โทร

Witchy Candy Do the universe a favor, and don’t hide your magic
(377)

02/10/2026

တစ်ခါတလေ ကျွန်မတွေးမိတယ်။လူတွေထဲမှာ အရမ်းဆိုးဝါးတယ်၊ အရမ်းယုတ်မာတယ်လို့ ကျွန်မတို့မြင်ရတဲ့သူတချို့ဟာ တကယ်တမ်းကျတော့ အကြောက်တတ်ဆုံးလူတွေ ဖြစ်နေတတ်ကြတယ်။

သူတို့ရဲ့အကြောက်တရားက ကျွန်မတို့သိနေကျ တုန်လှုပ်နေတာ၊ ငိုနေတာ၊ ထွက်ပြေးနေတာမျိုးနဲ့ ပေါ်လာတာမဟုတ်ဘူး။

တချို့လူတွေရဲ့ အကြောက်တရားက တိုက်ခိုက်ခြင်းအဖြစ် ပေါ်လာတယ်။

သူများက ကိုယ့်ထက်တော်သွားမှာ ကြောက်တယ်။
ကိုယ့်ထက်သာသွားမှာ ကြောက်တယ်။
ကိုယ်မကြိုက်တဲ့ ကိစ္စတစ်ခု ပေါ်လာမှာကြောက်တယ်။
ကိုယ်ထိန်းချုပ်ထားတဲ့လူတစ်ယောက် ကိုယ့်စကားကို နားမထောင်တော့မှာကြောက်တယ်။
ကိုယ်မရှိလည်း သူများတွေ ကောင်းကောင်းရပ်တည်နိုင်တာကို မြင်ရမှာကြောက်တယ်။

အဲဒီအကြောက်တရားတွေ များလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင်လုပ်မယ့်အစား သူများကို အောက်ဆွဲချဖို့ ရွေးချယ်တတ်ကြတယ်။

သူများရဲ့ဂုဏ်သိက္ခာကို ဖျက်တယ်။
မဟုတ်တာပြောတယ်။
လူတွေကို အထင်လွဲအောင်လုပ်တယ်။
ခြိမ်းခြောက်တယ်။
အနိုင်ကျင့်တယ်။
ကိုယ့်ကို မကြောက်တဲ့သူကို ကြောက်လာအောင်လုပ်ချင်တယ်။

အပြင်ပန်းကကြည့်ရင် ဒီလူဟာ သိပ်ရဲတင်းတာပဲလို့ ထင်ရတတ်တယ်။

တကယ်တော့ ရဲရင့်တဲ့သူတစ်ယောက်ဟာ သူများကို နင်းပြီးမှ ကိုယ်မြင့်ရမယ်လို့ မတွေးဘူး။

ကိုယ့်တန်ဖိုးကို ကိုယ်သိတဲ့သူက သူများရဲ့တန်ဖိုးကို ဖျက်ဆီးပြီးမှ ကိုယ့်တန်ဖိုးတက်လာမယ်လို့လည်း မထင်ဘူး။

အမှန်တရားကို ယုံကြည်တဲ့သူက လူတိုင်းကို သူ့ဘက်ပါလာအောင် အတင်းလိုက်စည်းရုံးနေစရာမလိုဘူး။

သူ့မှာ ကိုယ့်လုပ်ရပ်ရဲ့အကျိုးဆက်ကို ရင်ဆိုင်ရဲတဲ့သတ္တိရှိတယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့အသံ ဘယ်လောက်ကျယ်သလဲဆိုတာထက်၊ သူဟာ ကိုယ့်လုပ်ရပ်အတွက် ဘယ်လောက်တာဝန်ယူရဲသလဲဆိုတာကို ကျွန်မပိုကြည့်တတ်လာတယ်။

သူများအားနည်းချက်ကိုတွေ့တိုင်း နင်းချင်တာဟာ အင်အားကြီးခြင်းမဟုတ်ဘူး။

ကိုယ့်မှာ အခွင့်အရေးရှိနေရင်တောင် မတရားမလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တာကမှ အင်အားကြီးခြင်း။

ပြန်လုပ်နိုင်ပါလျက်နဲ့ ဘယ်အရာက ကိုယ့်ဘဝအတွက် တန်ဖိုးရှိသလဲဆိုတာ ရွေးတတ်တာကမှ သတ္တိ။

ကိုယ့်အမှားကို ကိုယ်မြင်ရဲတာ၊ ဝန်ခံရဲတာ၊ ပြင်ရဲတာကမှ ခွန်အားပဲ။

တချို့ယုတ်မာမှုတွေရဲ့ နောက်ကွယ်မှာ တကယ်တော့ “ငါရှုံးသွားရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ အကြောက်တရားကြီးတစ်ခု ရှိနေတတ်တယ်။

ဒါကို နားလည်လာတဲ့နောက်မှာတော့ ကျွန်မအတွက် လူဆိုးတိုင်းဟာ ကြောက်စရာမကောင်းတော့ဘူး။

သူတို့လုပ်သမျှကို ခွင့်လွှတ်ပေးရမယ်လို့လည်း မဆိုလိုဘူး။
ကိုယ့်ကိုယ်ကိုယ် မကာကွယ်ဘဲ သည်းခံနေရမယ်လို့လည်း မဆိုလိုဘူး။

လိုအပ်ရင် ဘောင်ခတ်မယ်။
လိုအပ်ရင် ဝေးဝေးနေမယ်။
လိုအပ်ရင် ကိုယ့်အခွင့်အရေးကို ကာကွယ်မယ်။

ဒါပေမဲ့ သူတို့ရဲ့အကြောက်တရားကြောင့် ကိုယ့်ဘဝတစ်ခုလုံးကိုပါ ကြောက်ရွံ့ခြင်းထဲ ဆွဲချမခံတော့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ … တကယ့်ခွန်အားဆိုတာ သူများကို ကြောက်အောင်လုပ်နိုင်ခြင်းမဟုတ်ဘူး။

ကိုယ်ကြောက်နေတဲ့အရာတွေရှိနေရင်တောင် မယုတ်မာဘဲ နေနိုင်ခြင်းကမှ တကယ့်ခွန်အားပါ။

ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ 🤍

02/10/2026

သဲသာ ကြောင်တစ်ကောင်ဖြစ်ခဲ့ရင် ဘယ်လိုနေမလဲတဲ့ ကိုကျော်က။

နူးညံ့ညင်သာတဲ့သခင်နဲ့ပဲနေမယ်၊ အသံပြဲကြီးနဲ့ လာခေါ်တာတို့၊ အဝတ်အစားလာဆင်ပေးတာတို့ဆိုလည်း အမြဲလာဝတ်ပေးနေရင် ထကုတ်မိမယ်၊ ကိုယ့်ဘာသာနားအေးပါးအေးနေတာ ဘေးကနေ ကလူသလို မြှူသလိုလာလုပ်ရင် မကြိုက်ကြောင်း မျက်လုံးကို မှေးပြီး မတူမတန်သလိုကြည့်မယ်၊ အဲဒါမှ ခြေဆွဲလက်ဆွဲလာလုပ်ရင် ကုတ်ပစ်မယ်။

မြောင်ထီးတွေဆိုလည်း ကိုယ်ကြိုက်တဲ့မြောင်ပဲ ကိုယ်ရွေးမှာ၊ သခင်က လာမစပ်ပေးနဲ့။ Gong Yoo နဲ့တူနဲ့မြောင်တို့ Lee Dong-wook နဲ့ တူတဲ့မြောင်တို့ဆို လိုက်သွားမှာ။

အစားအစာလည်း ကိုယ်ကြိုက်တာပဲ ကိုယ်စားမှာ … လူစကားတွေ အတင်းနားမလည်ခိုင်းနဲ့၊ ပြောလည်း ကိုယ်လုပ်ချင်ရာလူပ်မှာပဲ။ ကိုယ်အိပ်နေကျနေရာလည်း သူများလာမထိနဲ့၊ မကိုင်နဲ့။ အထူးသဖြင့် ပစိပဇာများတဲ့ သခင်တွေအိမ်ဆို မနေဘူး ပြေးမှာ။

ကိုကျော်က … အင်းလေ … ဗီးဗီ ဂျစ်ကန်တာ မထူးဆန်းပါဘူး၊ သူ့အစ်မနဲ့တူတာပဲတဲ့။ သဲက အခုလည်း ဘာထူးလဲ … သဲကို အမိန့်ပေးတာတို့ အထက်စီးကပြောတာတို့ဆို ချက်ချင်းမျက်နှာက တင်းပြီး၊ တမင်မလုပ်ဘဲနေတာ။ တကယ့်ကြောင်အစစ်ပဲ၊ ကြည့်လိုက်ရင် အေးပုံအေးလက်နဲ့ အကြောတင်းတာမှ ဒေါင်ဒေါင်မြည်တဲ့။

အေး သိရင်ပြီးရော လို့ 😑

ကိုကျော်က ပြောတယ် စုံတွဲလျှောက်လည်ပြီး ကုလားကားထဲကလို သဲလက်ပေါ်မှာ ဒွန့်ပြီး ကိုက်သွားတာတဲ့။ 🥲 သတိထားကြနော် … မိုးရွာပြီ...
02/10/2026

ကိုကျော်က ပြောတယ် စုံတွဲလျှောက်လည်ပြီး ကုလားကားထဲကလို သဲလက်ပေါ်မှာ ဒွန့်ပြီး ကိုက်သွားတာတဲ့။ 🥲 သတိထားကြနော် … မိုးရွာပြီး နောက်ဆက်တွဲ၊ ၃၅လွှာမှာတောင် ရောက်လာကြတာ အကောင်ဗလောင်တွေက …။

02/10/2026

ယောကျာ်းယူလိုက်တာ ဆံပင်တွေပါကုန်သွားတယ် တခါခံငြင်းတိုင်း တခါပြောရလွန်းလို့ 😑

ဆာဝါဒီးခရပ် ဖုန်န် ချူး ခွန်တအားဟောင် ခရပ်
02/10/2026

ဆာဝါဒီးခရပ် ဖုန်န် ချူး ခွန်တအားဟောင် ခရပ်

မိမိအား ကိုကျော်(ခွန်ခံငြင်း)နဲ့ ဗီးဗီ(ခွန်တအားဟောင်)တို့ ရှုမြင်ပုံ
02/10/2026

မိမိအား ကိုကျော်(ခွန်ခံငြင်း)နဲ့ ဗီးဗီ(ခွန်တအားဟောင်)တို့ ရှုမြင်ပုံ

🍂 October ဟာ လက်လွှတ်ခြင်းနဲ့ အသစ်ပြန်စခြင်းရဲ့လဖြစ်ပါတယ်။ October ဟာ Libra ရဲ့ ညီမျှခြင်း၊ တည်ငြိမ်ခြင်းတွေကနေ Scorpio ...
02/10/2026

🍂 October ဟာ လက်လွှတ်ခြင်းနဲ့ အသစ်ပြန်စခြင်းရဲ့လဖြစ်ပါတယ်။ October ဟာ Libra ရဲ့ ညီမျှခြင်း၊ တည်ငြိမ်ခြင်းတွေကနေ Scorpio ရဲ့ ပြောင်းလဲခြင်း၊ နက်ရှိုင်းခြင်းတွေဆီ တဖြည်းဖြည်း ကူးပြောင်းသွားတဲ့ကာလတစ်ခုပါ။

Halloween နဲ့ ဆက်စပ်နေတဲ့ ရှေးအယူအဆ၊ သင်္ကေတတွေထဲမှာလည်း ဒီကာလကို အဆုံးသတ်ခြင်း၊ လက်လွှတ်ခြင်းနဲ့ ပြန်လည်မွေးဖွားခြင်း တို့ကို ကိုယ်စားပြုတဲ့အချိန်အဖြစ် မြင်ကြပါတယ်။

ဒါကြောင့် October ကို “မကောင်းတာတွေဖြစ်မယ့်လ” လို့ ကြောက်စရာမလိုပါဘူး။

တစ်ခါတလေ ဒီလိုအကူးအပြောင်းကာလတွေမှာ …

အိမ်မှာသုံးနေကျ ပစ္စည်းတစ်ခု ပျက်သွားတာ၊
မလိုအပ်တော့တဲ့အရာတွေ စွန့်ပစ်လိုက်ရတာ၊
နှစ်ပေါင်းများစွာ တွယ်ကပ်ထားတဲ့အရာတစ်ခုကို လက်လွှတ်လိုက်ရတာ၊ လူတချို့နဲ့ ဝေးကွာသွားတာ၊
မမျှော်လင့်ထားတဲ့ စိတ်ညစ်စရာသတင်းတွေ ကြားရတာ၊ “ဘာလို့ တစ်ခုပြီးတစ်ခု ဖြစ်နေရတာလဲ” လို့ တွေးမိလောက်အောင် အသေးအဖွဲအဆင်မပြေမှုတွေ ဆက်တိုက်ကြုံလာတာမျိုး ရှိနိုင်ပါတယ်။

ဒါပေမဲ့ အရာအားလုံးကို အညံ့ဝင်တာ၊ ကံဆိုးတာ လို့ အဓိပ္ပာယ်ကောက်စရာတော့ မလိုပါဘူး။

သစ်ပင်တစ်ပင်ဟာ အရွက်ဟောင်းတွေကို မကြွေချဘဲ အရွက်သစ်တွေ အပြည့်အဝ ဝေဆာလာဖို့ ခက်သလိုပဲ၊ ဘဝမှာလည်း တချို့အရာတွေ ထွက်ခွာသွားမှ အသစ်တွေအတွက် နေရာလွတ်ရလာတတ်ပါတယ်။

ပျက်သွားတဲ့အရာတစ်ခုရဲ့နောက်မှာ ပိုကောင်းတဲ့အရာတစ်ခုကို ရွေးချယ်ခွင့် ရလာနိုင်တယ်။

ပိတ်သွားတဲ့တံခါးတစ်ချပ်ရဲ့နောက်မှာ ကိုယ်မမြင်ဖူးသေးတဲ့ လမ်းတစ်လမ်း ပေါ်လာနိုင်တယ်။

ဆုံးရှုံးမှုတစ်ခုက ကိုယ့်အတွက် တကယ်လိုအပ်တာနဲ့ မလိုအပ်တော့တာကို ခွဲခြားသိလာစေနိုင်တယ်။

လက်လွှတ်လိုက်ရတဲ့ ဆက်ဆံရေးတစ်ခုကလည်း ကိုယ့်ကိုယ်ကို ပိုလေးစားတတ်ဖို့ သင်ပေးသွားနိုင်ပါတယ်။

ဒါကြောင့် ဒီ October မှာ အရာရာကို အတင်းအကျပ် ဆုပ်ကိုင်ထားဖို့ထက်
သွားသင့်တာကို သွားခွင့်ပေးပြီး၊ ကျန်ခဲ့တာကို တန်ဖိုးထားတတ်ဖို့ လေ့ကျင့်ကြည့်ပါ။

စိတ်မတည်ငြိမ်တဲ့အခါ ချက်ချင်းဆုံးဖြတ်မယ့်အစား ခဏစောင့်ပါ။

မကောင်းတဲ့သတင်းတစ်ခုကြားရတဲ့အခါ အဆိုးဆုံးအထိ ဆက်တွေးမယ့်အစား လက်ရှိမှာ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကိုပဲ ပြန်ကြည့်ပါ။

ကိုယ့်စိတ်ကို တည်ငြိမ်စေမယ့် တရားထိုင်ခြင်း၊ မေတ္တာပို့ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ဆုတောင်းခြင်း၊ Journal ရေးခြင်း၊ အခန်းရှင်းခြင်း၊ မလိုအပ်တော့တဲ့ပစ္စည်းတွေ စွန့်လွှတ်ခြင်းလို အလေ့အကျင့်တွေကို ပိုလုပ်ကြည့်ပါ။

ဒီလရဲ့ သင်ခန်းစာဟာ
“အရာအားလုံးကို ထိန်းချုပ်နိုင်ဖို့” မဟုတ်ဘူး။

ပြောင်းလဲလာတဲ့အရာတွေကြားမှာတောင်
ကိုယ့်စိတ်ကို မပျောက်ဆုံးအောင် ထိန်းထားနိုင်ဖို့၊
ဆုံးရှုံးမှုကို ကြောက်လန့်ခြင်းထက် ရင့်ကျက်စွာ လက်ခံတတ်ဖို့၊
ပြီးဆုံးခြင်းတိုင်းကို ဘဝရဲ့အဆုံးလို့ မမြင်ဘဲ
နောက်ထပ်အစတစ်ခုအတွက် နေရာလွတ်ဖြစ်လာတာလို့ မြင်တတ်ဖို့ပါ။

🍁 အရွက်ဟောင်းတွေ ကြွေကျပြီးမှ အရွက်သစ်တွေ ဝေသလို၊
ဘဝမှာလည်း တချို့အရာတွေ ပြီးဆုံးပြီးမှ ပိုကောင်းတဲ့အခွင့်အလမ်းတွေ စတင်လာတတ်ပါတယ်။

October မှာ တစ်ခုခု လက်လွှတ်လိုက်ရရင် …

“ငါ ဘာဆုံးရှုံးသွားလဲ” ဆိုတာတစ်ခုတည်း မကြည့်ပါနဲ့။
“အခု ငါ့ဘဝထဲမှာ ဘာအသစ်အတွက် နေရာလွတ်ရလာပြီလဲ” ဆိုတာကိုလည်း ကြည့်ပါ။ 🎃🍂

ဒီ October ဟာ
ကိုယ့်စိတ်ကို ပိုတည်ငြိမ်လာစေတဲ့လ၊
ပိုရင့်ကျက်လာစေတဲ့လ၊
အဟောင်းတွေကို ချန်ထားပြီး
ပိုကောင်းတဲ့ကိုယ်တိုင်ဆီ တဖြည်းဖြည်း ကူးပြောင်းနိုင်တဲ့လတစ်လ ဖြစ်ပါစေ။ 🤍

Witchy Candy 🍭

ဦးဦး တီတီတို့ စဉ်းစားကြည့်ပါခင်ညာ … သားကို မနက်က မမက ပြောတယ်၊ တချိန်လုံးဟောင်နေရင် တိုက်အောက်မှာ လုံခြုံရေးလုပ်ရမယ်တဲ့။ ...
02/10/2026

ဦးဦး တီတီတို့ စဉ်းစားကြည့်ပါခင်ညာ … သားကို မနက်က မမက ပြောတယ်၊ တချိန်လုံးဟောင်နေရင် တိုက်အောက်မှာ လုံခြုံရေးလုပ်ရမယ်တဲ့။ ကိုကြီးယောက်ဖက “ကလေးက လိမ်မာပါတယ်၊ တခါတလေ ခွေးစိတ်ပေါက်တာ တစ်ခုပဲ”တဲ့။ သားက ..တခါတလေလေး ဆေးရုံပြေးရတဲ့အထိ ကိုက်တာကို သူတို့လင်မယားက သားအတင်းတွေပြောနေတယ်ခင်ညာ … သား ထပ်ကွင်းပေးလိုက်ရမလားခင်ည 😑

လူတစ်ယောက် မကောင်းကြံခံရတဲ့အခါ အနာကျင်ဆုံးက ကိုယ့်အပေါ်လုပ်သွားတဲ့အရာတစ်ခုတည်း မဟုတ်ပါဘူး၊ ကိုယ်ယုံကြည်ခဲ့တဲ့သူက ဒီလိုလု...
02/10/2026

လူတစ်ယောက် မကောင်းကြံခံရတဲ့အခါ အနာကျင်ဆုံးက ကိုယ့်အပေါ်လုပ်သွားတဲ့အရာတစ်ခုတည်း မဟုတ်ပါဘူး၊ ကိုယ်ယုံကြည်ခဲ့တဲ့သူက ဒီလိုလုပ်နိုင်ပါလားဆိုတဲ့ တုန်လှုပ်မှု၊ ကိုယ်မလုပ်ခဲ့တဲ့အရာတွေအတွက် ကိုယ်ကပဲ ရှင်းပြနေရတဲ့ မတရားမှု၊ ကိုယ့်ဘက်ကအမှန်ကို မသိသေးဘဲ သံသယဝင်သွားသူတွေ၊ အကြောင်းအရာတစ်ခုလုံးကို နားမထောင်ဘဲ ဝေးသွားသူတွေကြောင့် ဖြစ်လာတဲ့ စိတ်ပျက်မှုတွေက တစ်ခါတလေ ကိုယ့်ဘဝတစ်ခုလုံး ပြိုကျသွားသလိုတောင် ခံစားရစေတတ်ပါတယ်။

ဒါပေမဲ့ ဒီလိုအရာတွေဟာ ကျမဘဝအတွက်တော့ လုံးဝမစိမ်းပါဘူး။

ကျမတို့ညီအစ်မတွေ ငယ်ငယ်ကတည်းက ကိုယ့်အနာဂတ်ကို ကိုယ်တိုင်မရေးရသေးခင် သူများတွေက ကြိုပြီးရေးပေးထားတဲ့ ဇာတ်ညွှန်းတွေ အများကြီးရှိခဲ့တယ်။ “မိဘမရှိတဲ့ကလေးတွေ ဘာကောင်းစားမှာလဲ”၊ “ဘယ်သူမှ စောင့်ရှောက်မယ့်သူမရှိတော့ မကောင်းတာလုပ်စားရမှာပဲ”၊ “စာလည်းတတ်မှာမဟုတ်ဘူး၊ နောက်ဆုံး တောင်းစားမယ်၊ လမ်းဘေးဈေးရောင်းမယ်” ဆိုတဲ့စကားတွေအပြင် မိန်းကလေးတစ်ယောက်အပေါ် ပြောဖို့တောင် မသင့်တဲ့ အောက်တန်းကျလွန်းတဲ့ အနာဂတ်ပုံဖော်မှုတွေအထိ ကြားခဲ့ရဖူးတယ်။

မြေနိမ့်ရာလှံစိုက်တယ်ဆိုတဲ့စကားကို စကားပုံထဲမှာသာ သိခဲ့တာမဟုတ်ဘူး၊ ကိုယ်တိုင်လည်း ခံစားခဲ့ရဖူးတယ်။ အားနည်းနေတဲ့အချိန်မှာ ပစ်ပယ်ခံရတာ၊ ကာကွယ်ပေးရမယ့်အစား နှိပ်စက်ခံရတာ၊ တစ်ခုခုဖြစ်တိုင်း ကိုယ့်ဘက်မှာ ရပ်တည်ပေးမယ့်လူကို ရှာမတွေ့တာ၊ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို မျှော်လင့်ချက်နဲ့ ပုံဖော်ပေးရမယ့်အစား “နင်တို့ဖြစ်လာမှာ ဒါမျိုးပဲ” ဆိုပြီး အဆိုးဆုံးပုံစံနဲ့ ကြိုတင်သတ်မှတ်ခံရတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက ကျမတို့ဟာ သူတို့နဲ့ အကြာကြီးငြင်းခုန်ပြီး “ကျမတို့ အဲဒီလိုဖြစ်မှာမဟုတ်ဘူး” လို့ သက်သေပြဖို့ မကြိုးစားခဲ့ကြဘူး။

ကျမတို့လုပ်ခဲ့တာက ကိုယ့်ဘက်မှာကိုယ် ရပ်တည်ခဲ့တာပဲ။

ပညာသင်နိုင်သလောက်သင်တယ်၊ အလုပ်လုပ်နိုင်သလောက်လုပ်တယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ ကြိုးစားတယ်၊ ကိုယ်ရတဲ့ငွေကို ကိုယ်စီမံတတ်အောင် သင်ယူတယ်၊ ကိုယ့်အရည်အချင်းကို ကိုယ်တိုးအောင်လုပ်တယ်၊ ပြိုလဲရင် ပြန်ထတယ်။ သူတို့ပြောခဲ့တဲ့အရာတွေ မဖြစ်အောင်ဆိုပြီး သူတို့ကို မျက်စောင်းထိုးကြိုးစားခဲ့တာမျိုးမဟုတ်ဘဲ “ငါ့ဘဝကို ငါဘယ်လိုနေချင်သလဲ” ဆိုတဲ့အရာကိုပဲ အာရုံစိုက်ခဲ့ကြတာပါ။

နောက်ဆုံးတော့ သူတို့ပြောခဲ့သလို ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘူး။

အဲဒါဟာ သူတို့အတွေးတွေကို ကျမတို့ ငြင်းခုန်နိုင်ခဲ့လို့ မဟုတ်ဘူး။ သူတို့ပုံဖော်ပေးခဲ့တဲ့အနာဂတ်ကို စကားနဲ့ အနိုင်ယူခဲ့လို့လည်း မဟုတ်ဘူး။

သူတို့ရေးပေးခဲ့တဲ့ ဇာတ်ညွှန်းကို ကိုယ့်ဘဝအဖြစ် လက်မခံခဲ့လို့ပါ။

ဒီအတွေ့အကြုံကြောင့်ပဲ အခုချိန်မှာ ကိုယ့်ကို မကောင်းကြံသူရှိလာရင်၊ ကိုယ့်အကြောင်း မမှန်တာပြောသူရှိလာရင်၊ ကိုယ့်ကို သံသယဝင်သူတွေရှိလာရင် အစပိုင်းမှာ လူသားတစ်ယောက်ပီပီ တုန်လှုပ်မယ်၊ ဝမ်းနည်းမယ်၊ စိတ်ပျက်မယ်၊ ဒေါသလည်းထွက်ကောင်းထွက်မယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ကိုယ့်ဘဝကို ရပ်ထားဖို့တော့ မလိုပါဘူး။

လူတိုင်းရဲ့အမြင်ကို လိုက်ပြင်လို့မရဘူး။ ကိုယ့်ကို မယုံသူတိုင်းဆီ သက်သေအထပ်ထပ်ယူသွားပြီး ရှင်းပြနေရင်းနဲ့လည်း ကိုယ့်အချိန်တွေ ပြန်မရနိုင်ဘူး။ စွန့်ခွာသွားသူကို ပြန်လာအောင် တောင်းဆိုနေရင်းနဲ့ ကိုယ့်တန်ဖိုးက မြင့်လာမှာမဟုတ်ဘူး။

တချို့အမှန်တရားတွေမှာ စကားထက် အချိန်က ပိုကောင်းတဲ့ သက်သေဖြစ်တယ်။

ဒါကြောင့် ကိုယ့်ကို သံသယဝင်ခဲ့သူတွေ ပြန်ယုံလာအောင် လိုက်တောင်းဆိုမယ့်အစား ကိုယ့်ဘဝကို တည်ဆောက်ပါ။ ကိုယ်လုပ်စရာရှိတာဆက်လုပ်၊ ပညာသင်စရာရှိတာသင်၊ အလုပ်လုပ်၊ စုဆောင်း၊ ကိုယ့်အရည်အချင်းကို မြှင့်၊ ကိုယ့်စိတ်ကို ပြန်ကုစားပြီး ကိုယ်သွားချင်တဲ့နေရာကို တစ်လှမ်းချင်း ဆက်သွားပါ။ တစ်ချိန်က ကိုယ့်ကို အောက်ဆုံးထိ ပုံဖော်ခဲ့သူတွေ၊ ကိုယ်ကျနေချိန်မှာ လက်လွှတ်သွားသူတွေ၊ ကိုယ့်အကြောင်းကို သူတို့စိတ်ကူးနဲ့သူတို့ ဆုံးဖြတ်ခဲ့သူတွေတောင် တစ်နေ့မှာ ဘာမှထပ်ပြောစရာမရှိတော့တဲ့အထိ ကိုယ့်ဘဝကိုယ် တည်ဆောက်ပါ။

ဒါဟာ လက်စားချေတာ မဟုတ်ဘူး။

ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူတွေအတွက် အောင်မြင်ပြရမယ်ဆိုတဲ့ဘဝမျိုးလည်း မဟုတ်ဘူး။

ကိုယ့်ကို ဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့ အဖြစ်အပျက်တစ်ခု၊ ကိုယ့်အကြောင်း သူများပြောခဲ့တဲ့စကားတစ်ခွန်း၊ သူများပုံဖော်ပေးခဲ့တဲ့ အနာဂတ်တစ်ခုကို ကိုယ့်ဘဝရဲ့အဆုံးသတ်ဖြစ်ခွင့် မပေးလိုက်တာပါ။

အမှန်တရားဟာ ဒီနေ့ လူတိုင်းယုံမှ အမှန်ဖြစ်တာမဟုတ်သလို လူတွေသံသယဝင်သွားလို့လည်း အမှားဖြစ်မသွားပါဘူး။ အချိန်ကြာလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ ရွေးချယ်မှုတွေ၊ လုပ်ရပ်တွေ၊ ရပ်တည်ပုံတွေနဲ့ သူတည်ဆောက်လာတဲ့ဘဝက သူ့အကြောင်းကို သူ့အစား ပြောသွားပါလိမ့်မယ်။

ကျမတို့ဘဝက ကျမကို ဒီသင်ခန်းစာကို ငယ်ငယ်ကတည်းက သင်ပေးခဲ့တယ်။

သူများက ကိုယ့်အနာဂတ်ကို ဘယ်လောက်ပဲ အဆိုးမြင်ပြီး ပုံဖော်ထားပါစေ၊ နောက်ဆုံး အဲဒီဘဝကို တကယ်အသက်ရှင်ရမယ့်သူက ကိုယ်ပဲဖြစ်လို့ ကိုယ့်ဇာတ်လမ်းရဲ့ နောက်ဆုံးစာမျက်နှာကို သူတို့လက်ထဲ မအပ်ထားဖို့ပါပဲ။

အားလုံးပဲ လှပကျန်းမာပြီး စိတ်ရောကိုယ်ပါ ကြည်လင်နွေးထွေးနိုင်ကြပါစေ 🤍✨🧜‍♀️

Witchy Candy 🍭

♊ GEMINI ဆိုတာ စိတ်ပြောင်းလွယ်တာမဟုတ်ဘူး၊ ကမ္ဘာကြီးကို တစ်မျိုးတည်းနဲ့ မကြည့်တတ်တာပါ။Gemini တွေအကြောင်းပြောရင် စကားများတ...
01/10/2026

♊ GEMINI ဆိုတာ စိတ်ပြောင်းလွယ်တာမဟုတ်ဘူး၊ ကမ္ဘာကြီးကို တစ်မျိုးတည်းနဲ့ မကြည့်တတ်တာပါ။

Gemini တွေအကြောင်းပြောရင် စကားများတယ်၊ စိတ်ပြောင်းလွယ်တယ်၊ အတည်မရှိဘူး၊ personality နှစ်မျိုးရှိတယ်၊ ဒီနေ့တစ်မျိုး မနက်ဖြန်တစ်မျိုးဖြစ်နေတတ်တယ်ဆိုတဲ့ stereotype တွေကို အရင်ဆုံးကြားရတတ်ပေမဲ့ ကျမအမြင်မှာတော့ Gemini တို့ရဲ့ တကယ့်ထူးခြားမှုဟာ စိတ်မတည်ငြိမ်ခြင်းမှာမဟုတ်ဘဲ အရာတစ်ခုကို ရှုထောင့်တစ်ခုတည်းကနေကြည့်ပြီး အဖြေတစ်ခုတည်းနဲ့ ပိတ်မထားချင်တဲ့စိတ် မှာ ပိုရှိတယ်။

Gemini တစ်ယောက်နဲ့ စကားပြောနေရင်း ခေါင်းစဉ်တစ်ခုကနေ နောက်တစ်ခုကို အရမ်းမြန်မြန်ရောက်သွားတာမျိုး ကြုံဖူးကောင်းကြုံဖူးမယ်။

ဒါပေမဲ့ အဲဒါဟာ အာရုံမစိုက်နိုင်တာတစ်ခုတည်းကြောင့် မဟုတ်တတ်ဘူး။

စကားတစ်ခွန်းကြားလိုက်တာနဲ့ အဲဒီစကားက နောက်ထပ်အတွေးတစ်ခုကို ခေါ်လာတယ်၊ အဲဒီအတွေးက အရင်ကဖတ်ဖူးတဲ့အရာတစ်ခုနဲ့ ဆက်သွားတယ်၊ အဲဒီကနေ လူတစ်ယောက်ပြောဖူးတာကို သတိရသွားတယ်၊ နောက်ဆုံးမှာ အစကပြောနေတဲ့အကြောင်းနဲ့ လုံးဝမဆိုင်သလိုထင်ရတဲ့နေရာတစ်ခုကို ရောက်သွားပေမဲ့ Gemini ရဲ့ခေါင်းထဲမှာတော့ အဲဒီအရာအားလုံးကြားမှာ မမြင်ရတဲ့ကြိုးလေးတွေ ဆက်ထားပြီးသားဖြစ်နေတတ်တယ်။

အဲဒါကြောင့် Gemini တို့ရဲ့ အလှဆုံးအရည်အသွေးတစ်ခုက curiosity (သိချင်စိတ်)ပါပဲ။

သူတို့ဟာ သိပြီးသားအရာတွေနဲ့ပဲ တစ်သက်လုံးအဆင်ပြေနေနိုင်တဲ့သူမျိုး မဟုတ်တတ်ဘူး။

ဘာကြောင့်လဲ၊ ဘယ်လိုလဲ၊ တခြားနေရာမှာရော ဘယ်လိုလုပ်ကြလဲ၊ ဒီလူကဘာလို့ ဒီလိုတွေးတာလဲ၊ အသစ်ထွက်လာတဲ့အရာက ဘာလဲဆိုတာမျိုး အမြဲသိချင်တတ်ကြပြီး သူတို့အတွက် စာဖတ်ခြင်း၊ လူတွေနဲ့စကားပြောခြင်း၊ သတင်းအချက်အလက်အသစ်တွေ ရှာဖွေခြင်း၊ ဘာသာစကားအသစ်တစ်ခုသင်ခြင်းကအစ ပျော်စရာတစ်မျိုးဖြစ်နိုင်တယ်။

တချို့လူတွေက သိချင်တာကိုရှာကြတယ်။

Gemini ကတော့ တခါတလေ မသိသေးတာဘာရှိသေးလဲဆိုတာကိုပါ လိုက်ရှာတတ်တယ်။

ဒါကြောင့် Gemini တစ်ယောက်ကို အရမ်းကျဉ်းတဲ့ကမ္ဘာတစ်ခုထဲမှာ အကြာကြီးထားဖို့ ခက်တယ်။

နေရာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူး။

စကားဝိုင်းတစ်မျိုးတည်း၊ လူအမျိုးအစားတစ်မျိုးတည်း၊ အတွေးအခေါ်တစ်ခုတည်း၊ နေ့တိုင်းထပ်နေတဲ့ routine တစ်မျိုးတည်းထဲမှာ အချိန်ကြာလာတဲ့အခါ သူတို့ရဲ့စိတ်ဟာ တခြားတစ်နေရာမှာ လေရှူပေါက်တစ်ခု ရှာလာတတ်တယ်။

Gemini ဟာ Air sign ဖြစ်တာကို ဒီနေရာမှာ အရမ်းမြင်ရတယ်။

လေကို လက်ထဲမှာဆုပ်ထားလို့မရသလို Gemini ရဲ့အတွေးကိုလည်း အဖြေတစ်ခုထဲမှာ အမြဲတမ်းပိတ်ထားဖို့ခက်တယ်။

မနေ့က ယုံကြည်ခဲ့တာတစ်ခုကို ဒီနေ့ information အသစ်ရလာလို့ ပြောင်းနိုင်တယ်၊ အရင်ကမကြိုက်ခဲ့တဲ့အရာကို နားလည်လာပြီး သဘောကျသွားနိုင်တယ်၊ ကိုယ်ပြောခဲ့တဲ့အရာကိုတောင် နောက်ပိုင်းမှာ “အဲဒီတုန်းက ငါအဲလိုတွေးခဲ့တာ၊ အခုတော့ နည်းနည်းမတူတော့ဘူး” လို့ ပြောနိုင်တတ်တယ်။

အပြင်ကကြည့်ရင် စိတ်ပြောင်းလွယ်တယ်လို့ မြင်ရနိုင်ပေမဲ့ တခြားဘက်ကကြည့်ရင်တော့ အသစ်သိလာတဲ့အရာတွေရှိနေရင်း အရင်အတွေးကိုပဲ ဂုဏ်သိက္ခာကြောင့် ဖက်တွယ်မထားခြင်း လို့လည်း မြင်လို့ရတယ်။

ဒါပေမဲ့ Gemini တို့ရဲ့ intelligence ကို စာတော်တာ၊ ဗဟုသုတများတာနဲ့ပဲ တိုင်းလို့မရဘူး။

သူတို့မှာ တခါတလေ social intelligence ကောင်းတတ်တယ်။

ဘယ်သူနဲ့ ဘာအကြောင်းပြောလို့ရမလဲ သိတတ်တယ်၊ တိတ်နေတဲ့စကားဝိုင်းကို အသက်ပြန်ဝင်အောင်လုပ်နိုင်တယ်၊ ခက်ခဲတဲ့အကြောင်းအရာတစ်ခုကို နားလည်လွယ်အောင် ပြန်ရှင်းနိုင်တယ်၊ လူအမျိုးမျိုးနဲ့ သူတို့နားလည်တဲ့ language ကိုရှာပြီး ဆက်သွယ်နိုင်တတ်တယ်။

အဲဒါကြောင့် Gemini ရဲ့ စကားပြောကောင်းခြင်းဟာ စကားများခြင်းသက်သက် မဟုတ်ဘူး။

အတွေးတစ်ခုကို လူတစ်ယောက်ဆီကနေ နောက်လူတစ်ယောက်ဆီ သယ်သွားပေးနိုင်ခြင်း လည်း ဖြစ်တယ်။

Gemini ကို Mercury က အုပ်ချုပ်တဲ့ sign အဖြစ် Astrology မှာ သတ်မှတ်ထားတာနဲ့လည်း ဒီသဘာဝက တော်တော်လိုက်ဖက်တယ်။

Mercury ဟာ communication၊ information၊ language၊ learning နဲ့ mental agility တွေနဲ့ ဆက်စပ်တဲ့ planet ဖြစ်တာကြောင့် Gemini တို့ရဲ့ကမ္ဘာမှာ စကားလုံးနဲ့ အတွေးအခေါ်တွေဟာ အလွန်အရေးကြီးတဲ့အရာတွေ ဖြစ်တတ်တယ်။

ဒါကြောင့် Gemini တစ်ယောက်ကို ချစ်မိရင် သူ့ရဲ့မျက်နှာကိုပဲ ချစ်ရုံနဲ့ မလုံလောက်တတ်ဘူး။

သူ့စိတ်ကိုလည်း စိတ်ဝင်စားပေးဖို့လိုတယ်။

“ဒီနေ့ဘာစားခဲ့လဲ” ဆိုတဲ့စကားလောက်နဲ့ relationship တစ်ခုကို အမြဲအသက်ရှင်အောင်ထားဖို့ ခက်တတ်ပြီး၊ သူသိလာတဲ့အရာတွေပြောချင်တယ်၊ ထူးဆန်းတဲ့မေးခွန်းတွေ မေးချင်တယ်၊ ဟာသပြောချင်တယ်၊ တစ်ခါတလေ ညသန်းခေါင်မှာ ဘဝအကြောင်း နက်နက်ရှိုင်းရှိုင်းပြောပြီး နောက်ငါးမိနစ်လောက်မှာ ဘာမှမဆိုင်တဲ့အကြောင်းကို ပြန်ရယ်ချင်တတ်တယ်။

Gemini အတွက် connection ဆိုတာ အတူရှိနေရုံတင် မဟုတ်ဘူး။

စိတ်နှစ်ခုကြားမှာ လှုပ်ရှားနေတဲ့ conversation တစ်ခု ရှိနေဖို့လိုတတ်တယ်။

ဒါပေမဲ့ Gemini တွေရဲ့ “နှစ်မျိုးဖြစ်နေတတ်တယ်” ဆိုတဲ့ reputation ကိုလည်း ကျမက တခြားပုံစံတစ်မျိုးနဲ့ မြင်တယ်။

Gemini ရဲ့သင်္ကေတက The Twins ဆိုတဲ့ အမွှာနှစ်ယောက် ဖြစ်တယ်။

အဲဒါကို လူနှစ်မျိုးလို ဟန်ဆောင်နေခြင်းလို့ပဲ အဓိပ္ပာယ်ဖွင့်စရာမလိုဘူး။

လူတစ်ယောက်ဟာ ပျော်တတ်သလို ဝမ်းနည်းတတ်လည်းရတယ်၊ social ဖြစ်သလို တစ်ယောက်တည်းလည်း နေချင်နိုင်တယ်၊ logical ဖြစ်သလို sensitive လည်း ဖြစ်နိုင်တယ်၊ လူတွေအများကြီးနဲ့ ရင်းနှီးနိုင်သလို ကိုယ့်အတွင်းဆုံးအကြောင်းကိုတော့ လူနည်းနည်းကိုပဲ ပြောချင်နိုင်တယ်။

ဆန့်ကျင်ဘက်နှစ်ခုဟာ လူတစ်ယောက်ထဲမှာ အတူရှိလို့ရတယ်ဆိုတာ Gemini energy က သတိပေးနေသလိုပါပဲ။

တခါတလေ Gemini တို့ရဲ့ အားနည်းချက်ကလည်း သူတို့ရဲ့အားသာချက်ထဲကပဲ ထွက်လာတတ်တယ်။

အရာအများကြီး စိတ်ဝင်စားနိုင်တာကြောင့် တစ်ခုကို အဆုံးအထိသွားဖို့ပျင်းလာနိုင်တယ်၊ possibility အများကြီးမြင်နိုင်တာကြောင့် ဘာရွေးရမလဲ မသေချာဖြစ်နိုင်တယ်၊ စိတ်ကအမြဲလှုပ်ရှားနေတာကြောင့် ကိုယ်တကယ်ဘယ်လိုခံစားနေရသလဲဆိုတာကို စကားတွေအများကြီးနဲ့တောင် ဖုံးထားမိနိုင်တယ်။

ဒါကြောင့် mature ဖြစ်လာတဲ့ Gemini တစ်ယောက်ရဲ့ အလှဆုံးပြောင်းလဲမှုက စိတ်ဝင်စားတာအားလုံးကို လိုက်ဖမ်းနေခြင်းထက် ကိုယ့်အတွက် တကယ်တန်ဖိုးရှိတဲ့အရာတွေကို ရွေးပြီး အဲဒီနေရာမှာ အချိန်ပေးတတ်လာခြင်း ဖြစ်တယ်။

Freedom ဆိုတာ တံခါးအားလုံးဖွင့်ထားခြင်းတစ်ခုတည်း မဟုတ်ဘူး။

ကိုယ်တကယ်ဝင်ချင်တဲ့တံခါးကို ရွေးနိုင်ခြင်းလည်း freedom ပါပဲ။

Gemini တို့ရဲ့ အကောင်းဆုံးအရည်အသွေးကို စကားတစ်ခွန်းနဲ့ ပြောရမယ်ဆိုရင် ကျမကတော့ Adaptability သဘောဖြစ်တဲ့ ပြောင်းလဲမှုနဲ့အတူ ကိုယ့်ကိုယ်ကို ပြန်ညှိနိုင်ခြင်း လို့ ပြောချင်တယ်။

ဘဝက အမြဲတမ်း ကိုယ်စီစဉ်ထားသလို ဖြစ်လာမှာမဟုတ်ဘူး။

နေရာပြောင်းရနိုင်တယ်၊ လူတွေပြောင်းသွားနိုင်တယ်၊ အလုပ်တွေပြောင်းနိုင်တယ်၊ ကိုယ်ယုံကြည်ခဲ့တဲ့အရာတွေတောင် အချိန်နဲ့အမျှ ပြောင်းသွားနိုင်တယ်။

တချို့လူတွေအတွက် အပြောင်းအလဲဟာ ဆုံးရှုံးခြင်းလို ခံစားရတတ်ပေမဲ့ Gemini တွေမှာတော့ အဲဒီအပြောင်းအလဲထဲကနေ “အခု ဘာသင်ယူလို့ရမလဲ၊ ဒီကနေ ဘယ်လိုဆက်သွားမလဲ” ဆိုပြီး နောက်တစ်ပုံစံနဲ့ ပြန်စနိုင်တဲ့စွမ်းရည် ရှိတတ်တယ်။

Gemini ရဲ့အလှဆုံးအရာက အဖြေအားလုံးကို သိနေတာမဟုတ်ဘူး။

မသိသေးတာရှိကြောင်း သိနေပြီး ဆက်မေးနေတတ်ခြင်းပါ။

အသက်ကြီးလာတာနဲ့အမျှ “ငါဒီလိုလူပဲ” ဆိုပြီး ကိုယ့်ကိုယ်ကို သေတ္တာတစ်လုံးထဲပိတ်ထားမယ့်အစား အတွေးအသစ်တစ်ခုကြောင့် ကိုယ်ပြောင်းလဲခွင့်ရှိတယ်၊ မနေ့ကကိုယ်နဲ့ ဒီနေ့ကိုယ် မတူလည်းရတယ်၊ ကိုယ့်အကြောင်းကိုတောင် အသစ်ပြန်လေ့လာလို့ရသေးတယ်ဆိုတာ နားလည်တတ်ကြတယ်။

ဒါကြောင့် Gemini ကို စိတ်ပြောင်းလွယ်တဲ့သူ လို့ပဲ မမြင်ချင်ဘူး။

တစ်မျိုးတည်းဖြစ်နေရမယ်လို့ ကမ္ဘာကြီးက တောင်းဆိုနေတဲ့အချိန်မှာတောင် …

“လူတစ်ယောက်ဟာ တစ်ပုံစံတည်းနဲ့ ပြီးဆုံးနေတဲ့အရာမဟုတ်ဘူး၊ သိလာတာတွေနဲ့အတူ ပြောင်းလဲခွင့်ရှိတယ်” ဆိုတာကို သက်သေပြနေတဲ့သူတွေက Gemini တွေပါ။ ♊🪽✨

Gemini လေးများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ 🤍✨🧜‍♀️

Witchy Candy 🍭

စာများကို တစိတ်တပိုင်းဖြစ်စေ၊ အပုဒ်လိုက်
ဖြစ်စေ ကူးယူခွင့်မပြုပါရှင်။ Share လို့ရပါတယ် 🩵

ที่อยู่

Bangkok

เบอร์โทรศัพท์

+66951373686

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Witchy Candy โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์