San Thaw Dar Eye Hospital

Call Website Contact the practice

San Thaw Dar Eye Hospital အမြင်ဝေဒနာသေချာရင်လာ စန်းသော်တာနဲ့ ပျောက်ကင်းမှာ

👉 စန်းသော်တာမျက်စိဆေးခန်းမှ ဝန်ဆောင်မှုများ 👈

👉 မျက်စိအထူးကုဆရာဝန်ကြီးများကိုယ်တိုင် ရောဂါများကိုစမ်းသပ်ရှာဖွေကုသပေးခြင်း
👉 မျက်စိပါဝါ စစ်ဆေးပေးခြင်း
👉 ဂျပန်၊ အီတလီ၊ ကိုရီးယား နိုင်ငံထုတ်စစ်စစ်ဖြစ်သော မျက်မှန်များ ရောင်းချပေးခြင်း
👉 ဂျပန်နိုင်ငံတွင်အဆင့် (3) ရှိသော Tokai Company မှတိုက်ရိုက်တင်သွင်းထားသည့်
- ခရမ်းလွန်ရောင်ခြည် (UV) နှင့် Hight Votage Energy မှကာကွယ်ပေးသောမှန်များ ( LUTINA Lens )
- ည၌ကားမောင်းသောအခါအလင်းမပြန်သည့်မှန်များ ( Night Drive Lens )
- ကွန်ပျူတာ၊ ဖုန်း၊ တီဗီ တို့မှထွက်သော အလင်းတန်းများကိုလျှော့ချကာကွယ်ပေးသည့်မှန်များ ( 3G Blue Rays Cut Lens) အစရှိသည့်အရည်အသွေးပြည့်ဝကောင်းမွန်သော မှန်များရရှိနိုင်ခြင်း
_________________________________

• မျက်မှန်ပါဝါကိုင်းများ ရောင်းချပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများ
• မျက်စိရောဂါများ ကုသမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ
• မျက်မှန်ကိုင်းကောင်းများကို သီးသန့်သုံးစွဲလိုသူများအတွက် အထူးဝန်ဆောင်မှု
• မျက်စိရောဂါကုသမှုအတွက် အထူးသီးသန့်ဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှု ကို ဆောင်ရွက်ပေးနေပါပြီ
_________________________________

🏥 ဆေးခန်းလိပ်စာ 🏥

အမှတ် ဘီ၄/ဘီ၁၊ သမိုင်းလမ်းဆုံ၊
ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့)၊
(၃)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ 𝟬𝟵 𝟴𝟲𝟭𝟲 𝟵𝟬𝟵 , 𝟬𝟵 𝟰𝟮𝟰𝟳 𝟵𝟰 𝟲𝟮𝟭

လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ မျက်ဝန်းတစ်စုံအတွက် 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ကို အစဉ်အမြဲသတိရလိုက်ပါ။ကျွန်မတို့ရဲ့ စန်း...
08/02/2026

လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ မျက်ဝန်းတစ်စုံအတွက် 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ကို အစဉ်အမြဲသတိရလိုက်ပါ။

ကျွန်မတို့ရဲ့ စန်းသော်တာမျက်စိဆေးရုံကြီးမှာဆိုရင် …

🔴 အမြင်အာရုံနဲ့ပတ်သက်တဲ့ ဝေဒနာများဖြစ်သော …
• ရေတိမ်
• အတွင်းတိမ်
• မျက်စိစွေခြင်း
• ဆီးချိုကြောင့်ဖြစ်တဲ့မျက်စိရောဂါများနှင့် အခြား မျက်စိနှင့်ဆက်စပ်သောရောဂါများစွာကို ခေတ်မီနည်းပညာအလိုက် နှစ်ပေါင်းများစွာ အကောင်းဆုံး ကုသမှုများပေးခဲ့ပါတယ်။

အခုလို ကုသမှုတွေအပြင်
✓ မျက်လုံးပါဝါ စမ်းသပ် စစ်ဆေး ကုသပေးခြင်း
✓ ဆေးရုံမှာပဲ အနီးကပ်စောင့်ရှောက်မှုခံယူလိုသော ခွဲစိတ်ပြီး လူနာများ နှင့် လူနာရှင်များအတွက် 𝐕𝐈𝐏 𝐑𝐨𝐨𝐦 စီစဉ်ပေးခြင်းများကို 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 အနေဖြင့် တစ်နေရာတည်းမှာ ဝန်ဆောင်မှုပေးလျက်ရှိပါသေးတယ်။

ဒါကြောင့် လူကြီးမိဘများအနေဖြင့် မိမိ (သို့) ကိုယ်ချစ်ရသူတွေရဲ့ မျက်လုံးကျန်းမာရေးအတွက် တိကျသေချာတဲ့ ရောဂါရှာဖွေ စစ်ဆေးမှုများ နဲ့ ကုသမှုများလိုအပ်လာတဲ့အခါတိုင်း အတွေ့အကြုံရင့် မျက်စိအထူးကုဆရာဝန်ကြီးများကိုယ်တိုင် စနစ်တကျကုသပေးနေတဲ့ 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ကိုလှမ်းလာခဲ့ဖို့ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ရှင် … ✨

❝ နွေးထွေးပျူငှာ စန်းသော်တာ ❞

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။
𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8
☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒
☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒
☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

အမှတ် ဘီ၄/ဘီ၁ ၊ သမိုင်းလမ်းဆုံ ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့) ၊ (၃)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/m4fftjrz
☎️ 𝟎𝟗 - 𝟖𝟔𝟏 𝟔𝟗𝟎𝟗
☎️ 𝟎𝟗 - 𝟒𝟓𝟒 𝟖𝟔𝟑 𝟑𝟔𝟓
☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949
𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p
𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh

06/02/2026

အတွင်းတိမ် နဲ့ ရေတိမ် ဘာကွာလဲ...?

#စန်းသော်တာ

05/02/2026

မျက်စိအားကောင်းစေဖို့နဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် အာဟာရဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။
နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲပေးဖို့လည်း အရေးကြီးပါတယ်။

ဒါကြောင့် စန်းသော်တာကနေ ဒီနေ့ပြောပြသွားမယ့်အချက်လေးတွေကိုလိုက်နာဖို့မမေ့နဲ့နော်။

၁) Screen Time များခြင်းကို ထိန်းချုပ်ပါ

-ကွန်ပျူတာ၊ ဖုန်း၊ တီဗီ စတဲ့ Digital မျက်နှာပြင်တွေကို ကြာရှည်စွာ ကြည့်ရှုခြင်းက မျက်စိညောင်းညာမှုကို ဖြစ်စေပါတယ် ဒါကြောင့် မျက်နှာပြင် အလင်းညှိပြီးကြည့်ရှူပါ, မျက်တောင်မကြာမကြာခပ်ပါ။ 20-20-20 Rule ကိုအသုံးပြုပါ (မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာအောင် လှမ်းကြည့်ပြီး အနားယူပါ)

၂) ဟင်းသီးဟင်းရွက်,အသားငါး,ဥ,အစေ့အစံ မျိုးစုံ စားသုံးပါ

- ပန်းကန်ထဲမှာ အရောင်စုံလင်တဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားပေးပါ။ အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အနီရောင်စတဲ့ အရောင်တွေဟာ အာဟာရဓာတ် အမျိုးမျိုးကို ကိုယ်စားပြုပါတယ်။ ဆီများသောငါးများ,အစေ့အဆံများ စတာတွေကိုလည်း မျှတစွာစားသုံးဖို့လိုပါတယ်။

၃) ပုံမှန် မျက်စိစစ်ဆေးမှု ပြုလုပ်ပါ

- မျက်စိအမြင်အာရုံ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မျက်စိဆရာဝန် နဲ့ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးပါ။ မျက်စိပြဿနာ အများစုကို အစောပိုင်းမှာ ကြိုတင်သိရှိနိုင်ပြီး ကုသနိုင်ပါတယ်။

ဒီအချက်တွေကို လိုက်နာပြီး နေထိုင်မယ်ဆိုရင် မျက်စိကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

❝ နွေးထွေးပျူငှာ စန်းသော်တာ ❞

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8

☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

အမှတ် ဘီ၄/ဘီ၁ ၊ သမိုင်းလမ်းဆုံ ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့) ၊ (၃)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/m4fftjrz

☎️ 𝟎𝟗 - 𝟖𝟔𝟏 𝟔𝟗𝟎𝟗

☎️ 𝟎𝟗 - 𝟒𝟓𝟒 𝟖𝟔𝟑 𝟑𝟔𝟓

☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949

𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p

𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh

03/02/2026

How to Rizz Your Crush

#စန်းသော်တာ

လူကြီးမင်းများရှင်မိမိရဲ့ မျက်ဝန်းလေးတွေမှာ အမြင်အာရုံပိုင်းဆိုင်ရာမှာ ပြဿနာရှိနေတာပဲဖြစ်ဖြစ်၊မျက်မှန်၊မျက်ကပ်မှန်အတွက်လ...
03/02/2026

လူကြီးမင်းများရှင်

မိမိရဲ့ မျက်ဝန်းလေးတွေမှာ အမြင်အာရုံပိုင်းဆိုင်ရာမှာ ပြဿနာရှိနေတာပဲဖြစ်ဖြစ်၊

မျက်မှန်၊မျက်ကပ်မှန်အတွက်လိုအပ်တာပဲဖြစ်ဖြစ်

ခေတ်မီ စက်ကိရိယာကြီးများနဲ့ မျက်စိအထူးကုဆရာဝန်ကြီး ကိုယ်တိုင်စမ်းသပ်ပေးလျက်ရှိပြီး အထူးလိုအပ်တာတွေကိုဆွေးနွေးတိုင်ပင်ပေးသွားမှာမို့

မျက်လုံးအတွက် စစ်ဆေးချင်တယ်ဆိုရင် မျက်စိစမ်းသပ်မှုအပြင် မျက်မှန်ကိုင်းပေါင်းစုံရရှိနိုင်တဲ့ စန်းသော်တာ ကိုကြွလှမ်းလာဖို့ဖိတ်ခေါ်ပါတယ်ရှင့်။

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8

☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

အမှတ် ဘီ၄/ဘီ၁ ၊ သမိုင်းလမ်းဆုံ ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့) ၊ (၃)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/m4fftjrz

☎️ 𝟎𝟗 - 𝟖𝟔𝟏 𝟔𝟗𝟎𝟗

☎️ 𝟎𝟗 - 𝟒𝟓𝟒 𝟖𝟔𝟑 𝟑𝟔𝟓

☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949

𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p

𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh

မျက်စိရေချိန်တက်ခြင်း ဆိုတာ မျက်စိအတွင်းရှိ အမြင်အာရုံကြော တွေ တဖြည်းဖြည်းပျက်စီးသွားတဲ့ အမြင်အာရုံဆိုင်ရာ ရောဂါစုတစ်ခု ...
01/02/2026

မျက်စိရေချိန်တက်ခြင်း ဆိုတာ မျက်စိအတွင်းရှိ အမြင်အာရုံကြော တွေ တဖြည်းဖြည်းပျက်စီးသွားတဲ့ အမြင်အာရုံဆိုင်ရာ ရောဂါစုတစ်ခု ဖြစ်ပါတယ်...

ရုတ်တရက် လက္ခဏာမပြဘဲ ဖြစ်ပွားနိုင်တာကြောင့် အမြင်အာရုံကို ခိုးယူသွားတတ်တဲ့ "အသံတိတ် သူခိုး" (Silent Thief of Sight) လို့လည်း ခေါ်ကြပါတယ်။

မျက်စိရေချိန်တက်ခြင်းရဲ့ အဓိကအကြောင်းအရင်းက မျက်လုံးအတွင်းမှာ အရည်တွေ စုပုံလာတာကြောင့်ပါတဲ့

ဒီအရည်တွေဘယ်ကရောက်လာတာလဲ??
မျက်လုံးဟာ ပုံမှန်အားဖြင့် "Aqueous Humor" လို့ခေါ်တဲ့ အရည်ကို ထုတ်လုပ်ပြီး မျက်လုံးကို အာဟာရဖြည့်ပေးပါတယ်။ ဒီအရည်ဟာ ရေထုတ်စနစ် ကနေ ပုံမှန်အတိုင်း ပြန်လည် စီးဆင်းထွက်သွားရပါတယ်။ဒီလိုမစီးဆင်းပဲ အရည်တွေ စုပုံလာတဲ့အခါ မျက်လုံးအတွင်း ဖိအား (မျက်စိရေချိန်) မြင့်တက်လာပြီး အဲဒီဖိအားက အမြင်အာရုံကြော ကို ဖိမိကာ ပျက်စီးစေပါတယ်..

ဒီမျက်စိရေချိန်တက်တာဟာ အသက် ၆၀ နောက်ပိုင်း ဖိုးဖိုးဘွားဘွားတွေမှာပိုဖြစ်တတ်ပါတယ်၊

ဒါကြောင့် အသက် ၄၀ ကျော်လာပြီဆိုရင် ပုံမှန် မျက်စိစစ်ဆေးမှုတွေ လုပ်ဖို့က အရေးကြီးဆုံးပဲဖြစ်ပါတယ်။

❝ နွေးထွေးပျူငှာ စန်းသော်တာ ❞

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8

☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

အမှတ် ဘီ၄/ဘီ၁ ၊ သမိုင်းလမ်းဆုံ ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့) ၊ (၃)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/m4fftjrz

☎️ 𝟎𝟗 - 𝟖𝟔𝟏 𝟔𝟗𝟎𝟗

☎️ 𝟎𝟗 - 𝟒𝟓𝟒 𝟖𝟔𝟑 𝟑𝟔𝟓

☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949

𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p

𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh

မျက်မှန်တွေကို အဓိကအားဖြင့် ရည်ရွယ်ချက်အလိုက် (၂) မျိုး ခွဲခြားနိုင်ပါတယ်။အနီးမှုန် အဝေးမှုန်ဆိုပြီး ၂ မျိုးကတော့စာဖတ်သူ...
29/01/2026

မျက်မှန်တွေကို အဓိကအားဖြင့် ရည်ရွယ်ချက်အလိုက် (၂) မျိုး ခွဲခြားနိုင်ပါတယ်။

အနီးမှုန် အဝေးမှုန်ဆိုပြီး ၂ မျိုးကတော့စာဖတ်သူတိုင်းသိပြီးသားဖြစ်ပေမယ့်
ဒီထဲမှာကိုယ်ရဲ့ အမြင်အာရုံလိုအပ်ချက်နဲ့ အသုံးအများဆုံးမှန်အမျိုးအစား တွေကိုစန်းသော်တာကရှင်းပြပေးပါမယ်ရှင့်။

၁)အမြင်အာရုံတစ်ခုတည်းအတွက် မှန်ဘီလူး (Single Vision Lenses)

-ဒီမှန်ဘီလူးဟာ အနီးကြည့် (စာဖတ်) ဖို့၊ အဝေးကြည့်ဖို့ (သို့) ကွန်ပျူတာ ကြည့်ဖို့ စသဖြင့်တစ်မျိုးတည်းသုံးဖို့သာဖြစ်ပါတယ်။ အသက် ၄၀ မတိုင်မီ မျက်စိအားနည်းသူတွေနဲ့ အမြင်အာရုံပြဿနာ တစ်မျိုးတည်း (ဥပမာ- မျက်စိမှုန်ခြင်း၊အနီးအဝေးပြဿနာတွေစတာတွေမှာအသုံးပြုပါတယ်။

၂)အမြင်အာရုံမျိုးစုံအတွက် မှန်ဘီလူး (Multifocal / Progressive Lenses)

-ဒီမှန်ဘီလူးတွေဟာ အဝေး၊ အလယ်၊ အနီး စတဲ့ အမြင်အာရုံ အကွာအဝေး အားလုံးကို မှန်ဘီလူး တစ်ခုတည်းမှာ ပေါင်းစပ်ပေးထားတာကြောင့် အသက်ကြီးတဲ့လူတွေ၊အဝေးရော အနီးရော နှစ်မျိုးလုံး မျက်မှန်လိုအပ်သူတွေ အတွက် အသင့်တော်ဆုံးပါ။

ဒါ့အပြင် မျက်မှန်မှာ coatings အနေနဲ့ အလင်းပြန်မှု လျှော့ချခြင်း (Anti-Reflective - AR), (Blue Light Filter),အလင်းပြောင်း (Photochromic / Transitions) စတာတွေကိုလည်းထည့်သွင်းတပ်ဆင်ကြပါတယ်ရှင့်

မျက်မှန်လိုအပ်ရင်တော့ မျက်စိစမ်းသပ်မှုအပြင် မျက်မှန်ကိုင်းပေါင်းစုံရရှိနိုင်တဲ့ စန်းသော်တာ ကိုကြွလှမ်းလာဖို့ဖိတ်ခေါ်ပါတယ်ရှင့်။

❝ နွေးထွေးပျူငှာ စန်းသော်တာ ❞

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။
𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8
☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒
☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒
☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

အမှတ် ဘီ၄/ဘီ၁ ၊ သမိုင်းလမ်းဆုံ ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့) ၊ (၃)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။
𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/m4fftjrz
☎️ 𝟎𝟗 - 𝟖𝟔𝟏 𝟔𝟗𝟎𝟗
☎️ 𝟎𝟗 - 𝟒𝟓𝟒 𝟖𝟔𝟑 𝟑𝟔𝟓
☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949
𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p
𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh

မျက်ကြည်လွှာလေးတွေက မျက်လုံးမှာ ဘာနဲ့တူလဲဆိုရင် ပြတင်းပေါက်လေးတွေနဲ့တူတူပါပဲတဲ့တခါတရံမှာဒီမျက်ကြည်လွှာလေးတွေက အကြောင်းတစ...
26/01/2026

မျက်ကြည်လွှာလေးတွေက မျက်လုံးမှာ ဘာနဲ့တူလဲဆိုရင် ပြတင်းပေါက်လေးတွေနဲ့တူတူပါပဲတဲ့
တခါတရံမှာဒီမျက်ကြည်လွှာလေးတွေက အကြောင်းတစ်ခုခုကြောင့် ယောင်ရမ်းတတ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့် ယောင်ရမ်းတတ်သလဲဆိုတာကို စန်းသော်တာက ပြောပြပေးပါမယ်နော်။

၁) ပိုးဝင်တာ
- ပိုးဝင်တာကလည်း မျက်ကြည်လွှာယောင်ရမ်းစေတဲ့အချက်တွေထဲကအဓိကအချက်ဖြစ်ပါတယ်။

-ဘက်တီးရီးယား မှို တိရစ္ဆာန်တွေကပါတဲ့ ကပ်ပါးကောင်တွေကလည်း ဒီလိုဖြစ်စေနိုင်ပါတယ်။

၂)မျက်ကပ်မှန်ကို မှားယွင်းစွာ အသုံးပြုမိခြင်း

- ညအိပ်ရင်း တပ်ထားတာ၊ မျက်ကပ်မှန် သန့်ရှင်းရေးကို စနစ်တကျ မလုပ်တာတွေဟာ မျက်ကြည်လွှာကို ထိခိုက်စေပြီး ရောင်ရမ်းစေပါတယ်။

၃)မျက်လုံး အလွန်အမင်း ခြောက်သွေ့ခြင်း

- မျက်ရည်နည်းလွန်းတာ ဒါမှမဟုတ် မျက်ရည်အရည်အသွေး မကောင်းတာကြောင့် မျက်ကြည်လွှာရဲ့ မျက်နှာပြင် ပျက်စီးပြီး ရောင်ရမ်းနိုင်ပါတယ်

၄)ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများခြင်း
-နေရောင်ခြည်ပြင်းပြင်း၊ ဖုန်း,ကွန်ပျူတာ တွေပေါ်ကနေ ပြန်လာတဲ့ အလင်းပြန်မှု ဒါမှမဟုတ် ဂဟေဆော်တဲ့ မီးပွားတွေကို အကာအကွယ်မပါဘဲ ကြည့်မိရင် မျက်ကြည်လွှာလောင်ကျွမ်းပြီး ရောင်ရမ်းနိုင်ပါတယ်။

ဒီလိုအချက်တွေအပြင် မျက်စိထိခိုက်ဒဏ်ရာရတာကလည်းဖြစ်စေနိုင်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ဒီလိုဖြစ်လာရင် “မျက်စိကိုလုံးဝမပွတ်ပါနဲ့”

မျက်ကြည်လွှာရောင်ရမ်းတာဟာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့အတွက် မျက်လုံးနာတာ၊ နီရဲတာ၊ မျက်ရည်အလွန်အကျွံကျတာ၊ အမြင်မှုန်ဝါးတာ၊ အလင်းစူးတာ စတဲ့ လက္ခဏာတွေ ရှိရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

❝ နွေးထွေးပျူငှာ စန်းသော်တာ ❞

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8

☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

အမှတ် ဘီ၄/ဘီ၁ ၊ သမိုင်းလမ်းဆုံ ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့) ၊ (၃)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/m4fftjrz

☎️ 𝟎𝟗 - 𝟖𝟔𝟏 𝟔𝟗𝟎𝟗

☎️ 𝟎𝟗 - 𝟒𝟓𝟒 𝟖𝟔𝟑 𝟑𝟔𝟓

☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949

𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p

𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh

ဒီနေ့ကတော့ အနီးမှုန်တာကိုရှင်းပြပါမယ် ပြီးခဲ့တဲ့ Post မှာ အဝေးမှုန်ခြင်းအကြောင်းအရာကိုရှင်းပြထားပါတယ်ရှင့်။အနီးမှုန်ခြင်...
23/01/2026

ဒီနေ့ကတော့ အနီးမှုန်တာကိုရှင်းပြပါမယ် ပြီးခဲ့တဲ့ Post မှာ အဝေးမှုန်ခြင်းအကြောင်းအရာကိုရှင်းပြထားပါတယ်ရှင့်။

အနီးမှုန်ခြင်း ဆိုတာ အဝေးကို ကြည်လင်စွာ မြင်ရနိုင်ပေမယ့်၊ အနီးရှိ အရာဝတ္ထုတွေ (ဥပမာ- စာဖတ်ခြင်း၊ ဖုန်းကြည့်ခြင်း) ကို ကြည်လင်ပြတ်သားစွာ မြင်ဖို့ ခက်ခဲခြင်း ဖြစ်ပါတယ်။

အဝေးမှုန် (Myopia) နဲ့ ပြောင်းပြန် အခြေအနေဖြစ်ပါတယ်ရှင့်။

ဘာကြောင့်ဖြစ်တာလဲ??

၁။မျက်လုံးရဲ့ ရှေ့နောက်အကွာအဝေးဟာ ပုံမှန်ထက် တိုနေတာကြောင့်ဖြစ်နိုင်ပါတယ်။

၂။မျက်ကြည်လွှာ မှန်ဘီလူး ပြားနေခြင်းကြောင့်: မျက်လုံးထဲဝင်လာတဲ့ အလင်းတန်းတွေ လိုသလို ကွေးညွှတ်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

၃။ ဘယ်လိုကုသရမလဲ??

ဆရာဝန်ညွှန်ကြားချက်နဲ့မျက်မှန်၊မျက်ကပ်မှန် တပ်ဆင်ခြင်းကအလွယ်ကူဆုံးနဲ့ ဘေးအကင်းဆုံး နည်းလမ်းပါ။

အနီးမှုန်တာကလည်း အဝေးမှုန်တာလို အသက်အရွယ်ရလာတာနဲ့အမျှ ပါဝါတိုးလာတတ်တဲ့အတွက် (၆) လ တစ်ကြိမ် သို့မဟုတ် (၁) နှစ် တစ်ကြိမ် မျက်စိစစ်ဆေးမှု ခံယူသင့်ပါတယ်ရှင့်။

ကိုယ့်ရဲ့မျက်လုံးလေးတွေအတွက် စစ်ဆေးချင်တယ်ဆိုရင်တော့ မျက်စိစမ်းသပ်မှုအပြင် မျက်မှန်ကိုင်းပေါင်းစုံရရှိနိုင်တဲ့ စန်းသော်တာ ကိုကြွလှမ်းလာဖို့ဖိတ်ခေါ်ပါတယ်ရှင့်။

📍 𝐒𝐚𝐧 𝐓𝐡𝐚𝐰 𝐃𝐚𝐫 𝐄𝐲𝐞 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

အမှတ်(၂) ၊ လမ်းသစ်ရိပ်သာ ၊ ဘုန်းကြီးလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/2nfhhkx8

☎️ 𝟎𝟗 - 𝟒𝟒𝟗 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟐𝟑𝟒 𝟐𝟑𝟒

☎️ 𝟎𝟗 - 𝟒𝟒𝟖 𝟑𝟒𝟓 𝟑𝟒𝟓

အမှတ် ဘီ၄/ဘီ၁ ၊ သမိုင်းလမ်းဆုံ ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (CNG ဓာတ်ငွေ့ရည်ဆိုင်အရှေ့) ၊ (၃)ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 >>> https://tinyurl.com/m4fftjrz

☎️ 𝟎𝟗 - 𝟖𝟔𝟏 𝟔𝟗𝟎𝟗

☎️ 𝟎𝟗 - 𝟒𝟓𝟒 𝟖𝟔𝟑 𝟑𝟔𝟓

☎️ 𝟎𝟗 - 𝟒𝟐𝟒 𝟕𝟗𝟒 𝟔𝟐𝟏

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://tinyurl.com/3vhre949

𝐕𝐢𝐛𝐞𝐫: https://tinyurl.com/yjryrz2p

𝐓𝐢𝐤𝐓𝐨𝐤: https://tinyurl.com/ms3ce4kh

Address

Building No. 2, Lan Thit , PhoneGyi Road , Lanmadaw Township
Yangon
11131

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 16:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 17:00
Sunday 10:00 - 18:00

Telephone

+959424794621

Alerts

Be the first to know and let us send you an email when San Thaw Dar Eye Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to San Thaw Dar Eye Hospital:

Shortcuts

Share