကျော်
စိတ်ရောဂါတစ်မျိုးမျိုးနဲ့ နေထိုင်နေကြပါတယ်။ဒါဟာ လူ ၇ ယောက်မှာ ၁ ယောက်ခန့် ဖြစ်ပါတယ်။
လူ ၁၀၀ ယောက်ရှိရင် ၁၄ ယောက်ခန့် ဖြစ်နိုင်ပါတယ်။ အများဆုံးတွေ့ရသော စိတ်ရောဂါများ

🔹 Depression
လူ ၂၈၀ သန်းကျော်။
လူ ၁၀၀ မှာ ၃–၅ ယောက်ခန့်။

🔹 Anxiety Disorders
လူ ၃၀၀ သန်းကျော်။
လူ ၁၀၀ မှာ ၄–၅ ယောက်ခန့်။

🔹 PTSD
လူ ၁၀၀ မှာ ၃–၄ ယောက်ခန့်။
စစ်ပွဲဖြစ်နေသော နေရာများတွင် ပိုများနိုင်ပါတယ်။

🔹 Bipolar Disorder
လူ ၃၇ သန်းခန့်။
လူ ၁၀၀ မှာ ၁ ယောက်ခန့်။

🔹 Schizophrenia
လူ ၂၃ သန်းခန့်။
လူ ၁၀၀၀ မှာ ၃–၅ ယောက်ခန့် ဖြစ်နေကြတာလို့ ဖော်ပြထားပါတယ်။

ကမ္ဘာကြီး စိတ်မကျန်းမမာ ပိုဖြစ်လာတာဟာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ
စိတ်ကျန်းမာရေးဟာလည်း အရင်ကထက် ပိုတိုးတက်လာနေပါတယ်။ Depression, Anxiety, PTSD, Bipolar, Schizophrenia အစရှိတဲ့ စိတ်ရောဂါတွေဟာလုံးဝကုသလို့မရတဲ့ ရောဂါတွေမဟုတ်ပါဘူး။
သင်..
အကူအညီ ရနိုင်ပါတယ်။
ကုသမှု ရယူနိုင်ပါတယ်။
တစ်ယောက်တည်းလည်း မဟုတ်ပါဘူး ဆိုတာကို အကြံပြုပါရစေ၊ ခမျာ။

Written By Dr. Soe ( စိတ်ကျန်းမာရေး)

စိတ်ပြဿနာများ တိုင်ပင်ဖို့ Healing Talking By Dr.Soe က အသင့်ရှိနေတယ်နော်

👉👉 ဆွေးနွေးလိုတယ်ဆိုရင်တော့ 09796224231 ကို Phone Call (သို့) Viber တို့ကနေ ဆက်သွယ်နိုင်ပါတယ်။




# Stress
#စိတ်ရောဂါ
#စိတ်ကျန်းမာရေး
#စိတ်ပညာ
#ကျန်းမာရေး

စိတ်ရောဂါလူနာတွေရဲ့ဘဝကို ပြောင်းလဲပေးခဲ့တဲ့ ဆေးဝါးများရဲ့ ခရီးလမ်း(Psychotropic Drugs) ဟိုးအရင်အချိန်တွေတုန်းက…စိတ်ရောဂါ...
17/02/2026

စိတ်ရောဂါလူနာတွေရဲ့ဘဝကို ပြောင်းလဲပေးခဲ့တဲ့ ဆေးဝါးများရဲ့ ခရီးလမ်း(Psychotropic Drugs)

ဟိုးအရင်အချိန်တွေတုန်းက…
စိတ်ရောဂါရှိသူတစ်ယောက်အတွက် “ကုသနိုင်မယ်” ဆိုတဲ့ မျှော်လင့်ချက်ဟာ အလွန်နည်းခဲ့ပါတယ်။
အချို့လူနာတွေဟာ အချိန်အကြာကြီး ဆေးရုံကြီးတွေထဲမှာပဲ နေခဲ့ရတယ်။မိသားစုနဲ့ ခွဲနေရတယ်။တကယ်မရှိတဲ့အသံတွေကို ကြားရ၊ မရှိတဲ့အရာတွေမြင်ရ၊ ကြောက်ရွံ့မှုနဲ့ ပူပန်မှုတွေခံစားရမှု တွေကြောင့် သူတို့ဘဝတစ်ခုလုံးဟာ အမှောင်ထဲ ကျရောက်သလို ဖြစ်နေခဲ့ရတယ်။ အဲ့ဒီခေတ်မှာ စိတ်ကျန်းမာရေးကုသမှုဆိုတာ အများအားဖြင့် “ထိန်းထားခြင်း” နဲ့ “ငြိမ်အောင်ပြုလုပ်ခြင်း” အဆင့်မှာပဲ ရပ်တည်နေခဲ့ပါတယ်။
ဒါပေမယ့်…
၁၉၅၀ ခုနှစ်တွေမှာ စတင်ခဲ့တဲ့ စိတ်ရောဂါကုဆေးတွေက စိတ်ရောဂါတွေရဲ့ သမိုင်းကို အဆင့်တစ်ခုအထိ ပြောင်းလဲပေးခဲ့ပါတယ်။

✅စိတ်ရောဂါဆေးဝါးများ မပေါ်ခင်ကာလ (Before 1950s)

ဒီခေတ်မှာ လူနာတွေကို ကုသရာမှာ အသုံးများတာတွေက-
🔸 အိပ်ဆေးများ
🔸 အင်ဆူလင်နဲ့ မေ့မြောနေစေတဲ့ ကုသမှု
🔸 စိတ်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုတွေပါ
တချို့နည်းလမ်းတွေက အချို့လူနာတွေကို သက်သာစေခဲ့ပေမယ့် ဘေးထွက်ဆိုးကျိုးများပြီး အန္တရာယ်လည်း ရှိခဲ့ပါတယ်။
အဲဒီခေတ်မှာ “စိတ်ရောဂါဆိုတာ မကုသနိုင်တဲ့ ရောဂါ” လို့ လူအများက ယုံကြည်နေဆဲပဲ ဖြစ်ပါတယ်။

✅စိတ်ရောဂါကုသမှု ကို ပြောင်းလဲပေးခဲ့တဲ့ အကြီးမားဆုံးအလှည့်အပြောင်း 💊 ( 1950s after)

⭐ Chlorpromazine (1952) — ပထမဆုံး စိတ်ရောဂါကုဆေး

Chlorpromazine ကို စိတ်ရောဂါကုသမှုမှာ ပထမဆုံး “အမှန်တကယ် အာနိသင်ရှိတဲ့” ဆေးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒီဆေးကြောင့်-
✔ အသံကြားခြင်း၊ မြင်ယောင်ခြင်း လျော့နည်း
✔ မှားယွင်းယုံကြည်မှု လျော့နည်း
✔ အပြင်းထန်ဆုံး schizophrenia လူနာများမှာတောင် အခြေအနေကောင်းလာနိုင်တဲ့အတွက် ဒီကာလကစပြီး “လူနာတွေကို ဆေးရုံကြီးထဲပဲ ထိန်းထားရမယ်” ဆိုတဲ့စနစ်က တဖြည်းဖြည်း ပျောက်
ကွယ်လာခဲ့ပါတယ်။

⭐ Lithium

Lithium ကို John Cade က 1949 ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ Bipolar Disorder အတွက် အသုံးပြုသော အရေးကြီးဆုံးဆေး ဖြစ်လာခဲ့ပါတယ်။
Lithium က-
✔ စိတ်ကြွခြင်း ကို ထိန်းချုပ်ပေးနိုင်
✔ စိတ်ကျခြင်း ကိုလည်း လျော့နည်းစေတတ်
✔ မိမိကိုယ့်ကိုအဆုံးစီရင်စိတ် ကို လျော့စေတတ်ပြီး ဒီဆေးဟာ “ခံစားချက်ပြဿနာ” ကို ကုသနိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာစေခဲ့ပါတယ်။

✅စိတ်ကျခြင်း အတွက် ဆေးဝါးတွေထွက်လာခြင်း (1950s–1960s)

⭐ MAOIs (Monoamine Oxidase Inhibitors)
Iproniazid ဆိုတဲ့ TB ဆေးကို သုံးတဲ့အခါ လူနာတွေ ခံစားချက်ကောင်းမွန်လာတာကို သတိပြုမိခဲ့ပြီး
ဒီကနေ MAOI antidepressants ပေါ်ပေါက်လာခဲ့ပါတယ်။

⭐ TCAs (Tricyclic Antidepressants)

Imipramine က စိတ်ကျတာ ကို အလွန်ကောင်းစွာ သက်သာစေခဲ့ပါတယ်။

ဒီကာလကစပြီး- “စိတ်ကျရောဂါ ဆိုတာ စိတ်ပျော်ရွှင်တဲ့စိတ် , အာရုံကြောထုတ်လွှတ်မှု ဟော်မုန်း နည်းသွားခြင်းကြောင့် ဖြစ်နိုင်တယ်”ဆိုတဲ့ ယူဆချက် ကို စတင်တည်ဆောက်ခဲ့ကြပါတယ်၊။

✅Anxiety & Insomnia Treatment Era (1960s)

⭐ Benzodiazepines
Diazepam (Va**um) နဲ့ Chlordiazepoxide တို့က စိုးရိမ်စိတ်ရောဂါ ကုသမှုမှာ နာမည်ကြီးလာခဲ့ပါတယ်။
ဒီဆေးတွေက-
✔ အကြောက်တရား၊ စိတ်လှုပ်ရှားမှုကို လျော့စေ
✔ အိပ်မပျော်ခြင်းကို သက်သာစေ
✔ ကြွက်သားနာကျင်တာ ကို လျော့စေပေမယ့် စွဲလမ်းမှု ဖြစ်နိုင်တဲ့အတွက်ယနေ့ခေတ်မှာ “သတိထားအသုံးပြုရတဲ့ဆေး” ဖြစ်လာခဲ့ပါတယ်။

✅SSRI Revolution (1980s–1990s)

⭐ Fluoxetine (Prozac) နဲ့ SSRIs
SSRI ဆေးအုပ်စုတွေဟာ စိတ်ကျရောဂါ ကုသမှုတွေကို အလွန်ပြောင်းလဲပေးခဲ့ပါတယ်။

SSRIs ရဲ့ အားသာချက်တွေက-
ဘေးထွက်ဆိုးကျိုးနည်း တာ ၊ ဆေးအလွန်အကျွံသုံးစွဲရမှုနည်းသွားတာ၊ ရေရှည်ပိုသုံးနိုင်ပြီး စိတ်ကျရောဂါ အပြင် Anxiety, OCD, PTSD တို့မှာပါ အသုံးပြုနိုင်တဲ့အတွက် စိတ်ကျရောဂါ နဲ့ စိုးရိမ်စိတ်ရောဂါ ကို “ကုသနိုင်တဲ့ ရောဂါ” လို့ လူအများပိုယုံကြည်လာကြပါတယ်။

✅Atypical Antipsychotics Era- 1990s

⭐ Clozapine
Clozapine ဟာ Treatment-resistant Schizophrenia အတွက် အရေးကြီးဆုံးဆေးတစ်မျိုးဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ Risperidone ၊ Olanzapine ၊ Quetiapine ၊ Aripiprazole စတဲ့ စိတ်ရောဂါကုဆေး များ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီဆေးတွေက စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေကို ပိုထိန်းနိုင်ပြီး ခြေလက်တုန်ခြင်း၊ တောင့်တင်းခြင်းကို လျော့နည်းစေတယ် ။ ဘေးထွက်ဆေးကျိုးက တစ်ချို့တွေက ဝလာတယ် ၊ metabolic syndrome ဆိုင်ရာ ရောဂါလက္ခဏတွေဖြစ်တက်လို့ ဂရုစိုက်ဖို့တော့လိုပါတယ်။ ဆရာဝန်နဲ့သေချာပြသပြီးမှ သောက်သင့်တာပေါ့နော်

✅ခေတ်သစ် ဆေးဝါးများ

ယနေ့ခေတ်မှာ စိတ်ရောဂါကုသတဲ့ဆေး တွေဟာ ပိုမိုတိုးတက်လာပြီး

⭐ SNRIs
Venlafaxine, Duloxetine တို့က ဆိုတာ စိတ်ပျော်ရွှင်တဲ့စိတ် , အာရုံကြောထုတ်လွှတ်မှု ဟော်မုန်း ပိုမိုတိုးတက်လာစေတဲ့အတွက် စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ နာတာရှည်နာကျင်မှု တို့အသုံးဝင်တဲ့ဆေးဖြစ်လာပါတယ်။

⭐ Mood Stabilizers
Lamotrigine က စိတ်ကြွစိတ်ကျရောဂါ အတွက် အသုံးများလာပြီး ပြန်လည်ဖြစ်ပွားမှုကာကွယ်ခြင်း မှာလည်း အရေးကြီးပါတယ်။

⭐ Long-Acting Injectable Antipsychotics (LAI)
စိတ်ကစဉ့်ကလျားရောဂါ လူနာတွေအတွက် ဆေးဝါးတိကျမှုကလည်း အရေးကြီးတဲ့အတွက် တစ်လတစ်ကြိမ် / သုံးလတစ်ကြိမ် ထိုးနိုင်တဲ့ LAI ထိုးဆေး များလည်း ဖွံ့ဖြိုးလာပါတယ်။

⭐ Ketamine / Esketamine
ဆေးသောက်တာနဲ့ မသက်သာတဲ့ စိတ်ကျရောဂါ အတွက် ketamine ကုသမှု က အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ကုသမှု နည်းလမ်းတခုဖြစ်လာပါတယ်။ Ketamine က ရိုးရိုးသာမန်စိတ်ကျ ရောဂါကုဆေးများ လို မဟုတ်ဘဲ အချို့လူနာတွေအတွက် နာရီပိုင်းအတွင်း စိတ်ခံစားမှု တက်လာနိုင်တဲ့အထိ အာနိသင်မြန်ပါတယ်။

စိတ်ရောဂါကုသဆေးဝါး တွေဟာ စိတ်ရောဂါကို လူ့အသိုင်းအဝိုင်းက ပြန်လည်လက်ခံလာအောင် ကူညီပေးခဲ့ပါတယ်။
ဒါပေမယ့်…
အရေးကြီးဆုံးအချက်ကတော့ ဆေးက ကူညီပေးနိုင်တယ်။ ဒါပေမယ့် ဆေးတစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး။ အကောင်းဆုံးကုသမှုရလဒ်ရဖို့ဆိုရင်
✔ ဆေးဝါး
✔စိတ်ကုထုံး
✔ မိသားစုပူပေါင်းပါဝင်မှု
✔ အိပ်ချိန်နဲ့ဘဝနေထိုင်မှုပုံစံ
✔ စိတ်ဖိစီးမှုလျှော့ချခြင်းတို့ကို ပေါင်းစပ်ဖို့တော့လိုပါတယ်။

အနှစ်ချုပ်ပြောရရင်တော့
စိတ်ကျန်းမာရေးကုသတဲ့ဆေးဝါး တွေရဲ့ သမိုင်းဟာ“အမှောင်ထဲမှာ ပိတ်မိနေတဲ့ လူနာများ” အတွက် မျှော်လင့်ချက်ကို ပြန်လည်ပေးခဲ့တဲ့ ခရီးလမ်းတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်မှာ စိတ်ကျန်းမာရေးဆေးဝါးတွေက လူနာတစ်ယောက်ရဲ့ ဘဝကို ပြန်လည်တည်ဆောက်နိုင်အောင် အရေးကြီးတဲ့ လက်နက်တစ်ခုဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
စိတ်ရောဂါဆိုတာ ကုသလို့ရပါတယ်။ မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ်ခင်ဗျား ။

Written by ဒေါက်တာစိုး(စိတ်ကျန်းမာရေး)

စိတ်ပြဿနာများ တိုင်ပင်ဖို့ Healing Talking By Dr.Soe က အသင့်ရှိနေတယ်နော်။

👉👉 ဆွေးနွေးလိုတယ်ဆိုရင်တော့ 09796224231 ကို Phone Call (သို့) Viber တို့ကနေ ဆက်သွယ်နိုင်ပါတယ်။




# Stress
#စိတ်ရောဂါ
#စိတ်ကျန်းမာရေး
#စိတ်ပညာ
#ကျန်းမာရေး

Today “ မင်းဆန္ဒ”အတိုင်း ဖြစ်ကြပါစေခင်ဗျား Happy Chinese New Year ♥️♥️♥️
17/02/2026

Today “ မင်းဆန္ဒ”အတိုင်း ဖြစ်ကြပါစေခင်ဗျား

Happy Chinese New Year ♥️♥️♥️

Broken Family မှာ ကြီးပြင်းလာတဲ့သူတွေ…“လူကြီးဖြစ်လာမှ” ပိုနာကျင်တတ်ကြတယ်တချို့လူတွေက ပြောတတ်ကြတယ်…“ငယ်တုန်းက မိဘတွေကွဲတာ...
08/02/2026

Broken Family မှာ ကြီးပြင်းလာတဲ့သူတွေ…

“လူကြီးဖြစ်လာမှ” ပိုနာကျင်တတ်ကြတယ်
တချို့လူတွေက ပြောတတ်ကြတယ်…
“ငယ်တုန်းက မိဘတွေကွဲတာလေ၊ အခုကြီးပြင်းပြီးပြီ ဘာဖြစ်လို့ မမေ့နိုင်သေးတာလဲ?”
ဒါပေမယ့် တကယ်တမ်းမှာ…
Broken family ထဲမှာ ကြီးပြင်းလာတဲ့သူတွေဟာ
ကလေးဘဝမှာ မပြနိုင်ခဲ့တဲ့ နာကျင်မှုတွေကို လူကြီးဖြစ်လာမှ ပြန်ခံစားရတတ်ကြပါတယ်။

အကြောင်းကတော့
ကလေးတစ်ယောက်အနေနဲ့ “နာကျင်မှု” ကို အပြည့်အဝ နားလည်ဖို့ မတတ်နိုင်သေးလို့ပါ။

🧠 Broken Family ကလေးတွေ “မပြောပေမယ့်” အတွင်းမှာဖြစ်နေတဲ့ အရာတွေ

၁) အချစ်ကို ယုံကြည်ဖို့ ခက်လာတတ်ခြင်း

ကလေးဘဝမှာ အချစ်ဆိုတာ
“နာကျင်မှုနဲ့ တွဲပြီး” ရလာတဲ့အခါ…
ချစ်တဲ့သူတစ်ယောက်ရှိလာရင်တောင်
စိတ်ထဲမှာ အလိုလို ဖြစ်လာတတ်တာက…
“သူလည်း တစ်နေ့ ငါ့ကို ထားသွားမလား?”
ဒါက အချစ်ကို မယုံတာမဟုတ်ပါဘူး။
စိတ်က ထပ်နာမခံချင်လို့ ကြိုကာကွယ်နေတာ ဖြစ်ပါတယ်။

၂) ကိုယ့်ခံစားချက်ကို ဖော်ပြဖို့ ခက်လာတတ်ခြင်း

မိဘတွေ အမြဲရန်ဖြစ်နေတာ၊
အိမ်ထဲမှာ အမြဲတမ်း စိတ်ဖိစီးမှုရှိနေတာတွေကြားမှာ ကြီးလာတဲ့ကလေးတစ်ယောက်က…
တစ်ခုကို သင်ယူသွားတတ်ပါတယ်…
“ပြောလည်း ဘာမှ မပြောင်းလဲဘူး”
“ပြောရင် ပိုပြဿနာဖြစ်မယ်”
ဒါကြောင့်
ခံစားချက်တွေကို “မျိုသိပ်” လုပ်ပြီး
အပြင်မှာသာ သာမန်လူလို နေတတ်လာကြပါတယ်။

၃) “အမြဲတမ်း တစ်ယောက်တည်းဖြစ်နေတယ်” ဆိုတဲ့ ခံစားချက်

Broken family မှာ ကြီးပြင်းလာသူတွေမှာ
လူတွေကြားထဲမှာတောင်…
“ငါ့ကို တကယ်နားလည်မယ့်သူ မရှိဘူး”
ဆိုတဲ့ loneliness က တိတ်တိတ်လေး လိုက်နေရတတ်ပါတယ်။
ဒီ loneliness က စကားလုံးနဲ့ မဖော်ပြနိုင်လောက်အောင် နာကျင်တတ်ပါတယ်။

၄) အလွန်အမင်း အားထုတ်ပြီး Perfect ဖြစ်
ချင်ခြင်း

တချို့က Broken family ထဲက ထွက်လာတဲ့အခါ…
အရမ်းကြိုးစားလာတတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့…
“ငါက အောင်မြင်ရမယ်”
“ငါက မပြိုလဲရဘူး”
“ငါက တစ်ယောက်တည်းရပ်တည်ရမယ်”
ဒီလိုစိတ်ဟာ တခါတလေ
Trauma response တစ်မျိုးဖြစ်တတ်ပါတယ်။
အောင်မြင်မှုနောက်ကွယ်မှာ
နာကျင်မှုတွေ ဖုံးထားတာဖြစ်နိုင်ပါတယ်။

⚠️ နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာများ

Broken family environment က
ကလေးတစ်ယောက်ရဲ့ brain development နဲ့ emotional regulation ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် အောက်ပါအရာတွေ ဖြစ်နိုင်ခြေမြင့်လာတတ်ပါတယ်👇

✅ Depression (စိတ်ကျရောဂါ)
✅ Anxiety (စိတ်ပူပန်မှုများခြင်း)
✅ Panic attacks (ရုတ်တရက် ကြောက်ရွံ့ထိတ်လန့်ခြင်း)
✅ Attachment issues (ချစ်ဖို့ ယုံကြည်ဖို့ ခက်ခြင်း)
✅ People-pleasing (လူတွေကို စိတ်ကျေနပ်အောင် အလွန်ကြိုးစားခြင်း)
✅ Emotional numbness (ခံစားချက်မရှိသလို ဖြစ်သွားခြင်း)
📌 ဒါတွေက “မကောင်းတဲ့သူ” ဖြစ်လို့ မဟုတ်ပါဘူး။
ဒါတွေက စိတ်ဒဏ်ရာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

🌿 Healing ဆိုတာ ဘာလဲ?

Healing ဆိုတာ…
“မနာတော့တာ” မဟုတ်ပါဘူး။
Healing ဆိုတာ…
နာကျင်မှုနဲ့အတူတောင် ကိုယ့်ဘဝကို တည်ဆောက်နိုင်လာတာ ဖြစ်ပါတယ်။

💛 သတိထားဖို့ တစ်ချက်

Broken family ထဲက ထွက်လာတဲ့သူတစ်ယောက်ဟာ
တခြားလူတွေထက် ပိုပြင်းထန်တဲ့ စိတ်ခံစားချက်တွေကို ရင်ဆိုင်ရတာများပါတယ်။
ဒါပေမယ့်…
သူတို့မှာ ပိုနက်တဲ့ စိတ်ခံစားမှု,
ပိုနားလည်တတ်တဲ့ empathy,
ပိုခိုင်မာတဲ့ survival skill
ရှိတတ်ကြပါတယ်။

ဒါကြောင့် အတိတ်အရိပ်တွေက မင်းကိုပျက်စီးသွားတဲ့သူမဖြစ်စေပါဘူး

မင်းဟာ…
အနာတရတွေကို တိတ်တိတ်လေး ခံပြီး
အသက်ရှင်လာနိုင်ခဲ့တဲ့ လူပါ။
မင်းရဲ့ အတိတ်က မင်းကို မသတ်မှတ်နိုင်ဘူး။
မင်းရဲ့ ရွေးချယ်မှုကပဲ
မင်းရဲ့ အနာဂတ်ကို သတ်မှတ်ပေးပါမယ် 💛

Written by အမရာ (စိတ်ပညာ)

Broken Family နဲ့ ပတ်သတ်တဲ့ ခံစားနေရပြီ ဆိုရင် စိတ်ပြဿနာများ တိုင်ပင်ဖို့ Healing Talking By Dr.Soe က အသင့်ရှိနေတယ်နော်

👉👉 ဆွေးနွေးလိုတယ်ဆိုရင်တော့ 09796224231 ကို Phone Call (သို့) Viber တို့ကနေ ဆက်သွယ်နိုင်ပါတယ်။




# Stress
#စိတ်ရောဂါ
#စိတ်ကျန်းမာရေး
#စိတ်ပညာ
#ကျန်းမာရေး

စိတ်ကျန်းမာရေးအပေါ် လူတွေအမြင်ပြောင်းလဲလာပုံ…စိတ်ကျန်းမာရေး(သို့မဟုတ်) စိတ်ရောဂါများအပေါ် လူတွေရဲ့ အမြင်တွေက အမြဲတမ်း တူ...
23/01/2026

စိတ်ကျန်းမာရေးအပေါ် လူတွေအမြင်ပြောင်းလဲလာပုံ…

စိတ်ကျန်းမာရေး(သို့မဟုတ်) စိတ်ရောဂါများအပေါ် လူတွေရဲ့ အမြင်တွေက အမြဲတမ်း တူညီနေခဲ့ခြင်း မရှိပါ။
ခေတ်တစ်ခေတ်မှတစ်ခေတ်၊ ရာစုနှစ် တခုမှတခု သို့ လူမှုဘဝနေထိုင်မှု ၊ ဓလေ့ထုံးစံယဉ်ကျေးမှုများ၊ သိပ္ပံနဲ့ ဆေးပညာ ဖွံ့ဖြိုးတိုးတက်လာမှုများအပေါ် မူတည်ပြီး တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကြတာပါ။

👉၁၉ ရာစု (1800s) - ကြောက်ရွံ့မှုနဲ့ ခွဲခြားဆက်ဆံခံရ ​တဲ့ ကာလ

၁၉ ရာစုမှာ စိတ်ရောဂါများကို ဆေးပညာဆိုင်ရာ ပြဿနာတခုအဖြစ် မမြင်ကြသေးဘဲ
ဘာသာရေးအယူအဆမှားများ၊ အပြစ်လုပ်ခြင်းနဲ့အကျင့်ပျက်မှုများကြောင့် ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
စိတ်ရောဂါရှိသူများကို လူမှုအသိုင်းအဝိုင်းမှ ခွဲထုတ်ပြီး သီးခြားနေရာများမှာ ထားရှိခဲ့ကြကာ၊
ကုသမှုထက် ထိန်းချုပ်ခြင်း၊အကျဉ်းချခြင်းကဲ့သို့ နည်းလမ်းကို ပိုမို အသုံးပြုခဲ့ကြတယ်လို့ဖော်ပြထားရှိပါတယ်။ ဒါဟာ စိတ်ရောဂါရှိသူများအနေဖြင့် ခွဲခြားဆက်ဆံခံရမှု အပြင်းထန်ဆုံး ကာလတစ်ခု အဖြစ် ရှိခဲ့ပါတယ်။

👉၂၀ ရာစု (1900s) - သိပ္ပံ နဲ့ ဆေးပညာ စတင်ဖွံဖြိုးလာတဲ့ကာလ

၂၀ ရာစုမှာ စိတ်ကျန်းမာရေးအပေါ် လူတို့ရဲ့အမြင်များက များစွာ ပြောင်းလဲလာခဲ့တယ်။ ကမ္ဘာကျော်စိတ်ပညာရှင် Freud ရဲ့ (psychoanalytic theory ) စိတ်ခွဲခြမ်းစိတ်ဖြာတဲ့ သီအိုရီတွေကြောင့် စိတ်ရောဂါတွေက မသိစိတ်၊ ကလေးဘဝအတွေ့အကြုံများနဲ့ ဆက်စပ်နေတာကို ပိုနားလည်လာခဲ့ကြတာပါ။
၁၉၅၀ ပြည့်နှစ်များမှာတော့ စိတ်ရောဂါကုသဆေးများ နဲ့ စိတ်ကျရောဂါကုဆေးများ စတင်ပေါ်လာပြီးနောက် စိတ်ရောဂါများကို ကုသနိုင်တဲ့ ရောဂါများ အဖြစ် လူ့အဖွဲ့အစည်းအနေနဲ့ စတင်လက်ခံလာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း သီးခြားထိန်းချုပ်ထားတဲ့နေရာများမှ စိတ်ရောဂါ ဝေဒနာရှင်တွေကို လူမှုအသိုင်းအဝိုင်းများအတွင်း ပြန်လည်နေထိုင်စေရန် community-based care ကို အလေးထား ဆောင်ရွက်လာခဲ့ကြပါတယ်။

👉၂၁ ရာစု (2000s–Present) – လူ့အခွင့်အရေးကို နားလည်လက်ခံလာတဲ့ကာလ

၂၁ ရာစုမှာ စိတ်ကျန်းမာရေးကို ကိုယ်ကျန်းမာရေးနဲ့ ခွဲခြားမထားနိုင်တဲ့ အရေးကြီး အခြေအနေတခုအဖြစ် လက်ခံပေးလာကြပြီး စိတ်ရောဂါများကို ကုသလို့ရတဲ့ ကျန်းမာရေးပြဿနာများ အဖြစ် မြင်လာကြပါတယ်။ နည်းပညာတိုးတက်လာမှုများနှင့်အတူ၊ မီဒီယာနဲ့ လူထုပညာပေးလှုပ်ရှားမှုများ တိုးတက် များပြားလာခြင်းကြောင့် စိတ်ရောဂါအကြောင်း ပြောဆိုနိုင်မှု ပိုမို လွတ်လပ်လာပြီး ခွဲခြားဆက်ဆံခံရတာလည်း လျော့နည်းလာခဲ့ကြပါတယ်။ကောင်းမွန်တဲ့ပြောင်းလဲတိုးတက်မူတစ်ခုဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် စီးပွားရေးဆိုင်ရာဖိအားများ များလားခြင်း၊ လူနေမှုပုံစံများမြန်ဆန် ပြောင်းလဲလာခြင်း၊ ကပ်ဘေးများပိုမိုရင်ဆိုင်လာရခြင်းတို့ကြောင့် စိတ်ကျန်းမာရေး စိန်ခေါ်မှုများကတော့ ဒီနေ့အထိ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီစာစုလေးကို အနှစ်ချုပ်ရရင်တော့

၁၉ ရာစုမှ ၂၁ ရာစုအထိ စိတ်ကျန်းမာရေးအပေါ် လူတို့၏အမြင်များကို လေ့လာကြည့်ပါက
ကြောက်ရွံ့ခြင်း မှ သည် နားလည်ခြင်း၊ နားလည်ခြင်း မှသည် လေးစားခြင်း ဆီသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

စိတ်ရောဂါရှိသူကို ခွဲခြားခြင်း မပြုလုပ်ပဲ၊ နားလည်ပေးခြင်း နဲ့ အကူအညီပေးခြင်းကသာ
လူတစ်ဦးချင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်းအတွက် အကျိုးရှိတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်ခင်ဗျား…

Dr. Soe ( စိတ်ကျန်းမာရေး)

စိတ်ပြဿနာများ တိုင်ပင်ဖို့ Healing Talking By Dr.Soe က အသင့်ရှိနေတယ်နော်

👉👉 ဆွေးနွေးလိုတယ်ဆိုရင်တော့ 09796224231 ကို Phone Call (သို့) Viber တို့ကနေ ဆက်သွယ်နိုင်ပါတယ်။




# Stress
#စိတ်ရောဂါ
#စိတ်ကျန်းမာရေး
#စိတ်ပညာ
#ကျန်းမာရေး

မတူညီတဲ့သက်ရောက်မှုတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ ပြောကြရအောင်ဗျ☺️ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရ...
17/01/2026

မတူညီတဲ့သက်ရောက်မှုတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ ပြောကြရအောင်ဗျ☺️

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရ လူ (၈ ) ဦး မှာ ( ၁ )ဦး ကတော့ ဘယ်အချိန်မဆို စိတ်ရောဂါတစ်မျိုးမျိုးကို ကြုံတွေ့ရနိုင်ပါတယ်လို့ဆိုထားပါတယ်။

စိတ်ကျန်းမာရေးက လူတစ်ဦးရဲ့စိတ်ခံစားမှုသာမက

👉 အလုပ်လုပ်နိုင်စွမ်း
👉 လူမှုဆက်ဆံရေး
👉 ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး
👉 အသက်ရှင်နေထိုင်ရတဲ့အခြေအနေတွေကိုပါ တိုက်ရိုက် သက်ရောက်နေတဲ့ အရေးကြီးတဲ့ ကျန်းမာရေး ဖြစ်ရပ်တစ်ခုပါ။

📌 စိတ်ကျန်းမာရေးအပေါ် သက်ရောက်တဲ့ အခြေခံအချက်များ

WHO နဲ့ Global research များအရ စိတ်ရောဂါများ ဖြစ်ပွားလာခြင်းက အကြောင်းအချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ အောက်မှာဖော်ပြထားတဲ့ အချက်တွေရဲ့ ပေါင်းစည်းမှုကြောင့် ဖြစ်နိုင်ပါတယ်။
အောက်ကအချက်တွေကို ဆက်သွားလိုက်ကြရအောင်

🧬 ကိုယ်ခန္ဓာဆိုင်ရာအချက်များ

(မျိုးရိုးဗီဇ တွေ ၊ ဦးနှောက်တွင်း ဓာတုပစ္စည်းတွေမညီမျှမှုနဲ့ ဟော်မုန်းဓာတ်ပြောင်းလဲမှုများ)

🧠 စိတ်ပိုင်းဆိုင်ရာအချက်များ

(စိတ်ဖိစီးမှုကို ကိုင်တွယ်နိုင်စွမ်း၊ တွေးခေါ်မှု ပုံစံများ)

👥 လူမှုရေးနှင့် ပတ်ဝန်းကျင်အချက်များ

(မိသားစုအခြေအနေ၊ စီးပွားရေးအခက်အခဲ၊ အလုပ်လက်မဲ့ဖြစ်ခြင်းတွေပါ)

ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းက “ စိတ်ကျန်းမာရေးကို လူမှုအသိုက်အဝန်း အခြေအနေတွေက ပုံဖော်ဖန်တီးပေးလိုက်တယ် “ လို့ အထူးအလေးထား ဖော်ပြပေးထားတာကိုလည်း တွေ့ရပါတယ်။

📊 ကျားမ (Gender) မတူညီမှုများ

စိတ်ကျရောဂါ နဲ့ စိုးရိမ်စိတ်ရောဂါများ

👉 အမျိုးသမီးတွေက အမျိုးသားတွေထက် ၁.၅–၂ ဆခန့်ပိုမိုဖြစ်ပွားနိုင်တာတွေ့ရပါတယ်။

အရက်နဲ့မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာရောဂါများ

👉 အမျိုးသားတွေမှာ ပိုမိုမြင့်မားပါတယ်။

မိမိကိုယ့်ကိုအဆုံးစီရင်မှု

👉 အမျိုးသားများက အသက်ဆုံးရှုံးမှု ပိုများတာတွေ့ရပြီး
👉 အမျိုးသမီးတွေက အဆုံးစီရင်ဖို့ ကြိုးစားမှု (attempt) ပိုများကြတယ်လို့ ဖော်ပြထားကြပါတယ်။

ဒီကွာခြားမှုများက လူတဦးတယောက်ရဲ့ အားနည်းတာကြောင့် မဟုတ်ဘဲ လူမှုရေးဖိအားများ၊ ဓေလ့၊ထုံးတမ်းဆိုင်ရာအမြင်များနဲ့အကူအညီရှာဖွေမှုတွေ မတူညီတာကြောင့်လည်းဖြစ်ပါတယ်။

📊 လူမျိုးဘာသာ၊ အသားအရောင် မတူညီမှုများ

အနည်းစု လူမျိုး၊ဘာသာဝင်တို့မှာ စိတ်ဖိစီးတာတွေ ၊စိတ်ကျတာတွေ ၊ ဖြစ်ပွားနိုင်ခြေ ပိုမြင့်ပြီး ၊ ခွဲခြားဆက်ဆံခံရမှု၊ လူမှုရေးအခွင့်အလမ်း မညီမျှမှုများက နာတာရှည်စိတ်ဖိစီးမှုကို ဖြစ်စေပြီး Depression (စိတ်ကျရောဂါ), Anxiety(စိုးရိမ်စိတ်လွန်ကဲခြင်းရောဂါ), PTSD (စိတ်ဒဏ်ရာအလွန်ဖိစီးမှုရောဂါ) များကိုလည်း ဖြစ်စေနိုင်ပါတယ်။

သုတေသနများအရတော့

ခွဲခြားဆက်ဆံခြင်းကို ဆက်တိုက် ခံစားနေရပြီဆိုရင် ဦးနှောက် နဲ့ စိတ်ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်နေပါပြီ။

📍 နေထိုင်ရာ အရပ်ဒေသ မတူညီမှုများ

“မြို့ပြဒေသများမှာ “အလုပ်အကိုင်ဖိအား၊ လူမှုဖိစီးမှုများကြောင့် စိုးရိမ်စိတ်လွန်ကဲခြင်းရောဂါ၊စိတ်ကျရောဂါ များ ဖြစ်ပွားနှုန်းမြင့်တက်ပြီး “ကျေးလက် နဲ့ ဝေးလံဒေသများမှာ “စိတ်ကျန်းမာရေးဝန်ဆောင်မှု ရရှိမှု နည်းတာနဲ့ စိတ်ရောဂါကို မကုသဘဲ လစ်လျူရှူခံထားရမှု ပိုများတာကြောင့် လည်း စိတ်ရောဂါအခြေအနေများ ခပ်စိပ်စိပ်တွေ့ရတာဖြစ်ပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းကတော့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ခြင်းက စိတ်ကျန်းမာရေးရဲ့ အရေးကြီးဆုံး အချက်တစ်ခုလို့ သတ်မှတ်ထားပါတယ်ခင်ဗျာ။

စိတ်ကျန်းမာရေးအပေါ် မတူညီတဲ့သက်ရောက်မှုတွေက ဘယ်လောက်အရေးကြီးလဲဆိုတာ ရဲ့ အဓိက အကျဉ်းချုပ်ကတော့

✔စိတ်ကျန်းမာရေးက လူတိုင်းအတွက် အရေးကြီးဆုံးပါ
✔သိပ်အရေးမကြီးဘူးလို့ထင်တဲ့ လူမှုရေးကိစ္စရပ်များ မတူညီမှုတွေက စိတ်ကျန်းမာရေးကို အမှန်တကယ် ထိခိုက်စေပါတယ်
✔နားလည်မှု၊ မခွဲခြားမှုတွေ ၊ အကူအညီရရှိနိုင်မှုတွေက အသက်ပေါင်းများစွာကို ကယ်တင်နိုင်နေပါတယ်။
အကူအညီတောင်းခြင်းက အားနည်းတာမဟုတ်ဘဲ သန်မာမှုသာဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။

Dr. Soe ( စိတ်ကျန်းမာရေး)

စိတ်ပြဿနာများ တိုင်ပင်ဖို့ Healing Talking By Dr.Soe က အသင့်ရှိနေတယ်နော်
👉👉 ဆွေးနွေးလိုတယ်ဆိုရင်တော့ 09796224231 ကို Phone Call (သို့) Viber တို့ကနေ ဆက်သွယ်နိုင်ပါတယ်။




# Stress
#စိတ်ရောဂါ
#စိတ်ကျန်းမာရေး
#စိတ်ပညာ
#ကျန်းမာရေး


📚 References

World Health Organization (WHO)
Depression and Other Common Mental Disorders
Gender and Mental Health
Social Determinants of Mental Health
Su***de Worldwide

31/12/2025

“ 2026 “ မင်္ဂလာရှိတဲ့ နှစ်သစ် ၊ စိတ် အေးချမ်း တဲ့ နှစ်တစ်နှစ် ဖြစ်ကြပါစေဗျာ 🤩🤩🤩

Address

Yangon
11021

Website

Alerts

Be the first to know and let us send you an email when 𝗛𝗲𝗮𝗹𝗶𝗻𝗴 𝗧𝗮𝗹𝗸 𝗕𝘆 𝗗𝗿.𝗦𝗼𝗲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share