Sage Serpent

Sage Serpent 🩺⚕️🥼 Mystic Doc 🥼⚕️🩺

🔮 Fortune Reading
🔮 Counseling
🔮 Occultism
🔮 Esotericism

Page အသစ်ကို ဖွင့်လိုက်ပြီဗျ။ဒီ Page ကလည်း မနက်ဖြန်ဆိုရင် Delete လိုက်မှာမို့ Keep in Touch ဖြစ်အောင် Page အသစ်မှာလည်း L...
23/06/2026

Page အသစ်ကို ဖွင့်လိုက်ပြီဗျ။

ဒီ Page ကလည်း မနက်ဖြန်ဆိုရင် Delete လိုက်မှာမို့ Keep in Touch ဖြစ်အောင် Page အသစ်မှာလည်း Like and Follow ထားဖို့ အကြံပြု အသိပေးလိုပါတယ် ခင်ဗျာ။

May the spirits bless you ✨✨✨
‎Om Mane Padme Hum 🪷🪷🪷
‎Om Shanti Shanti Shanti 🪷🪷🪷
‎
‎
‎

Page link ကိုလည်း အောက်မှာ တင်ထားပါတယ်ဗျ။

https://www.facebook.com/share/1DGavMzXNn/

22/06/2026

မိတ်ဆွေတို့ခင်ဗျာ ✨✨✨

ဒီ Page ရဲ့ Acc Lock ကျသွားတာ‌မို့ ရက်ပိုင်းအတွင်း Acc အသစ်နှင့် Page လုပ်မှာမို့ မိတ်ဆွေတို့ Page အသစ်မှာ Like and Follow နိုင်ကြောင်းနှင့် Page အသစ်မှာ လာရောက်ပြီး မိမိကံကြမ္မာ အတွက် မေးမြန်းနိုင်ကြောင်း အသိပေးလိုက်ရပါတယ် ခင်ဗျာ။

May the spirits bless you ✨✨✨
Om Mani Padme Hum 🪷🪷🪷
Om Shanti Shanti Shanti 🪷🪷🪷


‎အတိတ်ကံရေစက် (သို့မဟုတ်) Bonding (Part-1)‎‎ဒီနေ့မှာတော့ လူမှုရေးအကြား၊ အချစ်ရေးအကြား အသိများတဲ့ အကြောင်းအရာတခုဖြစ်တဲ့ အ...
10/06/2026

‎အတိတ်ကံရေစက် (သို့မဟုတ်) Bonding

(Part-1)
‎
‎ဒီနေ့မှာတော့ လူမှုရေးအကြား၊ အချစ်ရေးအကြား အသိများတဲ့ အကြောင်းအရာတခုဖြစ်တဲ့ အတိတ်ကံရေစက်အကြောင်းကို သိမှတ်သလောက်လေး ဝေမျှမှာ ဖြစ်ပါတယ်။
‎
‎ကျနော်တို့ဘဝမှာ မျိုးစုံကြိုးခုန်တဲ့ ရေစက်မျိုးစုံကို တွေ့ခဲ့ပေမယ့် သေချာသိကြတာနည်းလို့ ဒီနေ့မှာ ဖြေးဖြေး‌စီဝေမျှမှာပါ။
‎
‎ပထမဆုံးအနေနဲ့ အတိတ်ရေစက်ဆိုတာ ဘာလဲ။
‎
‎လူရွှင်တော်တွေပြောသလို ရေစက်ဆိုတာ မော်တာဆိုတာမျိုး မဟုတ်ပါဘူး။
‎
‎အတိတ်ရေစက်ဆိုတာ အရှင်းဆုံးပြောရင် လူတဦးနဲ့တဦးကြား ‌ပါလာတဲ့ အထုံအဆက်လို့ပဲ ဆိုရမှာပါ။
‎
‎ဒီ့ထက်ပိုနက်နက်နဲနဲပြောရင် လူတဦးနဲ့တဦးကြားက အတိတ်ဘဝအဆက်ဆက်က လိုက်ပါလာတဲ့ ကုသိုလ်၊ အကုသိုလ်အကျိုးဆက်က ယခုဘဝမှာ အတူပြန်ပေးဆပ်ဖို့ရာ၊ ဖြည့်ဆည်းဖို့ရာ ပြန်လည်ဆုံတွေ့ကြခြင်းဖြစ်ပါတယ်။
‎
‎အဲ့အယူအဆတွေက ‌ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ တာအိုဘာသာ၊ ဆစ်ခ်နဲ့ ဂျိန်းဘာသာမှာ အဓိက တွေ့ရပြီး ခရစ်ယာန်၊ ဂျူးနဲ့ အစ္စလာမ်ဘာသာမှာတော့ ဘုရားသခင်ရဲ့ ဖန်တီးမှုကနေ ဖြစ်လာတယ်လို့ ယုံကြည်ကြပါတယ်။
‎
‎အဲ့မှာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာရဲ့ အယူအဆက တူညီကြပြီး တာအိုဘာသာကမူ စကြာဝဠာရဲ့ ကြိုတင်ဆက်နွယ်ထားသော စွမ်းအင်ချင်းဆက်နွယ်မှုလို့ ခေါ်ကြပါတယ်။
‎
‎ထိုသို့ဖြင့် ရေစက်ကို ဗုဒ္ဓဘာသာမှာက ပုဗ္ဗေစ သန္နိဝါသ ဟူ၍လည်းကောင်း၊ ဟိန္ဒူဘာသာမှာက Rinanubandhana (ကံကြမ္မာနှောင်ကြိုး) ဟူ၍ လည်းကောင်း၊ တာအိုဘာသာမှာတော့ 缘分 (Yuanfen) ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။

‎🔮🔮🔮 ကျနော့်ဆီမှာ
‎
‎- Tarot
‎- Lenormand
‎- Gypsy ဖဲဗေဒင်
‎- Messages from gods and goddesses
‎- Rune
‎- မဟာဘုတ် နှင့် ဆန်းဗေဒင်
‎- ယိချင်း
‎- အိမ်မက်နိမိတ်ဖတ်ခြင်း
‎- Numerology
‎- လက္ခဏာ (Palmistry) နှင့် အင်္ဂရုပ်ဖတ်ခြင်း (Physiognomy)
‎- Japan ရှေးဟောင်းနာမက္ခရဗေဒင်
‎- Horoscope & Astrology
‎- အချစ်ရေးဆန်းဗေဒင်
‎- မီးဗေဒင် (Spodomancy)
‎- Words of Devi
‎
‎စသည်တို့ကို သတ်မှတ်ထားသော ဉာဏ်‌ပူဇော်ခ (Fee) ဖြင့် မေးနိုင်ပါပြီခင်ဗျာ 🔮🔮🔮
‎
‎🔮 ထို့အပြင် Special Counseling Package တွေလည်း ဆောင်ရွက်ပေးပါပြီ ခင်ဗျာ 🔮🔮🔮
‎
‎May the spirits bless you ✨✨✨
‎Om Mane Padme Hum 🪷🪷🪷
‎Om Shanti Shanti Shanti 🪷🪷🪷
‎
‎
‎
‎

‎‌ဒီနိုင်ငံမှာ ဘာလို့ Tarot က အပေါစား ဆန်လာသလဲဆိုရင် အဲ့လိုဖြစ်အောင်လည်း တွန်းအားပေးခဲ့သူတွေရှိလို့ပါပဲ။‎‎မှတ်မှတ်ရရဆို ...
08/06/2026

‎‌ဒီနိုင်ငံမှာ ဘာလို့ Tarot က အပေါစား ဆန်လာသလဲဆိုရင် အဲ့လိုဖြစ်အောင်လည်း တွန်းအားပေးခဲ့သူတွေရှိလို့ပါပဲ။
‎
‎မှတ်မှတ်ရရဆို 2020/2021 ကာလတွေကနေစပြီး ပညာဒါနသင်တန်းဆိုပြီး ဖွင့်ရာကနေ (အနာရှိရင် စပ်ကြလည်း ဘွာတေးပါ) အလုပ်မရှိအလုပ်ရှာလေးတွေအများစုက ပညာရပ်ကို တကယ်စိတ်မဝင်စားပဲ ပေါ်ပင်ဖြစ်ချင်စိတ်များတာရော၊ ငွေရတာ လွယ်တယ်ဆိုပြီး လုပ်ချင်ကြတာရောနဲ့ ဝင်ဝင်သင်ကြ ဘာကြနဲ့ လုပ်စားလာကြတာ ခုဆို Tarot က ခေတ်မှီသလိုနဲ့ တကယ်က ခေတ်ပျက်တာပါပဲ။
‎
‎မှတ်မိသေးသမျှဆို အဲ့တုန်းက Cele လိုလို ဂျလေဘီလိုလို ကျားမ ငယ်ငယ်လေးတွေက Tarot ဟောတာ နည်းနည်း၊ ဖင်ပြရင်ပြတာက များများနဲ့ Attention ရှာကြတာများများနဲ့ Tarot ဟောတာက ငပေါလိုဖြစ်သွားတာ ခုခေတ်မှာဆို Tarot မသိရင် ခေတ်မမှီဘူးထက် သိမှ ပေါ်ပင်ဖြစ်မှာတွေကနေ စတာ ခုဆို Zodiac Sign ပေါက်ပန်းလေးဆယ်ကိစ္စတွေပါ ခုချိန်ဖြစ်လာတာပဲ။
‎
‎အဲ့လိုဖြစ်ခဲ့အောင်လည်း အဲ့ခေတ်တုန်းက ဆရာ
‎ဆိုသူတွေကလည်း ပညာရေ သောက်မကုန်ပါဘူး၊ Tarot ဆိုတာ Gypsy တွေ လမ်းဘေးမှာ ဟောတာပါပဲဆိုပြီး နာမည်ရရင်ပြီးရောနဲ့ လုပ်ကြတော့ အကုန်ပျက်ကုန်ပြီး တကယ်သိနားလည်တဲ့ ဆရာတွေက ဘေးရောက်ကုန်တာပါပဲ
‎
‎ဒီတော့ ခုခေတ်မှာ Tarot သင်ချင်တယ်ဆိုရင် တကယ်သိချင်တာလား၊ ပေါ်ပင်ချင်တာလားနဲ့ အများထဲက တယောက်လို ပေါက်ပန်းလေးဆယ်နဲ့ ရှင်သန်မလားဆိုတာ ကိုယ့်ကိုပြန်ဆန်းစစ်ပြီးမှ သင်စေချင်ပါကြောင်း✨✨✨
‎
‎P.S - Tarot ကို ဝေဖန်နေရအောင် မင်းဘယ်လောက်သိသလဲမေးရင် 2016 ကတည်းက Tarot ဟောပြီး ဆရာလုပ်လာတာမို့ ကျန်တာ မပြောတော့ဘူး ကလေးတို့ 🙂‍↔️🙂‍↔️🙂‍↔️
‎
‎May the spirits bless you ✨✨✨
‎Om Mane Padme Hum 🪷🪷🪷
‎Om Shanti Shanti Shanti 🪷🪷🪷
‎
‎
‎

‎✨ Weekly Fortune Prediction by Sage Serpent ✨‎‎7/6/2026 - 13/6/2026‎‎ကျနော့်ရဲ့ တစ်ပတ်စာ (၇) ရက်သားသမီးများ၏ ကံကြမ္မာအန...
07/06/2026

‎✨ Weekly Fortune Prediction by Sage Serpent ✨
‎
‎7/6/2026 - 13/6/2026
‎
‎ကျနော့်ရဲ့ တစ်ပတ်စာ (၇) ရက်သားသမီးများ၏ ကံကြမ္မာအနေအထား၊ ကြုံတွေ့ရနိုင်သည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ခန့်မှန်းသုံးသပ် ဟောပြောထားခြင်းဖြစ်ပါ၍ ဝင်ရောက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။
‎
‎🔮 Sunday Born (တနင်္ဂနွေဖွား)
‎
‎- အလုပ်အကိုင်နှင့် ပတ်သက်၍ အခွင့်အရေးကောင်းတစ်ရပ် ပေါ်ပေါက်လာနိုင်သော်လည်း ပြိုင်ဆိုင်မှုများလည်း တွဲဖက်ပေါ်ပေါက်လာနိုင်ပါသည်။
‎
‎- ငွေကြေးဆိုင်ရာ အခြေအနေများ တဖြည်းဖြည်း တိုးတက်လာနိုင်သော်လည်း အလျင်စလို ရင်းနှီးမြှုပ်နှံမှုများကို ရှောင်ရှားသင့်ပါသည်။
‎
‎- အတိတ်က ပြဿနာတစ်ခုအား ဖြေရှင်းနိုင်မည့် လမ်းစ ပေါ်လာနိုင်ပါသည်။
‎
‎🔮 Monday Born (တနင်္လာဖွား)
‎
‎- လုပ်ငန်းခွင်အတွင်း တာဝန်ဝတ္တရားများ တိုးမြင့်လာနိုင်ပြီး ပင်ပန်းနွမ်းနယ်မှုများလည်း ကြုံတွေ့ရနိုင်ပါသည်။
‎
‎- မမျှော်လင့်ထားသော အကူအညီတစ်ခု ရရှိနိုင်ပြီး ရပ်တန့်နေသော ကိစ္စတစ်ခု ရှေ့ဆက်နိုင်ပါလိမ့်မည်။
‎
‎- စိတ်ခံစားချက်များ အတက်အကျ ဖြစ်ပေါ်နိုင်သဖြင့် အရေးကြီးသော ဆုံးဖြတ်ချက်များအား စိတ်တည်ငြိမ်စွာ ချမှတ်သင့်ပါသည်။
‎
‎🔮 Tuesday Born (အင်္ဂါဖွား)
‎
‎- မိမိ၏ ကြိုးစားအားထုတ်မှုများအတွက် အသိအမှတ်ပြုခြင်း ရရှိနိုင်သော ကာလဖြစ်ပါသည်။
‎
‎- သို့သော် လူမှုဆက်ဆံရေးပိုင်းတွင် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် စကားအသုံးအနှုန်းများကို ဆင်ခြင်သင့်ပါသည်။
‎
‎- ပညာရေး၊ သင်တန်းနှင့် ကျွမ်းကျင်မှု တိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါသည်။
‎
‎🔮 Wednesday Born (ဗုဒ္ဓဟူးဖွား)
‎
‎- မိတ်ဆွေဟောင်းများ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့် ပြန်လည်ဆက်သွယ်ရနိုင်ပြီး အကျိုးရှိသော သတင်းအချက်အလက်များ ရရှိနိုင်ပါသည်။
‎
‎- မိသားစုအတွင်း သဘောထားကွဲလွဲမှု အသေးစားများ ဖြစ်ပေါ်နိုင်သော်လည်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပါလိမ့်မည်။
‎
‎- အရေးကြီးသော စာချုပ်စာတမ်းများကို ဂရုတစိုက် စစ်ဆေးသင့်ပါသည်။
‎
‎🔮 Rahu Born (ရာဟုဖွား)
‎
‎- အပြောင်းအလဲနှင့် သက်ဆိုင်သော ကံဓာတ်များ အားကောင်းနေပြီး လုပ်ငန်းသစ်၊ အကြံအစည်သစ်များ စတင်ရန် အခွင့်ကောင်း ရှိပါသည်။
‎
‎- မိမိအပေါ် မနာလိုသူများ ရှိနေနိုင်သဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အလွန်အကျွံ မမျှဝေသင့်ပါ။
‎
‎- မိမိ၏ ပင်ကိုယ်အမြင်နှင့် ဆင်ခြင်တုံတရားသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါလိမ့်မည်။
‎
‎🔮 Thursday Born (ကြာသာပတေးဖွား)
‎
‎- အထက်လူကြီးများနှင့် ပူးပေါင်းဆောင်ရွက်ရသော ကိစ္စများတွင် အောင်မြင်မှုရရှိနိုင်ပါသည်။
‎
‎- သို့သော် တာဝန်များစွာ ထမ်းဆောင်ရခြင်းကြောင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
‎
‎- ကျန်းမာရေးနှင့် အနားယူချိန်ကို မျှတစွာ စီမံခန့်ခွဲခြင်းက အကျိုးရှိစေပါလိမ့်မည်။
‎
‎🔮 Friday Born (သောကြာဖွား)
‎
‎- အချစ်ရေးနှင့် လူမှုရေးပိုင်းတွင် ကောင်းမွန်သော နားလည်မှုများ ရရှိနိုင်ပါသည်။
‎
‎- ငွေကြေးအသုံးစရိတ်များ တိုးလာနိုင်သဖြင့် မလိုအပ်သော ဝယ်ယူမှုများကို ဆင်ခြင်သင့်ပါသည်။
‎
‎- အနုပညာ၊ ဖန်တီးမှုနှင့် ဆက်စပ်သော လုပ်ငန်းများတွင် တိုးတက်မှု မြင်တွေ့ရနိုင်ပါသည်။
‎
‎🔮 Saturday Born (စနေဖွား)
‎
‎- ရပ်တန့်နေသော ကိစ္စရပ်များ တဖြည်းဖြည်း ပြန်လည်လှုပ်ရှားလာနိုင်ပါသည်။
‎
‎- လုပ်ငန်းခွင်အတွင်း ပြိုင်ဆိုင်မှုများနှင့် ဖိအားများ ကြုံတွေ့ရနိုင်သော်လည်း ဇွဲလုံ့လနှင့် စည်းကမ်းရှိမှုက အောင်မြင်မှုရရှိစေနိုင်ပါသည်။
‎
‎- တရားထိုင်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းများ ပြုလုပ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါသည်။
‎
‎🌕 Spiritual Insight of the Week 🌕
‎
‎"The river does not resist the stone. By flowing steadily around obstacles, it reaches the ocean. Strength is often found not in force, but in perseverance."
‎
‎🪷 ဒါတွေက ကျနော် Sage Serpent ရဲ့ တစ်ပတ်စာ ခန့်မှန်းဟောစာတမ်းဖြစ်တာမို့ အတိအကျဟု မယူဆဘဲ ဆောင်ရန်၊ ရှောင်ရန်နှင့် မိမိဘဝလမ်းကြောင်းကို ဆင်ခြင်သုံးသပ်နိုင်ရန်အတွက်သာ ရည်ရွယ်ပါသည်။
‎
‎🔮🔮🔮 ကျနော့်ဆီမှာ
‎
‎- Tarot
‎- Lenormand
‎- Gypsy ဖဲဗေဒင်
‎- Messages from Gods and Goddesses
‎- Rune
‎- မဟာဘုတ် နှင့် ဆန်းဗေဒင်
‎- ယိချင်း
‎- အိမ်မက်နိမိတ်ဖတ်ခြင်း
‎- Numerology
‎- လက္ခဏာ (Palmistry) နှင့် အင်္ဂရုပ်ဖတ်ခြင်း (Physiognomy)
‎- Japan ရှေးဟောင်းနာမက္ခရဗေဒင်
‎- Horoscope & Astrology
‎- အချစ်ရေးဆန်းဗေဒင်
‎- မီးဗေဒင် (Spodomancy)
‎- Words of Devi
‎
‎စသည်တို့ကို သတ်မှတ်ထားသော ဉာဏ်ပူဇော်ခ (Fee) ဖြင့် မေးမြန်းနိုင်ပါပြီခင်ဗျာ 🔮🔮🔮
‎
‎🔮 ထို့အပြင် Special Counseling Package များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည် ခင်ဗျာ 🔮🔮🔮
‎
‎May the spirits bless you ✨✨✨
‎Om Mani Padme Hum 🪷🪷🪷
‎Om Shanti Shanthi Shanti 🪷🪷🪷
‎
‎
‎

ပလေးခံရမှာကို ကြိုသိနေလို့ တားနေသော မိမိနှင့် လက်ရှိ နာကျင်ရတာတောင် မီးပုံတိုးပြီး ကြိုးစားချင်နေသော သူငယ်ချင်းတို့ရဲ့ C...
04/06/2026

ပလေးခံရမှာကို ကြိုသိနေလို့ တားနေသော မိမိနှင့် လက်ရှိ နာကျင်ရတာတောင် မီးပုံတိုးပြီး ကြိုးစားချင်နေသော သူငယ်ချင်းတို့ရဲ့ Conversation လေးတခု 😗😗😗

Arsenal Fan မို့တူတယ် နာကျင်ဒဏ်ကို ကောင်းကောင်းခံနိုင်တာရော၊ ဒုတိယလူအရောက်ခံရတြဲဒဏ်ရော ကောင်းကောင်းခံနိုင်နေတာ 🤭🤭🤭

May the spirits bless you ✨✨✨
‎Om Mane Padme Hum 🪷🪷🪷
‎Om Shanti Shanti Shanti 🪷🪷🪷
‎
‎
‎

ဒေဝါဘူမိမှ အမှတ်တရ ✨✨✨စနေနေ့က သွားဖြစ်တာကို တင်ဖို့မေ့လို့ တင်လိုက်တာပါ။နတ်မိမယ်ရဲ့ ဖိတ်ကြားချက်အရ မွန်ဘုရင်မကြီး ရှင်စေ...
02/06/2026

ဒေဝါဘူမိမှ အမှတ်တရ ✨✨✨

စနေနေ့က သွားဖြစ်တာကို တင်ဖို့မေ့လို့ တင်လိုက်တာပါ။

နတ်မိမယ်ရဲ့ ဖိတ်ကြားချက်အရ မွန်ဘုရင်မကြီး ရှင်စောပုရဲ့ နန်းစဉ်ဘုရား (၄) ဆူကို ဆေးခန်းက အပြန် သွားရောက်ဖူးမြှော်ရင်း ကံမြင့်မင်္ဂလာအနေနဲ့ သောက်တော်ရေ (၂၄) ခွက်၊ ဖယောင်းမီး (၂၄) တိုင်၊ နံသာတိုင် (၂၄) တိုင်၊ ပန်း (၂၄) ပွင့်နှင့်အတူ ပဌာန်းပူဇော်ခဲ့သော နေ့လေးတနေ့ပါပဲ။

‎May the spirits bless you ✨✨✨
‎Om Mane Padme Hum 🪷🪷🪷
‎Om Shanti Shanti Shanti 🪷🪷🪷
‎
‎
‎

‎လက်ဝဲလက်ယာပညာတွေရဲ့ အခြေခံအနှစ်သာရကတော့ လက်ယာပညာက သမာဓိကို အခြေခံပြီး လက်ဝဲပညာကတော့ အသိပညာကို အခြေခံတာ ဖြစ်ပါတယ်။‎‎လက်ယ...
01/06/2026

‎လက်ဝဲလက်ယာပညာတွေရဲ့ အခြေခံအနှစ်သာရကတော့ လက်ယာပညာက သမာဓိကို အခြေခံပြီး လက်ဝဲပညာကတော့ အသိပညာကို အခြေခံတာ ဖြစ်ပါတယ်။
‎
‎လက်ယာပညာတွေကို လေ့လာရင် သမာဓိအားကောင်းလေ ပိုထက်လေဖြစ်ပြီး လက်ဝဲပညာပိုင်းမှာက အသိပညာကို ပိုမိုနက်နက်နဲနဲလေ့လာရမှာဖြစ်ပါတယ်။
‎
‎ဒီတော့ အသိပညာနဲ့ သမာဓိကို အခြေခိုင်အောင်လုပ်ပြီး မိမိရဲ့လောကီဆန္ဒများပြည့်ဝအောင် လေ့လာသင့်ပါတယ်။
‎
‎အဲ့နေရာမှာ သမာဓိမခိုင်လျှင် ရူးတတ်သလို အသိပညာကို မကောင်းတဲ့‌နေရာအသုံးချလိုက်လျှင်လည်း ကံ၊ ကံ၏အကျိုး ရနိုင်ပါကြောင်းလည်း နိဂုံးချုပ်ပြောရပါစေခင်ဗျာ။
‎
‎🔮🔮🔮 ကျနော့်ဆီမှာ
‎
‎- Tarot
‎- Lenormand
‎- Gypsy ဖဲဗေဒင်
‎- Messages from gods and goddesses
‎- Rune
‎- မဟာဘုတ် နှင့် ဆန်းဗေဒင်
‎- ယိချင်း
‎- အိမ်မက်နိမိတ်ဖတ်ခြင်း
‎- Numerology
‎- လက္ခဏာ (Palmistry) နှင့် အင်္ဂရုပ်ဖတ်ခြင်း (Physiognomy)
‎- Japan ရှေးဟောင်းနာမက္ခရဗေဒင်
‎- Horoscope & Astrology
‎- အချစ်ရေးဆန်းဗေဒင်
‎- မီးဗေဒင် (Spodomancy)
‎- Words of Devi
‎
‎စသည်တို့ကို သတ်မှတ်ထားသော ဉာဏ်‌ပူဇော်ခ (Fee) ဖြင့် မေးနိုင်ပါပြီခင်ဗျာ 🔮🔮🔮
‎
‎🔮 ထို့အပြင် Special Counseling Package တွေလည်း ဆောင်ရွက်ပေးပါပြီ ခင်ဗျာ 🔮🔮🔮
‎
‎May the spirits bless you ✨✨✨
‎Om Mane Padme Hum 🪷🪷🪷
‎Om Shanti Shanti Shanti 🪷🪷🪷
‎
‎
‎

‎✨ Weekly Fortune Prediction by Sage Serpent ✨‎‎31/5/2026 - 6/6/2026‎‎ကျနော့်ရဲ့ တစ်ပတ်စာ (၇) ရက်သားသမီးများ၏ ကံကြမ္မာအန...
31/05/2026

‎✨ Weekly Fortune Prediction by Sage Serpent ✨
‎
‎31/5/2026 - 6/6/2026
‎
‎ကျနော့်ရဲ့ တစ်ပတ်စာ (၇) ရက်သားသမီးများ၏ ကံကြမ္မာအနေအထားနှင့် ကြုံတွေ့ရနိုင်သည့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများကို ခန့်မှန်းသုံးသပ် ဟောပြောထားခြင်းဖြစ်ပါ၍ ဝင်ရောက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။
‎
‎🔮 Sunday Born (တနင်္ဂနွေဖွား)
‎
‎- လုပ်ငန်းဆောင်တာများတွင် တိုးတက်မှုအခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သော်လည်း ဆုံးဖြတ်ချက်ချရာတွင် အလျင်စလို မပြုလုပ်သင့်ပါ။
‎
‎- ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၌ အကျိုးအမြတ်ရရှိနိုင်သော်လည်း မမျှော်လင့်ထားသော အသုံးစရိတ်အချို့လည်း ကြုံတွေ့ရနိုင်ပါသည်။
‎
‎- မိမိ၏ စိတ်ရှည်သည်းခံမှုနှင့် တာဝန်ယူမှုစိတ်ဓာတ်သည် ယခုကာလအတွင်း အောင်မြင်မှု၏ အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပါသည်။
‎
‎🔮 Monday Born (တနင်္လာဖွား)
‎
‎- အလုပ်အကိုင်နယ်ပယ်တွင် တာဝန်ဝတ္တရားများ ပိုမိုများပြားလာနိုင်သော်လည်း ထိုအခြေအနေများမှတစ်ဆင့် အတွေ့အကြုံကောင်းများ ရရှိနိုင်ပါသည်။
‎
‎- အထက်လူကြီးများ သို့မဟုတ် အကြံပေးသူများထံမှ အကူအညီတစ်ရပ် ရရှိနိုင်ပါသည်။
‎
‎- ပြောဆိုဆက်ဆံရေးပိုင်းတွင် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် စကားအသုံးအနှုန်းများကို ဆင်ခြင်သင့်ပါသည်။
‎
‎🔮 Tuesday Born (အင်္ဂါဖွား)
‎
‎- မိမိ၏ ကြိုးစားအားထုတ်မှုများသည် အကျိုးရလဒ်ကောင်းများ စတင်ပေါ်ထွက်လာနိုင်သည့် ကာလဖြစ်ပါသည်။
‎
‎- ပြိုင်ဆိုင်မှုများနှင့် ဖိအားများ တိုးလာနိုင်သော်လည်း စနစ်တကျ စီမံနိုင်ပါက အောင်မြင်မှု ရရှိနိုင်ပါသည်။
‎
‎- ပညာရေး၊ သင်ယူမှုနှင့် ကျွမ်းကျင်မှုတိုးတက်ရေးဆိုင်ရာ ကိစ္စများတွင် အခွင့်အလမ်းကောင်းများ တွေ့မြင်ရနိုင်ပါသည်။
‎
‎🔮 Wednesday Born (ဗုဒ္ဓဟူးဖွား)
‎
‎- လူမှုရေးနှင့် မိတ်ဆွေဆက်ဆံရေးကဏ္ဍများတွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ရရှိနိုင်ပါသည်။
‎
‎- မိသားစုအတွင်း သဘောထားကွဲလွဲမှု အသေးစားများ ဖြစ်ပေါ်နိုင်သဖြင့် စိတ်ရှည်စွာ ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။
‎
‎- အတိတ်က ရပ်တန့်နေသော အစီအစဉ်တစ်ခု ပြန်လည် အကောင်အထည်ဖော်နိုင်သည့် အခွင့်အရေး ရှိပါသည်။
‎
‎🔮 Rahu Born (ရာဟုဖွား)
‎
‎- မျှော်လင့်မထားသော အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာနိုင်ပြီး ဘဝလမ်းကြောင်းအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ပါသည်။
‎
‎- ငွေကြေးနှင့် သက်ဆိုင်သော သဘောတူညီချက်များတွင် စာရွက်စာတမ်းများကို ဂရုတစိုက် စစ်ဆေးသင့်ပါသည်။
‎
‎- မိမိ၏ ပင်ကိုယ်အသိဉာဏ်နှင့် အတွေ့အကြုံများကို ယုံကြည်အသုံးချခြင်းက ကောင်းမွန်သော ရလဒ်များ ရရှိစေနိုင်ပါသည်။
‎
‎🔮 Thursday Born (ကြာသာပတေးဖွား)
‎
‎- လုပ်ငန်းနှင့် လူမှုရေးနယ်ပယ်များတွင် အသိအမှတ်ပြုခံရခြင်းများ ကြုံတွေ့ရနိုင်ပါသည်။
‎
‎- တာဝန်များပြားလာခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် အနားယူချိန်များကို မျှတစွာ စီမံသင့်ပါသည်။
‎
‎- စိတ်တည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှုသည် မျှော်မှန်းထားသော ရလဒ်များဆီသို့ ဦးတည်စေနိုင်ပါသည်။
‎
‎🔮 Friday Born (သောကြာဖွား)
‎
‎- လူမှုဆက်ဆံရေးနှင့် အချစ်ရေးကဏ္ဍများတွင် နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုတိုးတက်လာနိုင်ပါသည်။
‎
‎- ငွေကြေးအသုံးစရိတ်များ မြင့်တက်လာနိုင်သဖြင့် စီမံခန့်ခွဲမှုကို အထူးဂရုပြုသင့်ပါသည်။
‎
‎- ဖန်တီးမှုစွမ်းရည်နှင့် အနုပညာဆိုင်ရာ လုပ်ငန်းများတွင် ထူးခြားသော အောင်မြင်မှုများ ရရှိနိုင်ပါသည်။
‎
‎🔮 Saturday Born (စနေဖွား)
‎
‎- ရှည်လျားစွာ ကြန့်ကြာနေသော ကိစ္စရပ်များ တဖြည်းဖြည်း တိုးတက်လာနိုင်ပါသည်။
‎
‎- အလုပ်ခွင်အတွင်း ပြိုင်ဆိုင်မှုများ ကြုံတွေ့ရနိုင်သော်လည်း ဇွဲလုံ့လနှင့် စနစ်တကျ ကြိုးပမ်းမှုများက အောင်မြင်မှုရရှိစေနိုင်ပါသည်။
‎
‎- မိမိ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စည်းကမ်းရှိမှုသည် ယခုကာလ၏ အဓိက အားသာချက်ဖြစ်လာနိုင်ပါသည်။
‎
‎🌕 Spiritual Insight of the Week 🌕
‎
‎"Not every closed door is a loss. Some doors close to guide us toward a path more worthy of our effort, wisdom, and destiny."
‎
‎🪷 ဒါတွေက ကျနော် Sage Serpent ရဲ့ တစ်ပတ်စာ ခန့်မှန်းဟောစာတမ်းဖြစ်တာမို့ အတိအကျဟု မယူဆဘဲ ဆောင်ရန်၊ ရှောင်ရန်နှင့် မိမိဘဝလမ်းကြောင်းကို ဆင်ခြင်သုံးသပ်နိုင်ရန်အတွက်သာ ရည်ရွယ်ပါသည်။
‎
‎🔮🔮🔮 ကျနော့်ဆီမှာ
‎
‎- Tarot
‎- Lenormand
‎- Gypsy ဖဲဗေဒင်
‎- Messages from Gods and Goddesses
‎- Rune
‎- မဟာဘုတ် နှင့် ဆန်းဗေဒင်
‎- ယိချင်း
‎- အိမ်မက်နိမိတ်ဖတ်ခြင်း
‎- Numerology
‎- လက္ခဏာ (Palmistry) နှင့် အင်္ဂရုပ်ဖတ်ခြင်း (Physiognomy)
‎- Japan ရှေးဟောင်းနာမက္ခရဗေဒင်
‎- Horoscope & Astrology
‎- အချစ်ရေးဆန်းဗေဒင်
‎- မီးဗေဒင် (Spodomancy)
‎- Words of Devi
‎
‎စသည်တို့ကို သတ်မှတ်ထားသော ဉာဏ်ပူဇော်ခ (Fee) ဖြင့် မေးမြန်းနိုင်ပါပြီခင်ဗျာ 🔮🔮🔮
‎
‎🔮 ထို့အပြင် Special Counseling Package များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည် ခင်ဗျာ 🔮🔮🔮
‎
‎May the spirits bless you ✨✨✨
‎Om Mani Padme Hum 🪷🪷🪷
‎Om Shanti Shanthi Shanti 🪷🪷🪷
‎
‎
‎

‎✨ လက်ဝဲလက်ယာ ပညာရပ်များနဲ့ ကျနော့်အမြင် ✨‎‎လက်ဝဲလက်ယာပညာဆိုရင် အများစုက လက်ယာပညာဆိုရင် အထက်လမ်း၊ လက်ဝဲပညာဆို အောက်လမ်းပ...
30/05/2026

‎✨ လက်ဝဲလက်ယာ ပညာရပ်များနဲ့ ကျနော့်အမြင် ✨
‎
‎လက်ဝဲလက်ယာပညာဆိုရင် အများစုက လက်ယာပညာဆိုရင် အထက်လမ်း၊ လက်ဝဲပညာဆို အောက်လမ်းပညာဆိုပြီး ယူဆကြပါတယ်။
‎
‎တကယ်တော့ ‌အထက်လမ်း၊ အောက်လမ်းပညာဆိုတာ ကိုယ်ပိုင်အယူအဆနဲ့လည်း သက်ဆိုင်ပါတယ်။
‎
‎အဲ့လိုပြောလို့ လက်ဝဲပညာဆိုတာ ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်တာမဟုတ်ပါဘူး။
‎
‎လောကကြီးမှာ လက်ဝဲလက်ယာပညာဆိုတာ အပူအအေး၊ အလင်းအမှောင်ကဲ့သို့ သဘာဝအတိုင်းရှိနေတဲ့ ပညာရပ်တွေပါပဲ။
‎
‎လက်ယာပညာကို သိထားသင့်သလို လက်ဝဲပညာတွေလည်း သိထားမှတ်ထားသင့်ပါတယ်။
‎
‎ဒါကြောင့် လက်ယာလက်ဝဲပညာရပ်တွေကို အထက်အောက်ပညာထက် လောကကြီးရဲ့ သဘာဝပညာရပ်အနေနဲ့ သိထားသင့်ပါကြောင်း။
‎
‎🔮🔮🔮 ကျနော့်ဆီမှာ
‎
‎- Tarot
‎- Lenormand
‎- Gypsy ဖဲဗေဒင်
‎- Messages from gods and goddesses
‎- Rune
‎- မဟာဘုတ် နှင့် ဆန်းဗေဒင်
‎- ယိချင်း
‎- အိမ်မက်နိမိတ်ဖတ်ခြင်း
‎- Numerology
‎- လက္ခဏာ (Palmistry) နှင့် အင်္ဂရုပ်ဖတ်ခြင်း (Physiognomy)
‎- Japan ရှေးဟောင်းနာမက္ခရဗေဒင်
‎- Horoscope & Astrology
‎- အချစ်ရေးဆန်းဗေဒင်
‎- မီးဗေဒင် (Spodomancy)
‎- Words of Devi
‎
‎စသည်တို့ကို သတ်မှတ်ထားသော ဉာဏ်‌ပူဇော်ခ (Fee) ဖြင့် မေးနိုင်ပါပြီခင်ဗျာ 🔮🔮🔮
‎
‎🔮 ထို့အပြင် Special Counseling Package တွေလည်း ဆောင်ရွက်ပေးပါပြီ ခင်ဗျာ 🔮🔮🔮
‎
‎May the spirits bless you ✨✨✨
‎Om Mane Padme Hum 🪷🪷🪷
‎Om Shanti Shanti Shanti 🪷🪷🪷
‎
‎
‎

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sage Serpent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share