White Aura

White Aura ☸️ 𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗣𝗿𝗮𝗰𝘁𝗶𝘁𝗶𝗼𝗻𝗲𝗿


" 𝗪𝗵𝗶𝘁𝗲 𝗔𝘂𝗿𝗮 "နဲ့အတူသင့်စွမ်းအားကို မြှင့်တင်လိုက်ပါ👑

ကူညီပေးဖို့အဆင်သင့်ရှိနေပါတယ် 🤍

🌸 "စက်တင်ဘာက သင့်အတွက် ဘယ်လို လျှို့ဝှက်ချက်လေးတွေ ယူဆောင်လာပေးမလဲ?"​ဩဂုတ်လမှာ ဖြတ်သန်းခဲ့ရတဲ့ Solor Eciplse & Lunar Ecl...
29/08/2026

🌸 "စက်တင်ဘာက သင့်အတွက် ဘယ်လို လျှို့ဝှက်ချက်လေးတွေ ယူဆောင်လာပေးမလဲ?"

​ဩဂုတ်လမှာ ဖြတ်သန်းခဲ့ရတဲ့ Solor Eciplse & Lunar Eclipse တို့ရဲ့ စွမ်းအင်တွေကြောင့်၊ လာမယ့် စက်တင်ဘာဟာ လူတိုင်းအတွက် အလှည့်အပြောင်းလေးတွေ ရှိလာမယ့် လတစ်လ ဖြစ်လာပါတော့မယ်။

​✴ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အခွင့်အရေးသစ်တွေ ပေါ်လာမလား?

✴ ငွေကြေး စီးဆင်းမှုတွေ ပိုပြီး အဆင်ပြေလာမလား?

✴ အချစ်ရေးနဲ့ ဆက်ဆံရေးတွေမှာ ဘာတွေ သတိထားပြီး ပိုခိုင်မာအောင် တည်ဆောက်ကြမလဲ?

​အပြောင်းအလဲတွေ ဖြစ်လာမယ့် အချိန်မှာ ကြိုတင်သိရှိပြီး ပြင်ဆင်ထားတာက အခွင့်အလမ်းတွေကို ပိုပြီး အပိုင်ဖမ်းနိုင်စေပါတယ်။

​ဒါကြောင့် သင့်ရဲ့ ကိုယ်ပိုင် ဇာတာခွင် (Birth Chart) နဲ့ တိတိကျကျ တိုက်ဆိုင်စစ်ဆေးပြီး စက်တင်ဘာလ တစ်လစာအတွက် လမ်းပြမြေပုံ ဖြစ်လာမယ့် "စက်တင်ဘာလ အထူးဟောစာတမ်း (September Personal Reading)" ကို White Aura Studio မှ စီစဉ်ပေးလိုက်ပါတယ်။

​📌 ဒီ Reading လေးမှာ ဘာတွေ သိရမလဲ?

၁။ ဒီလအတွက် သင့်ဘဝကို အဓိက လွှမ်းမိုးမည့် စွမ်းအင်များ

၂။ အလုပ်အကိုင်၊ ငွေကြေး နှင့် အချစ်ရေး အခြေအနေ သုံးသပ်ချက်

၃။ အရေးကြီးဆုံး ရက်စွဲများ (အခွင့်အရေးယူရမည့် ကံကောင်းသောရက် နှင့် ရှောင်ကြဉ်ရမည့် ရက်များ)

၄။ အဆိုးပြေ အကောင်းဆောင်စေမည့် လက်တွေ့ကျသောအစွမ်းထက် Remediesများ

​(သင့်အတွက် သီးသန့် တွက်ချက်ထားသော ဟောစာတမ်းကို ဖတ်ရှုရလွယ်ကူသည့် Ebook ဖြင့် တိကျရှင်းလင်းစွာ ပေးပို့သွားပါမည်။)

​အချိန်ယူ တွက်ချက်ရတာဖြစ်လို့ ပထမဆုံး (၁၀) ယောက် ကိုသာ သီးသန့် လက်ခံပေးသွားပါမည်။

​စက်တင်ဘာလရဲ့ အခွင့်အရေးတွေကို လက်မလွတ်ဘဲ အပိုင်ဖမ်းချင်တယ်ဆိုရင်တော့...

အခုပဲ CB / Chat မှာ "စက်တင်ဘာ" လို့ စာပို့ပြီး အသေးစိတ်ကို မေးမြန်း စာရင်းသွင်းနိုင်ပါပြီရှင့်။ 🤍

စက်တင်ဘာနဲ့အတူ ငွေကြေးနဲ့ အောင်မြင်မှုတွေ ဝင်ရောက်လာစေချင်တယ်ဆိုရင် "September ☘" လို့ မန့်ခဲ့ပေးနော်။

​

𝗗𝗮𝗶𝗹𝘆 𝗘𝗻𝗲𝗿𝗴𝘆 𝗧𝗶𝗺𝗶𝗻𝗴 ဆိုတာ ဘာကြီးလဲ? ကြိုသိထားရင် ဘာထူးမှာလဲ? 🤔လူတစ်ယောက်ကို ကြည့်လိုက်ရင် "သူကတော့ ဘာလုပ်လုပ် အဆင်ပြေနေတ...
28/08/2026

𝗗𝗮𝗶𝗹𝘆 𝗘𝗻𝗲𝗿𝗴𝘆 𝗧𝗶𝗺𝗶𝗻𝗴 ဆိုတာ ဘာကြီးလဲ? ကြိုသိထားရင် ဘာထူးမှာလဲ? 🤔

လူတစ်ယောက်ကို ကြည့်လိုက်ရင် "သူကတော့ ဘာလုပ်လုပ် အဆင်ပြေနေတာပဲ" ဆိုတာမျိုး ဒါမှမဟုတ် ကိုယ်တိုင်ပဲ "ဒီနေ့မှ ဘာလို့ အရာရာ လွဲချော်နေရတာလဲ" လို့ ခံစားဖူးကြတယ်မလား?
အဲဒါ နေ့စဉ်ပြောင်းလဲနေတဲ့ စကြဝဠာရဲ့ 𝗘𝗻𝗲𝗿𝗴𝘆 (နက္ခတ်စွမ်းအင်) တွေကြောင့်ပါ။ ✨

နေ့စဉ်စွမ်းအင် အကွေ့အပြောင်းတွေကို ကြိုသိထားရင် ဘဝမှာ ဘာတွေ ထူးခြားသွားမလဲဆိုတော့...

✅ "Timing (အချိန်အခါ)" အတိအကျ သိလာမယ်
အောင်မြင်ဖို့ဆိုတာ ကြိုးစားရုံနဲ့ မရဘဲ အချိန်အခါ (Timing) ကိုက်ဖို့ လိုပါတယ်။
ဘယ်နေ့မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမလဲ၊ ဘယ်နေ့မှာ ရှေ့တိုးရမလဲဆိုတာ ကြိုသိရင် အောင်မြင်မှုက ပိုသေချာသွားတာပေါ့။

✅ အခွင့်အလမ်းတွေကို အပိုင်ဖမ်းနိုင်မယ်
ဓနအိမ်မှာ ငွေဝင်ပေါက်ပွင့်တဲ့ နေ့တွေရှိသလို၊ အလုပ်မှာ ကော အချစ်ရေးမှာပါ မျက်နှာပန်းလှတဲ့ နေ့တွေလည်း ရှိပါတယ်။
စွမ်းအင်ကောင်းတဲ့နေ့တွေကို ကြိုသိထားရင် သူများထက် ခြေတစ်လှမ်း ဦးပြီး အခွင့်အလမ်းတွေကို အပိုင်ဆွဲယူနိုင်မှာပါ။

✅ အလွဲအချော်တွေကို ရှောင်ရှားနိုင်မယ်
"ဒီနေ့တော့ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး နေတာ အကောင်းဆုံးပဲ" ဆိုတဲ့ နေ့မျိုးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်စွမ်းအင်ကို သိထားရင် အလဟဿ အချိန်ကုန်၊ ငွေကုန်၊ စိတ်ညစ်ရမယ့် ကိစ္စတွေကို ကြိုတင်ရှောင်လွှဲနိုင်ပါတယ်။

အချုပ်ကတော့...
နေ့စဉ် နက္ခတ်စွမ်းအင်ကို သိတယ်ဆိုတာ ကိုယ့်ဘဝရဲ့ လမ်းပြမြေပုံကို နေ့တိုင်း ကြည့်ခွင့်ရနေသလိုပါပဲ။
အကွေ့အပြောင်းတွေကို ကြိုသိလေလေ၊ ဘဝမှာ ဘာလုပ်လုပ် ပိုပြီး လွယ်ကူချောမွေ့လေလေပါပဲ။

ကဲ... မနက်ဖြန်အတွက် သင့်ရဲ့ ကံဇာတာ စွမ်းအင်ကကော ဘယ်လိုရှိနေမလဲ?

အခွင့်အလမ်းတွေကို လက်မလွတ်ဘဲ နေ့စဉ် တိကျတဲ့ လမ်းညွှန်မှုတွေ ရယူချင်တယ်ဆိုရင်တော့ တစ်လကို ကော်ဖီတစ်ခွက်စာ တန်ဖိုးလေးနဲ့တင် ဝင်ရောက်နိုင်တဲ့ VIP Daily Horoscope Telegram Channel ဆီ ဖိတ်ခေါ်လိုက်ပါတယ်နော်။☕️✨

(VIP Channel သို့ ဝင်ရောက်လိုပါက Comment or CB တွင် "VIP" ဟု စာပို့ထားပေးပါရှင်)

*ဆောင်ရန်ရှောင်ရန် အရောင်နဲ့ Lucky Number တွေပါ နေ့စဉ်သိရမှာပါနော်။🥰


🌕 မနက်ဖြန် လကြတ်ချိန် (Lunar Eclipse) အတွက် အရေးပေါ် သတိပေးချက် 🌕​မနက်ဖြန် (ဩဂုတ် ၂၈ ရက်) မှာ ဖြစ်ပေါ်မယ့် လကြတ်ခြင်းဟာ ...
27/08/2026

🌕 မနက်ဖြန် လကြတ်ချိန် (Lunar Eclipse) အတွက် အရေးပေါ် သတိပေးချက် 🌕

​မနက်ဖြန် (ဩဂုတ် ၂၈ ရက်) မှာ ဖြစ်ပေါ်မယ့် လကြတ်ခြင်းဟာ စွမ်းအင်တွေ အကြီးအကျယ် အပြောင်းအလဲဖြစ်မယ့် အချိန်ပါ။
ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘဝကို ဆွဲချနေတဲ့ အဟောင်းတွေကို မစွန့်လွှတ်နိုင်ရင် (Let Go မလုပ်နိုင်ရင်) ရှေ့ဆက်ရမယ့် ငွေကြေးနဲ့ လုပ်ငန်းတိုးတက်မှုတွေပါ ပိတ်ဆို့သွားတတ်ပါတယ်။

​အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဒီရက်ပိုင်း ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အမှားအယွင်းမရှိအောင် သေချာ ဂရုစိုက်ရပါမယ်။

​ဒါကြောင့် သင့်ရဲ့ မွေးဇာတာအရ အတိအကျ ဘာတွေကို ရှောင်ရှားရမလဲ၊ ဘာတွေကို စွန့်လွှတ် (Let Go) ရမလဲဆိုတာကို White Aura Studio မှ "Letting Go Mini Consultation" ဖြင့် အထူး တွက်ချက်ပေးသွားပါမယ်။

​ဘာတွေ ရရှိမလဲ?
✴ သင့်ဇာတာနဲ့ ကွက်တိကျမယ့် အရေးကြီး သတိပေးချက်နဲ့ စွန့်လွှတ်ရမည့်အရာ (၃) ခု
✴ သီးသန့် စာတို ဖြင့် တိုက်ရိုက် အကြံပေးခြင်း
✴ လကြတ်ချိန်မှာ အလွယ်တကူ ပြုလုပ်နိုင်မယ့် စွမ်းအင်သန့်စင်ခြင်း ယတြာ

​⏰ မနက်ဖြန် လကြတ်ချိန်မတိုင်ခင် ကြိုတင် ပြင်ဆင်ချင်သူများအတွက် (၇) ဦး သီးသန့်သာ လက်ခံပေးသွားပါမယ်။*

​နေရာမပြည့်ခင် ကိုယ့်ရဲ့ ဇာတာအတွက် Page Messenger (Chat Box) ကနေ အခုပဲ "Letting Go" လို့ စာပို့ပြီး Booking လာရောက် တင်ထားနိုင်ပါပြီ။


🌕 လကြတ်ချိန်ရဲ့ အားပြင်းတဲ့ စွမ်းအင်ကို အသုံးချပြီး ဘဝရဲ့ ပိတ်ဆို့မှုတွေကို ရှင်းလင်းကြပါစို့✌​လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှ...
26/08/2026

🌕 လကြတ်ချိန်ရဲ့ အားပြင်းတဲ့ စွမ်းအင်ကို အသုံးချပြီး ဘဝရဲ့ ပိတ်ဆို့မှုတွေကို ရှင်းလင်းကြပါစို့✌

​လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့မှာဖြစ်ပေါ်မယ့် လကြတ်ခြင်း (Lunar Eclipse) ဟာ ကိုယ့်ကို ရှေ့ဆက်မသွားနိုင်အောင် ဆွဲချထားတဲ့ အရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ မလိုလားအပ်တဲ့ စွမ်းအင်ဟောင်းတွေကို အပြီးတိုင် စွန့်လွှတ် (Let Go) ဖို့ အစွမ်းထက်ဆုံး အချိန်ပါပဲ။

​ခေါင်းထဲမှာ ရှုပ်ထွေးနေတာတွေ၊ ကြောက်ရွံ့မှုတွေ၊ အတိတ်က နာကျင်မှုတွေကို သယ်ဆောင်ထားရင်း ရှေ့ဆက်ဖို့ ခက်ခဲနေတယ်လို့ ခံစားနေရလား?

​ဒါဆိုရင်တော့ White Aura Studio ကနေ အားလုံးအတွက် သီးသန့် အခမဲ့ ပြုလုပ်ပေးမယ့် "Lunar Eclipse Release & Reset" Zoom Session လေးကို ဖိတ်ခေါ်ချင်ပါတယ်။

​ဒီ (၄၅) မိနစ်စာ Session လေးမှာ ဘာတွေ လုပ်ကြမလဲ?

​⚛( Energy Shift )လကြတ်ချိန် စွမ်းအင်ကို မိမိရဲ့ တိုးတက်မှုအတွက် ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ ဆိုတာကို ရှင်းပြပေးခြင်း။

​⚛ (The Letting Go Ritual) ကိုယ့်ရဲ့ အကြောက်တရားတွေ၊ စိတ်ပူပန်မှုတွေကို စက္ကူပေါ်ချရေးပြီး အားလုံးအတူတူ တပြိုင်နက်တည်း ဖယ်ရှားပစ်မယ့် လက်တွေ့ စွန့်လွှတ်ခြင်း ယတြာ ပြုလုပ်ခြင်း။

​⚛( Mind & Soul Reset) ပိတ်ဆို့နေတဲ့ စွမ်းအင်တွေကို ဖယ်ရှားပြီး စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေမယ့် အုပ်စုလိုက် Energy Clearing လေးကို ဦးဆောင်လုပ်ပေးခြင်း။

​လာတက်မယ့်သူတွေအနေနဲ့ ကိုယ့်မွေးဇာတာကို သိနေစရာ မလိုပါဘူး။ ဘောပင်တစ်ချောင်းနဲ့ စက္ကူအလွတ် တစ်ရွက် ပဲ အသင့်ပြင်ထားပေးဖို့ လိုပါတယ်။ 🤍

​အစီအစဉ် အသေးစိတ် -
​📅 နေ့ရက် - ဩဂုတ်လ ၂၈ ရက်
​⏰ အချိန် - [၁၁နာရီတိတိတွင်စပါမည် ] (၄၅ မိနစ်သာ ကြာမြင့်ပါမည်)

​📍 နေရာ - Zoom Online Meeting
​🎟 ဝင်ကြေး - အခမဲ့

​ဒီ Zoom Session လေးကို တက်ရောက်ပြီး စွမ်းအင်သစ်တွေနဲ့ အစပြုချင်တယ်ဆိုရင်တော့ Comment/Chat Box မှာ "Letting Go" လို့ ရေးပေးခဲ့ပါ (သို့မဟုတ်) အခမဲ့ Zoom Session Meeting လင့် ကို Telegram Channel မှာ တင်ပေးမှာဖြစ်တဲ့ အတွက် Comment က Link ကနေ Channel ကို Join ထားပေးပါရှင်

​နေရာ အကန့်အသတ်ရှိတာမို့ ကိုယ့်အတွက် နေရာလေး အမြန်ဆုံး ယူထားဖို့တော့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ အတူတူ Energy Reset လုပ်ကြမယ်နော်!😍

#​WhiteAuraStudio

🌠 𝗠𝗲𝗿𝗰𝘂𝗿𝘆 𝗶𝗻 𝗩𝗶𝗿𝗴𝗼 ဆိုတာ ဘာကြီးလဲ? ဘယ်နှစ်ရက်ကြာမလဲ? ဒီချိန်မှာ ဘာတွေ ထူးခြားသွားမှာလဲ? 💡​ဒီရက်ပိုင်း ခေါင်းထဲမှာ အစီအစဉ...
25/08/2026

🌠 𝗠𝗲𝗿𝗰𝘂𝗿𝘆 𝗶𝗻 𝗩𝗶𝗿𝗴𝗼 ဆိုတာ ဘာကြီးလဲ? ဘယ်နှစ်ရက်ကြာမလဲ? ဒီချိန်မှာ ဘာတွေ ထူးခြားသွားမှာလဲ? 💡

​ဒီရက်ပိုင်း ခေါင်းထဲမှာ အစီအစဉ်တွေ တစ်ပုံကြီး ဖြစ်နေတာမျိုး၊ ဒါမှမဟုတ် မပြီးသေးတဲ့ အလုပ်တွေကို အသေးစိတ် လိုက်စိစစ်ချင်စိတ်တွေ ချက်ချင်း ပေါ်လာဖူးကြတယ်မလား?
အဲဒါ ဗုဒ္ဓဟူးဂြိုဟ် (Mercury) က သူ့ရဲ့ အစွမ်းထက်ဆုံး ကန်ရာသီ (Virgo) ထဲကို ရောက်သွားလို့ပါ။ 🪐

​⏱️ ဒီစွမ်းအင်က ဘယ်လောက်ကြာမလဲဆိုရင် ဩဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၉ ရက်နေ့ဝန်းကျင်အထိ (ရက်ပေါင်း ၁၆ ရက် / ၃ ပတ်နီးပါး) ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီ ၁၆ ရက်တာ ကာလအတွင်းမှာ ဗုဒ္ဓဟူးရဲ့ စွမ်းအင်တွေ အပြည့်အဝ အကျိုးပေးမှာမို့ အမိအရ အသုံးချဖို့ လိုပါတယ်နော်။

​ဒီစွမ်းအင် အမြင့်ဆုံး ရောက်နေတဲ့ ကာလအတွင်း ကိုယ့်ဘဝနဲ့ အလုပ်အတွက် ဘာတွေ ထူးခြားပြောင်းလဲလာမလဲဆိုတော့...

​✅ ခေါင်းထဲက အရှုပ်အထွေးတွေ ရှင်းသွားမယ်
​စိတ်ကူးယဉ်မနေတော့ဘဲ "လက်တွေ့ ဘာလုပ်ရမလဲ" ဆိုတဲ့ ပြတ်သားတဲ့ အမြင်တွေ ရလာပါလိမ့်မယ်။ ရှုပ်ထွေးနေတဲ့ ပြဿနာတွေကို ပဟေဠိဆက်သလို တစ်ဆင့်ချင်းစီ စနစ်တကျ ရှင်းထုတ်နိုင်မယ့် ဉာဏ်ပညာ စွမ်းအင်တွေ တက်လာမှာပါ။

​✅ အလုပ်နဲ့ အရောင်းအဝယ်တွေ အရောင်းပိတ်ရ လွယ်လာမယ်
​စကားပြောရင် တိကျမယ်၊ ယုတ္တိရှိမယ်၊ Client တွေနဲ့ ဆွေးနွေးတဲ့အခါ အချက်အလက် ခိုင်မာစွာနဲ့ စကားပြောနိုင်လို့ ယုံကြည်မှု ရာနှုန်းပြည့် ရလာပါလိမ့်မယ်။ စာချုပ်ချုပ်တာ၊ Consultation ပေးတာနဲ့ အကြံပေးရတဲ့ အလုပ်တွေအတွက် အကောင်းဆုံး ကာလပါပဲ။

​✅ အစီအစဉ်သစ်များကို "System Upgrade" လုပ်နိုင်မယ်
​မပြီးပြတ်သေးတဲ့ စာရွက်စာတမ်းတွေ၊ ငွေကြေးဝင်ထွက် စာရင်းတွေနဲ့ နေ့စဉ် Routine များကို စနစ်တကျ ပြန်လည် စိစစ်ပြင်ဆင်ဖို့ အခွင့်သာလာပါလိမ့်မယ်။

​⚠️ သတိထားရမည့် အချက်
အရာရာကို "အပြစ်ဆိုဖွယ်မရှိ ပြီးပြည့်စုံချင်လွန်းတဲ့စိတ် (Perfectionism)" ကြောင့် စိုးရိမ်စိတ် များမနေပါနဲ့။ ပြီးပြည့်စုံတာထက် "လက်တွေ့ ပြီးမြောက်သွားဖို့" ကသာ အဓိကပါပဲ။

​အချုပ်ကတော့...
​Mercury in Virgo ကြာမြင့်မယ့် ဒီ ၁၆ ရက်တာ ဆိုတာ ကိုယ့်ဘဝနဲ့ အလုပ်ကို "User Manual" အသစ် ပြန်ရေးလိုက်ရသလိုပါပဲ။ ဒီစွမ်းအင်ကို သေချာ အသုံးချတတ်ရင် ဘာလုပ်လုပ် ပိုပြီး ထိရောက် လွယ်ကူသွားမှာပါ။

​ကဲ... သင့်ရဲ့ မွေးဇာတာမှာကော Mercury က ဘယ်နေရာမှာ ရှိနေလဲ? ဒီဂြိုဟ်အကူးအပြောင်းက သင့်အလုပ်နဲ့ ငွေကြေးပေါ် ဘယ်လို ရိုက်ခတ်မှုရှိမလဲဆိုတာ တိတိကျကျ သိချင်ရင်တော့...

​𝗪𝗵𝗶𝘁𝗲 𝗔𝘂𝗿𝗮 𝗦𝘁𝘂𝗱𝗶𝗼 ဆီမှာ မွေးဇာတာ[ Personal Birth Chart ] စိစစ်ဆွေးနွေးကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။🤍

​✨ Astrology & Personal Birth Chart မှာ ဘာတွေပါလဲ၊ အသေးစိတ်လေးတွေကို ဒီ Post လေးမှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/1c4kCbJSQR/



​


ဩဂုတ်လကုန် မီးဓာတ် (Leo) မှ မြေဓာတ် (Virgo Season) သို့ ကူးပြောင်းချိန်မှာ ဘဝကို Financial & Mental Reset ဘယ်လိုလုပ်မလဲ....
24/08/2026

ဩဂုတ်လကုန် မီးဓာတ် (Leo) မှ မြေဓာတ် (Virgo Season) သို့ ကူးပြောင်းချိန်မှာ ဘဝကို Financial & Mental Reset ဘယ်လိုလုပ်မလဲ..." 🌾

​Leo Season ရဲ့ ပူလောင်ထက်သန်မှုတွေနဲ့ အဟန့်အတားများစွာ လွန်မြောက်လို့ တည်ငြိမ်အေးချမ်းတဲ့ မြေဓာတ် Virgo Season သို့ စကြာဝဠာ စွမ်းအင်များ စတင် ဝင်ရောက်လာပါပြီ။

​ဒီကာလဟာ စိတ်ကူးယဉ်နေရမယ့် အချိန်မဟုတ်တော့ဘဲ "အရှုပ်အထွေးတွေကို ရှင်းထုတ်ပြီး လက်တွေ့ကျကျ ရလဒ်ထုတ်ရမယ့် ကာလ" ဖြစ်တယ်။
နှစ်ကုန်ပိုင်းမှ ဘဝနဲ့ စီးပွားရေး အရှိန်အဟုန်နဲ့ မြင့်တက်လာဖို့ ဒီ Reset (၃) မျိုး ကို အခုပဲ စတင်လိုက်ပါ။

​🧹 ၁။ Mental Reset —

​ပြီးခဲ့သည့် လများအတွင်း ကြုံတွေ့ခဲ့ရသော စိတ်ဖိအားနှင့် ဇဝေဇဝါ ဖြစ်မှုများကို ပြတ်ပြတ်သားသား လွှတ်ချပါ။
​စိတ်မတည်ငြိမ်မှုများကို ငြိမ်းအေးစေမည့် လက်တွေ့ကျသည့် Daily Routine အသစ်တစ်ခုကို အုတ်မြစ်ချပါ။

​💰 ၂။ Financial Reset —

​မလိုလားအပ်သည့် အသုံးစရိတ်များ၊ငွေယိုပေါက်များနဲ့ ရင်းနှီးမြှုပ်နှံမှု အမှားများကို စိစစ် ရှင်းထုတ်ပါ။
​နှစ်ကုန်ပိုင်းအတွက် စွမ်းအင်နှင့် ဘဏ္ဍာရေး အုတ်မြစ် ခိုင်မာစေရန် ဘဏ္ဍာရေး စီမံကိန်း အသစ် ရေးဆွဲပါ။

​🎯 ၃။ Career Reset —

​အပေါ်ယံ အစီအစဉ်များကို ဖျက်ပြီး အမှန်တကယ် အကျိုးအမြတ် ဖြစ်ထွန်းမည့် လမ်းကြောင်းကိုပဲ အဓိကထားပါ။
​စာချုပ်စာတမ်း၊ အချက်အလက်နှင့် ဆက်သွယ်ရေး ကိစ္စများကို တိကျအောင် ပြင်ဆင်ပါ။

​🔮 သင့် Birth Chart မှာရော ဒီ Virgo စွမ်းအင်က ဘယ်နေရာမှာ ထိုင်နေသလဲ?

​သင့် ဇာတာထဲက Virgo အိမ်ထိုင် (House) နဲ့ Mercury (ဗုဒ္ဓဟူးဂြိုဟ်) တို့ရဲ့ သွားလာမှုဟာ ဒီနှစ်ကုန်ပိုင်း သင့်၏ ငွေကြေး၊ အလုပ်အကိုင်နဲ့ ဘဝအကူးအပြောင်းအတွက် အဓိက သော့ချက် ဖြစ်နေပါလိမ့်မယ်။✌

​နှစ်ကုန်ပိုင်း မရောက်မီ မိမိ၏ ဘဝနှင့် ဘဏ္ဍာရေး လမ်းကြောင်းကို စနစ်တကျ Reset လုပ်ပြီး ဇာတာ စိစစ်လိုပါက Inbox တွင် "RESET" ဟု စာပို့၍ Personal Birth Chart Booking ရယူနိုင်ပါပြီ ။🌿

**Virgo Season မှာ အမှန်တကယ်အောင်မြင်လိုသူများ CB သို့စာပို့ပေးပါရှင့်။*


♍️ "Sun in Virgo: လက်တွေ့ကျကျ စနစ်တကျနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ် တက်မည့်ချိန်"​ဩဂုတ် ၂၃ ကစပြီး Sun in Virgo Season ...
23/08/2026

♍️ "Sun in Virgo: လက်တွေ့ကျကျ စနစ်တကျနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ် တက်မည့်ချိန်"

​ဩဂုတ် ၂၃ ကစပြီး Sun in Virgo Season စတင်လိုက်ပါပြီ။
ဒီကာလမှာ စကြဝဠာကြီးက ငါတို့ခေါင်းထဲကို High-Definition Scanner တစ်ခု တပ်ပေးလိုက်သလိုကို ခံစားရပါလိမ့်မယ်။

▶️ အမှားရှာရာမှာ စက်ရုပ်ထက်တိကျနေပြီး စာလုံးပေါင်း မှားတာ၊ ပစ္စည်း မသပ်ရပ်တာ၊ စည်းကမ်း မရှိတာတွေ စသဖြင့် မြင်လိုက်တာနဲ့ စိတ်ထဲ မအီမသာ ဖြစ်ပြီး ချက်ချင်း ဝင်ပြင်ချင်စိတ် ပေါ်လာမယ်။

▶️ အရှုပ်အရှင်းတွေ ရှင်းချင်လာမယ်။အိမ်ခန်း၊ စာရေးခုံတင် မကပါဘူး... ဖုန်းထဲက မလိုတော့တဲ့ ဖိုင်တွေ၊ မလိုအပ်ဘဲ ကုန်ကျနေတဲ့ စရိတ်စက တွေနဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဆက်ဆံရေးတွေကိုပါ စနစ်တကျ အပြတ်ရှင်းထုတ်ချင်လာလိမ့်မယ်။

▶️ အိပ်မက်မက်ပြီး စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျလာမယ်။"စကားအပိုတွေ မပြောနဲ့၊ ရလဒ်နဲ့ စာရင်းဇယားပဲ ပြပါ" ဆိုပြီး စီးပွားရေး၊ ပိုင်ဆိုင်မှုနဲ့ ပန်းတိုင်တွေပေါ်ပဲ သေချာ အာရုံစိုက်မိလာမယ်။

​⚠️ သတိထားရမဲ့အချက်က အရာရာ ပြည့်စုံချင်လွန်းတဲ့ (Perfectionist) စိတ်ကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မိပြီး စိတ်ဖိစီးမှု မများပါစေနဲ့။

​ ဒီလို စေ့စပ်လွန်း၊ စိတ်တိုင်းမကျဖြစ်လွန်းနေတဲ့ Virgo (သို့) ရာသီခွင်တူ သူငယ်ချင်းတွေကို Tag လုပ်ပြီး သတိပေးလိုက်ပါ! 🤓

ပြီးရင် Comment မှာ ရွေးခဲ့ပါဦး - ဒီရက်ပိုင်း အမှန်တကယ် ပိုပြီး အပြတ်ရှင်းထုတ်ချင်နေတာ ဘာလဲ?

​(A) ဖုန်းထဲက မလိုတော့တဲ့ ဓာတ်ပုံ/ဖိုင်တွေ
​(B) မလိုအပ်ဘဲ ထွက်နေတဲ့ ကုန်ကျစရိတ်တွေ
​(C) စိတ်ရှုပ်စရာ ဆက်ဆံရေးတွေနဲ့ မလိုတဲ့လူတွေ

🔅 Virgo Season မှာ အောင်မြင်မှုတွေ သိမ်းပိုက်ကြပါစို့ရှင့်။ 😍


စိတ်ရှုပ်စရာတွေကို စကြာဝဠာထဲ လွှတ်ချပြီး ဘဝအသစ် ပြန်စကြရအောင်..." 🕯️(မီးဓာတ် Leo ကနေ မြေဓာတ် Virgo Season ထဲ စကြာဝဠာကြီး...
22/08/2026

စိတ်ရှုပ်စရာတွေကို စကြာဝဠာထဲ လွှတ်ချပြီး ဘဝအသစ် ပြန်စကြရအောင်..." 🕯️

(မီးဓာတ် Leo ကနေ မြေဓာတ် Virgo Season ထဲ စကြာဝဠာကြီး စတင် ကူးပြောင်းနေပါပြီ)

​တောက်လောင်ခဲ့တဲ့ Leo Season ရဲ့ မီးတောက်စွမ်းအင်တွေ ပြီးဆုံးတော့မည်ဖြစ်ပြီး၊ တည်ငြိမ် သန့်စင်တဲ့ Virgo Season (ကန် ရာသီ) ရဲ့ မြေဓာတ်စွမ်းအင်ဆီ စကြာဝဠာက ဦးတည်နေပါပြီ။

​ဒါဟာ သင့်ဘဝရဲ့ အရှုပ်အထွေးတွေကို ရှင်းထုတ်ပြီး တကယ့် "Financial & Mental Reset" ပြုလုပ်ဖို့ စကြာဝဠာကပေးတဲ့ မဟာ အခွင့်အရေးပါပဲ။💫

​🌿 ဒီရက်ပိုင်း စကြာဝဠာက သင့်ကို ပြုလုပ်စေချင်တဲ့ Cleanse (၃) မျိုး*

​🧹 Physical Cleanse (ရုပ်ပိုင်းဆိုင်ရာ သန့်စင်ခြင်း)
အခန်း၊ အလုပ်စားပွဲနဲ့ ဖုန်းထဲက မလိုအပ်တော့တဲ့ အမှိုက်တွေကို ရှင်းထုတ်ပါ။
(အရာဝတ္ထုတွေ ရှင်းလင်းသွားတာနဲ့ စွမ်းအင်သစ်တွေ ချက်ချင်း စီးဝင်လာပါလိမ့်မယ်)

​🧠 Mental Cleanse (စိတ္တဇ သန့်စင်ခြင်း)
သင့်ကို အောက်သို့ ဆွဲချနေတဲ့ အတိတ်က အကြောက်တရားတွေနဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ အတွေးဟောင်းတွေကို ပြတ်ပြတ်သားသား လွှတ်ချပါ။

​🎯 Life Alignment (ဘဝကို စနစ်တကျ ပြန်စီခြင်း)
ရည်မှန်းချက်တွေကို အိပ်မက်အဖြစ်တင် မထားတော့ဘဲ နေ့စဉ် Routine အဖြစ် တိတိကျကျ ပြန်လည် ရေးဆွဲပါ။

​"မသန့်ရှင်းတဲ့ နေရာမှာ အလင်းရောင် မထွန်းလင်းနိုင်သလို၊ မရှင်းလင်းတဲ့ စိတ်မှာလည်း ဓနဥစ္စာ စွမ်းအင်တွေ မဝင်ရောက်နိုင်ပါဘူး..." 🕯️

​ဒီနေ့ သင့်ဘဝရဲ့ ဘယ်ကဏ္ဍကို စနစ်တကျ စတင် သန့်စင်လိုက်ပြီလဲ? Comment မှာ "RESET" လို့ ရေးခဲ့ပါဦးနော် ။✌

​☀ နေ့စဉ် မနက်နိုးထလာချိန်တိုင်းမှာ စကြာဝဠာရဲ့ ဂြိုဟ်အကူးအပြောင်းတွေက သင့်ရဲ့ ကိုယ်ပိုင် Birth Chart (ဇာတာ) ပေါ် ဘယ်လို လာရောက် လမ်းပြပေးနေသလဲဆိုတာ ကြိုတင်သိရှိပြီး ဘဝကို အမှားအယွင်းမရှိ အမြဲ လမ်းကြောင်းမှန်ပေါ် တင်ထားချင်တယ်ဆိုရင်တော့ Personal Daily Horoscope အတွက် Inbox မှာ "DAILY" ဟု စာပို့ထားနိုင်ပါတယ်ရှင် ။🔮✨

20/08/2026

နေ့ရက်တိုင်းရဲ့
ဂြိုလ်စီးစွမ်းအင်အပြောင်းအလဲ၊ အရေးကြီးလုပ်ဆောင်စရာ၊ ဆောင်ရန် ရှောင်ရန်တွေ သိရှိနိုင်မယ့် Personalized VIP Daily Horoscope လေးက သတ်မှတ်ထားတဲ့ Limit ပြည့်ပါတော့မယ်ရှင် 🔺

🌕 မနက်ဖြန် ကျရောက်မယ့် ဓမ္မစကြာနေ့(ဝါဆိုလပြည့်) အခါသမယမှာ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာနဲ့ ကုသိုလ်တရားပွားများနိုင်ပါစေလ...
28/07/2026

🌕 မနက်ဖြန် ကျရောက်မယ့် ဓမ္မစကြာနေ့(ဝါဆိုလပြည့်) အခါသမယမှာ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာနဲ့ ကုသိုလ်တရားပွားများနိုင်ပါစေလို့ White Aura Studio မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် 🙏🙏🙏

#ဝါဆိုလပြည့်
#ဓမ္မစကြာ

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when White Aura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share