07/08/2026
မိုးတွင်းကာလ ချောင်းဆိုးခြင်းနှင့် ဖြေရှင်းနည်းများ
မိုးတွင်းမှာ ချောင်းဆိုးတာက အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ ရာသီဥတုအပြောင်းအလဲနဲ့ ကူးစက်ပိုးတွေကြောင့် ပိုဖြစ်တတ်ပါတယ်။
မိုးတွင်းမှာ ချောင်းဆိုးရတဲ့ အဓိကအကြောင်းရင်းများ
၁။ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း
မိုးတွင်းမှာ အအေးမိဗိုင်းရပ်စ်၊ တုပ်ကွေး စတဲ့ အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်တွေ ကူးစက်လွယ်လာပါတယ်။ ဒါကြောင့် ချောင်းဆိုး၊ နှာစေး၊ နှာပိတ်၊ လည်ချောင်းနာ၊ ဖျားနာတာတို့ ဖြစ်တတ်ပါတယ်။
၂။ စိုထိုင်းဆမြင့်လာခြင်း
မိုးတွင်းမှာ ပတ်ဝန်းကျင်စိုထိုင်းဆမြင့်တာကြောင့် မှိုနဲ့ ဖုန်မှုန့်တွေ ပိုများလာပြီး ဓာတ်မတည့်သူတွေမှာ ချောင်းဆိုးတာ၊ နှာချေ၊ အသက်ရှူကျပ်တာတွေ ဖြစ်စေနိုင်ပါတယ်။
၃။ ပန်းနာရင်ကျပ်ရှိသူတွေမှာ ချောင်းပိုဆိုးလာခြင်း
ရာသီဥတုအပြောင်းအလဲ၊ အအေးဓာတ်နဲ့ စိုထိုင်းဆကြောင့် ပန်းနာရင်ကျပ်ရှိသူတွေမှာ ချောင်းဆိုးရင်ကျပ်ဝေဒနာ ပိုဖြစ်တတ်ပါတယ်။
၄။ နှာရည်ယိုပြီး လည်ချောင်းနောက်ဘက်သို့ စီးကျခြင်း
ဓာတ်မတည့်နှာခေါင်းရောင်ရောဂါရှိတဲ့အခါ နှာရည်က လည်ချောင်းနောက်ကို စီးကျပြီး အထူးသဖြင့် ညဘက်မှာ ချောင်းဆိုးစေနိုင်ပါတယ်။
၅။ ဘက်တီးရီးယားပိုးဝင်ခြင်း
အအေးမိပြီးနောက် တချို့လူတွေမှာ ဘက်တီးရီးယားပိုး ထပ်ဝင်လာနိုင်ပြီး ချောင်းဆိုးဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။
အိမ်မှာ ဘယ်လိုဂရုစိုက်မလဲ
- ရေများများသောက်ပါ။
- နွေးနွေးထွေးထွေးနေပါ။
- အိပ်ရေးဝဝအိပ်ပါ။
- ဆေးလိပ်ငွေ့နဲ့ ဖုန်မှုန့်တွေကို ရှောင်ပါ။
- လက်ကို မကြာခဏဆေးပြီး ချောင်းဆိုးတဲ့အခါ ပါးစပ်နှာခေါင်းကို ဖုံးအုပ်ပါ။
- အိမ်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပြီး မှိုမတက်အောင် ကာကွယ်ပါ။
ချောင်းဆိုးချွဲကျပ်ခြင်းအမြန်သက်သာစေဖို့ Actein (အက်တိန်း)ချွဲပျော်ဆေးကို သောက်လို့ရပါတယ်။
Actein (အက်တိန်း)က Acetylcysteine ပါဝင်ပြီး ချွဲသလိပ်တွေကို အမြန်ဆုံးပျော်စေပြီး ချောင်းဆိုးဝေဒနာကို သက်သာပျောက်ကင်းစေပါတယ်။
Actein (အက်တိန်း)မှာ ရေမှာဖျော်သောက်ရတဲ့ အမှုန့်ထုပ်နဲ့ ရေဆူဆေးပြားဆိုပြီး ပုံစံနှစ်မျိုးရှိပါတယ်။
အသက် ၆နှစ်နဲ့အထက်အရွယ်တွေအတွက် သောက်သုံးဖို့ အညွှန်းကတော့-
-Actein 600mg ရေဆူဆေးပြားကို ရေအနည်းငယ်နဲ့ ဖန်ခွက်အတွင်းပျော်အောင်ဖျော်ပြီး တစ်နေ့တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် သောက်သုံးနိုင်ပါတယ်။
-Actein 200mg အမှုန့်ထုပ်ကို သောက်သုံး မယ်ဆိုရင် တစ်နေ့သုံးကြိမ် ရေအနည်းငယ်နဲ့ ဖျော်ပြီး သောက်သုံးနိုင်ပါတယ်။
အသက်(၂)နှစ်နဲ့ (၆)နှစ်ကြား ကလေးတွေဆိုရင် Actein 200mg အမှုန့်ထုပ်-ဆေးထုပ်တစ်ဝက်ကို ရေအနည်းငယ်နဲ့ ဖျော်ပြီး တစ်နေ့ နှစ်ကြိမ်(သို့မဟုတ်)သုံးကြိမ် သောက်သုံးနိုင်ပါတယ်။
“ချောင်းဆိုး၊ ချွဲကြပ်၊ သလိပ်ကပ်ခြင်း ကင်းဝေးဖို့
အက်တိန်းကို အမြဲဆောင်ထားကြစို့”