Travel with Kit

  • Home
  • Travel with Kit

Travel with Kit Traveling is FUN.

အေးတော့ ရေနွေးကြမ်းလေး လုပ်သောက်ရင်းသတိရပြီး ရေးချင်လာလို့ ရေနွေးကြမ်းသောက်တဲ့အခါ အနံ့လေးကို အရင်ရှူသွင်းပြီး ဒီအချိန်မှ...
19/01/2026

အေးတော့ ရေနွေးကြမ်းလေး လုပ်သောက်ရင်းသတိရပြီး ရေးချင်လာလို့

ရေနွေးကြမ်းသောက်တဲ့အခါ
အနံ့လေးကို အရင်ရှူသွင်းပြီး
ဒီအချိန်မှာ ရေနွေးလေးကို
အခုလို အေးဆေးစွာထိုင်သောက်နိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ် ကျေးဇူးတင်ပါတယ် လို့တွေးရမယ်တဲ့
ပြီးရင် တစ်ငုံသောက်လိုက်ပြီး
ဒီရေနွေး သောက်ခွင့်ရအောင်လုပ်ပေးသူကို
ကျေးဇူးတင်ပါတယ် လို့တွေးပါတဲ့
( လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးလဲ ဖြစ်နိုင်သလို
ဧည့်ခံတဲ့အိမ်ရှင် ဒါမှမဟုတ် ကိုယ့် မိသားစု
ရေနွေးတိုက်တဲ့သူ မည်သူမဆိုပေါ့လေ )
ပြီးရင်နောက် တစ်ငုံသောက်ပြီး
လက်ဖက်ခြောက် လက်ဆောင်ပေးတဲ့သူ
ရောင်းတဲ့ ကုန်သည် စိုက်တဲ့တောင်သူ အဆုံးပေါ့လေ
တစ်ငုံချင်းစီသောက်ရင်း
တကယ် လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ပါတယ်လို့ တွေးပါ တဲ့

ရေနွေးလေးသောက်တဲ့အချိန်ခဏမှာ
စိတ်ကလေး ငြိမ်းချမ်းပြီး ပတ်သက်ဆက်စပ်သမျှ
အားလုံးကို ကျေးဇူးတင်ရတာဟာ
တကယ်ကို အရသာ ရှိပါတယ် 💜

ဒါပေမယ့်လေ ကျွန်မတို့ နေ့စဉ်ဘဝမှာ
ဒီလိုလေး အေးဆေးစွာ နေဖြစ်တဲ့အချိန်ကတော့
တကယ်ကို ရှားပါတယ်

အဲ့လို ရှားပါးတဲ့အခိုက်တန့်လေးတွေ
ရရှိပိုင်ဆိုင်ခွင့် ရနေတယ်ဆိုရင်
သင်ဟာ ကံအကောင်းဆုံး လူပါပဲ 🍀

ရေနွေးကြမ်းလေး တစ်ခွက်က အစပြုလို့
စဉ်းစားလိုက်ရင်တောင် ကျေးဇူးတင်စရာတွေများတာ
ကျွန်မတို့နေ့စဉ်ဘဝမှာ ပတ်သက် ဆက်စပ်နေသမျှ
လူတွေအားလုံး ဖြစ်ရပ်တွေအားလုံးကို စဉ်းစားလိုက်ရင်
ကျေးဇူးတင်စရာ တကယ်ကို အများကြီးပါ 😇

အခုချိန်ကတော့
စိတ်ကြည်နေတုန်းမို့
အကြည်ဓာတ်လေးတွေ
မျှဝေတာပါ 😊
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် 🙏🙏🙏

2026 မှာ သူငယ်ချင်းတွေ ကို အကြံပေးချင်တဲ့စကားတစ်ခုကတော့ မိမိကိုယ်ကိုပဲ focus ထားပြီးရှင်သန်ဖို့ပဲ။ ကိုယ်ဖြစ်ချင်တဲ့ အရာတ...
31/12/2025

2026 မှာ သူငယ်ချင်းတွေ ကို အကြံပေးချင်တဲ့စကားတစ်ခုကတော့ မိမိကိုယ်ကိုပဲ focus ထားပြီးရှင်သန်ဖို့ပဲ။

ကိုယ်ဖြစ်ချင်တဲ့ အရာတွေ၊ကိုယ်လုပ်ချင်တဲ့အလုပ်တွေကိုပဲ ခေါင်းထဲထည့်ပြီး ကိုယ်လိုချင်တဲ့လမ်းကိုသွားဖို့ ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားသွား။

ကိုယ့်ရဲ့စိတ်ချမ်းသာမှု၊စိတ်အေးချမ်းမှုကို ဦးစားပေးပြီးရှင်သန်ပါ။ကိုယ့်ကိုရွေးချယ်တဲ့လူတွေကိုပဲ ရွေးချယ်ပါ။ ကိုယ့်ကိုမရေရာတဲ့ခံစားချက်ပေးတဲ့လူတွေဆီက ပြတ်ပြတ်သားသား ထွက်လာခဲ့ပါ။

လူတိုင်းက ကိုယ့်ကို မချစ်တာ ၊ မခင်တာ ၊ မကြည်ဖြူတာတွေကို လိုတာထက်ပိုပြီးအာရုံစိုက်မနေပါနဲ့။ လူတိုင်းမှာ Favorite ကိုယ်စီရှိတတ်ကြပြီး အဲ့ဒီfavorite က ကိုယ်မဟုတ်လည်း it doesn’t matter .

ဘဝမှာ မိမိရဲ့စိတ်အေးချမ်းသာယာမှုကအရေးအကြီးဆုံးပဲဆိုတာကိုမမေ့နဲ့။ ဘဝမှာ လုပ်ယူလို့မရတာလုပ်ယူလို့ရတာတွေရှိတယ်။ လုပ်ယူလို့မရတာက တစ်ယောက်ယောက်ရဲ့စိတ်ရင်းအမှန်၊ချစ်ခြင်းမုန်းခြင်းတွေဆိုတာ လုပ်ယူလို့မရဘူး။

လုပ်ယူလို့ရတာက ဖြစ်ချင်တာတွေ၊အိပ်မက်တွေဆိုတာကြိုးစားတည်ဆောက်ယူလို့ရတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ်မပျောက်ဆုံးစေနဲ့ပဲ။
2026 ဟာ အကောင်းဆုံးတွေသယ်ဆောင်လာမဲ့နှစ်တစ်နှစ်ထက် အကောင်းဆုံးလုပ်နိုင်တဲ့ နှစ်တွေထဲက တစ်ခုဖြစ်လာပါစေ ။

လောကမှာ မဆုံချင်ဆုံးကအနာပေးလိုက် ဆေးပေးလိုက် နဲ့ လူကိုစိတ်ကင်ဆာပေးတဲ့သူမျိုးတွေသူမကောင်းတာကို ကိုယ်မကောင်းတာလို့ထင်အောင်...
20/12/2025

လောကမှာ မဆုံချင်ဆုံးက

အနာပေးလိုက် ဆေးပေးလိုက် နဲ့ လူကို

စိတ်ကင်ဆာပေးတဲ့သူမျိုးတွေ

သူမကောင်းတာကို ကိုယ်မကောင်းတာလို့

ထင်အောင်လုပ်ပီး

သူ့အမှားကနေ ကိုယ့်အမှားဖြစ်အောင်လုပ်တဲ့သူတွေပဲ❤️‍🩹

အလိုရှိရင် လာပက်သက်မယ်၊

မလိုတော့ဖူးဆို စိတ်ဒုက္ခပေးသွားမယ်၊

ကိုယ်က ရှောင်လိုက်ပီဆို အတင်းပြန်လာရောမယ်❤️‍🩹

အားနာတဲ့စိတ်နဲ့ ပြန်ကောင်းပေးမိရင်

ထပ်ပီး ရင်ဝစောင့်/က/န် စိတ်ဒုက္ခထပ်ပေးမယ်၊

နောက်ဆုံး လုံးဝ မပက်သက်ချင်လို့

ဥပေက္ခာပြုလိုက်ရင်

ကိုယ်ကမကောင်းတဲ့သူ တယောက်လို

လူတကာကို လိုက်ပြောပီး ပန်းနုသွေးမယ်၊

အကြိမ်ကြိမ် အနာပေးလိုက် ဆေးပေးလိုက်

အချိုကျွေးလိုက် အခါးကျွေးလိုက်နဲ့

စိတ်ကို ကင်ဆာပေးတဲ့သူမျိုးတွေ

ဆက်ကောင်းပေးဖို့အတွက် လုံးဝကို

မတန်တဲ့သူမျိုးတွေ ဆိုတာရှိကိုရှိတယ်၊

ဥပေက္ခာပြုကို ပြုသင့်တဲ့ သူမျိုးတွေပေါ့ ❤️‍🩹❤️‍🩹❤️‍🩹

ကံကောင်းခြင်းတွေ နဲ့ပြည့်စုံဖို့က ကိုယ်တိုင်လဲအားထုတ်ရတယ်…..Quote of the day….
19/10/2025

ကံကောင်းခြင်းတွေ နဲ့ပြည့်စုံဖို့က

ကိုယ်တိုင်လဲအားထုတ်ရတယ်…..

Quote of the day….

မျက်ဝန်းမှာ အလင်းရှိပြီးနှလုံးသားထဲမှာ မျှော်လင့်ချက် အမြဲ ရှိပါစေ။
27/09/2025

မျက်ဝန်းမှာ အလင်းရှိပြီး
နှလုံးသားထဲမှာ မျှော်လင့်ချက် အမြဲ ရှိပါစေ။

စိတ်ပါပါ မပါပါ လုပ်သင့်တာကို နေ့စဉ် လုပ်နေတာ စည်းကမ်းပဲ။ အလုပ်စည်းကမ်း ကျင့်ဝတ်လိုတယ်။​အချောင်ရတိုင်း အချောင်ခိုရင်ကိုယ်...
30/08/2025

စိတ်ပါပါ မပါပါ လုပ်သင့်တာကို
နေ့စဉ် လုပ်နေတာ စည်းကမ်းပဲ။

အလုပ်စည်းကမ်း ကျင့်ဝတ်လိုတယ်။​
အချောင်ရတိုင်း အချောင်ခိုရင်
ကိုယ်ပါ ငပျင်းဖြစ်သွားလိမ့်မယ်။

ကိုယ်လုပ်နေတဲ့ အလုပ်မှာ ​
တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့
Strong work ethic ရှိဖို့လိုတယ်။

အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ရမယ်။
စိတ်မပါလို့၊ အသည်းကွဲလို့၊​
စိတ်ညစ်လို့၊ အာရုံမလာလို့ဆိုပြီး
မလုပ်လို့ မရဘူး။

Discipline အရေးကြီးတယ်။
Discipline is Destiny ဆိုတာ
ဒါကို ဆိုတာ။

အသက်အရွယ်တစ်ခုရောက်လာရင် လူရိုသေ ရှင်ရိုသေဖြစ်အောင် နေတတ်ရတယ် တိတ်ဆိတ်ခြင်းနဲ့ တရားရှိရတယ်တရားအသိဥာဏ်ကို နှလုံးသွင်းတတ်ရ...
29/07/2025

အသက်အရွယ်တစ်ခုရောက်လာရင်

လူရိုသေ ရှင်ရိုသေဖြစ်အောင် နေတတ်ရတယ်

တိတ်ဆိတ်ခြင်းနဲ့ တရားရှိရတယ်

တရားအသိဥာဏ်ကို နှလုံးသွင်းတတ်ရတယ်

သူတပါး ဥစ္စာပစ္စည်းကို လိုချင်တက်မက်တဲ့

လောဘ ရမ္မက်ကို ပါယ်သတ်တတ်ရတယ်။

ငါစွဲ အတ္တတွေ လျော့တတ်ရတယ်

ကိုယ့်စကားလုံး ကိုယ့်အပြုအမူကြောင့်

ဘယ်သူမှ

အကုသိုလ် မဖြစ်အောင် နေတတ်မှ

လူ့ဘဝက အဓိပ္ပါယ်ရှိမှာ ။

ပိုကောင်းတဲ့နေရာတွေက ပိုပြီး လူနည်းတယ်ပိုပြီး Respect ရှိကြတယ်ပိုပြီး အသံတိုးကြတယ်ပိုပြီး လှကြတယ်ပိုပြီး Humble ဖြစ်ကြတယ...
17/07/2025

ပိုကောင်းတဲ့နေရာတွေက

ပိုပြီး လူနည်းတယ်
ပိုပြီး Respect ရှိကြတယ်
ပိုပြီး အသံတိုးကြတယ်
ပိုပြီး လှကြတယ်
ပိုပြီး Humble ဖြစ်ကြတယ်
ပိုပြီး လေ့လာသင်ယူကြတယ်
ပိုပြီး Focus ကောင်းကြတယ်
ပိုပြီး Attitude ကောင်းကြတယ်
ပိုပြီး ဝင်ငွေကောင်းကြတယ်

ပိုကောင်းတဲ့နေရာတွေကို ရောက်အောင်သွားပါ

အကြွေစေ့လိုအသံဆူလို့ လူသိရုံနဲ့ အလုပ်မဖြစ်တာတွေလောကမှာအများကြီး လူထင်ကြီးအောင်လုပ်ပြရှင်းပြနေမှ အမှန်တရားဖြစ်တာမဟုတ် လောကမှာ ပိုကောင်းတဲ့နေရာမှာရှိဖို့ ပတ်ဝန်းကျင်ကောင်းကိုကိုယ်တိုင်ရွေးရတယ်
လူရွေးပေါင်းတတ်ရတယ် နေရာအရွေးမှားရင် ဘယ်လောက်ဘဲကြိုးစားကြိုးစားဘယ်လောက်စေတနာထားထား ကျေးဇူးတင်မခံရဘူး အသိမှတ်ပြုမခံရဘူး အဲ့စကားကိုမှတ်ထားပီး

ပိုကောင်းတဲ့နေရာကိုရောက်အောင်သွားပါ ♥️

04/07/2025

🥰

ကိုယ့်ကိုယ်ကိုလည်း တွေးမိပါတယ် ။ ဝမ်းနည်းစရာ ကိစ္စတွေ ကြုံလာတဲ့အခါ ငါတော်တော်ကို  အကြောတင်းသားပေါ့ ။ ဘယ်လိုတွေ ဒီလို တင်...
22/06/2025

ကိုယ့်ကိုယ်ကိုလည်း တွေးမိပါတယ် ။
ဝမ်းနည်းစရာ ကိစ္စတွေ ကြုံလာတဲ့အခါ
ငါတော်တော်ကို အကြောတင်းသားပေါ့ ။

ဘယ်လိုတွေ ဒီလို တင်းသွားလဲမသိတော့ပါဘူး ။ အတင်းလုပ်ယူရင်း ဖြစ်သွားတယ်လို့ပဲထင်တာပါပဲ!

စိတ်ထားတတ်လိုက်တာဆိုတာမျိုး မဟုတ်ပေမယ့် တချို့ကိစ္စတွေကို လက်ခံပြီး အတင်း ကျော်ဖြတ်လိုက်ရတာများပါတယ် ။

✔️ ကိုယ်မတတ်နိုင်တာတွေ ဖြစ်လာတဲ့အခါ
✔️ ကိုယ်မထင်မှတ်ထားတာတွေ မရေတွက်နိုင်အောင် ဖြစ်လာတဲ့အခါ
✔️ မရိုးနိုင်တဲ့ အခက်ခဲမျိုးစုံတွေတွေ ကြုံတွေ့ဖန်များလာတဲ့အခါ

ရှောင်ထွက်လို့မရတော့ဘူးဆိုရင် ရင်ဆိုင်လိုက်ရတယ် ။ ခံစားနာကျင်နေရလည်းပဲ မဖြစ်မနေဒါကို ဖြေရှင်းရမှာပဲဆိုပြီး ရင်ဆိုင်ဖြေရှင်းပြီးရင် နာကျင်ရမယ့်အရာတွေကို ပြန်မတွေးမိတော့ဘူး ။

စိတ်မကောင်းစရာတွေကိုလည်း ကိုယ်တိုင်ပြန်အစဖေါ်ပြီး ငါကံဆိုးလိုက်တာလို့လည်း ဒရာမာခင်းပြီး မတွေးတော့ပဲ Skip ပစ်လိုက်ရသလို ....

လမ်းခွဲရမယ့်သူတွေကိုကြုံလာရင်လည်း လုပ်ရက်လိုက်တာဆိုတာတွေ မတွေးတော့ပဲ သူနဲ့မြန်မြန်ဝေးမှ အေးမှာဆိုပြီး ဖြတ်ချလိုက်ရတာပါပဲ ။

ကိုယ့်စိတ်ကိုယ်ကို အပိုင်းတွေ ဖြတ်ချပြီး ရှေ့မဆက်နိုင်ရင် ဒရာမာထဲပိတ်မိပြီး လောင်မြှိုက်ပြာကျရမှာပါပဲ ။

ဖြစ်ချင်တန်ဖြစ် ပျက်ချိန်တန်ပျက်ဆိုတဲ့ စကားကို အသက်ကြီးလာလေလေ ပိုလက်ခံလာလေလေပဲဆိုတော့ ဖြစ်လာချိန် ရင်ဆိုင် ၊ ပျက်စီးချိန်တန်ရင်လည်း ခက်ခံပြီး အကောင်းဆုံးဆက်လက် ရှင်သန်ရဦးမှာပါပဲ ။

—— မာရင်ရင်

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:30 - 17:00
Saturday 09:00 - 14:00

Telephone

+9595139874

Website

Alerts

Be the first to know and let us send you an email when Travel with Kit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Travel with Kit:

  • Want your practice to be the top-listed Clinic?

Share