Dr.Neonate - နီယိုနိတ်

Dr.Neonate - နီယိုနိတ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Neonate - နီယိုနိတ်, Medical and health, Yangon.

Happy Labour Day!Just a little reminder — all the hard work you’re putting in now is building something amazing for your...
01/05/2025

Happy Labour Day!

Just a little reminder — all the hard work you’re putting in now is building something amazing for your future.

Proud of you. Keep shining, one step at a time. 🌟💬

#နီယိုနိတ်

ပျော်ရွှင်စရာ တန်ဆောင်ပွဲတော်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။     #နီယိုနိတ်  #ဒေါက်တာနီယိုနိတ်
15/11/2024

ပျော်ရွှင်စရာ တန်ဆောင်ပွဲတော်ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

#နီယိုနိတ် #ဒေါက်တာနီယိုနိတ်

Happy Dipawali❤️
01/11/2024

Happy Dipawali❤️

🪔Happy Dipawali🪔

#နီယိုနိတ်

🪔Happy Dipawali🪔 #နီယိုနိတ်
01/11/2024

🪔Happy Dipawali🪔

#နီယိုနိတ်

👩🏻‍🍼မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း👩🏻‍🍼❗️မွေးစမှ၂၈ရက်ထိကိုမွေးကင်းစကလေး(Neonates)လို့ခေါ်ပါတယ်။  ❗️ပေါင်မပြည့်ကလေးဆိ...
30/10/2024

👩🏻‍🍼မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း👩🏻‍🍼

❗️မွေးစမှ၂၈ရက်ထိကိုမွေးကင်းစကလေး(Neonates)လို့ခေါ်ပါတယ်။

❗️ပေါင်မပြည့်ကလေးဆို တာကတော့ မွေးဖွားချိန်၂ ဒသမ ၅ကီလိုဂရမ်၊ (၅ဒသမ ၅ )ပေါင်ထက်နည်းတဲ့ ကလေးကို ခေါ်ပါတယ်။

❗️သေးငယ်တဲ့ကလေးဆိုတာကတော့ မွေးဖွားချိန် ၁ ဒသမ ၅မှ၂ ဒသမ ၅ ကီလိုဂရမ် ကြားသို့မဟုတ် ၃ ဒသမ ၃မှ ၅ ဒသမ သုညပေါင်ကြားရှိတဲ့ကလေးကိုခေါ်ပါတယ်။

❗️အလွန်သေးငယ်တဲ့ကလေးဆိုတာမွေးစကိုယ်အလေးချိန်၁ ဒသမ ၅ ကီလိုဂရမ်( ၃ ဒသမ၃ ပေါင်)ထက်နည်းတဲ့ ကလေးကိုခေါ်တယ်။

4️⃣ မွေးစကလေး(Neonates)ရဲ့ လိုအပ်ချက်(၄)ရပ်မှာ ကာကွယ်ပေးဖို့၊ ပုံမှန်အသက်ရှူဖို့၊ နွေးထွေးစွာထားဖို့၊ အစာကျွေးဖို့ပဲဖြစ်တယ်။

💢 တစ်ခုသတိပြုသင့်တာကမွေးစကလေးကိုမကိုင်မီနဲ့ကိုင်ပြီးတိုင်းလက်ကိုဆပ်ပြာ၊ ရေတို့နဲ့စက္ကန့်၂၀ ကြာပွတ်တိုက်ဆေးကြောဖို့ လိုတယ်။

‼️မွေးစကလေး အန္တရာယ်ရှိကြောင်းညွှန်ပြတဲ့
လက္ခဏာတွေက အသက်ရှူမြန်ခြင်း၊ (တစ်မိနစ်အကြိမ်၆၀နဲ့ အထက်ရှိခြင်း)၊ အသက်ရှူစဉ်ပြင်းထန်စွာ ရင်ဘတ်ချိုင့်ဝင်ခြင်း၊ အသက်ရှူစဉ်နှာခေါင်းဝလှုပ်ရှားခြင်း၊ ညည်းသံကြားရခြင်း(လည်ချောင်းတစ်ဆို့နေသလိုဖြစ်ခြင်း)၊တက်ခြင်း၊သတိလစ်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ ပျော့ဖတ်ခြင်း၊ မွေးပြီး ၆ နာရီကျော်တဲ့ထိနို့မစို့ခြင်း၊ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ထိဖျားခြင်း၊ ကိုယ်အပူချိန်လျော့နည်းခြင်း၊ ၃၅ ဒီဂရီစင်တီဂရိတ်အောက် နွေးအောင်လုပ်ပေမယ့် ပြန်နွေးမလာခြင်း၊ ချက်မှပြည်ထွက်ခြင်း၊ သွေးယိုခြင်း၊ ချက်ပတ်ဝန်းကျင်အရေပြားနီမြန်းကာရောင်ရမ်းခြင်း၊ အထိမခံနိုင် အောင်နာခြင်း၊ အရေပြားမှပြည်ဖု ၁၀ခုထက်ပိုခြင်းတို့ ဖြစ်တယ်။

🪶အရေပြားရှိပြည်ဖုများမှ ၂၄နာရီမပြည့်မီ မျက်နှာမှာအသားဝါတွေ့ခြင်း၊ နှစ်ရက်သားအရွယ်နောက်ပိုင်းခြေဖဝါး၊ လက်ဖဝါးများဝါနေခြင်းတို့ ဖြစ်တယ်။

👶 မွေးကင်းစကလေးအသားဝါခြင်းရှိ၊ မရှိ သိရှိဖို့နေ့အလင်းရောင်လုံလောက်တဲ့နေရာမှာ ကလေးရဲ့နဖူး၊ ရင်ဘတ်၊ ဝမ်းဗိုက်သား၊ ပေါင်၊ ခြေဖဝါး၊ လက်ဖဝါးတို့မှာလက်မနဲ့ အသာအယာအတန်ကြာနှိပ်ပြီးနောက် ပြန်လွှတ်လိုက်တဲ့ အချိန်မှာတွေ့ရှိရတဲ့ အရောင်ကိုကြည့်ဖို့လိုပါတယ်။

👶 မွေးပြီးစမှာ ဝမ်းဗိုက်ကိုကြည့်သင့်တယ်။ အလွန်ဖြူဖျော့ခြင်း၊ မှိန်းခြင်း၊ နှိုးရခက်ခြင်း၊ ဂနာမငြိမ်ခြင်း၊ လတ်တလောမွေးလာတဲ့ အလွန်သေးငယ်တဲ့ကလေး၊ မိခင်မှနေမကောင်းတဲ့ ပုံသဏ္ဌာန်ရှိတယ်ထင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်ဖောင်းခြင်းတို့ ဖြစ်တယ်။

✅ မွေးကင်းစကလေးကို နွေးထွေးအောင်ထားရပါတယ်။ ကလေးကိုမိခင်နဲ့အတူ သိပ်သင့်ပါတယ်။ အခန်းတွင်းအတူသိပ်သင့်ပါတယ်။ မိခင်လက်လှမ်းမီတဲ့နေရာမှာသိပ်သင့်ပါတယ်။ ကလေးကိုမိခင်နဲ့ အသားချင်း ထိတွေ့ပွေ့ဖက်ထားရပါမယ်။ မွေးပြီးတစ်နာရီအတွင်းကလေးကို မိခင်နို့တိုက်ကျွေးသင့်ပါတယ်။ နို့ဆာတိုင်းမိခင်နို့ကိုစို့ခိုင်းသင့်ပါတယ်။

✅ ကလေးနဲ့မိခင်နေတဲ့အခန်းဟာနွေးဖို့လိုပါတယ်။ လေအေးမဝင်စေသင့်ပါ။ အေးတဲ့ရာသီမှာကလေးနေတဲ့ အခန်းတစ်ခန်းလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသနွေးစေသင့်တယ်။ အခန်းမနွေးပါက မိခင်နဲ့အသားချင်း ထိကပ်ထားသင့်ပါတယ်။ အပေါ်မှစောင်တစ်ထည်ထပ်ခြုံသင့်ပါတယ်။

✅ ကလေးကိုအဝတ်အစားဝတ်သင့်ပါတယ်။အနှီးနဲ့ထွေးပတ်ထားသင့်တယ်။ ဦးထုပ်ဆောင်းထားသင့်ပါတယ်။ ဦးထုပ်မရှိရင်အနှီးနဲ့ဦးခေါင်းကိုလုံအောင် ပတ်ထားသင့်တယ်။ မွေးစကလေးတွေဟာ အခြားအရွယ်ကလေးများ၊ လူကြီးများထက် အဝတ်အစားတစ်ထပ်ပိုဝတ်ဖို့ လိုပါတယ်။ ကလေးကို ပုခက်ထဲ သိပ်ရင်အောက်ခံ အခင်းများ နွေးထွေးစေဖို့ အသေအချာ ကြည့်သင့်တယ်။

✅ ကလေးကို အေးနေတဲ့၊ စိုနေတဲ့ အခင်းပေါ်မှာ ဘယ်အခါမျှမထားသင့်ပါဘူး။ ကလေးကို ဝတ်ပေး တဲ့ အဝတ်များကိုလည်း နွေးသင့်တယ်။

✅ ကလေးရှူးပေါက်ထားရင် ချက်ချင်းလဲသင့်တယ်။
တကယ်လို့ခြေဖျား၊ လက်ဖျားအေးနေရင်မိခင်နဲ့အသားချင်းကပ်ပြီး နွေးထွေးစေသင့်တယ်။ သေးငယ်တဲ့ ကလေးများကို နွေးထွေးစွာထားဖို့ အရေးကြီးတယ်။

💢 ကလေးနွေးထွေးမှုရှိ၊ မရှိ ၄နာရီတစ်ကြိမ် ကလေးခြေဖျား၊ လက်ဖျားများကိုင်တွယ်စမ်းသပ်ကြည့်သင့်တယ်။ ကလေးကိုမွေးပြီးပြီးချင်း ရေမချိုးသင့်ပါဘူး။ ချက်ကျွေပြီးမှရေချိုးသင့်ပါတယ်။

💢 ကလေးကိုရေချိုးတဲ့အခါရေချိုးခန်းကနွေးနေသင့်တယ်။ ရေနွေးနဲ့သာ ရေချိုးပေးသင့်တယ်။ ရေချိုးပြီး ရင်ခြောက်သွေ့နေအောင် သေချာစွာ သုတ်ပေးသင့်တယ်။ ရေချိုးအပြီးကလေးကို နွေးထွေးအောင် ထားသင့်တယ်။ စောင်တစ်ထည်ထပ်ခြုံသင့်တယ်ရာသီဥတုအေးနေရင်တော့ ရေမချိုးသင့်ပါဘူး။

💢 အေးနေတဲ့ကလေးကို နွေးထွေးအောင်ပြုလုပ်သင့်ပါတယ်။ ကလေးကိုနွေးတဲ့ အခန်းမှာထားသင့်ပါတယ်။ ဝတ်ထားတဲ့ အဝတ်တွေချွတ်ပြီး နွေးတဲ့အဝတ်လဲလှယ်ဝတ်ပေးသင့်ပါတယ်။ အဝတ်အစားအသင့်မရှိရင် နွေးပြီးသန့်စင်အောင် ဖွတ်ထားတဲ့အဝတ်စ သို့မဟုတ်အနှီးစနဲ့ ခေါင်းပါလုံအောင် ထုပ်သင့်တယ်။ မိခင်ရင်ဘတ်ပေါ်တင်ပြီး မိခင်ကအသားချင်းထိကပ်အောင် ပွေ့ချီမပြီးထားသင့်ပါတယ်။ စောင်အပိုတစ်ထည်ကို အပေါ်က ထပ်ခြုံပေးသင့်ပါတယ်။ တစ်နာရီတစ်ကြိမ်၊ ခြေဖျား၊လက်ဖျားစမ်းကာ ကိုယ်အပူချိန်တိုင်းသင့် ပါတယ်။ ပုံမှန်အပူချိန်ပြန်ရတဲ့ထိ နေသင့်ပါတယ်။

🍀 အဝတ်တွေအေးနေရင် ကလေးအဝတ်များချွတ်ကာ၊ နွေးတဲ့အဝတ်များ လဲလှယ်ပေးဖို့လိုပါတယ်။

🍀 မိခင်နဲ့ကလေးအသားချင်းထိကပ်ဖို့ မိခင်ဟာရှေ့ခွဲအင်္ကျီဝတ်ဆင်ထားပြီး အတွင်းခံကိုချွတ်ထားဖို့ လိုတယ်။ မွေးကင်းစကလေး အပူချိန်ကိုချိုင်းကြားမှတိုင်းကာ ၁ဒီဂရီဖာရင်ဟိုက် ပေါင်းသင့်ပါတယ်။

🍀 ကိုယ့်လက်ကို ဆပ်ပြာနှင့်ဆေးသင့်ပါတယ်။ လက်ကို ခြောက်အောင်ပြုလုပ်သင့်တယ်။ တစ်ခါသုံး လက်သုတ်ပဝါရှိပါကအသုံးပြုနိုင်တယ်။ ပြဒါးတိုင်သန့်ရှင်းရန် ဂရုစိုက်သင့်ပါတယ်။ ၃၀ ဒီဂရီအမှတ် အောက်ရောက် တဲ့ထိခါပြီးမှ တိုင်းသင့်ပါတယ်။ ပြဒါးတိုင်ရဲ့ငွေရောင် သို့မဟုတ် အနီရောင်ဖု အဆုံးပါတဲ့ဘက်ကို ကလေးရဲ့ လက်မောင်းအောက်မှ ချိုင်းကြား အလယ်ကို ရောက်အောင် ထည့် သင့်ပါတယ်။

🍀 ကလေးလက်မောင်းကို သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ညင်သာစွာ ဖိကပ်ထားသင့်ပါတယ်။ ပြဒါးတိုင်ကို ၅မိနစ်ထိ ထားသင့်ပါတယ်။ ပြဒါးတိုင်ပြန်ထုတ်ပြီးကိုယ်အပူချိန်ကို ဖတ်နိုင်ပါတယ်။

🍀 ကိုယ်အပူချိန်၃၅ဒီဂရီအောက်ရောက်ခြင်း သို့မဟုတ် ပြန်လည်နွေးထွေးလာစေဖို့ ပြုလုပ်ပေမယ့် ကိုယ်အပူချိန်မတက်လာခြင်းဟာ ကလေးငယ်အတွက် အန္တရာယ်လက္ခဏာဖြစ်တယ်။ ဆေးရုံကို အရေးပေါ် လွှဲပြောင်းကုသမှုခံယူဖို့ စေလွှတ်သင့်ပါတယ်။ ကလေးငယ်ကိုမိခင် သို့မဟုတ် အခြားတစ်ယောက်နဲ့ ခရီးတစ်လျှောက် အသားချင်းထိတွေ့နေစေပြီး လွှဲပြောင်းပေးဖို့ စီစဉ်သင့်ပါတယ်။

🍀 ကလေးကို နွေးထွေးအောင် ပြုလုပ်ပေးပေမယ့် ဆက်လက်အေးနေရင်ဆေးရုံကို ညွှန်သင့်ပါတယ်။

🍀 ကလေးငယ်ကိုဘယ်အခါမှ တင်းကျပ်စွာ မထုပ်ထားသင့်ပါဘူး။ ကလေးကိုယ်တွင်း အပူချိန်ကျဆင်းကာ ကလေးအေးလာနိုင်မယ်။ ကလေးကိုတိုက်ရိုက်နေပူမှာ ဘယ်အခါမှ မထားသင့်ပါဘူး။

📍မွေးကင်းစကလေးပြုစုရာမှာ ကလေးကိုယ်ပူချိန် ၃၈ဒီဂရီစင်တီဂရိတ်ကျော်ရင်ဖျားတယ်။ အပူလွန်ကဲတယ် ဆိုတယ်။ မွေးကင်းစကလေး အပူချိန်လွန်ကဲရခြင်းမှာ ပူတဲ့ရာသီဥတုတွင် အနှီးအဝတ်များ ထူထပ်စွာ ဝတ်ဆင်ပေးခြင်း၊ကလေးကိုတိုက်ရိုက်နေပူ၊ အခန်းအပူပေးကိရိယာ၊ မီးဖိုဘေးမှာထားရှိခြင်း၊ ပတ်ဝန်းကျင် အပူများလွန်းခြင်း၊ ကလေးမှာရောဂါတစ်ခုခု ကူးစက်နေခြင်းတို့ကြောင့် ဖြစ်တယ်။

📍မွေးကင်းစကလေး ကိုယ်အပူချိန်လွန်ကဲနေရင် ကလေးဟာရောဂါကူးစက်နေခြင်းဟုတ်၊ မဟုတ်သေချာ စစ်ဆေးသင့်ပါတယ်။ ကလေးငယ်ကို တိုက်ရိုက်နေပူချိန်အောက်၊ အခန်းအပူပေးကိရိယာမှ၊ မီးဖိုအနားမှ ဖယ်သင့်တယ်။ ကလေးရဲ့အဝတ်များချွတ်သင့်ပါတယ်။ လိုအပ်ပါက ရေချိုးသင့်တယ်။ ရေချိုးပြီးပြီးချင်း သန့်ရှင်းတဲ့တဘက်နဲ့ ခြောက်သွေ့အောင် သုတ်သင့်တယ်။ သန့်ရှင်းစင်ကြယ်တဲ့ချည်ထည်အင်္ကျီပါးပါး သို့မဟုတ် အနှီးသန့်သန့်ဝတ်သင့်ပါတယ်။ မကြာခဏကလေးနို့တိုက်ကျွေးသင့်တယ်။

📍ကိုယ်အပူချိန်တိုင်းပြီး မှတ်တမ်းတင်ထားသင့်တယ်။

📍ကိုယ်အပူချိန်၃၈ဒီဂရီစင်တီဂရိတ်အထက်ရှိနေရင်ကျန်းမာရေးဌာနပြသသင့်ပါတယ်။

✅ ကလေးကိုမိခင်နို့တိုက်ကျွေးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးက မိခင်နို့မှာ ရောဂါကာကွယ်ဓာတ်များ ကြွယ်ဝတယ်။ ကူးစက်ရောဂါမှကာကွယ်နိုင်တယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းမှ ကာကွယ်နိုင်တယ်။ ဝမ်းပျော့စေတဲ့ အာနိသင်ရှိတယ်။ ငယ်ချေးကို ဝမ်းတွင်းမှ အမြန်ထွက်စေတယ်။

🍀 မွေးကင်းစကလေးအသားဝါခြင်းကာကွယ်တယ်။

🍀 ကြီးထွားမှုဓာတ်ပါဝင်တယ်။ ဗီတာမင်အေကြွယ်ဝတယ်။ ကူးစက်ရောဂါပြင်းထန်မှု လျော့နည်းစေတယ်။

💢 မျက်စိရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါတို့မှ ကာကွယ်နိုင်တယ်။ ရေဓာတ်အပြည့်အဝပါလို့ မိခင်နို့တစ်မျိုးတည်းတိုက်စဉ် ပူအိုက်တဲ့ရာသီမှာ ရေမတိုက်သင့်ပါဘူး။ ကလေးရဲ့ နုနယ်တဲ့ ကျောက်ကပ်ထိခိုက်သွားမှုမှ ကာကွယ်နိုင်တယ်။ ဉာဏ်ရည်ပိုပြီး ထက်မြက်စေတဲ့ ပစ္စည်းပါဝင်တယ်။ ငွေကုန်ကြေးကျသက်သာတယ်။

👩🏻‍🍼မိခင်နဲ့ကလေးသံယောဇဉ်ပိုတွယ်စေတယ်။ သားဆက်ခြားစေပါတယ်။ ။

#နီယိုနိတ် #ဒေါက်တာ #ကလေးအသုံးအဆောင် #ကလေးကျန်းမာရေး #မိခင်နှင့်ကလေး #မိခင်နှင့်ကလေးကျန်းမာရေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr.Neonate - နီယိုနိတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share