mental heal with you

mental heal with you Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from mental heal with you, Health & Wellness Website, Yangon.

A safe home that provides mental health support to everyone equally and makes sure everyone can achieve emotional well-being through inclusive and comprehensive services.

ကိုယ်တိုင်ကသူများရဲ့အရိပ်အခြေကိုလိုက်ကြည့်နေမိပြီဆိုရင် ဒီ Postလေးကိုဖတ်ကြည့်ပါနော် 🤍 The Humanityရဲ့ Page Messenger မှာ...
23/09/2026

ကိုယ်တိုင်ကသူများရဲ့အရိပ်အခြေကိုလိုက်ကြည့်နေမိပြီဆိုရင် ဒီ Postလေးကိုဖတ်ကြည့်ပါနော် 🤍 The Humanityရဲ့ Page Messenger မှာလဲ Courseအသေးစိတ်လေးကိုစုံစမ်းနိုင်ပါတယ်ရှင်

တစ်ယောက်ယောက်ရဲ့ Tone ပြောင်းသွားတာနဲ့
“ငါဘာလုပ်မိလို့လဲ?” လို့ စတွေးမိဖူးလား?

မနေ့ကထိ ပုံမှန်ပြောနေတဲ့သူကဒီနေ့ စကားသံနည်းနည်းအေးသွားတာ၊ Reply ပြန်တာ တိုသွားတာ၊
အရင်လို မပြုံးတော့တာ၊ ကိုယ့်ကို ပြောပုံဆိုပုံလေး ပြောင်းသွားတာနဲ့ရုတ်တရက် ကိုယ့်စိတ်ထဲမှာ
“ငါတစ်ခုခုမှားပြောမိလား?”
“သူ ငါ့ကို စိတ်ဆိုးနေတာလား?”
“ငါ့ကြောင့်များလား?”
“မနေ့က ငါပြောလိုက်တဲ့စကားကြောင့်လား?”
“သူ ငါ့ကို မကြိုက်တော့တာလား?”
တစ်ခါတလေ သူက ဘာမှတောင် မပြောလိုက်ရသေးဘူး။ ကိုယ်က သူ့မျက်နှာအမူအရာကို ပြန်စဉ်းစား၊ သူပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစား၊
Chat ထဲက Reply တွေကို ပြန်ဖတ်ပြီး
ဘယ်နေရာမှာများ ကိုယ်မှားခဲ့လဲဆိုတာ ရှာနေမိတတ်တယ် 💭💔

အဲဒီအတွေးတွေက ခဏလေးနဲ့ ရပ်မသွားဘူး။
အလုပ်လုပ်နေရင်းလည်း တွေးမိတယ်။
အိပ်ရာဝင်တဲ့အချိန်လည်း တွေးမိတယ်။
ဖုန်းကို ထပ်ခါထပ်ခါကြည့်ပြီး
“ငါ့ကို ဘာဖြစ်လို့ ဒီလိုပြောတာလဲ…”
ဆိုပြီး အဓိပ္ပါယ်တွေ လိုက်ရှာနေမိတတ်တယ်။ သူ့ဆီက “ဘာမှမဖြစ်ပါဘူး” ဆိုတဲ့
စကားလေးတစ်ခွန်းရရင်တောင် ကိုယ့်စိတ်က ပြန်ငြိမ်သွားမယ်လို့ထင်မိတာတွေရှိလာတယ်။

ဒါပေမယ့် သူ့ဘက်က မပြောလာတဲ့အခါ
ကိုယ်က ကိုယ့်စိတ်ထဲမှာပဲ အဖြေတွေကို ဖန်တီးနေမိတယ်။

သူက ပင်ပန်းနေလို့ ဖြစ်နိုင်တယ် 🍂
သူ့မှာ ကိုယ်မသိတဲ့ ပြဿနာတစ်ခုခုရှိနေနိုင်တယ်🍂
သူ့ရဲ့နေ့တစ်နေ့ မကောင်းခဲ့တာလည်း ဖြစ်နိုင်တယ် 🍂လို့တောင်မတွေးမိပဲ
“ငါ့အမှားများလား…” ဆိုတာကိုပဲ
အရင်ဆုံးရွေးပြီး ယုံကြည်တတ်လာကြပါတယ်။

တကယ်တော့…
တစ်ယောက်ယောက်ရဲ့ Mood ပြောင်းသွားတိုင်း
အကြောင်းရင်းက ကိုယ်ဖြစ်နေဖို့ မလိုပါဘူးရှင်🌿

သူ့ရဲ့ Tone ပြောင်းသွားတာက
ကိုယ့်တန်ဖိုး ပြောင်းသွားတာမဟုတ်ပါဘူး။
သူ Reply တိုသွားတာက
ကိုယ်ကမလုံလောက်တော့တာ မဟုတ်ဘူး။
သူနဲ့အနေဝေးနေတယ်ဆိုတာကလည်း
ကိုယ်က ချစ်ဖို့မကောင်းတော့တာ၊
နားလည်ပေးဖို့မထိုက်တန်တော့တာ
လုံးဝမဟုတ်ပါဘူး 🤍

တစ်ခါတလေကိုယ်က သူများရဲ့ခံစားချက်တွေကို
အရမ်းဂရုစိုက်တတ်လွန်းလို့သူများရဲ့ Mood ကိုတောင် ကိုယ့်တာဝန်လို ခံယူမိတာ ဖြစ်နိုင်ပါတယ် 💭💚

သူစိတ်မကောင်းရင် “ငါဘာလုပ်ပေးရမလဲ?” လို့ တွေးတယ်။ သူတိတ်သွားရင် “ငါဘာမှားလို့လဲ?” လို့ တွေးတယ်။ သူစိတ်ဆိုးနေရင် “ငါဘယ်လိုပြန်ပြင်ပေးရမလဲ?” လို့ တွေးတယ်။ နောက်ဆုံးမှာတော့
သူ့ခံစားချက်တွေကို နားလည်ပေးရင်းကိုယ့်ခံစားချက်တွေကိုပဲ မေ့သွားတတ်ကြပါတယ်။

ကိုယ့်စိတ်က ဘာကြောင့် အမြဲတမ်း သူများရဲ့မျက်နှာ၊ အသံ၊ စကားလုံးတွေကို အရမ်းသတိထားနေရတာလဲဆိုတာတစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ လိုပါတယ်။

ကိုယ်ဘာကြောင့် ဒီလိုခံစားနေရတာလဲဆိုတာ
နားလည်လာဖို့၊ ခံစားချက်ပြင်းလာတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို မထိခိုက်အောင် ပြန်ကိုင်တွယ်တတ်ဖို့၊ သူများရဲ့အပြုအမူတိုင်းကို ကိုယ့်တန်ဖိုးနဲ့ မချိတ်ဆက်တော့ဖို့တဖြည်းဖြည်း လေ့လာလို့ရပါတယ်။

ကိုယ့်စိတ်ကို နားလည်တတ်လာတာက
ခံစားချက်တွေ မရှိတော့တာမဟုတ်ပါဘူး။
ခံစားချက်တွေရှိနေတဲ့အချိန်မှာတောင်
ကိုယ့်ကိုယ်ကို မပျောက်သွားအောင်
ကိုင်တွယ်တတ်လာတာပါ 🤍

🌿 Emotional Regulation Course
ကိုယ့်ခံစားချက်တွေကို ပိုနားလည်ချင်တယ်💚
စိတ်ခံစားချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို ပိုနူးညံ့စွာ ကိုင်တွယ်တတ်ချင်တယ်ဆိုရင် Emotional Regulation Course မှာ
အဲဒီအရာတွေကို တဖြည်းဖြည်း လေ့လာနိုင်ပါတယ်။
အသေးစိတ်သိချင်ရင် Page Messenger မှာ
“ER Course” လို့ ပို့ထားပေးပါနော်။ 🤍
Wellness is how you live 🍀💚

20/09/2026
ဒီညမြန်မာချိန်၇နာရီမှာ Away From Home Meetupလေးရှိတာမို့လို့အခုပဲ Commentမှာ "Attend"လို့ရေးပြီး Zoom linkလေးရယူလိုက်ပါန...
18/09/2026

ဒီညမြန်မာချိန်၇နာရီမှာ Away From Home Meetupလေးရှိတာမို့လို့အခုပဲ Commentမှာ "Attend"လို့ရေးပြီး Zoom linkလေးရယူလိုက်ပါနော် 👀💚

📢 Away from Home — September Community Meetup Reminder 🏡🤍

ဒီနေ့ညမြန်မာချိန်၇နာရီမှာ Away From Home Community Meetupလေးကိုပြုလုပ်သွားမှာပါရှင် 💚
တစ်ခါတလေ… နိုင်ငံခြားမှာ နေသားကျနေပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေမိပေမယ့်
အချို့နေ့တွေမှာတော့ “ငါဒီနေရာမှာ တကယ်ရောပျော်ရွှင်မှုကိုခံစားရရဲ့လား?”ဆိုတဲ့ မေးခွန်းလေးက စိတ်ထဲ တိတ်တိတ်လေး ဝင်လာတတ်ပါတယ် 💭

လူသစ်တွေ၊ နေရာသစ်တွေ၊ ကိုယ်နဲ့မတူတဲ့ Culture တွေကြားမှာနေ့တိုင်း ကိုယ့်ဘဝကို အကောင်းဆုံး ကြိုးစားတည်ဆောက်နေကြရင်း…
တစ်ခါတလေတော့ ကိုယ့်အကြောင်းကို အစကနေ ပြန်ရှင်းပြစရာမလိုတဲ့သူတစ်ယောက်နဲ့
အေးအေးဆေးဆေး စကားပြောချင်မိတယ်။

တစ်ခါတလေတော့အကြံဉာဏ်တွေ မလိုဘူး။
နားထောင်ပေးမယ့်သူတစ်ယောက်ပဲ လိုတယ်🤍
“အဆင်ပြေရဲ့လား?” လို့ မေးတဲ့အခါ
“အဆင်ပြေပါတယ်” လို့ပဲ ပြောနေခဲ့ပေမယ့်
တကယ်တမ်း စိတ်ထဲမှာတော့ပြောချင်တဲ့အကြောင်းအရာတွေ အများကြီး ရှိနေတတ်ပါတယ်။

🌿 အလုပ်နဲ့ဘဝကို balance လုပ်ရတာ ပင်ပန်းနေတာမျိုး

🌿 ငွေကြေးနဲ့ အနာဂတ်အတွက် စိတ်ပူနေတာမျိုး

🌿 နိုင်ငံခြားမှာ တစ်ယောက်တည်း ရပ်တည်ရတာ ခက်ခဲနေတာမျိုး

🌿 လူတွေအများကြီးရှိပေမယ့် ကိုယ့်ကို တကယ်နားလည်ပေးမယ့်သူ မရှိသလို ခံစားရတာမျိုး

🌿 အိမ်၊ မိသားစုနဲ့ ကိုယ်ချစ်တဲ့သူတွေကို လွမ်းနေတာမျိုး… ဒီလိုအရာတွေကို တစ်ယောက်တည်း ခံစားနေဖို့ မလိုပါဘူးနော် 🤍

ဒါကြောင့် ဒီ September မှာလည်း The Humanity ကအိမ်နဲ့ဝေးနေကြတဲ့သူတွေအတွက်
"Away from Home (Community Meetup)"လေးကိုထပ်မံစီစဉ်ထားပါတယ် 🏡

ဒီနေရာလေးမှာတော့…
✨ ကိုယ်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကို မျှဝေလို့ရမယ်

✨ တခြားသူတွေရဲ့ အတွေ့အကြုံတွေကို နားထောင်လို့ရမယ်

✨ ကိုယ်တစ်ယောက်တည်းပဲ ဒီလိုခံစားနေရတာ မဟုတ်ဘူးဆိုတာ သိလာနိုင်မယ်

✨ အကြံဉာဏ်ပေးဖို့ထက် နားလည်ပေးဖို့ ပိုအရေးကြီးတဲ့ စကားဝိုင်းလေးတစ်ခုမှာ ပါဝင်နိုင်မယ်

✨ အိမ်နဲ့ဝေးနေပေမယ့် လူတွေနဲ့ ပြန်လည်ချိတ်ဆက်နိုင်မယ့် နွေးထွေးတဲ့ Space လေးတစ်ခုကို အတူတူ ဖန်တီးကြမယ် 🌿

တစ်ခါတလေ
လူတစ်ယောက်ကို ပိုကောင်းလာအောင် ပြောင်းလဲပေးဖို့ထက်…“ငါ နားလည်တယ်”
“မင်းတစ်ယောက်တည်း မဟုတ်ဘူး”
ဆိုတဲ့ ခံစားချက်လေးကို ပေးနိုင်တာက ပိုပြီး အရေးကြီးတတ်ပါတယ်။

ဒီ September မှာ အိမ်နဲ့ဝေးနေတဲ့ ကျွန်မတို့အားလုံး
ခဏလောက်ဖြစ်ဖြစ် တစ်နေရာတည်းမှာ တွေ့ဆုံကြရအောင်လားနော် 🤍🏡

📌 Away from Home — Community Meetup
🗓 [September Date]

⏰ 7:00PM (Myanmar Time)

💻 Zoom

💰 Free to Join
ပါဝင်ချင်သူတွေအနေနဲ့
The Humanity Wellness Group လေးကို Join ထားပြီး The Humanity Page ကို Like & Follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်နော် 💚
Group နဲ့ Page ကို Join & Follow လုပ်ထားသူတွေကို Meetup အတွက် Invite နဲ့ အသေးစိတ်အချက်အလက်တွေ မျှဝေပေးသွားမှာပါ 🤍
The Humanity Wellness Group-https://www.facebook.com/share/g/1CGEjZNcsu/
Away from Home ဖြစ်နေပေမယ့်…
Connection ကနေ နွေးထွေးမှုကို ပြန်ရှာတွေ့နိုင်ပါတယ်။
🏡🤍
Wellness is how you live.
We heal and grow in connection.

သူက ကိုယ့်ကို ချစ်တယ်လို့ပြောပေမယ့်… ကိုယ်က မယုံနိုင်ဘူးလား? 💭💔သူကကိုယ့်ကို “ချစ်တယ်” လို့ ပြောတယ်။ ကိုယ့်အပေါ် ဂရုစိုက်...
17/09/2026

သူက ကိုယ့်ကို ချစ်တယ်လို့ပြောပေမယ့်…
ကိုယ်က မယုံနိုင်ဘူးလား? 💭💔

သူကကိုယ့်ကို “ချစ်တယ်” လို့ ပြောတယ်။
ကိုယ့်အပေါ် ဂရုစိုက်ပေးတယ်။ ကိုယ့်ဘေးမှာလည်း ရှိပေးတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာတော့…
“တကယ်ရော ချစ်တာဟုတ်ရဲ့လား?”
“တစ်နေ့ကျရင် ငါ့ကို ထားသွားမှာလား?”
“သူက တခြားတစ်ယောက်ကို တွေ့သွားရင်ရော?”
“သူပြောတဲ့စကားတွေကို ယုံလို့ရရဲ့လား?”
ဆိုပြီး သံသယတွေ ဝင်လာတတ်ပါတယ် 💔

တစ်ခါတလေ သူက ဘာမှမလုပ်ထားဘဲနဲ့တောင်
သူ့ရဲ့ Reply နည်းနည်းနောက်ကျတာ၊
Tone နည်းနည်းပြောင်းသွားတာ၊
အရင်လို မပြောဖြစ်တာလေးတွေကအစ
“သူ့စိတ်ထဲမှာ တစ်ခုခု ပြောင်းသွားပြီလား…” ဆိုပြီး တွေးမိတတ်တယ်။

🍂 သူ့ဆီက Reassurance ရပြီးသားပေမယ့် မလုံလောက်သလို ခံစားရတယ်။
🍂 “ချစ်တယ်” လို့ပြောလည်း စိတ်ထဲမှာ မယုံနိုင်ဘူး။
🍂 သူ့ကို ယုံချင်ပေမယ့် တစ်ခုခုဖြစ်လာတိုင်း သံသယပြန်ဝင်လာတယ်။
🍂 နောက်ဆုံးမှာတော့ “ငါက ဘာလို့ သူ့ကို ဒီလောက်ထိ မယုံနိုင်တာလဲ?” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်မိတတ်ပါတယ်။

ယုံကြည်မှုမရှိတာတိုင်း သူ့ဘက်က အမှားကြောင့် ဖြစ်နေတာ မဟုတ်ပါဘူးရှင်🌿
တစ်ခါတလေ အရင်က ကြုံခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေ၊ စွန့်ပစ်ခံရမှာကို ကြောက်တဲ့စိတ်တွေ၊
ကိုယ့်ကိုယ်ကို မလုံလောက်ဘူးလို့ ခံစားရတာတွေကြောင့် လက်ရှိ Relationship မှာတောင် “တစ်နေ့ကျရင် ထားသွားမှာပဲ” ဆိုတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။

သူက ကိုယ့်ကို ချစ်နေတာကို ပြသနေပေမယ့်
ကိုယ့်စိတ်က အဲ့ဒီအချစ်ကို လက်ခံယုံကြည်ဖို့ မလုံခြုံသေးတာမျိုး ဖြစ်နိုင်ပါတယ်။ 🍂
ဒါကြောင့် “ငါက ဘာလို့ဒီလောက် Sensitive ဖြစ်တာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။
အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ…
“သူ့ကို မယုံတာလား?” “ဒါမှမဟုတ်… သူ့ကို ဆုံးရှုံးသွားမှာကို ကြောက်နေတာလား?” 🤍

ကိုယ့်ရဲ့ သံသယတွေ၊ ကြောက်စိတ်တွေ ဘယ်ကနေ စလာတာလဲဆိုတာ နားလည်လာတဲ့အခါ
Relationship ထဲမှာလည်း ကိုယ့်ခံစားချက်တွေကို ပိုကျန်းမာတဲ့နည်းလမ်းနဲ့ ပြောပြနိုင်လာပါတယ်။
ကိုယ့်ရဲ့ Relationship ထဲမှာ Trust နဲ့ပတ်သက်ပြီး အမြဲတမ်း စိတ်မလုံခြုံဖြစ်နေတယ်၊
ကိုယ့်ခံစားချက်တွေ ဘာကြောင့်ဒီလိုဖြစ်နေလဲ နားလည်ချင်တယ်ဆိုရင်…
Counseling ယူပြီး ကိုယ့်ခံစားချက်တွေကို အတူတူ နားလည်အောင် အဖြေရှာကြည့်လို့ရပါတယ်။ 🌿🤍
Page Messenger မှာ “Trust” လို့ ပို့ထားပေးပါနော်။
ကိုယ့်အတွက် သင့်တော်မယ့် Couple Counseling Session လေးကို ရွေးချယ်နိုင်ဖို့ mental heal ဘက်က ကူညီပေးပါမယ်ရှင့်။ 🌱
အတူတူ နားလည်ပြီး အတူတူ ကုစားကြရအောင် .. mental heal နှင့်အတူ။ 🤍

တစ်ယောက်ယောက်ရဲ့လေသံပြောင်းသွားတာနဲ့ "ငါဘာလုပ်မိပြီလဲ"လို့တွေးဖူးလား? တွေးမိနေပြီဆိုရင် The Humanityကနေပြုလုပ်တဲ့ Emotio...
15/09/2026

တစ်ယောက်ယောက်ရဲ့လေသံပြောင်းသွားတာနဲ့ "ငါဘာလုပ်မိပြီလဲ"လို့တွေးဖူးလား?
တွေးမိနေပြီဆိုရင် The Humanityကနေပြုလုပ်တဲ့ Emotional Regulation သင်တန်းလေးကိုစုံစမ်းမေးမြန်းရင်းကိုယ့်ကိုယ်ကိုပြန်ဂရုစိုက်ကြမယ်နော် 🤍 Messenger မှာ "ER Course"လို့ပို့ပေးထားရင် Course အသေးစိတ်လေးကိုပို့ပေးထားပါမယ်နော် 🤍🍂

တစ်ယောက်ယောက်ရဲ့ Tone ပြောင်းသွားတာနဲ့
“ငါဘာလုပ်မိလို့လဲ?” လို့ စတွေးမိဖူးလား?

မနေ့ကထိ ပုံမှန်ပြောနေတဲ့သူကဒီနေ့ စကားသံနည်းနည်းအေးသွားတာ၊ Reply ပြန်တာ တိုသွားတာ၊
အရင်လို မပြုံးတော့တာ၊ ကိုယ့်ကို ပြောပုံဆိုပုံလေး ပြောင်းသွားတာနဲ့ရုတ်တရက် ကိုယ့်စိတ်ထဲမှာ
“ငါတစ်ခုခုမှားပြောမိလား?”
“သူ ငါ့ကို စိတ်ဆိုးနေတာလား?”
“ငါ့ကြောင့်များလား?”
“မနေ့က ငါပြောလိုက်တဲ့စကားကြောင့်လား?”
“သူ ငါ့ကို မကြိုက်တော့တာလား?”
တစ်ခါတလေ သူက ဘာမှတောင် မပြောလိုက်ရသေးဘူး။ ကိုယ်က သူ့မျက်နှာအမူအရာကို ပြန်စဉ်းစား၊ သူပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစား၊
Chat ထဲက Reply တွေကို ပြန်ဖတ်ပြီး
ဘယ်နေရာမှာများ ကိုယ်မှားခဲ့လဲဆိုတာ ရှာနေမိတတ်တယ် 💭💔

အဲဒီအတွေးတွေက ခဏလေးနဲ့ ရပ်မသွားဘူး။
အလုပ်လုပ်နေရင်းလည်း တွေးမိတယ်။
အိပ်ရာဝင်တဲ့အချိန်လည်း တွေးမိတယ်။
ဖုန်းကို ထပ်ခါထပ်ခါကြည့်ပြီး
“ငါ့ကို ဘာဖြစ်လို့ ဒီလိုပြောတာလဲ…”
ဆိုပြီး အဓိပ္ပါယ်တွေ လိုက်ရှာနေမိတတ်တယ်။ သူ့ဆီက “ဘာမှမဖြစ်ပါဘူး” ဆိုတဲ့
စကားလေးတစ်ခွန်းရရင်တောင် ကိုယ့်စိတ်က ပြန်ငြိမ်သွားမယ်လို့ထင်မိတာတွေရှိလာတယ်။

ဒါပေမယ့် သူ့ဘက်က မပြောလာတဲ့အခါ
ကိုယ်က ကိုယ့်စိတ်ထဲမှာပဲ အဖြေတွေကို ဖန်တီးနေမိတယ်။

သူက ပင်ပန်းနေလို့ ဖြစ်နိုင်တယ် 🍂
သူ့မှာ ကိုယ်မသိတဲ့ ပြဿနာတစ်ခုခုရှိနေနိုင်တယ်🍂
သူ့ရဲ့နေ့တစ်နေ့ မကောင်းခဲ့တာလည်း ဖြစ်နိုင်တယ် 🍂လို့တောင်မတွေးမိပဲ
“ငါ့အမှားများလား…” ဆိုတာကိုပဲ
အရင်ဆုံးရွေးပြီး ယုံကြည်တတ်လာကြပါတယ်။

တကယ်တော့…
တစ်ယောက်ယောက်ရဲ့ Mood ပြောင်းသွားတိုင်း
အကြောင်းရင်းက ကိုယ်ဖြစ်နေဖို့ မလိုပါဘူးရှင်🌿

သူ့ရဲ့ Tone ပြောင်းသွားတာက
ကိုယ့်တန်ဖိုး ပြောင်းသွားတာမဟုတ်ပါဘူး။
သူ Reply တိုသွားတာက
ကိုယ်ကမလုံလောက်တော့တာ မဟုတ်ဘူး။
သူနဲ့အနေဝေးနေတယ်ဆိုတာကလည်း
ကိုယ်က ချစ်ဖို့မကောင်းတော့တာ၊
နားလည်ပေးဖို့မထိုက်တန်တော့တာ
လုံးဝမဟုတ်ပါဘူး 🤍

တစ်ခါတလေကိုယ်က သူများရဲ့ခံစားချက်တွေကို
အရမ်းဂရုစိုက်တတ်လွန်းလို့သူများရဲ့ Mood ကိုတောင် ကိုယ့်တာဝန်လို ခံယူမိတာ ဖြစ်နိုင်ပါတယ် 💭💚

သူစိတ်မကောင်းရင် “ငါဘာလုပ်ပေးရမလဲ?” လို့ တွေးတယ်။ သူတိတ်သွားရင် “ငါဘာမှားလို့လဲ?” လို့ တွေးတယ်။ သူစိတ်ဆိုးနေရင် “ငါဘယ်လိုပြန်ပြင်ပေးရမလဲ?” လို့ တွေးတယ်။ နောက်ဆုံးမှာတော့
သူ့ခံစားချက်တွေကို နားလည်ပေးရင်းကိုယ့်ခံစားချက်တွေကိုပဲ မေ့သွားတတ်ကြပါတယ်။

ကိုယ့်စိတ်က ဘာကြောင့် အမြဲတမ်း သူများရဲ့မျက်နှာ၊ အသံ၊ စကားလုံးတွေကို အရမ်းသတိထားနေရတာလဲဆိုတာတစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ လိုပါတယ်။

ကိုယ်ဘာကြောင့် ဒီလိုခံစားနေရတာလဲဆိုတာ
နားလည်လာဖို့၊ ခံစားချက်ပြင်းလာတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို မထိခိုက်အောင် ပြန်ကိုင်တွယ်တတ်ဖို့၊ သူများရဲ့အပြုအမူတိုင်းကို ကိုယ့်တန်ဖိုးနဲ့ မချိတ်ဆက်တော့ဖို့တဖြည်းဖြည်း လေ့လာလို့ရပါတယ်။

ကိုယ့်စိတ်ကို နားလည်တတ်လာတာက
ခံစားချက်တွေ မရှိတော့တာမဟုတ်ပါဘူး။
ခံစားချက်တွေရှိနေတဲ့အချိန်မှာတောင်
ကိုယ့်ကိုယ်ကို မပျောက်သွားအောင်
ကိုင်တွယ်တတ်လာတာပါ 🤍

🌿 Emotional Regulation Course
ကိုယ့်ခံစားချက်တွေကို ပိုနားလည်ချင်တယ်💚
စိတ်ခံစားချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို ပိုနူးညံ့စွာ ကိုင်တွယ်တတ်ချင်တယ်ဆိုရင် Emotional Regulation Course မှာ
အဲဒီအရာတွေကို တဖြည်းဖြည်း လေ့လာနိုင်ပါတယ်။
အသေးစိတ်သိချင်ရင် Page Messenger မှာ
“ER Course” လို့ ပို့ထားပေးပါနော်။ 🤍
Wellness is how you live 🍀💚

အိမ်ကို မပြောဘဲ ကိုယ့်ပြဿနာတွေကို တစ်ယောက်တည်း သယ်နေရလား? 🏡💭အဆင်မပြေတာတွေ ရှိနေပေမယ့် အိမ်ကလူတွေကိုတော့ “အဆင်ပြေပါတယ်” ...
14/09/2026

အိမ်ကို မပြောဘဲ ကိုယ့်ပြဿနာတွေကို တစ်ယောက်တည်း သယ်နေရလား? 🏡💭

အဆင်မပြေတာတွေ ရှိနေပေမယ့် အိမ်ကလူတွေကိုတော့ “အဆင်ပြေပါတယ်” လို့ပဲ ပြောဖြစ်တယ်...ကိုယ်တကယ် ဘာတွေကြုံနေရလဲဆိုတာ ပြောလိုက်ရင်လဲ သူတို့ စိတ်ပူသွားမှာစိုးရိမ်တယ်...ကိုယ့်ကြောင့် ဝမ်းနည်းသွားမှာစိုးတယ်။

ပြီးတော့ ကိုယ့်ကို နားလည်ပေးမယ်မထင်လို့ ဘာမှမပြောဘဲ ကိုယ်တစ်ယောက်တည်း ဖြေရှင်းဖို့ ကြိုးစားနေမိတတ်ကြပါတယ်။

🍂 အလုပ်မှာ အဆင်မပြေတာတွေရှိလည်း အိမ်ရောက်ရင် မပြောဖြစ်ဘူး။
🍂 Relationship မှာ နာကျင်နေရလည်း “ဘာမှမဖြစ်ပါဘူး” လို့ပဲ ပြောတတ်တယ်။
🍂 စိတ်ဖိစီးနေရင်တောင် ကိုယ့်အခန်းထဲမှာ တစ်ယောက်တည်း နေပြီး ဖြေရှင်းဖို့ ကြိုးစားတတ်တယ်။
🍂 တစ်ခါတလေတော့ “ငါ့ပြဿနာကို ငါကိုယ်တိုင်ပဲ ဖြေရှင်းရမှာပေါ့” ဆိုပြီး ကိုယ့်ကိုယ်ကို ဖိအားပေးနေမိတတ်ပါတယ်။

ပြီးတော့မှ…
“ဘာလို့ ငါက ဘယ်သူ့ကိုမှ မပြောနိုင်တာလဲ?” “ပြောလိုက်ရင် ငါအားနည်းသွားသလို ဖြစ်မှာလား?” “သူတို့ကိုပါ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး…” ဆိုပြီး ကိုယ့်စိတ်ထဲမှာပဲ အဖြေတွေ ရှာနေမိတတ်ပါတယ်။

တစ်ခါတလေ ကိုယ့်ပြဿနာတွေကို တစ်ယောက်တည်း သယ်နေရတာက ကိုယ်က အားနည်းလို့ မဟုတ်ပါဘူး။
ကိုယ့်ခံစားချက်တွေကို ပြောပြရင် အပြစ်တင်ခံရမလား၊ နားမလည်ပေးဘူးလား၊ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူတွေကိုပါ စိတ်ပူစေမလားဆိုတဲ့ အတွေးတွေကြောင့် တိတ်နေဖို့ကိုပဲ ရွေးချယ်လာမိတာ ဖြစ်နိုင်ပါတယ်။ 🍂
ဒါပေမယ့် ကိုယ့်ပြဿနာတွေကို အမြဲတမ်း တစ်ယောက်တည်း သယ်နေရတာက ကိုယ့်စိတ်ကို ပိုပင်ပန်းစေနိုင်ပါတယ်။

အရာအားလုံးကို တစ်ယောက်တည်း ခံနိုင်ရည်ရှိနေဖို့ မလိုပါဘူး။ 🤍
တစ်ခါတလေ ကိုယ့်ခံစားချက်ကို “ငါအဆင်မပြေဘူး” လို့ ဝန်ခံနိုင်တာ၊ ယုံကြည်ရတဲ့သူတစ်ယောက်ကို နည်းနည်းချင်း ပြောပြနိုင်တာကလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းတစ်မျိုးပါပဲ။ 🌱
ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ထားရတဲ့အကြောင်းရင်းကို နားလည်လာဖို့၊ စိတ်ဖိစီးမှုတွေကို ပိုကျန်းမာတဲ့နည်းလမ်းနဲ့ ကိုင်တွယ်တတ်လာဖို့ တဖြည်းဖြည်း လေ့လာလို့ရပါတယ်။
ကိုယ့်စိတ်ကို နားလည်တတ်လာတာက အားနည်းလာတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်တတ်လာတာပါ။ 🤍
ကိုယ့်ခံစားချက်တွေကိုနားလည်အောင်အတူတူအဖြေရှာဖို့ Page Messenger မှာ "Counseling"လို့ပို့ထားပေးပါ

မိသားစုကို ဖုန်းဆက်ဖို့တောင် စိတ်ပင်ပန်းနေပြီလား?ဖုန်းခေါ်လာတာ မြင်ရင်ကိုင်သင့်တယ်ဆိုတာ သိပေမယ့်… စိတ်ထဲမှာတော့ ဘာကြောင့...
11/09/2026

မိသားစုကို ဖုန်းဆက်ဖို့တောင် စိတ်ပင်ပန်းနေပြီလား?

ဖုန်းခေါ်လာတာ မြင်ရင်ကိုင်သင့်တယ်ဆိုတာ သိပေမယ့်… စိတ်ထဲမှာတော့ ဘာကြောင့်မှန်းမသိ ပင်ပန်းနေမိတယ်။
ဖုန်းဆက်ဖို့ စဉ်းစားလိုက်တိုင်း“ဘာပြောရမလဲ?” ဆိုတာထက်စိတ်ထဲမှာ လေးလံလာတတ်တယ်။

ဒါကမိသားစုနဲ့ မပြောချင်လို့ မဟုတ်ပဲ ကိုယ်တိုင်ကစကားပြောဖို့တောင် စိတ်အားမကျန်တော့လောက်အောင် ပင်ပန်းနေတာ ဖြစ်နိုင်ပါတယ် 💔

🍂 မိသားစုဖုန်းခေါ်လာရင် ချက်ချင်း မကိုင်ချင်ဘူး။
🍂ဖုန်းပြောပြီးတိုင်း စိတ်ပိုပင်ပန်းသွားတတ်တယ်။
🍂 အိမ်က အကြောင်းတွေ မေးလာမှာကို ကြိုပြီး စိုးရိမ်နေမိတယ်။
🍂 “နောက်မှ ဆက်မယ်နော်” လို့ ပြောပြီး ဖုန်းခေါ်ဖို့ နောက်ရွှေ့နေမိတယ်။
🍂 မိသားစုကို ချစ်ပေမယ့် စကားပြောဖို့ အားမရှိဘူး။
🍂 ဖုန်းမဆက်ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားရတယ်။

ဒါတွေကမိသားစုကို စိတ်ပူစေမှာ မလိုချင်လို့…
ကိုယ်ကြုံနေရတဲ့ အခက်အခဲတွေကို ဘယ်လိုပြောရမလဲ မသိလို့… “နေကောင်းလား?” လို့ မေးလာရင်
“ကောင်းပါတယ်” လို့ ပြန်ဖြေရဖို့တောင် ပင်ပန်းနေလို့ပါ။

ကိုယ်တိုင် ပင်ပန်းနေတာ၊ ဖိအားတွေ များနေတာ၊
ကိုယ့်ခံစားချက်တွေကို ဘယ်လိုပြောရမလဲ မသိတာတွေကြောင့် မိသားစုနဲ့ စကားပြောဖို့တောင်
စိတ်အားကုန်နေတတ်ပါတယ် 🍀
အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကို အတင်းမဖိအားပေးဘဲ…“ငါက မိသားစုကို ရှောင်နေတာလား၊
ဒါမှမဟုတ် ငါ့စိတ်က အရမ်းပင်ပန်းနေတာလား…”
ဆိုတာကို ခဏလေး ပြန်စဥ်းစားကြည့်ပါရှင် 💭🤍

ဒီလိုခံစားချက်တွေက ကြာလာပြီး
မိသားစုနဲ့ ဆက်သွယ်ဖို့ စဉ်းစားတိုင်း စိတ်ဖိစီးနေတယ်ဆိုရင် ဘာကြောင့် ကိုယ်ဒီလောက် ပင်ပန်းနေရတာလဲဆိုတာကို တစ်ယောက်တည်း ရှင်းရှင်းလင်းလင်း မြင်ဖို့ ခက်နိုင်ပါတယ်။

တစ်ခါတလေတော့ တစ်ယောက်ယောက်နဲ့ ပြောပြီး
ကိုယ့်ခံစားချက်တွေကို ဖြည်းဖြည်းချင်း နားလည်လာဖို့ လိုအပ်တဲ့အချိန်လည်း ရှိပါတယ်ရှင်။

ဒီလို ခံစားချက်မျိုး ခဏခဏ ဖြစ်နေရင်
Chat Box မှာ “ဖုန်း” လို့ စာလုံးလေး ပို့လိုက်ပါ။ 🤍
mental healက သင့်အခြေအနေနဲ့ ကိုက်ညီတဲ့ counseling support ကိုကူညီပေးဖို့အဆင်သင့်ရှိပါတယ်ရှင်။

အတူတူကုစားကြစို့...mental ​healနှင့်အတူ။
mental heal page-https://www.facebook.com/share/1cQUa8Lqyf/

🌿 From Family Trauma to Healthy Loveမိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့… 🤍ပြီးခဲ့တဲ့ September 5 ရက်နေ့မ...
07/09/2026

🌿 From Family Trauma to Healthy Love
မိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့… 🤍

ပြီးခဲ့တဲ့ September 5 ရက်နေ့မှာ
mental heal × Purple Feminists Group (PFG) တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့
“From Family Trauma to Healthy Love” Healing Circle လေးကို နွေးနွေးထွေးထွေးနဲ့ အတူတူ ဖြတ်သန်းခဲ့ကြပါတယ် 🌿🤍

မိသားစုဆိုတာ နွေးထွေးမှုနဲ့ လုံခြုံမှုတွေကို ပေးစွမ်းနိုင်တဲ့နေရာတစ်ခု ဖြစ်နိုင်သလို
တစ်ခါတလေ ကိုယ်မမြင်ရတဲ့ နာကျင်မှုတွေရဲ့ အစလည်း ဖြစ်နေတတ်ပါတယ်။

အဲ့ဒီအကြောင်းတွေကို ပြောဖို့ဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီ Healing Circle လေးမှာ
ကိုယ့်ရဲ့အတွေ့အကြုံတွေကို ပြန်နားလည်ဖို့၊
ကိုယ့်ရဲ့ခံစားချက်တွေကို အပြစ်မတင်ဘဲ နားထောင်ဖို့၊ Relationship တွေထဲက ကိုယ်ပြန်ပြန်ကြုံနေရတဲ့ Pattern တွေကို သတိပြုမိဖို့၊
ပြီးတော့ ကိုယ့်အတွက် ပိုကျန်းမာတဲ့ Boundaries တွေကို စတင်တည်ဆောက်ဖို့ Speakersတွေနဲ့
အတူတူ စကားပြောခဲ့ကြပါတယ် 🤍

ဒီ Healing Journey လေးမှာ
ကိုယ့်ရဲ့အတွေ့အကြုံတွေကို မျှဝေပေးခဲ့သူတွေ
တိတ်တိတ်လေး နားထောင်ပေးခဲ့သူတွေ
ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ အချိန်ပေးခဲ့သူတွေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို mental healမှ ကျေးဇူးအများကြီးတင်ပါတယ် 🌱

အထူးသဖြင့် ဒီ Healing Circle ကို အတူတူဖန်တီးပေးခဲ့တဲ့
💜 Purple Feminists Group (PFG)
နဲ့ Founder & Executive Director ဖြစ်သူ Ma Nandar ကိုလည်း ကျေးဇူးတင်ပါတယ်ရှင် 🤍

ပြီးတော့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို နားလည်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို ပိုကြင်နာနိုင်ဖို့ နွေးထွေးစွာ လမ်းညွှန်ပေးခဲ့တဲ့ mental heal ရဲ့ Counselor မမေမြတ်ခိုင်ကိုလည်း အထူးကျေးဇူးတင်ပါတယ် 🤍

ဒီ Healing Circle လေးကနေ
တစ်ယောက်ယောက်အတွက်
“ငါတစ်ယောက်တည်း ဒီလိုခံစားနေရတာ မဟုတ်ဘူး” ဆိုတဲ့ အသိလေးတစ်ခု ရခဲ့တယ်ဆိုရင်တောင်
ဒီခရီးလေးဟာ အဓိပ္ပါယ်ရှိခဲ့ပြီလို့ ယုံကြည်ပါတယ်။ 🤍

အတိတ်မှာ ဖြစ်ခဲ့တာတွေကို ပြန်ပြင်လို့မရပေမယ့်
အဲ့ဒီအတွေ့အကြုံတွေကို နားလည်ပြီး
ကိုယ့်အနာဂတ်မှာ ဘယ်လိုချစ်မလဲ၊
ဘယ်လိုဆက်ဆံမလဲ၊
ဘယ်လိုကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်မလဲဆိုတာကိုတော့
တဖြည်းဖြည်း ပြန်ရွေးချယ်နိုင်ပါတယ်။ 🌿

ဒီ Healing Circle လေးကို အတူတူဖန်တီးပေးခဲ့သူတိုင်း၊ ပါဝင်ပေးခဲ့သူတိုင်း၊ နားထောင်ပေးခဲ့သူတိုင်းကိုmental heal မှ အထူးကျေးဇူးတင်ပါတယ်ရှင်🌿🤍

စိတ်အဆင်မပြေမှုတွေခံစားနေရတဲ့အချိန်မှာလဲ
တစ်ယောက်တည်း ဆက်ခံစားဖို့ မလိုပါဘူး 🤍
ကိုယ့်အတွက် လုံခြုံစွာပြောပြနိုင်မယ့် နေရာတစ်ခု လိုအပ်ရင် mental heal ရဲ့ Page Messengerမှာအချိန်မရွေးဆက်သွယ်ရင်ဖွင့်နိုင်ပါတယ်ရှင်🤍
📩 Counseling Session အကြောင်း သိချင်ရင် Page Messenger မှာ “Counseling” လို့ ပို့ပေးပါနော် 🤍

ဒီနေ့ညနေမြန်မာချိန်ည၇နာရီဆိုရင်ရင် Healing Talk Webinarလေးစတော့မှာမို့လို့ အခုပဲအောက်ကLinkလေးမှာ Registerလုပ်ပြီး Joinထာ...
05/09/2026

ဒီနေ့ညနေ
မြန်မာချိန်ည၇နာရီဆိုရင်ရင် Healing Talk Webinarလေးစတော့မှာမို့လို့ အခုပဲအောက်ကLinkလေးမှာ Registerလုပ်ပြီး Joinထားလိုက်ပါနော် 👀🤍

https://forms.gle/LnKm2ht15FFRDMZV9

From Family Trauma to Healthy Love
မိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့… 🌿

တစ်ခါတလေ ကိုယ်မမြင်ရတဲ့ ဒဏ်ရာတွေက
နှလုံးသားထဲမှာ အချိန်အကြာကြီး လေးလံနေတတ်ပါတယ်။
ငယ်ဘဝမှာ ကြုံခဲ့ရတဲ့ မိသားစုအတွင်းက နာကျင်မှုတွေ၊
အာရုံစိုက်မခံရတာတွေ၊ နားလည်မခံရတာတွေ၊
အမြဲဝေဖန်ခံခဲ့ရတာတွေ၊ ထိန်းချုပ်ခံခဲ့ရတာတွေ၊
ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေကြားမှာ ကြီးပြင်းလာရတာတွေက...
ဒီနေ့ ကိုယ့်ရဲ့ Relationship တွေ၊ Self-Worth နဲ့ စိတ်ခံစားမှုတွေ အပေါ် သက်ရောက်နေတတ်ပါတယ်။

တစ်ခါတလေ
“ဘာလို့ ကိုယ်က ဒီလိုခံစားနေရတာလဲ?”
“ဘာလို့ Relationship တွေမှာ ဒီပုံစံတွေကိုပဲ ထပ်ခါထပ်ခါ ကြုံနေရတာလဲ?”
ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတတ်ပါတယ်။

ဒါပေမယ့်...
ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေက ကိုယ့်အနာဂတ်ကို အဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့အတွေ့အကြုံတွေကို နားလည်လာတဲ့အချိန်ကစပြီး ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့၊ ပိုကြင်နာဖို့နဲ့
ပိုကျန်းမာတဲ့ Relationship တွေကို ရွေးချယ်တည်ဆောက်ဖို့ Healing Journey ကို စတင်နိုင်ပါတယ်။ 🤍

ဒါကြောင့် August Campaign အဖြစ် စတင်ခဲ့တဲ့
🌿 “From Family Trauma to Healthy Love”
ကို mental heal × Purple Feminists Group (PFG) တို့ ပူးပေါင်းပြီးယူဆောင်လာပါပြီ 🥳🤍

ဒီ Campaign မှာတော့ မိသားစုအတွင်းက အတွေ့အကြုံတွေဟာ ကိုယ့်ရဲ့လက်ရှိဘဝအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာကို နားလည်ဖို့နဲ့ ပိုကျန်းမာတဲ့ ဆက်ဆံရေးတွေဆီ လျှောက်လှမ်းနိုင်ဖို့အတွက် အတူတူဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

🌱 ဒီ Campaign မှာ ဆွေးနွေးသွားမယ့်အကြောင်းအရာတွေ
📍 ငယ်ဘဝက စိတ်မပြေလည်မှုတွေက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ
📍 မိသားစုအတွင်းက စိတ်ဒဏ်ရာတွေက လက်ရှိ Relationship တွေအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ
📍 မိသားစုနဲ့ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကြားမှာ Healthy Boundaries ဘယ်လိုတည်ဆောက်မလဲ
📍 အာရုံစိုက်မခံခဲ့ရတဲ့ နာကျင်မှုတွေအပြီးမှာ Self-Worth ကို ဘယ်လိုပြန်တည်ဆောက်မလဲ
📍 နေ့စဉ်ဘဝမှာ အသုံးချနိုင်တဲ့ Healing Practices တွေ
📍 ဘယ်အချိန်မှာ Professional Counseling ကို ရယူသင့်သလဲ

🤍 ဒီ Healing Journey မှာ ဘယ်သူတွေ ပါဝင်သင့်လဲ?
🍀ငယ်ဘဝက မိသားစုအတွေ့အကြုံတွေဟာ အခုလက်ရှိ ကိုယ့်ရဲ့စိတ်ခံစားမှု၊ Self-Worth နဲ့ Relationship တွေအပေါ် သက်ရောက်နေတယ်လို့ ခံစားရသူများ။

🍀မိသားစုအတွင်း အာရုံစိုက်မခံရခြင်း၊ အမြဲဝေဖန်ခံရခြင်း၊ ထိန်းချုပ်ခံရခြင်း ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေကြားမှာ ကြီးပြင်းခဲ့ရပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေကို ပိုနားလည်ချင်သူများ။

🍀အချစ်ရေး၊ လူမှုရေးနဲ့ မိသားစုဆက်ဆံရေးတွေမှာ ပုံစံတူအခက်အခဲတွေကို ထပ်ခါထပ်ခါ ကြုံနေရသူများ။

🍀မိသားစုနဲ့ ကိုယ့်ကြားမှာ Healthy Boundaries တည်ဆောက်ပြီး စိတ်အေးချမ်းမှုကို ပြန်ရှာချင်သူများ။

🍀အတိတ်က နာကျင်မှုတွေကြောင့် ကိုယ့်ဘဝကို အဆုံးမသတ်ချင်ဘဲ ပိုကျန်းမာတဲ့ Relationship တွေကို တည်ဆောက်ချင်သူများ။

ပြီးတော့...
ကိုယ့်ရဲ့ Healing Journey ကို လုံခြုံပြီး နွေးထွေးတဲ့ Community တစ်ခုနဲ့အတူ စတင်ချင်သူလေးတွေပါဝင်နိုင်ပါတယ် 🤍

🌿 Healing Circle
“From Family Trauma to Healthy Love”

📅 5 September 2026 (Saturday)

⏰ 7:00 PM – 9:00 PM (MMT)

💻 Online

ဒီ Healing Circle ကို mental healက Counselor မမေမြတ်ခိုင် နဲ့ Purple Feminists Group ရဲ့ Founder & Executive Director ဖြစ်သူ Ma Nandar နဲ့အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Ma Nandar ဟာ feminist storyteller, podcaster နဲ့ movement-builder တစ်ဦးဖြစ်ပြီး gender equality, menstrual justice နဲ့ feminist leadership တို့အတွက် storytelling, advocacy နဲ့ community-building တွေကနေတစ်ဆင့် လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပြီး 2020 ခုနှစ်မှာ BBC 100 Women စာရင်းဝင်ခဲ့တဲ့ Ma Nandar က storytelling ဟာ လူမှုအသိုင်းအဝိုင်းအတွင်း ပြောင်းလဲမှုတွေကို ဖန်တီးပေးနိုင်တဲ့ အင်အားတစ်ခုလို့ ယုံကြည်သူ ဖြစ်ပါတယ်။

mental heal ကဆရာမ မမေမြတ်ခိုင်ဟာ Basic Counselling Skills Training၊ ရှေးဦးစိတ်ပိုင်းဆိုင်ရာ ရှေးဦ အကူအညီပေးခြင်း (Psychological First Aid Training) နဲ့ စိတ်ဒဏ်ရာပေါ် အခြေခံရျ် နားလည်ပံ့ပိုးပေးသည့် စွမ်းရည်သင်တန်း (Trauma-informed Supportive Skills Training) တို့ကို သင်ယူလေ့လာခဲ့သူ ဖြစ်ပါတယ်။

သူမဟာ mental heal အဖွဲ့အစည်းမှာ Associate Counsellor တစ်ဦးအနေနဲ့ clients များရဲ့ ဘဝအကျပ်အတည်းများ၊ စိတ်ခံစားမှုဆိုင်ရာ စိန်ခေါ်မှုများကို အဓိကထား ကူညီဆွေးနွေး တိုင်ပင်ပေး လျက် ရှိပါတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာကြောင့် စိတ်ဝေဒနာ ခံစားနေရသူများကို အနီးကပ် ကိုယ်ချင်းစာတရားဖြင့် နွေးထွေးစွာ ထွေးစွာ လမ်းညွှန်ပံ့ပိုးပေးလေ့ ရှိပါတယ်။

🎁 Campaign အတွင်း ရရှိနိုင်မယ့် အထူးအစီအစဉ်များ
1. “Thank You” Digital Gift Card 💌
ကိုယ်တိုင်အတွက်ဖြစ်စေ၊ ကိုယ့်ရဲ့ချစ်ခင်ရသူတစ်ယောက်အတွက်ဖြစ်စေ Counseling Session လက်ဆောင်ပေးနိုင်မယ့် Digital Gift Card လေးတွေကို စီစဉ်ပေးထားပါတယ်။

1.Individual Counseling – ၂ ကြိမ်စာ
ထူးခြားတာကတော့ Gift Card ထဲမှာ ကိုယ်ပေးချင်တဲ့ ရင်ထဲကစကားလေးတွေကို အမှတ်တရ Message အဖြစ် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ 🤍

2. Free Healing Circle 🌿
“From Family Trauma to Healthy Love” Healing Circle ကို အခမဲ့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

3. Special Gift for Attendees 🎁
Healing Circle ကို တက်ရောက်သူတိုင်းအတွက် မိမိရဲ့ လက်ရှိစိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြန်လည်သုံးသပ်နိုင်မယ့် Free Emotional Well-being Check-in ရလဒ်ကို လက်ဆောင်အဖြစ် ရရှိမှာ ဖြစ်ပါတယ်။

ပါဝင်ချင်တယ်ဆိုရင်...
Campaign အသေးစိတ်နဲ့ Healing Circle ပါဝင်ရန် လိုအပ်တဲ့အချက်အလက်တွေကို ရယူဖို့
Comment မှာ “LOVE” လို့ ရေးခဲ့ပြီး
အောက်ပါ Google Form မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

👉 https://forms.gle/LnKm2ht15FFRDMZV9

အတိတ်ကို ပြန်ပြင်လို့မရပေမယ့်
အတိတ်က ကိုယ့်အနာဂတ်ကို ဆုံးဖြတ်ပေးမယ့်ပုံစံကိုတော့ ပြောင်းလဲနိုင်ပါတယ်။
ဒီခရီးမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။
ကိုယ့်စိတ်ကို နားလည်ဖို့၊ ကိုယ့်ကိုယ်ကို ပိုကြင်နာဖို့နဲ့
ပိုကျန်းမာတဲ့ ချစ်ခြင်းမေတ္တာဆီ လျှောက်လှမ်းဖို့...
အတူတူ လျှောက်ကြရအောင်။ 🤍🌿

နက်ဖြန်မြန်မာချိန်ည၇နာရီကြရင် Healing Talk Webinarလေးရှိတာမို့လို့ အခုပဲ Registerလုပ်ပြီး Joinထားလိုက်ပါနော် 👀🤍
04/09/2026

Address

Yangon

Website

Alerts

Be the first to know and let us send you an email when mental heal with you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share