𝐓𝐡𝐞 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠

  • Home
  • Myanmar
  • Yangon
  • 𝐓𝐡𝐞 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠

𝐓𝐡𝐞 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠 DM for personal readings! 🐈‍⬛🖤

09/09/2026

Hello guys!

ကျွန်တော် တစ်ခုလောက် ကြေငြာစရာရှိလို့ပါ။

ချစ်ရတဲ့ viewers များနဲ့ clients များကိုအရင်ဦးဆုံး ကျေးဇူး အများကြီးတင်ချင်ပါတယ်၊

ညှိုးငယ်စွာဖြင့် ။ ။ ဒီရက်ပိုင်းထဲ ကျွန်တော်ဟာ
• ကျန်းမာရေးအခြေအနေ
• စာမေးပွဲ
• စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှု
• Financial Struggle
လေးတွေကြောင့် Energy အကျ အခြေအနေကို ကြုံတွေ့နေရပါတယ်၊ ဒါ့ကြောင့် ဒီလိုအချိန်မှာ အခြားသူတွေကို ကူညီပေးတာ၊ personal tarot reading တွေကိုဖိအားပေးပြီးလုပ်နေတာထက် ခဏလောက် အနားယူ (take a break) လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂ပတ် ကနေ တစ်လလောက်အတွင်း ကြာနိုင်မယ်လို့ထင်ပါတယ်။

ဒီကြားထဲမှာ
• Free Readings
• Pick a pile readings
• Personal Readings
တွေ လုပ်ပေးတာတွေ ခဏလေး နားထားပါရစေခင်ဗျာ။

Taking a break ယူသွားပြီးတဲ့နောက်မှာ ကျွန်တော်က ပိုကောင်းတဲ့လူတစ်ယောက်အဖြစ်ပြန်လာခဲ့ပါမယ်။ Career အတွက်လဲ အကောင်းဆုံးပြင်ဆင်ပြီးပြန်လာခဲ့ပါမယ်။

အမြဲလိုလိုအားပေးခဲ့ကြတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိကြောင်းပြောရင်း အားလုံးကို ခေတ္တ ခဏ နှုတ်ဆက်လိုက်ပါရစေ..

Soulmate စီက Messages များ🌻❤️ (PAP)General Reading မလို့ ကိုက်ညီတာလေး ယူပေးနော်
09/08/2026

Soulmate စီက Messages များ🌻❤️ (PAP)

General Reading မလို့ ကိုက်ညီတာလေး ယူပေးနော်

Personal Readings လေးတွေ သေချာပြန်ပြင်ဆင်ပေးထားပါတယ်ခင်ဗျာ🩷🩷အသေးစိတ်သိလိုသူတွေအတွက် messenger မှာလာရောက် စုံစမ်းနိုင်ပါပ...
18/07/2026

Personal Readings လေးတွေ သေချာပြန်ပြင်ဆင်ပေးထားပါတယ်ခင်ဗျာ🩷🩷

အသေးစိတ်သိလိုသူတွေအတွက် messenger မှာလာရောက် စုံစမ်းနိုင်ပါပြီ။

Telegram က တစ်ဆင့် မေးမြန်းချင်သူများအတွက်လည်း ကို လာ hi နိုင်ပါပြီ😁🩷

Your Romantic Soulmate 💕🍓 (pick-a-pile) reading Myanmar🍀💕Personal Readings တွေလဲလာမေးလို့ရပြီနော်🤭💕
25/06/2026

Your Romantic Soulmate 💕🍓 (pick-a-pile) reading Myanmar🍀💕

Personal Readings တွေလဲလာမေးလို့ရပြီနော်🤭💕

အချစ်ရေးမှာဘာတွေဆက်ဖြစ်လာမလဲ? (Pick a pile )
23/06/2026

အချစ်ရေးမှာဘာတွေဆက်ဖြစ်လာမလဲ? (Pick a pile )

Tarot နဲ့ပက်သက်ပြီးသင်ယူချင်တယ်ဆိုတဲ့သူတွေအတွက် အသက်သာဆုံးအခွင့်အရေး လာပါပြီ🍉💕Workshop လေးပါ။ အပြန်အလှန်စကားသေချာပြောပြီ...
11/06/2026

Tarot နဲ့ပက်သက်ပြီးသင်ယူချင်တယ်ဆိုတဲ့သူတွေအတွက် အသက်သာဆုံးအခွင့်အရေး လာပါပြီ🍉💕

Workshop လေးပါ။ အပြန်အလှန်စကားသေချာပြောပြီး tarot ကိုနှလုံးသားနဲ့သေချာချဉ်းကပ်နိုင်ဖို့အတွက်ရည်ရွယ်ပါတယ်ခင်ဗျာ။ private အရမ်းဖြစ်တာမလို့ အမေး အဖြေ ရော သေချာလုပ်လို့ရမှာဖြစ်ပြီး ဘောင်ထဲထည့်ထားတဲ့ meaning တွေနဲ့မဟုတ်ဘဲ နှလုံးသားကနေတစ်ခုချင်းခံစားတတ်စေဖို့ လမ်းပြပေးတာမျိုးပါ။

5 ည ပဲ တက်ရောက်ရမှာပါ။ တစ်ညမှ နှစ်နာရီတည်းပါ။ Zoom မှာတက်ရောက်ရမှာပါ။ သင်တန်းကြေးကလည်း ၅၀၀၀၀ကျပ် တည်းမလို့ အရမ်းတန်ပါတယ်ခင်ဗျာ။

ကဲ ၁၂ရက်နေ့ည (သောကြာနေ့ည) ကတည်းကစမှာမလို့ အမြန်လာအပ်လိုက်တော့နော်။ သောကြာနေ့ ညနေဆိုတာနဲ့ form ပိတ်ပါမယ်ခင်ဗျာ။

Fb page messenger ကနေတစ်ဆင့် လာဆက်သွယ်လို့ရပါတယ် (သို့) telegram acc ကနေ လာဆက်သွယ်လို့ရပါတယ်။

Fb page ; The Intuitive Wellspring
Telegram acc ;
Viber No ; 09751242311


07/06/2026

June 8 - 14 ရက်နေ့အတွင်း တစ်ပတ်တာ သတင်းစကား🔥💕

ရှုပ်ပွနေတဲ့အခြေအနေတွေကြားထဲ ခေတ္တရောက်သွားနိုင်ချေရှိတယ် သို့သော် ကိုယ်ကဖြေရှင်းပေးရမှာမျိုးမဟုတ်ဘူး ဖြေရှင်းပေးမယ့်သူရှိတယ် ဒါကြောင့်မို့ ပြဿနာတွေကြားထဲ အရမ်းဝင်မပါတာပိုကောင်းပါလိမ့်မယ်။ စိတ်ထဲမှာလည်း အဖြေရှာမရတာမျိုး ရှုပ်ထွေး တာမျိုးတွေလည်းဖြစ်တတ်လို့ ကိုယ့်ကိုကိုယ်ဖိအားမပေးဘဲ စိတ်ကိုတည်ငြိမ်အောင်အရင်လုပ်ပါ။ ကိုယ့်ကို ကူညီပေးလိုသူတွေရှိနေမယ် စန်းပွင့် လာဘ်ပွင့်နေတတ်ပါတယ်။ မေတ္တာရေးသိပ်အားကောင်းနေတတ်တယ်။ ကိုယ့်ဘက်ကချွဲနွဲ့ပြောတတ်ရင် အရာရာပြေလည်မယ် ဒေါသကိုရှောင်ပါ ရံဖန်ရံခါ emotions သိပ်များသွားတတ်လို့ ကိုယ်တိုင် မထိန်းနိုင်ဖြစ်တတ်တယ်။ သူများတွေရဲ့ပြဿနာတွေဘဝတွေကိုလိုက်ဖြေရှင်းပေးဖို့ထက် ကိုယ့်ဘဝကိုကိုယ်ဂရုပြန်စိုက်ရမယ့်အခြေအနေဖြစ်ပါတယ်။ အနားလည်းယူ ရှေ့အနာဂတ်အတွက်ကိုလည်း ကြိုတင်ပြင်ဆင်စရာရှိတာပြင်ဆင်ဖြစ်မယ့်ကာလလည်း ဖြစ်တတ်ပါတယ်။

စိတ်နဲ့ကိုယ်နဲ့သိပ်မကပ်တတ်တဲ့အခြေအနေမျိုးမလို့ သေချာမြင်အောင်ကြည့်တတ်မှအခွင့်အလမ်းကောင်းတွေကိုမြင်ရပါလိမ့်မယ်။ ကိုယ့် စိတ်ကိုကိုယ်နိုင်အောင်ထိန်းနိုင်ရင် ဘယ်အရာကိုမှ စိတ်ပူစရာမလိုဘဲဖြေရှင်းနိုင်မှာပါ။ အသစ်စတင်ခြင်းတွေအားကောင်းနေမှာမလို့ chapter အသစ်တစ်ခု ပွင့်လာနိုင်ပါတယ်။ လူသစ် စိတ်သစ် အခြေအနေအသစ်တွေနဲ့မလို့ ကိုယ့်ကိုကိုယ်လည်းအသစ်ဖြစ်အောင် နေပါ။ အကျင့်အဟောင်းတွေလူအဟောင်းတွေ စွန့်လွှတ်ပစ်လိုက်ပါ။ ပျော်ပွဲရွှင်ပွဲအသေးလေးတစ်ခုကြုံရပါမယ် ဒီအပတ်အတွင်း။ ကံလည်းကောင်းနေမှာပါ အရုပ်ကောက်ရတာတို့ ငွေကောက်ရတာတို့ ရှိတတ်ပါသေးတယ်။ ကိုယ်လုပ်ခဲ့သမျှ ကြိုးစားခဲ့သမျှ progress တွေက ကိုယ့်ကိုပြန်အကျိုးပြုပါလိမ့်မယ်။ ကိုယ့်ရဲ့ goals အသေးလေးတွေ သည်တစ်ပတ်ထဲပြည့်နိုင်ပါတယ်။

အချစ်ရေးမှာတော့ အတိတ်က လူတွေ အကျင့်အဟောင်းတွေစွန့်လွှတ်နိုင်ရင် ကိုယ့်အတွက် စစ်မှန်တဲ့ လူတစ်ယောက်ကို မြန်မြန်တွေ့လာပါမယ်။ အဟောင်းနဲ့အသစ်ကြားဗျာများရမယ့်ကာလပါ။ အခုချိန်ကတော့ ချက်ချင်းကြီး ချစ်သူထားလိုက်တာမျိုးထက် ကိုယ့်ရဲ့ စိတ်အခြေအနေကိုပြန်လည်ပြင်ဆင်ပြီး သန့်ရှင်းရေးလုပ်ရမှာဖြစ်ပါတယ်။ တစ်ဖတ်သတ်ဖြစ်နေရတဲ့အချစ်ရေးတွေလည်း တစ်ခန်းရပ်သွားတော့ပါမယ်။ ပိုပြီးရင့်ကျက်လာဖို့ဖြစ်တာမလို့ အဆုံးသတ်တွေအကုန်လုံးကို အသာတကြည်လက်ခံလိုက်ပါ

ကံကောင်းစေသောအရောင် - အစိမ်း၊အဝါ၊လိမ္မော်၊အဖြူ။
ကံကောင်းစေသောရက် - ၈ ၊ ၁၁၊ ၁၂၊ ၁၃ ရက်

ဘယ်တော့လောက်ရည်းစားရမလဲ 🍎💕❤️(PAP)
07/06/2026

ဘယ်တော့လောက်ရည်းစားရမလဲ 🍎💕❤️(PAP)

03/06/2026

Hello!

Marcus ဒီကြားထဲ နေမကောင်းတာရော စိတ်ပင်ပန်းတာရော ဖုန်းလဲနေလို့ရော personal readings လေးတွေ နောက်ကျသွားပါတယ်ဗျ၊ အမြန်ပြန်ကြည့်ပေးမယ်နော် ဒီနေ့ကစပြီး
ချစ်ချစ်တို့ reading အသစ်တွေလဲလာမေးလို့ရတယ်နော်💕💕

Address

Yangon
NONE

Alerts

Be the first to know and let us send you an email when 𝐓𝐡𝐞 𝐈𝐧𝐭𝐮𝐢𝐭𝐢𝐯𝐞 𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share