Universe Inside You

Universe Inside You သင့်အတွင်းစိတ်ကမ္ဘာက ငြိမ်းချမ်းရင် ပြင်ပလောက က သာယာလာပါလိမ့်မယ်🕯️

Happy May Day! 🌿✨ဒီနေ့လို အလုပ်သမားနေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရမယ့်အချက်က -'ငါဟာ အလုပ်လုပ်နေချိန်မှာရော၊ နားနေချိ...
01/05/2026

Happy May Day! 🌿✨

ဒီနေ့လို အလုပ်သမားနေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရမယ့်အချက်က -
'ငါဟာ အလုပ်လုပ်နေချိန်မှာရော၊ နားနေချိန်မှာပါ ငွေကြေးတွေ စီးဝင်လာတဲ့ vibration ထဲမှာ ရှိနေတယ်' ဆိုတာပါပဲ။

ကျွန်ုပ်တို့ရဲ့ ဘဝဟာ အခက်အခဲတွေမဟုတ်ဘဲ 'ကြွယ်ဝမှု' (Abundance) တွေနဲ့ပဲ ပြည့်နှက်နေပါတယ်။ လုပ်သမျှ အောင်မြင်၊ မြင်သမျှ ရွှေဖြစ်ပြီး ငွေတွေအမြဲလျှံပဲ့နေတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေ။ 💵ရွှေလမ်း ငွေလမ်း ပွင့်ပါစေ။

"

22/04/2026

Subliminal ဆိုတာဘာလဲ?

လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုဆိုတာ တကယ်တော့ အပြင်ပန်း အခြေအနေတွေထက် ထိုလူရဲ့ "အတွင်းစိတ်" ကနေ စတင်တာပါ။ အတိအကျ ပြောရရင် ကျွန်မတို့ရဲ့ မသိစိတ် (Subconscious Mind) ကနေ မြစ်ဖျားခံတာ ဖြစ်ပါတယ်။

ကျွန်မတို့ လူသားတွေမှာ စိတ်စွမ်းအား နှစ်မျိုးရှိပါတယ်။

အဲ့တာတွေကတော့....
✨ သိစိတ် (Conscious) နှင့် မသိစိတ် (Subconscious) ပဲဖြစ်ပါတယ်

သိစိတ် (Conscious Mind): နေ့စဉ် ဖြတ်သန်းသွားလာ လှုပ်ရှားနေတဲ့အချိန်မှာ အသုံးပြုတဲ့ "သိနေတဲ့အသိ" ပါ။

မသိစိတ် (Subconscious Mind): ကျွန်မတို့ စိတ်ထဲမှာ အမြစ်တွယ် ကိန်းအောင်းနေတဲ့ စိတ်ဖြစ်ပြီး ဘဝရဲ့ နေ့စဉ်လှုပ်ရှားမှု 95% ကို ဒီမသိစိတ်ကပဲ ထိန်းချုပ်ထားတာပါ။

"လက်ရှိ သင်ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ သင့်မသိစိတ်ထဲမှာ ပုံဖော်ထားတဲ့ အတွေးတွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။"

အကယ်၍ သင်ဟာ ဘယ်လောက်ကြိုးစားပါစေ ရလဒ်မထွက်လာဘူး၊ တစ်ခုခုက အမြဲ အဟန့်အတား ဖြစ်နေသလို ခံစားနေရတယ်ဆိုရင် ဒါဟာ သင့်မသိစိတ်ထဲမှာ "Negative Thinking" (အဆိုးမြင်အတွေးတွေ) အမြစ်တွယ်နေလို့ပါပဲ။

ဒီအဆိုးမြင် ယုံကြည်ချက်တွေကို အပြုသဘောဆောင်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲဖို့ Subliminal နည်းပညာက အကောင်းဆုံး အကူအညီပေးနိုင်ပါတယ်။

Subliminal ဆိုတာ သိစိတ်က သတိမထားမိဘဲ မသိစိတ်ထဲကို တိုက်ရိုက်ရောက်သွားတဲ့ လှုံ့ဆော်မှုတွေကို ဆိုလိုပါတယ်။ သာမန်နားနဲ့ မကြားနိုင်တဲ့ အသံလှိုင်းတွေရဲ့အောက်မှာ Affirmations (အပြုသဘောဆောင်တဲ့ စကားလုံးများ) ကို မြှုပ်နှံထားတာပါ။

သူဟာ "ငါမလုပ်နိုင်ဘူး" ဆိုတဲ့ အတားအဆီးတွေကို ဖြိုဖျက်ပြီး "ငါဟာ စွမ်းဆောင်နိုင်သူဖြစ်တယ်" ဆိုတဲ့ ယုံကြည်မှုသစ်တွေ ရိုက်သွင်းပေးတဲ့ Law of Attraction ရဲ့ အားအကောင်းဆုံး Tool တစ်ခုပဲ ဖြစ်ပါတယ်။

Subliminal ရဲ့ အစွမ်းကို အပြည့်အဝရရှိဖို့ ဒီအချက်လေးတွေကို လိုက်နာပေးပါ-

Consistency (စွဲမြဲမှု): ရလဒ်အတွက် နေ့စဉ် မှန်မှန် နားထောင်ပေးပါ။

Belief (ယုံကြည်မှု): "ဒါဟာ ငါ့အတွက် တကယ်အလုပ်လုပ်နေပြီ" ဆိုတဲ့ ခိုင်မာတဲ့ယုံကြည်ချက် ထားပါ။

Hydration (ရေဓာတ်): ဦးနှောက်က သတင်းအချက်အလက်တွေ ပြုပြင်ပြောင်းလဲတဲ့အခါ ရေဓာတ် လိုအပ်တာကြောင့် ရေများများ သောက်ပါ။

Ignore (ရလဒ်ကို မစောင့်ပါနဲ့): "ဘယ်တော့ ရလဒ်ထွက်မလဲ" ဆိုတဲ့ လောစိတ်နဲ့ နားမထောင်ပါနဲ့။ စိတ်လွှတ်ထားပြီး နားထောင်ပါ။

Relax (စိတ်အေးအေးထားပါ): စိတ်အေးချမ်းနေချိန်မှာ နားထောင်တာ အကောင်းဆုံးပါ။ တခြားအလုပ်လုပ်နေရင်း Background music အဖြစ် ဖွင့်ထားလည်း ရပါတယ်။

💡ဦးနှောက်ရဲ့ တံခါးတွေ ပွင့်နေတဲ့ "အိပ်ခါနီး" နဲ့ "နိုးခါစ" အချိန်တွေဟာ မသိစိတ်ကို ပြုပြင်ဖို့ အထိရောက်ဆုံး အချိန်တွေပဲ ဖြစ်ပါတယ်။

ဒီနေ့ကစပြီး Subliminal နားထောင်ရင်း သင့်ရဲ့ မသိစိတ်ကို ပြန်လည်ပုံဖော်ပြီး ဘဝသစ်တစ်ခုကို တည်ဆောက်လိုက်ပါတော့။ ✨

နောက်ရက်မှာလည်း "Affirmation ဆိုတာဘာလဲ" ဆိုတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးကို မျှဝေပေးသွားဦးမှာမို့ စောင့်မျှော်ပေးကြပါဦးရှင်။ 🤍

19/04/2026

ကိုယ်မအိပ်စက်ခင် ယခုအလေ့အကျင့်လေးကို အမြဲတမ်းလုပ်ပေးမယ်ဆို အဆင်ပြေပါတယ်
လုပ်ရမှာလေးကတော့ပေါ့ပေါ့ပါးပါးလေးပါပဲ

ပထမဆုံးအနေနဲ့

အိပ်ရာထဲမှာ မျက်လုံးမှိတ်ပြီး သင်ဖြစ်ချင်တဲ့ ဘဝတစ်ခု
(ဒါမှမဟုတ်)
လိုချင်တဲ့အရာတစ်ခု ကို တကယ်ဖြစ်နေပြီလို့ စိတ်ကူးပုံဖော်ကြည့်ပါ။(အရာသေးသေးလေးကနေ စတင်ပုံဖော်ကြည့်ရင် ပိုလွယ်ကူပါတယ် )

ဒီနေရာမှာ Key Points (5) ခု ရှိပါတယ်
- Visualization
- Feeling
- Believe
- No Doubt
- Ignore

🪽 Visualization

ကိုယ်လိုချင်နေတဲ့အရာတစ်ခုကိုယ်လက်ထဲမှာတကယ်ရရှိနေပြီလို့ပုံဖော်ပါ ✨

🪽 Feeling

ကိုယ်ပုံဖော်နေတဲ့အရာ တကယ်ရရှိနေပြီလို့ ခံစားပါ
ဒီနေရာမှာခံစားချက်က Main Character ပါ
တကယ်ရနေပြီလို့ခံစားမှတကယ်ရမှာပါ✨

🪽 Believe

ကိုယ်ရဲ့ ခံစားချက် ၊ ကိုယ်လိုချင်တဲ့အရာတကယ်ရနေပြီလို့ယုံကြည်ပါ✨

🪽No Doubt

ကိုယ့်ရဲ့ယုံကြည်မှုတွေ ကိုယ်လက်ရှိပုံဖော်နေတဲ့အရာတွေ မရမှာမစိုးရိမ်ပါနဲ့
သင်ပုံဖော်လိုက်ပြီးသင်လိုချင်တဲ့အရာတကယ်ရနေပြီလို့ခံစားလိုက်ပြီဖြစ်တဲ့အတွက် သင်လိုချင်တဲ့အရာက သင့်ယုံကြည်ချက်အတိုင်းသင့်ဆီ အနှေးနဲ့အမြန်ရောက်လာမှာပါ ဒါကြောင့်သံသယမဖြစ်ပါနဲ့ ✨

🪽Ignore

သင်မအိပ်ခင် ယခုလို ကိုယ်လိုချင်တဲ့အရာတစ်ခုတည်းကို Visualization လုပ်ပြီးရင် ရလာမယ့် Result ကို မစောင့်ဘဲ Ignore လုပ်ထားပါ
ဒါမှသာ သင်က Waiting Stage မှာရောက်မနေဘဲ Result ကိုအမြန်ရမှာဖြစ်ပါတယ်✨

အဲ့ဒီခံစားချက်ကို အပြည့်အဝခံစားပြီးမှ အိပ်စက်ပါ။ သင့်ရဲ့ မသိစိတ်က အဲ့ဒီအိပ်မက်ကို လက်တွေ့ဖြစ်အောင် ဖန်တီးပေးပါလိမ့်မယ်။

19/04/2026

"You are the Universe". 🪬

လူအများစုက စကြာဝဠာကြီးဟာ ကိုယ့်ရဲ့အပြင်ဘက်မှာပဲ ရှိနေတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သင်ကိုယ်တိုင်က လှုပ်ရှားနေတဲ့ စကြာဝဠာကြီးတစ်ခုဖြစ်သလို၊ သင့်ဘဝရဲ့ ဖန်တီးရှင် (Creator) ဟာလည်း သင်ကိုယ်တိုင်ပါပဲ။

ဒီ Page လေးကို စတင်ရတဲ့ ရည်ရွယ်ချက်ကတော့...

🔮 အခုလို ခေတ်ကာလကြီးမှာ စိတ်ပင်ပမ်းမှုတွေကို ဖြေဖျောက်ပီး Healing လုပ်ဖို့
🔮 မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေစေဖို့
🔮လိုအင်ဆန္ဒတွေကို Law of Attraction နဲ့ ဘယ်လိုဆွဲဆောင်မလဲဆိုတာ လေ့လာဖို့
🔮 နေ့စဉ် စိတ်ခွန်အားဖြည့် Affirmations တွေနဲ့ Vibration မြှင့်တင်ဖို့
🔮 Chakara healing ဆိုတာဘာလဲနှင့် Healing ဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။

ဘဝသစ်ကို အတူတူ ဖန်တီးကြမယ့် ခရီးစဉ်မှာ ပါဝင်ဖို့ Page ကို Follow လုပ်ထားပေးပါဦးနော်။ 🔮✨

✨"

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Universe Inside You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share