20/07/2024
🍓တနလ်ာသားသမီးများအတွက် တစ်ပတ်စာ တားရော့ဗေဒင်ဟောစာတမ်း
🦅22.7.2024 မှ 28.7.2024 အထိ
👑ကံ ဉာဏ် ဝီရိယ သုံးမျိုးလုံး ကြိုးစား၍ အောင်မြင်ကြပါစေသော်
🎡ခွက်ဘုရင် နိမိတ်ပုံပါ ခင်ဗျာ။
သုဝဏ္ဏသျှံမင်းသား ရွှေအိုးထမ်းပြန်လာသည့်ကိန်းမျိုး ဖြစ်ပါ၏။
မိဘကို ချမ်းသာစွာထားနိုင်မည်။
စိတ်ချမ်းသာစရာတွေ ကြုံရမည်။
အလုပ်တွေ တိုးချဲ့နိုင်ပါလိမ့်မယ်။
ကုမ္ပဏီခွဲ၊ ရုံးခွဲတွေ ဖွင့်လှစ်နိုင်မည်
စတုဒိသာ အလှုကြီးတွေ လှုနိုင် ပေးနိုင် ပူဇော်နိုင်ပါလိမ့်မယ်။
ပြိုင်ဖက်တွေကတောင် သင့်ကို လှိုက်လှဲစွာ ချီးကျုး ဂုဏ်ပြုကြမည်
RC တိုက်၊ ကွန်ဒိုကြီးတွေ တည်ဆောက်နိုင်ပါလိမ့်မယ်။
မော်ဒယ်မြင့် ကားတစ်စီး လက်ဆောင် ရတတ်ပါတယ်။
ပြည်ပမှ ပညာရှင်များထံ စီးပွါးရေး နည်းပညာတွေ လေ့လာခွင့်ရမည်။
ကား၊ ကျောက်မြတ်လုပ်ငန်းတို့ဖြင့်
ကြီးပွါးချမ်းသာအံ့။
ဝန်ထမ်းဖြစ်က ရာထူးတိုး၍ ဝင်ငွေကောင်းမည်။
♋ကာလရဲ့သားပျို သမီးပျိုများ
အချစ်ရေးတွင် ရွေးရခက်နေမည်။
ပိုးပန်းကြ ဖုန်းဆက်၍ ချစ်ခွင့်ပန်တာတွေ များလှပါဘိ။
ဖူးစာရှင်သည် လူမျိုးခြား သို့ ကပြား ဖြစ်တတ်သည်။
အိမ်ထောင်ရှိသူတွေ အငယ် အနှောင်းထားက ဘဝပျက်ပီး လာဘ်ပိတ်တတ်၏။
သီလလုံက ပေးမကုန်အောင် ချမ်းသာတတ်သည်။
နှစ်ဖက်မိဘကို အိမ်ဆောက်ပေးပီး
ပြည့်စုံအောင် ထားနိုင်ပါတယ်။
နေ့စဉ် လင်မယားနှစ်ယောက်လုံး
ပေးကမ်း စွန့်ကြဲ ကုသိုလ်ပြုနိုင်၏။
အရက် အုန်းရည် ရှောင်ပါလေ။
ဘော်ဒါတွေ လူမျိုးခြားထံက အထောက်ပံ့ရမည်။
ရန်သူကို အောင်နိုင်မည်။
သားသမီးအတွက် အပူရတတ်၏။
ငွေတွေအများကြီး ဖြုန်းပစ်မယ်။
အစာအဆိပ်သင့်တတ်သည်။
🏕️ကျန်းမာရေး အူ ဖြတ်တောက်ရခြင်း၊ လိပ်ခေါင်း၊ အရေပြား ရောဂါတွေ ဒုက္ခပေးတတ်ပါတယ်။
ပညာသင် ကလေးများ ရည်းစား ထား၍ လမ်းမှားရောက်သွားမည်။
အလုပ်ဖြင့် ပြည်ပ သွားရတတ်၏။
အားကစားဖက်တွင်လည်း သင်က ထူးချွန်ပါသည်။
အရှေ့စူးစူးမှ ခြေနှစ်ချောင်း ဝင်အံ့။
စွပ်စွဲတိုက်ခိုက်မှုကို ကျော်ဖြတ်နိုင်မည်။
ဘုန်းရှိန် ကံရှိန်တက်၍ ဩဇာ အာဏာ တည်တံ့မည်။
စီးပွါရေးလောကတွင် နေလို လလို ထင်ရှားကျော်ကြားလာမည်။
သူကြွယ် ကုန်သည် အရာရှိများနှင့် ခင်မင်ရင်းနှီးအံ့။
စီးပွါးရေးအခွင့်ရေးများ ရတတ်ပါတယ်။
ကိုယ်ဝန် လွယ်ရတတ်သည်။
ကျောက်နီ ဝင်တဲ့ နိမိတ်ပေါ်လာက
ဘီလျံနာ ဖြစ်အံ့။
🖼️🎨🎲🧶💻 ယတြာ အားငယ်ခြင်းကင်း၍ ရည်မှန်းချက် အောင်မမြင်စေရန် တနလ်ာဒေါင့်ဘုရားမှာ ငွေထီး ၂လက် ×ခတ်၍ ပူဇော်ဆုတောင်းပါလေ။
အာလူးမှာ နာမည်ရေး ရေမျှောပါ။
......................
🕉️ ဗေဒင် မေ