Metta Nann Specialist Clinic

Metta Nann Specialist Clinic Quality Care

ဝါဆိုလပြည့်နေ့ဆုတောင်း ✨ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ၇ရက်သားသမီးအပေါင်း ကုသိုလ်တရားများ ပွားစီးပြီး လိုရာဆန္ဒပြည့်ဝ...
29/07/2026

ဝါဆိုလပြည့်နေ့ဆုတောင်း ✨

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ၇ရက်သားသမီးအပေါင်း ကုသိုလ်တရားများ ပွားစီးပြီး လိုရာဆန္ဒပြည့်ဝကြပါစေကြောင်း မေတ္တာနန်းအထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ ✨

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - နေ့စဉ်မနက် ၈နာရီမှ ည ၈နာရီအထိ

📲 Ph.-09421606940, 09421606939

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📲Ph.- 09763459621

"Metta Nann: Quality Care"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞

ဆီးချိုရောဂါနဲ့ အဝလွန်သူများအတွက် သတင်းကောင်း 📢မေတ္တာနန်း အထူးကုဆေးခန်းနဲ့ ဥက္ကလာ (ဆီးချိုနှင့် အဝလွန်ရောဂါ ကာကွယ်ကုသရေး...
26/07/2026

ဆီးချိုရောဂါနဲ့ အဝလွန်သူများအတွက် သတင်းကောင်း 📢

မေတ္တာနန်း အထူးကုဆေးခန်းနဲ့ ဥက္ကလာ (ဆီးချိုနှင့် အဝလွန်ရောဂါ ကာကွယ်ကုသရေးစင်တာ) တို့ ပူးပေါင်းပြီး ဆီးချိုရောဂါနဲ့ အဝလွန်ပြဿနာများကို တိုင်ပင်ဆွေးနွှေး ပေးတော့မှာ ဖြစ်ပါတယ်။ ✨

အစီအစဉ်ကို ဇူလိုင်လ ၂၉ရက်နေ့မှာ အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

📅 နေ့ရက် : ၂၉.၇.၂၀၂၆

🕒 အချိန် : မနက် ၉နာရီ

ပါဝင်မယ့် အစီအစဉ်များကတော့

✅ ဆီးချို၊ ဟော်မုန်းနဲ့ အထွေထွရောဂါအထူးကုသမားတော်ကြီး တွဲဖက်ပါမောက္ခဒေါက်တာတင်နီလာဝင်းမှ ဆီးချိုလူနာများကို စမ်းသပ်ကြည့်ရှုပေးခြင်း

✅ ဆီးချိုကြောင့် ခြေထောက်ထိခိုက်မှုရှိမရှိ စစ်ဆေးပေးခြင်း

✅ အဝလွန်လူနာများအတွက် ဝိတ်ချနိုင်ရန် ဆွေးနွေးပေးခြင်း

✅ 𝐈𝐧𝐁𝐨𝐝𝐲 𝐌𝐚𝐜𝐡𝐢𝐧𝐞 နဲ့ ကြွက်သားထု၊ အဆီထု တွက်ချက်ပေးခြင်း

✅ ဆီးချိုလူနာများကို 𝐑𝐁𝐒 နဲ့ 𝐇𝐛𝐀𝟏𝐂 အခမဲ့စစ်ဆေးပေးခြင်း

✅ လက်ဆောင်များပေးခြင်းတို့ ပါဝင်ပါတယ်။

ဆီးချိုလူနာ၊ အဝလွန်ပြဿနာရှိသူများအနေနဲ့ ဆရာဝန်ကြီးနဲ့ ကိုယ်တိုင်တွေ့ဆုံမေးမြန်းနိုင်ပြီး လိုအပ်တဲ့ကုသမှုများ ခံယူနိုင်မှာ ဖြစ်တာကြောင့် ပြသလိုတယ်ဆိုရင် ဘိုကင်တင်နိုင်ပါတယ်ရှင်။ ✨

🏥 အထူးကုဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

🕒ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📱𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

“𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"
#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

မေတ္တာနန်း အထူးကုဆေးခန်းရှိ ဥက္ကလာဆီးချိုသွေးချိုနှင့် အဝလွန်ရောဂါ ကာကွယ် ကုသရေးစင်တာမှာ ရနိုင်တဲ့ ဝန်ဆောင်မှုများ✅ဆီးချ...
26/07/2026

မေတ္တာနန်း အထူးကုဆေးခန်းရှိ ဥက္ကလာဆီးချိုသွေးချိုနှင့် အဝလွန်ရောဂါ ကာကွယ် ကုသရေးစင်တာမှာ ရနိုင်တဲ့ ဝန်ဆောင်မှုများ

✅ဆီးချို၊ ဟော်မုန်းနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်း
✅ဆီးချိုကြောင့် ခြေထောက်ထိခိုက်မှု ရှိမရှိ စစ်ဆေးကုသပေးခြင်း
✅ဆီးချိုကြောင့် အမြင်အာရုံထိခိုက်မှု ရှိမရှိ စစ်ဆေးကုသပေးခြင်း
✅ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါများကို ရှာဖွေကုသပေးခြင်း
✅အဝလွန်သူများကို 𝐈𝐧𝐁𝐨𝐝𝐲 𝐌𝐚𝐜𝐡𝐢𝐧𝐞နဲ့ ကြွက်သားထု၊ အဆီထု စစ်ဆေးပေးခြင်း
✅ကျန်းကျန်းမာမာ ဝိတ်ချနိုင်ရန် ‌ဆွေးနွေးလမ်းညွှန်ပေးခြင်း

ဒီကုသမှုတွေကို (၂၉. ၇.၂၀၂၆) ရက်နေ့မှာစတင်တော့မှာဆိုတော့
ပြသလိုသူများအနေဖြင့်ကြိုတင်ဘိုကင်ယူနိုင်ပါပြီရှင်။ 📢

ဆီးချိုကြောင့် နောက်ဆက်တွဲရောဂါတွေ မဖြစ်စေဖို့၊ အဝလွန်ခြင်းကြောင့် ရောဂါတွေ ထပ်မတိုးစေဖို့ မေတ္တာနန်း အထူးကုဆေးခန်းက သင်နဲ့ အတူရှိနေပါတယ်။ ✨

🏥 အထူးကုဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

🕒ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📱𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

“𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"
#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

မေတ္တာနန်းအထူးကုဆေးခန်းမှာ ဆီးချိုသွေးချိုအထူးကုသမားတော်ကြီးနဲ့ ပြသနိုင်ပါပြီ 📢မကြာမီရက်များအတွင်း မေတ္တာနန်းအထူးကုဆေးခန...
25/07/2026

မေတ္တာနန်းအထူးကုဆေးခန်းမှာ ဆီးချိုသွေးချိုအထူးကုသမားတော်ကြီးနဲ့ ပြသနိုင်ပါပြီ 📢

မကြာမီရက်များအတွင်း မေတ္တာနန်းအထူးကုဆေးခန်း နဲ့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဥက္ကလာဆီးချိုနှင့် အဝလွန်ရောဂါ ကာကွယ်ကုသရေးစင်တာမှာ ဆီးချိုသွေးချိုအထူးကုသမားတော်ကြီးနဲ့ ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။

ကုသပေမယ့် ဆရာဝန်ကြီးကတော့

တွဲဖက်ပါမောက္ခဒေါက်တာတင်နီလာဝင်း

𝐌.𝐁.,𝐁.𝐒, 𝐌.𝐌𝐞𝐝.𝐒𝐜 (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞)

𝐌𝐑𝐂𝐏 (𝐔𝐊), 𝐅𝐑𝐂𝐏 (𝐄𝐝𝐢𝐧𝐛𝐮𝐫𝐠𝐡)
𝐃𝐫.𝐌𝐞𝐝.𝐒𝐜 (𝐄𝐧𝐝𝐫𝐢𝐧𝐨𝐥𝐨𝐠𝐲)

ဆီးချို၊ ဟော်မုန်းနှင့် အထွေထွေရောဂါအထူးကုသမားတော်ကြီးဖြစ်ပါတယ်။

ဖွင့်ပွဲ နေ့မှာ အထူးအစီအစဉ်များ ရှိတာကြောင့် စောင့်ကြည့်ပေးကြပါဦးနော်။

🏥 အထူးကုဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

🕒ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📱𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

“𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"
#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

မေတ္တာနန်း အထူးကုဆေးခန်း 𝐗 ဥက္ကလာ ဆီးချိုနှင့် အဝလွန်ရောဂါ ကာကွယ်ကုသရေးစင်တာဆီးချိုရောဂါနဲ့ အဝလွန်နေသူများအတွက် သတင်းကော...
25/07/2026

မေတ္တာနန်း အထူးကုဆေးခန်း 𝐗 ဥက္ကလာ ဆီးချိုနှင့် အဝလွန်ရောဂါ ကာကွယ်ကုသရေးစင်တာ

ဆီးချိုရောဂါနဲ့ အဝလွန်နေသူများအတွက် သတင်းကောင်း . . . 📢

မကြာခင်ရက်ပိုင်းအတွင်းမှာ မေတ္တာနန်း အထူးကုဆေးခန်း နှင့် ဥက္ကလာ(ဆီးချိုနှင့် အဝလွန်ရောဂါ ကာကွယ်ကုသရေးစင်တာ) တို့ ပေါင်းပြီး ဆီးချိုလူနာများနဲ့ အဝလွန်နေသူများကို သီးသန့်ကုသမှုပေးတော့မှာ ဖြစ်ပါတယ်။ ✨

ဆီးချို၊ ဟော်မုန်းနှင့် အထွေထွေရောဂါအထူးကုသမားတော်ကြီး

တွဲဖက်ပါမောက္ခဒေါက်တာတင်နီလာဝင်း ကိုယ်တိုင် စမ်းသပ်ကြည့်ရှုပေးမှာဖြစ်ပြီး

ရနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့

✅ဆီးချိုသွေးချိုကုသပေးခြင်း
✅ဆီးချိုစစ်ဆေးပေးခြင်း
✅ဆီးချိုကြောင့် ခြေထောက်ထိခိုက်ခြင်းရှိမရှိ စစ်ဆေးပေးခြင်း
✅ဆီးချိုကြောင့် အမြင်အာရုံထိခိုက်မှုရှိမရှိ စစ်ဆေးပေးခြင်း
✅အဝလွန်လူနာများကို ကြွက်သားထု၊ အဆီထုတိုင်းတာပေးခြင်း စတာတွေကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

မကြာခင်ရက်အတွင်းမှာ ဖွင့်ပွဲပြုလုပ်ပြီး အခမဲ့ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များနဲ့ လူနာများစတင်ကြည့်ပေးမယ့် အစီအစဉ်များ ရှိတာကြောင့် 𝐩𝐚𝐠𝐞 ကို 𝐬𝐞𝐞 𝐟𝐢𝐫𝐬𝐭 လုပ်ထားပါဦးနော်။

🏥 အထူးကုဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

🕒ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📱𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

“𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"
#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

အန္တရာယ်ရှိတဲ့ မူးနည်း (၅)မျိုး 🚨ခေါင်းမူးတာကို လူတိုင်းကြုံဖူးမှာပါ။ ဥပမာ ရိပ်ခနဲ ရိပ်ခနဲ မူးတာ၊ မိုက်ခနဲ မူးတာ၊ ချာချာ...
20/07/2026

အန္တရာယ်ရှိတဲ့ မူးနည်း (၅)မျိုး 🚨

ခေါင်းမူးတာကို လူတိုင်းကြုံဖူးမှာပါ။ ဥပမာ ရိပ်ခနဲ ရိပ်ခနဲ မူးတာ၊ မိုက်ခနဲ မူးတာ၊ ချာချာလည်အောင် မူးတာ စတာဖြင့် အမျိုးမျိုးကြုံနိုင်ပါတယ်။ ခေါင်းမူးတာမှာ အန္တရာယ်မရှိတဲ့ ခေါင်းမူးခြင်းလည်း ရှိသလို အန္တရာယ်ရှိတဲ့ ခေါင်းမူးခြင်းလည်း ရှိပါတယ်။ 👨‍🏫

ခေါင်းမူးတာနဲ့ အောက်ပါ လက္ခဏာတွေနဲ့ တွဲဖြစ်ရင်တော့ အန္တရာယ်ရှိတာကြောင့် ဆေးရုံဆေးခန်းအမြန်ဆုံးသွားဖို့ လိုပါတယ်။ ဘယ်လိုလက္ခဏာတွေလည်းဆိုတော့

♦️ရုတ်တရက် အမြင်ဝါးလာခြင်း
♦️ရုတ်တရက် စကားပြောဖို့ခက်ခဲခြင်း
♦️ကိုယ်တစ်ခြမ်း မလှုပ်နိုင်ခြင်း
♦️လမ်းလျှောက်ရင် ယိုင်နေခြင်း
♦️သတိလစ်ချင်သလို ခံစားရခြင်း
♦️ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း
♦️နားအူခြင်း၊ နားမကြားရခြင်း စတာတွေနဲ့ တွဲဖြစ်နေရင် သတိထားသင့်ပါတယ်။

ဒီလက္ခဏာတွေက ဦးနှောက်အနောက်ပိုင်း လေဖြတ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာကြောင့် အမြန်ဆုံးဆေးကုသဖို့ လိုပါတယ်။

လေ့လာချက်တွေအရ လေဖြတ်ခြင်းရဲ့ ၃.၆% က ခေါင်းမူးခြင်းနဲ့ လာတတ်ပါတယ်။ ခေါင်းမူးတိုင်း လေဖြတ်တာတော့ မဟုတ်ပေမယ့် ခေါင်းမူးတာနဲ့ အထက်ပါလက္ခဏာနဲ့ တွဲနေရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးပြသဖို့ လိုပါတယ်။ 🚨

ခေါင်းမူးခြင်းကိုကုသဖို့ မေတ္တာနန်းက သမားတော်များနဲ့ ပြသနိုင်ပါတယ်။ ပြသနိုင်တဲ့ သမားတော်များကတော့
🧑‍⚕️ဒေါက်တာတေဇာချမ်းမင်း (စနေ၊ တနင်္ဂနွေ မနက်ပိုင်း)
👩‍⚕️ဒေါက်တာသိမ့်သိမ့်သက်
🧑‍⚕️ ဒေါက်တာရူပါဌေးနိုင် (နေ့စဉ် ညနေပိုင်း - ၅ နာရီ) တို့ဖြစ်ကြပြီး ကြိုတင်ရက်ချိန်းယူဖို့လိုပါတယ်။

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📲 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📲𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

"𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

နမိုးနီးယားအဆုတ်ရောင်ရောဂါရဲ့ အဓိကလက္ခဏာများ 🚨မြန်မာနိုင်ငံလို ကူးစက်ရောဂါများတဲ့နိုင်ငံ၊ ဆေးလိပ်သောက်သူများတဲ့နိုင်ငံမှ...
17/07/2026

နမိုးနီးယားအဆုတ်ရောင်ရောဂါရဲ့ အဓိကလက္ခဏာများ 🚨

မြန်မာနိုင်ငံလို ကူးစက်ရောဂါများတဲ့နိုင်ငံ၊ ဆေးလိပ်သောက်သူများတဲ့နိုင်ငံမှာဆိုရင် နမိုးနီးယားအဆုတ်ရောင်ရောဂါက အဖြစ်အများဆုံး အဆုတ်ရောဂါထဲမှာ ပါနေပါတယ်။ 👨‍🏫

နမိုးနီးယားအဆုတ်ရောင်ရောဂါက များသောအားဖြင့် ဘတ်တီးရီးယားတွေကြောင့်ဖြစ်တတ်ပြီး ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သေသေချာချာသောက်ဖို့ လိုပါတယ်။ 👨‍🏫

နမိုးနီးယားအဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေကတော့
♦️ဖျားခြင်း
♦️ချောင်းဆိုးခြင်း
♦️မောခြင်း
♦️နုံးခြင်း
♦️ပျို့အန်ခြင်း
♦️ဝမ်းလျှောခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

ပိုပြီးသေချာစေဖို့ ရင်ဘတ်ဓာတ်မှန်ရိုက်ဖို့ လိုပါတယ်။

နမိုးနီးယားအဆုတ်ရောင်ရောဂါက သေချာကုသရင် ပျောက်ကင်းတယ်ဆိုပေမယ့်
♦️အသက် ၆၅နှစ်အထက် လူကြီးတွေ
♦️အသက် ၂နှစ်အောက် ကလေးငယ်တွေ
♦️ကိုယ်ခံအားမကောင်းသူတွေ
♦️ရောဂါအခံရှိသူတွေဆိုရင် ပြင်းထန်ပြီး အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။

ဒါကြောင့် နမိုးနီးယားအဆုတ်ရောင်ဝေဒနာခံစားရသူတွေက အန္တရာယ်ရှိလက္ခဏာတွေဖြစ်တဲ့
♦️ရင်ဘတ်အောင့်တာ
♦️ချောင်းဆိုးသွေးပါတာ
♦️အသက်ရှူရခက်တာ
♦️သတိမကောင်းတာ
♦️အဖျားလုံးဝမကျတာ
ချောင်းဆိုးမသက်သာတာမျိုးတွေ ရှိတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းမှာ အမြန်ဆုံးသွားရောက်ကုသသင့်ပါတယ်။

နမိုးနီးယားအဆုတ်ရောင်ရောဂါက ကုသလို့ရတယ်ဆိုပေမယ့် အသိနောက်ကျရင် ဒါမှမဟုတ် သေသေချာချာ ကုသမှုမခံယူရင် အသက်အန္တရာယ်ဖြစ်တတ်တာကြောင့် အန္တရာယ်ရှိလက္ခဏာတွေကို စောင့်ကြည့်ပြီး အချိန်မီကုသဖို့ တိုက်တွန်းချင်ပါတယ်။ 🚨

နမိုးနီးယားအဆုတ်ရောင်ရောဂါကိုကုသဖို့ မေတ္တာနန်းက သမားတော်များနဲ့ ပြသနိုင်ပါတယ်။ ပြသနိုင်တဲ့ သမားတော်များကတော့
🧑‍⚕️ဒေါက်တာတေဇာချမ်းမင်း (စနေ၊ တနင်္ဂနွေ မနက်ပိုင်း)
👩‍⚕️ဒေါက်တာသိမ့်သိမ့်သက်
🧑‍⚕️ ဒေါက်တာရူပါဌေးနိုင် (နေ့စဉ် ညနေပိုင်း - ၅ နာရီ) တို့ဖြစ်ကြပြီး ကြိုတင်ရက်ချိန်းယူဖို့လိုပါတယ်။

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📲 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📲𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

"𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

လေဖြတ်တာနဲ့ လေဖြန်းတာ ဘာကွာသလဲ 👨‍🏫လေဖြတ်တာနဲ့ လေဖြန်းတာက တူသလိုလိုနဲ့ တကယ်တော့ မတူပါဘူး။ 👨‍🏫လေဖြတ်တယ်ဆိုတာက ♦️ဦးနှောက်က...
14/07/2026

လေဖြတ်တာနဲ့ လေဖြန်းတာ ဘာကွာသလဲ 👨‍🏫

လေဖြတ်တာနဲ့ လေဖြန်းတာက တူသလိုလိုနဲ့ တကယ်တော့ မတူပါဘူး။ 👨‍🏫

လေဖြတ်တယ်ဆိုတာက

♦️ဦးနှောက်ကို ထောက်ပံ့ပေးနေတဲ့ သွေးကြော ပိတ်သွားတာ ဒါမှမဟုတ် ပေါက်သွားတာပါ။
♦️ကိုယ်လက်မလှုပ်နိုင်တာ၊ စကားမပြောနိုင်တာ၊ အမြင်အာရုံထိခိုက်တာ၊ မျက်နှာရွဲ့တာ၊ အစာမမျိုချနိုင်တာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ 🚨
လက္ခဏာတွေက အလိုအလျောက် ပြန်မကောင်းပါဘူး။

သေချာဆေးကုသမှု ခံယူပြီး နောက်ထပ် မဖြစ်အောင် ကာကွယ်ရပါတယ်။ ကိုယ်လက်မသန်စွမ်းမှုကို သက်သာစေဖို့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။
လေဖြန်းတယ်ဆိုတာက
♦️ဦးနှောက်သွေးကြောယာယီပိတ်တာပါ။
♦️လေဖြတ်တာနဲ့ လက္ခဏာတူပါတယ်။ များသောအားဖြင့် ကိုယ်လက်မလှုပ်နိုင်တာ၊ စကားမပြောနိုင်တာတွေ ဖြစ်တတ်ပါတယ်။
လက္ခဏာတွေက နာရီပိုင်းအတွင်း ပြန်ကောင်းပါတယ်။

(ဒီနေရာမှာ တချို့က နှိပ်လိုက်လို့၊ ဆေးထိုးလိုက်လို့ ကောင်းသွားတယ်လို့ ထင်ကြပါတယ်။ ဒါက မဟုတ်ပါဘူး။ ရောဂါရဲ့ သဘာဝအရ ဘာမှမလုပ်လည်း ပြန်ကောင်းပါတယ်။)

♦️ လေဖြန်းတာက လေဖြတ်တော့မယ်ဆိုတဲ့ လက္ခဏာပါ။ လေဖြန်းတာကို သေချာမကုရင် လေဖြတ်သွားနိုင်ပါတယ်။
လေဖြတ်တဲ့အခါ လူတိုင်းက ကြောက်ကြပါတယ်။ ဒါကြောင့် ဆေးရုံဆေးခန်းသွားပြီး ကုသမှု ခံယူကြပါတယ်။

လေဖြန်းတာကတော့ ပြန်ကောင်းတဲ့အတွက် မကြောက်ကြပါဘူး။ သေသေချာချာ မကုသကြပါဘူး။ တကယ်တမ်းက လေဖြန်းတာကလည်း လေဖြတ်တာနည်းတူ ကြောက်ဖို့ ကောင်းပါတယ်။ 🚨

လေဖြတ်တဲ့ လူနာတွေရဲ့ ၁၂ % က လေဖြန်းဖူးကြပါတယ်။ ဒါ့ပြင် လေဖြန်းထားတဲ့လူနာ ၅ယောက်မှာ ၁ယောက်က ရက် ၉၀အတွင်းမှာ လေဖြတ်တတ်ပါတယ်။ ဒါကြောင့် လေဖြန်းပြီး ကိုယ်လက်တွေ ပြန်လှုပ်နိုင်တယ်ဆိုရင်တောင် ဆရာဝန်နဲ့ ပြသပြီး သေချာကုသဖို့ လိုပါတယ်။ 🚨

ဆရာဝန်နဲ့ ပြသပြီး လေဖြတ်နိုင်တဲ့ အချက်တွေကို ကုသထားမှ နောင်အခါမှာ လေဖြတ်နိုင်ခြေ၊ ကိုယ်လက်မသန်စွမ်းဖြစ်နိုင်ခြေ လျော့နည်းမှာ ဖြစ်ပါတယ်။ ✅

လေဖြတ်၊ လေဖြန်းစေနိုင်တဲ့အချက်တွေကို ကြိုတင်ကုသဖို့ မေတ္တာနန်းက သမားတော်များနဲ့ ပြသနိုင်ပါတယ်။ ပြသနိုင်တဲ့ သမားတော်များကတော့
🧑‍⚕️ဒေါက်တာတေဇာချမ်းမင်း (စနေ၊ တနင်္ဂနွေ မနက်ပိုင်း)
👩‍⚕️ဒေါက်တာသိမ့်သိမ့်သက်
🧑‍⚕️ ဒေါက်တာရူပါဌေးနိုင် (နေ့စဉ် ညနေပိုင်း - ၅ နာရီ) တို့ဖြစ်ကြပြီး ကြိုတင်ရက်ချိန်းယူဖို့လိုပါတယ်။

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📲 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📲𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

"𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

သွေးတိုးတတ်သူများ ဒီလက္ခဏာတွေ သတိထား 🚨သွေးတိုးတာက အင်မတန် အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ အရင်က ဘိုးဘိုးဘွားဘွားတွေမှာပဲ ဖြစ်...
11/07/2026

သွေးတိုးတတ်သူများ ဒီလက္ခဏာတွေ သတိထား 🚨

သွေးတိုးတာက အင်မတန် အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ အရင်က ဘိုးဘိုးဘွားဘွားတွေမှာပဲ ဖြစ်တတ်ပေမယ့် အခုဆိုရင် လူလတ်ပိုင်းတွေမှာပါ ဖြစ်လာပါပြီ။ သွေးတိုးရောဂါက

✅ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို ပုံမှန်သောက်မယ်
✅အစားအသောက်ဆင်ခြင်မယ်
✅ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်
✅ဆေးပုံမှန်စစ်မယ်ဆိုရင် သာမန်လူတွေလိုပဲ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

သွေးတိုးရောဂါက လက္ခဏာ မပြတာကြောင့် အန္တရာယ်မရှိဘူးလို့ ထင်ကြပေမယ့် တကယ်တမ်း ဖြစ်လာပြီဆိုရင် အသက်အန္တရာယ်ရှိတတ်ပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါရှင်တွေက သွေးပေါင်ချိန် 𝟏𝟖𝟎/𝟏𝟐𝟎 𝐦𝐦𝐇𝐠 နဲ့အထက် တက်လာပြီး
♦️သတိမကောင်းတာ
♦️ရင်ဘတ်အောင့်တာ
♦️ပြင်းပြင်းထန်ထန်ခေါင်းမူးတာ
♦️ခြေထောက်ဖောတာ
♦️အမောဖောက်တာ
♦️ဆီးနည်းသွားတာ
♦️တက်တာ
♦️ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ
♦️လေဖြတ်တာ
♦️ရုတ်တရက် အမြင်ဝါးတာတွေ ကြုံလာရပြီဆိုရင် သွေးတိုးရောဂါရဲ့ အရေးပေါ်အခြေအနေဖြစ်နေပါပြီ။

ဒါဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းကိုသွားပြီး အမြန်ဆုံးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ သံပုရာသီးစေ့စားတာ၊ အိမ်က သွေးပေါင်ကျဆေး ထပ်သောက်တာတွေ မလုပ်သင့်ပါဘူး။ အချိန်နဲ့အမျှ အရေးကြီးတာဖြစ်လို့ နီးစပ်ရာဆေးရုံဆေးခန်းကို သွားပြီး ကုသတာက အသက်အန္တရာယ်ကို နည်းစေမှာပဲ ဖြစ်ပါတယ်။🚨

ဒီလိုမျိုး သွေးတိုးအရေးပေါ် အခြေအနေက သွေးတိုးကျဆေးကို သေချာမသောက်သူတွေ၊ ဆေးလုံးဝမသောက်သူတွေမှာ ဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ ပြသပြီး မိမိနဲ့ သင့်တော်ရာဆေးကို ပုံမှန်သောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မေတ္တာနန်းအထူးကုဆေးခန်းတွင်လည်း သွေးတိုးရောဂါအတွက် သမားတော်များနှင့် တိုင်ပင်ဆွေးနွေးပြသနိုင်ပါတယ်။ပြသနိုင်တဲ့သမားတော်များကတော့..........

🧑‍⚕️ဒေါက်တာတေဇာချမ်းမင်း (စနေ၊ တနင်္ဂနွေ မနက်ပိုင်း)
👩‍⚕️ဒေါက်တာသိမ့်သိမ့်သက်
🧑‍⚕️ ဒေါက်တာရူပါဌေးနိုင် (နေ့စဉ် ညနေပိုင်း - ၅ နာရီ) တို့ဖြစ်ကြပြီး ကြိုတင်ရက်ချိန်းယူဖို့လိုပါတယ်။

သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲအန္တရာယ်တွေ မဖြစ်စေဖို့ မေတ္တာနန်းအထူးကုဆေးခန်း ကူညီပေးပါရစေ။ ✨

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📲 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📲𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

"𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

ဆေးမှန်ရင် ချက်ချင်းသက်သာပြီး ဆေးမှားရင် နှစ်ဆပွားတဲ့ အရေပြားပြဿနာ 🚨🧑‍🏫 ခန္ဓာကိုယ်မှာ အကွက်လေးတွေ ပေါ်နေတယ်၊ ဘေးအိမ်က သူ...
07/07/2026

ဆေးမှန်ရင် ချက်ချင်းသက်သာပြီး ဆေးမှားရင် နှစ်ဆပွားတဲ့ အရေပြားပြဿနာ 🚨

🧑‍🏫 ခန္ဓာကိုယ်မှာ အကွက်လေးတွေ ပေါ်နေတယ်၊ ဘေးအိမ်က သူ့တုန်းက ဒါလိမ်းတာ သက်သာတယ်၊ လိမ်းလိုက်ဆိုလို့ လိမ်းလိုက်တယ် . . .

🤔 အသားတွေ ယားနေတယ်၊ အိမ်က အမေ ယားရင် လိမ်းနေကျ ဆေးလေး လိမ်းလိုက်တယ် . . .

🌸 ပွေးလား၊ ဘာလား မသိဘူး။ ကြော်ငြာထဲမှာ ဆေးတွေလိမ်းလိုက်မယ် . . .

ဒီလိုမျိုး အကျင့်တွေရှိနေပြီဆိုလျှင် ရပ်လိုက်ဖို့ အကြံပြုချင်ပါတယ်။

🧑‍🏫 အရေပြားရောဂါက ကုရတာ အင်မတန် အနုစိတ်ပြီး ရောဂါနာမည်တပ်ရတာလည်း ခက်ပါတယ်။ သာမန်လူအနေနဲ့ အကွက်လေးပဲ၊ အဖုလေးပဲ ဆိုပေမယ့် ဖြစ်နိုင်တဲ့ ရောဂါတွေက အများကြီး ရှိပါတယ်။

ဆရာတို့အနေနဲ့ အရေပြားရောဂါရှင်သူတွေကို ကုသတဲ့အခါ ကြုံရတတ်တဲ့ အခက်အခဲတွေကတော့

♦️ အနာတခြား ဆေးတခြားလိမ်းခြင်း (ဥပမာ ဖြစ်တာက အရေပြားမှို လိမ်းတာက ပိုးသတ်ဆေး)
♦️ ရောဂါကို ပိုဆိုးစေတဲ့ ဆေးတွေ မှားလိမ်းမိခြင်း (ဥပမာ အရေပြားမှိုရောဂါမှာ စတီးရွိုက်ဆေးတွေ လိမ်းမိခြင်း)
♦️ ဆေးပေါင်းစုံလိမ်းလာတာကြောင့် နဂိုရောဂါက ရုပ်ပျက်ပြီး နောက်ထပ် အရေပြားရောဂါ အသစ်ထပ်ဖြစ်လာခြင်း (တစ်ခါတလေ နဂိုရောဂါက အဲ့လောက်မဆိုးပါဘဲ၊ ဆေးတွေ မှားလိမ်းလာလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲရောဂါက ပိုဆိုးနေခြင်း) ဒါတွေ ကြုံရပါတယ်။
♦️ အရေပြားရောဂါက အပေါ်ယံပဲ ဖြစ်တာဆိုပေမယ့် အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာပါ။ အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တာမျိုး၊ အရေပြားပျက်စီးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဆရာတို့အနေနဲ့ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ စတီးရွိုက်အပြင်းစားတွေကို လိမ်းပြီး ဒုက္ခရောက်သွားတဲ့လူနာတွေ အများကြီးကို တွေ့ဖူးတာကြောင့် ဒီလိုမျိုး သတိပေးရတာပဲ ဖြစ်ပါတယ်။

အရေပြားရောဂါတွေက ဆေးမှန်ရင် ချက်ချင်းသိသာပေမယ့် ဆေးမှားရင် နှစ်ဆပွားပြီး ဒုက္ခရောက်တတ်တာကြောင့် မပေါ့ဆဘဲ အရေပြားဆရာဝန်နဲ့ သေသေချာချာပြပြီးမှ ဆေးလိမ်းဖို့ အကြံပြုချင်ပါတယ်။

📅 မေတ္တာနန်းမှာ အရေပြားဆရာဝန်များနဲ့ ပြသနိုင်ပြီး ကြိုတင်ရက်ချိန်းယူဖို့လိုပါတယ်။ အရေပြားရောဂါအမျိုးမျိုးအတွက် စိတ်အေးရစေဖို့ မေတ္တာနန်းအထူးကုဆေးခန်းက ကူညီပါရစေ ✨

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📲 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📲𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

"𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

Address

No. 590, Bo Saw Naung Street, 9 Ward, East Dagon Township
Yangon

Website

Alerts

Be the first to know and let us send you an email when Metta Nann Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share