18/08/2026
ထိုင်းနိုင်ငံ kdms အရိုးနှင့်အဆစ်အထူးကုဆေးရုံတွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော "Advanced Orthopedic Forum: Endoscopic Spine Mastery" ဆွေးနွေးပွဲကြီးရဲ့ အမှတ်တရပုံရိပ်ကို ပြန်လည်၀ေမျှပေးလိုက်ပါတယ်။
kdms မှ ကျောရိုးခွဲစိတ်ဆရာဝန်ကြီးများဖြစ်တဲ့ Assoc. Prof. Dr. Rattalerk Arunakul ၊ Assoc. Prof. Dr. Gun Keorochana ၊ Dr. Jirachai Pisutbenya နှင့် Dr. Wuttichai Sutantavibul တို့က ထိုင်းတနိုင်ငံလုံးရှိ ကျောရိုးခွဲစိတ်ဆရာဝန်များကို Endoscopic Surgery မှန်ပြောင်းကြည့် ကျောရိုးခွဲစိတ်မှုဆိုင်ရာနည်းပညာများ (Bi-portal နှင့် Uni-portal Endoscopic TLIF ခွဲစိတ်မှုနည်းပညာများ) ကို ဝေမျှပေးခဲ့သည့်ပွဲကြီး ဖြစ်ပါတယ်။ ထို့အပြင် ဒီပွဲမှာ kdms မှ ကျောရိုးခွဲစိတ်ဆရာဝန်များဖြစ်တဲ့ Assoc. Prof. Dr. Koopong Siribumrungwong ၊ Asst. Prof. Dr. Warayos Trathitephun ၊ Asst. Prof. Dr. Pilan Jaipanya တို့ကလည်း အစီအစဉ်ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးခဲ့ကြပါတယ်။
အမှတ်တရ ဗီဒီယိုကို အခုပဲ အတူတူ ကြည့်လိုက်ရအောင်။