27/09/2026
ချစ်ရတဲ့ follower တို့ရေ 🤍
၂၀၂၂ ခုနှစ် ဒီဇင်ဘာကစပြီး ဒေါက်တာအနေနဲ့ Beauty နဲ့ Health အကြောင်း အသိပညာတွေကို မျှဝေလာခဲ့တာ လာမယ့် ဒီဇင်ဘာမှာ ၄ နှစ်ပြည့်တော့မှာပါ။ ဒီခရီးတစ်လျှောက် အားပေးဖတ်ရှုပေးပြီး အတူရှိပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ် 🫶
ရှေ့ဆက်ပြီးလည်း အားလုံးအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရတဲ့ Beauty နဲ့ Health အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးသွားမယ်နော်။ ၄ နှစ်ပြည့်အတွက်လည်း အားလုံးနဲ့အတူ အမှတ်တရလေးတစ်ခု ဖန်တီးဖို့ စီစဉ်နေတာမို့ မကြာခင် ပြောပြပေးမယ် ✨
ဒီ Page မှာ ဘယ်အကြောင်းအရာတွေကို ပိုသိချင်ပါလဲ..ဒါမှမဟုတ် ဒေါက်တာ့ကို ဘယ်လိုအရာတွေ ပိုပြောပြပေးစေချင်လည်းဆိုတာလေးရှိရင်လည်း အကြံပြုဖို့ Comment မှာ ရေးခဲ့ပေးနော်။ အားလုံးသိချင်တဲ့အကြောင်းအရာတွေကိုလည်း နောက်လာမယ့် post တွေမှာ ထည့်သွင်းမျှဝေပေးချင်ပါတယ် 🤍