19/03/2026
နံပါတ် (၁) ။
G12 စနစ်သစ်ပညာရေးမှာ
G12 ကိုကောင်းမွန်စွာ ဖြေဆိုနိုင်ဖို့ အတွက်
G10 & G11 မှာ physics အခြေခံတွေ
သင်ယူတတ်မြောက်ထားရပါမည်။
အဓိကတော့ ရူပဗေဒသဘောတရားတွေကို
အခြေခံအဆင့်နားလည်ထားနိုင်မှ လွယ်ကူချောမွေ့နိုင်မှာပါ။
နံပါတ်(၂)။
အရေးအကြီးဆုံးက
သချ်ာအခြေခံဖြစ်ပါတယ်။
၁။ ✔ Arithmetic ဂဏန်းတွက်ခြင်း ( + − × ÷ )
Fraction, Percentage
Scientific notation
၂။ ✔ Algebra သချာ်ညီမျှခြင်း
Equation solving
Formula rearrangement
Linear / quadratic equations
👉 Physics မှာ formula manipulation အတွက် အရေးကြီးဆုံး
၃။ ✔ Geometry သချာ် (၂ )
Length, area, volume
Shapes (triangle, circle, sphere)
၄။ ✔ Trigonometry (Trig)
sin, cos, tan
Angle relationships
Vector components
၅။ ✔ Graph & Functions
Linear graph
Slope (gradient)
Interpretation
၆။ ✔ Calculus
Differential Calculus
Rate of change
Integral Calculus
Area under curve
၇။ ✔ Vectors & Linear Algebra
Vectors (magnitude, direction)
Dot product, cross product
Matrices
သချာ်ခြေခံတတ်မြောက်ရမည် ဆိုတဲ့နေရာမှာ အထက်ပါ (၇)ချက်ကို ကျွမ်းကျင်ရမှာပါ။ အဲတာတွေကို တတ်မြောက်ထားရင်
ရူပဗေဒသင်ယူရာမှာ လွယ်ကူချောမွေ့ပါလိမ့်မယ်။
ရူပဗေဒ ဆရာ/ဆရာအားလုံး တတ်မြောက်ထားရမှာဖြစ်ပါတယ်။
အပေါ်မှာ ပြောခဲ့သလို သချာ်အခြေခံတွေတော့ တတ်မြောက်ထားတယ်။
ရူပဗေဒဘာသာရပ်ကို G10, G11 တွေမှာ အခြေခံတော့ မပါဘူးဆိုတဲ့ ကလေးမျိုးကို
G 12 မှာ ရာပြည့်/ဂုဏ်ထူးအထိရအောင် ဆရာ့အနေနဲ့ သင်ပေးနိုင်တယ်။
သချာ်အခြေခံတွေ မရတဲ့ ကလေးမျိုးဆိုရင်တော့ ဆရာ့အနေနဲ့ ဂုဏ်ထူးရဖို့ မလွယ်နိုင်ဘူးလို့ပြောချင်ပါတယ်။ ဒါပေမယ့် နည်းလမ်းတခုတော့ရှိပါတယ်
ကျောင်းသားဖက်က
လည်း တစိုက်မတ်မတ် အာရုံစိုက်
စာပုံမှန်လုပ်မယ် ဆရာကလည်း သချာ်အခြေခံကစပြီး စိတ်ရှည်ရှည်ထား အချိန်ယူ သင်ပေးနိုင်ရင်တော့ ဆရာတပည့် လက်တွဲညီပြီး
* တောင်ကြီး ဖဝါးအောက်ရောက်သလို*
ဂုဏ်ထူးပန်းတွေ ဝေဆာနိုင်ပါသေးတယိ။
ဘာကြောင့်လဲဆိုတော့ သချာ်အခြေခံတွေ အလယ်တန်း/အထက်တန်း ကျောင်းသားဘဝကတဲက
နားလည်တတ်မြောက်ခဲ့ပါမှ ရူပဗေဒကို သင်ယူတတ်မြောက်နိုင်မှာပါ။
သချ်ာဆိုတာ ရူပဗေဒဘာသာရပ်ရဲ့ လက်နက်ကိရိယာတခုဖြစ်ပါတယ်။
ဒေါက်တာအောင်ဇော်မြင့်
တွဲဖက်ပါမောက္ခ-ရူပဗေဒ
နေပြည်တော်