From My Higher Eve

From My Higher Eve Child of Universe

25/02/2026

တီချယ့်ဆီမှာ Astrology, Runes, Destiny Matrix နဲ့ Human Design class တွေ တက်ဖူးတယ်

တီချယ် က Teaching background က လာခဲ့တာမို့လား မသိ slides တွေကိုက လို တို ရှင်း .. တီချယ် ရှင်းပြရင်လဲ ခေါင်းထဲကို သေချာရောက်အောင် ရှင်းပြတတ်လို့ Eve အတွက် တီချယ့် teaching style နဲ့တော့ အကိုက်ပါ

ဒါပေမယ့် လေ့လာ အသုံးချနေမှ အဆင်ပြေတာမို့ တနည်းနည်းနဲ့တော့ apply လုပ်မှဘဲ သင်ရကျိုး နပ်မှာပါ

ကိုယ်တိုင်လဲ apply သေချာ လုပ်နိုင်အောင် စပြင်ဆင်ဖြစ်နေပါပီ 😇

မင်္ဂလာပါရှင် Day 24 - Othala Rune နေ့လေးပါ နောက်ဆုံး rune ပေါ့ O-thil-la လို့ အသံထွက်ရတဲ့ ဒီ rune လေးက ဘိုးဘေးဘီဘင်တွေရ...
29/01/2026

မင်္ဂလာပါရှင်

Day 24 - Othala Rune နေ့လေးပါ နောက်ဆုံး rune ပေါ့

O-thil-la လို့ အသံထွက်ရတဲ့ ဒီ rune လေးက ဘိုးဘေးဘီဘင်တွေရဲ့ ကောင်းမွေ ဆိုးမွေ DNA ကို ကိုယ်စားပြုသလို မွေးရာပါ ပါရမီ၊ mental intelligence ကိုယ်လဲ ကိုယ်စားပြုပါတယ်တဲ့

Ancestors တွေဆီက အမွေအနှစ်တွေတောင်းခံဖို့၊ ကိုယ့် မွေးရာပါ ပါရမီတွေ active ဖြစ်ဖို့ ဒီ rune လေးနဲ့ တောင်းခံလို့ ရပါတယ်တဲ့

Reverse meaning လေးကတော့ ကိုယ့် မိသားစူ or relationship ဒါမှမဟုတ် extended family or siblings တွေနဲ့ ပြသနာလေးတွေရှိနေတာ အဖုအထစ်လေးတွေရှိနေတာ ဖြစ်နိုင်တဲ့အတွက်
make sure to work in that path ဆိုပီး ပြောပြ ညွှန်ပြပေးနေတာ ဖြစ်ပါတယ်တဲ့

မှတ်မှတ်ရရ တီချယ့် rune တန်း မနှစ်က တက်တော့ very first day Level 1 မှာလဲ တီချယ်က ဒီ rune လေး ရသလို ဒီနှစ်ရဲ့ အတန်းမစခင်မှာလဲ ဒီ rune လေး ရတာ😇

ဒီနေ့ညမှာတော့ Eve က ကောင်းသတင်း တစ်ခုလဲ ကြားခွင့်ရခဲ့တာမို့ 24 day’s journey ရဲ့ prize အဖြစ် သတ်မှတ်ဖြစ်ခဲ့ပါတယ်.. I am so grateful 😇

Thank you All Father Odin, All Norse goddesses, Goddess Freya, Goddess Heimdell and Goddess Tyr

ဒီခရီးကို အတူ လိုက်ပါခွင့်ပေးခဲ့တဲ့ တီချယ် သဇင်စိုး၊ 24 day’s journey လုပ်နည်းလေး ရှယ်ပေးခဲ့တဲ့ ဆရာမဇင် Tarot by Aries နဲ့အတူ ဆရာဖြိုး တို့ကို ကျေးဇူး အများကြီးတင်ပါတယ်

“I honour to my ancestors, my heritage and my bloodline” ဆိုတဲ့ affirmation လေးနဲ့ Eve ရဲ့ 24 days journey ကနေ နှုတ်ဆက်ပါတယ်နော်

Eve ရဲ့ post တွေ လိုက်ဖတ်ပေးကြလို့လဲ ကျေးဇူးအများကြီးတင်ပါတယ် .. rune knowledge ကို Eve သိသလောက်မျှဝေခွင့်ရတဲ့အတွက်လဲ ဝမ်းသာရပါတယ်..

Rune ကို စိတ်ဝင်စားလို့ join ချင်တာဆိုရင်တော့ တီချယ့် အတန်းလေးတွေ ဖွင့်ရင် တီချယ့်ဆီ တက်လို့ရပါတယ်လို့ 😇

28/01/2026

မင်္ဂလာပါရှင်

Day 23 - Dagaz Rune နေ့လေးပါ

dah-gahz လို့ခေါ်တဲ့ ဒီ rune လေးက Ying & Yang balance ဖြစ်တဲ့ energy ၊ အမှောင် နဲ့ အလင်း မျှတစေတဲ့ energy၊ enlightenment ရစေတဲ့ rune လေး ဖြစ်ပါတယ်

နေ့တစ်နေ့ စပြီး ဖြစ်ပေါ်စေဖို့ အမှောင်ညတွေ ဖြတ်ရသလို awakening ရစေဖို့ dark night of the soul ကြီးကို ဖြတ်ရတဲ့ အချိန်တွေမှာ ဒီ rune လေးက balance ဖြစ်စေ enlightenment ရစေဖို့ အထောက်အကူရတဲ့ rune လေးလို့ Eve က နားလည်ပါတယ်

Eve က ဒီနေ့ ကိုယ် ခုဖြတ်သန်း နေရတဲ့ dark night of the soul လို့ မဆိုလိုချင်ပေမယ့် အကောင်းဆုံး ဖြစ်မယ့် way ( day light for me)လေး ရစေဖို့ ဒီ Dagaz လေးနဲ့ ဆုတောင်းပြုထားပါတယ်

ဒီနေ့တော့ “my mind is clear. I see all with clarity” ဆိုတဲ့ affirmation လေးနဲ့ နှုတ်ဆက်ပါရစေရှင်

မင်္ဂလာပါရှင် ဒီနေ့တော့ Day 22 Ingwaz rune နေ့လေးပါရှင်Ing-waz လို့ အသံထွက်ရတဲ့ ဒီ rune လေးက fertility, growth, potentia...
27/01/2026

မင်္ဂလာပါရှင်

ဒီနေ့တော့ Day 22 Ingwaz rune နေ့လေးပါရှင်

Ing-waz လို့ အသံထွက်ရတဲ့ ဒီ rune လေးက fertility, growth, potential ရှိတဲ့ အရာတွေနဲ့ သက်ဆိုင်ပါတယ်တဲ့

သူ့ကို ritual တို့ spell တို့မှာ ကိုယ့် creative idea or personal growth or imitation project တွေအတွက် manifest လုပ်တဲ့အခါ သူဟာ potential ရှိတဲ့ rune လေး ဖြစ်တဲ့အတွက် သူ့ကို သုံးကြပါတယ်တဲ့

Ingwaz လေးနဲ့ manifest လုပ်ပီး ကိုယ်လဲ တကယ် အလုပ်လုပ်ထားရင် you just trust the process လို့တောင် ဆိုထားသေးတယ်.. amazing နော်

Personal reflection အနေနဲ့ကတော့ ကိုယ့်ဘာသာ reflect လုပ်ကြည့်တဲ့ အချိန် “I honour my growth” ပါလို့ ☺️

ဒီနေ့တော့ “I can see my own potential for growth” ဆိုတဲ့ affirmation နဲ့ နှုတ်ဆက်တယ်နော်

မင်္ဂလာပါရှင်Day 21 - Laguz နေ့လေးပါLa-gooz လို့ အသံထွက်ရတဲ့ rune လေးက ရေကန်လေးကို ဒါမှမဟုတ် ရေကန်လေးက ပေါက်နေတဲ့ အပင်လေ...
26/01/2026

မင်္ဂလာပါရှင်

Day 21 - Laguz နေ့လေးပါ

La-gooz လို့ အသံထွက်ရတဲ့ rune လေးက ရေကန်လေးကို ဒါမှမဟုတ် ရေကန်လေးက ပေါက်နေတဲ့ အပင်လေးတွေကို ကိုယ်စားပြုပါတယ်တဲ့ (ပုံမှာပါတာမို့ တီချယ့် TCDL book ပုံလေးဘဲ ယူသုံးပေးထား)

သူက water energy နဲ့ rune လေးမို့ the moon - Pisces ရဲ့ energy နဲ့လဲ ချိတ်ဆက်နေတဲ့ rune လေးပါတဲ့

သူဟာ ရေဖြစ်တဲ့အတွက် အလွယ်တကူ စီးဆင်းစေသလို easy going ဖြစ်စေတယ်လို့ ပြောလို့ရပြီး organic growth (ရေစပ်မှာ ပေါက်တဲ့ အပင်လေးလို အလိုအလျောက်လေး growth) ဖြစ်နေတာမျိုး ခံစားရစေတဲ့ rune လေးပါတဲ့

Eve က astro နဲ့ ချိန်တွဲပြောရရင် Pisces က House 12 မို့ subconscious နဲ့လဲ ချိတ်ဆက်နေတယ်လို့ ပြောလို့ရသလို Pisces ဖြစ်လို့ intuition နဲ့ဆိုင် emotional healing ကိစ္စတွေမှာ သူ့ကို အသုံးပြုလို့ ရတယ်လို့ မြင်ပါတယ်

အဲ reverse ကျနေပီဆိုရင်ဖြင့် ရေတွေမစီးနိုင်ရင် ရေပုပ် မြောင်းပုပ်ကြီးတွေ ဖြစ်ကျန်ခဲ့သလို အခြေနေတွေကလဲ stuck၊ ကိုယ် စိတ် နှလုံးကလဲ သောကတွေများနေတော့ subconscious လဲ မချိတ်နိုင် intuition ဆို ဝေလာဝေးတွေ ဖြစ်နေပီမို့ … Hello.. You need to stop and reflect လို့ Laguz လေးက လက်တို့ ပြောနေသလိုပါဘဲတဲ့

ဒီနေ့ reflection အနေနဲ့ဆိုရင်တော့ ဒီနေ့ ညနေ စိတ်လေး အနားပေးရင်း i date myself လုပ်ဖြစ်တဲ့ နေ့လေးပါ.. ဘာမှကို မစဉ်းစားနေဘူး enjoy ပေးလုပ်ထားဖြစ်တဲ့ ညနေမို့ ပျော်ရတယ် ..

ကဲ ဒီနေ့တော့ “I am connect with the flow of life” နဲ့ “I am love and I am emotionally balanced” ဆိုတဲ့ affirmation နှစ်ခုနဲ့ နှုတ်ဆက်လိုက်ပါတယ်နော်

ကောင်းသောညပါရှင်

မင်္ဂလာပါရှင်Day 20 - Mannaz rune နေ့လေးပါMan-naz လို့ အသံထွက်တဲ့ ဒီ rune လေးက heaven and earth ကို ဆက်သွယ်ပေးတဲ့ rune လ...
25/01/2026

မင်္ဂလာပါရှင်

Day 20 - Mannaz rune နေ့လေးပါ

Man-naz လို့ အသံထွက်တဲ့ ဒီ rune လေးက heaven and earth ကို ဆက်သွယ်ပေးတဲ့ rune လေးဖြစ်ပြီး
လူသားမျိုးနွယ်စုတွေ အတွက် god နဲ့ human ကြား we are connected ဆိုပြီး ခံစားစေတဲ့ rune လေး ဖြစ်ပါတယ်တဲ့ . Self awareness၊ social connection တွေမှာ meaning and peaceful relationship ရှိဖို့အတွက်လဲ အထောက်အကူပြုပါသေးတယ်တဲ့

Gebo လေးက အလယ်မှာ Wunjo နှစ်ဖက် ဝန်းရံထားတဲ့ ဒီ rune လေးက connect လုပ်တာနဲ့ I am safe. I am connected လို့ ခံစားရစေတဲ့ rune လေးပါ

သူက Human Intelligence Power ကို တိုးတက်စေသလို Third Eye ကို အထောက်အကူပြုစေတဲ့ rune လေးလဲ ဖြစ်ပါတယ်တဲ့

ဒီ rune လေးကို ခလေးဘဲဖြစ်ဖြစ် လူကြီးဘဲဖြစ်ဖြစ် စာမှတ်တာမေ့တယ်ဆို ဒီ rune လေးကို support အဖြစ် ဆောင်လို့ ရပါတယ်တဲ့

Reverse meaning ကတော့ self awareness အားနည်းနေတာ၊ personal growth or relationship တွေမှာ အားနည်းနေတာတွေ ကိုယ့် divine connection တွေနဲ့ အဆက်သွယ် ပြတ်တောက်နေတာတွေ ဖြစ်နိုင်တာမို့ ပြန်ပီး reflect လုပ်သင့်တဲ့ အချိန် ဖြစ်ပါတယ် ဆိုတာ ပြတာပါတဲ့

ဒီည Eve ကတော့ Mannaz နဲ့ Ansuz bind rune လေးကို ဆောင်ပြီး Astrology Level 3 တီချယ်သဇင်စိုးဆီ သင်မှာပါ 😁 စာမှတ်မိအောင်လို့ 🤭

ည မအားမှာမို့ မနက်အစောကြီးတင်သွားပါတယ် 😬

ဒီနေ့တော့ “I am connected to the divine” ဆိုတဲ့ affirmation နဲ့ နှုတ်ဆက်ပါရစေရှင်

Happy Sunday ပါနော် 🥳

မင်္ဂလာပါရှင်Day 18 - Ehwaz ရဲ့ နေ့လေးပါရှေ့မှာလဲ အသံထွက်ဆင်တူသလို rune လေးရှိတာ သတိထားမိကြမလားဘဲ ဒီ rune လေးကိုတော့ eh-...
24/01/2026

မင်္ဂလာပါရှင်

Day 18 - Ehwaz ရဲ့ နေ့လေးပါ

ရှေ့မှာလဲ အသံထွက်ဆင်တူသလို rune လေးရှိတာ သတိထားမိကြမလားဘဲ ဒီ rune လေးကိုတော့ eh-waz လို့ အသံထွက်ပါတယ်

သူ့ကို မြင်းနှစ်ကောင် ခေါင်းချင်းဆိုင်နေသလို၊ လူနှစ်ယောက် လက်တွဲထားသလို ပုံစံလေးနဲ့ တင်စားကြပြီး.. သူ့ symbol လေးက partnership, Harmonious Duality, Trust, Loyalty တို့ကို ပြပါတယ်တဲ့

သူ့ကို teamwork၊ cooperation တွေမှာ ဒီ team မှာ ရှိရမယ့် energy တွေ effort တွေကို boost လုပ်ချင်တဲ့ အခါမျိုး၊ ကိုယ့် relationship or marriage life တွေမှာလဲ ကိုယ့် partner နဲ့ တူတူ ညီညွတ်မျှတတဲ့ ဆက်ဆံရေး ရှိစေချင်တဲ့ အခါမျိုးတွေမှာ သုံးနိုင်ပါသတဲ့

သူ့ကို reversed ရရင်တော့ဖြင့် ကိုယ့် partnership or relationship တွေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာမျိုး၊ ညှိနှိုင်းရခကိတဲ့ အခြေနေတွေ ကြုံနေတာမျိုးလို့ ဖြစ်နိုင်တဲ့အတွက် ကြုံနေရတဲ့ ကိစ္စတွေကို reflect လုပ် ပြန်ပြင်ဆင်တာမျိုးတွေ လုပ်သင့်ပါတယ်ပေါ့…

ဟယ် ငါ Ehwaz ကြီး reverse ရလို့ သွားပါပီ ဆိုတာမျိုး၊ Isa ကြီးရလို့ ရှေ့ဆက်မရတော့ဘူး ဆိုတာမျိုး မဟုတ်ပါဘူးနော်

အဖြေက ဒီလိုပြနေရင် ပြန် reflect လုပ် ပြန်ပြင် ရပ်သင့်တာဆိုလဲရပ် ရှေ့ဆက်သင့်တာ ရှေ့ဆက် အမြဲ ဒီလိုဘဲ သွားရမှာ ဆိုတာလေး ပြောပြချင်တာပါ

ဒီနေ့တော့ “Life moves easily for me” ဆိုတဲ့ affirmation လေးနဲ့ နှုတ်ဆက်ပါရစေရှင်

မင်္ဂလာပါရှင်ဒီနေ့တော့ Day 18 - Berkano rune နေ့လေးပါBer-ka-no, Ber-ka-na, Ber-ka-nan အမျိုးမျိုး ခေါ်ကြတဲ့ breasts of t...
23/01/2026

မင်္ဂလာပါရှင်

ဒီနေ့တော့ Day 18 - Berkano rune နေ့လေးပါ

Ber-ka-no, Ber-ka-na, Ber-ka-nan အမျိုးမျိုး ခေါ်ကြတဲ့ breasts of the earth mother လို့ တင်စားကြတဲ့ ဒီ rune လေးက new beginning၊ renewal၊ growth စသော beginning energy, birth energy ကို ကိုယ်စားပြုသလို Life death & rebirth cycle ကိုလဲ ပြတဲ့ rune လေး ဖြစ်ပါတယ်တဲ့

သူ့ကို protection rune တွေနဲ့ တူတူ တွဲသိကြတယ်
အိမ်တွေ ခြံစည်းရိုးတွေ လုံချင် ခိုင်ချင်တာမျိုးဆို
Othala, Algiz rune တွေနဲ့ တူတူ တွဲသုံးကြပါတယ်တဲ့

Creative energy ကိုလဲ ပြတဲ့ rune လေး ဖြစ်လို့ ကိုယ့်ရဲ့ create လုပ်နိုင်စွမ်းနဲ့ အသစ်တွေ စတင်တာမျိုးလေးလဲ လုပ်လို့ရတယ်လို့ Eve ကတော့ နားလည်တယ်

ဒီနေ့ Eve အရင်နေ့တွေကလို မနက်ပိုင်း runeနဲ့ ချိတ်ဆက်တရားမထိုင်နိုင်ပေမယ့် သူ့ energy လေးနဲ့ စိတ်ထဲမှတ်နေဖြစ်တယ်

Meeting တွေ အများကြီးတက်ရတဲ့နေ့မှာ ကိုယ်လုပ်နိုင်တာသေချာလုပ်ပြီး မလုပ်နိုင်တာဆို ဘယ်လို လုပ်လို့ရမလဲဆိုတဲ့ creative mind၊ အဆုံးသတ်ပီး အသစ်စရမှာဆိုလဲ တွေဝေမနေဘဲ Ok. I can restructure ဆိုတာမျိုးနဲ့ တခုပြီး တခု ဖြတ်လာလိုက်တာ ညရောက်တဲ့ထိပါဘဲ .. ညမှ တရားထိုင်ရင်း connect လုပ်ဖြစ် reflection လုပ်ဖြစ်တော့လဲ ကျေနပ်ရတယ်..

ဒီညတော့ “I protect what is important to me” ဆိုတဲ့ affirmation လေးနဲ့ နှုတ်ဆက်ပါရစေရှင်

Have a good weekend 🥳

My weekly artist date with flowers 💐 One of my healing therapy 🥰
23/01/2026

My weekly artist date with flowers 💐
One of my healing therapy 🥰

မင်္ဂလာပါရှင် Yayyy… the last Aett 🥳✨✨ God Tyer’s Aett ✨✨ Day 17 : Tiwaz ပါရှင် tee-waz လို့ အသံထွက်ရပါသတဲ့ဒီ rune လေးက ...
22/01/2026

မင်္ဂလာပါရှင်

Yayyy… the last Aett 🥳

✨✨ God Tyer’s Aett ✨✨

Day 17 : Tiwaz ပါရှင် tee-waz လို့ အသံထွက်ရပါသတဲ့

ဒီ rune လေးက The Sky God ကို ကိုယ်စားပြုတဲ့ rune လေး ဖြစ်ပြီးတော့ သူ့ symbol မြှား အပေါ်ထိုးနေတဲ့ ပုံလေးက မြှားတံလေး အပေါ်က ပုံစံက ခမောက်လေးကို ကိုယ်စားပြုပြီးတော့ heaven ကို ပြပါတယ်တဲ့

သူလေးကတော့ success, achievement, justice, courage တွေနဲ့ သက်ဆိုင်တဲ့ rune လေး ဖြစ်ပါတယ်တဲ့

Lawsuit ကိစ္စတွေမှာ ကိုယ့်ဖက်က မှန်တယ် အမှန်တရားရှိတယ်ဆိုရင် ဒီ Tiwaz လေးကိုဆောငိလို့ရပါတယ်တဲ့

Eve ရဲ့ ဒီနေ့ Tiwaz experience ကတော့ Eve အမျိုးသားက သူတခု try နေတဲ့ အရေးကြီးတဲ့ကိစ္စတခု ရသွားပြီး process တခု စလို့ ရတော့မယ် ဖြစ်သွားတာလေးရယ်

Eve family ကိစ္စတခုမှာ (lawsuit မဟုတ်ပေမယ့်) အမှန်တရားက ဒီလိုလေးရှိတယ်ဆိုတာ ရှင်းပြ ပြောပြ တရားပြဖြစ်ခဲ့တာလေးတွေ ရှိ

ဒီနေ့ နောက်ဆုံး Aett အစမို့လားရယ် မသိ ဒီ rune နဲ့ မနက်ပိုင်း စချိတ်တည်းက လူက နေမကောင်းနေတာတောင် စိတ်ထဲ ကျလိ ကျလိနဲ့ ပျော်နေတာဘဲ .. အရမ်းချစ်ဖို့ကောင်းတဲ့ rune လေးတွေ 🥰

ဒီနေ့တော့ “I achieve what I want fairly” ဆိုတဲ့affirmation လေးနဲ့ နှုတ်ဆက်ပါတယ်ရှင့်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ From My Higher Eveผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์