Dr Nay Aung - Life & Spiritual Coach

Dr Nay Aung - Life & Spiritual Coach Dr. Nay Aung is a spiritual coach and author. He starts his self-realization journey from 2002 !

ဘဝရဲ့ အနှစ်သာရ ဖြစ်တဲ့ ငြိမ်းချမ်းသော ပျော်ရွှင်မှု ၊ စစ်မှန်သော ပျော်ရွှင်မှု ၊ တည်မြဲသော ပျော်ရွှင်မှု ကို ရှာဖွေချင်ရ...
28/02/2026

ဘဝရဲ့ အနှစ်သာရ ဖြစ်တဲ့ ငြိမ်းချမ်းသော ပျော်ရွှင်မှု ၊ စစ်မှန်သော ပျော်ရွှင်မှု ၊ တည်မြဲသော ပျော်ရွှင်မှု ကို ရှာဖွေချင်ရင် လာမယ့် တနင်္ဂနွေနေ့မှာ ၉ နာရီ အရောက်လာခဲ့ပါ။

Registration fees - Your valuable time
တက်ရောက်မည့်သူများ မဖြစ်မနေ ကြိုတင် register လုပ်ရန် လိုပါသည်။
RSVP - 09423725452, 09963845415

ယုန် နှင့် လိပ် ပုံပြင်ကျွန်တော် အခု ပြောမယ့် အကြောင်းက လူတော်တော်များများ သိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြောပြမယ့် ...
20/02/2026

ယုန် နှင့် လိပ် ပုံပြင်

ကျွန်တော် အခု ပြောမယ့် အကြောင်းက လူတော်တော်များများ သိပြီးသား ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြောပြမယ့် ပုံစံလေးက ကျွန်တော်တို့ ရဲ့ ဘဝ တိုးတက်ရေး နဲ့ ပတ်သက်ဆက်နွယ်ပြီးတော့ တင်ပြပေးသွားပါ့မယ်။ သိပြီးသားဖြစ်နေလည်း သည်းခံပေးကြပါ။

ကျွန်တော်တို့ ငယ်ငယ်လေးကတည်း ယုန် နဲ့ လိပ် ပုံပြင် ကြားဖူးပြီးသားပါ။ ကျွန်တော်ဆို မှတ်မှတ်ရရ ဒုတိယတန်းမှာ သင်ပါတယ်။ အဲဒီ တုန်း က ၁၉၈၈ မှာဆိုတော့ ၂ နှစ် တက်လိုက်ရတယ်။ ယုန် ဟာ အင်မတန် အပြေးမြန်တယ်။ လိပ်က အင်မတန် နှေးကွေးတယ်။ ဒါပေမယ့်လည်း မာန်တက်ပြီး လမ်းတစ်ဝက်မှ အိပ်လိုက်ပါတယ် ဆိုတဲ့ ယုန် ကို ဇွဲလုံ့လ ဝီရိယ နဲ့ တောက်လျှောက် တစ်ဖြည်းဖြည်း လာခဲ့တဲ့ လိပ်ကလေးဟာ နေုာက်ဆုံး အနိုင်ရသွားပါတော့တယ်။ ဒီဟာ လေးက ကြည့်လိုက်ရင် ဘာမှ မဟုတ်သလိုပါပဲ။ ဒါပေမယ့် အလွန် အရေးကြီးတဲ့ အချက်တွေ အများကြီး ပါနေတယ်။

ကျွန်တော်တို့ဟာ ဘဝ မှာ အရမ်း အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ

၁။ ယုန်လို အင်မတန်မှ စိတ်အားထက်သန်ပြီး စခဲ့တဲ့ အလုပ်ကို အပြီးသတ်ထိ မလုပ်ကြပါ။

၂။ အစကောင်းခဲ့တယ် လို့ ပြောလို့ရပေမယ့် အဆုံးသတ်ဖို့ ဆိုတာ စိတ်အားထက်သန်မှု တစ်ချိန်လုံး ရှိနေဖို့ရယ်။ အဲဒီလို ရှိနေဖို့ ဘယ်လိုတွေ ကိုယ့်ကိုယ် ကို ပြင်ဆင်ရမယ် ဆိုတာ သိနေဖို့ လိုပါတယ်။

၃။ လိပ်ကလေးရဲ့ ထုံးကို နှလုံးမှုပြီး မပြတ်သော ဇွဲလုံ့လ နဲ့ မကြိုးစားဖြစ်ကြ။ တစ်ယောက်ယောက်က မြှောက်ပေးလို့သာ တစ်ခုခု စဖြစ်သွားတယ်။ သေသေချာချာ သိလို့ စခဲ့တာမျိုး မဟုတ်တဲ့ အတွက် ခရီးဆက်ရမှာကို တွန့်ဆုတ်သွားကြတာ များပါတယ်။

၄။ ယုန်ဟာ နားလိုက်လို့ အိပ်လိုက်လို့ ရှုံးသွားရတယ် ဆိုတာထက် အလွန်အကျွံ့ နားလိုက်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆိုလိုချင်တာက ဘဝ ဟာ အလုပ် နှင့် နားချိန်ဟာ Balance ချိန်သား ညီနေရပါ့မယ်။ တစ်ဖက် စောင်းနင်း ဖြစ်ရင် လုပ်တာက တစ်နာရီ နားနေတာ တစ်ရက်လုံးဆိုရင် သဘာဝ မကျတော့ပါဘူး။

ဒီလိုနဲ့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ ယုန် နဲ့ လိပ်ကလေး ဇာတ်လမ်း နောက်ဆက် တွဲတွေ ရှိတယ် ဆိုတာ ကို အသက်ကြီးလာတော့ သိလိုက်ရတယ်။

ဒုတိယ ပြိင်ပွဲ

ပထမ ပွဲမှာ ရှုံးလိုက်တဲ့ ယုန်ဟာ မကျေမနပ် နဲ့ လိပ် ကို ပြန် စိန်ခေါ်ပါတယ်။ လိပ်ကလည်း သဘောတူလိုက်တယ်။

ဒီတစ်ခေါက်တော့ ယုန်က နပ်သွားပြီလေ။ မအိပ်တော့ဘူး။ ဒီတော့ လိပ်ကို နိုင်ပြီပေါ့။ အစွမ်းကုန် အားသုံးပြီး ပန်းတိုင်ကို ရအောင် ဝင်သွားခဲ့တယ်။ ပြီးတော့ ပန်းတိုင် ဝင်ပြီးမှ အိပ်ရင်း နဲ့ လိပ်ကို စောင့်တယ်။

ဒီမှာ သင်ခန်းစာ ယူစရာလေးတွေ ရှိပါတယ်။

၁။ ဘဝ ဆိုတာ ဆက်တိုက် လျှောက်နေရတာ ဖြစ်တယ်။ တစ်ခါ ရှုံးဘူး လို့ ဘာမှ ဖြစ်မသွားဘူး။ ကျွန်တော့် အမေ ကျွန်တော့်ကို အမှတ်နည်းတိုင်း ပြောတဲ့ စကားလိုပေါ့။ သူရဲကောင်းဆိုတာ ဒဏ်ရာ ဒဏ်ချက် ရှိရတယ် တဲ့။ ဒါပေမယ့် ဘယ်လို ပြန်ထ မလဲ ဆိုတာ ရယ်။ ဘယ်လောက် မြန်မြန် ထ မလဲ ဆိုတာရယ် ကသာ အဓိကပါ။ ယုန်ဟာ ရှုံးလိုက်ပေမယ့် အလျော့မပေးပါဘူး။ ကျွန်တော်တို့ကော ယုန်လို ပဲလား။ ဒါမှ မဟုတ် တစ်ခါရှုံးပြီးရင် ဆက်မလုပ်ကြတော့တဲ့ သူတွေလား ဆိုတာ ကိုယ့်ကိုယ် ကို သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ရှုံးတဲ့ အခါ ကိုယ့်ကိုယ်ကို ပြောရမယ့် စကားက " ပွဲ မပြီးသေးဘူး " ဆိုတာပါပဲ။

၂။ လိပ်ဟာ ဒီတစ်ခေါက်မှာ သူ ရှုံးလောက်ပြီ ဆိုတာကို သိတယ်။ ဒါပေမယ့်လည်း မလျော့ဘူး။ တော်ရုံ တန်ရုံ လူတွေ ဟာ တစ်ခါပဲ ကံကောင်း တတ်ကြပါတယ်။ ဒါပေမယ့် နောက်တစ်ခါ ပြန် ပြိုင်ဖို့ ကို သူ သဘောတူလိုက်တယ်။ ဒါဟာ သူ့ရဲ့ စိတ်ဓါတ်ကို ပြတာပါပဲ။ တစ်ချို့ကပြောမယ် ရှုံးမယ်မှန်းသိနေမှတော့ ပြိုင်မနေပါနဲ့တော့ ဆိုပြီး။ ဒါပေမယ့် သူအတွက်တော့ သိက္ခာ ပိုင်းဆိုင်ရာ ဖြစ်နေပါတယ်။ သူ ကံကောင်းလို့ နိုင်သွားတယ် လို့ အပြော မခံနိုင်ဘူး။ သူ့ရဲ့ နောင်လာ နောက်သားတွေကို ပြောစမှတ် အဖြစ် မခံနိုင်ဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့ ဘဝမှာ ဒါမျိုးတွေ ကြုံရပါတယ်။ ပြိုင်ပွဲ ဆိုတာ ယှဉ်ပြိုင်ခြင်းသား အဓိက ဆိုတဲ့ စိတ်ဓါတ်ကို နှလုံးသွင်းတတ်ဖို့ လိုပါသေးတယ်။

၃။ လိပ်ကလေး အနေနဲ့ ဒီ မှာ မှားသွားတဲ့ အချက် ကတော့ ယုန်ဟာ နောက်တစ်ခါလည်း ဒီလိုပဲ ပျင်းကြောဆွဲနေလိမ့်လို ထင်လိုက်တာပါပဲ။ လျော့တွက် လိုက်တာပါပဲ။ ဒါကြောင့် လည်း ရှုံးသွားရတာပါ။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာလည်း ဘဝ မှာ အောင်မြင်မှု ရတဲ့အခါမှာ ပြိုင်ဖက်တွေကို လျော့တွက် ချင်လာတယ်။ ငါ ဆိုတဲ့ မာန်လေးတွေ ဝင်လာတယ်။ နောက်တစ်ခေါက်မှာ ပြိုင်ဖက်တွေဟာ အသေအကျေ ကြိုးစားကြမယ်လို့ မထင်ထားဘူး။ ဒါကြောင့် ပုံမှန်လေးပဲ နေလိုက်တယ်။ တကယ်တမ်းပြိုင်တော့ သူတို့က အဆပေါင်းများစွာ ကြိုးစားထားကြတော့ ကိုယ်က ရှုံးပါလေရော။ ဒါမျိ ုး မဖြစ်အောင် သတိထားပါ။

တတိယ ပြိုင်ပွဲ

ဒီတစ်ခေါက် လိပ်က ပြန်ပြီး ပြောသတဲ့။ ထပ်ပြိုင်ရအောင် ဆိုပြီး။ ဒါပေမယ့် ပြေးပွဲ ရဲ့ လမ်းကြောင်းကို သူ ကိုယ်တိုင် ရေးဆွဲတယ်။

ဒီတစ်ခေါက် လိပ်ကလေး ဆွဲ တဲ့ လမ်းကြောင်း မှာတော့ မြစ်ကလေး တစ်ခု ဖြတ်စီးနေသတဲ့။ အဲဒီတော့ ယုန်ကလေး က ဘယ်လောက်ပဲ အပြေးသန်ပေမယ့် ရေမကူးတတ်တဲ့ အခါ မြစ်ကို ဖြတ်ပြီး ပန်းတိုင်မဝင်နိုင်ဘူး ဖြစ်သွားတယ်။ အဲဒီ နေရာကို တတိတိ နဲ့ လာခဲ့တဲ့ လိပ်ကတော့ အသာလေး ရေကူးပြီး ပန်းတိုင်ကို ဝင်သွားပါတော့တယ်။ လိပ်ကလေး နိုင်သွားတာပေါ့။

ဒီ ပြိုင်ပွဲမှာ လည်း သင်ခန်းစာ ယူစရာတွေ အများကြီးပါ။

၁။ လိပ်က လည်း ရှုံးသာ သွားတာ အလျော့ မပေးဘူး။ သူ့ရဲ့ အားသာချက်ကို စဉ်းစားတယ်။ အကွက် ရအောင် ရွေ့တယ်။ ဒါ ဟာ အရမ်း အရေးကြီးပါတယ်။ မိမိရဲ့ အားသာချက် ဆိုတာ ရှိစမြဲပါ။ အဲဒါကို သေချာ ရှာဖွေရမယ် လူတိုင်းမှာ ကိုယ်စီ ကိုယ်စီ အရည် အချင်း ရှိပြီးသားပါ။ ငါးကို သစ်ပင် တက်ခိုင်းလို့ မရသလို မျောက်ကို ရေကူးခိုင်းပြီး အသုံးမကျဘူး ပြောလည်း အလကားပါ။ အားသာချက်ကို ရှာပါ။ သုံးပါ။ စိတ်ဓာတ်ကျစရာ မလိုပါဘူး။

၂။ ယုန်ဘက် ကြည့်ရင် ဒီတစ်ခေါက်တော့ ခံလိုက်ရတယ်။ သူ မထင်လိုက်ဘူး။ လိပ်ကို နိင်ပြီး တော့ နောက်တစ်ခေါက်မှာ လမ်းကျောင်း ရွေးဖို့ ပေးလိုက်တာ သူမှားသွားတယ်။ ဘဝ မှ ဘယ်တော့ မှ ပြိုင်ဘက် ကို အထင်မသေးပါနဲ့။ ဘယ်လောက် ပဲ ကိယ့်ဖက်က သေချာနေပါစေ။ တင်ကြို စဉ်းစားပါ။ ဘဝ ဆိုတာ အမြဲ ကြီး အပေါ်စီး အနိုင်ရမယ် လို့လည်း မတွက်ထားပါနဲ့။ အရှုံးကို အံတု ရင် ဆိုင် ဖြစ်ချင်တာ ကို ရအောင် ကြိုးစားရမည်မှာ ကိုယ့် တာဝန်ပင် ဖြစ်ပါတယ်။

စတုတ္ထ ပြိုင်ပွဲ

နောက်ဆုံး အနေ နဲ့ တစ်ခေါက် ဒီ ခရီးကို ပြိုင်ရအောင်ဆိုပြီး ယုန် နဲ့ လိပ် သဘောတူ လိုက်ကြတယ် တဲ့။ ဒီ တစ်ခေါက် တော့ နှစ်ယောက် က အတော်လေး တစ်ယောက် နဲ့ တစ်ယောက် ရင်းနှီး နေကြပြီ။ ခဏ ခဏ ပြိုင်နေကြတာကိုး။ မိတ်ဆွေ တွေ လို ဖြစ်သွားကြတဲ့ ယုန် နဲ့ လိပ်ဟာ တတိယ ပြိုင်ပွဲ က လမ်းကြောင်းမှာ မြစ် ကမ်းနဘေး ကို တူတူရောက် လာကြတယ်။ စကား တစ်ပြောပြောနဲ့။ တစ်ချို့ နေရာတွေ ကျတော့ ယုန်ကို လိပ်က အမီမလိုက်နိုင်လို့ ယုန်ကို လိပ်ကို ချီ ပြီး သွားတယ်။ သူတို့ ကြည့်ရတာ ပြိုင်နေတာ နဲ့ မတူတော့ဘူး။ မြစ်နား လည်း ရောက်ကော လိပ်က ပြောတယ်။ ငါ့ကျောပေါ်တက် ငါတို့ တူတူ ဟိုဖက်ကမ်းကို သွားမယ် ဆိုပြီး။ ဒါနဲ့ ယုန် က လိပ်ကျောကုန်းပေါ်တက်လိုက်တယ်။ ပြီးတော့ လိပ်က ရေကူးပြီး မြစ်ကို ဖြတ် ပြီး ဟိုဖက်ကမ်းမှာ ရှိတဲ့ ပန်းတိုင်ကို တူတူ ဝင်သွားကြတော့တယ်။ ဒီ ဟာလေးကို သေချာ စဉ်စားကြည့်ရအောင်နော်။

၁။ ကျွန်တော်တို့ တွေ အချင်းချင်း ပြိုင်နေကြတယ်။ ဒါပေမယ့် တကယ်တမ်းတော့ တစ်ယောက်ယောက် နဲ့ တစ်ယောက် သံသရာ တစ်ကွေ့မှာ ဘဝ တစ်ကွေ့မှာ ခဏတာ ဆုံကြရတဲ့ အနေအထားလေးတွေပါ။ အခြေအနေ အချိန်အခါ အရ ကျောင်းသား ဘဝ မှ အလုပ် မှာ ယှဉ်ပြိုင်ကြိုးစားရတယ် ဆိုပေမယ့်လည်း တစ်ယောက်ကို တစ်ယောက် ငြို ငြိင်နေစရာ မလိုပါဘူး။ သူကလည်း သူ့ တာဝန်အရ ကြိုးစားတယ်။ ကိုယ်လည်း ကိုယ့်တာဝန်အရ ကြိုးစားတယ်။ ဘယ်သူကပဲ နိုင်နိုင်…… သူနိင်သွားလို့ သူ့ကို မုန်းနေစရာ မလိုသလို ကိုယ်ရှုံးသွားလို့လည်း ကိုယ်က ညံ့တဲ့ စာရင်းထဲကို တစ်သက်လုံး ဝင်မသွားပါဘူး။ ဘဝ ဆိုတာ အချိန် အတိုင်းအတာ အများကြီး ရှင်သန်နေရတဲ့ အခါ စာမေးပွဲ တစ်ခု ပြိုင်ပွဲ တစ်ခု က ကိုယ့်ကို ဘယ်သူ ဆိုပြီး သတ်မှတ်ပေးတာ မဟုတ်ပါဘူး။

၂။ လူ အချင်းချင်း နိုင်ငံသားအချင်းချင်း ဆရာဝန် အချင်းချင်း မိသားစုဝင်အချင်းချင်း ကမ္ဘာသူ ကမ္ဘာသား အချင်းချင်း ဟာ ယှဉ်ပြိုင်နေရတယ် ဆိုပေမယ့် ကျွန်တော်တို့ အားလုံးဟာ တူတူ ခရီးဆက်ရမယ့် သူတွေပါပဲ။ တစ်ယောက်ကို တစ်ယောက် ရန်သူလို မမြင်ဘဲ အတူ လက်တွဲ ပြီး တစ်ယောက်ကို တစ်ယောက် ဖေးမ နိုင်တာကို နားလည်ထားရပါ့မယ်။

၃။ ယုန်က လည်း လိပ်က သူ့ကို ကုန်းပေါ်မှာ အမှီ မလိုက်နိုင်လို့ ချီမပြီး သွားသလို ရေထဲမှာ ယုန် အဆင်မပြေမှန်းသိလို့ လိပ်က ပြန် ထမ်းပိုးသွားတယ်။ ဒါကို ကြည့်ရင် ကျွန်တော်တို့တွေဟာ တစ်ဖက် မှာ အားသန်ပေမယ့် နေရာတိုင်းမှာ အစွမ်းသတ္တိရှိချင်မှ ရှိမယ်။ ဒီမှာ အရေးကြီးတာက Ego လို့ ခေါ်တဲ့ အတ္တ ငါအစွဲ ကို ရှေ့တန်းတင်မလား။ Ego ကို ကျော်ပြီး Success ကို တည်ဆောက်မလား။ Win Win Situation ဆိုတဲ့ နှစ်ဖက် စလုံး အောင်မြင်နိုင်တဲ့ လမ်းဟာ ဘယ်မှာ မဆို ရှိပါတယ်။ ဒါကို ရှာနိုင်တဲ့သူဟာ ဘဝမှာ တက် အောင်မြင်မဲ့ သူပါပဲ။

၄။ တစ်ခုရှိတာက ကိုယ်က Ego ဖျောက်နိုင်ပေမယ့် တစ်ဖက် က မဖျောက်နိုင်တာမျိုးဟရှိတတ်ပါတယ်။ စိတ်မပျက်ပါနဲ့။ ကိုယ်ဖက်က သာ စ ပါ။ တစ်ခြား သူက တစ်ချိန် မဟုတ် တစ်ချိန် နားလည် လာပါလိမ့်မယ်။ ပြောင်းလဲ လာပါလိမ့်မယ်။ လုံးဝ မပြောင်းလဲ တဲ့ သူလည်း ရှိနိုင်ပေမယ့် ရာခိုင်နှုန်း အားဖြင့် အလွန် နည်းပါလိမ့်မယ်။

လူတိုင်း သိတဲ့ ယုန် နဲ့ လိပ် ပုံပြင်ထဲ ကသင်ခန်းစာ တွေ ကို လက်တွေ့ အသုံးချရင်း ဘဝ ကို တိုးတက်အောင် ကြိုးစားကြပါစို့။

Photo Credit ::: Janardan Salkar

သင်ဆရာ မြင်ဆရာ ကြားဆရာများကို အစဉ် ဦးထိပ်ထားလျက် ………

Dr. Nay Aung
Life and Spiritual Coach

သင်ဟာ သင့်စိတ်ရဲ့ ကျွန်ဖြစ်​နေပြီလား။ Are you a slave to your mind ? မင်္ဂလာပါ။ သင်တို့ရဲ့ ဦးနှောက်ထဲမှာ သင်တို့ကို အမြဲ...
02/01/2026

သင်ဟာ သင့်စိတ်ရဲ့ ကျွန်ဖြစ်​နေပြီလား။
Are you a slave to your mind ?

မင်္ဂလာပါ။

သင်တို့ရဲ့ ဦးနှောက်ထဲမှာ သင်တို့ကို အမြဲစောင့်ရှောက်ပေးနေတဲ့ "ကိုယ်ရံတော်" တစ်ယောက်ရှိတယ်ဆိုတာ သင်သတိထားမိပါသလား။ အဲ့ဒါကတော့ သင်တို့ရဲ့ Intelligence (ဉာဏ်ပညာ) ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သတိထားဖို့က သင်တို့ရဲ့ "စိတ် (Mind)" ဟာ တစ်ခါတလေမှာ ရန်သူလို ပြုမူတတ်ပြီး သင်တို့ကို ဒုက္ခပေးဖို့ ချောင်းနေတတ်တာပါ။

အကယ်၍ သင်ရဲ့ "ဉာဏ်ပညာ" ဆိုတဲ့ ကိုယ်ရံတော်က အိပ်ပျော်နေမယ် ဒါမှမဟုတ် အာရုံလွှတ်ထားမယ်ဆိုရင် "စိတ်" က အောက်ပါ အဆင့် (၃) ဆင့်နဲ့ မင်းရဲ့ဘဝကို ဖျက်ဆီးဖို့ ကြိုးစားပါလိမ့်မယ်။

၁။ လှည့်ဖြားခြင်း (Deception)

စိတ်ဟာ သင့်ကို လိမ်ညာတတ်တယ်။ သင့်အတွက် တကယ်အကျိုးရှိမယ့်အရာတွေကို "ပျင်းစရာကြီး"၊ "ပင်ပန်းရုံပဲရှိတာ" လို့ ထင်အောင် လုပ်တတ်ပါတယ်။ဒါကို စိတ်ပညာမှာ "Cognitive Bias" လို့ ခေါ်ပါတယ်။ ဦးနှောက်က ရေရှည်အကျိုးကျေးဇူး (Long-term gains) ထက် ခဏတာ သာယာမှု (Instant gratification) ကို ပိုမက်မောအောင် လှည့်စားတာပါ။ ဥပမာ- စာကျက်မယ့်အစား ဂိမ်းဆော့တာက ပိုပျော်စရာကောင်းတယ်လို့ သင့်ရဲ့စိတ်က သင့်ကို ညာနေတာမျိုးပေါ့။

၂။ ဖျက်ဆီးခြင်း (Destruction)
စိတ်ရဲ့ လှည့်ဖြားမှုကို ခံလိုက်ရပြီဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီးတဲ့ အလုပ်တွေကို လုပ်လာပါလိမ့်မယ်။ ဥပမာ အားဖြင့် ကျန်းမာရေးအတွက် မကောင်းမှန်းသိရက်နဲ့ အဆီအအိမ့်တွေ အလွန်အကျွံစားတာ၊ ညဘက် ဖုန်းကြည့်ပြီး အိပ်ရေးပျက်ခံတာမျိုးတွေဟာ စိတ်ရဲ့ ဖျက်ဆီးမှုကို ခံနေရတာပါ။ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို သင်ကိုယ်တိုင် ဒဏ်ရာရအောင် လုပ်မိနေတဲ့ အဆင့်ဖြစ်ပါတယ်။

၃။ လွှမ်းမိုးချုပ်ကိုင်ခြင်း (Domination)
နောက်ဆုံးအဆင့်မှာတော့ သင်ဟာ သင့်စိတ်ရဲ့ "ကျွန်" လုံးလုံး ဖြစ်သွားပါပြီ။ သင့်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိတော့ဘဲ စိတ်ခိုင်းသမျှ လုပ်နေရတဲ့ ရုပ်သေးရုပ်လို ဖြစ်သွားတတ်ပါတယ်။ ဒါဟာ အင်မတန် ကြောက်ဖို့ကောင်းတဲ့ ကျွန်ပြုခံရခြင်းပါပဲ။

ဒီဟာတွေထဲကနေ လွတ်ချင်ရင် ဘာလုပ်ကြမလဲ။

ဒီကျွန်ဘဝကနေ လွတ်မြောက်ဖို့ဆိုရင် ကျွန်တော်တို့မှာ အင်အားကြီးတဲ့ လက်နက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "တရားမှတ်ခြင်း (Meditation)" နဲ့ မိမိကိုးကွယ်ရာ အထွတ်အမြတ် အပေါ် အာရုံစိုက်ခြင်းပဲ ဖြစ်ပါတယ်။ မနက်ခင်း တရားမှတ်တဲ့အခါ သင့်ရဲ့ "ဉာဏ်ပညာ" ကို အစွမ်းကုန်သုံးပြီး စိတ်ရဲ့ ယောင်ယမ်းမှုတွေကို ငြင်းပယ်ပါ။ စိတ်က တခြားဆီ လွင့်ထွက်သွားတိုင်း အတင်းအကျပ် ပြန်ဆွဲခေါ်ပါ။မနက်ခင်းမှာ သင့်ရဲ့ ကိုယ်ရံတော် (ဉာဏ်ပညာ) ကို နှိုးလိုက်ပြီဆိုရင် တစ်နေ့တာလုံးမှာ စိတ်ရဲ့ လှည့်ဖြားမှုတွေကို တွန်းလှန်နိုင်တဲ့ "စွမ်းအား" တွေ ရလာပါလိမ့်မယ်။

အတိုချုပ်ပြောရရင် သင့်ရဲ့ ကိုယ်တွင်းကိုယ်ရံတော် (ဉာဏ်ပညာ) ပျောက်ဆုံးနေရင် သင့်ရဲ့စိတ်က သင့်ကို လှည့်ဖြား၊ ဖျက်ဆီး၊ ချုပ်ကိုင် ပါလိမ့်မယ်။ ဒီသံသရာကနေ လွတ်မြောက်ဖို့ တရားဓမ္မနဲ့ ဉာဏ်ပညာကို ပေါင်းစပ်ပြီး စိတ်ကို ထိန်းချုပ်ပါ။ ဒါမှသာ သင်ဟာ စိတ်ရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး သင်တကယ် လိုလားတဲ့ လွတ်လပ်တဲ့ဘဝကို တည်ဆောက်နိုင်မှာပါ။

လူသားအားလုံး အကျိုးရှိကြစေရန် ရည်သန်လျက်

Dr. Nay Aung - Spiritual Coach

ပိုမိုသာယာ တဲ့ Spiritual Atmosphere နဲ့ ဘဝကို ဆက်ချင်သူ​တွေ အတွက် Group Coaching , Individual Coaching , Company Coaching , Work Environment Coaching လုပ်ချင်ပါက ဆက်သွယ်ရန် - Viber 09799668570 , 09771845140

Change starts within you 😇😇😇
02/01/2026

Change starts within you 😇😇😇

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when Dr Nay Aung - Life & Spiritual Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share