RQuesT Research Services and Training

RQuesT Research Services and Training We give services such as research consultation and data analysis. We also provide trainings regarding statistics and epidemiology using R.

ပေါ်ပင်မှာ ပျော်ရွှင်ပါရစေ 😁အစောပိုင်း - ကိတ်ပါသည်၏ အီမိုချင်နယ်နေ့စွဲများကိတ်ဗာဒီထွက်ပြီး - ဟာလန်း ဟာလန်း ဟဟဟဟာ ဟဟာ့လန်...
14/07/2026

ပေါ်ပင်မှာ ပျော်ရွှင်ပါရစေ 😁

အစောပိုင်း - ကိတ်ပါသည်၏ အီမိုချင်နယ်နေ့စွဲများ

ကိတ်ဗာဒီထွက်ပြီး - ဟာလန်း ဟာလန်း ဟဟဟဟာ ဟဟာ့လန်း နှင့် ဟာလန်းမီးမ်များ

နော်ဝေထွက်ပြီး - ရော့လေ မက်ပု ဒိုင်က မကူဘူးကွ ကူတယ်ကွ နှင့် ပျင်းစရာနေ့စွဲများ

ဗိုလ်လုပွဲ







အမျိုးသားထုကြီးကို selection bias ဖြင့် ကယ်တင်ခြင်းဖေ့စ်ဘွတ်ခ်မှာ ယောက်ျားတစ်ယောက် ဖောက်ပြန်တယ်ဆိုတဲ့ ပို့စ်တွေ တက်လာတို...
10/07/2026

အမျိုးသားထုကြီးကို selection bias ဖြင့် ကယ်တင်ခြင်း

ဖေ့စ်ဘွတ်ခ်မှာ ယောက်ျားတစ်ယောက် ဖောက်ပြန်တယ်ဆိုတဲ့ ပို့စ်တွေ တက်လာတိုင်း... အိမ်မှာ အေးဆေး ကလေးထိန်းနေတဲ့ ကျနော့်သူငယ်ချင်းတွေလို အပြစ်ကင်းစင်တဲ့ ကောင်တွေပါ ရောပြီး အဆဲခံ၊ အစောင်းမြောင်းခံရတာ ဘာလို့လဲ စဉ်းစားဖူးလား။

တကယ်တော့ အမျိုးသမီးတွေကိုလည်း အပြစ်တင်လို့ မရပါဘူး။ Newsfeed ဖွင့်လိုက်တာနဲ့ "ဟိုကောင်မလေး ဖောက်ပြန်ခံရပြန်ပြီ"၊ "ဒီအစ်မကြီး အမျိုးသား နောက်မယား ယူသွားပြန်ပြီ" ဆိုတာချည်း နေ့တိုင်းလိုလို မြင်နေရတော့ ယောက်ျားတွေ အကုန် မကောင်းဘူး၊ ဖောက်ပြန်တတ်ကြတယ်လို့ ထင်သွားကြတာ မဆန်းပါဘူး။

ဒါပေမယ့် အဲ့ဒီလို ထင်သွားတာဟာ တကယ်တော့ ယောကျာ်းတွေ အကုန်ဆိုးနေလို့ မဟုတ်ဘဲ စိတ်ပညာနဲ့ စာရင်းအင်းပညာမှာ အရေးကြီးတဲ့ ရွေးချယ်မှု တိမ်းစောင်းခြင်း (Selection Bias) ၂ ခုကြောင့် ဖြစ်ပါတယ်။

ပထမတစ်ခုကတော့ "Survivorship Bias" (ရှင်သန်ကျန်ရစ်မှုဘက်သို့ တိမ်းစောင်းခြင်း / မြင်ရတာကိုသာ အတည်ယူမိခြင်း) ပါ။ လွယ်လွယ်ပြောရရင် ဆေးရုံသွားပြီး ကုတင်ပေါ်က လူနာတွေကိုချည်း ထိုင်ကြည့်ကာ "ဟာ... လောကကြီးမှာ ကျန်းမာတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား" လို့ အော်နေသလိုပါပဲ။ ဖေ့စ်ဘွတ်ခ်ဆိုတဲ့ နေရာမှာ ပြဿနာရှိတဲ့သူတွေ လာဖွင့်ချကြလို့ ပွဲဆူပြီး ကျန်ရစ်တဲ့ (Trending ဖြစ်တဲ့) ပို့စ်တွေက မိန်းကလေးတွေ ဖောက်ပြန်ခံရတဲ့ အကြောင်းအရာတွေချည်း ဖြစ်နေတော့တာပါ။ ဒါကိုပဲ မြင်ရဖန်များတော့ လောကကြီးမှာ ဖောက်ပြန်တဲ့ ယောက်ျားတွေချည်းပဲလို့ ထင်သွားစေပါတယ်။

ဒုတိယတစ်ခုကတော့ အဲ့ဒီလို ပြဿနာမရှိတဲ့ သူတွေက ဘာလို့ ပို့စ်မတင်ကြတာလဲ ဆိုတာကို ရှင်းပြတဲ့ "Self-Selection Bias" (မိမိကိုယ်တိုင် ရွေးချယ်ဖယ်ထုတ်ခြင်း) ပါပဲ။တကယ်တော့ ကိုယ့်ကောင်မလေးကို မာလာရှမ်းကော ဝယ်ကျွေးနေတဲ့ ကောင်လေးတွေ၊ အိမ်မှာ မိန်းမခိုင်းလို့ ပန်းကန်ကို တစွတ်စွတ်နဲ့ ဆေးနေရတဲ့ ယောက်ျားတွေက "ငါတို့က အေးဆေးပါပဲ" ဆိုပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ သတင်းလာမလုပ်ကြပါဘူး။ သူတို့ဘာသာ ပို့စ်မတင်ဖို့ ရွေးချယ်ထားကြလို့ (Self-selectionကြောင့်) ရိုးသားအေးဆေးတဲ့ ယောက်ျားတွေ ဆိုတာ Newsfeed ပေါ်မှာ နေရာမရတတ်တာပါ။

နောက်ထပ် လူတွေ သတိမထားမိတဲ့ အချက်တစ်ခုကတော့ ယောက်ျားလေးတွေ ဖောက်ပြန်ခံရရင် သိက္ခာကျမှာစိုးလို့၊ ဒါမှမဟုတ် ယောက်ျားမာနကြောင့် လိုင်းပေါ်တင်ပြီး စာစီစာကုံး ရေးခဲပါတယ်။ (များသောအားဖြင့်တော့ အရက်ဆိုင်မှာပဲ ဘော်ဒါတွေနဲ့ ရင်ဘတ်စည်တီးပြီး မှောက်နေကြတာလေ)။ ဒါလည်း သူတို့ဘာသာ လိုင်းပေါ်မတင်ဖို့ ရွေးချယ်လိုက်တဲ့ Self-Selection Bias တစ်မျိုးပါပဲ။

ဒါကြောင့် Newsfeed ပေါ်က တွေ့ရသမျှ ပို့စ်တွေကိုကြည့်ပြီး ယောက်ျားတွေ အကုန် ဖောက်ပြန်တတ်တယ်လို့ သိမ်းကျုံးမပြောစေချင်ပါဘူး။

ကဲ... ကိုယ့်ကောင်လေးက သစ္စာရှိပါတယ်၊ အေးဆေးပါပဲ ဆိုရင် သူ့ကို Tag ပြီး ဂုဏ်ပြုပေးလိုက်ပါဦး (ဒါမှမဟုတ် သတိပေးလိုက်ပါ)။ အပြစ်မရှိဘဲ ယုန်ထောင် ကြောင်မိပြီး ရောယောင် အဆဲခံနေရတဲ့ ဘော်ဒါတွေရှိရင်လည်း Share သွားကြပါဦးဗျို့။





✉️ အမည်ပေး ကင်ပွန်းတပ် ဖိတ်ကြားလွှာချစ်လှစွာသော ဆရာဝန်၊ ဆရာမများရှင်...ဆယ်စုနှစ်ပေါင်းများစွာ ကျွန်မတို့ လူနာပျိုမဒီနဲ့ ...
06/07/2026

✉️ အမည်ပေး ကင်ပွန်းတပ် ဖိတ်ကြားလွှာ

ချစ်လှစွာသော ဆရာဝန်၊ ဆရာမများရှင်...

ဆယ်စုနှစ်ပေါင်းများစွာ ကျွန်မတို့ လူနာပျိုမဒီနဲ့ မဟေသီလေးတွေရဲ့ ကိုယ်စိတ်နှစ်ပါးကို ဒုက္ခပေးနေတဲ့ “ပိကော့ (PCOS)” ကို အခုဆိုရင် ပိုပြီး ပြည့်စုံတိကျတဲ့ အမည်သစ်လေးတစ်ခု ပေးလိုက်နိုင်ပြီမို့လို့ အမည်ပေး ကင်ပွန်းတပ်ပွဲလေး ဖိတ်ကြားအပ်ပါတယ်ရှင်။

ဒီနာမည်သစ်လေး ရဖို့အတွက် ဆေးပညာရှင်တွေ၊ ကျန်းမာရေးလုပ်သားတွေဟာ ကိုယ်တွေ့ခံစားနေရတဲ့ လူနာတွေနဲ့အတူ လက်တွဲပြီး ၁၄ နှစ်တိုင်တိုင် စနစ်တကျ သုတေသနပြု၊ စစ်တမ်းကောက်ပြီး တွက်ချက်ရွေးချယ်ခဲ့ကြတာပါ။ ၂၀၂၆ ခုနှစ် မေလ (၁၂) ရက်နေ့မှာတော့ The Lancet Journal ကနေတစ်ဆင့် တစ်ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (Global Consensus) နဲ့အတူ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကျွန်မတို့ ချစ်လှစွာသော “ပိကော့” ကို ပေးလိုက်တဲ့ နာမည်အသစ်လေးကတော့...
✨ “Polyendocrine Metabolic Ovarian Syndrome (PMOS)” (ပီးမော့စ်) ပါတဲ့ရှင်။

🛑 နာမည်ဟောင်းရဲ့ ပြဿနာ (The Misleading Legacy of PCOS)

သူ့ကို နာမည်ပြောင်းဖို့ ဘာလို့ ၁၄ နှစ်တိုင်တိုင် အချိန်ယူ ကြိုးစားခဲ့ရတာလဲ?

တကယ်တော့ "Polycystic Ovarian Syndrome" ဆိုတဲ့ နာမည်ဟောင်းက ဆရာဝန်တွေရော၊ လူနာတွေကိုပါ တော်တော်လေး လမ်းပျောက်စေခဲ့လို့ပါပဲ။ "Polycystic" လို့ ပြောလိုက်တာနဲ့ လူနာကော ဆရာဝန်ပါ အာထရာဆောင်း (Ultrasound) ရိုက်ပြီး အမျိုးသမီးတွေရဲ့ မျိုးဥအိမ်က "အလုံးတွေ၊ အရည်အိတ်တွေ" ကိုပဲ ရှာဖို့ စိတ်စောသွားကြပါတယ်။

တကယ့်လက်တွေ့မှာတော့ ဒါတွေက ရောဂါဖြစ်စေတဲ့ "Cysts (အရည်အိတ်)" တွေ မဟုတ်ဘဲ၊ ဟော်မုန်းမမျှတမှုကြောင့် သီးချိန်တန်မသီးနိုင် ပွင့်ချိန်တန် မပွင့်နိုင်တဲ့ မျိုးဥမွှာလေးတွေ (Arrested Follicles) သာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီရောဂါ ခံစားနေရတဲ့ အမျိုးသမီး အချို့ရဲ့ မျိုးဥအိမ်မှာ အရည်အိတ် လုံးဝမရှိဘဲ ဖြစ်နေတတ်တာပါ။

နာမည်ကပေးတဲ့ လမ်းလွဲမှုကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတွေကလည်း မနည်းပါဘူး။

ရောဂါရှာဖွေမှု နောက်ကျခြင်း : ရောဂါခံစားနေရသူတွေရဲ့ $70\%$ လောက်ဟာ လွဲမှားတဲ့ ဆေးဘက်ဆိုင်ရာ အယူအဆတွေကြောင့် ကိုယ့်မှာ ရောဂါရှိနေမှန်းတောင် မသိဘဲ နေခဲ့ကြရတာပါ။(Figure 1) ဥပမာအားဖြင့် အမေရိကန်က Chelle ဆိုတဲ့ အမျိုးသမီးဟာ ရောဂါလက္ခဏာတွေ စုံနေပေမဲ့ "မျိုးဥအိမ်မှာ Cyst မရှိဘူး" ဆိုတဲ့ အယူအဆအမှားကြောင့် တိကျတဲ့ Diagnosis ရဖို့ ၁၀ နှစ်နီးပါး စောင့်ဆိုင်းခဲ့ရရှာပါတယ်။

"ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေ တော်တော်များများကို ဒီရောဂါက ထိန်းချုပ်ခဲ့တာပါ။ အမြဲတမ်း ပင်ပန်းနွမ်းနယ်မနေခဲ့ဘူးဆိုရင် ဘဝမှာ ဒီထက်မက အများကြီး လုပ်နိုင်ခဲ့မှာလို့ ခံစားရတယ်။ PCOS ကြောင့် ကျွန်မရဲ့ ခွန်အားတွေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကုန်ခမ်းနေခဲ့ရတာလေ။ ရောဂါလက္ခဏာတွေကတော့ အသက် ၁၁၊ ၁၂၊ ၁၃ နှစ်လောက်ကတည်းက စပြခဲ့တာ။ ဒါပေမဲ့ အဲဒီလောက် အရွယ်ငယ်ငယ်နဲ့ လက္ခဏာတွေပြတော့၊ အထူးသဖြင့် အဲဒီတုန်းက ဆရာဝန်တွေက ဒီရောဂါအကြောင်း သိပ်မသိကြသေးဘူး။ တော်တော်လေး ငြင်းပယ်တာတွေ ကြုံခဲ့ရတယ်။ သူတို့ ကျွန်မကို တိကျတဲ့ ရောဂါအမည် (Diagnosis) လုံးဝမပေးခဲ့ဘူး။ ပေးတာဆိုလို့ 'ကဲ... ဒါက ကိုယ်ဝန်တားဆေး၊ ဒါကတော့ Insulin resistance အတွက် metformin' ဆိုပြီး ဒါပါပဲ။ အဲဒီလိုနဲ့ ၁၀ နှစ်နီးပါး ဖြတ်သန်းခဲ့ရတယ်။ တကယ်လို့ တိကျတဲ့ Diagnosis သာ မရရင် ထိရောက်တဲ့ ကုသမှုကိုလည်း ရမှာမဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်မရှိနေတဲ့ အမေရိကမှာပေါ့။ တကယ်ကို စိတ်ပျက်စရာကောင်းပြီး ခက်ခဲကြမ်းတမ်းလွန်းတဲ့ ခရီးလမ်းတစ်ခုပါပဲ။"

— Chelle (အမေရိကန်နိုင်ငံမှ PCOS ဝေဒနာရှင် အမျိုးသမီးတစ်ဦး)

Stigma (လူမှုပတ်ဝန်းကျင်ရဲ့ အထင်အမြင်လွဲမှားမှု): Jenef ဆိုတဲ့ မိန်းကလေးဆိုရင်လည်း ငယ်စဉ်ကတည်းက မျက်နှာမှာ ယောကျာ်းလေးတွေလို မုတ်ဆိတ်မွှေးတွေ မြန်မြန်ဆန်ဆန် ထွက်လာပြီး ကိုယ်အလေးချိန်တက်တာတွေကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ဆုံးကာ အမျိုးသမီးဆန်မှုနဲ့ ပတ်သက်လို့ စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့ရရှာပါတယ်။

"ကျွန်မရဲ့ ရောဂါလက္ခဏာတွေကို တော်တော်ငယ်ငယ်လေး၊ အပျိုဖော်ဝင်စ အရွယ်လောက်ကတည်းက စပြီး တွေ့ခဲ့ရတာပါ။ အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်မှာ မျက်နှာမှာ အမွှေးအမျှင်တွေ စထွက်လာပြီး ကိုယ့်ရဲ့အပြင်ပန်းက သိသာတဲ့ လက္ခဏာတွေကို စပြီး သတိထားမိခဲ့တယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ်ကော၊ ကိုယ့်ရဲ့ မိန်းကလေးဆန်မှုအပေါ်မှာပါ အတော်ကြာအောင် သံသယဖြစ်ခဲ့ရပါတယ်။ အခုထက်ထိလည်း မျက်နှာမှာ အမွှေးတွေက အရမ်းမြန်မြန် ထွက်လာနေတုန်းပဲ။ ဒီကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရဖို့နဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ စိတ်လုံခြုံမှုရှိတယ်လို့ ခံစားရဖို့အတွက် ကျွန်မ အများကြီး ကြိုးစားရုန်းကန်နေရတုန်းပါပဲ။ ဒါ့အပြင် ကျွန်မအတွက် အမြဲတမ်း အခက်ခဲဆုံး ဖြစ်ခဲ့ရတာက ကိုယ်အလေးချိန်တက်တာ၊ ဗိုက်ကယ်ဗိုက်ပွတာနဲ့ အဲဒီလို ဖြစ်နေတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ပြီး စိတ်ပျက်အားငယ်ရတာတွေပါပဲ။"

— Jenef (ဗြိတိန်နိုင်ငံမှ PCOS ဝေဒနာရှင် အမျိုးသမီးတစ်ဦး)

🤝 PMOS နဲ့ မိတ်ဆက်ပေးခြင်း (Meet Polyendocrine Metabolic Ovarian Syndrome)

ဒါကြောင့်လည်း ဆေးပညာရှင်တွေပါဝင်တဲ့ အဖွဲ့အစည်း ၅၆ ခုနဲ့ ကမ္ဘာ့တိုက်ကြီး ၆ တိုက်က လူနာပေါင်း ၂၂,၀၀၀ ကျော် ပါဝင်တဲ့ အင်အားစုကြီးက ၁၄ နှစ်တိုင်တိုင် ကြိုးစားပြီး ဒီနာမည်သစ် PMOS ကို တရားဝင် ပြောင်းလဲသတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

“PMOS” ဆိုတဲ့ နာမည်က ဘာကြောင့် ပိုပြီး ကောင်းမွန် သင့်တော်ရသလဲဆိုရင်-

Polyendocrine (ဟော်မုန်းစနစ်တစ်ခုမက ချို့ယွင်းမှု): မျိုးဥအိမ်တစ်ခုတည်းတင် မဟုတ်ဘဲ Hypothalamic-Pituitary-Ovarian Axis၊ Adrenal Gland နှင့် Insulin Signaling Pathway စတဲ့ ဟော်မုန်းစနစ်မျိုးစုံ ရှုပ်ထွေးပတ်သက်နေမှုကို မီးမောင်းထိုးပြနိုင်ပါတယ်။

Metabolic (ဇီဝကမ္မပြောင်းလဲမှု): ဒီရောဂါဟာ အသားအရေ ပျက်စီးတာ၊ ရာသီမမှန်တာထက် အများကြီး ပိုပါတယ်။ မျိုးဥအိမ်မှာ အရည်အိတ်မရှိတဲ့ Non-polycystic Phenotype သမားတွေဟာ ပိုမိုဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ခြေရှိပါတယ် (Figure 2)။ Non-polycystic Phenotype မှာ Insulin Resistance ဖြစ်တာ၊ ဆီးချို (Type 2 Diabetes)၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားတာ စတဲ့ Metabolic Risk တွေကို ပိုမိုအာရုံစိုက်လာစေပါတယ်။

Ovarian Syndrome: မျိုးပွားမှုဆိုင်ရာ လက္ခဏာတွေ၊ မျိုးအောင်နိုင်စွမ်း (Fertility) ကိုလည်း အလေးထားဆဲ ဖြစ်ကြောင်း ဖော်ပြပါတယ်။

အထူးသဖြင့် ဆေးခန်းလာရင် Cyst မရှိပေမဲ့ Insulin Resistance ကြီးမားနေတဲ့ Non-polycystic Phenotype တွေကို ဆရာတို့ ပိုဂရုစိုက်မိလာစေမှာ ဖြစ်ပါတယ်ရှင်။

⚕️ ဆေးပညာကုဒ် (Medical Coding) နှင့် အာမခံ (Insurance) ပြဿနာပြေလည်ခြင်း

ယခင်က ရောဂါကို "မျိုးဥအိမ်ပြဿနာ (Gynecological Issue)" သက်သက်အဖြစ် သတ်မှတ်ထားတာကြောင့် ဆေးဘက်ဆိုင်ရာ ကုဒ် (Medical Coding) အရ အာမခံကုမ္ပဏီတွေက မျိုးပွားခြင်းနဲ့ မဆိုင်တဲ့ လက္ခဏာတွေ (ဥပမာ- နာတာရှည် ပင်ပန်းနွမ်းနယ်တာ၊ ဇီဝကမ္မဖြစ်စဉ်ပြဿနာတွေ) အတွက် ကုသစရိတ်တွေ ပေးလျော်ဖို့ ငြင်းဆန်လေ့ ရှိကြပါတယ်။

အခု PMOS ဆိုတဲ့ အမည်သစ်ကြောင့် ဒီဇီဝကမ္မလက္ခဏာတွေအတွက်ပါ ဆေးကုသမှု အာမခံ ပိုမိုရရှိလာနိုင်တော့မဲ့ အပြင်၊ Multi-disciplinary Care (Gynaecologist, Endocrinologist နဲ့ Cardiologist တွေရဲ့ ပူးပေါင်းကုသမှု) ကို ပိုမို စနစ်တကျ လုပ်ဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်ရှင်။

🗓️ ၁၄ နှစ်တာ ခရီးလမ်းနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဘုံသဘောတူညီချက် (The 14-Year Journey & Global Consensus)

ဒီအမည်သစ်လေး ဖြစ်တည်လာဖို့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းကလည်း တကယ်မလွယ်ကူလှပါဘူးရှင်။ Figure 3 က Event Timeline လေးကို ကြည့်လိုက်မယ်ဆိုရင် ဆေးပညာရှင်တွေဟာ ၂၀၁၂ ခုနှစ် NIH ရဲ့ စတင်အကြံပြုချက်ကတည်းက ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ ၂၀၁၃ ကနေ ၂၀၂၂ အထိ ဆယ်စုနှစ်တစ်ခုနီးပါး ကြိုးပမ်းမှုတွေက မအောင်မြင်ဘဲ ကျရှုံးခဲ့ရတာကို တွေ့ရမှာပါရှင်။ တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့တဲ့ အချိန်တွေပေါ့နော်။

ဒါပေမယ့် လက်မလျှော့ဘဲ ၂၀၂၃ မှာ လူနာတွေနဲ့ ဆေးပညာရှင်တွေရဲ့ တစ်ခဲနက် ထောက်ခံမှုကို ရယူနိုင်ခဲ့ပြီး၊ ၂၀၂၅ ဧပြီမှာ ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ စစ်တမ်း (First Global Survey) ကောက်ယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာမှာ ပထမအကြိမ် ဆွေးနွေးညှိနှိုင်းမဲပေးခြင်း (First Nominal Group Process) ကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ၂၀၂၆ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ဒုတိယအကြိမ် စစ်တမ်းနဲ့ ဆွေးနွေးညှိနှိုင်းမဲပေးခြင်းတွေကို အဆင့်ဆင့် လုပ်ဆောင်ခဲ့ပြီးတဲ့နောက်... နောက်ဆုံး ၂၀၂၆ မေလမှာတော့ အောင်အောင်မြင်မြင်နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ရရှိပြီး Lancet Journal မှာ တရားဝင် ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်ရှင်။

ဒီတော့ အခုပြောင်းလဲလိုက်တဲ့ PMOS ဆိုတဲ့ နာမည်က ဆေးပညာရှင်အနည်းငယ်ကပဲ သီးခြားထိုင်ပြီး ပေးလိုက်တာမျိုး မဟုတ်ပါဘူးရှင်။ Figure 4 မှာ တွေ့ရတဲ့အတိုင်း ကမ္ဘာ့တိုက်ကြီး ၆ တိုက်၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းပေါင်း ၅၆ ခုက ဆေးပညာရှင်တွေနဲ့ လူနာပေါင်း ၂၂,၀၀၀ ကျော် ပါဝင်ခဲ့တဲ့ သမိုင်းဝင် တစ်ကမ္ဘာလုံးဆိုင်ရာ ဘုံသဘောတူညီချက်ကြီး ဖြစ်ပါတယ်။ ဒီစစ်တမ်းရလဒ်အရ လူနာတွေရဲ့ $86\%$ နဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ $76\%$ က တစ်ခဲနက် ထောက်ခံမဲပေးပြီး ဒီအမည်သစ်ကို ရွေးချယ်အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်ရှင်။

💌 နိဂုံးနှုတ်ဆက်နှင့် ဆော်ဩချက် (Call to Action)

ဒီအမည်သစ် PMOS ကို ၂၀၂၆ ခုနှစ် မေလကစပြီး နောက် ၃ နှစ်အတွင်း (၂၀၂၈ ခုနှစ် International guidelines တွေထွက်ရှိချိန်အထိ) စနစ်တကျ တဖြည်းဖြည်း အသွင်ကူးပြောင်း သုံးစွဲသွားကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆရာဝန်, ဆရာမကြီးများရှင်... နောက်နောင် ဆေးခန်းမှာ ပျိုမဒီလေးတွေနဲ့ မဟေသီမမတွေကို ရှင်းပြတဲ့အခါမှာဖြစ်ဖြစ်၊ ရောဂါရှာဖွေတဲ့အခါမှာဖြစ်ဖြစ် မျိုးဥအိမ်က Cyst ရှိ၊ မရှိ ထက်... ဇီဝကမ္မဖြစ်စဉ် (Metabolic) နဲ့ ဟော်မုန်း (Endocrine) စနစ်တွေကို ပိုမိုအသားပေး ဆွေးနွေးပေးကြဖို့ တိုက်တွန်းရင်း...

ကျွန်မတို့ရဲ့ "ပိကော့ (PCOS)" ကို "ပီမော့စ် (PMOS)" လို့ ပြောင်းလဲ ကင်ပွန်းတပ်ပွဲကို ဖိတ်ကြားလိုက်ရပါတယ်ရှင်။

ပျိုမဒီနဲ့ မဟေသီများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင်။

📚 References

1. Teede H, Khomami M, Morman R et al. Polyendocrine metabolic ovarian syndrome, the new name for polycystic o***y syndrome: a multistep global consensus process,The Lancet, 2026;

2. Will renaming PCOS help women get diagnosed? - What in the World podcast, BBC World Service

အမည်ပေး ကင်ပွန်းတပ် ဖိတ်ကြားလွှာ=====================--- coming soon
23/06/2026

အမည်ပေး ကင်ပွန်းတပ် ဖိတ်ကြားလွှာ
=====================

-

-

- coming soon

😍
18/06/2026

😍

မမရှန်တီက ဒေတာတွေ လေ့လာတယ် ရှိုပြီး
ပူတင်းကို မုန့်မကြွေးရဖို့ချည်းပဲ 🥹🥹

—————————————————-

Data တွေ statics တွေက စားရင်း အင်း ပဲ မဟုတ်ဘူး
ဆေးပညာနဲ့ ကျန်းမာရေးတွေ နဲ့ တခြားနယ် ပယ်တွေထိပါ
အရေးကြီးတယ်
အဲ့တာတွေ နဲ့ ပတ်သက်တဲ့ knowledge sharing
Post တွေ ဖတ်ချင် လေ့လာချင်ရင် RQuesT မှာ လေ့လာ လို့ရပါတယ်

"Doctor's Brain vs. BP Machine" 🩺"ဆရာဝန်တွေက ဆေးခန်းပြခတွေ အရမ်းယူပြီး အသပြာဆရာဝန်တွေ ဖြစ်ကုန်ပြီ!"လို့ ညည်းတွားသံတွေ Fa...
07/06/2026

"Doctor's Brain vs. BP Machine" 🩺

"ဆရာဝန်တွေက ဆေးခန်းပြခတွေ အရမ်းယူပြီး အသပြာဆရာဝန်တွေ ဖြစ်ကုန်ပြီ!"လို့ ညည်းတွားသံတွေ Facebook ပေါ်မှာ ခဏခဏ မြင်နေကြားနေရလို့... တကယ့် ပုဂ္ဂလိကဆေးရုံ ဘောက်ချာတစ်ခုကို နမူနာယူပြီး တွက်ချက်ကြည့်လိုက်ပါတယ်။

ပုဂ္ဂလိကအထူးကုဆေးခန်းတစ်ခုမှာ ပါမောက္ခဆရာဝန်ကြီးနဲ့ ပြသစရိတ် စုစုပေါင်း ၅၇,၀၀၀ ကျပ် ကျသွားတဲ့အခါ... တကယ်တမ်း ဆရာဝန်အိတ်ကပ်ထဲ ဘယ်လောက်ဝင်သွားသလဲ? 🤔

📊 ဆေးရုံဘောက်ချာရဲ့ တကယ့်အမှန်တရား

၁။ ဆရာဝန်စမ်းသပ်ခ (Consultation Fee): ၁၂,၅၀၀ ကျပ် (စုစုပေါင်းဘေလ်ရဲ့ ၂၂% ပဲ ရှိပါတယ်)

၂။ သွေးပေါင်ချိန်/ပေါင်ချိန်စက်ခ (Assessment Fee): ၁၂,၅၀၀ ကျပ် (၂၂%)

၃။ ဆေးမှတ်တမ်းစနစ်ခ (EMR Fee): ၆,၀၀၀ ကျပ် (၁၁%) — ဒါပေမယ့် ဆေးမှတ်တမ်းတွေတစ်ပုံကြီး ပွေ့သွားရတုန်းပဲ!

၄။ ထိုင်ခုံဖိုး/အဲကွန်းဖိုး (OPD Care & Supplies): ၂၆,၀၀၀ ကျပ် (၄၆%) — ဆေးရုံကြီးရဲ့ သန့်ရှင်းသပ်ရပ်အေးစိမ့်မှုအတွက်ပေါ့လေ။

💡 ရင်နင့်စရာအချက်များ

၁။ လူနာပေးလိုက်ရတဲ့ ပိုက်ဆံရဲ့ ၇၈% က ပုဂ္ဂလိကဆေးရုံရဲ့ Facility ဖိုးတွေဖြစ်ပြီး၊ ဆရာဝန်က ၂၂% လေးပဲ ရတာပါ။

၂။ အဆိုးဆုံးက... နှစ်ပေါင်းများစွာ အိပ်ရေးပျက်ခံ၊ ဦးနှောက်ခြောက်ခံပြီး သင်ယူခဲ့ရတဲ့ အထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့ "ဦးနှောက်နဲ့ အတတ်ပညာတန်ဖိုး" ဟာ ဒစ်ဂျစ်တယ် သွေးပေါင်ချိန်စက်တစ်လုံးရဲ့ "သွေးပေါင်ချိန်ခ" (၁၂,၅၀၀ ကျပ်ချင်းတူတူ) နဲ့ ဈေးချင်းတူတူ သတ်မှတ်ခံထားရတာပါပဲ။ (ဒစ်ဂျစ်တယ်စက်က အိပ်ရေးပျက်ခံ စာကျက်ခဲ့ရတာမှ မဟုတ်တာ!)

ဒီတော့... ဆေးရုံပြလို့ ပိုက်ဆံအများကြီးကုန်တာဟာ ဆရာဝန်တွေကြောင့် မဟုတ်ဘဲ စနစ်ကျတဲ့ "ကျန်းမာရေးအာမခံစနစ်" (Health Insurance) မရှိတာနဲ့ ဆေးရုံလည်ပတ်စရိတ်တွေကြောင့်ဆိုတာ လူနာတွေလည်း နားလည်ပေးဖို့ လိုလာပါပြီ။

❤️ ဒေါက်တာတို့အတွက် အကြံပြုချက်
လူနာတွေ အမြင်မလွဲအောင် ဆက်ဆံရေးကောင်းမွန်ဖို့ လိုသလို၊

ကိုယ့်လူနာကို "ကိုယ့်ရည်းစားလို သဘောထားပြီး" စိတ်ခံစားချက်ကို ဂရုစိုက်နားထောင်ပေးဖို့၊ တစ်လောကလုံးမှာ စိတ်ဝင်စားစရာအကောင်းဆုံးသူအဖြစ် ဆက်ဆံပေးဖို့ပဲ အကြံပြုချင်ပါတယ်။ (ရည်းစားတွေထက်တောင် ပိုဂရုစိုက်ရမယ့် သဘောပါပဲ!)

ဆရာဝန်တွေဘက်က တုံ့ပြန်ခွင့်မရဘဲ "အသပြာဆရာဝန်" လို့ အပြောခံနေရတာကို ငြင်းချက်ထုတ်ဖို့အတွက် ဒီအမှန်တရားလေးကို Share ပြီး ကိုယ့်ရဲ့ လူနာတွေနဲ့ သူငယ်ချင်းတွေကို ချပြလိုက်ရအောင်။ 🩺👇

အသေးစိတ် ဆောင်းပါးကို ဖတ်ချင်တဲ့ သူတွေအတွက် Comment မှာ link နော်။ 👇👇

#အသပြာဆရာဝန်မဟုတ်ပါ

"မြန်မာပြည်က ဆရာဝန်တွေက အသပြာဆရာဝန်တွေလား" # # နောက်ခံအချက်အလက်    မြန်မာနိုင်ငံက ဆရာဝန်တွေက တကယ်ပဲ အသပြာဆရာဝန်တွေလား။ က...
07/06/2026

"မြန်မာပြည်က ဆရာဝန်တွေက အသပြာဆရာဝန်တွေလား"

# # နောက်ခံအချက်အလက်

မြန်မာနိုင်ငံက ဆရာဝန်တွေက တကယ်ပဲ အသပြာဆရာဝန်တွေလား။ ကျွန်တော်တို့တွေ ဆေးရုံဆေးခန်းကို သွားတဲ့အခါ ဆေးကုသမှု ကုန်ကျစရိတ်တွေကြောင့် စိတ်ပင်ပန်းရတာ ပုံမှန်လို ဖြစ်နေပါပြီ။ ဆရာဝန်စမ်းသပ်ခ၊ ဓာတ်မှန်ရိုက်၊ သွေးစစ်၊ ဆီးစစ်၊ ဆေးဖိုးနဲ့ ကျန်တဲ့ အထွေထွေ စရိတ်စကတွေကို ပေါင်းလိုက်ရင် ကုန်ကျငွေဟာ တနင့်တပိုးပါပဲ။ ကုန်ကျငွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ပြန်ရတဲ့ စိတ်ကျေနပ်မှု၊ ဝေဒနာသက်သာတာတွေက ဘယ်တော့မှ တန်တယ်လို့ မခံစားရပါဘူး။ အထူးသဖြင့် ပုဂ္ဂလိက အထူးကုဆေးခန်းကြီးတွေမှာ ဆိုရင် အခြေခံလူတန်းစားတွေ လက်လှမ်းမမီနိုင်တဲ့ ငွေကြေးပမာဏကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပေးချေနေရတာပါပဲ။

ခေတ်က ပိုပိုပြီး ကျပ်တည်းလာတာနဲ့အမျှ နေမကောင်းဖြစ်မှာကို စိုးလာရတယ်။ တစ်ခါတစ်ခါ ဆေးခန်းသွားလိုက်ရရင် ကုန်တာက နင့်ခနဲမို့ ဆေးကုသမှုခံယူဖို့ဆိုတာ တွန့်ဆုတ်နေကြရတယ်။ ဒီအခြေအနေမှာ Facebook လူမှုကွန်ယက်မှာ ဆရာဝန်လူတန်းစားကို မကြည်မလင်ဖြစ်လာတာတွေ ခပ်စိတ်စိတ်မြင်တွေ့လာရတယ်။ အသပြာဆရာဝန်တွေဆိုတဲ့ စကားဟာ Commentတွေမှာ မကြာမကြာ မြင်လာရပါတယ်။ ဆရာဝန်တွေဘက်ကလည်း ငွေမှမယူရင် စားဝတ်နေရေးအတွက် ဘယ်လိုလုပ်ရမှာလဲ ဆိုတာမျိုး တုံ့ပြန်လာကြတယ်။ ဆရာဝန်လူနာ ဆက်ဆံရေးဟာလည်း ခေတ်ဆိုးကြီးနဲ့အတူ ပျက်စီးလာတာကို မြင်လာရတော့တာပါပဲ။

ဒီပြဿနာတွေရဲ့ ဇစ်မြစ်ကတော့ ဆေးကုသမှု ကုန်ကျစရိတ်ပါပဲ။ ဆေးကုသမှုစရိတ်ဟာ သာမန်လူတန်းစားကို ဆင်းရဲမွဲတေတဲ့ အခြေအနေကို ရောက်အောင် ဆွဲချနိုင်တာဟာ ငြင်းမရတဲ့ အမှန်တရားပါ။ ဆရာဝန်လူနာဆက်ဆံရေးကို မပျက်စီးစေဖို့ဆိုရင် မြန်မာနိုင်ငံက ဆရာဝန်တွေဟာ တကယ်ပဲ အသပြာဆရာဝန်တွေဟုတ်မဟုတ် အတည်ပြုဖို့ လိုလာပါတယ်။

ဒါကြောင့် ဆေးကုသမှုစရိတ်တွေကို လေ့လာကြည့်ဖို့ လိုလာပါတယ်။ ဒါပေမယ့် ဆေးကုသမှုစရိတ် ဒေတာတွေဆိုတာက ရဖို့လုံးဝမလွယ်တဲ့ ဒေတာတွေဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကဆေးရုံတစ်ခုက ဘောက်ချာဖြတ်ပိုင်းကိုပဲ Case study အနေနဲ့ လေ့လာကြည့်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ ဆေးကုသစရိတ်မှာ ဘာက ဘယ်လောက်ကျသလဲနဲ့ ဆရာဝန်တွေက ဘယ်လောက်ယူသလဲ ဆိုတာကို အဓိက လေ့လာကြည့်ထားပါတယ်။

# # လေ့လာမှုနည်းနာ

ပုဂ္ဂလိကအထူးကုဆေးခန်းကြီးတစ်ခုက ပါမောက္ခဆရာဝန်ကြီးတစ်ဦးနဲ့ ပုံမှန် ရက်ချိန်းပြန်ပြတဲ့ ဆေးရုံစရိတ်ကိုပဲ Case report လေးလုပ်ထားပါတယ်။ ဘောက်ချာဖြတ်ပိုင်းမှာ ပါဝင်တဲ့ item တွေကို နိုင်ငံတကာက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအတိုင်းပဲ ယူထားပါတယ်။ ဘောက်ချာမှာပါတာတွေကတော့

- Consultation fees (regular) ဆရာဝန်စမ်းသပ်ခ ဆွေးနွေးခ

- OPD care and medical supplies ပြင်ပလူနာစောင့်ရှောက်ခနှင့်ဆေးပစ္စည်းဖိုး

- EMR service fee အီလက်ထရွန်နစ် ဆေးမှတ်တမ်း ဝန်ဆောင်ခ

- Assessment fee စမ်းသပ်ခ (ပေါင်ချိန်၊ အရပ်တိုင်း၊ သွေးတိုင်းဟုယူဆရ)

တို့ပါပဲ။

ဒီအချက်တွေကိုပဲ စုစုပေါင်းကုန်ကျစရိတ်ရဲ့ ဘယ်လောက်ရာခိုင်နှုန်းစီ ကျသလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

# # တွေ့ရှိချက်

ပုံ(၁)အရ

ပြင်ပလူနာစောင့်ရှောက်ခနဲ့ ဆေးပစ္စည်းဖိုးက ၂၆၀၀၀ကျပ်၊ ဆရာဝန်စမ်းသပ်ခ ၁၂၅၀၀ကျပ်၊ စမ်းသပ်ခ ၁၂၅၀၀ကျပ်၊ အီလက်ထရွန်နစ် ဆေးမှတ်တမ်း ဝန်ဆောင်ခ ၆၀၀၀ စုစုပေါင်း ၅၇၀၀၀ကျပ် ကုန်ကျပါတယ်။

ပုံ(၂)အရ

ကုသမှုစရိတ် စုစုပေါင်းရဲ့ တစ်ဝက်နီးပါး (၄၆%)ဟာ ပြင်ပလူနာစောင့်ရှောက်ခနဲ့ ဆေးပစ္စည်းဖိုးဖြစ်ပါတယ်။

ဆရာဝန်စမ်းသပ်ခနဲ့ သွေးပေါင်ချိန်တိုင်း ပေါင်ချိန်တာတွေက လေးပုံတစ်ပုံမပြည့်တဲ့ ၂၂% စီဖြစ်ကြပါတယ်။

အီလက်ထရွန်နစ် ဆေးမှတ်တမ်းအတွက်က ၁၀ပုံ တစ်ပုံ(၁၁%)ပါ။

ပုံ(၃)အရ

ဆရာဝန်ကို လူနာကပေးရတဲ့ငွေက လေးပုံတစ်ပုံမပြည့်တဲ့ ၂၂ % ပါ။

ကုန်ကျစရိတ်အများစု (၇၈%)က ပုဂ္ဂလိကဆေးရုံကို ပေးရတာဖြစ်ပါတယ်။

# # ဆွေးနွေးချက်

ကျွန်တော်တို့ရဲ့ Case မှာတော့ ဆရာဝန်တွေဟာ လူနာဆီက ငွေအများကြီးတောင်းတာ မတွေ့ရပါဘူး။ လူနာတွေရဲ့ ကုန်ကျစားရိတ် အများစုက ဆေးရုံကိုပေးရတာဖြစ်ပါတယ်။

ပေးရတာတွေကို တစ်ခုချင်းပြန်ကြည့်ရင် အနည်းဆုံးက အီလက်ထရွန်နစ် ဆေးမှတ်တမ်းဝန်ဆောင်ခ ဖြစ်ပါတယ်။ ဒီဝန်ဆောင်ခက ကျွန်တော်တို့ကို ဘာတွေဝန်ဆောင်မှုပေးနေပါသလဲ။ ယူကေလိုနိုငံတွေမှာလို ခရီးသွားလာရင်း ဆေးခန်းပြရတဲ့အခါ ကိုယ့်မှတ်ပုံတင်ပြလိုက်တာနဲ့ ကိုယ့်ဆေးကုသမှုမှတ်တမ်း ရောဂါရာဇဝင်တွေကို ဆရာဝန်က တန်းသိနိုင်တဲ့ အဆင့်ကို မရောက်နိုင်သေးတာတော့ လက်ခံရပါမယ်။ ဒါဆိုရင် နိုင်ငံရပ်ခြားဆေးကုသွားတဲ့အခါ ဒီမှတ်တမ်းကို သုံးလို့ရမှာလား ဒါကို ကျွန်တော်တို့ မသိနိုင်ပါဘူး။ အနည်းဆုံးတော့ ဒီပုဂ္ဂလိကဆေးရုံမှာပဲ အထူးကုတစ်ယောက်ကနေ တခြားအထူးကုဆီကို ပြောင်းပြတဲ့အခါ ဒီမှတ်တမ်းက အလိုအလျောက် ဆရာဝန်ဆီကို ပို့ပေးသလားမေးကြည့်ရာမှာတော့ သက်ဆိုင်ရာဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှထုတ်ပေးနိုင်မယ်လို့ ကောင်တာကဝန်ထမ်းကပြောပါတယ်။ ဒီလိုဆို ကျွန်တော်တို့ ဆေးရုံသွားတဲ့အခါ ဆေးစာအုပ် ဆေးစစ်အဖြေတစ်ပွေ့တစ်ပိုက်နဲ့ သွားပြစရာမလိုတော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဆေးစာအုပ်သာမက ဆေးစစ်မှတ်တမ်းတွေက ယူသွားရတုန်းပါပဲ။ ဒီတော့ အီလက်ထရွန်နစ်ဆေးမှတ်တမ်း (EMR)ဝန်ဆောင်မှုဟာ လူနာတွေဘက်က ဆန်းစစ် မေးခွန်းထုတ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ဆရာဝန်စမ်းသပ်ခနဲ့ သွေးပေါင်ချိန်တိုင်း ကိုယ်အလေးချိန်ချိန်တာတွေရဲ့ ကုန်ကျစရိတ်က အတူတူပါပဲ။ ပုဂ္ဂလိကဆေးရုံကြီးတွေမှာ ပြဖူးသူတိုင်း သိကြပါလိမ့်မယ်။ သွေးပေါင်ချိန်တိုင်း ကိုယ်အလေးချိန်ချိန်တာတွေက ဒစ်ဂျစ်တယ်စက် ပစ္စည်းတွေနဲ့လုပ်ကြတာ ဖြစ်ပါတယ်။ ဒီစရိတ်က ဆရာဝန်စမ်းသပ်ခနဲ့ တူတူဖြစ်နေတာက အံ့ဩစရာကောင်းပါတယ်။ လှည်းတန်းသွားရင်း ကိုယ်အလေးချိန်ချိန်တာ ရပ်ကွက်ထဲက ခင်ရာမင်ရာအိမ် ဒါမှမဟုတ် ရပ်ကွက်ဆေးခန်းမှာ သွေးပေါင်ချိန်တာနဲ့ယှဉ်ရင် ၁၂၅၀၀ကျပ်ဆိုတာ များတယ်လို့ယူဆနိုင်ပါတယ်။

ဆရာဝန်စမ်းသပ်ခက ဒါနဲ့ အတူတူဖြစ်နေတာကမြင်သာအောင်ပြောရရင် ကိုယ်ကိုင်တဲ့ အိုင်ဖုန်းဘက်ထရီလဲတာကို မှန်မကွဲကပ်တဲ့ဈေးနဲ့ လဲပေးလိုက်သလိုပါပဲ။ ဓာတ်ဆီတစ်လီတာကို ရေသန့်ဘူးတစ်ဘူးဖိုးနဲ့ ဆီဆိုင်ကရောင်းပေးနေသလိုပေါ့။ တကယ့် လက်တွေ့မှာသာ ဖုန်းဆိုင်က အိုင်ဖုန်းဘက်ထရီကို မှန်မကွဲဈေးနဲ့လဲပေးရင် ပျော်မှာဖြစ်ပေမယ့် ဒီလိုဈေးနဲ့ ဆရာဝန်စမ်းသပ်ခပေးရတာကို များတယ်ထင်နေတာကတော့ မဖြစ်သင့်ပါဘူး။ များတယ်လို့ထင်နေရင် ကိုယ့်ခန္ဓာကိုယ်က ဖုန်းတစ်လုံးလောက်မှ တန်ဖိုးမရှိဘူး ကိုယ့်ကျန်းမာရေးက အရေးမကြီးဘူးလို့ ခံယူထားသလိုဖြစ်နေပါလိမ့်မယ်။ ဆရာဝန်တွေဘက်ကလည်း ကိုယ့်သိမှု ကိုယ့်အတတ်ပညာက ဈေးပေါလွန်းနေတာကို သက်ဆိုင်ရာ ဆေးရုံတွေနဲ့ ညှိနှိုင်းသင့်ပါတယ်။

ကုန်ကျစရိတ် တဝက်နီးပါးဖြစ်တဲ့ ပြင်ပလူနာစောင့်ရှောက်ခနဲ့ ဆေးပစ္စည်းဖိုးဆိုတာက အခုကိစ္စမှာ ဘာကိုဆိုလိုသလဲဆိုတာ မေးခွန်းထုတ်ဖို့ကောင်းပါတယ်။ ဆရာဝန်ချိန်းလို့ နေကောင်းလျက်နဲ့ ဆေးခန်းလာပြတဲ့သူကို ပြင်ပလူနာဌာနမှာ ငုတ်တုတ်ထိုင်စောင့်နေရုံနဲ့ ၂၆၀၀၀ကျပ်ဆိုတာက တော်တော်များတဲ့ပမာဏပါ။ ဆေးစာအုပ်ဖိုး လူနာကို ဝှီးချဲနဲ့တွန်းပေးရတာတွေအတွက် ဆိုလည်း များနေပါသေးတယ်။ ဆေးပစ္စည်ဖိုးဆိုတာက စောစောက သွေးပေါင်ချိန်တိုင်းကိရိယာတွေ ပေါင်ချိန်စက်တွေ အတွက်ဆိုရင် အဲ့အတွက်ယူထားတဲ့ စမ်းသပ်ခဆိုတာကကောလို့ ပြန်မေးချင်စရာပါ။ ဒီတော့ ကုန်ကျစရိတ်ရဲ့ အများဆုံးရာခိုင်နှုန်းက မြေဖိုး အဆောက်အအုံဖိုး ကိုယ့်အလှည့်ရောက်မှာကို ထိုင်စောင့်ဖို့ ထိုင်ခုံဖိုး လျှပ်စစ်မီတာခ အဲကွန်းဖိုး စောင့်ရင်း အီးပါဖို့ အိမ်သာသန့်ရှင်းရေး အိမ်သာရေ စတာတွေအတွက် ကုန်ကျတာဖြစ်ပါတယ်။

ဒီလိုကုန်ကျတဲ့အတွက် ဆေးရုံဘက်ကိုလည်း အပြစ်တင်လို့ မရပါဘူး။ ဒီဘက်ခေတ်မှာ ရေဖိုး မီးဖိုး အခန်းခတွေ ထည့်မတွက်ဘဲ ဆေးဖိုးနဲ့ စမ်းသပ်ခပဲယူတဲ့ တနိုင်တပိုင်ဆေးခန်းလေးတွေဟာ ရပ်တည်ဖို့ မဖြစ်နိုင်ကြတာကို တွေ့နေရပါတယ်။ စီးပွားရေးလုပ်တာမို့ နေရာငှားခ ဝန်ထမ်းခနဲ့ အခြားအထွေထွေကုန်ကျစရိတ်တွေကို ထည့်သွင်းစဉ်းစားရသလို ထိုက်သင့်တဲ့ အမြတ်ကိုလည်း ယူရမှာ ဖြစ်ပါတယ်။ တကယ့်ပြဿနာကတော့ လူတိုင်းလက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးအာမခံ စနစ်တစ်ခုမရှိတာနဲ့ ဆရာဝန်တွေရဲ့ လူနာနဲ့ပြောဆိုဆက်ဆံရာမှာ အားနည်းချက်ရှိနေတာတွေပဲ ဖြစ်ပါတယ်။

ဒီ Case study မှာ အားနည်းချက်အနေနဲ့ကတော့ လူနာတစ်ယောက် ဆရာဝန်တစ်ယောက် ဆေးရုံတစ်ရုံရဲ့ တစ်ခါစာ ကုန်ကျစရိတ်ကိုသာ လေ့လာထားနိုင်တာဖြစ်ပါတယ်။ လူနာများများ ဆရာဝန်များများနဲ့ ဆေးကုသမှုစရိတ်ကို လေ့လာနိုင်ဖို့ လုပ်ပိုင်ခွင့်ရှိသူတွေ လေ့လာသင့်တဲ့၊ ဆေးကျောင်းသား ကျန်းမာရေး ကျောင်းသားများ ထပ်တိုးလေ့လာသင့်တဲ့ ကိစ္စရပ်တစ်ခုပါပဲ။

# # နိဂုံးချုပ်

နိဂုံးချုပ်အနေနဲ့ ဆရာဝန်တွေကို အသပြာဆရာဝန်တွေအဖြစ် စွပ်စွဲတာကမမှန်ပါဘူး။ အဓိက ပြဿနာက ကျန်းမာရေးအာမခံ စနစ်တစ်ခု မရှိတာပါ။ ဆရာဝန်တွေဘက်ကတော့ လူနာစိတ်ကျေနပ်အောင် ကိုယ့်လူနာကို ကိုယ့်ရည်းစားလို သဘောထားပြီး စိတ်ခံစားချက်ကို ဂရုစိုက်နားထောင်ပေးဖို့ တစ်လောကလုံးမှာ စိတ်ဝင်စားစရာ အကောင်းဆုံးသူအဖြစ် ဆက်ဆံပေးဖို့ တိုက်တွန်းချင်တာပါပဲ။




#အသပြာဆရာဝန်မဟုတ်ပါ

အရင်ခေတ် - ဝေဒနာနဲ့မပြောနဲ့ ဒေတာနဲ့ပြောAI ခေတ် - ဝေဒနာအစစ်ကို ဒေတာ အဖြစ်နဲ့ပြော
20/05/2026

အရင်ခေတ် - ဝေဒနာနဲ့မပြောနဲ့ ဒေတာနဲ့ပြော
AI ခေတ် - ဝေဒနာအစစ်ကို ဒေတာ အဖြစ်နဲ့ပြော



📊 Data Science နဲ့ Research မှာ မသိမဖြစ် "Distribution" (၃) မျိုးStatistical data တွေကို နားလည်ဖို့ဆိုတာ Probability Dis...
19/05/2026

📊 Data Science နဲ့ Research မှာ မသိမဖြစ် "Distribution" (၃) မျိုး
Statistical data တွေကို နားလည်ဖို့ဆိုတာ Probability Distribution တွေကို အရင်နားလည်ဖို့ လိုအပ်ပါတယ်။ Data Science လေ့လာနေတဲ့သူပဲ ဖြစ်ဖြစ်၊ Research လုပ်နေတဲ့သူပဲဖြစ်ဖြစ် statistical analysis လုပ်မယ့်သူတွေအတွက် မသိမဖြစ်တဲ့ Distribution ၃ ခု ကြောင်းကို ၁ မိနစ်အတွင်း ဖတ်လို့ရအောင် ရေးပေးထားပါတယ်။ ⏳

၁။ The Normal Distribution 🔔
ဒါကတော့ အသုံးအများဆုံး Distribution ပါပဲ။
ပုံစံ: ခေါင်းလောင်းပုံစံ (Bell-shaped) ရှိပြီး ဘယ်ညာ ခေါက်ချိုးညီ (Symmetric ဖြစ်) ပါတယ်။
ထူးခြားချက်: Mean, Median နဲ့ Mode က အလယ်မှာပဲ ရှိနေတတ်ပါတယ်။
ဥပမာ: လူတွေရဲ့ အရပ်အမြင့်၊ သွေးပေါင်ချိန် တိုင်းတာချက် စတာတွေဟာ Normal distribution ဖြစ်တတ်ပါတယ်။
အသုံးဝင်ပုံ: Central Limit Theorem အရ Sample size ကြီးလာရင် Data တွေက normal distribution ဖြစ်လာတတ်တဲ့အတွက်ကြောင့် တော်တော် အသုံးဝင်ပါတယ်။

၂။ The Binomial Distribution 🌓
သူကတော့ Success နဲ့ Failure ဆိုပြီး အဖြေ ၂ ခုပဲ ရှိတဲ့ အခြေအနေတွေအတွက်ပါ။
ဥပမာ: ဆေးကုသမှု တစ်ခုက အောင်မြင်လား၊ မအောင်မြင်ဘူးလား ဆိုတာမျိုးပေါ့။
အသုံးဝင်ပုံ: Proportions တွေကို ခန့်မှန်းတွက်ချက်ဖို့နဲ့ Logistic Regression အတွက် အခြေခံ ဖြစ်ပါတယ်။

၃။ The Poisson Distribution ⏱️
အချိန်တစ်ခု ဒါမှမဟုတ် နေရာတစ်ခုအတွင်း ဖြစ်ပျက်တဲ့ Random events တွေကို ရေတွက်ဖို့ သုံးပါတယ်။
ဥပမာ: "တစ်ရက်အတွင်း ဆေးရုံကို ရောက်လာတဲ့ အရေးပေါ်လူနာ အရေအတွက်" ကို တွက်တာမျိုး။
အသုံးဝင်ပုံ: ရောဂါတွေရဲ့ Incidence rates တွေကို ရှာဖွေဖို့အတွက် အလွန်အသုံးဝင်ပါတယ်။

🧪 Hypothesis Testing အတွက် သိထားသင့်တဲ့ အခြား Distribution များ
ဆုံးဖြတ်ချက်တွေချဖို့ Hypothesis testing လုပ်တဲ့အခါ အောက်က Distribution တွေကိုလည်း တွဲဖက်သုံးရပါတယ်။
- t distribution: group နှစ်ခုက တိုင်းတာရတဲ့ continuous variable တွေနှိုင်းယှဉ်တဲ့အခါ Sample size နည်းနေရင် (ဥပမာ လူနာ ၃၀အောက်) သုံးပါတယ်။
Chi-square distribution: ရေတွက်ရတဲ့ categorical variablesတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ရှိ၊ မရှိ (statistical association) ကို စစ်ဆေးဖို့ပါ။
- F distribution: ANOVA လို group နှစ်ခုထက်ပိုတဲ့ hypothesis testတွေမှာ Group တွေကြားက ကွဲပြားမှုကို နှိုင်းယှဉ်ဖို့ သုံးပါတယ်။
ဒီအခြေခံတွေကို သိထားရင် ဒေတာတွေကို ပိုပြီး ထိထိရောက်ရောက် analysis လုပ်နိုင်မှာပါ။ 💡

"Data Science လောကထဲ ဝင်မယ်ဆိုရင် Python နဲ့ R ဘယ်ဟာ အရင်သင်ရမလဲ?" 🤔.ဒါက Beginner တိုင်း မေးလေ့ရှိတဲ့ မေးခွန်းပါ။ .တကယ်အ...
02/05/2026

"Data Science လောကထဲ ဝင်မယ်ဆိုရင်
Python နဲ့ R ဘယ်ဟာ အရင်သင်ရမလဲ?" 🤔.

ဒါက Beginner တိုင်း မေးလေ့ရှိတဲ့ မေးခွန်းပါ။ .
တကယ်အရေးကြီးတာက .
"ဘယ်ဟာ သင်ရမလဲ" ဆိုတာထက် .
"ဘယ်အချိန်မှာ ဘယ်သူ့ကို သုံးရမလဲ" ဆိုတာကို သိဖို့ပါပဲ။.
💡ဒီနှစ်ခုကို အပြိုင်အဆိုင် သဘောထားမယ့်အစား၊ .
နေရာတကျ ဘယ်လိုသုံးရမလဲ ဆိုတာ ကြည့်ရအောင် -.

၁။ 🏥 Research နဲ့ Clinical Data တွေအတွက်ဆိုရင် - R .
ဆေးဘက်ဆိုင်ရာ Data တွေ၊ .
ခက်ခဲရှုပ်ထွေးတဲ့ စာရင်းအင်း (Statistical model) တွေ .
တွက်ချက်ရပြီဆိုရင် R က အခုထိ ဘုရင်ပါပဲ။ 👑 .
သူ့ရဲ့ Package တွေ .
(ဥပမာ- CRAN repository ထဲမှာရှိတဲ့ ‘finalfit’ တို့ ‘trialr’တို့) က .
Research လုပ်ဖို့ သီးသန့်ထုတ်ထားတာမို့ .
တိကျခိုင်မာမှုမှာ Python ထက် ပိုအားသာပါတယ်။.

၂။ 📊 အမိုက်စား Data ပုံဖော်ဖို့ (Visualizations) - R (ggplot2).
Data တွေကို အလွယ်တကူ နားလည်အောင် .
ပုံနဲ့ဖော်ပြသတဲ့နေရာမှာ R ရဲ့ ggplot2 ကို .
မီတဲ့ကောင် မရှိသေးပါဘူး။ .
Python မှာ Seaborn ရှိပေမယ့်၊ .
ကိုယ့် Team ကို ကိုယ် Presentation လုပ်တဲ့အခါ .
အမြင်အာရုံကို ဖမ်းစားနိုင်ပြီး .
ပြောင်းလွယ်ပြင်လွယ်တဲ့ .
အဆင့်မြင့် ရုပ်ထွက် (Aesthetic) မျိုး .
လိုချင်ရင်တော့ R ရဲ့ ggplot2က ပိုမိုက်ပါတယ်။ 🎨.

၃။ 🌐 Web Apps နဲ့ Machine Learning အတွက် - Python .
User တွေ .
(ဥပမာ - ဆရာဝန်တွေ၊ Customer တွေ) .
တိုက်ရိုက်သုံးလို့ရမယ့် .
Application တွေ ရေးတော့မယ်ဆိုရင် .
Python ဘက်ကို လှည့်ကြည့်လိုက်ပါ။ 👀.

Data တွေကို မြန်မြန်ဆန်ဆန် .
Dashboard လေးတွေလုပ်ချင်ရင် Streamlit .
ကိုယ်ပိုင် Web App တွေ လုပ်ချင်ရင် Flask .

AI / Machine Learning ပိုင်းမှာဆိုရင် .
scikit-learn, XGBoost, PyTorch စတဲ့ .
စူပါပါဝါ Library တွေက Python မှာပဲ ရှိတာပါ။ 🚀.

အတိုချုပ်ပြောရရင် Python က လက်တွေ့ အပြင်လောကမှာ အသုံးချဖို့ .
အကောင်းဆုံး (Production-ready) ပါပဲ။ .

🔄 အကောင်းဆုံးကတော့ "Hybrid Workflow" ပါပဲ။ .
တကယ့် Data Scientist တွေက .
ဒီနှစ်ခုလုံးကို တွဲသုံးကြပါတယ်။ .

ဥပမာ .
📈 Step 1: R ကိုသုံးပြီး ရှုပ်ထွေးတဲ့ Data တွေကို .
Research လုပ်၊ တွက်ချက်တယ်။ .

💾 Step 2: ရလာတဲ့ ရလဒ်တွေကို .
R ကနေ ထုတ် (Export) ယူတယ်။ .

💻 Step 3: အဲဒီရလဒ်တွေကို .
Python ထဲထည့်ပြီး .
Streamlit (သို့) Flask သုံးကာ .
လူတိုင်းသုံးလို့ရတဲ့ Web App အဖြစ် . ဖန်တီးလိုက်တယ်။

🎯 အနှစ်ချုပ်ရရင်...
"ဘယ် Tool က ပိုကောင်းလဲ" ဆိုတာထက်၊ .
"ငါလုပ်မယ့် အလုပ် နဲ့ ဘယ် Tool က ကိုက်ညီလဲ" .
(Research လား၊ App လား)ဆိုတာ .
ပိုအရေးကြီးပါတယ်။ .

ကိုယ်က Language တစ်ခုတည်းကို ဖက်တွယ်ထားတဲ့
Researcher ဒါမှမဟုတ် .
Web/App developer ဖြစ်ချင်တာလား၊ .

ဒါမှမဟုတ် နှစ်ခုလုံးရဲ့ အားသာချက်တွေကို ယူသုံးတတ်တဲ့ .
"Data scientist" ဖြစ်ချင်တာလား ဆိုတာ စဉ်းစားပြီး .
ကိုယ်ကြိုက်တဲ့ language ကို လေ့လာလို့ရပါတယ်။ 🚀.
Reference: .
Python vs R In 2026: .
Which To Learn For Data Science | Key Differences | Simplilearn
(link in comment) .





Address

San Chaung
Yangon
11111

Website

Alerts

Be the first to know and let us send you an email when RQuesT Research Services and Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share