Obimin Myanmar

Obimin Myanmar မိခင်နှင့်ရင်သွေးဘဝ အစဉ်ကျန်းမာလှပစေရမည် အိုဘီမင်

12/09/2026

ကိုယ်ဝန်လရင့်လေလေ ... ရင်ထဲမှာ ရှိတဲ့အသံက ပိုကျယ်ပြန့်လာလေ👂

"ညဘက် ကြွက်တက်လို့ နိုးလာတဲ့အခါ…"
"ခါးနာ၊ ဝမ်းချုပ်လို့ မသက်မသာ ဖြစ်ရတဲ့အခါ…"
ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့လေးမှုလေးတွေကို ပိုခံစားလာရလေ မဟုတ်လား... မေမေတို့ရေ🤰

ဒီတစ်ခေါက်မှာတော့ ၅ လကျော် ကိုယ်ဝန်ဆောင်မေမေတစ်ယောက်ရဲ့
အတွေ့အကြုံနဲ့ ခံစားချက်တွေကို Obimin ရဲ့ "ရင်ထဲက အသံ" Video လေးမှာ မျှဝေပေးထားပါတယ်💛💛

ဆရာဝန်ညွှန်ကြားချက်အတိုင်း နေ့စဉ် Obimin Calcium ဖြည့်စွက်ရင်း
မေမေနဲ့ ဘေဘီလေးအတွက် လိုအပ်တဲ့ အာဟာရကို ဂရုစိုက်ပါနော်💛

မေမေတို့ရော ကိုယ်ဝန်ရင့်လာချိန် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတာ
Obimin ရဲ့ "ရင်ထဲက အသံ" Video လေးအောက်မှာ အတူတူ ရင်ဖွင့်သွားခဲ့ပါဦးနော်။📲💬

Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

"အဆင်ပြေပါတယ်…” ဆိုပြီး အမြဲပြောနေတတ်တဲ့ မေမေတို့ရေ…  ဩဂုတ်လရဲ့ မိုးက ရွာတစ်လှည့် တိတ်တလှည့်ဆိုပေမဲ့ အေးမြစိုစွတ်နေဆဲမို...
08/09/2026

"အဆင်ပြေပါတယ်…” ဆိုပြီး အမြဲပြောနေတတ်တဲ့ မေမေတို့ရေ…

ဩဂုတ်လရဲ့ မိုးက ရွာတစ်လှည့် တိတ်တလှည့်ဆိုပေမဲ့ အေးမြစိုစွတ်နေဆဲမို့ ခါးကိုက်တာ၊ ခြေထောက်ကြွက်တက်လာတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ အဆစ်အမြစ်တွေ နာကျင်တာမျိုးတွေကို မေမေတို့ ခံစားနေရဦးမှာပါ။

ဒါကြောင့် မေမေ့နေ့စဉ်ဂရုစိုက်မှုထဲက အဓိကလိုအပ်တဲ့ Calcium ကို ပုံမှန်ဖြည့်တင်းပေးဖို့ မမေ့ပါနဲ့နော်။

Obimin Calcium မှာတော့ Calcium,Vitamin D3, Magnesium, Phosphorus နဲ့ FOS ပေါင်းစပ်ပါဝင်တာကြောင့် ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုအား ကောင်းစေပြီး အရိုးများကို ကျန်းမာသန်စွမ်းစေတာ ကြောင့် ကိုယ်ဝန်ဆောင် ခါးနာခြင်းအပြင် ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် ကြွက်တက်ခြင်းတွေ ကို သက်သာစေနိုင်ပါတယ်။ ​

Obimin Calcium ကို ကိုယ်ဝန်ဆောင်ချိန်မှ နို့ချိုတိုက်ကျွေးချိန်အထိ တစ်နေ့တစ်လုံး သောက်သုံးပေးဖို့ မမေ့နဲ့နော်...။

Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

ရင်သွေးလေးရဲ့ ပထမဆုံးဖွံ့ဖြိုးမှုတွေ စတင်တဲ့အချိန် Folic Acid ကို မမေ့ပါနဲ့။   ကိုယ်ဝန်အစောပိုင်းကာလမှာ ရင်သွေးလေးရဲ့ ဖွ...
02/09/2026

ရင်သွေးလေးရဲ့ ပထမဆုံးဖွံ့ဖြိုးမှုတွေ စတင်တဲ့အချိန် Folic Acid ကို မမေ့ပါနဲ့။

ကိုယ်ဝန်အစောပိုင်းကာလမှာ ရင်သွေးလေးရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံး အာဟာရဓာတ်တွေထဲက တစ်ခုကတော့ Folic Acid ပါ။ အထူးသဖြင့် ကိုယ်ဝန်စတင်ပြီး ပထမအပတ်တွေမှာ Folic Acid ဟာ သန္ဓေသားလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေချိန်ကတည်းက Folic Acid လုံလောက်စွာ ရရှိနေဖို့က မေမေတိုင်း ဂရုစိုက်သင့်တဲ့ အချက်တစ်ခုပါ။

Obimin အားဆေးမှာ ကိုယ်ဝန်ဆောင်မေမေနဲ့ ဘေဘီလေးတို့အတွက် လုံလောက်ပြည့်ဝတဲ့ Folic Acid – 1000 mcg ပါဝင်လို့ ကိုယ်ဝန်ဆောင်ဖို့ စတင်ပြင်ဆင်နေချိန်ကတည်းက ပုံမှန်သောက်ပေးမယ်ဆို ကိုယ်ဝန်ဆောင်ချိန် သွေးအားနည်းရောဂါ၊ လမစေ့ပဲစောမွေးရခြင်း၊ ကလေးကိုယ်လေးချိန် မပြည့်ခြင်း၊ ကလေးဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှုနှေးကွေးခြင်းစတာတွေကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာပြည့်စုံတဲ့ ဘေဘီလေးကို အကောင်းဆုံးကြိုဆိုနိုင်မှာပါ။

Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့တာ၊ အန်တာတွေကြောင့် အစားလည်းမဝင်၊ အားလည်းကုန်နေပြီလား.. မေမေရေ။   ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့...
29/08/2026

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့တာ၊ အန်တာတွေကြောင့် အစားလည်းမဝင်၊ အားလည်းကုန်နေပြီလား.. မေမေရေ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့တာ၊ အန်တာ၊ မူးမော်တာတွေက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ သဘာဝပြောင်းလဲမှုတစ်ခုပါ။ ဒီလိုလက္ခဏာတွေကို သက်သာစေဖို့ နေ့စဉ်အလေ့အကျင့်လေးတွေကို ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

ပျို့တာအန်တာတွေကို သက်သာစေဖို့နည်းလမ်းတွေကတော့ ...
- အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။
- တစ်ကြိမ်တည်း အများကြီးစားမယ့်အစား နည်းနည်းချင်း မကြာခဏ စားပေးပါ။
- မုန့်ပဲသရေစာလေးတွေကို အစာမပြတ်အောင် ဆောင်ထားပါ။
- ရေဓာတ်လုံလောက်အောင် သောက်ပေးပါ။
- အိပ်ရေးဝဝ အနားယူပါ။
- အဆီများတဲ့ အစားအစာနဲ့ အစပ်တွေကို တတ်နိုင်သမျှ ရှောင်ပါ။
- အရက်နဲ့ ဆေးလိပ်ကို ရှောင်ကြဉ်ပါ။

ဒါ့အပြင် ပျို့အန်တာကြောင့် အစားသောက်နည်းသွားတဲ့နေ့တွေမှာ မေမေနဲ့ ဘေဘီလေးအတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မပြတ်ရရှိစေဖို့ Obimin ကို နေ့စဉ်ပုံမှန် သောက်သုံးပေးဖို့လည်း မမေ့ပါနဲ့နော်။

Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

ကလေးခေါင်းအရိုးမာပြီး မွေးရခက်မယ်ဆိုတဲ့ စကားကြောင့် ကယ်လ်စီယမ်သောက်ဖို့ တွန့်ဆုတ်နေတဲ့ မေမေတွေ ရှိပါသလား?  တကယ်တော့ ဒါဟာ...
26/08/2026

ကလေးခေါင်းအရိုးမာပြီး မွေးရခက်မယ်ဆိုတဲ့ စကားကြောင့် ကယ်လ်စီယမ်သောက်ဖို့ တွန့်ဆုတ်နေတဲ့ မေမေတွေ ရှိပါသလား?

တကယ်တော့ ဒါဟာ အယူအဆအမှားတစ်ခုပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လုံလောက်တဲ့ ကယ်လ်စီယမ်ရရှိခြင်းက မေမေနဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်စီယမ်ကို မှန်ကန်တဲ့ ပမာဏနဲ့ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

Obimin Calcium မှာ Calcium, Vitamin D3, Magnesium, Phosphorus နဲ့ FOS တို့ ပါဝင်တာကြောင့် မေမေတို့ရဲ့ နေ့စဉ်ကယ်လ်စီယမ်လိုအပ်ချက်ကို ဖြည့်တင်းပေးပြီး ကိုယ်ဝန်ဆောင်မေမေတွေ အဖြစ်များတဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကြွက်တက်ခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့ကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

ကောလာဟလတွေထက် မှန်ကန်တဲ့ ကျန်းမာရေးအသိပညာကို ရွေးချယ်ပြီး မေမေနဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ရအောင်နော်။

Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

Calcium သောက်နေရုံနဲ့ အရိုးကျန်းမာရေးအတွက် လုံလောက်ပြီလား?Calcium က အရိုးနဲ့ သွားတွေ သန်မာဖို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ...
21/08/2026

Calcium သောက်နေရုံနဲ့ အရိုးကျန်းမာရေးအတွက် လုံလောက်ပြီလား?

Calcium က အရိုးနဲ့ သွားတွေ သန်မာဖို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဒါပေမယ့် ခန္ဓာကိုယ်က ရရှိလာတဲ့ Calcium ကို ကောင်းစွာ စုပ်ယူပြီး ထိရောက်စွာ အသုံးချနိုင်ဖို့အတွက်လည်း အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်❕

ဒါကြောင့် Obimin Calcium မှာ Calcium, Vitamin D3, Magnesium, Phosphorus အပြင် FOS (Fructooligosaccharides) ကိုပါ ထည့်သွင်းပေါင်းစပ်ထားပါတယ်🔄

Obimin Calcium ထဲမှာ ပါတဲ့ FOS ဆိုတာ ဘာလဲ?
FOS ဆိုတာ အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများကို အားပေးကူညီပေးတဲ့ Prebiotic တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် -
✅ အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများကို အာဟာရဖြည့်ပေးသည်။
✅ အစာချေစနစ်ကို အထောက်အကူပြုသည်။
✅ Calcium စုပ်ယူမှုကို ကူညီပေးနိုင်သည်။
✅ အရိုးနှင့် သွားများ ကျန်းမာသန်စွမ်းစေရန် ထောက်ပံ့ပေးသည်။

Obimin Calcium က Calcium ဖြည့်တင်းပေးရုံသာမက Vitamin D3 နဲ့ FOS တို့ ပေါင်းစပ်ပါဝင်မှုကြောင့် ခန္ဓာကိုယ်က Calcium ကို ပိုမိုထိရောက်စွာ အသုံးချနိုင်ရန် ကူညီပေးတဲ့ Calcium Supplement တစ်မျိုး ဖြစ်ပါတယ်💊

အရိုးခိုင်မာဖို့ Calcium ရှိရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်ခန္ဓာက Calcium ကို အပြည့်အဝ အသုံးချနိုင်ဖို့ ဘာတွေနဲ့ ပေါင်းစပ်ထားလဲဆိုတာလည်း အရေးကြီးပါတယ်။
ဒါကြောင့် မေမေနဲ့ ရင်သွေးလေးရဲ့ အရိုးကျန်းမာရေးအတွက် Obimin Calcium ကို နေ့စဉ်ဂရုတစိုက် ဖြည့်တင်းပေးပါနော်💛


Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

📣📣  ရန်ကုန်မြို့က ကိုယ်ဝန်ဆောင်မိခင်တို့အတွက် သတင်းကောင်းလေး လာပါပြီ .....🤰🤰💬  မေမေတို့ရေ... မေမေတို့ရဲ့ ကိုယ်ဝန်အတွက် သ...
17/08/2026

📣📣 ရန်ကုန်မြို့က ကိုယ်ဝန်ဆောင်မိခင်တို့အတွက် သတင်းကောင်းလေး လာပါပြီ .....🤰🤰
💬 မေမေတို့ရေ... မေမေတို့ရဲ့ ကိုယ်ဝန်အတွက် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးခွင့်ရမယ်ဆိုရင် စိတ်ဝင်စားကြပါသလား။
🔔 Obimin ကနေ စီစဥ်ပြုလုပ်တဲ့ Obimin Clinic မှာ သားဖွားမီးယပ်အထူးကုဆရာဝန် Dr. Hsu Myat Mon နဲ့ လူချင်းတွေ့ပြီး တိုင်ပင်ဆွေးနွေးခွင့်ရဖို့ အခွင့်အလမ်းကောင်းလေး ရှိပါတယ်။
💬 စိတ်ဝင်စားရင်တော့ ဒီအစီအစဥ်လေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ ပါဝင်ဖို့အတွက် ဘာတွေလိုအပ်လဲဆိုတော့.....
၁။ ရန်ကုန်မြို့မှာ နေထိုင်သူ ဖြစ်ရပါမယ်။
၂။ ကိုယ်ဝန် (၃) လ (သို့) ကိုယ်ဝန် (၃) လ အောက် ဖြစ်ရပါမယ်။
၃။ အောက်မှာဖော်ပြပေးထားတဲ့ google form မှာအချက်အလက်တွေဖြည့်ပြီး စာရင်းပေးသွင်းရပါမယ်။
>> https://forms.gle/MMpbUTxWPJqUV8V86
စာရင်းပေးထားတဲ့ မေမေတို့ထဲကမှ အယောက် (၂၀) ကို ရွေးချယ်ပြီး ရွေးချယ်ခံရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေကို တိုင်ပင်ဆွေးနွေးပေးမယ့် ရက်နှင့် နေရာကို ဖုန်းဆက် အကြောင်းကြားပေးသွားမှာပါ။
🔔 စာရင်းပေးသွင်းရမည့်ကာလကတော့ August 15 ရက်မှ 31 ရက်အထိ ဖြစ်ပါတယ်။
💬 ဒါဆိုရင်တော့ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ချက်ချင်း စာရင်းပေးသွင်းလိုက်ကြရအောင်နော်။


Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

ကိုယ်ဝန်အစောပိုင်းကာလလေးမှာ မေမေစားသမျှ အာဟာရတိုင်းက ဘေဘီလေးရဲ့ ဖွံ့ဖြိုးကျန်းမာမှုအတွက် အဓိက အခရာပါ။ ရင်သွေးငယ်လေးဆီ အာ...
12/08/2026

ကိုယ်ဝန်အစောပိုင်းကာလလေးမှာ မေမေစားသမျှ အာဟာရတိုင်းက ဘေဘီလေးရဲ့ ဖွံ့ဖြိုးကျန်းမာမှုအတွက် အဓိက အခရာပါ။
ရင်သွေးငယ်လေးဆီ အာဟာရဓာတ်တွေ တိုက်ရိုက်စီးဆင်းနေတဲ့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာတင် မေမေ့ဘက်က အာဟာရမပြတ်လပ်ဖို့ ဗီတာမင် အပိုဖြည့်စွက်စာတွေ လိုအပ်ပါတယ်။

ဒါကြောင့် မေမေရော ရင်သွေးလေးပါ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ရရှိဖို့ Obimin နဲ့ နေ့စဉ်အားဖြည့်ဖို့ လိုအပ်ပါတယ်။

Obimin မှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် လိုအပ်တဲ့ Vitamin A, B Complex, C, D အပြင် သံဓာတ်၊ ဖောလစ်အက်ဆစ်၊ အိုင်အိုဒင်း စတဲ့ အာဟာရဓာတ်များစွာ ပါဝင်တာကြောင့် တစ်နေ့ (၁) လုံး ပုံမှန်သောက်သုံးပေးခြင်းဖြင့် မေမေတို့ရဲ့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပြီး တစ်နေ့တာလုံးကို ယုံကြည်မှုရှိရှိ ကျန်းမာစွာ ဖြတ်သန်းနိုင်မှာပါ။

Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

08/08/2026

ဘယ်သူမှ မကြားရပေမယ့်… မေမေတိုင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့အသံ🗣️🩷

ဘာစားရမလဲ?
ဘာတွေရှောင်ရမလဲ?
ဘာတွေပြင်ဆင်ထားရမလဲ?

ကိုယ်ဝန်ဆောင်ကာလမှာ ကြားခဲ့ရတဲ့ စကားသံလေးတွေ ရင်ထဲမှာ သိမ်းထားခဲ့တဲ့ ခံစားချက်လေးတွေကို Obimin ရဲ့ "ရင်ထဲက အသံ" Video လေးမှာ မျှဝေပေးထားပါတယ်🩷

🤰🏻မေမေနဲ့ ဘေဘီလေးအတွက် လိုအပ်တဲ့ အာဟာရဖြည့်စွက်မှုနဲ့အတူ ကိုယ်ဝန်ဆောင်ကာလကို အေးချမ်းစွာ ဖြတ်သန်းလိုက်ပါ။🤰🏻

မေမေဖြစ်လာတဲ့ ခရီးလမ်းမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေ ရင်ထဲက စကားလေးတွေကိုလည်း ပြောပြပေးခဲ့ပါနော်။📲

Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

မိုးအေးအေးလေးမှာ အိမ်မှာ အေးအေးဆေးဆေးနေရတဲ့အချိန်ဆို မေမေတို့ရဲ့ အစားစားချင်စိတ်လေးတွေ ပိုတက်လာတာကို သတိထားမိကြလား...။  ...
08/08/2026

မိုးအေးအေးလေးမှာ အိမ်မှာ အေးအေးဆေးဆေးနေရတဲ့အချိန်ဆို
မေမေတို့ရဲ့ အစားစားချင်စိတ်လေးတွေ ပိုတက်လာတာကို သတိထားမိကြလား...။

🌶️ ချဉ်စပ်ခေါက်ဆွဲပူပူလေး
🍋 အချဉ်ပေါင်း ချဉ်ငံစပ်သုပ်‌လေး
🍠 ပူပူနွေးနွေး ကြက်စွပ်ပြုတ်လေး
🍲 ရေနွေးကြမ်းနဲ့ အကြော်ပူပူလေး

ဒီထဲက ဘယ်ဟာက မေမေတို့ရဲ့ မကြာခဏ အာသီသဖြစ်တတ်သလဲဆိုတာ Comment မှာ မျှဝေပေးပါဦးနော်။

ဒါပေမယ့် အချဉ်၊ အစပ်တွေကို အရမ်းများများစားမိရင် ရင်ပူတာ၊ ဗိုက်ထဲ မအီမသာ မသက်မသာဖြစ်နိုင်တာကြောင့် မျှမျှတတ စားသုံးဖို့လိုသလို အလွန်အကျွံမဖြစ်ဖို့ အရေးကြီးပါတယ်။ အစားသိပ်မဝင်တဲ့နေ့တွေမှာ မေမေရော ဘေဘီလေးအတွက်ပါ လိုအပ်တဲ့ အာဟာရတွေ မပြတ်စေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်များပြည့်စုံစွာပါဝင်တဲ့ Obimin ကို တစ်နေ့တစ်လုံးပုံမှန်မှီဝဲပေးဖို့ မမေ့ပါနဲ့နော်။

Obimin Viber Community Group: https://bit.ly/36hVNjL
#မိခင်နှင့်ရင်သွေးဘဝအစဉ်ကျန်းမာလှပစေရမည်အိုဘီမင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Obimin Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share