Mind Myanmar Dedicated to Community Mental Health

💙 Do's and Don'ts of active listening(ထိရောက်စွာ နားထောင်ခြင်း၏ ဆောင်ရန်၊ရှောင်ရန်များ)ဒီအပတ်မှာတော့ စိတ်ပိုင်းဆိုင်ရာ ပ...
20/02/2023

💙 Do's and Don'ts of active listening
(ထိရောက်စွာ နားထောင်ခြင်း၏ ဆောင်ရန်၊ရှောင်ရန်များ)

ဒီအပတ်မှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ တွေ့ကြုံခံစားနေရတဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပြုလုပ်ဖို့ လိုအပ်တဲ့ ထိရောက်စွာ နားထောင်ခြင်းအကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ (ဥပမာ- စိတ်ဖိစီးမှု)ကို တွေ့ကြုံခံစားနေတဲ့ လူတစ်ယောက်ကို ကူညီပေးဖို့ဆိုရင် စကားပြောတာထက် စကားနားထောင်ပေးတာက ပိုအရေးပါ ထိ‌ရောက်ပါတယ်။ ထိရောက်စွာ နားထောင်ခြင်းဆိုတာက စကားပြောသူနဲ့ နားထောင်သူကြား နားလည်မှု လွဲမှားတာတွေကို ဖယ်ရှားဖို့၊ ရှင်းလင်းတဲ့ ဆက်သွယ်မှုတွေကို တည်ဆောက်ဖို့၊ နှုတ်ကတစ်ဆင့် ထုတ်ပြောတဲ့ မက်ဆေ့စ်‌တွေနဲ့ ခန္ဓာကိုယ်ကနေ ပြောပြနေတဲ့ မက်ဆေ့စ်တွေကို စောင့်ကြည့်လေ့လာပြီး သင့်လျော်တဲ့ တုံ့ပြန်ချက်တွေကို ပံ့ပိုးပေးတာ ဖြစ်ပါတယ်။

ဒီလို ထိရောက်စွာ နားထောင်လိုက်ရင် တစ်ဖက်စကားပြောတဲ့သူအပေါ် သေချာအာရုံစိုက်မှုကို ပြသတာဖြစ်စေပြီး အပြန်အလှန် နားလည်မှုတွေ ဖြစ်လာစေပြီးတော့ ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်လာစေပါတယ်။ ဒီထိရောက်စွာ နားထောင်ခြင်း (Active listening)ကို သာမန်စကားဝိုင်းတွေမှာလဲ အကျိုးရှိရှိ အသုံးပြုလို့ရပါတယ်။

ထိရောက်စွာ နားထောင်ပေးနိုင်ဖို့ အရေးကြီးတဲ့ ဆောင်ရန်လေးတွေကို ပြောပြသွားပါမယ်။
✅တစ်ဖက်စကားပြောသူ၏ ခန္ဓာကိုယ်အပြုအမူတွေအ‌ပေါ်
အာရုံစိုက်ပြီး စောင့်ကြည့်လေ့လာပါ။
ဥပမာ-မျက်နာအနေအထား (အပြုံး၊ မျက်လုံး)၊ အသံအနေအထား (တုန်နေတာ၊အက်နေတာ၊ ကြည်လင်နေတာ) အစရှိတာတွေနဲ့ ပျော်နေသလား၊ ဝမ်းနည်းနေသလား၊ ကြောက်လန့်နေသလား ဆိုတာကို လေ့လာလို့ရပါတယ်။

✅မိမိ၏ အာရုံစူးစိုက်မှုကို ခန္ဓာကိုယ် အပြုအမူတွေနဲ့ဖော်ပြပါ။
ဥပမာ- ခေါင်းလေးငြိမ့်ပေးတာ၊ ပြုံးပြတာ၊ အံဩကြောင်း၊ ဝမ်းနည်း‌ကြောင်းပြသတဲ့ အမူအရာလေးတွေလုပ်တာ၊ အကြည့်ချင်းဆုံတာ။ ဒီလိုအကြည့်ချင်းဆုံဖို့ အဆင်မပြေရင် စကားပြောသူ၏ နှုတ်ခမ်းကို ကြည့်ပေးပါ။

✅တစ်ဖက်စကားပြောတဲ့သူက ပိုမို ၀ေမျှပြောဆိုနိုင်ဖို့ အကူအညီ ပေးတဲ့စကားလုံးတွေ သုံးနှုန်းပါ။
ဥပမာ-ထောက်ခံကြောင်းပြသတဲ့ စကားအသုံးအနှုန်းတွေ( အင်း၊ အင်းပေါ့၊ ဒါပေါ့၊ ဟုတ်တာပေါ့)၊ အံဩကြောင်းပြသတဲ့ အသုံးအနှုန်းတွေ (ဟယ်၊ အံ့ဩလိုက်တာ)

✅နားမလည်တဲ့အခါမျိုးမှာ မေးမြန်းပါ။
တစ်ဖက်သူပြောချင်တဲ့ဆိုလိုရင်းကို သေချာနားမလည်ပဲ မိမိဖက်က အမှားမလုပ်မိအောင် နားလည်တဲ့အထိ သေချာမေးမြန်းပါ။

✅သင့်လျော်တဲ့ မေးခွန်းတွေမေးပါ။
ဥပမာ- ဝမ်းနည်းနေသူအား ပျော်နေလားလို့ မေးမယ့်အစား အဆင်ပြေရဲ့လား၊ စိတ်ခံစားချက်ဘယ်လိုရှိလဲ၊ ဝမ်းနည်းနေလား အစရှိသဖြင့် အကြောင်းအရာပေါ်မူတည်ပြီး သင့်လျော်တဲ့ မေးခွန်းတွေမေးပါ။

✅တစ်ဖက်စကားပြောသူ၏ တွေးတောချိန်နဲ့ တိတ်ဆိတ်နေချိန်‌တွေကို ခွင့်ပြုပေးလိုက်ပါ။ အချိန်ပေးပါ။
ဥပမာ- တစ်ဖက်သူက ဝမ်းနည်းသွားလို့ စကားပြောမထွက်ရင် အတင်းမေးမယ့်အစား စကားပြန်ပြောလာမယ့်အထိ အချိန်ပေးပါ။

✅ပြန်လည်ထင်ဟပ်ပြပါ။ တတ်နိုင်သလောက် အကြောင်းအရာအလိုက်၊ အစအဆုံးနီးပါး
အနှစ်ချုပ်ပြန်ပြောပါ။
ဥပမာ- အလုပ်တွေများ၊ စာတွေများပြီး ကိုယ်ပိုင်အချိန်မရနေလို့ ဝမ်းနည်းနေတယ်၊ စိတ်ထိခိုက်နေတယ်မလား အစရှိသဖြင့် တစ်ဖက်စကားပြောသူအား သူ့ခံစားချက်ကို သိမြင်လာအောင်၊ ပြဿနာဖြစ်စေတဲ့အရာတွေကို အနှစ်ချုပ်ပြန်ပြောပေးပါ။

ဆက်လက်ပြီးတော့ ထိရောက်စွာ နားထောင်ပေးနိုင်ဖို့ မလုပ်ဆောင်ရမယ့် အရေးကြီးတဲ့ ရှောင်ရန်လေးတွေကို ပြောပြသွားပါမယ်။
❌အာရုံပျံ့လွင့်နေခြင်း။
ဥပမာ- တစ်ဖက်သူပြောတာကို နားမထောင်မိဘဲ အခြားအကြောင်းတွေ တွေးမိတာ။ အတွေးတွေပျံ့လွင့်နေတာ။

❌မိမိအပြုအမူနဲ့ တစ်ဖက်သူအပေါ် အာရုံမစိုက်မိကြောင်း ပြသခြင်း။
ဥပမာ- အဝေးကိုငေးကြည့်လိုက်တာ၊ လမ်းသွားလမ်းလာတွေကို အာရုံစိုက်မိတာ၊ နာရီ၊ လက်သည်းတွေ ကိုကြည့်မိတာ၊ ဆံပင်ကိုဆော့ကစားမိတာ အစရှိသဖြင့် တစ်ဖက်သူကို မကြည့်မိဘဲ အခြားအရာ‌တွေအပေါ် အာရုံရောက်သွားတာမျိုး။

❌သေချာရှင်းလင်းစွာ နားမလည်သော်လည်း တစ်ဖက်စကားပြောသူ၏ စကားတွေကို မိမိနားလည်သလို ယူဆလိုက်ခြင်း။
ဥပမာ- တစ်ဖက်စကားပြောသူက ဝမ်းနည်းကြောင်းပြောပြတာကို မိမိကသေချာနားမလည်ဘဲ စိတ်အဆင်ပြေနေတယ်လို့ ယူဆမိတာမျိုး။

❌တစ်ဖက်သူစကားပြောနေချိန်မှာ စကားဖြတ်ပြောခြင်း၊ မိမိဖက်မှ ထင်မြင်ယူဆချက်တွေ၊ တိုက်ရိုက် အကြံဥာဏ်တွေ ပေးခြင်း။
ဥပမာ- တစ်ဖက်သူစကားပြောမပြီးခင် ဖြတ်ပြောမိပြီး မိမိဖက်က အကဲဖြတ်မိကာ အကြံဉာဏ်တွေပေးမိတာမျိုး။

❌တစ်ဖက်သူအား သနားစရာကောင်းသည်ဟု ခံစားသွားစေနိုင်သော အပြောအဆိုများ သို့မဟုတ် အပြုအမူများ ပြောကြား ပြုလုပ်ခြင်း။
ဥပမာ- မိမိနှင့်နှိုင်းယှဉ်ပြီး ငါလဲဖြစ်ဖူးတယ်၊ အဆင်ပြေသွားတာပဲ၊ အဲ့လောက်ပြဿနာကြီး နေတာတော့ မဟုတ်ဘူး အစရှိသဖြင့် ပြောဆိုမိကာ မျက်နာအမူအရာဖြင့် ခနဲ့သလိုပြသခြင်း။

ဒီလိုထိရောက်စွာ နားထောင်ပေးနိုင်ဖို့ လိုက်နာဆောင်ရွက်သွားရမယ့် အရေးကြီးတဲ့ ဆောင်ရန်၊ ရှောင်ရန် အကြောင်းလေးတွေကို ပိုမိုသိရှိသွားမယ်လို့မျှော်လင့်ပါတယ်။💙

🔵 Reference
https://www.bhf.org.uk/informationsupport/heart-matters-magazine/wellbeing/how-to-talk-about-health-problems/active-listening

☘️🌱မူးယစ်ဆေးဝါး စွဲလမ်းခြင်းမှ ပျော်ရွှင်ကျန်းမာသောဘဝဆီသို့….🪴 မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဓိက မူးယစ်ဆးဝါးကုန်သ...
04/02/2023

☘️🌱မူးယစ်ဆေးဝါး စွဲလမ်းခြင်းမှ ပျော်ရွှင်ကျန်းမာသောဘဝဆီသို့….

🪴 မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဓိက မူးယစ်ဆးဝါးကုန်သွယ်သည့်နိုင်ငံဖြစ်သည့် အားလျော်စွာ၊ 2010 ခုနှစ် ၏ စစ်တမ်းအရ မြန်မာန်ုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ဉီးရေ ပျမ်းမျှ ၃သိန်းမှ ၄သိန်းကြားတွင်ရှိကြောင်းသိရပါသည်။ အထူးသဖြင့်ယခုကဲ့သို့ အခြေအနေ၊ကာလတွင် မူးယစ်ဆေးဝါးများ လွယ်ကူစွာ ရနိုင်ခြင်း၊ စျေးနှုန်းသက်သာခြင်းတို့ကြောင့် သုံးစွဲမှု သိသာ ထင်ရှားစွာ တိုးလာကာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ အကျိုးဆက်များ ဖြစ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြသနာများ ကြုံတွေ့ခံစားလာကြရသည်မှာ တိုးရွေ့ တိုးရွေ့ ပင်ဖြစ်သည်။

☘️ References

https://www.mentalhealth.org.uk/explore-mental-health/a-z-topics/drugs-and-mental-health

https://www.talktofrank.com/
https://nida.nih.gov/publications/drugs-brains-behavior-science-addiction/drugs-brain

မင်္ဂလာပါရှင့် ကျွန်မတို့ Resilience Training ကို January အတွက် ပြုလုပ်ရာမှာ Form အသစ်ပြောင်းလဲဖွင့်ခဲ့ပါတယ်။ ပါဝင်လိုသူ...
26/01/2023

မင်္ဂလာပါရှင့်
ကျွန်မတို့ Resilience Training ကို January အတွက် ပြုလုပ်ရာမှာ Form အသစ်ပြောင်းလဲဖွင့်ခဲ့ပါတယ်။ ပါဝင်လိုသူ တချို့အနေနဲ့ ရှေ့လက form အဟောင်းကို ဖြည့်မိတာကြောင့် ဆက်သွယ်ဖို့ကျန်သွားတာရှိခဲ့ပါတယ်။ ဒါကြောင့် ခု Jan နောက်ဆုံးအပတ်မှာ ထပ်မံပြုလုပ်ပေးမှာဖြစ်ပါတယ်။ စိတ်ဝင်စားလို့ပါဝင်ချင်ရင် စာရင်းသွင်းနိုင်ကြောင်း အသိပေးပါတယ်ရှင့်။

https://docs.google.com/forms/d/e/1FAIpQLSeiWn2fdvcFCSJI5by3P_FEejq51PsdAsUTnfz9EjUPI45U7A/viewform

အခုဖော်ပြပါ form ကိုသာ ဖြည့်ပေးပါရှင့်။
Jan 29,30,31 (6:00-8:00pm) ဖြစ်ပါတယ်။

မင်္ဂလာပါရှင် ✨
Mind Myanmar မှ အခမဲ့ပံ့ပိုးပေးတဲ့ Resilience Training for Youth (လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်စွမ်းအားမြှင့်တင်မှုအစီအစဥ်) ကိုစိတ်ဝင်စားပြီး ပါဝင်တက်ရောက်လိုသူများတာကြောင့် ကျွန်မတို့အနေနဲ့ အခု နှစ်သစ်ရဲ့အစမှာ ထပ်မံ Registration ဖွင့်ပေးလိုက်ပါပြီရှင့်

ဤအစီအစဥ်ဟာ လက်ရှိအကျပ်အတည်းကာလအတွင်း လူငယ်တွေကြုံတွေ့ခံစားနေရတဲ့
(၁) စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို ပံ့ပိုးကူညီနိုင်ရန်
(၂) စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းအားများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပါတယ်။

အသက် ၁၈-၃၅ အတွင်း စိတ်ပါဝင်စားသော လူငယ်များအနေဖြင့် အောက်ပါ registration form ကို ဖြည့်ပြီး ပါဝင်တက်ရောက်နိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSeiWn2fdvcFCSJI5by3P_FEejq51PsdAsUTnfz9EjUPI45U7A/viewform

သင်တန်းတက်ရောက်ပြီးသူများရဲ့ Feedback အချို့ကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင်။
✨ခံနိုင်ရည်စွမ်းအားအကြောင်း သေချာစွာနားလည်သဘောပေါက်လာခြင်း
✨မိမိကိုယ်ကို ပိုမိုသတိပြုမိလာခြင်း၊ မည်သို့ဂရုစိုက်စောင့်ရှောက်သင့်သည်ကို သိရှိလာခြင်း
✨တစ်ဦးချင်း၏ စိတ်ပိုင်းဆိုင်ရာအခက်အခဲများ လွတ်လပ်စွာ မျှဝေနိုင်ခြင်း
✨မိမိ၏ အားသာချက်၊ အားနည်းချက်များအားရှင်းလင်းစွာသိခွင့်ရပြီး ယုံကြည်မှုခိုင်မာလာခြင်း
✨ပါဝင်သူတစ်ဦးစီ၏ အတွေ့အကြုံများကို သင်ယူလေ့လာခွင့်ရခြင်း

အစီအစဥ်ကို online မှတဆင့် ပြုလုပ်မှာဖြစ်ပြီး တစ်နေ့လျှင် နှစ်နာရီဖြင့် သုံးရက်ပါဝင်ရမှာ ဖြစ်ပါတယ်။ မည်သည့်အခကြေးငွေမှ ပေးစရာ မလိုအပ်ပါ။ တက်ရောက်ရမယ့် Zoom Link ကို စာရင်းပေးထားတဲ့သူတစ်ယောက်ချင်းစီကို ပြန်လည်ပို့ပေးသွားပါမယ်။


🔵What are emotional barriers in communications? Part-2(ဆက်ဆံရေးမှာ အဟန့်အတားဖြစ်‌စေတဲ့ စိတ်ခံစားမှုဆိုင်ရာအတားအဆီးတွေဆို...
26/01/2023

🔵What are emotional barriers in communications? Part-2
(ဆက်ဆံရေးမှာ အဟန့်အတားဖြစ်‌စေတဲ့ စိတ်ခံစားမှုဆိုင်ရာအတားအဆီးတွေဆိုတာဘာလဲ။ အပိုင်း-၂)🔵

အပိုင်း(၁)-https://www.facebook.com/100085343930826/posts/153238907530906/?mibextid=Nif5oz မှာ စိတ်ခံစားမှုဆိုင်ရာ အတားအဆီးဆိုတာက ဘယ်လိုမျိုးလဲဆိုတဲ့အကြောင်းနဲ့ ဆက်ဆံရေးမှာ အဟန့်အတားဖြစ်‌စေတဲ့ စိတ်ခံစားမှုဆိုင်ရာအတားအဆီး(၄)မျိုးအကြောင်းကို ပြောပြပြီးပြီဖြစ်လို့ ဒီဒုတိယအပိုင်းမှာတော့ ‌ကျန်ရှိနေတဲ့ (၃)မျိုးအကြောင်းနဲ့ ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။💙

🔵What is emotional barriers in communication? Part-1 (ဆက်ဆံရေးမှာ အဟန့်အတားဖြစ်‌စေတဲ့ စိတ်ခံစားမှုဆိုင်ရာအတားအဆီးတွေဆိုတ...
19/01/2023

🔵What is emotional barriers in communication? Part-1
(ဆက်ဆံရေးမှာ အဟန့်အတားဖြစ်‌စေတဲ့ စိတ်ခံစားမှုဆိုင်ရာအတားအဆီးတွေဆိုတာဘာလဲ။ အပိုင်း-၁)🔵

စိတ်ခံစားမှုဆိုင်ရာအတားအဆီးဆိုတာက တစ်စုံတစ်ယောက်နဲ့ ဆက်သွယ်စကားပြောတဲ့အချိန်မှာ မိမိရဲ့အတွေးတွေ၊ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟမထုတ်ပြနိုင်အောင် ဟန့်တားထားတဲ့ အရာလေးဖြစ်ပါတယ်။ မိမိရဲ့စိတ်ခံစားမှုတွေကို သေသေချာချာ သိရှိနားမလည်တဲ့အချိန်၊ ထိန်းသိမ်းနိုင်တဲ့စွမ်းရည် နှိမ့်ပါးတဲ့အချိန်၊ ကောင်းမွန်စွာအသုံးမပြုနိုင်တဲ့အချိန်တွေမှာ ဒီစိတ်ခံစားမှုဆိုင်ရာအတားအဆီးတွေက ထွက်ပေါ်လာတတ်ပါတယ်။

ဆက်ဆံရေးမှာ အဟန့်အတားဖြစ်‌စေတဲ့ စိတ်ခံစားမှုဆိုင်ရာအတားအဆီးတွေထဲက (၄)မျိုးအကြောင်းကို
ဒီပထမအပိုင်းမှာ ပြောပြသွားပါမယ်။

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 22:30
อังคาร 09:00 - 22:30
พุธ 09:00 - 22:30
พฤหัสบดี 09:00 - 22:30
ศุกร์ 09:00 - 22:30
เสาร์ 09:00 - 22:30
อาทิตย์ 09:00 - 22:30

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mind Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Mind Myanmar:

ทางลัด

แชร์