San Taw Win ကျန်းမာရေးနဲ့ပက်သက်တဲ့သိသင့်တဲ့အရာတေကို နေ့စဥ်တင်ဆက်နေမယ့် Page လေးပါဗျ

အမျိုးသမီးတွေ လစဥ်ရာသီစက်ဝန်းလာနေစဉ် (menstruation) မှာ ကိုယ်ခန္ဓာမှာ သွေးထွက်ဆုံးရှုံးမှု၊ အားနည်းမှု၊ ဝမ်းဗိုက်နာမှုကိ...
03/04/2026

အမျိုးသမီးတွေ လစဥ်ရာသီစက်ဝန်းလာနေစဉ် (menstruation) မှာ ကိုယ်ခန္ဓာမှာ သွေးထွက်ဆုံးရှုံးမှု၊ အားနည်းမှု၊ ဝမ်းဗိုက်နာမှုကို အဓိကခံစားနိုင်ပါတယ် ။ အဲ့လိုအချိန်မှာ ခန္ဓာကိုယ်အတွက်အထောက်အကူဖြစ်မယ့် အစားအသောက်တွေ ပြောပြပေးပါမယ်နော် 🤍🤍🤍

🩸 သွေးအားပြန်ဖြည့်ပေးမယ့် အစားအစာများ
အနီရောင်အသားများ (အမဲသား၊ ဆိတ်သား)
ပဲမျိုးစုံ (ပဲနီ၊ ပဲလုံး)
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ (ကန်စွန်း၊ မုန်ညင်း၊မုန်လာ၊ဆလပ်)

🍊 Vitamin C ပါဝင်တဲ့အစားအစာများ
စတော်ဘယ်ရီသီး
ကီဝီသီး
လိမ္မော်သီး
သံပုရာသီး
ခရမ်းချဉ်သီး
👉 Iron ကို ကိုယ်ခန္ဓာကပိုမိုစုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်

🥑 အားဖြည့်ပြီး နာကျင်မှုလျော့စေမယ့်အစားအစာ
ငါး (Omega-3 ပါဝင်)
အာလူး
ထောပတ်သီး
ဒိန်ချဉ်
နွားနို့
👉 ဝမ်းဗိုက်နာတာ၊ Cramps လျော့စေပါတယ်

Magnesium ပါဝင်တဲ့အစားအစာများ
ငှက်ပျောသီး
အခွံမာသီးများ
Dark Chocolate (အနည်းငယ်)
👉 စိတ်ဖိစီးမှုလျော့ပြီး muscle cramps လျော့စေတယ်

🍵 အပူပေးပြီးသက်သာစေမယ့်အရာများ
ရေနွေး
လက်ဖက်ရည်ပူ (ginger tea, chamomile tea)
👉 ဝမ်းဗိုက်နာမှုကို သက်သာစေတယ်

❌❌❌ ရှောင်ကျဥ်သင့်တဲ့အရာတွေကတော့
ကော်ဖီ (caffeine များလို့ နာကျင်မှုတိုးနိုင်)
အဆီများ၊ အချိုများ
အရမ်းအေးသောအချိုရည်၊အစားအစာများ
အရက်၊ဘီယာ

💡 တခြားအကြံပြုချက်တေကတော့
ရေများများသောက်ပါ
အနားယူမှုလုံလောက်အောင်ယူပါ
အိပ်ရေးဝအောင်အိပ်စက်ပေးပါ
ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း (လမ်းလျှောက်) လုပ်နိုင်ရင် ပိုကောင်းပါတယ်
သံဓာတ်အားကောင်းစေသော ခင်ဗျ 😊😊😊

ที่อยู่

Bangkok

เบอร์โทรศัพท์

+66991960734

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ San Taw Winผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์