02/01/2026
မင်္ဂလာ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလိူ့ ဆုတောင်းပေးလိုက်ပါတယ်။
၂၀၂၆ခုနှစ်မှာလည်း Bella ရဲ့ Stardust တို့ သူများအတွက် မစဉ်းစားခင် ကိုယ့် အတွက် ကိုယ် အရင် စဉ်းစားပေးပါ။🤗
သူများကို သဲသဲလှုပ် မချစ်ခင် ကိုယ့်ကိုကိုယ် သဲသဲလှုပ် မက အပုံလိုက် အောပြီး အရင်ချစ်ပေးပါ။🥰
သူများ အတွက် ကိုယ့်ကိုကိုယ် အနစ်နာခံပြီး ကိုယ်ကျိုးမစွန့်ခင် ကိုယ့်အတွက်ကိုယ် အရင် အားသွန်ခွန်စိုက် ရေကုန်ရေခန်း အရင်ကြိုးစားလိုက်ပါ။😘
💰💲 ၂၀၂၆ ခုနှစ်မှာတော့ Stardust လေးတို့ မိမိရဲ့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို မမေ့မလျော့ပဲ အမြဲ စည်းကပ်ပါ
၂၀၂၆ခုနှစ်ဟာ ကိုယ်က စိတ်သန့်သန့်နဲ့ လှူတန်းသမျှဟာ မိမိရဲ့ ငွေကံကို မြင့်စေမယ့် နှစ် ၁နှစ်ပဲဖြစ်လို့ အလှူအတန်းလုပ်ရင်သဒ္ဒါတရားစိတ် သန့်သန့်လေးနဲ့ ကိုယ်ပိုင်ပါဝင်လှူဒါန်းပါ၊ 😇
😇လှူဒါန်းပြီးရင် ဘဝဟောင်း ဘဝသစ်နဲ့ လက်ရှိဘဝ တို့မှာ တော်စပ်ခဲ့ဖူးသော တော်စပ်နေသော မိမိအား စောင့်ရှောင့်နေသော အစောင့်အရှောက်များ၊ ဘိုးတော် မယ်တော်များ၊ မိဘ ဆွေမျိုး ဆရာသမားများနဲ့ မိတ်ဆွေတို့ ကို ရည်စူးပြီး အမျှဝေကာ သာဓုခေါ်ပါလို့ Bella အကြံပြုလိုက်ပါတယ်။
Stardust တို့နဲ့ တကွ ၃၁ဘုံ ကျင်လည်ကုန်သော အနန္တစကြာဝဠာ အနန္တသတ္တဝါတို့ ရွှင်လန်းချမ်းမြေ့ကြပါစေ။