Zeya Htut Khaung

Zeya Htut Khaung High-Value Astrologer

💢💥 ဝစင်္ကြာဂါထာ 💥💢ဝရ ဗုဒ္ဓေါ ဝရ ဓမ္မော ဝရ သံဃော ဝရိဿယောဝရ စေတော ဝရံ ဒေတု ဝရေ ဟိမေ ဝရံ ဝရံ #အဖွင့်ဂါထာအနက်ဝရဗုဒ္ဓေါ = မြတ...
29/12/2025

💢💥 ဝစင်္ကြာဂါထာ 💥💢

ဝရ ဗုဒ္ဓေါ ဝရ ဓမ္မော
ဝရ သံဃော ဝရိဿယော
ဝရ စေတော ဝရံ ဒေတု
ဝရေ ဟိမေ ဝရံ ဝရံ

#အဖွင့်ဂါထာအနက်

ဝရဗုဒ္ဓေါ = မြတ်စွာဘုရားသည် လည်းကောင်း
ဝရဓမ္မော = မြတ်သောတရားတော်သည် .................လည်ကောင်း
ဝရသံဃော = မြတ်သောအရိယာ သံဃာတော်.....................သည်လည်ကောင်း အတုမရှိတော် .....................မူကြပါပေ၏။
ဝရိဿရော = မြင့်မြတ်ခြင်းကို အစိုးရတော်မူသော
ဝရစေတော = သူတစ်ပါးတို့၏ စိတ်အကြံအစည်.................ကို သိတော်မူသော မြတ်စွာဘုရားသည်
မေ = ........အကျွန်ုပ်အား
ဝရေဟိ = အမြတ်တကာတို့ဖြင့်
ဝရံဝရံ = မြတ်သည်ထက်မြတ်သော .............အမြတ်ဆုံးဖြစ်သော
ဝရံ = နိဗ္ဗာန်ဆုလာဘ်ကို ပေးသနားတော်မူ.........ပါအရှင်ဘုရား။

💥💥💥💥💥💥💥💥💥💥💥💥💥💥💥💥💥

💢💥 ဝစက်ကြာဂါထာ💥💢

ဝရ စက်ကံ ဝရ ပညံ
ဝရ ဗုဒ္ဓံ ဝရ ဇယံ
ဝရ ဗလံ ဝရ ဒေန္တံ
ဝရင်္ဂေန ဝရာ မဟံ

#အဖုံးဂါထာအနက်

ဝရစက္ကံ = မြတ်သော စက်လက္ခဏာရှိတော်မူသော
ဝရပညံ = မြတ်သောပညာရှိတော်မူသော
ဝရဗုဒ္ဓံ = မြတ်သောလေးပါးသစ္စာကို သိတော်မူသော
ဝရဇယံ = မြတ်သော အောင်မြင်ခြင်းရှိတော်မူသော
ဝရဗလံ = မြတ်သော အားတော်ဆယ်ပါးနှင့် ...............ပြည့်စုံတော်မူသော
ဝရံဒေန္တံ = မြတ်သော နိဗ္ဗာန်ဆုလာဘ်ကိုပေးနိုင်တော်မူသော မြတ်စွာဘုရားအား
ဝရင်္ဂေန = မြတ်သောအင်္ဂါ ဦးခေါင်းရတနာဖြင့်
အဟံ = အကျွန်ုပ်သည်
ဝရာမိ = လေးမြတ်စွာရှိခိုးပါ၏ဘုရား။

ဝစက်ကြာဂါထာသည် ပဌမံ အဘ ဘိုးဘိုးအောင်၏ လက်ဆွဲဂါထာဖြစ်သည်ဟု ကျမ်းများက ဆိုလေသည်။ ဂါထာ အဖွင့် အဖုံး နှစ်ခုစလုံးကို စက်ကြာပုံ
နှင့်တကွ ကြေးပုရပိုက်တွင် စီရင်ရေးသားခဲ့သည်
ဟုလည်း ရှေးကျမ်းများက ဆိုသည်။ ဝစက်ကြာ ဂါထာဟာ ပဌမံ ဘိုးဘိုးအောင်ရဲ့ အစွမ်းထက်ဂါထာလို့ ဆိုပါတယ်။ ဘဘိုးဘိုးအောင်ကို ပုန်ကန်မယ်အထင်နဲ့ ရှင်ဘုရင်က ဖမ်းစီးခိုင်ပြီးနန်းတော်ကို ခေါ်ဆောင်လာစေ၏။ဘကြီးတော်ဘိုးတော်ဦးဝိုင်းကို ပညာပြတဲ့ အနေနဲ့ ဒီဂါထာကို ရွတ်ဆိုပြီး နန်းတော် နံရံမှာ ' ဝ' အက္ခရာကို ရေးခဲ့တာဖြစ်ပါတယ်။ ဦးဝိုင်း(ရှင်ဘုရင်)က ဖျက်လေ၊ 'ဝ' တွေက ပွားလာလေ ဖြစ်စေတဲ့ ဂါထာပါ။ ဒါကြောင့် အစွမ်းထက်တဲ့ ဂါထာတစ်ပုဒ်လို့လည်း ဆိုလို့ရ၏။
တစ်ရက်ကို ၉ ခေါက် ၁၈ ခေါက် ၂၇ ခေါက်စသည်
အားဖြင့် မိမိအားသန်သလို ရွတ်ဖတ်၊ ပွားများ၊
ပူဇော် နိုင်၏။အဓိဌာန်အားဖြင့် ၉ ရက် ၁၈ ရက်
၂၇ ရက်စသည်အားဖြင့်ဝင်နိုင်ပါတယ်။
အကျိုးအားဖြင့် အနန္တပါ။
ပီယ ကာယ လာဘ ဓန သိဒ္ဓိများရကြပါစေ...

ရှေးပညာရှင်ကြီးများ​၏ မိန့်ဆိုချက်များကို ဗဟုသုတအလို့ငှာ စုစည်းမျှဝေပေးခြင်းဖြစ်ပါသည်။

ဆရာဇေယျာထွဋ်ခေါင်

Address

အမှတ် (၂၃၆) မြို့သစ် (က/၃)လမ်း၊ အင်းစိန်။
Yangon

Website

Alerts

Be the first to know and let us send you an email when Zeya Htut Khaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share