Kabar Kyaw Pharmacy-ကမ္ဘာကျော်ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Kabar Kyaw Pharmacy-ကမ္ဘာကျော်ဆေးဆိုင်

Kabar Kyaw Pharmacy-ကမ္ဘာကျော်ဆေးဆိုင် သင့်ကျန်းမာရေးအတွက် အကောင်းဆုံးအားထားစရာ ကမ္ဘာကျော်ဆေးဆိုင်ပါ...�

💊 ဆေးသောက်တာ “အချိန်မှန်” ရုံနဲ့ မလုံလောက်ပါဘူး!ဆေးတစ်မျိုးချင်းစီမှာ သောက်သင့်တဲ့အချိန်၊ အစားအစာနဲ့ဆိုင်တဲ့ အချက်များ၊ ...
17/08/2026

💊 ဆေးသောက်တာ “အချိန်မှန်” ရုံနဲ့ မလုံလောက်ပါဘူး!

ဆေးတစ်မျိုးချင်းစီမှာ သောက်သင့်တဲ့အချိန်၊ အစားအစာနဲ့ဆိုင်တဲ့ အချက်များ၊ သောက်ရမယ့်ပမာဏ စတာတွေ ကွာခြားနိုင်ပါတယ်။

📌 ဆေးသောက်တဲ့အခါ သတိထားသင့်တာတွေ

💡 ဆေးဘူး/ဆေးအညွှန်းမှာရေးထားတဲ့ Dosage ကို လိုက်နာပါ
💡 ဆေးကို မိမိသဘောနဲ့ အလွန်အကျွံ မသောက်ပါနဲ့
💡 ဆေးနှစ်မျိုး၊ သုံးမျိုး တပြိုင်နက်သောက်မယ်ဆိုရင် Drug Interaction ရှိ/မရှိ စစ်ဆေးပါ
💡 အခြားသူအတွက် အဆင်ပြေတဲ့ဆေးကို ကိုယ်တိုင်ရောဂါတူတယ်ဆိုပြီး မသောက်ပါနဲ့
💡 ဆေးသောက်ပြီး မတည့်တဲ့လက္ခဏာတွေ ဖြစ်လာရင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပါ

“ဆေးမှန်ဖို့” သာမက “ဆေးကိုမှန်ကန်စွာ သုံးစွဲဖို့” လည်း အရေးကြီးပါတယ်။ 💚

🏥 Kabakyaw Pharmacy Wholesale
ဆေးဝါးများကို မှန်ကန်စွာ အသုံးပြုနိုင်ဖို့ Knowledge Sharing တွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်တာကြောင့် Like & Follow လုပ်ခဲ့ပါအုံးနော်👀

#ဆေးဝါးဗဟုသုတ #ကျန်းမာရေးဗဟုသုတ

💊 ပါရာစီတမောက သောက်တိုင်းကောင်းလား??ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်နာကျင်တာဆိုရင်“ပါရာစီတမော သောက်လိုက်မယ်” ဆိုပြီး အလွယ...
12/08/2026

💊 ပါရာစီတမောက သောက်တိုင်းကောင်းလား??

ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်နာကျင်တာဆိုရင်“ပါရာစီတမော သောက်လိုက်မယ်” ဆိုပြီး အလွယ်တကူ သောက်မိတတ်ကြပါတယ်။ 😯

ဒါပေမယ့် ပါရာစီတမော (Paracetamol) က သောက်တိုင်းကောင်းတာတော့ မဟုတ်ပါဘူး။

⚠️ သတိထားသင့်တာတွေက—
• သတ်မှတ်ထားတဲ့ Dose ထက်ပိုမသောက်သင့်ပါ
• ပါရာစီတမော ပါဝင်တဲ့ အခြားဆေးတွေနဲ့ ထပ်မံသောက်မိတာကို သတိထားပါ
• အသည်းရောဂါရှိသူများအနေနဲ့ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်
• ဖျားနာမှု၊ နာကျင်မှု မသက်သာဘဲ ဆက်လက်ဖြစ်နေပါက ကိုယ့်ဘာသာ ဆေးဆက်သောက်နေခြင်းထက် ကျန်းမာရေးဝန်ထမ်းထံ အကြံပြုချက်ရယူပါ

💡 ဆေးဆိုတာ “သောက်လိုက်ရင်ကောင်းတယ်” မဟုတ်ပါဘူး။
မှန်ကန်တဲ့ Dose၊ မှန်ကန်တဲ့အချိန်နဲ့ မှန်ကန်တဲ့အကြောင်းရင်းအတွက် အသုံးပြုမှသာ အကျိုးရှိစေမှာပါ။

📌 ဆေးဝါးအသုံးပြုရာမှာ မသေချာရင် ဆေးဝါးကျွမ်းကျင်သူထံ မေးမြန်းပြီးမှ အသုံးပြုကြပါစို့။




#ဆေးဝါးဗဟုသုတ
#ဆေးဝါးအသိပညာ

🌟 ဝက်ခြံပြဿနာကို ထိရောက်စွာ ဖြေရှင်းဖို့ Cleret Gel 🌟မျက်နှာပေါ်က ဝက်ခြံ၊ ရောင်ရမ်းဝက်ခြံနဲ့ ဝက်ခြံအသစ်ထွက်တာတွေကြောင့် ...
06/08/2026

🌟 ဝက်ခြံပြဿနာကို ထိရောက်စွာ ဖြေရှင်းဖို့ Cleret Gel 🌟

မျက်နှာပေါ်က ဝက်ခြံ၊ ရောင်ရမ်းဝက်ခြံနဲ့ ဝက်ခြံအသစ်ထွက်တာတွေကြောင့် စိတ်ညစ်နေလား? 🤔

Cleret Gel တွင် ✅ Clindamycin Phosphate 1.2% ✅ Tretinoin 0.025%
တို့ ပေါင်းစပ်ပါဝင်ပြီး ✔️ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားများကို လျော့ချပေးနိုင်ခြင်း ✔️ ရောင်ရမ်းဝက်ခြံများကို သက်သာစေခြင်း ✔️ ချွေးပေါက်ပိတ်ဆို့မှုကို လျော့နည်းစေပြီး ဝက်ခြံအသစ်ထွက်ခြင်းကို ကူညီကာကွယ်ပေးနိုင်ခြင်း

✨ အသားအရေသန့်ရှင်းပြီး ယုံကြည်မှုအပြည့်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းလိုက်ပါ။

⚠️ အသုံးပြုရန် အကြံပြုချက် Tretinoin ပါဝင်သောကြောင့် ညဘက်တွင်သာ ပါးပါးလေးလိမ်းပြီး နေ့ဘက်တွင် Sunscreen အသုံးပြုရန် အကြံပြုပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။

📦 Messenger, Viber မှတဆင့် လက်လီ/လက်ကား မှာယူနိုင်ပြီး အိမ်အရောက်ပို့ဝန်ဆောင်မှုရရှိနိုင်တဲ့အပြင်

📮 နယ်ဒေသမှာရှိတဲ့သူတွေအတွက်လည်း နယ်ဂိတ်ပို့ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်

📍 ဆိုင်လိပ်စာ: (G-A - 9/10)၊ ရွှေပြည့်စုံဈေး၊ မြေညီထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့

📞 ဖုန်းဆက်မှာယူရန်: 09 775 149 428

📱 Viber မှမှာယူရန်: 09 763 672 382

💪 နာကျင်ကိုက်ခဲမှုတွေကို VOLINI GEL နဲ့ မြန်မြန်သက်သာစေလိုက်ပါ!အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ လ...
03/08/2026

💪 နာကျင်ကိုက်ခဲမှုတွေကို VOLINI GEL နဲ့ မြန်မြန်သက်သာစေလိုက်ပါ!

အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားတင်းကျပ်နာကျင်ခြင်းတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပါသလား❓

VOLINI GEL က နာကျင်နေတဲ့နေရာကို တိုက်ရိုက်လိမ်းပေးရုံနဲ့ သက်သာမှုကို အထောက်အကူပြုပေးနိုင်ပါတယ်👍🏻

✅ ကြွက်သားကိုက်ခဲခြင်း
✅ အဆစ်အမြစ်နာကျင်ခြင်း
✅ ခါးနာ၊ လည်ပင်းနာ
✅ အကြောတင်း၊ အကြောလိမ်ခြင်း
✅ အားကစားထိခိုက်ဒဏ်ရာကြောင့် နာကျင်မှုများ

အသုံးပြုရလွယ်ကူပြီး ✔️ စေးကပ်မှုမရှိ
✔️ အဝတ်အစားမစွန်းထင်းလွယ်
✔️ လိမ်းပြီး နေ့စဉ်လှုပ်ရှားမှုတွေကို ပိုမိုအဆင်ပြေစေဖို့ အထောက်အကူပြုပါတယ်👍🏻

မှတ်ချက် – ပြင်ပလိမ်းဆေးဖြစ်သောကြောင့် အနာဖွင့်နေသောနေရာများနှင့် မျက်လုံး၊ ပါးစပ်အတွင်းသို့ မထိတွေ့စေရန် အသုံးပြုပါ။ နာကျင်မှုမသက်သာပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

📦 Messenger, Viber မှတဆင့် လက်လီ/လက်ကား မှာယူနိုင်ပြီး အိမ်အရောက်ပို့ဝန်ဆောင်မှုရရှိနိုင်တဲ့အပြင်

📮 နယ်ဒေသမှာရှိတဲ့သူတွေအတွက်လည်း နယ်ဂိတ်ပို့ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်

📍 ဆိုင်လိပ်စာ: (G-A - 9/10)၊ ရွှေပြည့်စုံဈေး၊ မြေညီထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့

📞 ဖုန်းဆက်မှာယူရန်: 09 775 149 428

📱 Viber မှမှာယူရန်: 09 763 672 3
82

🤰 မေမေကျန်းမာမှ ကလေးလည်း ကျန်းမာမယ် 💕ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ မီးဖွားပြီးနောက်အထိ မေမေတို့ရဲ့ အာဟာရလိုအပ...
30/07/2026

🤰 မေမေကျန်းမာမှ ကလေးလည်း ကျန်းမာမယ် 💕

ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ မီးဖွားပြီးနောက်အထိ မေမေတို့ရဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ Fertina ကို ရွေးချယ်လိုက်ပါ✅

✨ Fertina တွင် 🌸 Folic Acid 🌸 Omega-3 🌸 Vitamins & Minerals (18 မျိုး) တို့ကို မျှတစွာ ပေါင်းစပ်ထားပြီး မေမေနဲ့ ရင်သွေးလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်ပါတယ်✅

✔️ Before Pregnancy ✔️ During Pregnancy ✔️ After Pregnancy အဆင့်တိုင်းအတွက် သင့်တော်စွာ အသုံးပြုနိုင်ပါသည်✅

📦 Messenger, Viber မှတဆင့် လက်လီ/လက်ကား မှာယူနိုင်ပြီး အိမ်အရောက်ပို့ဝန်ဆောင်မှုရရှိနိုင်တဲ့အပြင်

📮 နယ်ဒေသမှာရှိတဲ့သူတွေအတွက်လည်း နယ်ဂိတ်ပို့ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်

📍 ဆိုင်လိပ်စာ: (G-A - 9/10)၊ ရွှေပြည့်စုံဈေး၊ မြေညီထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့

📞 ဖုန်းဆက်မှာယူရန်: 09 775 149 428

📱 Viber မှမှာယူရန်: 09 763 672 3
82

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) အခါသမယတွင်စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်မင်္ဂလာအပေါင်း ပြည့်စုံကြပါစေလို့ ဆုမွန...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) အခါသမယတွင်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်
မင်္ဂလာအပေါင်း ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့ #မင်္ဂလာရှိသောနေ့

💊 ဆေးကို အစာမစားခင် သောက်ရမလား၊ အစာစားပြီးမှ သောက်ရမလား❓ဆေးတိုင်းကို အချိန်တူတူ သောက်ရတာမဟုတ်ပါဘူး။ သောက်တဲ့အချိန်မှန်ကန...
24/07/2026

💊 ဆေးကို အစာမစားခင် သောက်ရမလား၊ အစာစားပြီးမှ သောက်ရမလား❓

ဆေးတိုင်းကို အချိန်တူတူ သောက်ရတာမဟုတ်ပါဘူး။ သောက်တဲ့အချိန်မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။

✅ အစာမစားခင် သောက်ရတဲ့ဆေး • အစာမရှိတဲ့အချိန်မှာ စုပ်ယူမှု ပိုကောင်းစေပါတယ်။ • ပုံမှန်အားဖြင့် အစာမစားခင် (30 မိနစ်မှ 1 နာရီခန့်) သောက်သင့်ပါတယ်။

✅ အစာစားပြီးမှ သောက်ရတဲ့ဆေး • အစာအိမ်ယားယံခြင်းကို လျော့နည်းစေပါတယ်။ • အစာစားပြီး 15–30 မိနစ်အတွင်း သောက်လေ့ရှိပါတယ်။

⚠️ သတိပြုရန် ဆေးတစ်မျိုးနဲ့တစ်မျိုး သောက်နည်းမတူနိုင်တဲ့အတွက် ဆေးဝါးကျွမ်းကျင်သူ သို့မဟုတ် Pharmacist ရဲ့ ညွှန်ကြားချက်ကို အမြဲလိုက်နာပါ။

💚 ကျန်းမာရေးအတွက် ဆေးကို မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နည်းလမ်း နဲ့ သောက်သုံးဖို့ မမေ့ပါနဲ့။

အာရုံကြောကျန်းမာရေးကို ဂရုစိုက်ဖို့ NuramaX 💙နေ့စဉ် အလုပ်ပင်ပန်းမှု၊ လက်ခြေထုံကျင်ခြင်း၊ အာရုံကြောအားနည်းသလို ခံစားရသူမျ...
21/07/2026

အာရုံကြောကျန်းမာရေးကို ဂရုစိုက်ဖို့ NuramaX 💙

နေ့စဉ် အလုပ်ပင်ပန်းမှု၊ လက်ခြေထုံကျင်ခြင်း၊ အာရုံကြောအားနည်းသလို ခံစားရသူများအတွက် NuramaX Supplement သည် Alpha Lipoic Acid, Co-enzyme Q10 နှင့် Vitamins တို့ ပေါင်းစပ်ပါဝင်ပြီး အာဟာရဖြည့်စွက်ပေးနိုင်သော Supplement ဖြစ်ပါသည်။

✨ NuramaX ရဲ့ အားသာချက်များ ✔️ အာရုံကြောကျန်းမာရေးကို အထောက်အကူပြုနိုင်သည်။ ✔️ Antioxidant ဓာတ်များ ပါဝင်၍ ဆဲလ်များကို ကာကွယ်ပေးနိုင်သည်။ ✔️ ကိုယ်ခန္ဓာစွမ်းအင် ထုတ်လုပ်မှုကို အထောက်အပံ့ပေးနိုင်သည်။ ✔️ နေ့စဉ်လိုအပ်သော Vitamins များကို ဖြည့်ဆည်းပေးနိုင်သည်။

📍NuramaX ကို ကမ္ဘာကျော်ဆေးဆိုင် (Wholesale) တွင် ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါသည်။

#ကျန်းမာရေးအတွက်ရွေးချယ်မှု

🕊️ ဇူလိုင် (၁၉) ရက် – အာဇာနည်နေ့သမိုင်း၏ အမှတ်တရနေ့တစ်နေ့ဖြစ်သော "အာဇာနည်နေ့"အား အလေးအမြတ်ထားလျက် လေးစားဂုဏ်ပြုအပ်ပါသည်။...
19/07/2026

🕊️ ဇူလိုင် (၁၉) ရက် – အာဇာနည်နေ့

သမိုင်း၏ အမှတ်တရနေ့တစ်နေ့ဖြစ်သော "အာဇာနည်နေ့"အား အလေးအမြတ်ထားလျက် လေးစားဂုဏ်ပြုအပ်ပါသည်။


#အာဇာနည်နေ့

❓ ပဋိဇီဝဆေး (Antibiotic) ကို နေမကောင်းတိုင်း သောက်သင့်ပါသလား?🅰️ သောက်သင့်တယ်🅱️ မသောက်သင့်ဘူး💬 အဖြေကို Comment မှာ ရေးခဲ့...
18/07/2026

❓ ပဋိဇီဝဆေး (Antibiotic) ကို နေမကောင်းတိုင်း သောက်သင့်ပါသလား?

🅰️ သောက်သင့်တယ်
🅱️ မသောက်သင့်ဘူး

💬 အဖြေကို Comment မှာ ရေးခဲ့ပါဦးနော်👇🏻👇🏻

📦 Messenger, Viber မှတဆင့် လက်လီ/လက်ကား မှာယူနိုင်ပြီး အိမ်အရောက်ပို့ဝန်ဆောင်မှုရရှိနိုင်တဲ့အပြင်

📮 နယ်ဒေသမှာရှိတဲ့သူတွေအတွက်လည်း နယ်ဂိတ်ပို့ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။

📍 ဆိုင်လိပ်စာ: (G-A - 9/10)၊ ရွှေပြည့်စုံဈေး၊ မြေညီထပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းဆက်မှာယူရန်: 09 775 149 428

📱 Viber မှမှာယူရန်: 09 763 672 382

Address

(G-A/9/10)၊ ရွှေပြည့်စုံဈေး ၊ မြေညီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
Yangon

Website

Alerts

Be the first to know and let us send you an email when Kabar Kyaw Pharmacy-ကမ္ဘာကျော်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share