အလှအပရေးရာများနှင့်ဝိတ်ချနည်းလေးများတိုင်ပင်ဆွေးနွေးကြမယ်

  • Home
  • Myanmar
  • Yangon
  • အလှအပရေးရာများနှင့်ဝိတ်ချနည်းလေးများတိုင်ပင်ဆွေးနွေးကြမယ်

အလှအပရေးရာများနှင့်ဝိတ်ချနည်းလေးများတိုင်ပင်ဆွေးနွေးကြမယ် Beauty tips & trick and weight control tips for everyone..

အလွယ်ကူဆုံးလုပ်ဆောင်နိုင်တဲ့ကိုယ်အလေးချိန်လျော့ချရာမှာအရေးပါတဲ့အချက် (၁၀)ချက်ကို ပထမဆုံးမျှဝေပေးချင်ပါတယ်ရှင့် #၁   လမ်း...
28/09/2020

အလွယ်ကူဆုံးလုပ်ဆောင်နိုင်တဲ့ကိုယ်အလေးချိန်လျော့ချရာမှာအရေးပါတဲ့အချက် (၁၀)ချက်ကို ပထမဆုံးမျှဝေပေးချင်ပါတယ်ရှင့်
#၁ လမ်းလျှောက်ဖို့မပျင်းပါနဲ့နော်။

အနဲဆုံးတနေ့ကိုမိနစ်(၃၀)ခန့် အိမ်ထဲမှာပဲဖြစ်ဖြစ်..ခြံထဲမှာပဲဖြစ်ဖြစ်အချိန်ရရင်ရသလိုလေးလမ်းလျှောက်ပေးခြင်းကကိုယ်အလေးချိန်လျော့ချရာမှာအထောက်အကူဖြစ်စေပါတယ်။

#၂ အပြင်မှာအလွယ်တကူစားသောက်တဲ့အကျင့်လေးတွေကိုအတတ်နိုင်ဆုံးရှောင်ပေးရပါမယ်။

အပြင်ကအစားအစာတွေစားခြင်းကလဲကိုယ်အလေးချိန်လျော့ချခြင်းကိုနှောင့်နှေးစေပြီးအသည်းအဆီဖုံးရောဂါနဲ့အဝလွန်​ရောဂါတွေဖြစ်လာနိုင်တာမို့ဖြစ်နိုင်ရင်အိမ်မှာပဲချက်တဲ့အစားအစာများကိုသာအဓိကစားသောက်သင့်ပါတယ်​နော်။

#၃ မနက်စာကိုမဖြစ်မနေစားသုံးစေချင်ပါတယ်။

မနက်စာစားသုံးခြင်းဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အားစိုက်ထုတ်ရာမှာအရေးပါပြီးအာဟာရပြည့်ဝသောမနက်စာစားသုံးပေးခြင်းကလဲလူတစ်ယောက်အတွက်အမှန်တကယ်လိုအပ်ပြီးနေ့တနေ့အစပျိုးချိန်မှာစိတ်ရောလူရောကျန်းမာနေဖို့အရေးအကြီးဆုံးဖြစ်ပါတယ်။

#၄ အစားစားချိန်မှာလဲ တခါတည်း (၂)ပုဂံ (၃)ပုဂံအများကြီးစားတာထပ်စာရင် တခါစားနည်းနည်းနဲ့အကြိမ်ရေများများစားသုံးခြင်းကခန္ဓာကိုယ်အတွက် အစာချေနိုင်ဖို့အချိန်ပေးစားသုံးတာမျိုးဖြစ်တာမို့ အဲ့ဒီလိုစားဖို့အလေ့အကျင့်လေးလုပ်ထားသင့်ပါတယ်။

#၅ စိတ်တည်ငြိမ်မှုရရှိနိုင်အောင် Yogaဆော့တာမျိုးတို့၊တရားထိုင်တာမျိုးတို့ကို တနေ့ (၁၅)မိနစ်ခန့်လုပ်ဆောင်ပေးသင့်ပါတယ်။

#၆ အိမ်ထဲမှာပဲနေပြီးအချိန်ဖြုန်းမဲ့အစားအိမ်အနီးအနားမှာရှိတဲ့ ပန်းခြံတို့ နေရာကျယ်ပြီးအသက်ရှုလေ့ကျင့်ခန်းလုပ်လို့ရနိုင်မဲ့နေရာမျိုးလေးတွေဆီပေါ့ပေါ့ပါးပါးလမ်းလျှောက်သွားပြီးစိတ်ကိုအနားပေးပြီးနေခြင်းကလဲကိုယ်လက်လှုပ်ရှားမှုရပြီးကိုယ်အလေးချိန်လျော့ချရာမှာအထောက်အကူပြုပါလိမ့်မယ်နော်။

#၇ အိမ်မှာနေပြီးလုပ်လို့ရတဲ့ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေကိုလုပ်ပေးခြင်းကလဲစိတ်ကိုကြည်လင်စေပြီးခန္ဓာကိုယ်ကိုပေါ့ပါးလန်းဆန်းစေလို့တနေ့အနည်းဆုံး (၁၅)မိနစ်လောက်လုပ်ကြည့်ဖို့လဲအကြံပေးချင်ပါတယ်။

#၈ နေ့တိုင်းပေါင်ချိန်စက်ပေါ်ချိန်ကြည့်ခြင်းဖြင့်လဲကိုယ်လိုချင်တဲ့ကိုယ်ဖြစ်ချင်တဲ့ကိုယ်အလေးချိန်ကိုရောက်မရောက်သိနိုင်သလိုကိုယ့်အတွက်လဲ motivation လဲရတွန်းအားလေးတွေလဲဖြစ်စေတာမို့လို့ နေ့တိုင်းကိုယ်အလေးချိန်ကိုတိုင်းတာကြည့်စေချင်ပါတယ်နော်။

#၉ sodaပါတဲ့အချိုရည် နဲ့ အချိုဓာတ်လွန်ကဲစွာသုံးထားတဲ့အချိုရည်များကိုလဲတတ်နိုင်သလောက်ရှောင်ရှားစေချင်ပါတယ်။အချိုဓာတ်စားသုံးမှုများရင်ဆီးချိုရောဂါနဲ့နောက်ဆက်တွဲဆိုးကျိုးများပါရနိုငတဲ့အပြင်အဝလွန်ခြင်းပါဖြစ်နိုင်တာမို့အချိုဓာတ်များတဲ့အရည်တွေကိုရှောင်ကြင်ပြီးသဘာဝအသီးအဖျော်ရည်များနဲ့ရေကိုများများသောက်ပေးကြဖို့အကြံပြုလိုပါတယ်။

#၁၀ နောက်ဆုံးတချက်ကတော့သဘာဝကရတဲ့အသီးအနှံများနဲ့အစိမ်းရောင်ရှိတဲ့ fruits and vegetables များကို စားသုံးပေးခြင်းဖြင့်ကိုယ်လိုချင်သော target အလေးချိန်လေးများကိုရနိုင်ဖို့မျှဝေပေးလိုက်ပါတယ်နော်..

ကိုယ့်အချစ်လေးများကျန်းမာလှပတဲ့ကိုယ်လိုချင်တဲ့အိမ်မက်လေးများအမြန်အကောင်အထည်ဖော်နိုင်ပါစေလို့ဆုတောင်းရင်းနောက်ထပ်အသစ်အသစ်လေးတွေကိုထပ်ပြီးမျှဝေပေးသွားမှာမို့စောင့်မျှော်ကြပါအုံးနော်..


Weightloss tips by Amber Nyein

Cosmetic လေးတွေ Expiry Date မပါလို့ ဘယ်တော့လောက်အထိအသုံးခံမလဲ သိချင်ရင် ဒါလေးကိုဖတ်ပါနော်.....  Liquid Foundation  - ဖွင...
28/09/2020

Cosmetic လေးတွေ Expiry Date မပါလို့
ဘယ်တော့လောက်အထိအသုံးခံမလဲ
သိချင်ရင် ဒါလေးကိုဖတ်ပါနော်.....

Liquid Foundation - ဖွင့်ပြီး ၁၂လအတွင်း
2 way - ဖွင့်ပြီး ၂နှစ်အတွင်း
Eye shadow , ပါးနီ ,
Highlighter cream - ဖွင့်ပြီး ၁ နှစ်အတွင်း
Eye shadow ,ပါးနီ,
Highlighter powder - ဖွင့်ပြီး ၂နှစ်အတွင်း
Eyeliner - ဖွင့်ပြီး ၆ လအတွင်း
Mascara - ဖွင့်ပြီး ၃ လအတွင်း
Micellar water - ဖွင့်ပြီး ၆ လ အထိ
Lipstick - ဖွင့်ပြီး ၂ နှစ်အတွင်း
perfume - ဖွင့်ပြီး ၃ နှစ်အတွင်း
Nail polish - ဖွင့်ပြီး ၁ နှစ်အတွင်း
Eyebrow Pencil - သုံးလို့ရသည်ထိသုံးနိုင်

ကဲဒါဆို ကိုယ့်မှန်တင်ခုံပေါ်က cosmetic ပစ္စည်းလေး တွေကို Expiry date လွန်တာနဲ့လွှင့်ပြစ်ဖို့
မမေ့​ကြနဲ့နော်ချစ်တို့ရေ😘😘
အားလုံးလှနိုင်ကြပါစေ💝💝💝
Beauty Tips by Amber Nyein

28/09/2020
28/09/2020

ဒီ page လေးမှာတော့ Beauty Tips လေးများနဲ့ Weight Management လုပ်နေသော အချစ်လေးများကို admin ရဲ့ အတွေ့အကြုံလေးတွေ နဲ့ ကိုယ်တိုင် weight ကိုဘယ်လို Manage လုပ်နေသလဲဆိုတာလေးတွေရယ် အလှအပနဲ့ပ​တ်သက်လို့ဆောင်ရန်ရှောင်ရန်လေးတွေပါအလျင်းသင့်သလိုဖော်ပြပေးသွားမှာမို့လို့စောင့်မျှော်ကြပါအုံးလို့နော်အချစ်တို့ရေ..

ကဲဆားဝက်ခြံရှိသူများအတွက်သဘာဝကပေးတဲ့နည်းလမ်းလေးတွေ..လုပ်ကြည့်နော်
07/05/2017

ကဲဆားဝက်ခြံရှိသူများအတွက်သဘာဝကပေးတဲ့နည်းလမ်းလေးတွေ..လုပ်ကြည့်နော်

ဝက်ခြံ,အဆီကျိတ်,အမာရွတ်သမားများအတွက်သဘာဝ
နည်းလမ်းများဖြင့်ပေါင်းတင်နည်းများ
~~~~~~~~~~~~~~~~~~~~~

ဝက်ခြံထွက်လွယ်တဲ့သူတွေကတစ်နေ့ကိုနှစ်ကြိမ်မျက်နှာကိုသေချာသန့်စင်ပါမျက်နှာသစ်ဆေးအ
ပျော့စားသုံး၍ လက်နဲ့ညစ်တာရှောင်ပါ အစားအသောက်ဂရုစိုက်ပါ။အထိုင်အထမှာအထိုင်ကိုရှောင်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ ရေများများသောက်ပါ။

(၁)ကော်ဖီမှုန့်+Honey(ပျားရည်)+သံပုရာရည်

ကော်ဖီမှုန့်ကိုမျက်နှာအတွက်လိုသလောက်သန့်
စင်တဲ့ခွက်ထဲထည့်ပါပြီးလျင်မျက်နှာကိုမိနစ်အနည်းငယ်စက်ဝိုင်းပုံစံပွတ်တိုက်ပြီးရေနွေးနွေးနဲ့ဆေးချလိုက်ပါ။ရေဆေးပြီးမျက်နှာကိုသန့်စင်တဲ့သဘက်နှင့်သုတ် ပျားရည်ကိုကိုယ့်မျက်နှာအတွက်လိုသလောက်ထည့် ပြီးလျင်ဂွမ်းဆနဲ့ယူပြီးမျက်နှာတပြင်လုံးလိမ်းပါမိနစ်၃၀ မှ ၄၅မိနစ်ထား ရေဆေးချပါ ပြီလျင် သုံပုရာ/ယို သီးအရည်ကိုခွက်သန့်သန့်ထဲညစ်ထည့် နားထိုးတဲ့ဂွမ်းတံလေးနဲ့ယူ အဖု/အမဲစက်/ဝက်ခြံ
ပေါက်နေသောအပေါ်ကိုပဲတို့ပါ ပြီးလျင်၄၅မိနစ်ထားရေဆေးချ ပြီးလျင်moisture or ကြိုက်နှစ်သက်ရာမျက်နှာလိမ်းဆေး လိမ်းလို့ရပါတယ်။ရွှေးချယ်ဝယ်ယူတဲ့အခါ ဝက်ခြံသမားမလို့ cream typeရှောင်ပါ။
တစ်ပတ်၂မှ၃ရက်ထိပြုလုပ်နိုင်ပါတယ်။
ပျားရည်နဲ့သံပုရာသီး ကိုတော့နေ့စဉ်လိမ်းပါ။
ဝက်ခြံ/အဆီဖု/အမာရွက်များတစ်လအတွင်းသိသိသာသာပျောက်ကင်းလာပါလိမ့်မယ်။

(၂)ရှားစောင်းလက်ဖက်

ရှားစောင်းလက်ဖက်အပင်ကိုအိမ်မှာစိုက်ထားသင့်ပါတယ်တပင်မှ၅ထောင်မကျော်ပါဘူး။ရှားစောင်းပင်ကအခက်တစ်ခက်ယူရေစင်အောင်ဆေးပါ။
ပြီးလျင်သူအထဲကချယ်အနှစ်ကိုယူပြီး မျက်နှာသစ်ပြီးနေ့/ညတစ်နေ့နှစ်ကြိမ်သုံးပါ
အသားရေလှပြီးဆားဝက်ခြံ ဝက်ခြံအဆီဖုအကုန်ပျောက်။

(၃)ဒိန်ချဉ်+Green Teaအမှုန့်

မျက်နှာကိုသေချာသန့်စင်ပြီ ဒိန်ချဉ်ကိုမျက်နှာအတွက်လိုသလောက်ခွက်ထဲထည့် ပြီးလျင်Green taeအမှုန့်တစ်ဇွန်း/တစ်ဇွန်းခွဲ ထည့်မွှေပြီးမျက်နှာအပေါ်သို့လိမ်းပေးပါ။ေုခါက်ရင်ရေနွေးနွေးနဲ့ဆေးချ ဒိန်ချဉ်ပါတဲ့အတွက်မျက်နှာမှာမနေတတ်ရင်မျက်နှာသစ်ဆေးအပျော့စားနဲ့သစ် လိမ်းနေကြမျက်နှာလိမ်းဆေးလူးအိပ်ပလိုက်😁
တစ်ပတ်၃-၄ရက်လုပ်နိုင်ပါတယ်။
ဝက်ခြံတွေ အဆီဖုတွေသိသိသာသာလျော့လာလိမ့်မယ်တစ်ပတ်အတွင်းလုပ်ကြည့်နော်။

ဘာside effectမှာမဖြစ်ဘူး
နောက်ထပ်နည်းလမ်းလေးတွေများကြီးရှိသေးပါတယ်
ဆက်ရေးပေးပါမယ်နောက်နေ့ကိုယ်အဆင်
ပြေရာကိုသုံးနိုင်ပါတယ်။
တစ်နေ့နည်းနည်းစီပြောပြပေးပါမယ်ဒီနေ့၃မျိုး
ပဲစာရှည်ရင်ပျင်းမှာစိုးလို့😘😘

ကြိုက်ရင် Like&share
ကူးယူရင်းလဲCreditလေးတော့ပေးဦးနော်😁😘

08/10/2014

အသုံးဝင်တဲ့သံပရာသီးအကြောင်းလေးပါ..

ကဲဒီတစ်ခါတော့..လူတစ်ယောက်ရဲ့ဒုတိယမျက်နှာလို့တင်စားရလောက်တဲ့ဆံနွယ်လေးတွေကိုကျန်းမာသန်စွမ်းအောင်ပြုပြင်ထိန်းသိမ်းနည်းလေးတေ...
08/10/2014

ကဲဒီတစ်ခါတော့..လူတစ်ယောက်ရဲ့ဒုတိယမျက်နှာလို့တင်စားရလောက်တဲ့ဆံနွယ်လေးတွေကိုကျန်းမာသန်စွမ်းအောင်ပြုပြင်ထိန်းသိမ်းနည်းလေးတွေမျှဝေပေးလိုက်တယ်နော်..

ကဲ..ဝါကျွတ်မှာမင်္ဂလာဆောင်ကျတော့မဲ့ညီမလေးတွေနဲ့..မမတို့အတွက်..Tips လေးတွေနဲ့ ဆောင်ရန်..ရှောင်ရန်အချက်လေးတွေမျှဝေလိုက်တယ်နေ...
06/10/2014

ကဲ..ဝါကျွတ်မှာမင်္ဂလာဆောင်ကျတော့မဲ့ညီမလေးတွေနဲ့..မမတို့အတွက်..Tips လေးတွေနဲ့ ဆောင်ရန်..ရှောင်ရန်အချက်လေးတွေမျှဝေလိုက်တယ်နော်..အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့အချိန်ကာလလေးများပိုင်ဆိုင်နိုင်ကျပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..

ကဲ..ကိုကိုမမတွေ..ပိန်ချင်ရင်စမ်းသပ်ကြည့်ကျနော်..
06/10/2014

ကဲ..ကိုကိုမမတွေ..ပိန်ချင်ရင်စမ်းသပ်ကြည့်ကျနော်..

Best Beauty tips..
06/10/2014

Best Beauty tips..

Address

Yangon
11211

Website

Alerts

Be the first to know and let us send you an email when အလှအပရေးရာများနှင့်ဝိတ်ချနည်းလေးများတိုင်ပင်ဆွေးနွေးကြမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share