Eco Meal Box

Eco Meal Box 🥗Chef-prepared. Nutritionist-supervised.
✨ We deliver happiness in every bite—fresh, balanced meals designed for Myanmar’s diverse lifestyles.✨
"Tasty Meals.

Healthy Feels."

အဝလွန်ခြင်းကို ဘယ်လိုနည်းမှန်လမ်းမှန်နဲ့ လျော့ချရမလဲဆိုတာကို Eco Meal Box ရဲ့ အာဟာရအထူးပြုဆရာဝန် Dr.Nu Yee Aye က အသေးစိတ...
31/07/2026

အဝလွန်ခြင်းကို ဘယ်လိုနည်းမှန်လမ်းမှန်နဲ့
လျော့ချရမလဲဆိုတာကို Eco Meal Box ရဲ့
အာဟာရအထူးပြုဆရာဝန် Dr.Nu Yee Aye က အသေးစိတ်ရှင်းပြပေးထားပါတယ်ရှင်💚

📣📣📣အဝလွန်ခြင်းကို အန္တရာယ်ကင်းကင်း နည်းမှန်လမ်းမှန်နဲ့ လျှော့ချမယ်💚

❇️မိမိ ခန္ဓာကိုယ်မှာ ရှိသင့်တဲ့ ပုံမှန် အလေးချိန် (Ideal Body Weight) ထက် ကျော်လွန်နေတာကို ကျန်းမာရေးနဲ့ အာဟာရဗေဒ ရှုထောင့်ကနေ ကြည့်ရင် BMI (Body Mass Index) ပေါ် မူတည်ပြီး အဝလွန်ခြင်း စတင်သည့် အဆင့် (Overweight) သို့မဟုတ် အဝလွန်ခြင်း (Obesity) လို့ သတ်မှတ်ပါတယ်။

✅ဒါက အလှအပတစ်ခုတည်းအတွက် မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ စနစ်တကျ ထိန်းညှိပေးဖို့ လိုအပ်တဲ့ သင်္ကေတတစ်ခုပါ။

⚠️ ကိုယ်အလေးချိန် လွန်ကဲနေခြင်းကြောင့် ဖြစ်လာနိုင်သော ကျန်းမာရေး ပြဿနာများ

(၁) နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ: သွေးတိုးခြင်း၊ ကိုလက်စထရော တက်ခြင်း။
(၂)ဇီဝဖြစ်စဉ် ဆိုင်ရာ ရောဂါများအမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားခြင်း။
(၃)အရိုးနှင့် အဆစ် ပြဿနာများ: ခါးနာခြင်း၊ ဒူးနာခြင်း၊ အရိုးအဆစ် ရောင်ရမ်းခြင်း။
(၄)ဟော်မုန်းနှင့် အိပ်စက်မှုဆိုင်ရာ ပြဿနာများ: အိပ်နေစဉ် အသက်ရှူရပ်ခြင်း (Sleep Apnea) နှင့် အမျိုးသမီးများတွင် မမျိုးဥအိမ် ရောဂါစု (PCOS) ဖြစ်ပွါးခြင်း။

✅✅✅ဝိတ်ချရာတွင် လုပ်ဆောင်သင့်သည့်
နည်းလမ်းများ

1. Calorie Deficit (ကယ်လိုရီ လျှော့ချခြင်း):
တစ်နေ့တာ ခန္ဓာကိုယ်က လောင်ကျွမ်းတဲ့ ကယ်လိုရီထက် စားသုံးတဲ့ ကယ်လိုရီနည်းအောင် စနစ်တကျ ထိန်းပါ သို့မဟုတ်
သက်ဆိုင်ရာ အာဟာရဆရာဝန်များလမ်းညွှန်ချက်နှင့်အညီ သေချာ တွက်ချက်ထားတဲ့ Healthy Meal Box များ စားနိုင်ပါတယ်။
2. Balanced Diet (မျှတသော အာဟာရ စားသုံးခြင်း):
WHO လမ်းညွှန်ချက်အတိုင်း အသီးအရွက်၊ အမျှင်ဓာတ် (Fiber)၊ အသားဓာတ် (Protein) ကို တိုးစားပြီး သကြား၊ အချိုရည်နှင့် ပြုပြင်ထားသော အစားအစာ (Processed Foods) များကို လျှော့ပါ။
3. Flaxseeds ကဲ့သို့ Superfoods များကို ကူညီဘက်အဖြစ် သုံးခြင်း:
အမျှင်ဓာတ် ကြွယ်ဝတဲ့ Flaxseeds၊ Chia seeds စတာတွေကို အစာစားချိန် ကြားထဲ ဗိုက်ဆာသက်သာစေဖို့နဲ့ အစာချေစနစ် ကောင်းမွန်စေဖို့ ထည့်သွင်း စားသုံးပေးပါ။
4. Physical Activity (ကိုယ်လက် လှုပ်ရှားမှု):
တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ မျှတသော လေ့ကျင့်ခန်း (ဥပမာ- လမ်းခပ်သွက်သွက် လျှောက်ခြင်း၊ ရေကူးခြင်း) ပြုလုပ်ပေးပါ။

✅❇️ကိုယ်အလေးချိန် လျှော့ချရာမှာ ရုတ်တရက်
အမြန်ကျအောင် လုပ်ခြင်းထက်
တစ်ပတ်လျှင် ၀.၅ ကီလိုမှ ၁ ကီလို (၁ ပေါင်မှ ၂ ပေါင်ခန့်)
ပုံမှန်ကျဆင်းအောင် ရေရှည်စနစ်တကျ လုပ်ဆောင်ပေးတာက ကျန်းမာရေးအတွက် အကောင်းဆုံးနဲ့ အန္တရာယ်အရင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။






🙏🏼🙏🏼🙏🏼ဒီနေ့ ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစင်္ကြာ အခါတော်နေ့) မင်္ဂလာအခါသမယမှာ မြတ်စွာဘုရားရှင် တရားဦးဓမ္မစင်္ကြာ စတင်ဟောက...
29/07/2026

🙏🏼🙏🏼🙏🏼ဒီနေ့ ကျရောက်သော ဝါဆိုလပြည့် (ဓမ္မစင်္ကြာ အခါတော်နေ့) မင်္ဂလာအခါသမယမှာ မြတ်စွာဘုရားရှင် တရားဦးဓမ္မစင်္ကြာ စတင်ဟောကြားခဲ့သည့် ဓမ္မအလင်းရောင်နှင့်အတူ -
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ🙏🏼🙏🏼🙏🏼
အနာရောဂါဘယများ ကင်းဝေးကြပါစေ🙏🏼🙏🏼🙏🏼
ဓမ္မအရိပ်အောက်မှာ အေးချမ်းသာယာစွာဖြင့် လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း Eco Meal Box မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🏼🙏🏼🙏🏼

💚Customer ရဲ့ အမှတ်တရ Birthday Event လေးမှာ Eco Meal Box က ပါဝင်ခွင့်ရခဲ့လို့ ဝမ်းသာကြည်နူးရပါတယ်ရှင့် ✨🥪☕️ကျန်းမာရေးနဲ့...
28/07/2026

💚Customer ရဲ့ အမှတ်တရ Birthday Event လေးမှာ
Eco Meal Box က ပါဝင်ခွင့်ရခဲ့လို့
ဝမ်းသာကြည်နူးရပါတယ်ရှင့် ✨🥪☕️

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ ကျွန်မတို့ရဲ့
Egg Sandwich & Coffee လေးတွေကို စိတ်ချယုံကြည်စွာ မှာယူအားပေးခဲ့တဲ့အတွက် Eco Meal Box မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်💚

ရှေ့ဆက်ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့ အရသာ၊ သန့်ရှင်းသပ်ရပ်မှုနဲ့ ဝန်ဆောင်မှုတွေကို
အမြဲမပြတ် ပေးသွားနိုင်အောင် ဆက်ပြီးကြိုးစားပါ့မယ်နော် 💚✨

🎂 Happy Birthday ပါလို့လည်း Eco Meal Box မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်! 🎉

💚ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှု - Eco Meal Box 💚📣📣📣သင့်နေ့စဉ် အစားအသောက်အတွက် စိတ်ပူနေရပြီလား? အရသာရှိပြီး ကျန်း...
25/07/2026

💚ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှု -
Eco Meal Box 💚

📣📣📣သင့်နေ့စဉ် အစားအသောက်အတွက် စိတ်ပူနေရပြီလား? အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Eco Meal Box က သင့်အတွက် အဆင်သင့်ရှိနေပါပြီ!

🎉Promotion (July 31 - August 31) 🎉

✅ Healthy Diet Subscription Plans:
5 Days Plan: အမြန်စမ်းသပ်ချင်သူများအတွက်
10 Days Plan: ကျန်းမာရေးထိန်းညှိသူများအတွက်
1 Month Plan: ရေရှည်ကျန်းမာရေးကို ဦးတည်သူများအတွက် (အထူးခံစားခွင့်များပါဝင်)

✅ Events & Meetings အတွက်လည်း အထူးစီစဉ်ပေးတယ်!
ပွဲ (၃၀) ကနေ (၅၀) အထိ မှာယူသူများအတွက်လည်း အထူးပရိုမိုးရှင်းနဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်ပါပြီ။ ရုံးပွဲ၊ မိသားစုပွဲ သို့မဟုတ် မည်သည့်ပွဲမျိုးမဆို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေနဲ့ တည်ခင်းဧည့်ခံလိုက်ပါ။

📣🗓 Promotion ကာလ: July 31 မှ August 31 အထိသာ။

အခုပဲ မှာယူပြီး ကျန်းမာတဲ့ Lifestyle ကို စတင်လိုက်ပါ!
💬 အသေးစိတ် သိရှိလိုပါက Chat Box သို့မဟုတ်
Viber or Phone 09420318545သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်💚

Eco Meal Box မိသားစု၏ ဝါဆိုအလှူတော် 🙏🏼🙏🏼🙏🏼ဒီနေ့ Eco Meal Box ရုံးခန်းမှာ ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်းပရ...
24/07/2026

Eco Meal Box မိသားစု၏ ဝါဆိုအလှူတော် 🙏🏼🙏🏼🙏🏼

ဒီနေ့ Eco Meal Box ရုံးခန်းမှာ ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်🙏🏼🙏🏼🙏🏼

ဒီကုသိုလ်အစုစုအတွက် Eco Meal Box ကို ချစ်ခင်အားပေးကြသော လူကြီးမင်းများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း Eco Meal Box မိသားစုမှ
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🏼🙏🏼🙏🏼

📣📣📣Eco Healthy Meal Box ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ? 🥗✨❇️ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာဆိုတာ အရသာမရှိဘူးဆိုတဲ့ အယူအဆက...
07/06/2026

📣📣📣Eco Healthy Meal Box ကို ဘာကြောင့်
ရွေးချယ်သင့်တာလဲ? 🥗✨

❇️ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာဆိုတာ အရသာမရှိဘူးဆိုတဲ့ အယူအဆကို Eco Healthy Meal Box က ပြောင်းလဲပေးလိုက်ပါပြီ! ✅
ကျွန်မတို့နဲ့အတူ ကျန်းမာရေးအတွက် အကောင်းဆုံး ရွေးချယ်မှုပြုလုပ်လိုက်ပါ။

📣📣📣ဘာကြောင့် Eco Healthy Meal Box ကို ရွေးချယ်သင့်တာလဲ?
❇️ကျွမ်းကျင်သူများ၏ ဦးစီးမှု: အာဟာရဆရာဝန်များ (Nutritionists) ၏ ကြီးကြပ်မှုဖြင့် ကျွမ်းကျင်သော Chef များက အရသာရှိအောင် ချက်ပြုတ်ပြင်ဆင်ပေးထားပါသည်။
❇️တိကျသော ကယ်လိုရီတွက်ချက်မှု: ဝိတ်ချလိုသူများအတွက် ကယ်လိုရီကို တိကျစွာတွက်ချက်ထားပေးပြီး၊ အရသာရှိရှိနဲ့ ဝိတ်ကျစေဖို့ အထူးစီစဉ်ပေးထားပါသည်။
❇️လတ်ဆတ်သန့်ရှင်းမှု: ကျန်းမာရေးကို အဓိကဦးစားပေးထားပြီး၊ သန့်ရှင်းလတ်ဆတ်မှုကို အလေးထားပါသည်။
❇️အဆင်ပြေချောမွေ့မှု: နေ့လယ်စာ/ညစာအတွက် မှာယူနိုင်သလို၊ အလုပ်များတဲ့ မေမေတို့အတွက်လည်း ကလေးငယ်များ၏ (Kid Lunch Box) များကို ကျောင်းအရောက် ပို့ဆောင်ပေးပါသည်။
❇️Events များ အတွက်: Meeting, CME, CNE များအတွက် အနည်းဆုံး (၃၀) ပွဲမှစ၍ Menu ပေါင်းများစွာထဲမှ စိတ်ကြိုက်ရွေးချယ် မှာယူနိုင်ပါသည်။

❇️❇️❇️သင့်ကျန်းမာရေးအတွက် အကောင်းဆုံးသော အာဟာရကို Eco Healthy Meal Box နဲ့
အတူရယူလိုက်ပါ။💚
📩 အသေးစိတ်ကို Chat Box မှာ
မေးမြန်းနိုင်သလို၊
📞 09420318545 ဖုန်းဆက်၍လည်း
မှာယူနိုင်ပါတယ်။

❇️📣အလုပ်ရှုပ်နေလို့ အစားအသောက်အတွက်စိတ်မညစ်ပါနဲ့တော့!!! ✅နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေက သင့်ရဲ့ ကျန်းမာရေးနဲ့ တိုက်ရ...
04/06/2026

❇️📣အလုပ်ရှုပ်နေလို့
အစားအသောက်အတွက်စိတ်မညစ်ပါနဲ့တော့!!!

✅နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေက သင့်ရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အလုပ်များလို့ အပြင်စာတွေပဲ ခဏခဏစားနေရသူတွေအတွက် ကျွန်မတို့ရဲ့ Eco Meal Box ရှိနေပါပြီ! 🥗

✅ ဆီ၊ ဆား၊ သကြားကို
လိုအပ်သလောက်သာ အာဟာရဆရာဝန်များက ကယ်လိုရီတွက်ချက်ပြီးအသုံးပြုထားခြင်း။
✅ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်များ။
✅ အရသာရှိပြီး မျှတတဲ့ အာဟာရဓာတ် (Balanced Diet)။

📣ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့အတွက် ဒီနေ့ပဲ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို
စတင်ရွေးချယ်လိုက်ပါ။ 🍱

📍 မှာယူစုံစမ်းလိုပါက - Messenger သို့မဟုတ်
ဖုန်းနံပတ် 09420318545 ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
🛵 Delivery အတွက်လည်း စီစဉ်ပေးပါတယ်နော်❤️

❤️ဒီနေ့ June 1 သည် World Milk Day ဖြစ်တာကြောင့် 🥛✨ ❇️Healthy Meal Box ထဲမှာ နို့တစ်ခွက် ဘာကြောင့် ပါသင့်လဲ ဆိုတာနဲ့ပတ်သက...
01/06/2026

❤️ဒီနေ့ June 1 သည် World Milk Day
ဖြစ်တာကြောင့် 🥛✨

❇️Healthy Meal Box ထဲမှာ နို့တစ်ခွက်
ဘာကြောင့် ပါသင့်လဲ ဆိုတာနဲ့ပတ်သက်ပြီးရယ်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ (Healthy Eating) အကြောင်းလေးရယ်
မျှဝေပေးချင်ပါတယ်။

✅ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မျှတစွာပါဝင်တဲ့ Healthy Meal Box (အာဟာရပြည့် ထမင်းဘူး) တစ်ခု ပြင်ဆင်တော့မယ်ဆိုရင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ကစီဓာတ်တွေအပြင် "နို့ သို့မဟုတ် နို့ထွက်ပစ္စည်း" တစ်မျိုးမျိုးကိုပါ ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်ရှင်။

🍱 Healthy Meal Box ထဲမှာ နို့ (ဒါမှမဟုတ်) နို့ထွက်ပစ္စည်း ပါဝင်ခြင်းရဲ့ ကောင်းကျိုးများ

✅ပြီးပြည့်စုံတဲ့ Balanced Diet ကို ရရှိစေခြင်း: Meal Box ထဲက အစားအစာတွေအပြင် နို့တစ်ခွက် (သို့မဟုတ်) ဒိန်ချဉ် (Yogurt) တစ်ခွက် တွဲဖက်လိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရည်အသွေးမြင့် ပရိုတင်း၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဓာတ်တွေကို ပိုမိုပြည့်စုံစွာ ဖြည့်တင်းပေးနိုင်ပါတယ်။
✅အရိုးနဲ့ သွားများကို ပိုမိုသန်မာစေခြင်း: နို့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ဟာ ရုံးသမားတွေနဲ့ လုပ်ငန်းခွင်ဝင်နေသူတွေမှာ အဖြစ်များတဲ့ အရိုးပွခြင်းနဲ့ အဆစ်အမြစ် ကိုက်ခဲခြင်းတွေကို ကာကွယ်ပေးပါတယ်။
ရေရှည်ဗိုက်ပြည့်စေပြီး ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း: နို့မှာပါတဲ့ Protein ဓာတ်က အစာခံနိုင်ရည်ရှိစေလို့ မကြာခဏ မုန့်ပဲသရေစာ စားချင်စိတ်ကို လျှော့ချပေးပြီး Healthy Meal Plan ကို ပိုမိုအောင်မြင်စေပါတယ်။

📣📣📣လူကြီးမင်းတို့ရဲ့ Meal Box အတွက် အကြံပြုချက်
1. ရုံးသွား/ကျောင်းသွား Meal Box အတွက်: အဆင်သင့် သယ်ဆောင်သွားလို့လွယ်ကူတဲ့ UHT နို့ဘူးအသေး (Low-fat သို့မဟုတ် အချိုမပါတဲ့ Plain Milk) ကို ထည့်ပေးနိုင်ပါတယ်။
2. နို့မသောက်နိုင်သူများအတွက် (Lactose Intolerance): Meal Box ထဲမှာ နို့အစား ဒိန်ချဉ် (Yogurt)၊ ဒါမှမဟုတ် Almond Milk, Soy Milk စတဲ့ အပင်အခြေခံနို့ (Plant-based Milk) တွေကို အစားထိုး ထည့်သွင်းနိုင်ပါတယ်။
3. Salad Meal Box အတွက်: ဟင်းသီးဟင်းရွက်သုပ် (Salad) ဘူးတွေထဲမှာ Cheese (ဒိန်ခဲ) အနည်းငယ် ဖြူးပေးခြင်းဖြင့်လည်း နို့ထွက်ပစ္စည်းရဲ့ အာဟာရကို ရယူနိုင်ပါတယ်။

"ကျန်းမာရေးနဲ့ညီညွတ်တဲ့ Meal Box တိုင်းမှာ
World Milk Day အထိမ်းအမှတ်အဖြစ် နို့တစ်ခွက်
တွဲဖက်လိုက်ပါ"❤️

💯❤️အာဟာရအပြည့်အဝလည်းရ၊အရသာလည်းရှိ၊ ကလေးရော လူကြီးရောကြိုက်ကြတဲ့ ကြက်ဥလိပ် + မရောနိစ်✅ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ပ...
20/05/2026

💯❤️အာဟာရအပြည့်အဝလည်းရ၊အရသာလည်းရှိ၊
ကလေးရော လူကြီးရောကြိုက်ကြတဲ့
ကြက်ဥလိပ် + မရောနိစ်

✅ကျန်းမာရေးနှင့်ညီညွတ်စွာ
ချက်ပြုတ်ပေးထားသော
လူမျိုးဘာသာမရွေးစားသုံးနိုင်သည့်အစားအသောက်များကိုအခုလို ယုံယုံကြည်ကြည်ဖြင့်
Eco Meal Box မှ အမြဲ မှာယူအားပေးတဲ့အတွက်လည်း Eco Meal Box မိသားစုမှ
အထူးကျေးဇူးတင်ရှိပါတယ်ရှင်❤️🙏🏼

Address

51st Street
Yangon

Website

Alerts

Be the first to know and let us send you an email when Eco Meal Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category