Ziwa Thukha Healthcare Services

Call Website Contact the practice

Ziwa Thukha Healthcare Services ကျန်းမာပျော်ရွှင် ပြည်သူ့ဘဝ ကူညီဖေးမ ဇီဝသုခ

မင်္ဂလာပါရှင့် 🙏🔷 ဇီဝသုခမှ လစဥ်ပြုလုပ်နေသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်ကို ၂၅.၈.၂၀၂၆ အင်္ဂါ နေ့နံနက်(၉)နာရီမှ နေ့လ...
21/08/2026

မင်္ဂလာပါရှင့် 🙏

🔷 ဇီဝသုခမှ လစဥ်ပြုလုပ်နေသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်ကို ၂၅.၈.၂၀၂၆ အင်္ဂါ နေ့နံနက်(၉)နာရီမှ နေ့လည် (၁၂)နာရီအတွင်း လူဦးရေအယောက် (၆၅) ယောက်အထိ လက်ခံကုသပေးမည်ဖြစ်ပါသည်။

📌 (၂၅.၈.၂၀၂၆ ရက်နေ့တစ်ရက်တည်းသာ)

👉 လူဦးရေ (၆၅) ပြည့်လျှင်စာရင်းပိတ်သိမ်းသွားပါမည်။

🔷 ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများအနေဖြင့် (၂၁.၈.၂၀၂၆) မှစ၍ (၂၄.၈.၂၆) ညနေ (၅) နာရီရုံးချိန် အတွင်း Ziwa Thukha Healthcare Services ၏ page Messenger သို့ တိုက်ရိုက်ဆက်သွယ်၍ ပြသမဲ့သူ၏ အမည်၊အသက်၊မှတ်ပုံတင်နံပါတ်၊နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။

မှတ်ချက်- Facebook Account တစ်ခုလျှင် လူနာ (၂) ဦးသာ စာရင်းပေးသွင်းပြသခွင့်ရှိပါမည်။

🩺 ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်
📌အထွေထွေဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသပေးခြင်း။
📌 လိုအပ်သောဆေးဝါးများပေးခြင်း ။
📌 လိုအပ်ပါက လူနာများအား
📌 နှလုံး ECG ဆွဲပေးခြင်း ။
📌 Ultrasound ရိုက်ပေးခြင်း။
📌 ရင်ဘတ်ဓာတ်မှန်ရိုက်ပေးခြင်း။
📌 ဆီးချို၊ သွေးချို နှင့် သွေးများစစ်ဆေးပေးခြင်း စသည့် ဝန်ဆောင်မှုများကိုပါ အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

🏥 ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမ"ဇီဝသုခ"
⏳ ဆေးခန်းဖွင့်ချိန်24(ပိတ်ရက်မရှိပါ)

Connect with Us Online
Website: https://ziwathukha.com.mm
Viber : https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B
Telegram :https://t.me/ziwathukha
Google Map: https://g.co/kgs/zPXcyAg
Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

🏥 : တိုက်အမှတ် (၂၃)၊ရှုခင်းသာလမ်း၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ်။

📣📣 ဝမ်းပျက်ဝမ်းလျှောရောဂါ☔🌨️ အခုလို မိုးများတဲ့ကာလမှာ  ရေကြီးရေလျှံခြင်း၊ သောက်သုံးရေညစ်ညမ်းခြင်းနဲ့ အစားအသောက် သန့်ရှင်...
13/08/2026

📣📣 ဝမ်းပျက်ဝမ်းလျှောရောဂါ

☔🌨️ အခုလို မိုးများတဲ့ကာလမှာ ရေကြီးရေလျှံခြင်း၊ သောက်သုံးရေညစ်ညမ်းခြင်းနဲ့ အစားအသောက် သန့်ရှင်းမှုမရှိခြင်းတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာနိုင်ပါတယ်။

အခုရက်ပိုင်းအတွင်း အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝမ်းပျက်၊ ဝမ်းလျှော၊ ရောဂါဖြစ်တဲ့လူနာများရှိလာသည်ကိုတွေရှိရပါတယ်။

🚨ရောဂါလက္ခဏာများ

🔶 အရည်ဝမ်းများသွားခြင်း
🔶 အော့အန်ခြင်း
🔶 ရေနှင့်ဓာတ်ဆားများလျှင်မြန်စွာဆုံးရှုံး၍အားအင်ကုန်ခမ်းခြင်း
🔶ကြွက်တက်ခြင်း၊ သတိလစ်ခြင်း

🚨 ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများ

သွေးအားအလွန်ကျခြင်း၊ သွေးခုန်နှုန်း စမ်းမရခြင်း၊ အသက်ရှုနှုန်းမြန်ဆန်ခြင်းနှင့် တစ်ကိုယ်လုံး အေးစက်ခြင်းများဖြစ်ကာ သွေးလန့်(ရှောခ်)ဖြစ်ခြင်း၊ ဆီးနည်းကာလတ်တလော ကျောက်ကပ်ပျက်စီးခြင်းနှင့် သတိလစ်၍အသက်သေဆုံးခြင်းများဖြစ်တက်ပါတယ်။

☔🌧️ မိုးရာသီမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်အောင်ဘာတွေကိုဂရုစိုက်သင့်လဲ?

🔷 ရေသန့်(သို့) သန့်ရှင်းပြီး ကျိုချက်ထားသောရေကိုသာသောက်ပါ။
🔷 အစားအစာများကို သေချာချက်ပြုတ်ပြီး ပူပူနွေးနွေးစားပါ။
🔷 မသန့်ရှင်းသော အစားအစာနဲ့ ယင်နားစားများကိုမစားပါနဲ့။
🔷 အစားမစားမီနှင့် အိမ်သာအသုံးပြုပြီးနောက် လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောပါ။
🔷ဝမ်းလျှောနေပါက ရေဓာတ်မဆုံးရှုံးစေရန် ORS (ဓာတ်ဆားရည်) ကို သင့်တော်သလိုသောက်ပါ။

💢 ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လာပါက မပေါ့ဆပါနှင့်။ အထူးသဖြင့် ဝမ်းလျှောတာ အကြိမ်ရေများလာခြင်း၊ အန်ခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းစသည့်လက္ခဏာများဖြစ်လာပါက အချိန်မဆွဲဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့အမြန် ဆုံးသွားဖို့လိုအပ်ပါတယ်။

🏥 တိုက်အမှတ်၊ (၂၃)၊ရှုခင်းသာလမ်း၊(၈)ရပ်ကွက်၊ သာကေတမြိုနယ်။

Google Map: https://g.co/kgs/zPXcyAg

📲ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ သတင်းအချက်အလက်များကို အချိန်မီရရှိနိုင်ရန် အောက်ပါ Channel တိုကို Join ထားနိုင်ပါတယ်။

TikTok Channel Link >>: https://www.tiktok.com/?is_from_webapp=1&sender_device=pc

Viber Channel Link >>https://invite.viber.com/g2=AQB1SOjQ6oAkO%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B

Telegram Channel Link >>https://t.me/ziwathukha

Website: https://ziwathukha.com.mm

#ဝမ်းပျက်ဝမ်းလျှော #မိုးရာသီကျန်းမာရေး
ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

📣 Ziwa Thukha Healthcare Service တွင် ပြသနိုင်သော အထွေထွေရောဂါကုသမားတော်ကြီးများကိုဖော်ပြပေးလိုက်ပါတယ်။👨‍⚕️ဒေါက်တာအောင်မ...
12/08/2026

📣 Ziwa Thukha Healthcare Service တွင် ပြသနိုင်သော အထွေထွေရောဂါကုသမားတော်ကြီးများကို
ဖော်ပြပေးလိုက်ပါတယ်။

👨‍⚕️ဒေါက်တာအောင်မျိုးဟိန်း
M.B.,B.S, M.Med.Sc (Int :Med)
အထွေထွေရောဂါကုသမားတော်
ရန်ကုန်ဆေးရုံကြီး
နေ့စဥ်- On Call

👨‍⚕️ဒေါက်တာဇော်မိုးရှိန််
M.B.,B.S,(Ygn), M.Med.Sc (Int :Med)
M.R.C.P(UK), F.R.C.P(Edin)
M.A.C.T.M (Australia), M.F.T.M (Australia)
အထွေထွေရောဂါကုသမားတော်
ဗုဒ္ဓဟူနေ့ ညနေ - (၄)နာရီ

👨‍⚕️ဒေါက်တာသန်းသန်းအေး
M.B.,B.S,(Ygn)M.Med.Sc (Int :Med)
Dip.Med.Sc( Emergency Medicine )
M.R.C.P(UK)
Dr.Med.Sc(Gastroentrology)
အထွေထွေရောဂါနှင့်အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုသမားတော်
စနေ,တနင်္ဂနွေ- နေ့လည်(၂) နာရီ
……………………………….................
အထွေထွေရောဂါကုသမားတော်ကြီးများနှင့်ရက်ချိန်းရယူပြီးပြသလိုပါက 📞 ဖုန်းနံပါတ်- 09 796 728 826, 09 796 728 827 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို Chat Box Messenger မှတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏥 တိုက်အမှတ်၊ (၂၃)၊ရှုခင်းသာလမ်း၊(၈)ရပ်ကွက်၊ သာကေတမြို့နယ်။

Google Map: https://g.co/kgs/zPXcyAg

📲ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ သတင်းအချက်အလက်များကို အချိန်မီရရှိနိုင်ရန် အောက်ပါ Channel တို့ကို Join ထားနိုင်ပါတယ်။

TikTok Channel Link >>: https://www.tiktok.com/?is_from_webapp=1&sender_device=pc

Viber Channel Link >>https://invite.viber.com/g2=AQB1SOjQ6oAkO%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B

Telegram Channel Link >>https://t.me/ziwathukha

Website: https://ziwathukha.com.mm

#အထွေထွေရောဂါကုသမားတော်ကြီး
#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမ "ဇီဝသုခ"

08/08/2026
🔶 8.8.2026 နေ့တွင် PARKROYAL Hotel မှာ ပြုလုပ်တဲ့ Health & Beauty 2026 မှာ Supporting Partners အဖြင့် Ziwa Thukha Health...
08/08/2026

🔶 8.8.2026 နေ့တွင် PARKROYAL Hotel မှာ ပြုလုပ်တဲ့ Health & Beauty 2026 မှာ Supporting Partners အဖြင့် Ziwa Thukha Healthcare Services မှပါဝင်အားဖြည့်ပေးခဲ့တဲ့ ပုံရိပ်များကိုပြန်လည်မျှဝေလိုက်ပါတယ်။

🔶 ကျန်းမာရေး ဝန်ဆောင်မှုတွေကို လူတိုင်း အလွယ်တကူ လက်လှမ်းမီနိုင်အောင် “ဇီဝသုခ”မှ ဘယ်လို ကြိုးစားနေတယ်ဆိုတာကို ဝေမျှခွင့်ရခဲ့ပါတယ်။ ယုံကြည်စိတ်ချစွာနဲ့ လာရောက်ဆွေးနွေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

👨‍⚕️ ရှေ့ဆက်ပြီးတော့လည်း အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ လူကြီးမင်းတို့အနားမှာ အမြဲရှိနေမဲ့ “ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝ ကူညီဖေးမ ဇီဝသုခ”

📌မနက်ဖြန်နေ့ မှာလည်း ပွဲမှာရှိနေမှာမို့ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ် ပါတယ်ရှင့်။

🩺 ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

📞 09 796 728 826, 09 796 728 827 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို Chat Box Messenger မှတစ်ဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

📍 𝖠𝖽𝖽𝗋𝖾𝗌𝗌: တိုက်အမှတ် (၂၃)၊ရှုခင်းသာလမ်း၊(၈)ရပ်ကွက်၊ သာကေတမြို့နယ်။
⏳ဆေးခန်းဖွင့်ချိန်24𝗁𝗋(ပိတ်ရက်မရှိပါ)

Connect with Us Online 👇🏻

Website: https://ziwathukha.com.mm

Telegram:https://t.me/ziwathukha,

Google Map: https://g.co/kgs/zPXcyAg

Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

Viber: https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B

#ဇီဝသုခ #ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ & Beauty 2026

နှလုံးတစ်ချက်ရပ်သွားရင်အရာအားလုံးရပ်သွားနိုင်ပါတယ်!!🫀နှလုံးတုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝခြင်း စသော ကျန်းမာ...
06/08/2026

နှလုံးတစ်ချက်ရပ်သွားရင်အရာအားလုံးရပ်သွားနိုင်ပါတယ်!!

🫀နှလုံးတုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝခြင်း စသော ကျန်းမာရေး ပြဿနာများအတွက် အတွေ့အကြုံရှိပြီးဂရုတစိုက် တိုင်ပင်ဆွေးနွေးနိုင်မယ့် နှလုံးအထူးကုဆရာ ဝန်ကြီးများ Ziwa Thukha Healthcare Services တွင်ရှိနေပါပြီ။

🔷 နှလုံးအထူးကုဆရာဝန်သမားတော်ကြီးများကတော့...

🧑‍⚕️ ဒေါက်တာအောင်ကျော်သူ

M.B., B.S (Ygn)

M.Med.Sc (Internal Medicine)

Fellow/Post-Graduate Training

Department of Cardiology

🧑‍⚕️ဒေါက်တာဇင်သူအောင်

M.B., B.S (Ygn)
M.Med.Sc (Internal Medicine)
Fellowship in Interventional
Cardiology (India)

🧑‍⚕️ဒေါက်တာ စိုင်းဝေအောင်

M.B., B.S, M.Med.Sc (Int.Med)
Resident Training in Int Med (St.Petersburg)
Fellowship in Interventional
Cardiology (Amoy)

🔷 နှလုံးရောဂါခွဲစိတ်အထူးကုဆရာဝန်သမားတော်ကြီးများကတော့...

🧑‍⚕️ဒေါက်တာ ဟိန်းထူး
M.B., B.S (Ygn)
M.Med.Sc (Cardiovascular Surgery)
MRCS (Edin)

🧑‍⚕️ဒေါက်တာအောင်မြင့်မြတ်
M.B., B.S (Ygn)
M.Med.Sc (Cardiovascular Surgery)
MRCS (Edin)

………………………………………………………………

Appointment Booking ရယူလိုပါက

📞 ဖုန်းနံပါတ်- 09 796 728 826, 09 796 728 827 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို Chat Box Messenger မှတစ်ဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

🏥 လိပ်စာ- တိုက်အမှတ်၊ (၂၃)၊ရှုခင်းသာလမ်း၊(၈)ရပ်ကွက်၊ သာကေတမြို့နယ်။
Google Map: https://g.co/kgs/zPXcyAg

⏳ 24 Hours ဝန်ဆောင်မှုပေးတဲ့ ကျန်းမာရေး အကြောင်းအရာများ နှင့် ဗဟုသုတများ မျှဝေတင်ဆက်ပေးနေတဲ့ အောက်ပါ Channel Link
များကို လက်မလွှတ်တမ်း သိရှိနိုင်အောင် ဝင်ရောက် Join ထားပေးဖို့ ဖိတ်ခေါ်ပါရစေ။

Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc
Viber : https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B
Telegram :https://t.me/ziwathukha
Website: https://ziwathukha.com.mm

“ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ”

#နှလုံးအထူးကုသမားတော်
Surgery #နှလုံးနှင့်သွေးကြောခွဲစိတ်အထူးကုဆရာဝန်
#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

Ziwa Thukha Healthcare Services မိသားစု ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်အလှူ မင်္ဂလာ 🙏🏻🙏🏻🙏🏻🔶 ဤဝါဆိုလအခါသမယတွင် သံဃာတော်အရှင်သူ...
30/07/2026

Ziwa Thukha Healthcare Services မိသားစု ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်အလှူ မင်္ဂလာ 🙏🏻🙏🏻🙏🏻

🔶 ဤဝါဆိုလအခါသမယတွင် သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း အလှူမင်္ဂလာအား (၃၀.၇.၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

🔷 ပြုလုပ်ခဲ့သော မြတ်သောကုသိုလ်အလှူမှ ရရှိသည့် ကုသိုလ်အစုစုတို့အား သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် အလှူပုံရိပ်လေးများအား မျှဝေလိုက်ပါတယ်။
🏥 ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမ"ဇီဝသုခ"
⏳ ဆေးခန်းဖွင့်ချိန်24(ပိတ်ရက်မရှိပါ)

Connect with Us Online
Website: https://ziwathukha.com.mm
Viber : https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B
Telegram :https://t.me/ziwathukha
Google Map: https://g.co/kgs/zPXcyAg
Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

🏥 : တိုက်အမှတ် (၂၃)၊ရှုခင်းသာလမ်း၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ်။

🌍 ကမ္ဘာ့အသည်းရောင်အသည်းဝါနေ့ (World Hepatitis Day )ကို နှစ်စဥ် July (28) ရက်နေ့ကို သတ်မှတ်ထားပြီး 2026 ခုနှစ်ရဲ့ ဆောင်ပု...
28/07/2026

🌍 ကမ္ဘာ့အသည်းရောင်အသည်းဝါနေ့ (World Hepatitis Day )ကို နှစ်စဥ် July (28) ရက်နေ့ကို သတ်မှတ်ထားပြီး 2026 ခုနှစ်ရဲ့ ဆောင်ပုဒ်လေးကတော့ Let’s Break It Down ပဲဖြစ်ပါတယ်၊၊ အသည်းရောင်ရောဂါဟာ လူပေါင်းများစွာကို ကူးစက်စေနိုင်ပြီး အသည်းကိုပျက်စီးစေရုံသာမက အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်။

💢 အသည်းရောင်အသားဝါရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ လူသန်းပေါင်းများစွာကိုထိခိုက်စေတဲ့ ရောဂါတစ်ခုဖြစ်ပြီး အထူးသဖြင့် အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုး တို့ဟာ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ခြင်းနဲ့ အသည်း ကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။

💢 အသည်းရောင်အသားဝါပိုး ကူးစက်ခံရသူအများစုမှာ အစောပိုင်းအဆင့်တွင် သိသာတဲ့ လက္ခဏာမပြနိုင်တာကြောင့် ကြိုတင်ကာကွယ်ခြင်းနဲ့ စောစီးစွာစစ်ဆေးသိရှိခြင်းက အရေးကြီးပါတယ်ရှင်။

🌍 ကမ္ဘာ့အသည်းရောင်ရောဂါ အထိမ်းအမှတ်နေ့မှာတော့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းပါဝင်လှုပ်ရှားခြင်းဖြင့် မိမိတို့ချစ်ရတဲ့သူတွေမှာအသည်းရောင်ရောဂါများ (ရှိ/မရှိ) အမြန်ဆုံးစစ်ဆေး၍ ကာကွယ်ဆေးထိုးခြင်း၊အစားအသောက် အနေအထိုင်ဆင်ခြင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ စစ်ဆေးကုသခြင်းဖြင့် အတူတကွတွန်းလှန်တိုက်ထုတ်ကြပါစို့၊၊

ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ
🏥 တိုက်အမှတ် (၂၃) ၊ရှုခင်းသာလမ်း၊ (၈) ရပ်ကွက်၊ သာကေတမြို့နယ်။

☎️ 097 9672 8826, 097 9672 8827, 094 4775 5170, 097 9588 7125
⏳ ဆေးခန်းဖွင့်ချိန်24(ပိတ်ရက်မရှိပါ)

#အသည်းရောင်အသားဝါ
#ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

မင်္ဂလာပါရှင့် 🙏🔷 ဇီဝသုခမှ လစဥ်ပြုလုပ်နေသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်ကို ၂၈.၇.၂၀၂၆ အင်္ဂါ နေ့နံနက်(၉)နာရီမှ နေ့လ...
23/07/2026

မင်္ဂလာပါရှင့် 🙏

🔷 ဇီဝသုခမှ လစဥ်ပြုလုပ်နေသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်ကို ၂၈.၇.၂၀၂၆ အင်္ဂါ နေ့နံနက်(၉)နာရီမှ နေ့လည် (၁၂)နာရီအတွင်း လူဦးရေအယောက် (၆၅) ယောက်အထိ လက်ခံကုသပေးမည်ဖြစ်ပါသည်။

🔶 (၂၈.၇.၂၀၂၆ ရက်နေ့တစ်ရက်တည်းသာ)

📌 လူဦးရေ (၆၅) ပြည့်လျှင်စာရင်းပိတ်သိမ်းသွားပါမည်။

🔷 ကျန်းမာရေးစောင့်ရှောက်မှု ခံယူလိုသူများအနေဖြင့် (၂၃.၇.၂၀၂၆) မှစ၍ (၂၇.၇.၂၆) ညနေ (၅) နာရီရုံးချိန် အတွင်း Ziwa Thukha Healthcare Services ၏ page Messenger သို့ တိုက်ရိုက်ဆက်သွယ်၍ ပြသမဲ့သူ၏ အမည်၊အသက်၊မှတ်ပုံတင်နံပါတ်၊နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။

မှတ်ချက်- Facebook Account တစ်ခုလျှင် လူနာ (၂) ဦးသာ စာရင်းပေးသွင်းပြသခွင့်ရှိပါမည်။

📌 ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်
အထွေထွေဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသပေးခြင်း။
လိုအပ်သောဆေးဝါးများပေးခြင်း ။
လိုအပ်ပါက လူနာများအား
နှလုံး ECG ဆွဲပေးခြင်း ။
Ultrasound ရိုက်ပေးခြင်း။
ရင်ဘတ်ဓာတ်မှန်ရိုက်ပေးခြင်း။
ဆီးချို၊ သွေးချို နှင့် သွေးများစစ်ဆေးပေးခြင်း စသည့် ဝန်ဆောင်မှုများကိုပါ အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမ"ဇီဝသုခ"
ဆေးခန်းဖွင့်ချိန်24(ပိတ်ရက်မရှိပါ)

Connect with Us Online
Website: https://ziwathukha.com.mm
Viber : https://invite.viber.com/g2=AQB1SOjQ6oAkOE%2BH4OFXQH03LWPXWYiMApZeLrEd8TPVLiH6gKPkllIfjG0zDW3B
Telegram :https://t.me/ziwathukha
Google Map: https://g.co/kgs/zPXcyAg
Official TikTok: https://www.tiktok.com/?is_from_webapp=1&sender_device=pc

: တိုက်အမှတ် (၂၃)၊ရှုခင်းသာလမ်း၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ်။

🌦️ မိုးရာသီရောက်လာတာနှင့်အမျှ ရာသီတုပ်ကွေး၊ အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ‌ရောဂါများဖ...
21/07/2026

🌦️ မိုးရာသီရောက်လာတာနှင့်အမျှ ရာသီတုပ်ကွေး၊ အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ‌ရောဂါများဖြစ်ပွားလာနိုင်ပါသည်။

☔ ရာသီတုပ်ကွေး (Seasonal Flu) ဆိုသည် မှာ အသက်ရှူလမ်းကြောင်းကိုထိခိုက်စေတဲ့ Influenza Virus ကြောင့်ဖြစ်ပွားတာဖြစ်ပြီး ချောင်းဆိုး၊ နှာချေခြင်းမှတစ်ဆင့် အလွယ်တစ်ကူကူးစက်စေပါသည်။

🦠 ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ ဗိုင်းရပ်စ်ရောဂါများ၊ သွေးလွန်တုပ်ကွေးအပါအဝင် အခြားရောဂါများလည်းအဖျားနဲ့ စတင်တတ်တာကြောင့် လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြသသင့်ပါသည်။

အထူးသဖြင့်
🔶 ခလေးငယ်များ
🔶 အသက်အရွယ်ကြီးသူများ
🔶 ကိုယ်ဝန်ဆောင်မိခင်များနှင့်နာတာရှည်ရောဂါရှိသူများတွင်ပိုမိုပြင်းထန်းသောနောက်ဆက်တွဲကျန်းမာရေးပြဿနာများဖြစ်လာနိုင်ပါသည်။

☔ ဒါကြောင့်မိသားစုတစ်ခုလုံးကျန်းမာစွာ မိုးရာသီကိုဖြတ်သန်းနိုင်ဖို့အတွက် ကြိုတင်ကာကွယ်ခြင်းကအရေး ကြီးဆုံးဖြစ်ပါသည်။

မိုးရာသီမှာမိမိကျန်းမာရေးကိုဂရုစိုက်ပါ
🔷မိုးရေစိုပြီးအဝတ်စိုများကိုအမြန်လဲပါ။
🔷လူစုလူဝေးထဲသွားရင် Mask တပ်ပါ။
🔶ရေများများသောက်ပါ။
🔶လုံလောက်စွာအနားယူပါ။
🔷အာဟာရရှိသောအစားအစာများစားပါ။
🔷အပြင်ကပြန်လာပြီးတိုင်းလက်ကိုစင်ကြယ်အောင်ဆေးပါ။

👨‍⚕️ Ziwa Thukha Healthcare Services မှာအထွေထွေရောဂါစစ်ဆေးကုသမှုများကို နေ့စဉ်ဆောင် ရွက်ပေးလျက်ရှိပါတယ်။

🏠 သင်တို့အိမ်မှာရော အခုရက်ပိုင်း အဖျားနေတဲ့သူ ရှိပါသလား?👉👉👉 ရှိပါကမိတ်ဆွေ နှင့် မိသားစုများသိနိုင်ဖို့ ဒီ Post ကို Share လုပ်ပေးလိုက်ပါ။
📲 ဆေးခန်းသို့ လူကိုယ်တိုင်လာရောက်ပြရန် အခက်အခဲရှိသော သူများအတွက်လည်း အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞 မှတဆင့်ပြသနိုင်သော “𝖳𝖾𝗅𝖾𝖼𝗈𝗇𝗌𝗎𝗅𝗍𝖺𝗍𝗂𝗈𝗇 𝖲𝖾𝗋𝗏𝗂𝖼𝖾” ကိုလည်း “ဇီဝသုခ” မှာရရှိနေပြီပဲဖြစ်ပါတယ်။

🩺 ကျန်းမာပျော်ရွှင်ပြည်သူ့ဘဝကူညီဖေးမဇီဝသုခ

📍 ဆေးခန်းလိပ်စာ:တိုက်(၂၃), ရှုခင်းသာလမ်း၊ (၈)ရပ်ကွက်၊သာကေတမြို့နယ်။

📞 ဖုန်း: 097 96728826 / 097 9672 8827 / 09 4 4775 5170 / 097 9588 7125

🕐ဆေးခန်းဖွင့်ချိန်: 24hr (ပိတ်ရက်မရှိ)

🔗 Website: https://ziwathukha.com.mm
📍Google Map: https://g.co/kgs/zPXcyAg

#ရာသီတုပ်ကွေးကာကွယ်နည်း #ကျန်းမာရေးအကြံပြုချက် #တုပ်ကွေးလက္ခဏာများ #တုပ်ကွေးကာကွယ်ခြင်
#မိုးရာသီကျန်းမာရေး

Address

Yangon

Alerts

Be the first to know and let us send you an email when Ziwa Thukha Healthcare Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ziwa Thukha Healthcare Services:

Shortcuts

Share

Category