20/09/2026
ယခု့အပတ် တနင်္ဂနွေ ( ၂၀.၉.၂၀၂၆ ) နေ့မှာ ဗဟုသုတအဖြစ် လက္ခဏာရှင်တဦးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
လက်ဝါးအောက်ခြေမှာ ငါးရုပ်အမှတ်အသားပါရှိခြင်းကြောင့်
သက်လတ်ပိုင်းနှင့် အသက်ကြီးပိုင်းအချိန်တွေမှာ ရုတ်တရက် မထင်မှတ်ဘဲ စီးပွားဥစ္စာ တိုးတက်ခြင်း၊ အမွေအနှစ် ရရှိခြင်း သို့မဟုတ် လုပ်ငန်းအတိုင်အဖောက်တည့်ပြီး အောင်မြင်မှုကြီးများ ရရှိ တတ်ပါတယ်။
တိုင်းပြည်ရပ်ခြား သို့မဟုတ် အခြားမြို့များသို့ သွားရောက်လုပ်ကိုင်ရခြင်း၊ မွေးရပ်မြေမှ့ခွဲထွက်လုပ်ကိုင်ရခြင်း ၊ ခရီးရှည်များ သွားရခြင်းတို့မှတစ်ဆင့်လည်း အကျိုးအမြတ်ကြီးမားစွာ ရရှိတတ်ပါတယ်။
ဘဝမှာ ကြီးမားတဲ့ အခက်အခဲ သို့မဟုတ် ဘေးအန္တရာယ်များ၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီဆိုရင်လည်း အံ့ဩဖွယ်ရာ ကံကောင်းစွာဖြင့် လွတ်မြောက်ကျော်လွှားနိုင်တဲ့ လက္ခဏာရှင်ဖြစ်ပါတယ်။
ကိုယ်ပိုင်ကြိုးစားမှုကြောင့် ဘဝကို အဆင့်အတန်းမြင့်မားအောင် တည်ဆောက်နိုင်တဲ့သူလည်းဖြစ်ပါတယ်။
မိသားစု သို့မဟုတ် အမျိုးအဆွေများထံမှ ကူညီမစမှု ရရှိနိုင်သလို၊ မိမိကိုယ်ပိုင် လုပ်ကိုင်ဆောင်ရွက်မှုမှတစ်ဆင့် စီးပွားရေးဆိုင်ရာ ခိုင်မာတဲ့အုတ်မြစ်ကို ထူထောင်နိုင်မယ့်သူလည်းဖြစ်ပါတယ်
ထိုလက္ခဏာအမှတ်အသားမှာထင်ရှားပြတ်သားပြီး အနှောက်အယှက်ကင်းတဲ့အတွက် ဘဝမှာ ရုတ်တရက် အခွင့်အလမ်းကောင်းများ ဝင်ရောက်လာခြင်း၊ ဓနဥစ္စာ တိုးပွားခြင်း၊ အန္တရာယ်မှ ကင်းဝေးစေခြင်းနဲ့ အသက်ကြီးပိုင်းတွေမှာ ပိုမိုအေးချမ်းသာယာတဲ့ ဘဝကို ပိုင်ဆိုင်ရမယ်ဆိုတာ ဟောလိုက်ပါရစေ။
အသက်လမ်းကြောင်းအနေဖြင့်လည်း ထင်ရှားတောင့်တင်းပြီး အဖျက်ကင်းတဲ့ အတွက် ကျန်းမာရေးကောင်းမွန် ကြံ့ခိုင်ခြင်း၊ ရောဂါဘယာဒဏ်ကို ခံနိုင်ရည်ရှိခြင်းနှင့် သက်ရှည်ကျန်းမာတဲ့ လက္ခဏာကိုပိုင်ဆိုင်ထားတဲ့ လက္ခဏာရှင်ဖြစ်ပါတယ်။
အသက်လမ်းကြောင်းရဲ့ အောက်ခြေမှာ လမ်းကြောင်းအဖျား ခွဲထွက်သွားခြင်း သို့မဟုတ် ခရီးသွားလမ်းကြောင်းငယ်များ ပါရှိနေတဲ့အတွက်
မွေးရပ်မြေမှ ခွဲခွာပြီး ၊ တိုင်းပြည်ရပ်ခြား သို့မဟုတ် အခြားမြို့ရွာများမှာ သွားရောက်နေထိုင် ၊ အလုပ်လုပ်ကိုင်ရမယ့် ကံဇာတာရှင်ဖြစ်တယ်လို့လည်း ဟောကြားပါရစေ။
ထိုသို့ မွေးရပ်မြေမှ့ ဝေးရာမှ့ခွဲခွာ၍ သွားရောက်ကြိုးစားခြင်းများကြောင့် အောင်မြင်မှုနဲ့ အကျိုးအမြတ်များ ပိုပြီးရရှိ့တတ်ပါတယ် ၊
ယခု့လက္ခဏာရှင်ဟာလည်း အသက်၅၈ နှစ်ကိုရောက်ရှိ့နေပြီဖြစ်တယ်လို့ ပြောထားပေးတဲ့အတွက် သက်ကြီးပိုင်းဖက်ကိုရောက်ရှိ့နေတဲ့သူလည်းဖြစ်ပါတယ်။ ( မွေးရက်အတိအကျမသိရပါ )သို့ပါသော်လည်းကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ခန္ဓာကိုယ် မအီမသာဖြစ်ပြီး ရောဂါဘယတစုံတခု့ဖြစ်ခဲ့လျှင်တောင်မှ့ ခဏယာယီ အနာရောဂါပဲဖြစ်ပါလိမ့်မယ် စိုးရိမ်စရာမရှိ့ပါ။
အသက်ကြီးပိုင်းမှာ နေထိုင်ရာ ပတ်ဝန်းကျင်၊ အလုပ်အကိုင် သို့မဟုတ် ဘဝပုံစံ အပြောင်းအလဲကြီးတစ်ခု ကြုံတွေ့ရမှာ ဖြစ်ပြီး အဲ့ဒီအပြောင်းအလဲက ဘဝကို ပိုပြီးတည်ငြိမ်စေမှာဖြစ်ပါတယ် ။
အသက်လမ်းကြောင်းရဲ့ အတွင်းဘက် သောကြာဂြိုဟ်ခုံဘက်မှာ ယှက်နွယ်နေတဲ့ လမ်းကြောင်းတွေ ပါရှိတဲ့အတွက်ကြောင့် အခက်အခဲကြုံချိန်တွေမှာ မိသားစု၊ ဆွေမျိုး သို့မဟုတ် ဘဝလက်တွဲဖော်ရဲ့ ကူညီမစမှုကို အပြည့်အဝ ရရှိတတ်တဲ့ လက္ခဏာ ဇာတာရှင်ဖြစ်တယ်လို့ ဟောပါရစေ။
အသက်အပိုလမ်းကြောင်းကလည်း ထပ်မံပါဝင်ထားတဲ့အတွက်
ဘဝမှာ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များ၊ အသက်အန္တရာယ်ရှိသော မတော်တဆမှုများနှင့် ရောဂါဘယာကြီးများမှ လွတ်မြောက်အောင် အကာအကွယ်ကို အပြည့်အဝရရှိ့ထားတဲ့ လက္ခဏာဇာတာရှင်ဖြစ်ပါတယ် ။
အသက်လမ်းကြောင်းအပိုတခု့ပါရှိ့နေတဲ့အတွက် ခန္ဓာကိုယ် ခံနိုင်ရည်အား ကောင်းမွန်ပြီး ရောဂါဖြစ်ပါကလည်း မြန်မြန်ဆန်ဆန် ပြန်လည်သက်သာ ကျန်းမာလာနိုင်သူလည်းဖြစ်ပါတယ် ၊
မိသားစု၊ ဘဝလက်တွဲဖော် သို့မဟုတ် မိတ်ဆွေကောင်းများထံမှ အစဉ်အမြဲ ကူညီမစမှုနှင့် ဖေးမမှု တို့ကို ရရှိ့နေတတ်သူလည်းဖြစ်ပါတယ်။
အသက်လမ်းကြောင်းမှ လက်ညှိုးအောက်ဖက် ကြာသပတေးခုံသို့ ဦးတည်တက်သွားသော လမ်းကြောင်းကိုတွေ့မြင်ရပါတယ် ဒီလမ်းကြောင်းအနေဖြင့် အသက် ၅၀ ဝန်းကျင်လောက်မှာ စတင်ပြီးအသစ်ထွက်လာတာဖြစ်တဲ့အတွက် အလုပ်အကိုင်နဲ့ စီးပွားရေးမှာ ရာထူးတိုးခြင်း အောင်မြင်မှု့ရခြင်း လူအများရဲ့ လေးစားမှု့ကိုခံယူရခြင်းတို့ဖြစ်ပေါ် လာတယ်လို့ ဟောချင်ပါတယ် ၊ ငယ်စဉ်ကတည်းက ဘဝအတွက် ကြီးမားတဲ့ ရည်မှန်းချက်များနဲ့ အိပ်မက်များ ရှိကြသူတွေမှာ ဒီလိုလမ်းကြောင်းတွေပါလေရှိ့ကြပါတယ်။
စကားပြောဆိုရာမှာပြတ်သားပြီး မာထန်သယောင်ရှိ့ပေမယ့် အားနာတတ်ပြီး နူးညံ့တဲ့နှလုံးသားပိုင်ရှင်လည်းဖြစ်ပါသေးတယ်။
လက်ဝါးပြင်အလယ်လောက်မှာ နှလုံးလမ်းကြောင်းရဲ့ အောက်ဖက်နဲ့ ဉာဏ်လမ်းကြောင်းရဲ့အထက်ဖက်
နေရာမှာ တြိဂံနှစ်ခု့ကိုထင်ထင်ရှားရှားမြင်တွေ့ရတဲ့အတွက်
ဉာဏ်လမ်းကြောင်းရဲ့ အထက်ဖက်မှာ ကပ်လျက်ရှိနေတဲ့ တြိဂံအမှတ်အသားကတော့ ဉာဏ်ရည်ထက်မြက်မှု၊ ဆုံးဖြတ်ချက်မှန်ကန်မှုနဲ့ အတွေးအခေါ် ခိုင်မာမှု တို့ကို ပြဆိုပြီးတော့ အရေးကြီးတဲ့ ဘဝအကူးအပြောင်းတွေမှာ ခံစားချက်ထက် ဦးနှောက်နဲ့း အကြောင်းအကျိုးကို ဦးစားပေးပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ လက္ခဏာရှင် ဖြစ်ပါတယ်။
ပြောမယ်ဆိုရင် လူဖြောင့်စိတ်တိုဆိုတဲ့လူစားမျိုးပါ။
လက်ဝါးပြင်အလယ်မှာ ဉာဏ်လမ်းကြောင်း ကံလမ်းကြောင်းနဲ့ဆက်နွယ်ပြီး တြိဂံပုံစံ ဖြစ်ပေါ်နေတဲ့အတွက် လက္ခဏာဗေဒအရ ငွေကြေးသိမ်းဆည်းရာ တြိဂံ လို့လည်းခေါ်ဆိုကြသလို ငွေသိုက်လို့လည်းခေါ်ဆိုကြတဲ့ တြိဂံပါလာတဲ့အတွက်
ဝင်လာတဲ့ ငွေကြေး၊ ဥစ္စာပစ္စည်းများကို မပြုန်းတီးစေဘဲ စနစ်တကျ ထိန်းသိမ်းစုဆောင်းနိုင်မှာ ဖြစ်သော်လည်း အဖျက်လမ်းကြောင်းတချို့ရှိ့နေတဲ့အတွက် ထွက်ငွေတွေ ငွေယိုပေါက်တွေရှိ့တာကိုမြင်ရပါတယ်
ဒါကြောင့်မို့လို့ ထင်သလောက်မစု့မိခြင်း ရသလောက်မစု့မိခြင်းတွေဖြစ်တတ်ပါတယ်
အဲ့ဒါကို ဂရု့စိုက်မယ်ဆိုရင် စီးပွားဥစ္စာတိုးပွားလာမှာဖြစ်ပါတယ်။
လက်ဝါးပြင်ပေါ်ရှိ ကြာသပတေးခုံသို့ တက်သွားတဲ့ တိုးတက်ရေးလမ်းကြောင်း၊ လက်ဝါးအလယ်မှာရှိတဲ့ တြိဂံနှစ်ခု အောက်ခြေရှိ ငါးရုပ် ၊ အမှတ်အသား နဲ့ ခိုင်မာတဲ့ ဉာဏ်လမ်းကြောင်း ၊ အသက်လမ်းကြောင်း တို့ကို ပေါင်းစပ်သုံးသပ်ကြည့်မယ်ဆိုရင် ထိုလက္ခဏာပိုင်ရှင်အနေဖြင့် အောက်ပါ လုပ်ငန်းအမျိုးအစားများနှင့် အထူးတလည် စီးပွားတိုးတက် အကျိုးပေးနိုင်ပါတယ်၊
အကြီးအကဲအဖြစ် လုပ်ကိုင်ရသော လုပ်ငန်းများ
အကြံပေး၊ သင်ကြားရေးနှင့် ပညာရှင်ပိုင်းဆိုင်ရာ လုပ်ငန်းများ
ဉာဏ်လမ်းကြောင်းထက်ရှိ တြိဂံအမှတ်အသားနှင့် ကြာသပတေးခုံရဲ့ လွှမ်းမိုးမှု့တို့ကြောင့် ဆရာ ၊ နည်းပြ၊ အကြံပေးပုဂ္ဂိုလ် ၊ ဥပဒေရေးရာ ပညာရှင် သို့မဟုတ် ဝန်ဆောင်မှုပေးတဲ့ ပညာရှင်လုပ်ငန်းများနဲ့ သင့်တော်ပါတယ်။
အထူးသဖြင့် ခရီးသွားလာခြင်းလုပ်ငန်းများနဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်။
မွေးရပ်မြေ မဟုတ်ဘဲ အဝေးမြို့ပြများ၊ ပြည်ပ ၊ တိုင်းပြည်ရပ်ခြား သို့မဟုတ် ခရီးသွားလာရေး၊ ပို့ဆောင်ဆက်သွယ်ရေး ၊ သင်္ဘော ၊ ကုန်သွယ်ရေး စတဲ့ခရီးသွားလာခြင်း အဝေးနှင့် ဆက်စပ်သော လုပ်ငန်းများမှ အကျိုးအမြတ်ကြီးမားစွာ ရရှိနိုင်ပါတယ်။
ထပ်မံပြီး ဟောကြားပေးချင်ပေမယ့်
ဆရာ့ရဲ့အချိန်အခက်အခဲကြောင့် အလုံးစုံမဟောနိုင်ပဲ ဤမျှဟောကြားပေးခြင်းကို နားလည်လက်ခံပေးပါလို့ ပြောကြားပါရစေ။
ယခု့အချိန်မှာ အချိန်ဘယ်လိုမှ့ မအားလပ်တဲ့အတွက် ကျွန်တော်၏ ဗေဒင်အဟောများ ခေတ္တရပ်ထားပါတယ် ဆိုတာကိုလည်း မိတ်ဆွေများသိစေချင်ပါတယ်။
ထိုအကြောင်းကိုလည်း ဤ Page ရဲ့ pin post အဖြစ် ထိပ်ဆုံးမှာတင်ထားပါတယ် ၊ Page ထဲသို့လည်း ဝင်ရောက်ဖတ်ရှု့ပြီးလေ့လာနိုင်ပါတယ် လို့ ပြောပါရစေ။
အပတ်စဉ်တိုင်းမှာတော့ ယခု့လို ဗဟုသုတရစရာလေးများကိုရွေးချယ်တက်ဆက်ပေးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ်ရွေးချယ်ထားတဲ့သူလည်းရှိ့ပါသေးတယ်
သူတို့ကို အဆင်ပြေသလို ထပ်မံဖော်ပြပေးပါ့မယ်။
မိတ်ဆွေများရဲ့ ကြည်လင်ပြတ်သားတဲ့ လက်ဝါးပြင်နှစ်ဖက်ကို မန့်ထဲမှာ ချထားပေးခဲ့နိုင်ပါတယ်၊
သိလိုရာကိုကွက်မေးသော တပိုင်းပြတ်စောင်းရွဲ့နေသော လက်ဝါးပြင်မဟုတ်ပဲ လက်ဝါးပြင်အပြည့်ဖြစ်ရပါမယ်။
နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေ
Htein Win Zaw