A Tu Tu Holistic Mental Wellness Services are here for you and your beloved ones.

အခုလို အခက်အခဲကာလတွေမှာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို တည်ဆောက်ပြီး အတူတူကျော်ဖြတ်ဖို့အတွက် ATuTu ရှိနေပါ့မယ်

လူသားတစ်ယောက်ဖြစ်ရခြင်းရဲ့ အခက်ခဲဆုံးအပိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် အမုန်းရဆုံးအရာတွေဟာ လျစ်လျူရှုထားရုံနဲ့ ပျောက်ကွယ်မသွ...
14/06/2026

လူသားတစ်ယောက်ဖြစ်ရခြင်းရဲ့ အခက်ခဲဆုံးအပိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် အမုန်းရဆုံးအရာတွေဟာ လျစ်လျူရှုထားရုံနဲ့ ပျောက်ကွယ်မသွားဘူးဆိုတာကို သတိပြုမိလာခြင်းပါပဲ။
စိတ်ပညာရှင် Carl Jung ကတော့ ကျမတို့ ဖုံးကွယ်ထားတဲ့ ဒီလိုစိတ်အခြေအနေတွေကို "Shadow" (အရိပ်မည်း) လို့ ခေါ်ခဲ့ပါတယ်။ ထုတ်မပြခဲ့တဲ့ ဒေါသတွေ၊ မရှိသလို ဟန်ဆောင်ထားတဲ့ ကြောက်ရွံ့မှုတွေ၊ ပြီးတော့ "လူကောင်းဆိုတာ ဒီလိုမျိုးမခံစားရဘူး" ဆိုပြီး ဖွင့်ဟတိုင်ပင်ဖို့အကူညီရယူခြင်းနဲ့ဝေးရာဆီကို တွန်းပို့ထားခဲ့တဲ့ အရာတွေလည်းဖြစ်တယ်။ မနာလိုမှု၊ မလုံခြုံမှု၊ ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီစိတ်ပိုင်းတွေ မရှိသလို ဟန်ဆောင်လေလေ၊ သူတို့က ပိုပြီး ကျယ်လောင်လေလေပါပဲ။ ဒါကြောင့်မို့လည်း ဒီပုံက အဓိပ္ပာယ်ရှိနေရတာပါ။ အလယ်ကလူဟာ စိတ်ထဲက "မိစ္ဆာ" တွေကို တိုက်ခိုက်မနေသလို၊ ထွက်ပြေးနေတာလည်း မဟုတ်ပါဘူး။ သူက အဲဒီအရာတွေနဲ့အတူ အေးအေးဆေးဆေး အတူတူထိုင်နေရုံသက်သက်ပါပဲ။ ဘာလို့လဲဆိုတော့ ကုစားခြင်း (Healing) ဆိုတာ စိတ်အမှောင်ထုတွေ ဒါမှမဟုတ် နာကျင်စရာခံစားချက်တွေကို အမြစ်ပြတ်ဖျောက်ဖျက်ပစ်ဖို့ ရည်စူးထားတာ မဟုတ်လို့ပါ။
တစ်ခါတရံမှာ ကုစားခြင်းဆိုတာ ဒါမျိုးပြောတတ်လာတာကို ဆိုလိုပါတယ် -"မင်းတို့ရှိနေတာကို ငါသိတယ်။ မင်းတို့ဘာလို့ရှိနေရလဲဆိုတာကိုလည်း ငါနားလည်တယ်။ ဒါပေမဲ့ မင်းတို့က ငါ့ဘဝကို လာပြီးတော့ ထိန်းချုပ်လို့မရဘူး။" ဆိုတာမျိုးပေါ့။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်တယ်ဆိုတာ ဒေါသ၊ ကြောက်ရွံ့မှု ဒါမှမဟုတ် ဝမ်းနည်းမှုကို ဘယ်တော့မှမခံစားရတော့တာကို မဆိုလိုပါဘူး။ အဲဒီခံစားချက်တွေကို ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် လွှမ်းမိုးခွင့်မပေးဘဲ၊ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သင်ယူတတ်မြောက်သွားခြင်းကိုသာ ဆိုလိုတာပါ။
ကျမတို့ရဲ့ ပန်းတိုင်ဟာ အရိပ်မည်းတွေ လုံးဝမရှိတဲ့သူတစ်ယောက် ဖြစ်လာဖို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အရိပ်မည်းတွေကို ကောင်းကောင်းကြီး သိနားလည်သွားလို့၊ အဲဒါတွေကို နောက်ထပ်ကြောက်ရွံ့စရာမလိုတော့တဲ့ သူတစ်ယောက်ဖြစ်လာဖို့ပဲ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ သင်ဖုံးကွယ်ထားချင်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းလေးတွေကတောင် အရာတစ်ခုတည်းကိုပဲ တောင်းဆိုနေကြတာပါ...အဲဒါကတော့ အသိအမှတ်ပြုခံရဖို့၊ နားလည်ပေးခံရဖို့နဲ့ ကုစားခွင့်ရရှိဖို့ပါပဲ။
ဒီရက်ပိုင်းတွေထဲမှာ ကိုယ့်ရဲ့ ဘယ် shadow တွေကို ရှောင်ပြေးနေမိပါသလဲ။ ။
Ref: Cognitive Corner

အလုပ်ဘယ်လောက်ကြိုးစားကြိုးစား စိတ်ရှိတိုင်း တုံ့ပြန်မိလို့ ဘဝမှာ ဆုံးရှုံးရတာတွေများနေခဲ့တာဟာ Emotional Regulation လို့ ...
11/06/2026

အလုပ်ဘယ်လောက်ကြိုးစားကြိုးစား စိတ်ရှိတိုင်း တုံ့ပြန်မိလို့ ဘဝမှာ ဆုံးရှုံးရတာတွေများနေခဲ့တာဟာ Emotional Regulation လို့ ခေါ်တဲ့ ရုတ်တရက်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိနည်း မသိလို့ပါ။ ထိန်းညှိနည်းတွေ အများကြီးရှိပါတဲ့ထဲက ဒီနေ့တော့ သိမှုအခြေပြု ထိန်းညှိမှုနည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။

10/06/2026

ခံစားချက်တွေကို မျိုသိပ်ထားမှန်း သိနိုင်မယ့် အချက် ( ၆ ) ချက်
_________
🤨ကိုယ်ဘာခံစားနေရလဲဆိုတာ မသိတော့ဘူး။
😔ဘယ်သူမေးမေး "အဆင်ပြေပါတယ်" ဆိုတာပဲ အလိုလိုပြောနေမိတယ်။
🤓စိတ်ညစ်စရာတွေမတွေးမိဖို့ screen နဲ့ အလုပ်ဆီမှာ အမြဲအာရုံလွှဲထားတယ်။
🙃ဆိုးဆိုးရွားရွားဖြစ်နေတာတောင် ဘာမှမခံစားရဘဲ ထုံနေမိတယ်။
🤬ကိစ္စသေးသေးလေးနဲ့ ရုတ်တရက်ပေါက်ကွဲမိတယ်။
😵ခန္ဓာကိုယ်မှာ နုံးချိတာ၊ တောင့်တင်းတာ၊ အစာမကြေတာတွေ ဖြစ်လာတယ်။

အသံတွေက ဆူညံလွန်းတယ်ကိုယ့်ခေါင်းထဲက လာနေတဲ့ အသံတွေပတ်ဝန်းကျင်က လာနေတဲ့ အသံတွေ။ဒီလိုဆူညံရှုပ်ထွေးတဲ့ လောကကြီးမှာ ငြိမ်းချ...
09/06/2026

အသံတွေက ဆူညံလွန်းတယ်
ကိုယ့်ခေါင်းထဲက လာနေတဲ့ အသံတွေ
ပတ်ဝန်းကျင်က လာနေတဲ့ အသံတွေ။
ဒီလိုဆူညံရှုပ်ထွေးတဲ့ လောကကြီးမှာ ငြိမ်းချမ်းမှု သေးသေးလေးကို ရှာဖွေနိုင်တဲ့နည်းတစ်ခုကတော့ ငြိမ်သက်တိတ်ဆိတ်ကြည့်လိုက်ပါ။ လှုပ်ရှားနေတာတွေ၊ တွေးတောနေတာတွေကို ခဏလောက်လေး ရပ်တန့်ပြီး ပစ္စုပ္ပာန်မှာ ဖြစ်နေတဲ့အရာတစ်ခုကိုပဲ အာရုံလေးညွှတ်ကြည့်မယ်ဆိုရင် မိုးရေစက်သံတွေကြားမှာ ကိုယ့်နှလုံးသားလေးရဲ့ အာဟာရကို ရှာတွေ့နိုင်ပါလိမ့်မယ်။

မပျော်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောဖူးလား။တကယ်တော့ ပျော်စရာဆိုတာကို အကြီးကြီးတွေကြုံရမှ၊ သူများတ...
06/06/2026

မပျော်ရတာ ဘယ်လောက်တောင်ကြာနေပြီလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောဖူးလား။
တကယ်တော့ ပျော်စရာဆိုတာကို အကြီးကြီးတွေကြုံရမှ၊ သူများတွေသတ်မှတ်ထားတဲ့အရာနဲ့ ကိုက်ညီမှ ပျော်ရမယ်ဆိုတဲ့ ကိုယ့်စိတ်ကပဲ ကိုယ်နဲ့ပျော်ရွှင်မှုကြား အလှမ်းဝေးသွားစေတာပါ။
သေးငယ်တဲ့အရာလေးတွေမှာလည်း ပျော်ရွှင်မှုသေးသေးလေးတွေ ရှိနေပါတယ်။ သတိထား ခံစားဖို့ပဲလိုနေတာပါ။

ကြင်နာတာနဲ့ စည်းမရှိတာ မတူဘူး။သဘောထားမတိုက်ဆိုင်တာနဲ့ တိုက်ခိုက်တာ မတူဘူး။သူများတွေရဲ့ချီးကျူးစကားနဲ့ ကိုယ့်တန်ဖိုးကိုယ်...
05/06/2026

ကြင်နာတာနဲ့ စည်းမရှိတာ မတူဘူး။
သဘောထားမတိုက်ဆိုင်တာနဲ့ တိုက်ခိုက်တာ မတူဘူး။
သူများတွေရဲ့ချီးကျူးစကားနဲ့ ကိုယ့်တန်ဖိုးကိုယ်သိတာ မတူဘူး။

ကြင်နာတယ်ဆိုတာ လူသားအဆန်ဆုံး မေတ္တာတရားပဲ။အတ္တတွေမပါဘူး၊ နှိမ့်ချတာတွေမပါဘူး။ ကောင်းစေချင်တဲ့စိတ်ကလေးနဲ့ ကောင်းတာလေးလုပ်...
04/06/2026

ကြင်နာတယ်ဆိုတာ လူသားအဆန်ဆုံး မေတ္တာတရားပဲ။
အတ္တတွေမပါဘူး၊ နှိမ့်ချတာတွေမပါဘူး။
ကောင်းစေချင်တဲ့စိတ်ကလေးနဲ့ ကောင်းတာလေးလုပ်ပေးလိုက်ရုံပဲ။

"ကိုယ်ခံစားနေရတာ ကိုယ်သာအသိဆုံး" ဒါပေမဲ့ အဲ့ဒီကနေ ဘာမှဆက်ပြီး ဖြစ်မလာတော့ဘူး။ ခံစားချက်တွေနဲ့ တဝဲလည်လည်ဖြစ်နေရင်း မွန်းက...
03/06/2026

"ကိုယ်ခံစားနေရတာ ကိုယ်သာအသိဆုံး" ဒါပေမဲ့ အဲ့ဒီကနေ ဘာမှဆက်ပြီး ဖြစ်မလာတော့ဘူး။ ခံစားချက်တွေနဲ့ တဝဲလည်လည်ဖြစ်နေရင်း မွန်းကျပ်တဲ့နေ့တွေကို အားတင်းကျော်ဖြတ်နေရရင် ဒီစာကို အဆုံးထိဖတ်ကြည့်ပါ။
ကျမတို့တွေဟာ ကိုယ်ကြုံရတဲ့အခြေအနေတွေမှာ ကိုယ်ဘာတွေခံစားနေရသလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ခံစားချက်တွေက သာမိုမီတာလိုပဲ...ကျမတို့ရဲ့ အခြေအနေတွေကို ကောင်းကောင်းညွှန်ပြနေတာမို့လို့ပါပဲ။ ဒါပေမဲ့ ဒါတွေကိုကျော်လွှားဖို့အတွက်ဆိုရင် သိနေရုံနဲ့တော့ မရတော့ပါဘူး။
ဘယ်အရာတွေက ကိုယ့်ရဲ့အားသာချက်တွေဖြစ်မလဲ။ ဘယ်အရာတွေကို ထပ်ပြီး ဖြည့်တင်းရမလဲ။ စတာတွေကို သိအောင် ရှာဖွေစူးစမ်းရပါတော့တယ်။ ဒါက ကိုယ့်တစ်ယောက်တည်းရဲ့အစွမ်းအစနဲ့တော့ ရချင်မှ ရမှာပါ။ ဘာလို့လဲဆိုတော့ ကျမတို့တွေက ကိုယ့်အတွက်ကိုယ်ဆိုရင် ဘက်လိုက်တဲ့အမြင်တွေ ရှိတတ်ကြတယ်လေ။ ကိုယ့်အနီးကလူတွေကလည်း အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်ကိုအမှန်တိုင်း ပြောချင်မှ ပြောကြမှာပါ။
ကိုယ့်ကိုယ်ကိုယ်လည်းသိပြီ။ ကိုယ့်အားနည်းချက်၊ အားသာချက်တွေကိုလည်း ကောင်းကောင်းမြင်လာလို့ အစွမ်းအစတွေလည်း ဖြည့်တင်းလာပြီဆိုရင် ဆက်ပြီးတော့လုပ်ရမှာ ကျွမ်းကျင်မှုပါ။ ဘာကိုပဲ သင်ယူထားပါစေ လေ့ကျင့်မှု အသုံးချမှုမရှိရင် ဒီကျွမ်းကျင်မှုဟာ အချိန်ကြာတာနဲ့အမျှမှေးမှိန်သွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းပဲ့ပင်နိုင်တဲ့ကျွမ်းကျင်မှုကို စဉ်ဆက်မပြတ်သုံးနိုင်လာတဲ့အခါ ဘယ်အရာကမှ ကိုယ့်ကိုထိန်းချုပ်လို့မရတော့ပါဘူး။
ကျမတို့ Heal မဖြစ်သေးတဲ့နေရာတွေက ကျမတို့ကို လာခြိမ်းခြောက်ပါတယ်။ Trigger တွေကို ကျော်နိုင်တဲ့ skill ဟာ self-mastery တစ်ခုလည်းဖြစ်တယ်။ ခြိမ်းခြောက်မှုတွေ မရှိတော့တဲ့အခါ လွတ်မြောက်မှုကိုရပါတယ်။ ကိုယ့်ဘဝကို ကိုယ်တိုင် ပိုင်ဆိုင်သွားတဲ့ ခံစားချက်ဟာ Heal ဖြစ်သွားတဲ့လူတွေမှ ခံစားရတဲ့အရာလည်းဖြစ်တယ်။

ဟိုးအရင်တုန်းကဆိုရင် လိင်စိတ်ခံယူမှုကွဲပြားတာကို စိတ်ရောဂါလို့ အထင်မှားကြတယ်။  ၁၉၉၀ ခုနှစ်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အ...
02/06/2026

ဟိုးအရင်တုန်းကဆိုရင် လိင်စိတ်ခံယူမှုကွဲပြားတာကို စိတ်ရောဂါလို့ အထင်မှားကြတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က လူတစ်ဉီးနဲ့တစ်ဉီး မတူညီတဲ့လိင်စိတ်ခံယူမှုခြားနားနိုင်ပြီး ဒါဟာ ပုံမှန်သာဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
ပုံမှန်ဖြစ်တဲ့အရာကို ပုံမှန်လို့ မထင်ဘူးဆိုတော့မှသာ ပုံမှန်မဟုတ်တော့တာလို့ ပြောရမှာပေါ့။ ခုချိန်ထိ ဒါကိုလွဲနေတယ်လို့ထင်နေသူတွေရှိရင် သူတို့ကမှ ပုံမှန်မဟုတ်တဲ့အကြောင်း ပြောလိုက်ပါဉီး

ဒဏ်ရာရချိန်မှာ ဆူညံပေါက်ကွဲခဲ့ရတာတွေ ရှိကောင်းရှိမယ်။အနာကျက်လာတဲ့အခါမှာတော့ အေးချမ်းတိတ်ဆိတ်လာတယ်။
31/05/2026

ဒဏ်ရာရချိန်မှာ ဆူညံပေါက်ကွဲခဲ့ရတာတွေ ရှိကောင်းရှိမယ်။
အနာကျက်လာတဲ့အခါမှာတော့ အေးချမ်းတိတ်ဆိတ်လာတယ်။

ที่อยู่

Mae Sot, Tak
Ban Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ A Tu Tuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์