Ye Township Civil Hospital

Call Contact the practice

Ye Township Civil Hospital A hospital is a health care institution providing patient treatment with specialized medical and nursing staff and medical equipment.

29/09/2026
17/09/2026

🧡 ၂၀၂၆ ခုနှစ် ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့
🧡 ဘဝတစ်သက်တာအတွက် ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှု

ယခုနှစ် ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့မှာ မကူးစက်နိုင်သောရောဂါများ (NCDs) နဲ့ နေထိုင်နေရသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုဘေးကင်းအောင် မည်သို့လုပ်ဆောင်နိုင်မည်ကိုအလေးပေး ဆောင်ရွက်ထားပါသည်။

နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ကင်ဆာ၊ ဆီးချိုရောဂါနဲ့ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ (NCDs) သည် လူသန်းပေါင်းများစွာကို ထိခိုက်စေသည့်အပြင် တစ်သက်တာလုံး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တတ်ပါတယ်။

ယခုနှစ် ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့မှာ NCDs ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းနဲ့ ရေရှည်စောင့်ရှောက်မှုတွေရဲ့ အဓိကနေရာမှာ ဘေးကင်းပြီး အရည်အသွေးမြင့်တဲ့ စောင့်ရှောက်မှုကို ထားရှိကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် တိုက်တွန်းထားပါသည်။

🧡 လူတိုင်း တစ်သက်တာလုံး ဘေးကင်းလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိသင့်ပါသည်။

📅 ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်

လူနာဘေးကင်းလုံခြုံရေးအကြောင်း ပိုမိုလေ့လာရန် - https://www.who.int/campaigns/world-patient-safety-day/2026

🧡 World Patient Safety Day 2026
🧡Safe care for life!

This year, World Patient Safety Day focuses on a critical question: how can we make care safer for people living with noncommunicable diseases (NCDs)?

NCDs such as cardiovascular diseases, cancer, diabetes, and chronic respiratory diseases affect billions of people and often require care throughout life.

This World Patient Safety Day, let’s put safe, quality care at the heart of NCD prevention, diagnosis, treatment, and long-term care.

🧡 Because everyone deserves safe care, throughout life.

📅 17 September 2026

Learn more about World Patient Safety Day 2026: https://www.who.int/campaigns/world-patient-safety-day/2026 #

17/07/2026

Celebrating my 9th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

17/07/2026

ကလေးငယ်တွေရဲ့ ဘဝအစ အကောင်းဆုံးဖြစ်ဖို့ ဆက်လက် ပံ့ပိုးပေးကြရအောင်။ 🌱
ယူနီဆက်မြန်မာရဲ့ Learning Passport Myanmar မှာ အခမဲ့ လေ့လာနိုင်တဲ့ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) အွန်လိုင်းသင်တန်း အပိုင်း (၂) ကို အခုပဲ စတင်လေ့လာနိုင်ပါပြီ။
ဒီအပိုင်း (၂) မှာတော့ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ သင်ယူမှုကို ပံ့ပိုးပေးနိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို လေ့လာရမှာပါ။ ECCD အစီအစဉ် ရေးဆွဲပြင်ဆင်ခြင်း၊ အစောပိုင်း စာတတ်မြောက်မှု၊ ပုံပြောခြင်းနဲ့ စာဖတ်ပြခြင်း၊ အစောပိုင်း သင်္ချာစွမ်းရည်၊ သဘာဝကို စူးစမ်းလေ့လာခြင်း၊ အနုပညာနဲ့ တီထွင်ဖန်တီးမှုအပြင် ကလေးများရဲ့ သင်ယူဖွံ့ဖြိုးမှုကို စစ်ဆေးအကဲဖြတ်တဲ့ နည်းလမ်းတွေကိုပါ စိတ်ဝင်စားဖွယ် ထည့်သွင်းသင်ကြားပေးထားပါတယ်။ အပိုင်းတစ်ပိုင်း ပြီးတိုင်း အသိအမှတ်ပြုလက်မှတ် ရရှိမှာဖြစ်ပြီး အပိုင်း (၄) ပိုင်းလုံး ပြီးမြောက်သွားရင်တော့ သင်တန်းပြီးမြောက်ကြောင်းလက်မှတ် (Certificate of Completion) ကို ရရှိမှာပါ။
ဒီသင်တန်းလေးကို အမြင်အာရုံနဲ့ အကြားအာရုံ ချို့ယွင်းသူတွေ အဆင်ပြေပြေ သင်ယူနိုင်ဖို့ အသံဖိုင်တွေနဲ့ အသံစာသားစနစ်တွေပါ စီစဉ်ပေးထားလို့ အားလုံးအတွက် လက်လှမ်းမီတဲ့ သင်ယူမှုဖြစ်စေမှာ အသေအချာပါပဲ။ မူကြိုဆရာ ဆရာမတွေ၊ မိဘတွေနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေသူတွေ အားလုံးအတွက် အရမ်းကို အကျိုးရှိစေမှာပါ။
ECCD ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းဖို့ mm.learningpassport.org မှာ စာရင်းပေးသွင်းနိုင်သလို Learning Passport Myanmar အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး Category 16 အောက်က ECCD အွန်လိုင်းသင်တန်းကို နှိပ်ပြီးလည်း အခုပဲ ဝင်ရောက်လေ့လာနိုင်ပါပြီ။ ✨

လင့်ခ် - https://mm.learningpassport.org/ #/course/1899/item/28983

24/06/2026
24/06/2026
22/02/2026
ဒေါက်တာ ရှောလူး @ Grokipedia
13/01/2026

ဒေါက်တာ ရှောလူး @ Grokipedia

Shaw Loo (1839–1929) was a Burmese physician, educator, and trailblazing figure in Myanmar's modern history, renowned as the first Western-trained doctor from Burma and the first Burmese national to pursue higher education in the United States. Born into a Christian family of Mon ethnicity in Mawl...

18/06/2025

ကျန်းမာရေးလုပ်သားများသည် အသက်များကို ကယ်တင်နေသူများဖြစ်ပြီး ၎င်းတို့သည် တိုက်ခိုက်ရာတွင် ပါဝင်သူများ မဟုတ်ပါ။
၎င်းတို့အား အလေးထားလေးစားပြီး အကာအကွယ်ပေးခြင်းသည် လက်နက်ကိုင်ပဋိပက္ခများတွင်ပါဝင်သည့် အဖွဲ့အားလုံးက ဆောင်ရွက်ရမည့် ဥပဒေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ဝတ္တရား တစ်ခု ဖြစ်သည်။ ၎င်းတွင် ခြွင်းချက်မရှိပါ။

Healthcare workers save lives: they are not part of the fight.
Respecting and protecting them is a legal and moral obligation for all parties to armed conflicts—no exceptions.

Address

6VW3+F5 Ye
Ye

Telephone

+95572050011

Website

Alerts

Be the first to know and let us send you an email when Ye Township Civil Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ye Township Civil Hospital:

Shortcuts

Share

Category