𝗟𝘂𝘁𝗲𝗶𝗻 𝘃𝗶𝘀 မျက်စိအားဆေး

  • Home
  • Myanmar
  • Yangon
  • 𝗟𝘂𝘁𝗲𝗶𝗻 𝘃𝗶𝘀 မျက်စိအားဆေး

𝗟𝘂𝘁𝗲𝗶𝗻 𝘃𝗶𝘀 မျက်စိအားဆေး အရည်အသွေး မြင့်မားသော ဆေးဝါးများ

👀မျက်စိထဲက သွေးကြောလေးတစ်ချောင်း ပြဿနာဖြစ်တာနဲ့ သင့်အမြင်ကို ထိခိုက်နိုင်ပါတယ်မျက်လုံးသွေးကြောတွန့်ရောဂါဟာ မျက်စိနောက်ဘက...
24/07/2026

👀မျက်စိထဲက သွေးကြောလေးတစ်ချောင်း ပြဿနာဖြစ်တာနဲ့ သင့်အမြင်ကို ထိခိုက်နိုင်ပါတယ်

မျက်လုံးသွေးကြောတွန့်ရောဂါဟာ မျက်စိနောက်ဘက်ရှိ မြင်လွှာ ကို အာဟာရနှင့် အောက်စီဂျင် ပို့ဆောင်ပေးတဲ့ သွေးပြန်ကြော ပိတ်ဆို့ခြင်း၊တွန့်ခြင်း၊ သွေးစီးဆင်းမှု မကောင်းခြင်းတို့ကြောင့် မြင်လွှာထဲမှာ သွေးယိုခြင်း၊ ရောင်းရမ်းခြင်းတွေ ဖြစ်လာပြီး အမြင်အာရုံကို ထိခိုက်စေတဲ့ မျက်စိရောဂါတစ်မျိုးပဲဖြစ်ပါတယ်

ရောဂါလက္ခဏာများ

-မျက်လုံးရုတ်တရက် ဝါးလာခြင်း
-မြင်ကွင်းပျောက်သလို ခံစားရခြင်း
-ရှင်းလင်းစွာ မမြင်ရခြင်း
-အမည်းစက်၊ ပင့်ကူမျှင်လို အရိပ်မြင်လာခြင်း
- စာဖတ်ရခက်လာခြင်း

မျက်လုံးသွေးကြောတွန့်ရောဂါဟာ သွေးတိုး၊ဆီးချို၊ သွေးအဆီများခြင်း၊အသက်ရွယ်ကြီးလာခြင်း၊ဆေး‌လိပ်သောက်ခြင်း၊နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ အဝလွန်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတဲ့ လူတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

#မျက်လုံးအားဆေး #မျက်စိကျန်းမာရေး #မျက်စိဆေး #မျက်စိ

၂၀၂၆ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်။(၇၉) နှစ်မြောက် “အာဇာနည်နေ့” မှာ ကျဆုံးလေပြီဖြစ်​သော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို L...
19/07/2026

၂၀၂၆ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်။

(၇၉) နှစ်မြောက် “အာဇာနည်နေ့” မှာ ကျဆုံးလေပြီဖြစ်​သော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို Lutein Myanmar မှ လေးစားစွာ ဂါရဝပြုအပ်ပါတယ်ရှင်။🥀

#မျက်စိအားဆေး

မျက်စိညောင်းညာပင်ပမ်းခြင်းနဲ့ နောက်ဆက်တွဲ အန္တရာယ်များမျက်လုံးကို ကြာရှည်စွာအသုံးပြုခြင်း သို့မဟုတ် မျက်လုံးကြွက်သားတွေ ...
12/05/2026

မျက်စိညောင်းညာပင်ပမ်းခြင်းနဲ့ နောက်ဆက်တွဲ အန္တရာယ်များ

မျက်လုံးကို ကြာရှည်စွာအသုံးပြုခြင်း သို့မဟုတ် မျက်လုံးကြွက်သားတွေ အလွန်အမင်းအားစိုက်ရခြင်း ကြောင့်ဖြစ်ပါတယ်။ အဓိကအကြောင်းရင်းတွေကတော့-

· နီးရာကို ကြာရှည်ကြည့်ခြင်း – ဖုန်း၊ ကွန်ပျူတာ၊ စာအုပ်စာတမ်း စသည်ကို နာရီပေါင်းများစွာ ကြည့်ရှုခြင်း
· အလင်းရောင်မလုံလောက်ခြင်း သို့မဟုတ် အလွန်အမင်းတောက်ပခြင်း
· မျက်စိအမြင်အား ပြဿနာ (အဝေး/အနီးမှုန်) ကို မှန်ကန်သောမျက်မှန် မတပ်ဆင်ထားခြင်း
· မျက်ရည်ခြောက်ခြင်း သို့မဟုတ် မျက်လုံးခြောက်သွေ့ခြင်းရောဂါ
· အိပ်ရေးမဝခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်

───

နောက်ဆက်တွဲ အန္တရာယ်များ

ခဏတာမျက်စိညောင်းညာခြင်းက အန္တရာယ်မကြီးပေမဲ့ ကြာရှည်ခံစားရပြီး လျစ်လျူရှုပါက အောက်ပါပြဿနာများ ဖြစ်လာနိုင်ပါတယ်-

1. နာတာရှည်ခေါင်းကိုက်ခြင်း – အထူးသဖြင့် နဖူးနှင့် မျက်လုံးတစ်ဝိုက်
2. အမြင်အာရုံဝါးခြင်း သို့မဟုတ် နှစ်ထပ်မြင်ခြင်း – ယာယီဖြစ်တတ်သော်လည်း မကြာခဏဆိုရင် အန္တရာယ်ရှိ
3. အာရုံစူးစိုက်ရခက်ခြင်း၊ စာဖတ်ရခက်ခြင်း – စာလုံးတွေ ရွေ့လျားနေသလို ခံစားရနိုင်
4. မျက်လုံးခြောက်သွေ့ရောဂါ ပိုဆိုးလာခြင်း
───

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

အနားယူလိုက်ခြင်း၊ မျက်စဉ်းခတ်ခြင်း သို့မဟုတ် အိပ်ရေးဝဝအောင်လုပ်ခြင်းဖြင့် ၂-၃ ရက်အတွင်း မသက်သာပါက၊ သို့မဟုတ် အောက်ပါလက္ခဏာများပါလာပါက မျက်စိအထူးကုဆရာဝန်နှင့် ပြသပါ-

· မျက်စိကွယ်သွားသလို အမြင်အာရုံပျောက်ခြင်း
· မျက်စိနီခြင်း၊ နာကျင်ခြင်း၊ အလင်းရောင်ထိန်းထိန်းခံစားရခြင်း
· မျက်စိထဲတွင် အမှုန်အမွှားများ များစွာမြင်ရခြင်း (floaters) သို့မဟုတ် လျှပ်စစ်လှိုင်းလုံးများမြင်ရခြင်း

ကြိုတင်ကာကွယ်ရန် –
20-20-20 စည်းမျဉ်းကို လိုက်နာပါ။ (မိနစ် 20 ကြာ ဖုန်း/ကွန်ပျူတာကြည့်ပါက ပေါင် 20 အကွာအဝေးကို စက္ကန့် 20 ကြာ ငေးကြည့်အနားယူပါ)။ မျက်စိစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ။

#မျက်လုံးအားဆေး #မျက်စိကျန်းမာရေး #မျက်စိဆေး #မျက်စိ

နေ့စဉ် ဖုန်း၊ကွန်ပြူတာ ကြည့်နေရတာကြောင့်👀မျက်စိပင်ပန်း👀မျက်စိခြောက်👀အလင်းစူးမခံနိုင်👀အမြင်မရှင်းတာတွေ ဖြစ်တက်ပါတယ်ဒီပြသာ...
29/04/2026

နေ့စဉ် ဖုန်း၊ကွန်ပြူတာ ကြည့်နေရတာကြောင့်

👀မျက်စိပင်ပန်း
👀မျက်စိခြောက်
👀အလင်းစူးမခံနိုင်
👀အမြင်မရှင်းတာတွေ ဖြစ်တက်ပါတယ်

ဒီပြသာနာ‌ေတွ ဖြေရှင်းဖို့ Lutein Vis မျက်စိအားဆေးကို အသုံးပြုနိုင်ပါတယ်

Lutein Vis မျက်စိအားဆေးမှာ

✅မျက်စိ သွေးလှည့်ပတ်မှုကောင်းစေတဲ့ (Bilberry)
✅မျက်စိ ပင်ပန်းမှုလျော့ကျစေတဲ့ (Goji Berry)
✅မျက်စိ အိုမင်းမှုကို နှေးကွေးစေတဲ့ (Blackcurrant)
✅Blue light (ဖုန်း/ကွန်ပြူတာ)မှ ကွာကွယ်ပေးတဲ့ (Lutein&Zeaxanthin)
✅မျက်စိခြောက်ခြင်းလျော့ကျစေတဲ့ (Maqui Berry)

စတဲ့ အဓိက ပါဝင်ပစ္စည်းများနဲ့ ထုတ်လုပ်ထားပါတယ်

Lutein Vis မျက်စိအားဆေး သောက်သုံးပြီး မျက်စိကြည်လင်လာတယ် မျက်စိနာတာ လျော့သွားတယ် Screen ကြည့်ရတာ ပိုအဆင်ပြေသွားတယ်ဆိုတဲ့ Review ‌များစွာ ရရှိထားပါတယ်

မျက်စိပြသာနာ‌ဆိုတာ ဖြစ်ပြီးမှ ပြန်ကောင်းအောင် လုပ်ရတာ ခက်ပါတယ်

ဒါကြောင့် အခုတည်းက ကွာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်

မှာယူရန်⤵⤵
𝙃𝙤𝙩𝙡𝙞𝙣𝙚 𝟬𝟵 𝟳𝟱𝟳𝟯𝟴𝟵𝟳𝟲𝟲 (Or)
💬𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐚𝐧𝐠𝐞𝐫
𝐋𝐮𝐭𝐞𝐢𝐧 𝐕𝐢𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐦𝐩𝐚𝐧𝐲

#မျက်စိဝေဒနာအမျိုးမျိုး

👁️👁️ အမြင်အာရုံ မဆုံးရှူံးချင်သူများအတွက် ...👉 အတွင်းတိမ်၊ရေတိမ်👉 မျက်သားတက်ခြင်း👉 အမြင်မှုန်ဝါးခြင်း👉 မျက်စိပင်ပန်းခြင်...
06/03/2026

👁️👁️ အမြင်အာရုံ မဆုံးရှူံးချင်သူများအတွက် ...
👉 အတွင်းတိမ်၊ရေတိမ်
👉 မျက်သားတက်ခြင်း
👉 အမြင်မှုန်ဝါးခြင်း
👉 မျက်စိပင်ပန်းခြင်း
ဒီလိုဝေဒနာတွေ ခံစားနေရပြီဆိုရင် မပေါ့ဆသင့်ပါ။
ဒီရောဂါတွေက သင့်ရဲ့အမြင်အာရုံကို အနှောက်ယှက်ပေးနိုင်သလို အမြင်အာရုံဆုံးရှုံးစေတဲ့ထိ ဒုက္ခပေးပါတယ်...
Lutein Vis မျက်စိအားဆေးလေးဟာဆိုရင် USA (🇺🇲) နည်းပညာနဲ့ ကျွမ်းကျင်ဆရာဝန်ကြီးများကိုယ်တိုင် စမ်းသပ်‌စစ်ဆေးပြီး အဆင့်မြင့်ထုတ်လုပ်ထားပါတယ်...✅️

မျက်စိရောဂါအလိုက် ထိရောက်မှု မတူညီတာမို့လို့ အကယ်၍ သင်က ခုမှစပြီး မျက်စိရောဂါခံစားနေရသူဆိုရင် ရက်ပိုင်းအတွင်း သိသိသာသာ သက်သာစေပါတယ်...
🇹🇭 ထိုင်းနိုင်ငံသာမက မြန်မာနိုင်ငံမှာပါ သုံးစွဲသူအမြောက်အများကို စိတ်ကျေနပ်မှူ အကောင်းဆုံးပေးနေတဲ့‌ဆေးဆိုလဲ မမှားပါဘူးနော် 💯💯

အသေးစိတ်စုံစမ်းရန်⤵️
𝙃𝙤𝙩𝙡𝙞𝙣𝙚 ☎️
𝟬𝟵-𝟳𝟱𝟳𝟯𝟴𝟵𝟳𝟲𝟲
𝟬𝟵-𝟰𝟬𝟬𝟱𝟳𝟯𝟰𝟬𝟳
💬𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐚𝐧𝐠𝐞𝐫
𝐋𝐮𝐭𝐞𝐢𝐧 𝐕𝐢𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐦𝐩𝐚𝐧𝐲

#မြင်နိုင်စွမ်းကျခြင်း #မျက်စိကျန်းမာရေး #ဗီတာမင် #အစိမ်းရောင် #မျက်စိစွန် #ခေါင်းကိုက်ခြင်း

18/02/2026

မျက်စိအာရုံကြောအားနည်းခြင်း (Optic Nerve Weakness/Atrophy)

မျက်စိအာရုံကြောအားနည်းခြင်းဟာ အမြင်အာရုံကွယ်ပျောက်တဲ့အထိ ဖြစ်စေနိုင်တဲ့အတွက် အထူးဂရုစိုက်သင့်တဲ့ အခြေအနေတစ်ခုပါ။မျက်စိအာရုံကြောအားနည်းခြင်းကို အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ် 👇👇

၁။ ရေတိမ်ရောဂါ (Glaucoma)
မျက်လုံးအတွင်း ဖိအားများခြင်းကြောင့် အာရုံကြောကို ထိခိုက်ခြင်း။

၂။ အာဟာရချို့တဲ့ခြင်း
ဗီတာမင် B12၊ B1 နှင့် ဖောလစ်အက်ဆစ် (Folic acid) ချို့တဲ့ခြင်း။

၃။ သွေးလည်ပတ်မှု မကောင်းခြင်း
အာရုံကြောဆီသို့ သွေးရောက်ရှိမှု နည်းပါးခြင်း (ဥပမာ- သွေးတိုး၊ ဆီးချို)။

၄။ ‌‌ဆေးလိပ်သောက်ခြင်း
အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း သို့မဟုတ် အချို့သော ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများ။

၅။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ ဦးနှောက်အကျိတ် (သို့မဟုတ်) အာရုံကြောရောင်ရမ်းခြင်း (Optic Neuritis)။

👉လက္ခဏာများ👈

✅အမြင်အာရုံ ဝေဝါးလာခြင်း။
✅အရောင်များ ခွဲခြားရခက်ခြင်း (အရောင်မှိန်သွားသလို ခံစားရခြင်း)။
✅ဘေးမြင်ကွင်းများ ကွယ်ပျောက်လာခြင်း (Tunnel Vision)။
✅အလင်းစူး မခံနိုင်ခြင်း။
✅မျက်လုံးနောက်ဘက်မှ နာကျင်ခြင်း (အထူးသဖြင့် မျက်လုံးလှုပ်ရှားလျှင်)

ကုသရန် နည်းလမ်းများ🌿

✅ အာဟာရပြည့်ဝအောင်စားပါ
ဗီတာမင် A, C, E နှင့် ဇင့် (Zinc) ပါသော အစားအစာများ (ဥပမာ- ကန်စွန်းဥ၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ငါး) ကို စားသုံးပေးပါ။

✅ မျက်စိနားပေးပါ
ဖုန်း သို့မဟုတ် ကွန်ပျူတာ ကြည့်နေပါက "၂၀-၂၀-၂၀" နည်းလမ်းကို သုံးပါ။ (မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာ ကြည့်ပေးခြင်း)။

✅ ရောဂါအခံကို ထိန်းချုပ်ပါ
ဆီးချိုနှင့် သွေးတိုးရှိပါက စနစ်တကျ ထိန်းညှိပါ။

✅ နေကာမျက်မှန်တပ်ပါ
ခရမ်းလွန်ရောင်ခြည် (UV) ကြောင့် အာရုံကြော ထိခိုက်မှုကို ကာကွယ်ပါ။

👉 အရေးကြီးဆုံးက မျက်စိအာရုံကြော ထိခိုက်ခြင်းဟာ ပြန်လည်ကုသရန် ခက်ခဲတဲ့အတွက် မျက်စိအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသပြီး စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။

Vis Myanmar #မျက်စိ #မျက်စိကျန်းမာရေး #ဗီတာမင် #မြင်နိုင်စွမ်းကျခြင်း #မျက်စိစွန် #ဆောင်းရာသီ # မျက်စိခြောက် #မျက်စိအားဆေး

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ🥦🥦ကင်ဆာရောဂါပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါတွေကို သက်သာစေပါတယ်။ ပန်းဂေါ်ဖီစိ...
19/01/2026

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ🥦🥦

ကင်ဆာရောဂါ
ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါတွေကို သက်သာစေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ estrogen ပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပါတယ်။ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းဟာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်စေနိုင်မှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ကိုလက်စထရော
ပန်းဂေါ်ဖီစိမ်းဟာ တခြားအစားအစာတွေလိုပဲ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါဝင်တာကြောင့် ကိုလက်စထရောတွေကို လျှော့ကျစေပါတယ်။ အမျှင်ဓာတ်တွေကြောင့် အစာခြေလမ်းကြောင်း ကောင်းမွန်ဖို့ကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

ရောင်ရမ်းခြင်းကို သက်သာစေခြင်း
ပန်းဂေါ်ဖီစိမ်းမှာ အိုမီဂါ ၃ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အဆစ်ရောဂါ ရှိသူတွေခံစားနေရတဲ့ အဆစ်ကိုက်ခဲခြင်းကိုလည်း လျှော့နည်းစေပါတယ်။

အရိုးကျန်းမာရေး
ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ကေ နှစ်မျိုးလုံး လုံလုံလောက်လောက် ပါဝင်တာကြောင့် အရိုးပွရောဂါတွေ မဖြစ်စေဘဲ အရိုးကျန်းမာရေးကောင်းဖို့ ထိန်းသိမ်းပေးပါတယ်။

နှလုံးကျန်းမာရေး
နှလုံးရောဂါအခံရှိသူတွေအနေနဲ့ ပန်းဂေါ်ဖီစိမ်း စားပေးဖို့ လိုပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲမှာ ITCs ထဲက တစ်ခုဖြစ်တဲ့ Sulforaphane ပါဝင်တာမို့ သွေးတွင်းသကြားဓာတ်ကြောင့် သွေးကြောအနားသတ်တွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓာတ်၊ fatty acid နဲ့ ဗီတာမင်တွေလည်း ပါဝင်သေးတာကြောင့် ခန္ဓာကိုယ်အတွင်း သွေးဖိအားကိုလည်း ထိန်းထားပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် မသင့်တော်တဲ့ ကိုလက်စထရောတွေကို လျှော့ကျစေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အသားအရေ
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီ၊ ဇင့်လိုမျိုးပဲ ဓာတ်တိုးဆန့်ကျင်မှုတွေ များများ ပါဝင်တာကြောင့် အသားအရေ ကြည်လင်တောက်ပစေပါတယ်။ အသားအရေ နီမြန်းခြင်းတွေ မဖြစ်ဖို့အတွက်လည်း ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က စွမ်းဆောင်ပေးနိုင်ပါသေးတယ်။

ပန်းဂေါ်ဖီစိမ်းရဲ့ အကျိုးကျေးဇူးတွေ သိရပြီဆိုတော့ များများစားပေးနော်။ ဒါမှ ကျန်းမာရေး ကောင်းမွန်လာမှာဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာနော်...

Vis Myanmar #မျက်စိ #မျက်စိကျန်းမာရေး #ဗီတာမင် #မြင်နိုင်စွမ်းကျခြင်း #မျက်စိစွန် #ဆောင်းရာသီ # မျက်စိခြောက် #မျက်ရစ်ဖောင်းခြင်း #ခေါင်းကိုက်ခြင်း
゚viralシfypシ゚viralシalシfollowers

အမြင်အာရုံအားကောင်းဖို့ မျက်လုံးလေ့ကျင့်ခန်း လုပ်ကြစို့ အမြင်ဝေဝါးတာ၊ မျက်စိပင်ပန်းနေတာ ၊ မျက်စိညောင်း‌ညာတာတွေ ခံစားနေရပ...
16/01/2026

အမြင်အာရုံအားကောင်းဖို့ မျက်လုံးလေ့ကျင့်ခန်း လုပ်ကြစို့

အမြင်ဝေဝါးတာ၊ မျက်စိပင်ပန်းနေတာ ၊ မျက်စိညောင်း‌ညာတာတွေ ခံစားနေရပြီဆိုရင် မျက်လုံးအတွက် လေ့ကျင့်ခန်းလုပ်တာက အမြင်အာရုံအားကောင်းစေရုံသာမက မျက်စိညောင်းညာတာကိုလဲ သက်သာစေပါတယ်။

ဒါဆို ဘယ်လိုနည်းလမ်းတွေနဲ့ မျက်လုံးလေ့ကျင့်ခန်း လုပ်ကြမလဲ ?

#မျက်လုံးကို လက်ဖဝါးနဲ့ အုပ်ပြီး အပူပေးပါ။
လက်ဖဝါး နှစ်ဖက်ကို ခပ်နွေးနွေးလေး ဖြစ်အောင် ပွတ်ပြီး မျက်လုံးပေါ်မှာ အုပ်ထားတာက မျက်လုံးတဝိုက်က ကြွက်သားတွေကို ပြေလျော့စေပြီး မျက်လုံးညောင်းတာကို သက်သာစေနိုင်ပါတယ်။

#မျက်တောင် ခတ်ပါ
ကွန်ပျူတာတွေ၊ ဖုန်းတွေကို အချိန်ကြာကြာ ကြည့်ပြီးချိန်မှာ မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်ပါ။ ဒီလို လုပ်တာက မျက်လုံးခြောက်တာကို သက်သာစေနိုင်ပါတယ်။ မျက်လုံး ကျိန်းစပ်တာကို သက်သာစေနိုင်ပါတယ်။

Push-Ups
Pencil push-ups လုပ်တာက မျက်လုံးတွေကို ရွှေ့လျား ကြည့်ရှုဖြစ်အောင် ထောက်ကူပေးနိုင်မှာပါ။ အနီးမှုန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ခဲတံကိုအစား အခြား အရာဝတ္ထု တစ်ခုခုကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

အဓိကတော့ အဲ့အရာဝတ္ထုလေးပေါ်မှာ အာရုံစိုက်ထားဖို့ပါ။ အရင်ဆုံး ခဲတံကို ဖြည်းဖြည်းချင်း နှာဖျားဆီကို ရွှေ့ပါ။ ပြီးရင် လက်မောင်း တစ်ဆန့်စာကို ရွှေ့ပေးပါ။ ပြီးရင် နှာဖျားဆီကို ပြန်ရွှေ့ပါ။ ဒီလိုမျိုး နီးလိုက် ဝေးလိုက် လုပ်ပေးပါ။ ခဲတံပေါ်မှာ အကြည့်ကို ထားဖို့တော့ လိုပါမယ်။ ၅ ကြိမ် ကနေ ၇ ကြိမ်လောက် လုပ်ပေးပါ။

And Far Focus
မျက်လုံး ကြွက်သားတွေ ပြေလျော့စေဖို့နဲ့ အာရုံစူးစိုက်မှု ကောင်းစေဖို့အတွက် လုပ်ဆောင်ပေးရတဲ့ မျက်လုံး လေ့ကျင့်ခန်းပါ။ လက်မကို မျက်နှာနဲ့ ၁၀ လက်မ အကွာမှာ ထားပါ။ အဲ့လက်မအပေါ်ကို ၁၅ စက္ကန့် အာရုံစိုက်ထားပါ။ ပြီးရင် ပေ ၂၀ ကို စိုက်ကြည့်ပေးပါ။ ပြီးရင် ၁၅ စက္ကန့် အာရုံစိုက်ထားပါ။ ဒီလိုမျိုး ၅ ကြိမ်ကနေ ၇ ကြိမ်လောက် လုပ်ပေးပါ။

#20-20-20 Rule
တစ်ခုခုပေါ်မှာ အချိန်အကြာကြီး အာရုံစိုက်ထားရတာက မျက်လုံးကို ပင်ပန်းစေပြီးမျက်လုံးတွေကို ခြောက်သွေ့စေနိုင်ပါတယ်။ဒါကြောင့် မျက်လုံးခြောက်တာ၊ မျက်လုံးညောင်းတာတွေ မဖြစ်စေဖို့အတွက် မျက်လုံးကို အနားပေးရမယ့် 20-20-20 rule ကို အသုံးပြုပါ။ Screen time မိနစ် ၂၀ကြာတဲ့အခါ ပေ၂၀ အကွာက မြင်ကွင်းတစ်ခုခုကို စက္ကန့် ၂၀ကြာအောင် ကြည့်ပေးရပါတယ်၊၊ ဒီလို လုပ်ပေးတာက အမြင်အာရုံကို ကျန်းမာစေပြီး မျက်လုံး ကြွက်သားတွေကို ပြေလျော့စေနိုင်မှာပါ။

ကဲ ….. မျက်လုံး ကျန်းမာစေဖို့ လေ့ကျင့်ခန်းလေးတွေ ပုံမှန် လုပ်ပေးလိုက်ရအောင်နော် …….

Vis Myanmar #မျက်စိ #မျက်စိကျန်းမာရေး #ဗီတာမင် #မြင်နိုင်စွမ်းကျခြင်း #မျက်စိစွန် #ဆောင်းရာသီ # မျက်စိခြောက် #မျက်ရစ်ဖောင်းခြင်း #ခေါင်းကိုက်ခြင်း

ကန်စွန်းရွက်ရဲ့ ကျန်းမာရေးကောင်းကျိုး✨ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတ...
14/01/2026

ကန်စွန်းရွက်ရဲ့ ကျန်းမာရေးကောင်းကျိုး✨

ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက် စားပေးတာက Triglycoside လိုမျိုး ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း ကိုလက်စထရောတွေကို လျော့ကျစေဖို့ပါပဲ။

#သံဓာတ်
သံဓာတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ သံဓာတ်က ကိုယ်ဝန်ဆောင်ချိန်မှာ အရေးတကြီးလိုအပ်ပါတယ်။ သံဓာတ်ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက်မှာ ပါဝင်မှု အများဆုံးကတော့ သံဓါတ်ပါပဲ။

#အမျှင်ဓာတ်
ကန်စွန်းရွက်မှာ အမျှင်ဓါတ်တွေ ပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ ဝမ်းချုပ်တာကို ပျောက်ကင်းစေပါတယ်။ ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါ။

#မျက်စိ
မျက်စိအားကောင်းစေဖို့ ကန်စွန်းရွက်လေး စားပေးပါ။ ကန်စွန်းရွက်မှာ ဗီတာမင် အေ ပါဝင်ပြီး ဗီတာမင် အေက မျက်စိအာရုံကို ကောင်းမွန်စေပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသေးတယ်။ ကန်စွန်းရွက်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ free radicals တွေကို လျှော့ချပေးတဲ့ ဓါတ်တိုးဆန့်ကျင်မှုအဖြစ် အာဟာရတွေ ပေးစွမ်းနိုင်ပါတယ်။ ကိုလက်စထရော တိုးတာကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ မဖြစ်စေတော့ဘဲ နှလုံးနဲ့ လေဖြတ်တာတွေ လျှော့ကျစေပါတယ်။

#ကျောက်ကပ်
ကျောက်ကပ်ရောဂါ ရှိလို့ ဆီးသွားခြင်းမှာ ပြဿနာတွေ ရှိနေတယ်ဆိုရင်လည်း ကန်စွန်းရွက် စားပေးဖို့ လိုပါတယ်။ ကန်စွန်းရွက်မှာ ရေဓါတ်များများ ပါဝင်တာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုတာပါ။

#အရေပြား
ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ အရေပြားဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်။ အရေပြားမှာ အမာရွတ်ဖြစ်ပေါ်ခြင်း၊ အနီစက်တွေ ဖြစ်ပေါ်စေခြင်းကို သက်သာစေနိုင်ပါတယ်။ အင်းဆက်ကိုက်တာကြောင့် အမာရွတ်ကျန်ခြင်းကို သက်သာစေချင်တယ်ဆိုရင် အနာပေါ် ကန်စွန်းရွက် အေးအေးလေး ကပ်ပေးတာမျိုး လုပ်ပေးပါ။

ခုဆိုရင်တော့ ကန်စွန်းရွက်က ပေးစွမ်းနိုင်တဲ့ အာဟာရတွေကို သိရပြီဆိုတော့ ကန်စွန်းပလိန်း၊ ကန်စွန်းရွက်ချဉ်ဟင်း၊ ကန်စွန်းရွက်ပြုတ်ကို တို့စရာအဖြစ် စားပေးလို့ ရတယ်နော်...

Vis Myanmar #မျက်စိ #မျက်စိကျန်းမာရေး #ဗီတာမင် #မြင်နိုင်စွမ်းကျခြင်း #မျက်စိစွန် #ဆောင်းရာသီ # မျက်စိခြောက် #မျက်ရစ်ဖောင်းခြင်း #ခေါင်းကိုက်ခြင်း
゚viralシfypシ゚viral

2026မှာ အမြင်အာရုံအား‌ကောင်းချင်တဲ့သူများ  စားကိုစားပေးရမဲ့ အစားအစာမျက်စိ အားနည်းတယ်၊ မျက်ရိုးကိုက်တယ်၊ ပါဝါတက်တယ်၊ မျက်...
12/01/2026

2026မှာ အမြင်အာရုံအား‌ကောင်းချင်တဲ့သူများ စားကိုစားပေးရမဲ့ အစားအစာ

မျက်စိ အားနည်းတယ်၊ မျက်ရိုးကိုက်တယ်၊ ပါဝါတက်တယ်၊ မျက်လုံးခြောက်တယ်၊ မျက်ရည်ပူတွေကျတယ် စတဲ့ မျက်စိပြဿနာတွေအတွက် ဆေးစရိတ်က အရမ်းများပါတယ်။ ဒါကြောင့် ကိုယ့်စားနေတဲ့ အာဟာရထဲ မျက်စိကျန်းမာရေးအတွက် အဓိကအစားအစာတွေကို စားသုံးပေးခြင်းဖြင့် ကုန်ကျစရိတ််သက်သာအောင် ဂရုစိုက်လိုက်ပါ...

#ကြက်ဥ
ကြက်ဥမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓာတ်တွေအပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

#ရေ
ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးမှ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာ၊ မျက်စိအမြင်အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

#ငါး
ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓာတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

#ပဲ နဲ့ အခွံမာသီး အမျိုးမျိုး
အခွံမာသီးနဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

#အစေ့အဆန်
နေကြာစေ့၊ ဖရုံစေ့၊ ပင်ပွားစေ့၊ ပီစတာချီရိုစေ့၊ ဗာဒံစေ့ တို့လို အစေ့အဆန်တွေမှာ ကြွယ်ဝတဲ့ဗီတာမင် E ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့မမှုန်ပါဘူးတဲ့။

#ဗီတာမင် C သစ်သီးတွေ
သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူ ဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြား ပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

#အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓာတ် ပါဝင်တာကြောင့် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။

#မုန်လာဥနီ
လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။

#ကန်စွန်းဥ
ဘီတာကယ်ရိုတင်းကြွယ်ဝပြီး ဗီတာမင် E ဓာတ်အပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

ဒီအစားအစာတွေကို နေ့တိုင်းစားသုံးပေးမယ်ဆိုရင် အမြင်အာရုံပြဿနာများကို ဆေးသောက်ခြင်းနဲ့တူတဲ့ရလဒ်ကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်....

Vis Myanmar #မျက်စိ #မျက်စိကျန်းမာရေး #ဗီတာမင် #မြင်နိုင်စွမ်းကျခြင်း #မျက်စိစွန် #ဆောင်းရာသီ # မျက်စိခြောက် #မျက်ရစ်ဖောင်းခြင်း #ခေါင်းကိုက်ခြင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝗟𝘂𝘁𝗲𝗶𝗻 𝘃𝗶𝘀 မျက်စိအားဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share