ဒို့မိသားစုလေး - Dohmeetharsulay

ဒို့မိသားစုလေး - Dohmeetharsulay မိတ်ဆွေတို့မိသားစုတွေ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွင်ဖို့ ကူညီပေးနေပါတယ်။

📌 Every feeding journey is unique. 📌🤱 မေမေနဲ့ဘေဘီလေးတို့ ကျန်းမာသန်စွမ်းစေရန် ကူညီပေးဖို့ မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ ...
12/08/2026

📌 Every feeding journey is unique. 📌

🤱 မေမေနဲ့ဘေဘီလေးတို့ ကျန်းမာသန်စွမ်းစေရန် ကူညီပေးဖို့ မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ ကျွမ်းကျင်သူများနဲ့ ဒို့မိသားစုလေးအဖွဲ့က အမြဲအသင့်ရှိနေပါတယ် 🤱

#ဒို့မိသားစုလေး

"မိခင်နို့ရည်တစ်စက်စီတိုင်းမှာ မေမေတို့ရဲ့ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ပါဝင်နေပါတယ်" 🤱💕ဒီအပါတ်မှာကျရောက်တဲ့ Worl...
06/08/2026

"မိခင်နို့ရည်တစ်စက်စီတိုင်းမှာ မေမေတို့ရဲ့ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ပါဝင်နေပါတယ်" 🤱💕

ဒီအပါတ်မှာကျရောက်တဲ့ World Breastfeeding Week မှာ ရင်သွေးငယ်လေးတွေ ကျန်းမာသန်စွမ်းဖို့အတွက် နေ့ရောညပါ ကြိုးစားပေးဆပ်နေကြတဲ့ မေမေတို့အားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။

မိခင်နို့တိုက်ကျွေးရတာဟာ တစ်ခါတစ်ရံ ပင်ပန်းခက်ခဲတတ်ပေမဲ့ မေမေတို့ရဲ့ ပေးဆပ်မှုဟာ ကလေးငယ်လေးတွေရဲ့ အနာဂတ်အတွက် အကောင်းဆုံး လက်ဆောင်ပါပဲ။
"မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေကို မိခင်နို့ အပြည့်အဝ တိုက်ကျွေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။" ✨

#မခင်နိုတိုက်ကျွေးရေး #ဒို့မိသားစုလေး

05/08/2026

မိခင်နို့တိုက်ကျွေးတာက ဘာကြောင့် ကလေးတွေအတွက် အကောင်းဆုံးဖြစ်ရသလဲ?

05/08/2026

၈ လပိုင်း ၈ ရက်နေ့ (8.8.2026) မှာ စမဲ့သင်တန်းအတွက် သင်တန်းအပ်လို့ရပါပြီရှင့်...
သင်တန်းအပ်ဖို့ Link လေးကတော့
https://dohmeetharsulay.com/events/mnaug2026/ -event-booking-form

🛒 ဒို့မိသားစုလေးမှာ သားသားမီးမီးလေးတွေအတွက် အရည်အသွေးကောင်းပစ္စည်းလေးတွေ ဝယ်လို့ရတာကို ဖေဖေမေမေတို့ သိပါသလား💖ဖေဖေမေမေတို...
30/07/2026

🛒 ဒို့မိသားစုလေးမှာ သားသားမီးမီးလေးတွေအတွက် အရည်အသွေးကောင်းပစ္စည်းလေးတွေ ဝယ်လို့ရတာကို ဖေဖေမေမေတို့ သိပါသလား💖

ဖေဖေမေမေတို့ ချစ်စရာကလေးလေးတွေရဲ့ ဖြည့်စွက်စာကျွေးတာနဲ့ ဖွံ့ဖြိုးမှုတွေအတွက် တကယ်ကို အသုံးဝင်ပြီး ဘေးကင်းလုံခြုံတဲ့ ပစ္စည်းလေးတွေကို Dohmeetharsulay Website ရဲ့ Shop မှာ စျေးဝယ်ထွက်လို့ရပါတယ်။

✨ ဖြည့်စွက်စာ စကျွေးမဲ့အချိန်မှာ လိုအပ်တဲ့ အစာကြိတ်ချေခွက်၊ Feeding chair၊ Feeding cup၊ Educational Toys တွေအပြင် အခြားရရှိနိုင်သောပစ္စည်းတွေကိုလည်း ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

📌 Shopping Link လေးကို အောက်မှာနှိပ်ကြည့်လို့ရပါတယ်နော် ။

https://dohmeetharsulay.com/shop/

26/07/2026

ဒီတစ်ခေါက်တော့ မီးဖွားပြီးရင် မိခင်နို့ပဲတိုက်ချင်တယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ၊ လက်ရှိ မိခင်နို့တိုက်နေတဲ့မေမေတွေ၊ လုပ်ငန်းခွင်လည်းပြန်ဝင်ချင်တယ် မိခင်နို့လည်းဆက်တိုက်ချင်တယ်ဆိုတဲ့ မေမေတွေအတွက် မိခင်နို့တိုက်ကျွေးနည်း သင်တန်းလေးကို တက်ရောက်နိုင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်...

ဒီသင်တန်းလေးကို ဆရာမကြီးအန်တီသဲလ်မာရယ်၊ ဆရာစိုးညီညီရယ်၊ မင်မင်တို့အဖွဲ့ထဲက မိခင်နို့ကိုကိုယ်တိုင်တိုက်ကျွေးခဲ့ကြတဲ့ဆရာမတွေရယ်ကနေ စေတနာအပြည့်နဲ့ သင်ကြားပေးမှာဖြစ်ပြီး၊ မိခင်နို့တိုက်ကျွေးတဲ့ ခရီးစဥ်တစ်လျှောက်မှာလည်း အဆင်ပြေချောမွေ့အောင် ကူညီပေးသွားမှာဖြစ်ပါတယ်...

သင်တန်းကြေးလေးက နှို့မှုန့်ဘူးတစ်ဘူးစာတောင်မရှိပေမယ့် မေမေတို့ ပြန်ရမယ့် အကျိုးကျေးဇူးက အများကြီးပါ... ဒ့ါအပြင် ဒီသင်တန်းလေးက မေမေတို့အတွက် အဆင်မပြေဘူးဆိုရင် မင်မင်တို့ဘက်က သင်တန်းကြေးကို ပြန်အမ်းပေးဖို့အထိ အာမခံပေးနိုင်�

26/07/2026

ဒီတစ်ခေါက်တော့ မီးဖွားပြီးရင် မိခင်နို့ပဲတိုက်ချင်တယ်ဆိုတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ၊ လက်ရှိ မိခင်နို့တိုက်နေတဲ့မေမေတွေ၊ လုပ်ငန်းခွင်လည်းပြန်ဝင်ချင်တယ် မိခင်နို့လည်းဆက်တိုက်ချင်တယ်ဆိုတဲ့ မေမေတွေအတွက် မိခင်နို့တိုက်ကျွေးနည်း သင်တန်းလေးကို တက်ရောက်နိုင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်...

ဒီသင်တန်းလေးကို ဆရာမကြီးအန်တီသဲလ်မာရယ်၊ ဆရာစိုးညီညီရယ်၊ မင်မင်တို့အဖွဲ့ထဲက မိခင်နို့ကိုကိုယ်တိုင်တိုက်ကျွေးခဲ့ကြတဲ့ဆရာမတွေရယ်ကနေ စေတနာအပြည့်နဲ့ သင်ကြားပေးမှာဖြစ်ပြီး၊ မိခင်နို့တိုက်ကျွေးတဲ့ ခရီးစဥ်တစ်လျှောက်မှာလည်း အဆင်ပြေချောမွေ့အောင် ကူညီပေးသွားမှာဖြစ်ပါတယ်...

သင်တန်းကြေးလေးက နှို့မှုန့်ဘူးတစ်ဘူးစာတောင်မရှိပေမယ့် မေမေတို့ ပြန်ရမယ့် အကျိုးကျေးဇူးက အများကြီးပါ... ဒ့ါအပြင် ဒီသင်တန်းလေးက မေမေတို့အတွက် အဆင်မပြေဘူးဆိုရင် မင်မင်တို့ဘက်က သင်တန်းကြေးကို ပြန်အမ်းပေးဖို့အထိ အာမခံပေးနိုင်ပါတယ်ရှင့်...

သြဂုတ်လ ပထမပတ်က ကမ္ဘာမိခင်နို့တိုက်ကျွေးရေး ရက်သတ္တပါတ် (World Breastfeeding Week) ဖြစ်တာမို့ သြဂုတ်လ (၇) ရက်နေ့မတိုင်ခင် စာရင်းပေးတဲ့ မေမေတွေအတွက် အထူးလျှော့စျေးလည်းရှိလို့ အမြန်စာရင်းသွင်းလိုက်ပါဦးနော်...

မေမေတို့ရဲ့ မိခင်နို့တိုက်ကျွေးခြင်းခရီးစဥ်လေးချောမွေ့အောင် မင်မင်တို့က ကူညီပါရစေရှင့်...

သင်တန်းက Video Recording + Zoom Class ဖြစ်တာမို့ သင်တန်းအပ်တာနဲ့ချက်ချင်း စပြီးလေ့လာလို့ရမှာပါရှင့်...

သင်တန်းကို ဒီလင့်လေးမှာ လေ့လာနိုင်ပါတယ်... https://dohmeetharsulay.com/events/august2026/

ဒီပိုစ်လေးကို React လေးပေးခဲ့ပြီး Share လည်းလုပ်ပေးပါဦးနော်... တစ်ခုခုသိချင်တာရှိရင်တော့ Comment မှာ ရေးခဲ့လို့ရပါတယ်...

📢 ဒို့မိသားစုလေး ရဲ့ ဦးဆောင်အာဟာရပညာရှင်ကြီး ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်း နဲ့ မိတ်ဆက်ပေးပါရစေရှင် 🌟မင်္ဂလာပါ ဒို့မိသားစ...
24/07/2026

📢 ဒို့မိသားစုလေး ရဲ့ ဦးဆောင်အာဟာရပညာရှင်ကြီး ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်း နဲ့ မိတ်ဆက်ပေးပါရစေရှင် 🌟

မင်္ဂလာပါ ဒို့မိသားစုလေး မိသားစုဝင် မေမေ၊ ဖေဖေတို့ရေ... 👋

ကျွန်မတို့ Page ရဲ့ အွန်လိုင်းသင်တန်းတွေနဲ့ အာဟာရဆိုင်ရာ အကြံဉာဏ်ပေးမှုတွေမှာ ဆရာဦးစိုးညီညီနဲ့အတူ အဓိက တိုင်ပင်ဆွေးနွေးပေးနေပြီး မေမေတို့ အရမ်းချစ်ကြတဲ့ ဦးဆောင်အာဟာရပညာရှင်ကြီး ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်း (Thelma Tun-Thein) ရဲ့ ပရိုဖိုင်လေးကို ပရိသတ်တွေ ပိုမိုသိရှိ ယုံကြည်ကိုးစားနိုင်ဖို့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။

👵 ပညာရပ်တင်မကဘဲ မြေးလေးတွေကိုယ်တိုင် ပြုစုပျိုးထောင်နေတဲ့ ဝါရင့် အဘွားတစ်ဦး

ဆရာမကြီးရဲ့ အကြံဉာဏ်တွေက စာအုပ်ထဲကအတိုင်းပဲ မဟုတ်ဘဲ နွေးထွေးပြီး တကယ် အိမ်တွင်းဖြစ် လက်တွေ့ကျနေရတဲ့ အကြောင်းရင်းကတော့... ဆရာမကြီးဟာ အာဟာရပညာရှင်တစ်ဦး ဖြစ်ရုံတင်မကဘဲ မြေးလေးတွေကိုယ်တိုင် ပြုစုပျိုးထောင်ပေးနေတဲ့ ကြင်နာတတ်တဲ့ အဘွားတစ်ဦး (Grandmother) လည်း ဖြစ်လို့ပါပဲရှင်။ မိခင်တစ်ဦး၊ အဘွားတစ်ဦးအနေနဲ့ မျိုးဆက် နှစ်ဆက်စာ သားသမီး၊ မြေးလေးတွေကို ကျန်းမာအာဟာရ ပြည့်ဝအောင် ပြုစုပျိုးထောင်ခဲ့တဲ့ လက်တွေ့ ဘဝအတွေ့အကြုံများစွာ ရှိထားတာမို့ မေမေတို့ ကြုံတွေ့ရတဲ့ စိုးရိမ်မှုတွေ၊ အခက်အခဲတွေကို အနီးကပ်ဆုံး ကိုယ်ချင်းစာ နားလည်ပေးနိုင်သူ ဖြစ်ပါတယ်ရှင်။

အမေရိကန်ပြည်ထောင်စုမှနေ၍ မြန်မာမိသားစုများကို လက်လှမ်းမီ စောင့်ရှောက်ပေးနေသူ

ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းဟာ လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်စ်ပြည်နယ် (Texas, USA) မှာ အခြေစိုက်ပြီး အမေရိကန်နိုင်ငံရှိ အာဟာရဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု (Dietetic Consultations) တွေကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်ရှင်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံက မိခင်နှင့်ကလေးများ၊ မိသားစုများရဲ့ အာဟာရကျန်းမာရေးအတွက် ဒို့မိသားစုလေး ရဲ့ Lead Expert အဖြစ် အလှမ်းဝေးကနေ အွန်လိုင်းမှတစ်ဆင့် အမြဲတမ်း စိတ်စေတနာအပြည့်နဲ့ ပါဝင်ကူညီ စောင့်ရှောက်ပေးလျက် ရှိပါတယ်ရှင်။ ဒါကိုလည်း အန်တီနဲ့ဆုံဖူးသူတိုင်း အသိပါပဲ။ အန်တီက မေမေတွေ၊ မင်မင်တို့အဖွဲ့သားတွေအားလုံးကို မိခင်အရင်းတစ်ယောက်လို ကြည့်ရှု့စောင့်ရှောက်ပေးတဲ့သူတစ်ယောက်ပါ။

🔬 ရာစုနှစ်ဝက်နီးပါး ဝါရင့်ခဲ့သည့် နိုင်ငံတကာအဆင့် အာဟာရနှင့် Registered Lactation Consultant (IBCLC)

ဆရာမကြီးဟာ အာဟာရပညာရပ်နဲ့ မိခင်နို့တိုက်ကျွေးခြင်း ကဏ္ဍမှာ အနှစ် (၄၀) ကျော် တိုင်တိုင် အတွေ့အကြုံ ရင့်ကျက်ခဲ့တဲ့ ပညာရှင်ကြီးဖြစ်ပါတယ်။

🎓 ပညာအရည်အချင်းနှင့် ပရော်ဖက်ရှင်နယ် အသိအမှတ်ပြုမှုများ -
• MS (Master's Degree in Maternal and Childhood Nutrition): အမေရိကန်ပြည်ထောင်စု University of Utah မှ မိခင်နှင့်ကလေး အာဟာရဆိုင်ရာ မဟာသိပ္ပံဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။
• RDN (Registered Dietitian Nutritionist): အမေရိကန်ပြည်ထောင်စု၏ တရားဝင် အသိအမှတ်ပြု မှတ်ပုံတင် အာဟာရပညာရှင်။
• IBCLC / RLC (Registered Lactation Consultant): နိုင်ငံတကာနှင့် အမေရိကန်နိုင်ငံ အသိအမှတ်ပြု တရားဝင် မှတ်ပုံတင်ထားသော မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အထူးကု ပညာရှင်။

ပညာရှင်ဆိုင်ရာ နိုင်ငံတစ်ခါ အသင်းအဖွဲ့များတွင် အဖွဲ့ဝင်ထားမှု:

American Academy of Nutrition and Dietetics, Texas Academy of Nutrition, International Lactation Consultants Association နှင့် Dallas Area Breastfeeding Association တို့၏ ပရော်ဖက်ရှင်နယ် အဖွဲ့ဝင် ဖြစ်ပါတယ်။

🌏 မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် တာဝန်ယူခဲ့ဖူးသော ကဏ္ဍများ

• Save the Children, Alive and Thrive, PATH/PSI, WIC (USA): မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ရှိ အစိုးရနှင့် UN/INGO အဖွဲ့အစည်းကြီးများတွင် မိခင်နို့တိုက်ကျွေးခြင်း အဓိကနည်းပြ၊ အာဟာရဆိုင်ရာ နည်းပညာအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး မွေးကင်းစ ကလေးငယ်များ၊ မသန်စွမ်းကလေးငယ်များနှင့် မိခင်များအတွက် သင်တန်းပေါင်းများစွာ ပို့ချပေးခဲ့ပါတယ်။

• ဆေးရုံကြီးများ၏ Lactation Consultant: အမေရိကန်နိုင်ငံ (Methodist Hospital) နှင့် မြန်မာနိုင်ငံရှိ ရန်ကုန် ရဟန်းမင်းကြီး ဆေးရုံကြီး၊ ဗဟိုမိခင်နှင့်ကလေးဆေးရုံကြီး၊ ဝိတိုရိယ၊ ပင်လုံ စသည့် ပုဂ္ဂလိက ဆေးရုံကြီးများတွင် ဆရာဝန်၊ သူနာပြုများနှင့် မိခင်များကို မိခင်နို့ အောင်မြင်စွာ တိုက်ကျွေးနိုင်ရေး တိုက်ရိုက် သင်ကြားကူညီပေးခဲ့သူ ဖြစ်ပါတယ်။

• တက္ကသိုလ် ကထိက: STI Myanmar University တွင် University of Bedfordshire (UK) နှင့် ပူးပေါင်းပို့ချသော မဟာသိပ္ပံ အာဟာရသင်တန်းများတွင် တက္ကသိုလ်ကထိကအဖြစ် စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပါတယ်။

💡 ဒို့မိသားစုလေး တွင် မေမေတို့အတွက် ကူညီပေးနေမှုများ

ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းဟာ ဒို့မိသားစုလေး ရဲ့ အွန်လိုင်းသင်တန်းများဖြစ်သော 'မိခင်အာဟာရသင်တန်း'၊ 'မိခင်နို့တိုက်ကျွေးခြင်းသင်တန်း' ‘ဖြည့်စွက်စာကျွေးခြင်းသင်တန်း’ စသည်တို့တွင် ဆရာဦးစိုးညီညီနှင့်အတူ Zoom Live မှတစ်ဆင့် မေမေတို့ရဲ့ အခက်အခဲများနှင့် မေးခွန်းများကို တိုက်ရိုက် အဖြေထုတ် ဆွေးနွေးပေးလျက် ရှိပါတယ်ရှင်။

ဒါ့အပြင် ကလေးငယ်များ၏ အာဟာရဆိုင်ရာ ပြဿနာများ၊ မိခင်နို့တိုက်ရခက်ခဲမှုများကိုလည်း အွန်လိုင်းမှတစ်ဆင့် တစ်ဦးချင်း သီးသန့် အာဟာရ တိုင်ပင်ဆွေးနွေးမှုများ (Online Consultation) ဖြင့် အကောင်းဆုံး ကူညီပေးနေတာ ဖြစ်ပါတယ်ရှင်။

အာဟာရဓာတ် ပြည့်ဝပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းကို ကော်မန့်မှာ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ပေးကြပါဦးနော်။ 💚

👇 ဆရာမကြီးနဲ့ အာဟာရဆိုင်ရာ အထူးတိုင်ပင်ဆွေးနွေးချင်တာပဲဖြစ်ဖြစ်၊ သင်တန်းများ တက်ရောက်လိုပါကပဲဖြစ်ဖြစ် Page ရဲ့ Messenger သို့မဟုတ် Viber (09452115449) ကနေ အခုပဲ ဆက်သွယ်နိုင်ပါတယ်ရှင်။ ✨

ချစ်ခြင်းများစွာဖြင့်

ဒို့မိသားစုလေးအဖွဲ့ သားများ💚

ဒီလို အကြောင်းအရာလေးတွေ အသေးစိတ်သိချင်ရင် မင်မင်တို့ဆီမှာ သင်တန်းလေးတွေ တက်လို့ရပါတယိရှင့်… 😍
24/07/2026

ဒီလို အကြောင်းအရာလေးတွေ အသေးစိတ်သိချင်ရင် မင်မင်တို့ဆီမှာ သင်တန်းလေးတွေ တက်လို့ရပါတယိရှင့်… 😍

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when ဒို့မိသားစုလေး - Dohmeetharsulay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဒို့မိသားစုလေး - Dohmeetharsulay:

Shortcuts

Share