Ngwe Yadanar Pann International Healthcare Coordination & Referral

  • Home
  • Myanmar
  • Yangon
  • Ngwe Yadanar Pann International Healthcare Coordination & Referral

Ngwe Yadanar Pann International Healthcare Coordination & Referral Since 2025 | Trusted healthcare coordination platform connecting patients to leading hospitals and specialists in Myanmar, Thailand & India.

Treatment, IVF, stem cell, wellness and patient coordination services. 🇲🇲🇹🇭🇮🇳

29/07/2026

International Health Talk Yangon 2026 ၏ အစကို ဖွင့်လှစ်ပေးခဲ့သော Ngwe Yadanar Pann International Co., Ltd. ၏ CEO ကိုရွှေကုဋေအောင်

🌕 ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) 🪔ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) အခါသမယမှာ မြတ်သောကုသိုလ်တရားများ ပွားများနိုင်ကြပ...
29/07/2026

🌕 ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) 🪔

ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) အခါသမယမှာ မြတ်သောကုသိုလ်တရားများ ပွားများနိုင်ကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးရန်ခပ်သိမ်း ကင်းဝေးကြပါစေကြောင်း ငွေရတနာပန်းအင်တာ‌နေရှင်နယ်မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ🙏

28/07/2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီ နိုင်ငံတကာဆေးရုံကြီး မှ နှလုံးနှင့် ရင်ခေါင်းခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Chawakorn Leampriboon က ဝေ့ဌာနီ နိုင်ငံတကာဆေးရုံကြီး၏ ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ၊ နိုင်ငံတကာအဆင့်မီ အရည်အသွေးစံနှုန်းများနှင့် ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများအကြောင်းကို မျှဝေပေးထားပါတယ်။

(ဤဟောပြောချက်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မန္တလေးမြို့ ရတနာပုံခန်းမ (မြနန်းဘုံစံခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သော Cross-Border Health Forum 2025: Myanmar–Thailand–India ၏ ကျန်းမာရေးအသိပညာမျှဝေပွဲအစီအစဉ်မှ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။)

ယနေ့ကျရောက်သည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) အထိမ်းအမှတ် အွန်လိုင်းကျန်းမာရေးဟောပြောပွဲတစ်ရပ်ကို ၂၀၂၆ ...
28/07/2026

ယနေ့ကျရောက်သည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) အထိမ်းအမှတ် အွန်လိုင်းကျန်းမာရေးဟောပြောပွဲတစ်ရပ်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ (၂:၃၀) နာရီ (ထိုင်းစံတော်ချိန် မွန်းလွဲ ၃နာရီ)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဟောပြောပွဲကို ဖိတ်ကြားထားသူများသီးသန့်ပုံစံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး (Vejthani International Hospital) မှ အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်း အထူးကုသမားတော်ကြီး Dr. Boonlert Imraporn က အသည်းရောင်ရောဂါအကြောင်း သိကောင်းစရာများကို မျှဝေဟောပြောသွားမည် ဖြစ်ပါသည်။

27/07/2026

လေဆာနည်းပညာဖြင့် ထိရောက်စွာကုသနိုင်သည့် စအိုလမ်းကြောင်းတဝိုက် ရောဂါ (၃) မျိုး အကြောင်းကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဝေ့ဌာနီနိုင်ငံတကာဆေးရုံကြီး မှ အထွေထွေခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Anon Jaionnom က မျှဝေပေးထားပါတယ်။

‌(ဤဟောပြောချက်သည် ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့သော International Health Talk Yangon – 2026 တွင် ပြောကြားခဲ့သည့် ဆေးပညာဆိုင်ရာ အသိပညာမျှဝေမှုမှ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။)

26/07/2026

အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ရှိ Gleneagles Hospital မှ ကင်ဆာရောဂါခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Balaji Ramani က ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ပြုလုပ်သော International Health Talk Yangon – 2026 တွင် ဟောပြောခဲ့သည့် အကြောင်းအရာများမှ ကောက်နှုတ်ချက်

Thai StemLife × NYPI
25/07/2026

Thai StemLife × NYPI

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ မန္တလေးမြို့ရှိ Mandalay Convention Center (MCC) တွင် ကျင်းပပြုလုပ်သွားမည့...
25/07/2026

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ မန္တလေးမြို့ရှိ Mandalay Convention Center (MCC) တွင် ကျင်းပပြုလုပ်သွားမည့် Thai Expo Mandalay 2026 ၏ Booth Number (A 31)တွင် ထိုင်းနိုင်ငံ၏ ပထမဦးဆုံး ပုဂ္ဂလိက ပင်မဆဲလ် (Stem Cells) သိုလှောင်ဘဏ်ဖြစ်သော Thai StemLife နှင့်အတူ ကျွန်တော်တို့ ငွေရတနာပန်းအင်တာနေရှင်နယ်အဖွဲ့သားများ ရှိနေမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ငွေရတနာပန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်သည် Thai StemLife ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် Referral Agency အဖြစ် Thai StemLife ကို ကိုယ်စားပြုကာ ပါဝင်ပြသသွားမည်ဖြစ်ပြီး ချက်‌ကြိုးသွေး၊ ချက်ကြိုး၊ အချင်းအစရှိသည့် ပင်မဆဲလ် (Stem Cells) အမျိုးမျိုးကို သိုလှောင်သိမ်းဆည်းပေးသည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Thai StemLife ပင်မဆဲလ်သိုလှောင်ဘဏ်၏ ဝန်ဆောင်မှုများ နှင့် ပင်မဆဲလ် (Stem Cells) များရဲ့ ရောဂါကုသခြင်းဆိုင်ရာ အသုံးဝင်မှုများကို မြန်မာနိုင်ငံအတွင်းရှိ မိသားစုများအတွက်မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။

Thai StemLife ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ကြိုတင်သိရှိလိုသူများ၊ ဆွေးနွေးတိုင်ပင်လိုသူများအနေဖြင့် Thai Expo Mandalay 2026 မတိုင်မီပင်၊ ယခုအချိန်မှစ၍ ငွေရတနာပန်းအင်တာ‌နေရှင်နယ်သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကျွန်တော်တို့ငွေရတနာပန်းအင်တာနေရှင်နယ်အနေဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးခြင်း၊ ပင်မဆဲလ် (Stem Cells) သိုလှောင်ရန် လိုအပ်သည့်စာရွက်စာတမ်းများပြင်ဆင်‌ပေးခြင်းမှစ၍ နမူနာစုဆောင်းခြင်းနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Thai StemLife ၏ ဓာတ်ခွဲခန်းသို့ နမူနာများကို စံချိန်စံညွှန်းနှင့်အညီ ပို့ဆောင်ပေးခြင်းအထိ စ-လယ်-ဆုံး One-stop ဝန်ဆောင်မှုများကို ပေးအပ်နေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

▪️ဆက်သွယ်ရန်

📍ရန်ကုန် - အခန်း (၄၉) ၊ အမှတ် (၂၃၂) ၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

📲 +959 945 000 859
+959 945 000 858

📍 မန္တလေး - အကွက် (၅၁၃/၃) ၅၇ (A) လမ်း၊ ၂၇ (A) နှင့် ၂၇ (B) ကြား၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

📲 +959 783 500 425

✉️ Email – [email protected]





Piyavate Hospital joins International Health Talk 2026 as Official Hospital Partnerငွေရတနာပန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိ...
24/07/2026

Piyavate Hospital joins International Health Talk 2026 as Official Hospital Partner

ငွေရတနာပန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မှ ကြီးမှူးကျင်းပပြုလုပ်သွားမည့် International Health Talk 2026 အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Piyavate Hospital (ပီရာဝေ့ဆေးရုံကြီး) မှ Official Hospital Partner အဖြစ် ပူးပေါင်းပါဝင်သွားမည်ဖြစ်ပါသည်။

International Health Talk 2026 ကို လာမည့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့ နှင့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မန္တလေးမြို့ တို့၌ အသီးသီးကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြည်သူများအား နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဗဟုသုတများနှင့် ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းများကို တိုက်ရိုက်လေ့လာနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

Piyavate Hospital သည် ထိုင်းနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဆေးရုံများအနက် တစ်ခုဖြစ်ပြီး နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု စံနှုန်းများနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိသော JCI (Joint Commission International) အသိအမှတ်ပြု ဆေးရုံ တစ်ခုဖြစ်ပါသည်။

လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးလိုအပ်ချက်များကို အလေးထားကာ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများ၊ အထူးကုကုသမှုများနှင့် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာနည်းပညာများကို အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာအဖွဲ့များမှ ပံ့ပိုးပေးလျက်ရှိပါသည်။

International Health Talk 2026 အခမ်းအနားတွင် Piyavate Hospital မှ အထူးကုဆရာဝန်ကြီးများကိုယ်တိုင် တက်ရောက်ကာ ကျန်းမာရေးအသိပညာများ၊ ရောဂါကာကွယ်ရေးဆိုင်ရာ အကြံပြုချက်များနှင့် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာဗဟုသုတများကို မျှဝေပေးသွားမည်ဖြစ်ပါသည်။

ထို့အပြင် တက်ရောက်လာသူများအနေဖြင့် ဆရာဝန်ကြီးများနှင့် တစ်ဦးချင်း ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နိုင်မည့်အပြင် Piyavate Hospital ၏ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကုသမှုဆိုင်ရာ အခွင့်အလမ်းများကိုလည်း ပိုမိုနားလည်သိရှိနိုင်မည်ဖြစ်ပါသည်။

International Health Talk 2026 သည် မြန်မာနိုင်ငံရှိ ပြည်သူများအား ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ၊ ဆေးရုံများနှင့် ချိတ်ဆက်ပေးသည့် နိုင်ငံတကာကျန်းမာရေးအသိပညာမျှဝေရေး အခမ်းအနားတစ်ခုဖြစ်ပါသည်။



🇹🇭 Vejthani International Hospital — ထိုင်းနိုင်ငံ၏ နိုင်ငံတကာအဆင့်မီ အထူးကုဆေးရုံကြီး 🇹🇭🦴 “King of Bone” ဟု လူသိများသော...
23/07/2026

🇹🇭 Vejthani International Hospital — ထိုင်းနိုင်ငံ၏ နိုင်ငံတကာအဆင့်မီ အထူးကုဆေးရုံကြီး 🇹🇭

🦴 “King of Bone” ဟု လူသိများသော Vejthani International Hospital (ဝေ့ဌာနီ နိုင်ငံတကာဆေးရုံကြီး)သည် အရိုး၊အဆစ်ဆိုင်ရာ (Orthopaedic) ကုသမှုများတွင် ထိပ်တန်းကျွမ်းကျင်မှုအတွက် နာမည်ကျော်ကြားသောဆေးရုံကြီးတစ်ခုဖြစ်သလို၊ ကျန်းမာရေးကဏ္ဍစုံကို ဝန်ဆောင်မှုပေးနိုင်သည့် အထွေထွေရောဂါကုဆေးရုံကြီးအဖြစ်လည်း နိုင်ငံတကာလူနာများ၏ ယုံကြည်မှုကို ရရှိထားသော ဆေးရုံကြီး ဖြစ်ပါသည်။

Vejthani International Hospital တွင်—

🦴 အရိုး၊ အဆစ် (Orthopaedic) ကုသမှုများ
🎗️ ကင်ဆာရောဂါ စစ်ဆေးခြင်းနှင့် ကုသမှုများ
🩺 ကျန်းမာရေးစစ်ဆေးမှု (Health Check Up)
🍽️ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဆိုင်ရာ ကုသမှုများ
👩‍⚕️ အမျိုးသမီးကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းနှင့် ကုသမှုများ
❤️ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ကုသမှုများ
👧 ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ
🧠 ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ကုသမှုများ
💪 အဆစ်ရောင်ရမ်းခြင်း (Rheumatology)ဆိုင်ရာ ကုသမှုများ

စသည့် ကျန်းမာရေးဝန်ဆောင်မှုများကို—

✔️ အတွေ့အကြုံရင့်ကျက်‌သော အထူးကုဆရာဝန်ကြီးများ
✔️ ခေတ်မီ ဆေးဘက်ဆိုင်ရာနည်းပညာများ
✔️ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသော ဝန်ဆောင်မှုများဖြင့်

လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်လျက်ရှိပါသည်။

🌟 ရန်ကုန်မြို့က မိဘပြည်သူများအတွက် သတင်းကောင်း!

လာမယ့်ဩဂုတ်လဆန်းပိုင်းမှာ ကျင်းပပြုလုပ်မည့် HEALTH & BEAUTY, YANGON, 2026 ပြပွဲတွင်

Vejthani International Hospital မှ အထူးကုဆရာဝန်ကြီးနှင့် ကိုယ်တိုင်တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်နိုင်မည့် အထူးအစီအစဉ် ရှိပါသည်။

✨ ဩဂုတ်လ (၉) ရက်နေ့ (တနင်္ဂနွေနေ့) မနက်ပိုင်းတွင်—
အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းအထူးကု ဆရာဝန်ကြီး Dr. JUKKAPHOP CHAIKAJORNWAT နှင့် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းကျန်းမာရေးဆိုင်ရာ မေးမြန်းလိုသည့် အကြောင်းအရာများ၊ စိုးရိမ်မှုများကို တိုက်ရိုက်ဆွေးနွေးနိုင်မည့် ✅ အခမဲ့ (Free) ဆွေးနွေးတိုင်ပင်ခွင့် ရယူနိုင်ပါပြီ။

📅 ဆွေးနွေးတိုင်ပင်နိုင်မည့်ရက် — ၂၀၂၆ ဩဂုတ်လ (၉) ရက်
⏰ အချိန် — မနက်ပိုင်း
📍 နေရာ — Park Royal Hotel, Yangon

📩 ဆရာဝန်ကြီးနှင့် တွေ့ဆုံရန် ကြိုတင်ရက်ချိန်း ရယူလိုပါက Ngwe Yadanar Pann International သို့ Page Messenger မှတစ်ဆင့်ဖြစ်စေ၊ အောက်ဖော်ပြပါ ငွေရတနာပန်း အင်တာနေရှင်နယ် ၏ ဖုန်းနံပါတ်များမှတစ်ဆင့်ဖြစ်စေ ဆက်သွယ်၍ အသေးစိတ်တိုင်ပင်မေးမြန်းနိုင်ပါသည်။

▪️ဆက်သွယ်ရန်

📍ရန်ကုန် - အခန်း (၄၉) ၊ အမှတ် (၂၃၂) ၊ Orchid ကွန်ဒို၊ အလုံလမ်း၊ ဗဟိုလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

📲 +959 945 000 859
+959 945 000 858

📍 မန္တလေး - အကွက် (၅၁၃/၃) ၅၇ (A) လမ်း၊ ၂၇ (A) နှင့် ၂၇ (B) ကြား၊ ကန်ကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

📲 +959 783 500 425

✉️ Email – [email protected]




Address

Ahlone Road
Yangon
11121

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Alerts

Be the first to know and let us send you an email when Ngwe Yadanar Pann International Healthcare Coordination & Referral posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share