Yindhu Myat Noe

Yindhu Myat Noe Mental Health Counselor and Trainer

☘️ Days at the Morisaki Bookshop (Satoshi Yagisawa) 📖ဘဝရဲ့ တစ်ကွေ့မှာ စိတ်ပင်ပန်းနွမ်းနယ်နေလို့ပဲဖြစ်ဖြစ်၊ စိတ်အပန်းပြေပ...
18/06/2026

☘️ Days at the Morisaki Bookshop
(Satoshi Yagisawa)


📖ဘဝရဲ့ တစ်ကွေ့မှာ စိတ်ပင်ပန်းနွမ်းနယ်နေလို့ပဲဖြစ်ဖြစ်၊ စိတ်အပန်းပြေပြေနဲ့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး ဖတ်ချင်တဲ့သူတွေအတွက် အလွန်ကောင်းမွန်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ☘️
​ဒီစာအုပ်ရဲ့ ဇာတ်လိုက်ဖြစ်သူ (Takako) ဟာလည်း ကျွန်မတို့ လိုပါပဲ 🤍 ဘဝမှာ ကိုယ်ထင်ထားသလို ဖြစ်မလာဘဲ မမျှော်လင့်ထားတဲ့ အသည်းကွဲခြင်း၊ စိတ်ဒဏ်ရာရခြင်းတွေ ကြုံရတဲ့အခါ လမ်းပျောက်ပြီး အရာရာကို လက်လျှော့အရှုံးပေးချင်တဲ့စိတ် (Quit ချင်တဲ့စိတ်) ဖြစ်ပေါ်ခဲ့တယ်။
👩‍🦰 ဒါပေမဲ့ လမ်းပျောက်နေတဲ့အချိန်ဟာ အမြဲတမ်းမဟုတ်သလို၊ ကိုယ်ဟာလည်း ထာဝရစိတ်ကြေကွဲနေမယ့်သူ မဟုတ်ဘူးဆိုတာကို ဒီစာအုပ်က သတိပေးနေပါတယ်။
​မြတ်နိုး☘️ တို့ ဘဝမှာ အဆိုးဆုံးအချိန်တွေနဲ့ ကြုံနေရတဲ့အခါ မမျှော်လင့်ဘဲ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်ခုခုက ကိုယ့်ဆီရောက်လာပြီး ကူညီပေးတတ်ပါတယ်။ Takako အတွက်တော့ သူမရဲ့ဦးလေး (Satoru) နဲ့ ဂျင်ဘိုချို (Jinbocho) က Morisaki စာအုပ်ဟောင်းဆိုင်လေးက ကယ်တင်ရှင် ဖြစ်လာခဲ့ပါတယ်။ အဲဒီလို အကူအညီ ရောက်လာတဲ့အခါမှာ အခွင့်အရေးကို လက်ခံဖို့နဲ့ အကူအညီယူဖို့ပဲ လိုအပ်တာပါ။☺️

​စိတ်ဒဏ်ရာတွေကနေ ရုန်းထွက်ပြီး ရှေ့ဆက်လှမ်းနိုင်ဖို့ (Move on ဖြစ်ဖို့) အတွက် တစ်ခါတရံမှာ ပတ်ဝန်းကျင်အသစ်ကို ပြောင်းလဲဖို့ လဲ လိုအပ်ပါတယ်။
Takako တစ်ယောက် စာအုပ်တွေအလယ်မှာ ပတ်ဝန်းကျင်အသစ်နဲ့ အချိန်ပေးပြီး ဖြတ်သန်းခဲ့ရသလိုပေါ့။
🍁ကြီးကြီးမားမား အလုပ်တွေမဟုတ်ရင်တောင် တစ်နေ့တာမှာ အလုပ်တစ်ခုခုကို အာရုံစိုက်လုပ်ဆောင်တာ၊
🍁အပြင်ထွက်ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံတာ၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကိုယ့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်မျှဝေတာတွေက စိတ်ကို ပြန်လည်ကုစားပေးနိုင်ပါတယ်။
💢​ဒီစာအုပ်ရဲ့ အလှပဆုံး သင်ခန်းစာကတော့ နောက်ဆုံးမှာ ကိုယ့်ကို စိတ်ကြေကွဲအောင် လုပ်ခဲ့တဲ့ ပြဿနာ၊ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ခက်ခဲနေချိန်မှာ ဘေးနားကနေ ဖေးမကူညီပေးခဲ့တဲ့သူတွေကို သတိရကျေးဇူးတင်တတ်ဖို့လည်း အရေးကြီးပါတယ်။
☘️​အတိုချုပ်ပြောရရင်တော့ "Days at the Morisaki Bookshop" ဟာ စာအုပ်တွေ၊ နွေးထွေးတဲ့ လူမှုပတ်ဝန်းကျင်တွေနဲ့ အချိန်ကာလက စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားပေးနိုင်လဲဆိုတာကို ရိုးရှင်းလှပစွာ ပုံဖော်ထားတဲ့ စာအုပ်ကောင်းတစ်အုပ် ​ပါပဲ 😊


🔥 Running on Empty: Understanding Burnout & Exhaustion 🔥ဒီရက်တွေက “အလုပ်လုပ်ရတာပင်ပန်းတာ” တစ်ခုတည်း မဟုတ်တော့ဘူး… မနက်နိ...
19/05/2026

🔥 Running on Empty: Understanding Burnout & Exhaustion 🔥

ဒီရက်တွေက “အလုပ်လုပ်ရတာပင်ပန်းတာ” တစ်ခုတည်း မဟုတ်တော့ဘူး… မနက်နိုးလာရင် အလုပ်သွားရမှာ စိတ်လေးလေးကြီး၊ လူတွေနဲ့စကားပြောရတာပင်ပန်းတယ်။ ဘာမှမလုပ်ချင်တော့ဘူး။ အိပ်လည်း အိပ်ရေးမဝဘူး။ လူတွေမြင်ရင် ပြုံးနေရပေမယ့် အတွင်းမှာတော့ completely exhausted ဖြစ်နေတတ်ကြပါတယ်…

📌 Burnout ဆိုတာ Weak ဖြစ်တာ မဟုတ်ပါဘူး။
Long-term stress တွေ၊ pressure တွေ၊ expectations တွေကြားမှာ ကိုယ့်ကိုယ်ကို မသိမသာ ပျောက်ဆုံးသွားကြတာ ဖြစ်ပါတယ်။

ဒီ May လဟာ Mental Health Awareness Week အထိမ်းအမှတ် အနေနဲ့ စီစဉ်ပြုလုပ်တဲ့

🧠 Running on Empty: Understanding Burnout & Exhaustion

ဒီ Free Workshop မှာ —
✨ Burnout ရဲ့ signs တွေ
✨ Emotional & Mental Exhaustion ကို ဘယ်လိုသိနိုင်မလဲ
✨ Stress ကို healthy way နဲ့ ဘယ်လို handle လုပ်မလဲ
✨ ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်နိုင်ဖို့ practical tips တွေ
✨ “I’m tired” ထက်ပိုနက်တဲ့ feeling တွေအကြောင်း
ကို နားလည်ရလွယ်ကူအောင် sharing လုပ်ပေးသွားမှာပါ။

📅 Date: 23rd May 2026
⏰ Time: 7:00 PM – 8:00 PM
💻 Platform: Zoom
🎟️ Free Workshop
Instructor: Ma Myat Noe Pwint
(Co-Founder of AVANTY MYANMAR, Professional Counsellor)
📌 Registration Form
https://forms.gle/nTpddhmRBukcjY3i6

ပါဝင် တက်ရောက်ချင်သူများအနေနဲ့ Registration Form ကို ဖြည့်သွင်းပြီး Comment မှာ “Yes” လို့ ရေးခဲ့ပေးပါဦးနော်။

Sometimes… talking, understanding, and being heard can heal more than we think. 🤍





🏵 ငယ်ငယ်တုန်းကတော့ စင်ဒရဲလား (Cinderella) ပုံပြင်လေးကို သိပ်ကြိုက်ခဲ့တာ။ ✨သူမဟာ လှပတယ်၊ ကြင်နာတတ်တယ်၊ နောက်ဆုံးမှာတော့.....
29/04/2026

🏵 ငယ်ငယ်တုန်းကတော့ စင်ဒရဲလား (Cinderella) ပုံပြင်လေးကို သိပ်ကြိုက်ခဲ့တာ။ ✨

သူမဟာ လှပတယ်၊ ကြင်နာတတ်တယ်၊ နောက်ဆုံးမှာတော့... အရာအားလုံးက သူမအတွက် Happy Ending ဖြစ်ခဲ့တယ်​လေ​နော် 💐

မှော်ဆန်တဲ့ ဝတ်စုံကို👗 ဝတ်ဆင်ပြီး မင်းသားလေးနဲ့ ကခွင့်ရခဲ့သလို၊ နောက်ဆုံးမှာတော့ သူမဟာ "ရွေးချယ်ခံရသူ" ဖြစ်ခဲ့တယ်။

အဲဒီအခန်းလေးက သိပ်ကို ပြည့်စုံလွန်းတယ်။ စိတ်ကို သက်သောင့်သက်သာ ဖြစ်စေတယ်။

မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေသလိုမျိုးပေါ့။😍

အဲဒါကြောင့်ပဲလားမသိဘူး၊ သတိမထားမိခင်မှာတင် ကျွန်မလည်း☘️ အလားတူအယူအဆမျိုးကို ယုံကြည်ပြီး ကြီးပြင်းလာခဲ့တယ်။

အခက်အခဲတွေ ကြုံလာရတဲ့တစ်နေ့မှာ တစ်စုံတစ်ယောက်က ကျွန်မကို လာပြီး ကယ်တင်လိမ့်မယ်လို့ပေါ့။😅

စိတ်ရှည်ရှည်ထားမယ်၊ ကြင်ကြင်နာနာ နေထိုင်မယ်၊ ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေမယ်ဆိုရင်...
အရာအားလုံးက သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်လို့ ထင်ခဲ့မိတယ်။😅

ဒါပေမဲ့ အသက်ကြီးလာတဲ့အခါမှာ—
စိတ်ကျန်းမာရေး နယ်ပယ်မှာ အကြံပေးပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ☘️ကျွန်မ သင်ယူခဲ့ရတဲ့ အမှန်တရားကတော့-

တစ်ခါတလေ 💢"စိတ်ရှည်ခြင်း💢" ဆိုတာက တဖြည်းဖြည်းနဲ့ စိတ်ခံစားချက်တွေကို ဖိနှိပ်ချုပ်တည်းခြင်း ဖြစ်သွားတတ်တယ်။

ကိုယ့်ရဲ့ ခံစားချက်တွေကို အောင့်အည်းထားမယ်၊ ပဋိပက္ခတွေကို ရှောင်လွှဲမယ်၊ အခြေအနေတွေက မကောင်းနေရင်တောင် "အဆင်ပြေပါတယ်" လို့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာမိတတ်ကြတယ်။

တစ်ခါတလေ "ကြင်နာခြင်း" ဆိုတာက သူတစ်ပါးအကြိုက် လိုက်လုပ်ပေးခြင်း (People-pleasing) ဖြစ်သွားတတ်တယ်။

တခြားသူတွေရဲ့ လိုအပ်ချက်ကို ဦးစားပေးလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ကြည့်ဖို့တောင် မေ့လျော့နေတတ်ကြတယ်။😔

တစ်ခါတလေ 💢"စောင့်ဆိုင်းခြင်း"💢 ဆိုတာက အသိအမှတ်ပြုမှုကို တောင်းခံနေတဲ့ ပုံစံခွက်တစ်ခု ဖြစ်သွားတတ်တယ်။

ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်အတွင်းစိတ်က ရှာဖွေရမယ့်အစား တခြားသူတွေက လာပြီး အသိအမှတ်ပြုပေးဖို့အပေါ် မှီခိုလာတတ်တယ်။😔

အချိန်ကြာလာတာနဲ့အမျှ ဒီအရာတွေက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု၊ မိမိကိုယ်ကိုယ် တန်ဖိုးထားမှု လျော့နည်းလာမှုနဲ့ တိတ်တဆိတ် နာကျည်းမှုကိုပါ ဖြစ်စေနိုင်ပါတယ်—
ဒါဟာ သင်က အားနည်းလို့ မဟုတ်ပါဘူး၊❌️
သင့်ရဲ့ လိုအပ်ချက်တွေကို သင့်ကိုယ်တိုင်ကအစ လျစ်လျူရှုထားခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေကို ကျွန်မ ကိုယ့်ကိုယ်ကိုယ်မှာ စတင်သတိပြုမိလာတယ်။
😶ကျွန်မနဲ့ မထိုက်တန်တဲ့အရာတွေကို လက်ခံခဲ့မိတယ်။
😶စကားပြောသင့်တဲ့အချိန်မှာ နှုတ်ဆိတ်နေခဲ့မိတယ်။
😶ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ဖို့ထက် တခြားတစ်စုံတစ်ယောက်က လာပြီး ရွေးချယ်ပေးမှာကိုပဲ စောင့်နေခဲ့မိတယ်။

ဒါဟာ လည်းလူတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့အရာဆိုတာကို အခု စိတ်ကျန်းမာရေး နယ်ပယ်မှာမှ ကျွန်မ အလုပ်လုပ်လာမှ သတိထားမိခဲ့ပါတယ်

မိမိကိုယ်ကိုယ် ♥️ချစ်ခြင်း (Self-love) ဆိုတာ စိတ်ကူးယဉ်ဆန်တဲ့ အယူအဆတစ်ခု မဟုတ်ပါဘူး — ၎င်းဟာ မိမိကိုယ်ကိုယ် ကာကွယ်ပေးတဲ့ အကာအကွယ်တစ်ခု ဖြစ်ပါတယ်။

မိမိကိုယ်ကိုယ် ♥️ချစ်ခြင်းဆိုတာ -

🍁မိမိရဲ့ စိတ်ခံစားချက် လိုအပ်ချက်တွေကို အသိအမှတ်ပြုခြင်း။

🍁အပြစ်ရှိသလို ခံစားရခြင်းမရှိဘဲ မိမိရဲ့ စည်းဘောင်တွေကို သတ်မှတ်ခြင်း။

🍁စိတ်ခံစားချက်တွေကို ဖိနှိပ်မထားဘဲ လွတ်လွတ်လပ်လပ် ခံစားခွင့်ပြုခြင်း။

🍁အသိအမှတ်ပြုမှုအတွက် တခြားသူတွေဆီမှာပဲ ရှာမနေဘဲ မိမိကိုယ်ကိုယ် အားကိုးခြင်း။

☘️ကျွန်မတို့ ဒါတွေကို မလုပ်ဆောင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်နဲ့ တဖြည်းဖြည်း ဝေးကွာသွားတတ်ကြပါတယ်။
☘️ပြန်လည်ကုစားခြင်း (Healing) ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချိတ်ဆက်မိခြင်းကနေ စတင်တာပါ။

😊ရုတ်တရက်ကြီး "သန်မာ" သွားဖို့ ဒါမှမဟုတ် "လွတ်လပ်" သွားဖို့ မဟုတ်ဘဲ၊ မိမိကိုယ်ကိုယ် ပြန်လည်နားထောင်တတ်ဖို့ ညင်ညင်သာသာ သင်ယူခြင်းသာ ဖြစ်ပါတယ်။

"ငါ ဘာတွေ ခံစားနေရလဲ?" "ငါ ဘာလိုအပ်နေလဲ?" ဆိုတာကို ပြန်မေးကြည့်ပါ။☺️
ပြီးတော့ အဲဒီအဖြေတွေကို တန်ဖိုးထားခွင့်ပေးလိုက်ပါ။

ဒါကြောင့် တစ်စုံတစ်ယောက်က လာကယ်မှာကို စောင့်နေမယ့်အစား၊☘️ အရေးကြီးဆုံး အလုပ်က မိမိကိုယ်ကိုယ် ဘယ်တော့မှ စွန့်ခွာမသွားဖို့ သင်ယူခြင်းပဲ ဖြစ်ပါတယ်။🏵💐😄☘️
အဲဒီနေရာကနေပဲ တကယ့် အပြောင်းအလဲတွေ စတင်ပါလိမ့်မယ်။ 🤍

25/04/2026

အလုပ်လုပ်နေပေမယ့်
ဘာမှမတိုးတက်သလို ခံစားရတယ်ဆိုရင်…

That’s burnout, not failure.

☘️ Rest is part of progress.

23/04/2026

အနာဂတ်အတွက် စိုးရိမ်တာ…☘️

မသိတဲ့အရာတွေကို
ထိန်းချုပ်ချင်တဲ့စိတ်ပါပဲ။

Focus on what you can control 🤍

တချို့လူတွေက အမြဲတမ်း perfect ဖြစ်ဖို့ ကြိုးစားနေတတ်ကြတယ်။👍အလုပ်မှာပဲဖြစ်ဖြစ် relationship မှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ...
22/04/2026

တချို့လူတွေက အမြဲတမ်း perfect ဖြစ်ဖို့ ကြိုးစားနေတတ်ကြတယ်။👍
အလုပ်မှာပဲဖြစ်ဖြစ် relationship မှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မျှော်လင့်ချက်တွေ အရမ်းမြင့်ထားတတ်ကြတယ်။
အပြင်ကကြည့်ရင်တော့“discipline ရှိတယ်”“အရမ်းတော်တယ်” လို့ ထင်ရပေမယ့်…
အတွင်းမှာတော့ အမြဲတမ်း pressure ရှိနေတတ်တယ်။
Perfectionist ဖြစ်တဲ့သူတွေမှာ Mistake လုပ်မိမှာ ကြောက်တတ်တယ်
🍁“မလုံလောက်ဘူး” ဆိုတဲ့အတွေးများတတ်တယ်
🍁Overthinking လုပ်တတ်တယ်
🍁စိတ်ပင်ပန်းမှု (burnout) လွယ်တတ်တယ်

💢Trying to be perfect all the time means you are never allowed to rest.
💢Even small mistakes can feel like failure.

ဒါကြောင့် သူတို့အတွက် “doing something” ထက် “doing it perfectly” က ပိုအရေးကြီးလာတတ်တယ်။ အသစ်တစ်ခုကို စမ်းကြည့်ခြင်းဆိုတာ အမှားတွေပါဝင်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် perfectionist အတွက်တော့

😶 mistake = failure

ဒါကြောင့်သူတို့က မစမ်းကြည့်ချင်တော့ဘူး။

Not because they can’t… but because they are afraid to not be perfect.

အမှားတွေကကိုယ့်ကို အားနည်းစေတဲ့အရာမဟုတ်ဘူး။ အမှားတွေက ကိုယ့်ကို သင်ပေးတဲ့အရာပါ။
🍁Imperfection has its own beauty —
it makes you real, human, and growing.
Perfect ဖြစ်ဖို့ မလိုပါဘူး။
Just showing up, trying, and continuing…
that is already enough.☘️😊

🍁“အားလပ်ရက်တွေအပြီးမှာ စိတ်ထဲဟာတာတာ ဖြစ်နေတတ်တာဟာ သဘာဝပါပဲ”🍁ပျော်ရွှင်စရာပွဲလမ်းသဘင်တွေ၊ ရယ်မောသံတွေနဲ့ လူအများကြားမှာ ဖ...
20/04/2026

🍁“အားလပ်ရက်တွေအပြီးမှာ စိတ်ထဲဟာတာတာ ဖြစ်နေတတ်တာဟာ သဘာဝပါပဲ”🍁

ပျော်ရွှင်စရာပွဲလမ်းသဘင်တွေ၊ ရယ်မောသံတွေနဲ့ လူအများကြားမှာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်...
ပုံမှန်နေ့စဉ်ဘဝထဲကို ပြန်ဝင်ရတဲ့အခါ တစ်ခါတလေ တိတ်ဆိတ်လွန်းနေသလို ခံစားရတတ်ပါတယ်။

စိတ်ထဲမှာ နည်းနည်းလေး ဝမ်းနည်းသလိုလို၊ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိသလိုလို ဒါမှမဟုတ် အရာရာ အားလုံးနဲ့ အဆက်အသွယ်ပြတ်တောက်သွားသလိုမျိုး ခံစားရနိုင်ပါတယ်။

But that doesn't mean something is wrong with you.

“အရမ်းတက်ကြွနေတဲ့အခြေအနေ” ကနေ “ပုံမှန်အခြေအနေ” ကို သင့်စိတ်က ပြန်ပြီးအသားကျအောင် လုပ်နေရလို့ပဲ ဖြစ်ပါတယ်။

အားလပ်ရက်အပြီးမှာ စိတ်အခြေအနေ ရုတ်တရက်ကျဆင်းသွားတာမျိုးက တကယ်ရှိတဲ့အရာပါ။ 🤍

ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။

"ချက်ချင်းကြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားရမယ်" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မတိုက်တွန်းပါနဲ့။
အေးအေးဆေးဆေး ဖြတ်သန်းရတဲ့ နေ့ရက်တွေဆိုတာလည်း ☘️ လူသားတစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါပဲ။

20/04/2026

ဒီလိုပူပြင်းတဲ့ရာသီမှာ
စိတ်လည်း ပင်ပန်းလွယ်တယ်၊ စိတ်တိုလွယ်တယ်။

Sometimes it’s not your mood… it’s the heat.

ဒီနေ့အတွက် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့👇

💫ရေများများသောက်ပါ 💧
💫ပေါ့ပါးတဲ့အစားအစာစားပါ
(yogurt, fruits)🍉🍎🍇🥑🥝

💫အနားယူဖို့ အချိန်နည်းနည်းယူပါ

Take care of your body,
your mind will follow 🤍

🏖 Holiday mood က​နေ Working mood ကို ​​ရောက်မဲ့ အချိန်ကလည်း မကျန်ဘူးဆို​တော့😅 ... mood ကို gently lift လုပ်​ပေးနိုင်တဲ့ ...
18/04/2026

🏖 Holiday mood က​နေ Working mood ကို ​​ရောက်မဲ့ အချိန်ကလည်း မကျန်ဘူးဆို​တော့😅 ... mood ကို gently lift လုပ်​ပေးနိုင်တဲ့ "feel-good but also feel-deep" movies and series ​🎦လေး​တွေ recommend လုပ်ချင်ပါတယ် ☺️

Holiday အပြီး…Monday မတိုင်ခင်ညမှာ
အရာအားလုံးကို fix လုပ်ဖို့ မလိုပါဘူး။❌️

တစ်ကားလောက်ပဲ ​အေး​အေး​ဆေး​ဆေးကြည့်ပြီး ကိုယ့် 😊စိတ်​လေး ကြည်လင်သွားမယ်, ​🏵နွေး​ထွေးသွားတဲ့ ခံစားချက်ရသွားမယ်ဆိုရင်ကိုက အဲဒါလည်း healing ပါပဲ။

💫 Sometimes, stories are therapy too

✉️ You can also share _
ဘယ် movie က သင့်ကို safe feel ဖြစ်​စေသလဲ?
သင့် movie list ​တွေကိုလည်း ​အောက် comment မှာ share ဖို့မ​မေ့ပါနဲ့​နော် .... 😊

☘️🏵နှစ်ဟောင်းက စိတ်ပင်ပန်းမှုတွေကို အတာရေနဲ့အတူ အေးချမ်းစွာ ဆေးကြောသန့်စင်နိုင်ပါစေ။☘️🏵အတိတ်က နောင်တတွေကို လက်လွှတ်ပြီး ...
17/04/2026

☘️🏵နှစ်ဟောင်းက စိတ်ပင်ပန်းမှုတွေကို အတာရေနဲ့အတူ အေးချမ်းစွာ ဆေးကြောသန့်စင်နိုင်ပါစေ။
☘️🏵အတိတ်က နောင်တတွေကို လက်လွှတ်ပြီး လက်ရှိပစ္စုပ္ပန်ရဲ့ ပျော်ရွှင်မှုကို အမိအရ ဆုပ်ကိုင်နိုင်ပါစေ။
🏵☘️နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး အတွင်းစိတ်ငြိမ်းချမ်းမှုကို အပြည့်အဝ ပိုင်ဆိုင်နိုင်ပါစေ 😊♥️

မဂ်လာရှိ​သော နှစ်သစ်ဖြစ်ပါ​စေ 🙏☘️🏵😊☺️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yindhu Myat Noe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yindhu Myat Noe:

Shortcuts

Share