မြင်သာ- Your Clarity Space

မြင်သာ- Your Clarity Space Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြင်သာ- Your Clarity Space, Yangon.

မြင်သာ _Your Clarity Space
သူများအတွက် လုပ်နေရင်း ကိုယ့်ကိုယ်ကို မေ့ခဲ့ဖူးလား?
ဘာဖြစ်ချင်မှန်းတောင် မသိတော့တဲ့ နေရာကို ရောက်ဖူးလား?
ကိုယ့်လမ်းကြောင်းကို ပြန်မြင်နိုင်အောင်၊
နောက်တလှမ်း ရဲရဲလှမ်းနိုင်အောင် —
အတူရှိပေးပါတယ်။

မြင်သာ
🌿 Clarity Coaching

ကိုယ့်ကိုယ်ကို Clarity ရှိဖို့ မေးခွန်းလေးတွေ ဖြေကြည့်ရအောင်...Clarity Exercises 1"What specific goals would you like to...
17/06/2026

ကိုယ့်ကိုယ်ကို Clarity ရှိဖို့ မေးခွန်းလေးတွေ ဖြေကြည့်ရအောင်...

Clarity Exercises 1
"What specific goals would you like to accomplish in the next 3 months from now on?"
ကိုယ့်ဆီမှာ ကန့်သတ်ချက်တွေသာ မရှိခဲ့ရင် အခုကစ နောက် 3 လမှာ ကိုယ်ဖန်တီးချင်တဲ့ ကိုယ်ရဲ့ရည်မှန်းချက်က ဘာဖြစ်မလဲ..

ကိုယ်တိုင် ဖန်တီးချင်တဲ့ အရာကို တွေးကြည့်ဖို့တောင် မရဲတဲ့လူအတွက်တော့ ကိုယ်ဖြစ်ချင်တာ ဖန်တီးနိုင်ဖို့ အလှမ်းဝေးနေဦးမှာပါ..
ခြေလှမ်းသေးသေးလေးက စကြည့်ရအောင်နော်...
အဝေးကြီးကို လှမ်းမမျှော်ကြည့်ခင် နှစ်တနှစ်ကို လေးပိုင်းခွဲပြီး Yearly Quarter အလိုက် Intention တွေ ချကြည့်စေချင်ပါတယ်...

နောက် 3 လ လို့တွေးလိုက်ရင် ကိုယ့်ဘဝရဲ့ ဘယ်စိတ်အပိုင်းကို အားစိုက်ထုတ်မလဲ...

ကျန်းမာရေးလား
ငွေကြေးလား
Personal Development လား...

တခုကိုရွေးပြီး ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ စလုပ်ရမယ်ဆို ကိုယ် ဘယ်ကစလုပ်မလဲ...
Action Plan ကို မြင်အောင် Clear ဖြစ်အောင်လုပ်ပြီး ဒီနေ့ပဲ ချက်ချင်း စလုပ်လိုက်ရအောင်နော်...

#မြင်သာ

🎂 ဒီနေ့က မြင်သာ Page Founder ရဲ့ Birthday မို့ မြင်သာမှာ Follow လုပ်ထားတဲ့ လူတွေကို Gift ပေးချင်တယ်။✨ Free Mini Clarity ...
12/06/2026

🎂 ဒီနေ့က မြင်သာ Page Founder ရဲ့ Birthday မို့ မြင်သာမှာ Follow လုပ်ထားတဲ့ လူတွေကို Gift ပေးချင်တယ်။

✨ Free Mini Clarity Session — 30 မိနစ်

ဘဝရဲ့ တနေရာနေရာမှာ Stuck ဖြစ်နေတယ်၊
ဘာဆက်လုပ်ရမှန်းမသိဘူး၊
ကိုယ့်ကိုယ်ကို ပြန်တွေ့ချင်နေတယ် —

ဆိုရင် ဒီ Session လေး မင်းအတွက်ပဲ။ 🌿

30 မိနစ်အတွင်း —
→ မင်းရဲ့ Situation ကို အတူကြည့်မယ်
→ Clarity တစက် ရသွားအောင် လုပ်ပေးမယ်
→ နောက်တလှမ်း ဘာလုပ်ရမလဲ သိသွားမယ်

🎂 ဒီလ (Birthday Month) အတွင်းသာ
🎂 ၅ နေရာသာ ဖွင့်ပေးမယ်

Apply လုပ်ဖို့ →
Comment မှာ "စိတ်ဝင်စားတယ်" ရေးပါ..
Pages ကို Like မလုပ်ရသေးရင် Like လုပ်ပေးပါ..
Post လေးကို Public Share ပေးပါနော်..
မြင်သာဘက်က Google Link လေး ပို့ပေးပါ့မယ်..

ကိုယ့်အတွက်ကိုယ် ပြနရှာဖို့ Clarity Call မှ
မင်းကို ကြိုဆိုပါတယ် 🌿

#မြင်သာ


မနက်ဖြန် မြင်သာ မှ တခုခု Special ရှိပါတယ် ✨ဘာလဲဆိုတာကတော့ Please Stay Tuned 🌿 #မြင်သာ
11/06/2026

မနက်ဖြန် မြင်သာ မှ တခုခု Special ရှိပါတယ် ✨
ဘာလဲဆိုတာကတော့ Please Stay Tuned 🌿
#မြင်သာ

အရင်ပတ်က Morning Pages လေးတွေ ရေးပြီး ကိုယ့်ကိုယ်ကို Self-awarness ရအောင် လုပ်ဖို့လေး ဝေမျှခဲ့ပါတယ်...Morning Pages လေးတ...
07/06/2026

အရင်ပတ်က Morning Pages လေးတွေ ရေးပြီး ကိုယ့်ကိုယ်ကို Self-awarness ရအောင် လုပ်ဖို့လေး ဝေမျှခဲ့ပါတယ်...
Morning Pages လေးတွေက တဆင့် ကိုယ့်ကိုယ်ကို ပိုသိလာသလို ကိုယ်လစ်လျှူရှုထားတဲ့ ကိုယ်မမြင်ချင်ယောင်ဆောင်ထားတဲ့ ကိုယ့်ရဲ့အနာတွေ၊ Dark side တွေပါ ပေါ်လာနိုင်တာမို့ ကိုယ့်ကိုယ်ကို ပြန်ပြီး Self-Care လုပ်နိုင်မယ့် နည်းလေးတွေ ဝေမျှပေးချင်ပါတယ်...
အရေးကြီးဆုံး စလုပ်ရမယ့်အချက်က Acceptance ပါ.. ဖြစ်နေတာကို အရှိအတိုင်း လက်ခံရပါ့မယ်..
လက်ခံပြီးတဲ့နောက်မှာ Release & Let's go လုပ်ရပါ့မယ်.. ကိုယ်မှားခဲ့တာကို မှားခဲ့ကြောင်းလက်ခံပြီး ကိုယ့်ကိုယ်ကို ခွင့်လွတ်ပေးပြီး ကိုယ်မလိုချင်တော့တာတွေ၊ မဖြစ်ချင်တော့တဲ့ Old Patterns တွေကို Release and Let's go လုပ်ရပါ့မယ်...
လုပ်လို့ရတဲ့ နည်းတွေကတော့ အများကြီးပါ..
Forgiveness Letter ရေးမယ်.. Releasing and Letting Go Meditation တွေလုပ်မယ်.. Cord Cutting Rituals တွေ လုပ်မယ်.. Ho'oponopono Meditation, Healing Sounds တွေ နားထောင်မယ်.. ကိုယ်အဆင်ပြေသလို ကိုယ်ကြိုက်တဲ့ ကိုယ်နဲ့ကိုက်တဲ့ အရာတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်လို့ရပါ့မယ်...
ကိုယ့်ရဲ့ Higher Version မှာ ကိုယ့်ကိုယ်ကို ဘယ်လို မြင်ချင်လဲ ပြန်တည်ဆောက်ပါ့မယ်...
ကိုယ့်ကိုယ်ကို အချိန်တခုပေးပြီး Self-Care Activities တွေလုပ်မယ်၊ ကိုယ်နဲ့ကိုယ် Me time ယူပြီး ကိုယ်တကယ်ကြိုက်တဲ့ လုပ်ချင်တဲ့ အရာတွေကို အချိန်ပေးပြီး လုပ်ပါ့မယ်..
ကျွန်မတို့ အမျိုးသမီးတွေ အထူးသဖြင့် အလုပ်လုပ်နေကြတဲ့ မိခင်တွေအတွက် ပိုပြီး ကိုယ့်ကိုယ်ကို အချိန်ပေးရမယ်ဆို အချိန်ရှာမရဘူး၊ မအားဘူးဖြစ်တတ်ကြပါတယ်.. အနည်းဆုံး တပတ်ကို တရက်၊ တရက်ကို တနာရီလောက် ဘယ်သူ့အတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်ကို အချိန်တခုပေးပြီး Artist Date လုပ်ကြည့်စေချင်ပါတယ်...
ကျွန်မ ဘာလုပ်လေ့ရှိလဲ..
*အေးအေးဆေးဆေးရှိတဲ့ ကော်ဖီဆိုင်တဆိုင် သွားထိုင်ပြီး စာအုပ်ဖတ်ပါတယ်၊ စာရေးပါတယ်၊ တခါတလေ ဘာမှမလုပ်ပဲ ကော်ဖီကို အရသာခံသောက်ပြီး ဟိုငေးဒီငေး ဟိုတွေးဒီတွေး လုပ်ပါတယ်...
*အလုပ်နဲ့ မဆိုင်တဲ့ ကိုယ်ဝါသနာပါတဲ့ Workshop တွေ Join ပါတယ်... (Watercolour Painting/ Floral Arrangement/ Art Therapy လိုမျိုး Session တခုစာ Workshop လေးတွေ join ပါတယ်)
*တယောက်တည်း ရုပ်ရှင်ရုံသွားပြီး Romanace Drama/ Healing Drama ကားတွေ ကြည့်ပါတယ်..
* ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေရဲ့ Show ပွဲသွားပြီး စိတ်လွတ်ကိုယ်လွတ် သီချင်းတွေလိုက်ဆိုပြီး ကပါတယ်..
ကိုယ်အတွက်ဆိုရင်ကော ကိုယ်ဘာတွေ လုပ်ချင်လဲ၊ ဘာတွေ လုပ်ဖို့ အတွေးရလိုက်လဲ..
ချရေးကြည့်ပါ.. ဖြစ်နိုင်ရင် ဘယ်နေ့မှာလုပ်မယ်ဆိုပြီး ဘေးနားမှာ Date လေးဖြည့်ပြီး လုပ်ဖြစ်အောင် စလုပ်ကြည့်လိုက်ပါနော်...
#မြင်သာ

ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတဲ့လမ်းမှာ ကိုယ့်ကိုယ်ကို Self Awareness ရဖို့က ပထမပါ...Journaling ဆိုတဲ့ Tools ကို တော်တော်မျာ...
02/06/2026

ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတဲ့လမ်းမှာ ကိုယ့်ကိုယ်ကို Self Awareness ရဖို့က ပထမပါ...
Journaling ဆိုတဲ့ Tools ကို တော်တော်များများ သိပြီးကြမှာ ဖြစ်သလို လုပ်လည်း လုပ်ဖူးကြမယ်လို့ ထင်ပါတယ်...
Gratitude Journaling, Reflective Journaling အပြင် တနေရာရာက ရတဲ့ Self Coaching Journaling တွေ ကျွန်မကိုယ်တိုင်လည်း Challenge တွေ သင်တန်းတွေ တက်ပြီး အချိန်အတိုင်းအတာ တခုထိ ရေးဖြစ်ခဲ့ပါတယ်...
"Morning Pages" ဆိုတဲ့ အသုံးအနှုန်းကို ကျွန်မရဲ့ သင်ဆရာတစ်ယောက်ဖြစ်တဲ့ မထက်ရည်ဆီက စကြားခဲ့ဖူးတာပါ... အမက The Artist Ways စာအုပ်လုပ်ဖို့ guide ပေးတော့ အဲ အသုံးနှုန်းလေး သိလိုက်ရပြီး လက်တွေ့ ကျင့်သုံးဖြစ်တယ်...
"Morning Pages" ဆိုတဲ့ အတိုင်း မနက်ခင်းမှာ စာချရေးတာပါ.. အရင်လုပ်နေကျ Journaling Techniques တွေနဲ့ ဘာကွာလဲဆိုတော့ Morning Pages မှာ ဘာအကန့်အသတ်၊ အနှောင်အဖွဲ့မှ မရှိပဲ ခေါင်းထဲရှိတာ အတွေးထဲမှာ ပေါ်လာသမျှ အားလုံးကို စာရွက်တွေပေါ်မှာ ချရေးပြီး အန်ထုတ်တာပါ...
The Artist Ways မှာတော့ မနက်ပိုင်း အိပ်ရာထထချင်း ကိုယ့်အတွက်ကို 15 မိနစ်လောက် အချိန်ပေးပြီး တနေ့ကို စာမျက်နှာ 3 မျက်နှာချရေးခိုင်းပါတယ်... စစချင်းကတော့ ဘာတွေချရေးရမှာလဲ.. 3 မျက်နှာတောင်များလိုက်တာလို့ တွေးမိနေမှာ ဖြစ်ပေမယ့် ရေးရင်းနဲ့ တရက်ကို 4-5 မျက်နှာဖြစ်သွားမှာ တွေ့ကြရမှာပါ.. ဘာတွေရေးရမလဲ ဆိုတာမှာ ဘာအကန့်အသတ်မှ မရှိပဲ ခေါင်းထဲ အတွေးထဲမှာ ရှိသမျှ ချရေးရုံပါပဲ.. မနက် ထလာလို့ ခေါင်းထဲမှာ ဗလာဖြစ်နေရင်တောင် ဒီနေ့ ချရေးစရာ ဘာမှမရှိကြောင်း အစပြုပြီး ချရေးကြည့်စေချင်ပါတယ်...
ကျွန်မအတွက် Morning Pages တွေက ဘာရလိုက်လဲ...
ကိုယ်ထင်မထားတဲ့ ကိုယ်မမြင်တဲ့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေ၊ စိတ်ထဲက မကျေနပ်ချက်တွေ လက်ရှိ ဖြစ်နေသမျှ ကိုယ်ကြိုက်မနေတဲ့ ကိုယ်ရဲ့ Pattern ရဲ့ Main Source တွေ ပေါ်လာပါတယ်... ဆေးမထည့်ပဲ ရှောင်ပေးနေတဲ့၊ မမြင်ချင်ယောင်ဆောင်ထားတဲ့ အနာတွေကို ဆေးထည့်ခွင့်ရသလို ကိုယ့်ကိုယ်ကို အရှိအတိုင်း ပိုလက်ခံနားလည်လာပြီး Forgiveness letter တွေရေး၊ Let's go လုပ်ရမယ့်အရာတွေကို လွတ်ချလာနိုင်ပါတယ်.. စိတ်ရဲ့ အထုံးတွေ ဖြေချရမယ့် အရာတွေ မြင်လာတော့ ဖြေဖို့ ကြိုးစားလာနိုင်ပါတယ်...
"Morning Pages" ချရေးပြီး Week 2 လောက်မှာ ကျွန်မရဲ့ Morning Pages မှာ အများဆုံး ချရေးဖြစ်တဲ့ အရာကတော့ "Ho'oponopono Mentra" ပါ...
ချရေးလိုက်၊ ငိုလိုက်၊ ကိုယ့်ကိုယ်ကို ခွင့်လွတ်ဖို့ ကြိုးစားလိုက်နဲ့ Journey တခု ဖြတ်သန်းခဲ့ရပါတယ်..
"I am Sorry
Please forgive me!
I am thank you
And I love you!" လို့ Morning Pages တွေရဲ့ အဆုံးသတ်မှာ ချရေးပြီး လျစ်လျူရှူခဲ့မိတဲ့ ကိုယ့်ကိုယ်ကို တောင်းပန်ရင်း ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတဲ့ လမ်းကို ဖြတ်သန်းခဲ့ပါတယ်..
ကျွန်မအတွက် အရမ်း Powerful ဖြစ်တဲ့ Tool လေးတခုမို့ မျှဝေပေးရင်း လိုက်လုပ်ကြည့်ဖို့လည်း တိုက်တွန်းပါရစေ..
လုပ်နေရင်းနဲ့ တယောက်တည်း မွန်းကြပ်လွန်းလို့ ထွက်ပေါက်ရှာမရတာမျိုး ဖြစ်လာခဲ့ရင် အကူအညီလိုအပ်လာရင် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ Coaches/ Counsellor တွေဆီက အကူအညီယူလို့ ရပါတယ်နော်.. မြင်သာ ဆီ စာပို့လို့လည်း ရပါတယ်..
ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတဲ့လမ်းမှာ အဆင်ပြေ ချောမွေ့ပါစေ...

_မြင်သာ - Your Clarity Space🌿
#မြင်သာ

"နင်ဘာဖြစ်ချင်လဲ" ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးဖို့ မေ့နေခဲ့တာ ဘယ်လောက်ကြာပြီလဲ..ကျွန်မကိုယ်တိုင်လည်း အချိန်တ...
31/05/2026

"နင်ဘာဖြစ်ချင်လဲ" ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးဖို့ မေ့နေခဲ့တာ ဘယ်လောက်ကြာပြီလဲ..
ကျွန်မကိုယ်တိုင်လည်း အချိန်တော်တော်ကြာတဲ့အထိ အဲမေးခွန်းကို မေးဖို့ သတိကို မရခဲ့တာပါ...
မိသားစုတာဝန်ကို ထမ်းထားတဲ့ အမျိုးသမီးတယောက်မို့ ကိုယ့်အတွက်ဆိုတာထက် သားအတွက်၊ အမျိုးသားအတွက်၊ မိဘအတွက် ဆိုတာအပြင် ကိုယ်တိုင်က ငွေရှာနိုင်တဲ့လူတယောက်မို့ ကိုယ့်ဟာကို သူများထမ်းရမယ့် တာဝန်တွေပါ ငါလုပ်နိုင်တယ် ဆိုတဲ့ အတ္တတစ်ခုဲ့ ကိုယ်တိုင်မသိလိုက်ပဲ တာဝန်ယူလိုက်မိတဲ့ အရာတွေ များလာတယ်...
ကြာလာတော့ လူက "ငါချည်းပဲ လုပ်နေရတယ်၊ ငါ့ကို ကျတော..." ဆိုတဲ့ အတွေးတွေ ဝင်လာတယ်... လွှတ်ချလိုက်ဖို့ကလည်း ကိုယ်တိုင်စခဲ့တဲ့ ဇာတ်လမ်းကို တဝက်တပျက် အဆုံးသတ်ဖို့ ကိုယ့်ကိုယ်ကို ခွင့်မပြုနိုင်သလို Boundary Set လုပ်ပါ၊ Limit တခုထားပါလို့ သိနေပေမယ့် အပြောလွယ်ပေမယ့် တကယ်ကျတော့ လုပ်ဖို့ ခဲယဉ်းခဲ့တယ်...
နောက်ပိုင်းကျတော့ ဒီလိုခံစားရတာက ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ချစ်ဖို့ မေ့နေခဲ့လို့ ဆိုတဲ့ အဖြေ တွေ့လာတယ်...
"ငါက ဂရုစိုက်ပေးနေပေမယ့် သူတို့ကျတော့.. " ဆိုတဲ့ ခံစားချက်နောက်ကို နက်နက်သွားလိုက်တော့ "သူတို့သာ ဂရုမစိုက်ဘူး ပြောနေတာ နင့်ကိုနင်ကကော ကိုယ့်ကိုယ်ကို ချစ်ပေး ဂရုစိုက်ပေးနေလို့လား" ဆိုတဲ့ မေးခွန်း ထွက်လာတယ်...
အနာသိတော့ ဆေးထည့်ဖို့ သိလာတယ်...
အရင်က ရှာသမျှ ပိုက်ဆံတွေ အကြောင်းပြချက်ပေါင်းစုံနဲ့ သူများတွေ လိုအပ်တာ ‌ဖြည့်ဆည်းပေးရင်း ကိုယ့်အတွက်ကို မေ့နေခဲ့ရာကနေ Income Percentage တခုကို ကိုယ့်အတွက် Fun Fund ချန်ဖို့၊ ကိုယ့်အတွက် ကို Self Date/ Me time ပေး ဖြစ်လာတယ်...
တကယ်လို့သာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်ပေးဖို့ သတိထားမိလာရင် ကိုယ်ဘာစလုပ်ဖြစ်မလဲ...
ကျွန်မကတော့ တယောက်တည်း အေးအေးလူလူ Coffee ဆိုင်ထိုင်တာနဲ့ တပတ်တရက် အချိန်ပေးပြီး ပန်းချီဆွဲတာ လုပ်ဖြစ်နေတယ်...
အဲလို စလုပ်ဖြစ်ခဲ့ရင် အရင်ကကိုယ်နဲ့ အခုကိုယ် ဘာပြောင်းလဲသွားလဲ ဆိုတာလေး comment မှာ ပြန်လာ Share ပေးပါဦးနော်..

_မြင်သာ- Your Clarity Space
#မြင်သာ

မြင်သာ- Your Clarity Space က ကြိုဆိုပါတယ်..တချိန်တုန်းက ကျွန်မဟာ သူများတွေ အဆင်ပြေဖို့ တွေးပေးရင်း၊ သူများအတွက် လုပ်နေရင...
30/05/2026

မြင်သာ- Your Clarity Space က ကြိုဆိုပါတယ်..

တချိန်တုန်းက ကျွန်မဟာ သူများတွေ အဆင်ပြေဖို့ တွေးပေးရင်း၊ သူများအတွက် လုပ်နေရင်းနဲ့ ကိုယ်ကိုယ်ကို မေ့နေခဲ့တဲ့ လူတယောက်ပါ...

ဘယ်လောက်တောင် မေ့နေခဲ့လဲ ဆို "ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲ" လို့မေးခဲ့ရင်တောင် ဖြေစရာအဖြေမရှိခဲ့ဘူး..

ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့ဖို့ ခရီးလေးတခု လျှောက်ခဲ့ရတယ်..

ဒီ Page လေးကို နောက်တဖန် အသစ်တခုအနေနဲ့ အစပြုဖို့ ဖန်တီးချင်ပါတယ်..

ဒီနေရာမှာ..
*ဘာဆက်လုပ်ရမယ်မှန်းမသိ ဖြစ်နေတဲ့လူတွေ
*သူများတွေအတွက် ရှင်သန်နေရင်း ကိုယ့်ကိုယ်ကို မေ့နေတဲ့လူတွေ
*နောက်တလှမ်း လှမ်းချင်သေးပေမယ့် ဘယ်ဘက်ကို လှမ်းရမယ်မှန်း မသိသေးတဲ့လူတွေ

ကျွန်မလို လူတွေအတွက် Clarity Space လေးတခုပါ...

တယောက်တည်းမဟုတ်ပါဘူး...
အတူရှိနေပေးပါ့မယ်..

_မြင်သာ - Clarity Coaching
#မြင်သာ

ဒီနေ့ 222 Energy Portal ပွင့်တဲ့နေ့မို့ Activation တွေ Meditation တွေ လုပ်ဖို့ ကောင်းတဲ့ နေ့လေးပါ...ကိုယ့်ရဲ့ Energy ကို...
22/02/2026

ဒီနေ့ 222 Energy Portal ပွင့်တဲ့နေ့မို့ Activation တွေ Meditation တွေ လုပ်ဖို့ ကောင်းတဲ့ နေ့လေးပါ...
ကိုယ့်ရဲ့ Energy ကို Purification လုပ်ဖို့ အကောင်းဆုံးမို့ 7 Chakra Meditation တွေ ထိုင်ဖို့ တိုက်တွန်းချင်ပါတယ်...
မနက်က 222 မှန်း သတိရသွားလို့ AY ရဲ့ 222 Portal Activation လေး လုပ်ဖြစ်သွားတယ်.. အဲမှာလည်း အမက 7 Chakra Energy Activation လေး လုပ်ပေးထားတာပါ...
ဘယ်ဟာလုပ်ရမယ်မှန်း မသိဘူးဆိုရင်တော့ မချောလုပ်ပေးဖူးတဲ့ 7 Chakra Energy Purification Meditation Link လေး Comment မှာ Share ပေးထားပါတယ်...

Address

Yangon
111111

Opening Hours

Monday 17:00 - 21:00
Tuesday 17:00 - 21:00

Website

Alerts

Be the first to know and let us send you an email when မြင်သာ- Your Clarity Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share