Aung Chan Thar Pharmacy

Aung Chan Thar Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Chan Thar Pharmacy, Medical and health, No. 523/maydarwe st/, north oakalarpa, Yangon.

(09752333356/
09952180010)
north oakalar
K Pay 09958220200
Eraindray Aung

အမှတ်A (20) ဗဟိုလမ်း စမ်းချောင်းမြို့နယ် ၊အောင်ချမ်းသာရပ်ကွက်၊( အာရှတော်ဝင်အနီး)
Ph.09771666604
09799666377
Kpay 09964994484
Daw Kyin San

31/08/2026
31/08/2026

သွားပွတ်ကြိုး နဲ့ နှလုံးရောဂါ 🦷❤️🚨

သွားနဲ့ သွားဖုံးကျန်းမာရေးဟာ ပါးစပ်တစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘဲ တစ်ကိုယ်လုံးကျန်းမာရေးနဲ့လည်း ဆက်စပ်နေပါတယ်။

အထူးသဖြင့် သွားဖုံးရောင်ရမ်းခြင်းနဲ့ သွားဖုံးရောဂါ (Periodontal Disease) ရှိသူတွေမှာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုများစွာမှာ တွေ့ရှိထားပါတယ်။ အမေရိကန်နှလုံးရောဂါအသင်း (AHA) ရဲ့ ၂၀၂၅ သိပ္ပံဆိုင်ရာ ထုတ်ပြန်ချက်မှာလည်း သွားဖုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါကြား ဆက်စပ်မှုကို ထပ်မံဖော်ပြထားပါတယ်။

ဒါကြောင့် သွားကြားတွေကို ပုံမှန်သန့်ရှင်းပေးပြီး သွားဖုံးရောင်ရမ်းမှု မဖြစ်အောင် ထိန်းသိမ်းတာက ပါးစပ်ကျန်းမာရေးအတွက်သာမက တစ်ကိုယ်လုံးကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။

______________________________

၁။ သွားဖုံးရောင်ရမ်းခြင်းနဲ့ ပါးစပ်အတွင်း ဗက်တီးရီးယားများခြင်း 🦷🦠

သွားကြားမှာ ကျောက် နဲ့ အစားအစာအကြွင်းအကျန်တွေ စုပုံလာတဲ့အခါ သွားဖုံးရောင်ရမ်းခြင်း (Gingivitis) ဖြစ်လာနိုင်ပါတယ်။

ဒီအခြေအနေကို မကုသဘဲ ကြာလာရင် သွားဖုံးနဲ့ သွားကိုထောက်ပံ့ပေးတဲ့ အရိုးတစ်ဝိုက်အထိ ထိခိုက်စေတဲ့ သွားဖုံးရောဂါ (Periodontitis) ဖြစ်လာနိုင်ပါတယ်။

သွားပွတ်တံတစ်ခုတည်းနဲ့ သွားကြားကျဉ်းကျဉ်းနေရာတွေကို ထိရောက်စွာ မသန့်ရှင်းနိုင်တာကြောင့် Dental Floss (သွားပွတ်ကြိုး) အသုံးပြုခြင်းက အထောက်အကူပြုပါတယ်။

၂။ သွားဖုံးရောင်ရမ်းမှုနှင့် နှလုံးသွေးကြောကျန်းမာရေး ❤️🩸

ပါးစပ်အတွင်းက ဘက်တီးရီးယားတွေက ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။

ဒီလို ရေရှည်ရောင်ရမ်းမှုနဲ့ သွေးကြောနံရံ ပြောင်းလဲမှုတွေဟာ Atherosclerosis လို့ခေါ်တဲ့ သွေးကြောအတွင်း အဆီစုပုံခြင်း (သွေးကြောကျဥ်းခြင်း) နဲ့ ဆက်စပ်နိုင်ပြီး နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်ခြင်းလို အခြေအနေတွေနဲ့လည်း ဆက်နွယ်နေပါတယ်။

ဒါကြောင့် သွားဖုံးကျန်းမာရေးကို ထိန်းသိမ်းခြင်းဟာ နှလုံးကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်တဲ့ ကျန်းမာရေးအလေ့အထတစ်ခု ဖြစ်ပါတယ်။

၃။ နှလုံးအဆို့ရှင် ပိုးဝင်ခြင်း (Infective Endocarditis) 🫀🦠

နှလုံးအဆို့ရှင် သို့မဟုတ် နှလုံးမှာ အချို့သော ရောဂါအခံရှိသူတွေမှာ ပါးစပ်အတွင်းက ဘက်တီးရီးယားတွေ သွေးထဲဝင်ပြီး Infective Endocarditis ဖြစ်နိုင်ပါတယ်။

ဒါကြောင့် နှလုံးအဆို့ရှင်ရောဂါ သို့မဟုတ် Endocarditis ဖြစ်နိုင်ခြေမြင့်တဲ့သူတွေမှာ သွားနဲ့သွားဖုံးကျန်းမာရေးကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။

______________________________

Dr. Beast ၏ သွားနှင့် နှလုံးကျန်းမာရေး လမ်းညွှန်ချက် 💡

- သွားကြားကို တစ်နေ့တစ်ကြိမ် သန့်ရှင်းပါ 🧵

American Dental Association (ADA) က သွားတိုက်တံနဲ့ တစ်နေ့ ၂ ကြိမ် သွားတိုက်ပြီး သွားကြားကို Floss ဒါမှမဟုတ် သင့်တော်တဲ့ သွားကြားသန့်ရှင်းရေး ကိရိယာ Interdental Cleaner တစ်မျိုးမျိုးနဲ့ တစ်နေ့တစ်ကြိမ် သန့်ရှင်းဖို့ အကြံပြုထားပါတယ်။

သွားကြားကျဉ်းတဲ့သူတွေမှာ သွားပွတ်ကြိုး Dental Floss အသုံးပြုနိုင်ပြီး သွားကြားကျယ်တဲ့သူတွေ၊ သွားဖုံးရောဂါရှိသူတွေမှာ သွားကြားသန့်ရှင်းရေး ဘရှက်ရှ် Interdental Brush က ပိုသင့်တော်နိုင်ပါတယ်။

အထူးသဖြင့် အစားစားပြီးချိန်တိုင်းမှာလည်း ပလုတ်ကျင်းပေးဖို့ မမေ့ပါနဲ့။

- သွားပွတ်ကြိုးကို ဘယ်အချိန်သုံးရမလဲ? 🌙

ညအိပ်ရာမဝင်မီ ပုံမှန်လုပ်ဖြစ်တဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။

- သွားဖုံးသွေးထွက်ရင် ပေါ့ပေါ့ဆဆ မထားပါနဲ့ 🩸

သွားပွတ်ကြိုးသုံးတဲ့အခါ သွားဖုံးသွေးထွက်ခြင်းဟာ သွားဖုံးရောင်ရမ်းနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

သွားဖုံးရောင်ရမ်းမှုရှိနေချိန်မှာ ပုံမှန်နဲ့ နူးညံ့စွာ သန့်ရှင်းပေးဖို့ အရေးကြီးပြီး သွေးထွက်မှု ဆက်တိုက်ဖြစ်နေခြင်း၊ သွားဖုံးဖောင်းခြင်း၊ နာကျင်ခြင်း သို့မဟုတ် သွားလှုပ်လာခြင်းတွေရှိရင် သွားဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။

- ပုံမှန်သွားဆရာဝန်နဲ့ စစ်ဆေးပါ 🦷

သွားကျန်းမာရေးကို ထိန်းသိမ်းဖို့ နေ့စဉ် သွားတိုက်ခြင်းနဲ့ သွားကြားသန့်ရှင်းရေးအပြင် ပုံမှန်သွားစစ်ဆေးမှုလည်း အရေးကြီးပါတယ်။

______________________________

သတိပြုရန် ❤️

သွားဖုံးရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်ကြောင်း လေ့လာမှုတွေမှာ တွေ့ရှိထားပေမယ့် သွားဖုံးရောဂါက နှလုံးရောဂါကို တိုက်ရိုက်ဖြစ်စေတယ်လို့တော့ မဆိုလိုပါဘူး။

ဒါကြောင့် သွားပွတ်ကြိုး Dental Floss ကို အသုံးပြုခြင်း၊ သွားနဲ့ ခံတွင်း သန့်ရှင်းအောင် ထားခြင်း၊ မကြာခဏ ပလုတ်ကျင်းခြင်း၊ သွားတိုက်ခြင်းတို့ဟာ သွားဖုံးရောဂါနဲ့ သွားပိုးစားခြင်းကို လျှော့ချဖို့ အရေးကြီးတဲ့ အလေ့အထတစ်ခုဖြစ်ပြီး နှလုံးရောဂါကာကွယ်ရေးမှာလည်း ကျန်းမာတဲ့ လူနေမှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းလုပ်ဆောင်သင့်တဲ့အရာဖြစ်ပါတယ်။

______________________________

မိတ်ဆွေတို့ရော သွားပွတ်ကြိုး သုံးဖြစ်လား? သွားသန့်ရှင်းရေးကို ဘယ်လိုလုပ်နေလဲ? အရင်တုန်းကမသုံးဖြစ်ရင်တောင် အခု သွားပွတ်ကြိုးသုံးဖို့ စဥ်းစားလိုက်ပြီလား? ကွန်းမန့်ထဲမှာ ဖြေသွားပေးပါဦး 👇🏻

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ/ရှယ် (Share) နိုင်ပါတယ်ခင်ဗျာ။ 📲🔄

Dr. Beast 🦷❤️

22/06/2026

အထိုင်အထမှာ ရုတ်တရက် မူးခနဲ၊ မိုက်ခနဲ ဖြစ်တာ ရောဂါကြောင့်လား? 🥴

အချိန်အကြာကြီး ထိုင်နေရာကနေ ချက်ချင်းထရပ်လိုက်တဲ့အခါမျိုးမှာ လူက ရုတ်တရက် မူးခနဲ၊ မိုက်ခနဲ၊ ပြာဝေသွားတာမျိုးဖြစ်ဖူးကြမှာပါ။ 💫

အထူးသဖြင့် ရုတ်တရက် အိပ်ယာထဲမှအထ၊ အိမ်သာအထိုင်ကြာရာမှ ပြန်အထများမှာဖြစ်တတ်ပါတယ်။ 🛏 🚻

အိပ်ရေးပျက်ထားတဲ့အခါမျိုး၊ နေထိုင်မကောင်းဖြစ်ပြီး အားနည်းနေတဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ကြပါတယ်။ 🥱

ဒီလိုဖြစ်ရခြင်းဟာ... အထိုင်၊ အထမှာ ရုတ်တရက်သွေးပေါင်ကျသွားခြင်း/ ခန္ဓာကိုယ်အနေအထား ပြောင်းလဲရာမှ သွေးပေါင်ကျခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ↘️
_________________________

ကျွန်တော်တို့ ငြိမ်နေ၊ ထိုင်နေတဲ့အခါမှာ ခန္ဓာကိုယ်ထဲရှိသွေးများဟာ ကိုယ်ရဲ့ အနိမ့်ဆုံးအပိုင်းဖြစ်တဲ့ ခြေထောက်များမှာ ကမ္ဘာ့ဆွဲအားအရ ကျရောက်စုပုံနေကြပါတယ်။ ⬇️

အိပ်နေတဲ့အခါမှာလည်း အချိန်ကြာမြင့်စွာ ငြိမ်သက်နေတဲ့အတွက် သွေးတွေဟာ စုအိုင်နေတတ်ကြပါတယ်။ 💤

ဒီလိုအချိန်မှာ ရုတ်တရက် ထထိုင်/ မတ်တပ်ရပ်လိုက်တဲ့အခါ သွေးပေါင် ရုတ်တရက် ကျမသွားအောင်ခန္ဓာကိုယ်မှ သွေးကြောများက အချိန်မှီမကျဥ်းပေးနိုင်တဲ့အခါမျိုးမှာ... အိုင်နေတဲ့သွေးများဟာ ကောင်းစွာ ပြန်၍ မလည်ပတ်နိုင်ဖြစ်ကာ ဦးနှောက်ဆီ သွေးရောက်တဲ့ပမာဏကလည်း ကျဆင်းသွားပါတယ်။ 🔻

ထိုအခါ ရုတ်တရက် မူးမော်ကာ အမြင်ဝေဝါးတာတွေဖြစ်လာပြီး... တခါတလေမှာ ပျို့အန်ချင်လာတာ၊ ခေါင်းကိုက်လာတာတွေလည်းဖြစ်တတ်ပါတယ်။ 😵‍💫

ဒီလိုဖြစ်တာဟာ ရောဂါမဟုတ်ပါဘူး။
မိမိရဲ့လက်ရှိအခြေအနေ/ ကျန်းမာရေးအခံကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲလက္ခဏာတစ်ခုဖြစ်ပါတယ်။ 👉

_________________________

ဘယ်လိုအခြေအနေတွေမှာ ပိုဖြစ်တတ်သလဲ ❓️

- အထိုင်များခြင်း 🪑💺

- အိပ်ယာထဲ အနေများခြင်း 🛌

- ဖျားနာခြင်း 🤒

- ရေဓါတ်ခမ်းခြောက်သည့်အခြေနေများ(အအန်များခြင်း၊၀မ်းသွားခြင်း) 🤮 🧻

- သွေးအားနည်းခြင်း 🩸

- နှလုံးစည်ချက်မမှန်ခြင်းနှင့် နှလုံးရောဂါရှိသူများ 🫀

- ဆီးချိုဝေဒနာသည်များ 🍬

- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါရှိသူများ [ ဥပမာ-ပါကင်ဆန်ရောဂါ (Parkinson Disease) ]🧠

- နာတာရှည် နာမကျန်းဖြစ်သူများ

- အချို့ဆေးဝါးများ (ဥပမာ-ဆီးဆေးများ) 💊

- အရက်အလွန်အကျွံမှီဝဲသူများ 🥃

စတဲ့သူတွေမှာ ဒီလို ရုတ်တရက်သွေးပေါင်ကျခြင်းမျိုး ပိုဖြစ်တတ်ပါတယ်။

အသက်ကြီးလာတာနှင့်အမျှ ဒီလိုဖြစ်နိုင်ခြေကလည်း ပိုမိုမြင့်လာတတ်ပါတယ်။ 🧓 👵
_________________________

ဘယ်လို ကာကွယ်ကုသလို့ရမလဲ ❓️

ဖြစ်စေတဲ့အကြောင်းအရာကို ဖယ်ရှားကုသခြင်း ဖြင့်ကာကွယ်နိုင်ပါတယ်။ ✅️
(ဥပမာ-ရေဓါတ်ခမ်းခြောက်နေပါက တစ်နေ့တာလုံး ရေကို အချိန်မှန်လုံလောက်အောင်သောက်ပေးခြင်း၊ဆီးချိုရောဂါရှိလျှင် ထိန်းညှိကုသမှုခံယူခြင်း၊ ဆေးဝါးတစ်မျိုးမျိုးကြောင့် ဖြစ်နေပါက ဆရာ၀န်နှင့်တိုင်ပင်ခြင်း)

ထို့အပြင်...💡

- အချိန်ကြာမြင့်စွာမတ်တပ်ရပ်ရသည့်အခါမျိုးတွင်... ခြေထောက်(၂)ဖက်ကို အမြဲတမ်းငြိမ်မနေဘဲ မကြာခဏ လှုပ်ရှားပေးခြင်း (မလိုအပ်လျှင် အကြာကြီးမတ်တပ်မရပ်တာ ပိုကောင်းပါတယ်) 🦵

- အထိုင်ကြာသွားတဲ့ အချိန်တွေမှာလည်း အထက်ကလို ခြေထောက်များကို ငြိမ်မနေဘဲ လှုပ်ရှားပေးခြင်း/အညောင်းပြေ လမ်းခဏ ထလျှောက်ပေးခြင်း🚶‍♂️🚶‍♀️

- အိပ်ယာမှ/ အထိုင်ကြာရာမှ အထမျိုးတွင် လျင်မြန်စွာဆက်ခနဲ ထထိုင်၊ ထရပ်ခြင်းမျိုးမလုပ်ဘဲ... ဖြည်းဖြည်းချင်းထကာ စက္ကန့်ပိုင်းမျှ ငြိမ်သက်နေခြင်း၊ ပြီးတော့မှသွားစရာ/ လုပ်စရာကို ဆက်လုပ်ခြင်း
(ဒါဟာ အိုင်နေတဲ့ သွေးတွေကို ဦးနှောက်နဲ့ခန္ဓာကိုယ် အနှံ့ပြန်ရောက်သွားအောင်... တစ်နည်းပြောရရင် သွေးလည်ပတ်မှု ပုံမှန်အခြေအနေအတိုင်း ပြန်ကောင်းမွန်သွားအောင် အချိန်ခဏ ပေးလိုက်ခြင်းဖြစ်ပါတယ်) ♻️

- တစ်နေ့တာရေကို လုံလောက်စွာသောက်ခြင်း 🚰

- အရက်အလွန်အကျွံသောက်ခြင်းမှရှောင်ကျဥ်ခြင်း

စတဲ့နည်းလမ်းများဖြင့် ကာကွယ်လို့ရပါတယ်။ 👍
_________________________

⚠️ ဒီလို အထိုင်အထမှာရုတ်တရက်သွေးပေါင်ကျခြင်းဟာ ပုံမှန်ကျန်းမာတဲ့လူများတွင်လည်း ရံဖန်ရံခါဖြစ်တတ်တာဖြစ်လို့...

❗️ မကြာခဏ (သို့မဟုတ်) အချိန်ကာလကြာမြင့်စွာ ဖြစ်ပေါ်ခံစားနေရပါက ဆရာ၀န်နှင့်တိုင်ပင်ကုသမှုခံယူသင့်ပါတယ်။ 👨‍⚕️ 👩‍⚕️

အထိုင်များ၊ လှုပ်ရှားမှုနည်းတဲ့အခြေအနေမျိုးမှာ ဖြစ်တတ်တာဖြစ်လို့ အထိုင်၊ အထတွေကို သတိပြုကာ တစ်နေ့တာကိုလည်း လှုပ်ရှားမှုရှိနေစေအောင် ဂရုစိုက်နေထိုင်သွားသင့်ပါတယ်။ ✅️

ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်း ထိခိုက်လို့ လေချဥ်တက်တာလဲ ဆိုတာကိုတော့ ကွန်းမန့်ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် 👇

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ 😊

Dr. Beast 😵‍💫

22/06/2026

#မျက်နှာတစ်ခြမ်းရွဲ့သွားတယ်
#ရွဲ့သွားတဲ့တဲ့ဘက်ရဲ့ဟိုဘက်မျက်လုံးကပိတ်လို့မရဘူး
#သွားရည်တွေလည်းကျတယ်

လေဖြတ်ပြီနဲ့တူပါတယ်


#မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း

ပထမဆုံးပြောချင်တာက
- လျှာလေးမသွားဘူး
- ချာချာလည်အောင်မူးမနေဘူး
- အစာကောင်းကောင်းမျိုချလို့ရတယ်
- ခြေ၊လက် (ကိုယ်တစ်ခြမ်း)ကောင်းကောင်းလှုပ်ရှားနိုင်တယ်
- ခြေ၊လက် (ကိုယ်တစ်ခြမ်း) ထုံကျဉ်မနေဘူး
- လမ်းကောင်းကောင်းလျှောက်နိုင်တယ် (အရက်သမားလျှောက်သလို ဒယိုင်းဒရိုင်ဖြစ်မနေဘူး)

#မျက်နှာတစ်ခြမ်းရွဲ့သွားတာ ပဲက လေဖြတ်တာ မဟုတ်ပါဘူး
လို့ခေါ်တဲ့ အာရုံကြောပြဿနာ ဖြစ်တာပါ။

အချိန်အတိုင်းအတာတစ်ခု ယူပြီး ဆေးကုတယ်၊ လေ့ကျင့်ခန်းလုပ်တယ် ဆိုရင် ပြန်ကောင်းပါတယ်

👉👉👉
ကျွန်တော်တို့ ဦးနှောက်ရဲ့အနောက်ပိုင်း ဦးနှောက်အညှာက နေ အာရုံကြော စုစုပေါင်း (၁၂) စုံ (ဘယ်တစ်ခု၊ညာတစ်ခု) ထွက်ပါတယ်။

- အနံခံတဲ့အာရုံကြော (Olfactory Nerve) CN-I
- အမြင်အာရုံကြော (Optic Nerve) CN-II
- မျက်လုံးကြွက်သားတွေကိုထိန်းတဲ့အာရုံကြော (CN-III,IV,VI)
- အစားစားတဲ့ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော(CN-V)
- မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော (Facial Nerve) CN-VII

အစရှိသဖြင့် ရှိကြပါတယ်။

CN-VII Cranial Nerve VII (Facial Nerve) မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော ဟာ

- နဖူးတွန့်ခြင်း
- မျက်လုံးအတင်းမှိတ်ခြင်း
- ပါးဖောင်းခြင်း
- ပြုံးရယ်ခြင်း
- နှုတ်ခမ်းစူခြင်း စသည်တို့ကို လုပ်ပေးပါတယ်။

အဲ့ဒီအာရုံကြောဟာ ဦးနှောက်အညှာကနေထွက်လာပြီး ၊ နားအတွင်းဘက်ကိုဖြတ်၊ ခေါင်းရိုးထဲကနေထွက်လာပြီး ပါးချိတ်တံထွေးအိတ်နားကဖြတ်ကာ မျက်နှာကြွက်သားတွေကို ထိန်းချုပ်ပါတယ်။

တကယ်လေဖြတ်တဲ့အခါ ဦးနှောက်တစ်ခြမ်းထိတဲ့ အတွက် Facial Nerve ကို #ထိန်းချုပ်တဲ့နေရာပါသွားတဲ့ အတွက် လေဖြတ်တဲ့လူတွေမှာလည်း မျက်နှာတစ်ခြမ်းရွဲ့ပါတယ်။

လေဖြတ်တဲ့လူတွေမှာ မျက်နှာတစ်ခြမ်းရွဲ့ရတာ အာရုံကြောပြဿနာမဟုတ်ပါဘူး 👉 အာရုံကြောကို
ထိန်းချုပ်တဲ့နေရာပျက်တာ ဖြစ်ပါတယ်။

👉👉👉
အခု ကျွန်တော်ပြောနေတာက

Facial Nerve မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော ပြဿနာပါ။

- နားထဲမှာပြည်တည်နာဖြစ်လို့ဖြစ်ဖြစ်
- နားထဲမှာ ရေယုန်ပေါက်လို့ဖြစ်ဖြစ်
- ပါးချိတ်ရောင်/ပါးချိတ်တံထွေးအိတ်အကျိတ်ပေါက်လို့ဖြစ်ဖြစ်
- အအေးမိလို့ဖြစ်ဖြစ်

အာရုံကြောဒဏ်ဖြစ်ပြီး ရောင်သွားတဲ့ အခါ။

အာရုံကြောက ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ အလုပ်မလုပ်တော့တာပါ။

👉 ဖြစ်တဲ့ မျက်နှာဘက်အခြမ်းက နှာဖူးတွန့်လို့မရတော့ပါဘူး
👉 ဖြစ်တဲ့ မျက်နှာဘက်အခြမ်းက မျက်လုံးက အဆုံးထိပိတ်လို့မရတော့ပါဘူး
👉 နှုတ်ခမ်းကိုလည်း လုံအောင်မပိတ်နိုင်တဲ့အတွက် ပါးဖောင်းလို့မရတော့ပါဘူး၊ လေချွန်လို့မရတော့ပါဘူး
👉 ပါးရွဲ့သွားတယ်ဆိုပြီး ကျွန်တော်တို့ရွှေမြန်မာတွေ ရွဲ့နေတဲ့မျက်နှာကို သံပရာသီးနဲ့ပွတ်ကြပါတယ်
😅 ဒီနေရာမှာ အရေးကြီးတာက ဘက်မှားပွတ်ကြတာပါ။
သံပရာသီးနဲ့ပွတ်လို့ကောင်းမယ်ဆိုရင်တောင် ဘက်မှားပြီးပွတ်နေကြပါတယ်။

ဘာမှားလည်း ပြောပြပါမယ်။ သေသေချာချာဖတ်ပေးကြပါ။

ဥပမာ။ ။ မျက်နှာရဲ့ ညာဘက် က အာရုံကြောမကောင်းတဲ့အခါ။

မျက်နှာညာဘက် အခြမ်းက ကြွက်သားတွေ မကောင်းတော့ပါဘူး
- ညာဘက်မျက်လုံးပိတ်မရဘူးပေါ့
- ပါးဖောင်းလို့မရဘူး

ဒါပေမယ့် ပါးရွဲ့တာကျတော့ ဘယ်ဘက်ရွဲ့သွားပါတယ်၊ အဲ့တော့ သံပရာသီးနဲ့ ဘယ်ဘက်ပါးကိုလှိမ့်ကြပါရောလေ။ (အဲ့မှာလွဲတာ)

ပါးကကြွက်သားတွေက ပါးစပ်ကို ဘယ်/ညာက ဆွဲထားကြတယ်လေ။
အဲ့တော့ရယ်ပြတဲ့အခါ ဘယ်ဘက်ကကြွက်သားရော
ညာဘက်ကကြွက်သားရော ပြိုင်တူအလုပ်လုပ်တဲ့အတွက် နှုတ်ခမ်းဒေါင့်က နှစ်ဖက်လုံးဆီတက်သွားတယ်လေ (ဟုတ်တယ်မလား)
အခုကျတော့
မျက်နှာညာဘက် အခြမ်းက ကြွက်သားတွေ မကောင်း ပေမယ့်
မျက်နှာဘယ်ဘက် အခြမ်းက ကြွက်သားတွေက ကောင်းတယ်လေ၊
ကောင်းတဲ့အခြမ်းဘယ်ဘက်က ကြွက်သားတွေက ဆွဲပေမယ့် မကောင်းတဲ့အခြမ်းညာဘက်က ကြွက်သားတွေက မဆွဲနိုင်တော့ ပါးကြီးကရွဲ့သွားရော

🤷‍♂️ ဘယ်ဘက်ကို ရွဲ့မလဲ ကြွက်သားတွေကောင်းလို့ဆွဲတဲ့ဘက်အခြမ်း ဘယ်ဘက်ကိုရွဲ့သွားမှာနော်။

သိကြပြီနော် 😅 ဘက်မှားပြီး သံပရာသီးနဲ့ကောင်းတဲ့ဘက်ပွတ်မနေကြနဲ့ဦး။

#အာရုံကြောရောင်သွားတာဖြစ်တဲ့အတွက်
1. အရောင်ကျဆေးတွေပေးရပါတယ်
2. အာရုံကြောအားဆေးတွေပေးရပါတယ်
3. ကြွက်သားတွေပြန်သန်လာအောင်လေ့ကျင့်ခန်း လုပ်ပေးရပါတယ်
4. ဖြစ်စေတဲ့အကြောင်းရင်းရှိရင်ကုရပါတယ် (ဥပမာ - ရေယုန်ကြောင့်ဖြစ်ရင် Anti-Viral ပေးရပါတယ်)

အရေးကြီးတာထပ်ပြောချင်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ကျန်းမာရေးအသိပညာနည်းကြသလို၊ လူလိမ်အရမ်းများပါတယ်။

ဒီရောဂါဖြစ်တဲ့အခါ အကြောပြင်ဆရာ ဘလာ ဘလာ ဆိုတာတွေနဲ့ပြကြပါတယ်။ တစ်ပတ် ဆယ်ရက်လောက်ပြပြီး မသက်သာမှ ကျွန်တော်တို့ဆီရောက်လေ့ရှိပါတယ်။

😰😰😰

စိတ်ညစ်ရပါတယ်။

အပေါ်မှာ ပြောထားတဲ့ အာရုံကြောအရောင်ကျတဲ့ဆေး၊ Anti-viral drugs တွေဟာ ဖြစ်ဖြစ်ချင်းပေးမှ အကျိုးရှိပါတယ်။ အချိန်ကြာသွားရင် အသုံးမဝင်တော့ပါဘူး။

ဆယ်ရက်လောက်ကြာတဲ့အခါ ရောင်နေတဲ့အာရုံကြောက အရောင်လွန်ပြီးပျက်စီးသွားပါပြီ။
👉 ရောဂါကြီး မဟုတ်ပဲ တစ်လ နှစ်လ လောက်နဲ့ပြန်ကောင်းနိုင်တဲ့ရောဂါကို

လပေါင်းများကြာအောင် တစ်ခါတလေ၊ နှစ်ချီပြီး ခံစားရအောင် အချိန်မဆွဲကြပါနဲ့။

တကယ်တတ်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်များနဲ့ပြသပြီး ကုသမှုခံယူကြပါ။

အပ်နဲ့ထွင်းရမှာကို ပေါက်စိန်နဲ့ မပေါက်ရလေအောင်
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ


Dr. ဘုန်းစည်သူလွင်
(Photo credit; Mayoclinic)

28/04/2026
27/04/2026

သမာရိုးကျ လမ်းလျှောက်တာထက် ဝိတ်ပိုကျစေမယ့် နည်းလမ်းကောင်းများ 🚩

လမ်းလျှောက်တာက ရိုးရှင်းပြီး ထိရောက်တဲ့ ကိုယ်အလေးချိန်ကျနည်းပါ။ ဒါပေမယ့် အောက်ပါနည်းလမ်းတွေသိထားရင် ပိုထိရောက်စွာ ကယ်လိုရီတွေလောင်ကျွမ်းစေနိုင်ပါတယ်။ 👇

၁။ အရှိန်မြှင့်လျှောက်ပါ ⏩️

ဖြည်းဖြည်းလျှောက်တာထက် အနည်းငယ်မြန်မြန်လျှောက်တာက ကယ်လိုရီပိုလောင်ကျွမ်းစေပါတယ်။

၂။ အချိန်ကြာကြာလျှောက်ပါ ⬆️

အားလုံးသိပြီးသားပါပဲ။ ပိုကြာလေ ကယ်လိုရီ ပိုလောင်ကျွမ်းလေမို့ ပင်ပန်းသွားပြီဆိုရင်တောင် ၃-၄ မိနစ်လောက်ပိုလျှောက်လိုက်ခြင်းအားဖြင့် ရေရှည်မှာ အကျိုးထူးနိုင်ပါတယ်။

၃။ တောင်တက်ပါ (သို့) အနည်းငယ်မတ်တဲ့နေရာမှာလျှောက်ပါ၊ လှေကားတက်ပါ။ 📶

အမြဲတမ်း ပြန့်တဲ့ မြေပြင်မှာ လျှောက်တာထက် ရံဖန်ရံခါ အနည်းငယ်မတ်တဲ့နေရာမှာ လျှောက်တာက ကယ်လိုရီပိုလောင်ကျွမ်းစေပါတယ်။

၄။ လက်ကိုရွေ့လျားပါ 🖐

လက်ကိုချိတ်မထားဘဲ သဘာဝအတိုင်း ရွေ့လျားပေးတာက ကယ်လိုရီလောင်ကျွမ်းမှုကို အနည်းငယ်တိုးစေပါတယ်။

၅။ အနည်းငယ်အလေးတုံးများဆောင်ပါ 🔩

လက်မှာ အနည်းငယ်လေးတဲ့ အလေးတုံးလေးတွေကိုင်ပြီး လျှောက်တာကလည်း အထောက်အကူဖြစ်စေပါတယ်။ ဒါမှမဟုတ် ရေသန့်ဘူးခပ်ကြီးကြီး ကိုင်ပြီး လက်လွှဲ လျှောက်တာမျိုးဆိုရင် ကယ်လိုရီလည်း ပိုကျ၊ မောရင်လည်း ရေသောက်လို့ရတော့ ၂မျိုး အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေနဲ့ လမ်းလျှောက်မယ်ဆိုရင် ပုံမှန်ထက် ပိုပြီးထိရောက်တဲ့ ရလဒ်ကိုရနိုင်ပါတယ်။ ⏫️

ဝိတ်ချနည်း အမှန်များကိုတော့ ကွန်းမန့်ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ 👇🏻

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ/ ရှယ် (Share) နိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🚶‍♀️🚶‍♂️

27/04/2026
အောင်ချမ်းသာ ဆေးဆိုင်မှာ ရပါပြီ
25/03/2026

အောင်ချမ်းသာ ဆေးဆိုင်မှာ ရပါပြီ

Address

No. 523/maydarwe St/, North Oakalarpa
Yangon

Website

Alerts

Be the first to know and let us send you an email when Aung Chan Thar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share