Teenwell Myanmar

Teenwell Myanmar အရပ်ရှည်ပြီးကျန်းမာဖို့ Teenwell ကိုသောက်ကြစို့

အရပ်ရှည်ဖို့ ဘယ်လိုပြင်ဆင်သင့်လဲ?အရပ်ရှည်ဖို့ဆိုတာ ဖြည့်စွက်အာဟာရတစ်မျိုးတည်းကို အားကိုးရတာမဟုတ်ဘဲ နေ့စဉ်အလေ့အကျင့်ကောင်...
05/07/2026

အရပ်ရှည်ဖို့ ဘယ်လိုပြင်ဆင်သင့်လဲ?
အရပ်ရှည်ဖို့ဆိုတာ ဖြည့်စွက်အာဟာရတစ်မျိုးတည်းကို အားကိုးရတာမဟုတ်ဘဲ နေ့စဉ်အလေ့အကျင့်ကောင်းတွေနဲ့အတူ ဂရုစိုက်ဖို့လိုပါတယ်။
🌿 အာဟာရမျှတတဲ့ အစားအသောက်စားပါ။
😴 အိပ်ရေးဝဝအိပ်ပြီး ခန္ဓာကိုယ်ကို အနားယူစေပါ။
🏃‍♂️ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါ။
💊 Calcium, Vitamin D3, Vitamin K နဲ့ အခြား Vitamin & Mineral များကို လုံလောက်စွာ ရရှိအောင် ဂရုစိုက်ပါ။
💛 Teenwell မှာ ပါဝင်တဲ့ Calcium, Vitamin D3, Vitamin K နှင့် Vitamin & Mineral များက နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးပြီး ကျန်းမာတဲ့ အရိုးဖွံ့ဖြိုးမှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ပါတယ်။

✨ ကျန်းမာတဲ့ အလေ့အကျင့်တွေနဲ့ ကိုယ့်ရဲ့ Growth Journey ကို Teenwell နဲ့ စတင်လိုက်ပါ။
# Teenwell

ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးဖို့ အချိန်က အရေးကြီးပါတယ်။အရိုးဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို နေ့စဉ်ရရှိနေပြီလ...
03/07/2026

ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးဖို့ အချိန်က အရေးကြီးပါတယ်။
အရိုးဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို နေ့စဉ်ရရှိနေပြီလား?
Teenwell မှာ ပါဝင်တဲ့
✅Calcium
✅Vitamin D3
✅Vitamin K နှင့် Vitamin & Mineral များက နေ့စဉ်အာဟာရလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပါတယ်။
📲 ဒီနေ့ပဲ Teenwell နဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို စတင်လိုက်ပါ။

တစ်ခါတလေ အိပ်ရေးလည်းဝရဲ့သားနဲ့ ဦးနှောက်က ကြည်ကြည်လင်လင်မရှိဘဲ ထိုင်းမှိုင်းနေတာမျိုး ကြုံဖူးပါသလား? အဲ့ဒါကို "Brain Fog"...
13/05/2026

တစ်ခါတလေ အိပ်ရေးလည်းဝရဲ့သားနဲ့ ဦးနှောက်က ကြည်ကြည်လင်လင်မရှိဘဲ ထိုင်းမှိုင်းနေတာမျိုး ကြုံဖူးပါသလား? အဲ့ဒါကို "Brain Fog" လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ အရမ်းကြိုက်တဲ့ အစားအသောက်တွေထဲမှာ ဦးနှောက်ကို အနှောင့်အယှက်ပေးနေတဲ့ အရာတွေ ပါဝင်နေလို့ပါ။
အငန် (Sodium) ဓာတ် လွန်ကဲတာက သွေးတိုးစေရုံတင်မကဘဲ ဦးနှောက်ရဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကိုပါ နှေးကွေးသွားစေပါတယ်။
အပြင်က ဝယ်စားတဲ့ ကိတ်မုန့်၊ ဆီနဲ့ ကြော်ထားတဲ့ မုန့်တွေမှာ ပါတတ်တဲ့ ဒီအဆီတွေက ဦးနှောက်ကို ရောင်ရမ်းစေပြီး တုံ့ပြန်မှုကို လေးလံစေပါတယ်။
Alcohol (အရက်/ဘီယာ) ခဏတာ စိတ်ကြွစေပေမယ့် ရေရှည်မှာ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေပြီး ဗီတာမင်ဓာတ်တွေကို ကုန်ခမ်းစေပါတယ်။
အရသာကိုပဲ ဦးစားပေးမလား? ဦးနှောက်ကျန်းမာရေးကိုပဲ ဦးစားပေးမလား? အဖြေကတော့ကိုယ့် လက်ထဲမှာပါပဲ။ 💡

င်္သကြန်အချိန် အခါသမယမှာ ရောဂါဘယတွေကင်းစင်ပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေ။ အေးချမ်းသာယာတဲ့ နှစ်သစ်လေးဖြစ်ပါ...
13/04/2026

င်္သကြန်အချိန် အခါသမယမှာ ရောဂါဘယတွေကင်းစင်ပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေ။ အေးချမ်းသာယာတဲ့ နှစ်သစ်လေးဖြစ်ပါစေရှင်။

အရပ်ရှည်တဲ့ကောင်လေးတွေကိုမှ ကြိုက်တဲ့ကောင်မလေးတို့အတွက် သတင်းကောာင်း ✨ကိုယ့်ရဲ့ မောင်လေးတွေ၊ အစ်ကိုတွေကို အရပ်အမောင်း ထွ...
21/03/2026

အရပ်ရှည်တဲ့ကောင်လေးတွေကိုမှ ကြိုက်တဲ့ကောင်မလေးတို့အတွက် သတင်းကောာင်း ✨

ကိုယ့်ရဲ့ မောင်လေးတွေ၊ အစ်ကိုတွေကို အရပ်အမောင်း ထွားထွားကျိုင်းကျိုင်းနဲ့ ယုံကြည်မှုအပြည့် ရှိစေချင်တာလား? ဒါဆိုရင်တော့ Teenwell (Multivitamin & Multimineral Tablet) က အဖြေပါပဲ! 🕺
✅ အရိုးအဆစ် ဖွံ့ဖြိုးမှုကို အားပေးလို့ အရပ်ရှည်စေတယ်။
✅ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေတယ်။
✅ ဉာဏ်ရည်ထက်မြက်မှုကိုပါ အထောက်အကူပြုတယ်။
Teenwell Multivitamin & Multimineral လူငယ်တွေအတွက် အရပ်ရှည်၊ ကိုယ်ခန္ဓာဖွံ့ဖြိုး၊ ဉာဏ်ရည်ထက်မြက်စေမယ့် လျှို့ဝှက်ချက်! ✨
အရပ်ပုလို့ စိတ်မညစ်နဲ့တော့... Teenwell ရှိတယ်နော်။ 😉
အကောင်းဆုံးရလဒ်ရရှိဖို့အတွက် ဒီဆေးကို သောက်သုံးရုံတင်မကဘဲ အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရရှိတာတွေ စားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု (ဥပမာ - ဘတ်စကတ်ဘောကစားခြင်း၊ အကြောဆန့်ခြင်း) တို့ကိုပါ တွဲဖက်လုပ်ဆောင်ပေးဖို့ အကြံပြုလိုပါတယ်။

ကိုယ်ခန္ဓာပဲ ကျန်းမာဖို့ လိုတာလား?ကျွန်မ တို့ နေ့စဉ်ဘဝမှာ အစားအသောက် ဂရုစိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေက အရေးကြီးသလိုပဲ.....
07/03/2026

ကိုယ်ခန္ဓာပဲ ကျန်းမာဖို့ လိုတာလား?
ကျွန်မ တို့ နေ့စဉ်ဘဝမှာ အစားအသောက် ဂရုစိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေက အရေးကြီးသလိုပဲ... မြင်တွေ့လို့မရတဲ့ "စိတ်ကျန်းမာရေး" ကလည်း အလားတူ အရေးကြီးပါတယ်။
တကယ်တော့ စိတ်ကျန်းမာမှသာ လူကလန်းဆန်းပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်မှာပါ။
✨ စိတ်ကျန်းမာရေး ဘာကြောင့် အဓိကကျတာလဲ?
စိတ်ကျန်းမာတဲ့သူက ဘဝရဲ့ အခက်အခဲနဲ့ ဖိစီးမှုတွေကို ပိုပြီး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပါတယ်။
စိတ်ကြည်လင်နေရင် သွေးတိုးတာ၊ အိပ်မပျော်တာနဲ့ အစာအိမ်ရောဂါလို ဝေဒနာတွေကို သက်သာစေပါတယ်။
ကိုယ့်စိတ်ကိုယ် နားလည်ပြီး ကျန်းမာနေတဲ့အခါ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ပိုပြီး မေတ္တာပေးနိုင်ပါတယ်။
စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ?
🌿မိမိကိုယ်ကိုယ် အချိန်ပေးပါ
🌿 ခံစားချက်ကို ထုတ်ဖော်ပါ
🌿အိပ်ရေးဝဝ အိပ်ပါ
🌿လက်ရှိကို အာရုံစိုက်ပါ
မှတ်ထားပါ - "စိတ်ကျန်းမာရေးကို ဂရုစိုက်တာဟာ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ဘဲ မိမိကိုယ်ကိုယ် ချစ်တာဖြစ်ပါတယ်။"

📏 "အရပ်ရှည်ချင်သူတွေရဲ့ Daily Grocery List" 🛒✨အရပ်ရှည်ဖို့ဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတာမဟုတ်ပေမဲ့ "မှန်ကန်တဲ့ အစားအသောက်" က...
17/02/2026

📏 "အရပ်ရှည်ချင်သူတွေရဲ့ Daily Grocery List" 🛒✨
အရပ်ရှည်ဖို့ဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတာမဟုတ်ပေမဲ့ "မှန်ကန်တဲ့ အစားအသောက်" ကို ရွေးချယ်တတ်ရင်တော့ ပန်းတိုင်က မဝေးတော့ပါဘူး။
🥚 ကြက်ဥ
အရပ်ရှည်ဖို့အတွက် လိုအပ်တာ "ပရိုတင်း" ပါ။ ကြက်ဥမှာ အရိုးဆဲလ်တွေ ကြီးထွားဖို့ အရေးပါတဲ့ ဗီတာမင် B2 အပြည့်ပါဝင်လို့ တစ်နေ့ (၁) လုံးကနေ (၂) လုံးအထိ ပုံမှန်စားပေးပါ။
🥛 ဒိန်ချဉ် (သို့) နွားနို့
နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်အပြင် Probiotics တွေပါဝင်လို့ အာဟာရစုပ်ယူမှုကို အားပေးပါတယ်။ အရိုးတွေကို သန်မာစေပြီး အရပ်ထွက်ဖို့ အစပျိုးပေးပါတယ်။
🥬 ဟင်းနုနွယ်
အစိမ်းရင့်ရောင် ဟင်းရွက်တွေမှာပါတဲ့ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ် ဟာ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးပါတယ်။ "ပုတိုလေး" လို့ အခေါ်မခံရဖို့ ဒါကို များများစားပါ။
🍗 ကြက်သား
အဆီနည်းတဲ့ ကြက်ရင်ပုံသားဟာ တသျှူးတွေ ပြန်လည်တည်ဆောက်ဖို့အတွက် အကောင်းဆုံးပါ။ ကြီးထွားဟော်မုန်း ထွက်ရှိမှုကို အရှိန်မြှင့်ပေးပါတယ်။
🥕 မုန်လာဥနီ
ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီဟာ အရိုးတွေ သန်မာဖို့တင်မကဘဲ အသားအရေကိုပါ ကြည်လင်စေပါတယ်။
အရပ်ရှည်ဖို့ အမြန်ဆုံးနည်းလမ်း (၃) ခု
1️⃣ ထမင်းစားတိုင်းမှာ အသား (သို့) ပဲ တစ်မျိုးမျိုး ပါပါစေ။
2️⃣ ည ၁၁ နာရီမတိုင်ခင် အိပ်ရာဝင်ပါ။ (ဖုန်းကြည့်တာ လျှော့ပါ 📱)
3️⃣ တစ်နေ့ ၁၀ မိနစ်လောက် အကြောဆန့်တာဖြစ်ဖြစ် လုပ်ပေးပါ။

ဘားတန်းခိုရင် တကယ်ပဲ အရပ်ရှည်လာမှာလား? 🤔အရပ်ရှည်ချင်လွန်းလို့ ဘားတန်းမှာ မျောက်ကလေးတစ်ကောင်လို ခိုနေမိပေမဲ့... လက်မောင်း...
15/01/2026

ဘားတန်းခိုရင် တကယ်ပဲ အရပ်ရှည်လာမှာလား? 🤔
အရပ်ရှည်ချင်လွန်းလို့ ဘားတန်းမှာ မျောက်ကလေးတစ်ကောင်လို ခိုနေမိပေမဲ့... လက်မောင်းတွေပဲ ကြီးလာပြီး အရပ်ကတော့ ဒီအတိုင်းပဲလား?
"အရပ်ရှည်ချင်ရင် ဘားတန်းခို" ဆိုတဲ့ စကားက အမြဲကြားနေရတဲ့ အကြံပေးချက်တစ်ခု။ ဒါပေမဲ့ ဒါက တကယ်ပဲ သိပ္ပံနည်းကျလား?
✅ အမှန်တရားကတော့.
🦴 တစ်နေ့တာလုံး လမ်းလျှောက်၊ ထိုင်နေတဲ့အခါ ကျောရိုးဆစ်လေးတွေက တစ်ခုနဲ့တစ်ခု ဖိကပ်နေတတ်ပါတယ်။ ဘားတန်းခိုလိုက်တဲ့အခါ အဲဒီဖိအားတွေ လျော့ကျပြီး ကျောရိုးဆစ်ကြားက အရိုးနုလေးတွေ ပြန်ပွင့်သွားတဲ့အတွက် ၁ လက်မရဲ့ လေးပုံတစ်ပုံလောက် ခဏတာ ပိုရှည်လာတတ်ပါတယ်။
🧍‍♂️ လူအများစုက ဖုန်းကြည့်တာ၊ ကွန်ပျူတာသုံးတာကြောင့် ပခုံးကိုင်းပြီး ခါးကုန်းနေတတ်ပါတယ်။ ဘားတန်းခိုတာက ကျောပြင်ကြွက်သားတွေကို ဆန့်ထုတ်ပေးပြီး ခန္ဓာကိုယ်ကို မတ်မတ်ဖြစ်စေတဲ့အတွက် ရှိရင်းစွဲ အရပ်အမြင့်ကို အပြည့်အဝ ပေါ်လွင်စေပါတယ်။
💡 ဒါဆို အရပ်တကယ်ရှည်ဖို့ ဘာတွေထပ်လိုမလဲ?
ဘားတန်းခိုတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
✅ အာဟာရ: ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကြွယ်ဝတဲ့ နွားနို့၊ ဥအမျိုးမျိုး စားပေးပါ။
✅ အိပ်စက်ခြင်း: ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မှ Growth Hormone တွေ အလုပ်လုပ်မှာပါ။
✅ မျိုးရိုးဗီဇ: အရပ်အမြင့်ရဲ့ ၈၀% က မျိုးရိုးပေါ် မူတည်တယ်ဆိုတာ မမေ့ပါနဲ့။
နိဂုံးချုပ်ရရင် - ဘားတန်းခိုတာက အရိုးကြီးထွားမှုပြား မပိတ်သေးတဲ့ လူငယ်တွေအတွက် အရပ်ရှည်ဖို့ အထောက်အကူဖြစ်စေသလို၊ လူကြီးတွေအတွက်လည်း ခါးနာသက်သာစေပြီး ကိုယ်ဟန်အနေအထားကို ပိုကြည့်ကောင်းစေပါတယ်။
#အရပ်ရှည်နည်း

ဦးနှောက်ကို အနှောက်အယှက်ပေးနေတဲ့ လူကြိုက်များတဲ့ အစားအသောက်များ" 🧠"စားရမှာလည်း ကြောက်တယ်၊ ဒါပေမယ့်လည်း မစားရရင် မနေနိုင်...
08/01/2026

ဦးနှောက်ကို အနှောက်အယှက်ပေးနေတဲ့ လူကြိုက်များတဲ့ အစားအသောက်များ" 🧠
"စားရမှာလည်း ကြောက်တယ်၊ ဒါပေမယ့်လည်း မစားရရင် မနေနိုင်ဘူး" ဆိုတဲ့ ခံစားချက်မျိုး ခံစားဖူးကြလား? 🤔ကျွန်မ တို့ စားသောက်တဲ့အခါ အချို့ အစားအစာတွေက လျှာအတွက်တင်မဟုတ်ဘဲ ဦးနှောက်ကိုပါ ဇဝေဇဝါဖြစ်စေပါတယ်။ "ဘာလို့ ဒါကို လူတွေ ကြိုက်နေကြတာလဲ" လို့ မေးခွန်းထုတ်စရာကောင်းတဲ့ အစားအစာတွေရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်တွေရှိနေပါတယ်။

ဒူးရင်းသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက နှာခေါင်းထဲရောက်ရင် "အပုပ်နံ့" လို့ ဦးနှောက်က သတ်မှတ်ပါတယ်။ ဒါပေမယ့် ပါးစပ်ထဲရောက်သွားတဲ့အခါမှာတော့ အလွန်ချိုမြိန်တဲ့ "Custard" အရသာလို့ ဦးနှောက်က ပြန်လက်ခံပါတယ်။ အနံ့ရရင် နှာခေါင်းရှုံ့ပေမယ့်၊ စားလိုက်ရင် မျက်လုံးမှိတ်သွားရလောက်အောင် ဦးနှောက်ကို ဝေခွဲမရအောင် နှောက်ယှက်နေတဲ့ အစားအစာ ဖြစ်ပါတယ်။
ငရုတ်သီး
မာလာရှမ်းကော ဒါမှမဟုတ် အစပ်ကဲတဲ့ အစားအစာတွေက ဦးနှောက်ကို တိုက်ရိုက် အနှောက်အယှက်ပေးတာပါ။
ဘာလို့ နှောက်ယှက်တာလဲ?
ငရုတ်သီးက အရသာမဟုတ်ဘဲ "နာကျင်မှု" သက်သက်ပါ။ ငရုတ်သီးစားတဲ့အခါ လျှာက အပူလောင်နေပြီလို့ ဦးနှောက်ကို အချက်ပေးပါတယ်။
ဦးနှောက်က ဒီနာကျင်မှုကို ဖြေဖျောက်ဖို့ Endorphins တွေ ထုတ်ပေးရပါတယ်။ ဒီတော့ စပ်လွန်းလို့ ဗိုက်တွေပူ၊ မျက်ရည်တွေကျနေပေမယ့် ဦးနှောက်က ဖြစ်တဲ့ခံစားချက်ကို သဘောကျပြီး ထပ်စားဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ကဏန်းနှင့် အခွံပါသော ပင်လယ်စာများ
စားရတာ အရမ်းလက်ဝင်ပြီး အနှောက်အယှက်ဖြစ်စရာကောင်းပေမယ့် လူကြိုက်များရတဲ့ အကြောင်းရင်းပါ။စိတ္တဗေဒအရ လူတွေဟာ အလွယ်တကူရတဲ့အရာထက် ကိုယ်တိုင် အပင်ပန်းခံ (ဦးနှောက်သုံးပြီး) ခွာစားရတဲ့ အစားအစာကို ပိုတန်ဖိုးထားပါတယ်။
ကဏန်းခွံခွာရလို့ လက်တွေပေ၊ ဦးနှောက်ကလည်း စားဖို့ကိုပဲ အာရုံစိုက်နေရပေမယ့်၊ အဲ့ဒီ "အပင်ပန်းခံမှု" ကြောင့်ပဲ အသားလေးစားရတဲ့အခါ ပိုပြီး အရသာရှိတယ်လို့ ဦးနှောက်က ယုံကြည်သွားတာ ဖြစ်ပါတယ်။
ဒါကြောင့်ကျမတို့ တွေရဲ့ ဉီးနှောက်က တစ်ခါတလေမှာ နာကျင်မှုနဲ့ အနံ့ဆိုးတွေကိုတောင် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲခံစားနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်လည်း ဒီလို "အနှောက်အယှက်" ဖြစ်စရာ အစားအစာတွေက လူကြိုက်အများဆုံး ဖြစ်နေရတာပါပဲ။
သင်တို့ကော ဘယ်လို "အနှောက်အယှက်" ဖြစ်စရာ အစားအစာကို အစွဲလမ်းဆုံးလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦး။ 💬👇

ရုတ်တရက် အစားတွေ ပျက်လာတာ၊ အစာစားချင်စိတ် လုံးဝမရှိတာမျိုး ဖြစ်ဖူးပါသလား?🤔💭လူကြီး၊ ကလေး မရွေး ခံစားရနိုင်တဲ့ အစားနည်းလာခ...
13/11/2025

ရုတ်တရက် အစားတွေ ပျက်လာတာ၊ အစာစားချင်စိတ် လုံးဝမရှိတာမျိုး ဖြစ်ဖူးပါသလား?🤔💭

လူကြီး၊ ကလေး မရွေး ခံစားရနိုင်တဲ့ အစားနည်းလာခြင်း (Appetite Loss) ဟာ ရိုးရိုးခံတွင်းပျက်တာမျိုး မဟုတ်ဘဲ၊ ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတိပေးချက်တစ်ခု ဖြစ်နိုင်ပါတယ်! 🙌🏻

ဒီနေ့မှာတော့ ကလေး၊လူကြီး အသက်အရွယ်မရွေး ဖြစ်ပေါ်လာ တဲ့ အစားနည်းလာရခြင်းရဲ့ အဓိက အကြောင်းရင်း ကို မျှဝေပေးလိုက်ပါတယ်။
အအေးမိခြင်း၊ တုပ်ကွေး၊ အစာအိမ် အူလမ်းကြောင်း ဗိုင်းရပ်စ်ပိုးဝင်ခြင်း စတဲ့ ဖျားနာမှုတွေဖြစ်လာတဲ့အခါမှာ ခန္ဓာကိုယ်က ရောဂါကို တိုက်ဖျက်ဖို့ အာရုံစိုက်နေတာကြောင့် အစာစားချင်စိတ်ကို လျှော့ချလိုက်ပါတယ်။
အစာမကြေခြင်း၊ အက်ဆစ်ပြန်တက်ခြင်း၊ ပြင်းထန်သော ဝမ်းချုပ်ခြင်း သို့မဟုတ် အစာအိမ်နာတာတွေက ဝမ်းဗိုက်ကို မအီမသာ ဖြစ်စေပြီး အစားကို ထပ်စား ချင်စိတ်မရှိ တော့ပါ။

နာတာရှည်ရောဂါများအတွက် သောက်သုံးရသော ဆေးဝါးများ၊ အချို့သောဆေးများနှင့် ကင်ဆာကုထုံးများကလဲ ပျို့အန်ခြင်း သို့မဟုတ် ခံတွင်းပျက်စေခြင်း တို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
လူကြီးတွေမှာဆိုရင် အနံ့နှင့် အရသာ ခံစားမှု လျော့နည်းခြင်း၊ ဇီဝကမ္မဖြစ်စဉ် နှေးကွေးခြင်း တို့ကြောင့် အစာစားချင်စိတ် နည်းပါးလာပါတယ်။
စိတ်ဖိစီးမှု (Stress)၊ စိုးရိမ်ပူပန်မှု (Anxiety) သို့မဟုတ် စိတ်ဓာတ်ကျခြင်း (Depression) တို့သည် အစားအစာ စားသုံးမှု အလေ့အထကို ပြောင်းလဲစေပြီး၊ အစာစားချင်စိတ်ကို လုံးဝ ပျောက်ဆုံးစေနိုင်ပါတယ်။
အထူးသဖြင့် လူကြီးသူမများ သည် တစ်ယောက်တည်း နေထိုင်ရခြင်း၊ မိသားစုနှင့် ဝေးကွာနေခြင်း စသည့် အထီးကျန်မှုများကြောင့် အစာစာချင်စိတ် လျော့နည်းလာတတ်ပါတယ်။

အသက် ၂ နှစ်ကနေ ၅ နှစ်အတွင်း ကလေးတွေဟာ ကြီးထွားနှုန်း အနည်းငယ် နှေးကွေးသွားတဲ့အတွက် စွမ်းအင်လိုအပ်ချက် လျော့သွားပြီး အစာစားဖို့ စိတ်ဝင်စားမှု နည်းပါးသွားတတ်ပါတယ်။အရောင်၊ အနံ့နဲ့ အသွင်အပြင်ကို ရွေးချယ်ပြီး အစာအသစ်တွေကို စားဖို့ ငြင်းဆန်တတ်ကြပါတယ်။

ဒါကြောင့် အစားနည်းခြင်းဟာ ရက်ရှည်ကြာလာပါက၊ သို့မဟုတ် သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းလာပါက လုံးဝ လျစ်လျူမရှုသင့်ဘဲ၊ နောက်ကွယ်က အရင်းခံပြဿနာကို စောစီးစွာ ရှာဖွေပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ (ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်) များနှင့် တိုင်ပင်ဆွေးနွေး ကုသသင့်ကြောင်းကို
အလေးထား တိုက်တွန်းလိုပါတယ်။

Address

Byamaso Street, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Teenwell Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share