Lantern For The Lost For the moments you feel lost,
the light here will guide you home. 🏮

June လမှာတော့ လူအများဟာ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက် မိလာတဲ့အချိန်၊ connection တွေ ရလာတဲ့အချိန်၊ ကိုယ်နဲ့ ရေစက်ပါတဲ့သူတ...
02/06/2026

June လမှာတော့ လူအများဟာ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက် မိလာတဲ့အချိန်၊ connection တွေ ရလာတဲ့အချိန်၊ ကိုယ်နဲ့ ရေစက်ပါတဲ့သူတွေနဲ့ ဆုံတွေ့ရတဲ့အချိန် ဖြစ်ပါတယ်။ ဒီလမှာ ဆုံတွေ့လာကြရတဲ့ connection တွေဟာ အတူချိတ်ဆက် လက်တွဲပြီး ကိုယ်စီ ဘဝမှာ growth ဖြစ်အောင် လုပ်ဆောင်တာ၊ အတူလက်တွဲပြီး ခရီးဆက်ကြတာ၊ soul family တွေ စုစည်းပြီး ရှေ့ဆက်ဖို့တွေ ဆုံတွေ့ကြရတာ ဖြစ်တယ်။ ဒီလမှာ ရလာတဲ့ connection တိုင်းဟာ ကိုယ့်ကို flourish ဖြစ်စေမယ့်အပြင် အတိုင်းအတာ တစ်ခုလောက်ထိ ကြာရှည် လက်တွဲသွားကြမယ့် ရေစက်တွေ ဖြစ်ပါတယ်။

အများနဲ့ အတူ ချိတ်ဆက် လက်တွဲသွားတာ အားကောင်းတဲ့ လ တစ်လ ဖြစ်ပေမယ့် တချိန်တည်းမှာပဲ အများကြားမှာ မိမိ ကိုယ်ကို မပျောက်ဆုံးသွားအောင် ဂရုစိုက်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလရဲ့ Energy ဟာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုတွေ၊ ဆန္ဒတွေ၊ အတွေးအခေါ်တွေဟာ အများကြားမှာ ယိုင်နဲ့ သွားလား၊ ကိုယ် ဘယ်သူလဲ ဆိုတာရော သေချာ သိရဲ့လား၊ သူများစကားကို နားယောင်ပြီး လိုက်နေမိလား၊ ကိုယ်ဟာ ဘယ်အခြေအနေမဆို Grounding ဖြစ်နေရဲ့လား၊ ကိုယ် သိနေပြီးသား ထင်တဲ့ အရာတွေဟာ တကယ်ရော Embody ဖြစ်ရဲ့လားဆိုတာ တွေ့မြင်ရမယ့် လတစ်လ ဖြစ်ပါတယ်။

သက်ဆိုင်ရာ သူတွေနဲ့အတူ ခရီးတစ်ခု စတင်ရတော့မယ် ဆိုပေမယ့် တကယ်တမ်းမှာတော့ ပန်းတိုင်က မိမိဆီကို ပြန်လာရတဲ့ ခရီးပဲ ဖြစ်ပါတယ်။ အားလုံးအတူ စုပေါင်းပြီး အပြန်အလှန် လက်ကမ်းကူညီရင်း မိမိကိုယ်ကို ဆိုတဲ့ အိမ်လေးဆီ အိမ်ပြန်လမ်း စတင်ခရီးထွက်ဖို့ ပြင်ကြတာ၊ ချိတ်ဆက်လာကြတာ ဖြစ်ပါတယ်။ ဒီတော့ ဒီခရီးမှာ ကိုယ်ဟာ ဘယ်လို story အသစ်တွေ ရေးမလဲ၊ ဘယ်လို ရွေးချယ်မှုတွေ ပြုလုပ်မလဲ၊ မိမိကိုယ်ကို Alignment ဖြစ်အောင် ဘယ်လို လုပ်ဆောင်ကြမလဲ၊ ကိုယ့်ရဲ့ တစစီ ပြန့်ကျဲနေတဲ့ အစိတ်အပိုင်းတွေ၊ power တွေ၊ ဒါတွေ အားလုံးကို ပြန်စုစည်းဖို့ ပြန်ခေါ်ပြီး မိမိကိုယ်ကို ပြန်လည် ရှာဖွေတွေ့ရှိ‌ဖို့တွေ သိလာကြရတော့မှာ ဖြစ်ပါတယ်။

Spiritual Guidance အနေနဲ့
🐦‍🔥 🦋 🌹 ဒီ 3 ခုထဲက တစ်ခုကို ရွေးချယ်ပြီး မိမိနဲ့ သက်ဆိုင်ရာကို အောက်မှာ ဆက်ဖတ်ပါ။

🐦‍🔥
ဒီ Group ကို ရွေးတဲ့ သူတွေက ပြီးခဲ့တဲ့ ခရီးတစ်လျှောက်မှာ အခက်အခဲတွေ၊ chaos တွေ မြန်ဆန်တဲ့ အပြောင်းအလဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ယောက်ယက်ခတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ကိုယ်တိုင်က အဖြေသေချာ စဉ်းစားချိန်တောင် မရပဲ တရွတ်တိုက်ဆွဲ ကျော်ဖြတ်လာကြရတာ များပါလိမ့်မယ်။ ဒီ Group က လူတွေအတွက်တော့ June လမှာ Grounding က အရေးကြီးပါတယ်။ ကိုယ်က တည်တည်ငြိမ်ငြိမ် ဖြစ်လေ ကိုယ့်ခရီးက ဖြောင့်ဖြူးလေ ဖြစ်ပြီး ဘယ်ဆက်သွားရမလဲ၊ ဘာဆက်လုပ်ရမလဲ သိလာပါလိမ့်မယ်။ ဒီလမှာတော့ ကိုယ်ဟာ အခက်အခဲတွေ ကျော်လွန်သွားပြီ ဆိုတာကို ပြနေပါတယ်။ Clarity, Stability တွေ လက်ခံရရှိ လာပါလိမ့်မယ်။

🦋
ဒီ Group က လူတွေကတော့ Blue Moon အပြီးမှာ Transition moment တစ်ခုကို အောင်အောင်မြင်မြင်ပဲ ကျော်ဖြတ်နိုင်လာခဲ့ပြီ ဖြစ်တယ်။ ကိုယ့်ဘဝ တစ်ဆစ်ချိုး ပြောင်းလဲချိန်မို့ ကိုယ် တကယ် လုပ်ရမယ့် အလုပ်ကို စတင် လုပ်ဆောင်နိုင်ဖို့ လမ်းစတွေ message တွေ ရလာပါလိမ့်မယ်။ ကိုယ့်ရဲ့ Soul family တွေ၊ ရေစက်ရှိတဲ့ သူတွေ၊ ခရီးအတူသွားရမယ့် သူ‌တွေနဲ့ ဆုံရပါလိမ့်မယ်။ တကူးတက Guidance Message ပေးစရာတော့ မရှိဘူး။ ကိုယ်ရလာတဲ့ message၊ intuition အတိုင်း လုပ်စရာ ရှိတာ ဆက်လုပ်သွားပါ။

🌹
ဒီ Group က လူတွေကတော့ အပင်တစ်ပင်လို မြေကြီးပေါ် စတင် ထွက်ပေါ်လာတဲ့ အချိန်၊ လူမြင်အောင် ကြီးထွားဖွံ့ဖြိုးလာတဲ့အချိန်၊ rising ဖြစ်လာတဲ့ အချိန် ဖြစ်ပါတယ်။ ကိုယ်ဟာ မမြင်ကွယ်ရာမှာ ပုန်းနေရင်း inner work ‌တွေ ထိုင်လုပ်နေရမယ့်အချိန်မဟုတ်ပဲ၊ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေ၊ gift တွေကို အများအတွက် အကျိုးရှိအောင် ဘယ်လို မျှဝေမလဲ၊ ကိုယ့်အတွက်ကိုရော ဘယ်လို အသုံးချမလဲ။ ကိုယ်သိထား တတ်ထားတဲ့ အရာတွေနဲ့ ကိုယ်နဲ့ Align ဖြစ်တဲ့ ဘဝတစ်ခုကို ဘယ်လို တည်ဆောက်မလဲ ဒါတွေကို စဉ်းစား လုပ်ဆောင်ရတော့မှာ ဖြစ်တယ်။ June လဟာ စတင်ပြီး rise and shine လုပ်ရတော့မယ့် လ ဖြစ်ပါတယ်။ နောက်ကွယ်မှာ ပုန်းနေရမယ့်အချိန်၊ ကိုယ့်အတွက် ကိုယ်ပဲ လုပ်နေရမယ့်အချိန် မဟုတ်တော့ပါဘူး။

🏮 ဒီလောက်ဆိုရင် June လကို ဖြတ်ကျော်ဖို့ လိုအပ်တဲ့ Message တွေ ရကြမယ် ထင်ပါတယ်။ ကိုယ့်အတွက် တစ်လစာ Personalized Spiritual Guidance လိုအပ်သူများကတော့ Monthly Spiritual Guidance Reading ကို ရယူနိုင်ပါတယ်။

🏮 Monthly Spiritual Guidance Reading မှာ
တစ်လစာအတွက် Overall energy အနေနဲ့သာမက တစ်ပတ်ချင်းစီ အတွက် ကြုံတွေ့ရမယ့် Spiritual Theme & Lessons တွေအပြင် လိုအပ်တဲ့ Guidance တွေနဲ့ပါ အသေးစိတ် Reading ဖတ်ပေးသွားမှာ ဖြစ်ပါတယ်။

🏮 ကိုယ့်ရဲ့ Spiritual Journey မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ Test တွေကို Greater Awareness ရှိရှိနဲ့ သေချာ နားလည်သဘောပေါက်ပြီး ကျော်ဖြတ်နိုငိချင်တဲ့ သူတွေနဲ့၊ ဘယ်လို ကျော်ဖြတ်ရမလဲ မသိပဲ လမ်းပျောက်နေတဲ့ သူတွေအတွက် ယူသင့်တဲ့ Reading ဖြစ်ပါတယ်။

🏮 ဒီ Reading က ကိုယ့်အနားမှာ Guide တစ်ယောက် အမြဲရှိနေသလို ခံစားရစေပါလိမ့်မယ်။ အသေးစိတ်ကို Comment မှာ ကြည့်နိုင်ပါတယ်။

ခွင့်လွှတ်ခြင်းဟာ လွတ်မြောက်ခြင်းပဲ ဖြစ်တယ်။လူတွေကို ဘာလို့ ခွင့်မလွှတ်နိုင်တာလဲလို့ မေးကြည့်လိုက်မယ်ဆို သူတို့ နာကျင်ခဲ...
19/05/2026

ခွင့်လွှတ်ခြင်းဟာ လွတ်မြောက်ခြင်းပဲ ဖြစ်တယ်။

လူတွေကို ဘာလို့ ခွင့်မလွှတ်နိုင်တာလဲလို့ မေးကြည့်လိုက်မယ်ဆို သူတို့ နာကျင်ခဲ့ရတာတွေ ထုတ်ပြလာကြတယ်။ တဖက်သူကြောင့် ဘဝမှာ နာကျင်ခဲ့ကြရတယ်၊ ထိခိုက်ခဲ့ကြရတယ်၊ တချို့ စကားလုံးတွေ၊ အပြုအမူတွေဟာ နှလုံးသားထဲမှာ ဆူးတွေ အဖြစ် ကျန်ခဲ့တယ်။ ဖြစ်ခဲ့တဲ့ အချိန်သာ ကြာသွားမယ်၊ ကိုယ်ဟာ နာကျင်မှုတွေ ဒဏ်ရာတွေနဲ့ ပိတ်မိနေတုန်းပေါ့။

တကယ်တမ်းမှာတော့ သူ ငါ့ကို လုပ်တယ်၊ ငါ ခံလိုက်ရတယ်၊ သူ့ကြောင့် ငါ့မှာ ဒီလို ထိခိုက်ရတယ် ဆိုတဲ့ အစွဲတွေနဲ့ ပြီးခဲ့တဲ့ အတိတ်က timeline တစ်ခုကို လွှတ်မချနိုင်သေးလို့ မလွတ်မြောက်နိုင်ပဲ နာကျင်ရတာ ဖြစ်ပါတယ်။

ဒီကနေ လွတ်မြောက်ဖို့ ဆိုတာ ခွင့်လွှတ်လိုက်မှသာ လွတ်မြောက်နိုင်တာ ဖြစ်ပါတယ်။ ခွင့်လွှတ်လိုက်တဲ့အခါ လုပ်တဲ့ သူလည်း မရှိတော့ဘူး။ ခံလိုက်ရတဲ့ ငါလည်း မရှိတော့ဘူး။ သူနဲ့ ငါသာ မရှိရင် ထိခိုက်နာကျင်ရတဲ့ ကိစ္စတွေ ဆိုတာကလည်း ရှိမနေတော့ပါဘူး။

ဒါဟာ ပြီးခဲ့တဲ့ အတိတ်ကနေ လွတ်မြောက်သွားတာ၊ အတိတ်က အရိပ်တွေ လိုက်နေရာကနေ လွတ်မြောက်သွားတာ၊ ကိုယ်ဟာ ဘယ်တုန်းကမှ ကိုယ့်ဟာ မဟုတ်တဲ့ ဒဏ်ရာတွေနဲ့ react လုပ်နေမိခြင်းကနေ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့ ခက်နေတယ်ဆို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ကိုယ်ဟာ သူ့ကြောင့် ဘယ်လိုမျိုး ထိခိုက်နာကျင်ခဲ့ရပြီး၊ ဒီဒဏ်ရာဟာ ကိုယ့်ဘဝရဲ့ ဘယ်အပိုင်းမှာ သက်ရောက်မှု ရှိနေလဲ၊ ကိုယ်ဟာ ဘယ်လို အချိန်မျိုးမှာ ဒီဒဏ်ရာကနေ လာတဲ့ response တွေ လုပ်နေမိလဲ ဆိုတာ ပြန်ရှာဖွေ ကြည့်ပါ။

တဖက်သူကို ခွင့်လွှတ်နိုင်သွားတဲ့အခါ ကိုယ်ဟာ ဒီဒဏ်ရာကြီးနဲ့ အတူ ရှင်သန်နေထိုင်နေရာကနေ လွှတ်ချနိုင်သွားပြီး ဒဏ်ရာကနေ response လုပ်မိတာ၊ decision making လုပ်မိတာ၊ သူများဖန်တီးပေးလိုက်တဲ့ အတိုင်း နေထိုင်နေမိတာတွေကနေ လွတ်မြောက်သွားပါလိမ့်မယ်။

တကယ်တမ်းမှာတော့ သူများလုပ်လို့ ငါ ခံလိုက်ရတယ် ဆိုတာ မရှိပါဘူး။ ကိုယ် လက်ခံလိုက်လို့သာ ခံလိုက်ရတာ ဖြစ်ပါတယ်။ တဖက်သူကို ခွင့်လွှတ်လိုက်တယ်လို့ ထင်ရပေမယ့် တယ်တမ်းမှာတော့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်မြောက်ချင်တယ်ဆိုရင် ခွင့်လွှတ်ဖို့ ရွေးချယ်ကြည့်ပါ။ ခွင့်လွှတ်လိုက်ခြင်းဟာ မိမိကိုယ်ကို လွတ်မြောက်ခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ကိုယ်က ကြုံနေရတဲ့ အခြေအနေတွေကို ဘယ်လို အဓိပ္ပာယ် ဖွင့်နေမိလဲ ဆိုတာက ကိုယ့်ရဲ့ Consciousness Level ကို ပြနေပါတယ်။လူတွေဟာ ...
17/05/2026

ကိုယ်က ကြုံနေရတဲ့ အခြေအနေတွေကို ဘယ်လို အဓိပ္ပာယ် ဖွင့်နေမိလဲ ဆိုတာက ကိုယ့်ရဲ့ Consciousness Level ကို ပြနေပါတယ်။

လူတွေဟာ တစ်ခုခုနဲ့ ကြုံရတိုင်းမှာ အချိန်တိုင်း အဓိပ္ပာယ်တွေဖွဲ့၊ နံမည်တွေပေး၊ identity တပ်ပေးနဲ့ အလို‌အလျောက် လုပ်မိကြတယ်။

ကြုံလာရတဲ့ အခြေအနေတွေကို ကောင်းတယ် နဲ့ မကောင်းဘူး ဆိုပြီး ကိုယ့်ဘာသာ အဓိပ္ပာယ် သတ်မှတ်ပြီး ခံစားကြတယ်။

ဥပမာ - ပိုက်ဆံ ချမ်းသာတယ်၊ ပိုက်ဆံ ရလာတယ် ဆိုရင် ကောင်းတာ ဖြစ်လာလို့ ကြိုက်တယ်၊ ပျော်တယ်။ ဆုံးရှုံးသွားတဲ့ အခါ ငွေကြေး အခက်အခဲတွေ ကြုံရတဲ့အခါ၊ ငွေ မလောက်တဲ့အခါ မကောင်းဘူးလို့ သတ်မှတ်ပြီး စိတ်ဆင်းရဲကြတယ်၊ ပြောင်းလဲ ပစ်ဖို့ ကြိုးစားကြတယ်။

ကောင်းတယ်လို့ သတ်မှတ်တဲ့အခါ ထပ် ထပ်ပြီး ရဖို့၊ ဆုပ်ကိုင်ထားနိုင်ဖို့၊ သေချာဖို့ ကြိုးစားတယ်။ မကောင်းဘူးလို့ သတ်မှတ်တဲ့အခါ ရှောင်လွှဲနိုင်ဖို့၊ ပြောင်းလဲနိုင်ဖို့ ကြိုးစားကြတယ်။ ဘာတွေပဲ ကြုံတွေ့ရပါစေ ကိုယ်က အဓိပ္ပာယ်တွေ ဖွဲ့လိုက်ပြီ၊ နံမည်တွေ တပ်လိုက်ပြီ ဆိုတာနဲ့ စတင် ဆင်းရဲ ရပြီပဲ ဖြစ်ပါတယ်။

တကယ်တော့ ကိုယ်ကြုံတွေ့ရသမျှ အားလုံးဟာ ကိုယ့် Soul Evolution အတွက် ကြုံနေရတယ်လို့သာ နားလည်သဘောပေါက်သွားရင် ဘာပဲ ကြုံနေရပါစေ အရာအားလုံးက တမျိုးတည်းပဲ ဆိုတာ မြင်သွားပါလိမ့်မယ်။

ကိစ္စတစ်ခုကို ကြုံရတာက ဒီကနေ သင်ယူစရာ ရှိနေလို့သာ ဖြစ်ပါတယ်။ ဒီကနေ ကိုယ်ဟာ wisdom တွေ ရလာတယ်၊ Healing တွေ ရလာတယ်၊ ပိုကောင်းတဲ့ သူတစ်ယောက် ဖြစ်လာတယ်၊ Inner Qualities တွေ ပိုကောင်းလာတယ်၊ ပိုပြီး Growth ဖြစ်လာတယ်၊ လွတ်မြောက်လာတယ် ဆိုရင် ဒါဟာ ကိုယ့် Soul က Evolution ဖြစ်လာတာပဲ ဖြစ်တယ်။

Spiritual Journey ကို လျှောက်ကြတဲ့အခါ ရည်ရွယ်ချက် အမျိုးမျိုး၊ ပန်းတိုင် အမျိုးမျိုး ရှိကြပါတယ်။ ကိုယ်က တကယ် လွတ်မြောက်ချင်တယ် ဆိုရင် လိုနေတဲ့ သင်ခန်းစာကို မဖြစ်နေ သင်ယူကြရမှာပဲ ဖြစ်တယ်။

ကြုံနေရတဲ့ အခြေအနေတွေက ကိုယ့်ကို against လုပ်နေတာ ဆွဲချနေတာ မဟုတ်ပဲ Soul Evolution အတွက် တွန်းပို့နေတာပဲလို့ သဘောပေါက်သွားမယ်ဆိုရင် ကိုယ်ဟာ ဘာပဲ ကြုံရ ကြုံရ ကောင်းတာတွေကို ကြုံတွေ့ရတာသာ ဖြစ်တယ်။

ကိုယ်က လွတ်မြောက်ချင်တယ်၊ ဘဝက လွတ်မြောက်ဖို့ လိုအပ်တဲ့ သင်ခန်းစာကို ပေး‌တယ်။ လိုအပ်တဲ့ အရာကို လိုအပ်တဲ့ အချိန်မှာ ရလာတယ် ဆိုတာဟာ Abundance ဖြစ်နေတာပဲပေါ့။ ကိုယ့်ရှေ့ကို ရောက်လာတဲ့ Abundance တွေ ကောင်းမွန်တဲ့ အရာတွေကို ကိုယ့်ဘက်က ယူတတ်ဖို့ပဲ လိုအပ်တာပါ။

ဒီလိုမျိုး နားလည်သွားတဲ့အခါ ဘာပဲ ကြုံရ ကြုံရ အတင်းကြီး ရုန်းကန် ကူးခတ်စရာ မလိုတော့ပဲ ရောက်လာတဲ့ လှိုင်းတွေကြားမှာ intention နဲ့ Flow လုပ်နိုင်သွားမယ်ဆို ကိုယ်ဟာ အရှေ့ကို ရောက်လာမယ်၊ လွတ်မြောက်လာမှာပဲ ဖြစ်ပါတယ်။

ဒီတော့ ကိုယ့်ကိုယ့်ကို ပြန်မေးကြည့်ပါ။ အခု ကြုံနေရတဲ့ အခြေအနေတွေကနေ ငါ ဘာသင်ယူစရာ ရှိနေပြီလဲ ဆိုတာ။ 🏮

🏮 ချစ်ခြင်းမေတ္တာဟာ မိမိတို့ လိုက်လံရှာဖွေနေတဲ့ အလိုအပ်ဆုံးသော ဆေးတစ်ခွက်ပါပဲ။ ကိုယ့်ဘဝမှာ ခံစားနေရတဲ့ နာကျင်မှုတွေ၊ အခက...
11/05/2026

🏮 ချစ်ခြင်းမေတ္တာဟာ မိမိတို့ လိုက်လံရှာဖွေနေတဲ့ အလိုအပ်ဆုံးသော ဆေးတစ်ခွက်ပါပဲ။

ကိုယ့်ဘဝမှာ ခံစားနေရတဲ့ နာကျင်မှုတွေ၊ အခက်အခဲတွေ၊ အဓိပ္ပာယ် ကင်းမဲ့မှုတွေကနေ လွတ်မြောက်ချင်တယ်ဆိုရငိ ဒီဆေးကပဲ လွတ်မြောက်စေနိုင်မှာ ဖြစ်ပါတယ်။

လူတွေဟာ ဘဝမှာ Fear, Guilt, Shame နဲ့ပဲ ပြည့်နှက်နေတတ်ကြတယ်။

🌹 Fear - ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး အမြဲ ကြောက်ရွံ့နေတတ်ကြတယ်။
🌹 Guilt - ကိုယ် လုပ်‌လိုက်တဲ့ အရာတွေနဲ့ ပက်သက်ပြီး အပြစ်ရှိသလို ခံစားရတာ၊ မလုံမလဲဖြစ်တာတွေ၊ တစ်ခုခု မှားသွားမှာကို စိုးတထိတ်ထိတ် ဖြစ်နေတာတွေ အမြဲ ခံစားနေရတတ်တယ်။
🌹 Shame - ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းနဲ့ ပက်သက်ပြီး အမြဲ ရှက်ရွံ့နေတတ်ကြတယ်။

ဒါတွေနဲ့ပဲ ကိုယ့် inner state က ပြည့်နှက်နေတဲ့ အခါ ကိုယ်ဟာ အမြဲ Survival State မှာပဲ ရှိနေပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန် ရှင်သန်နေကြရပါတယ်။

ဒီကနေ လာတဲ့ ကိုယ့်ရဲ့ emotions တွေ၊ react, response တွေ၊ Decision Making တွေဟာ ဘဝကို ပိုမို ခက်ခဲတဲ့ အခြေအနေဆီရောက်အောင် တွန်းပို့နေကြပါတယ်။

ကိုယ့်ရဲ့ အစစ်အမှန် ပုံစံအတိုင်း နေထိုင်ဖို့ထက် ကိုယ့်ကိုယ်ကို လက်မခံနိုင်ပဲ သူများတွေ လက်ခံအောင် အမြဲ မျက်နှာဖုံးတပ် perform လုပ်နေတတ်‌တာကြောင့် ကြာတော့ မိမိ ကိုယ်ကို ပျောက်ဆုံးလာတယ်။ ရှင်သန်ရတာ အဓိပ္ပာယ်မဲ့လာတယ်။ ဘဝဟာ ပိုပိတ်မိလာတယ်။

ကိုယ်ဟာ သရုပ်ဆောင်စရာ role တစ်ခု မရှိနေတဲ့ အချိန် perform လုပ်ပြစရာ သူများတွေ မရှိနေပဲ ကိုယ် တစ်ယောက်တည်း ရှိနေတော့တဲ့ အချိန် ကိုယ့်ကိုယ်ကို ပြန်သတိပြုမိလိုက်ချိန်မှာ ဘာမှန်း မသိတဲ့ လှစ်ဟာမှုက အတွင်းတစ်နေရာကနေ ပေါ်ထွက်လာပါတယ်။

ဒီလို အခြေအနေတွေကို ပြန်ပြုပြင်ဖို့ မိမိကိုယ်ကို ပြန်ရှာတွေ့ဖို့ တစ်ခုတည်းသော အဖြေက ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။

ကိုယ်ခံစားရသမျှ၊ ကိုယ့်မှာ ဖြစ်ပေါ်နေသမျှ အရာအားလုံးကို ချစ်ခြင်းမေတ္တာက လာတဲ့ ဂရုစိုက်မှုမျိုးနဲ့ သတိပြုပြီး အသိအမှတ်ပြုပေးတာ၊ ထွေးပွေ့ လက်ခံပေးတာ၊ လိုအပ်တာ ထောက်ပံ့ လုပ်ဆောင်ပေးတာ၊ သူပြောချင်တာတွေကို နှလုံးသားနဲ့ နားထောင်ပေးတာ ဒီလိုမျိုးတွေ ပြုလုပ် လုပ်ဆောင်ပေးမှသာ ကိုယ်ဟာ လွတ်မြောက်ပါလိမ့်မယ်။

အခုနောက်ပိုင်းမှာ 5D တို့ New Earth တို့ အပြောများလာကြတာ သတိပြုမိကြမှာပါ။ တကယ်တော့ 5D တို့ New Earth တို့ဆိုတာ တအား ထူးခြား‌ဆန်းကြယ်ပြီး ကမ္ဘာကြီး အလုံးလိုက် ကွဲသွားတာကို ပြောချင်တာ မဟုတ်ပဲ Dimension of Pure Love ကို ရောက်သွားတာကို ပြောချင်တာသာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အရင်ဆုံး မိမိကိုယ်ကို ချွင်းချက်မရှိ လက်ခံနိုင်အောင် ချစ်ခင်မြတ်နိုးပေးနိုင်အောင် ကြိုးစားကြည့်ပါ။ ဒါဟာ ကိုယ့်ကို တကယ် လွတ်မြောက်စေမယ့် ကိုယ် လိုက်လံရှာဖွေနေတဲ့ အလိုအပ်ဆုံးသော ဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ လက်ရှိ ဘဝအခြေအနေတွေကို သဘောမကျပဲ ကိုယ်လက်ရှိကြုံနေရတာတွေကို ဘာ့လို့ ငါ့မှ ဖြစ်လာရတာလဲ ဆိုတဲ့ မေးခွန်းမျိုး မေး...
04/05/2026

ကိုယ့်ရဲ့ လက်ရှိ ဘဝအခြေအနေတွေကို သဘောမကျပဲ ကိုယ်လက်ရှိကြုံနေရတာတွေကို ဘာ့လို့ ငါ့မှ ဖြစ်လာရတာလဲ ဆိုတဲ့ မေးခွန်းမျိုး မေးနေခဲ့ဖူးလား။

ဒီလိုလူတွေက ကိုယ့်မှာ လက်ရှိ ရှိနေတဲ့အရာတွေ ကြုံနေရတာတွေကို မကြိုက်ဘူးပြောနေပေမယ့် ဒါဆို ဘာကြိုက်တာလဲ၊ ဘာလိုချင်တာလဲ၊ ကိုယ်က တကယ် ဘာဖြစ်ချင်တာလဲလို့ မေးလိုက်ရင် သေချာရေရာတဲ့ လေးနက်တဲ့ အဖြေတစ်ခုမှ မရှိနေတာကို တွေ့ရပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်း မသိနေတဲ့ သူတစ်ယောက်က ကိုယ်နဲ့ မကိုက်တဲ့ ကိုယ် မလိုချင်‌တဲ့ ဘဝအခြေအနေတွေ အကြောင်းအရာတွေကိုပဲ သတိမမူမိပဲ အလိုလို ဖန်တီးပုံဖော် နေမိကြပါတယ်။

ဒါကြောင့်ပဲ ကိုယ် တည်ဆောက်နေတဲ့ ဘဝတစ်ခု ပုံပေါ်လာချိန်မှာ မပျော်တဲ့အပြင် ဘဝတစ်ခု၊ ခန္ဓာတစ်ခုကို ထမ်းပိုးထားရတာ ပိုပင်ပန်းလာတယ်။ အဓိပ္ပာယ် မဲ့လာတယ်။ ဘဝမှာ လမ်းတွေ ပျောက်လာတယ်။

အလုပ်တွေ ရှုပ်နေချိန်မှာ အဆင်ပြေသလို ထင်ရပေမယ့် တကယ်တမ်း အိမ်ပြန်ရောက်ချိန်၊ တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်ချိန်တွေမှာ ဘယ်ကမှန်း မသိတဲ့ အထီးကျန်စိတ်တွေ လှစ်ဟာမှုတွေက နှလုံးသားထဲမှာ လှိုက်တက်လာကြတယ်။ ဒါ‌တွေဟာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးပြီး လမ်းမှားကို လျှောက်နေမိတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ဘာလို့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားရတာလဲဆိုတော့ အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကို ရွေးချယ်ဖို့ ‌လျစ်လျူရှူ့ခဲ့လို့ပဲ ဖြစ်တယ်။ တခြားအရာရဖို့ ကိုယ့်ကိုယ်ကို sacrifice လုပ်တယ်။ ပိုက်ဆံရဖို့ နှိမ်ချဆက်ဆံတာကို ခေါင်းငုံ့ခံတယ်။

အပေါ်ယံ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ သူများ ကိုယ့်ကို boundaries ကျော်တာ မကောင်းပြောတာကို လက်ခံတယ်။ ဒီလိုမျိုး နည်းလမ်းမျိုးစုံနဲ့ ကိုယ့်ကိုယ်ကို အရာအားလုံးထက် နောက်ဆုံးကို ပို့ခဲ့လို့ အခုချိန်မှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားရတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ အခုချိန်မှာ ကိုယ့်ဘဝမှာ မပျော်တော့ဘူး၊ လမ်းတွေ ပျောက်နေတယ်၊ ထွက်ပေါက် မရှိတော့ဘူးလို့ ခံစားနေရပြီဆို ကိုယ့်ကိုယ်ကို ပြန်ရှာဖွေကြည့်ပါ။ အချိန်တိုင်းမှာ ငါ ဘာဖြစ်ချင်တာလဲ၊ ငါ ဘာခံစားနေရလဲ၊ ငါ ဘာလုပ်ချင်တာလဲ ဆိုတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကို မေးနေဖို့ လိုပါတယ်။

ည အိပ်ရာ မဝင်ခင်တိုင်းမှာ တစ်နေ့တာ ကိုယ့်ခံစားချက်တွေ၊ ဖြစ်ချင်တာတွေ၊ ကိုယ့်ရဲ့ react လုပ်ခဲ့ပုံနဲ့ ရွေးချယ်မှုတွေ၊ ဘာလို့ ဒီလိုမျိုး လုပ်နေမိတာလဲ ဆိုတာ ညတိုင်း ချရေးကြည့်ပါ။

ပစ္စည်းပျောက် ရှာသလိုပေါ့၊ စစချင်းမှာတော့ ကိုယ့်ကိုယ်ကို တွေ့ချင်မှ တွေ့လိုက်မယ်။ ပြန်ရလာတဲ့ အဖြေတွေက တကယ့် root cause မဟုတ်နေတာ၊ ကိုယ်တိုင်တောင် နားမလည်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ‌ဖြည်းဖြည်းနဲ့ မှန်မှန် ဆက်သွားမယ်ဆို အဆုံးမှာ ကိုယ့်ရင်ထဲက အလင်းရောင်လေးကို ပြန်လည်ရှာဖွေတွေ့ရှိ ပါလိမ့်မယ်။

May လမှာတော့ ကိုယ့်အတွင်းထဲက အသံတစ်ခုက နားမထောင်လို့ မရအောင်ကို ကျယ်ကျယ်လောင်လောင် ကြားနေရမှာ ဖြစ်ပါတယ်။ ဒီအသံကို ignore...
01/05/2026

May လမှာတော့ ကိုယ့်အတွင်းထဲက အသံတစ်ခုက နားမထောင်လို့ မရအောင်ကို ကျယ်ကျယ်လောင်လောင် ကြားနေရမှာ ဖြစ်ပါတယ်။ ဒီအသံကို ignore လုပ်နေသ၍ ပိုကျယ်လာပြီး ကိုယ်ပဲ ပိုပြီး စိတ်ပင်ပန်းရပါလိမ့်မယ်။ တစ်ခုခုကို စတင်တော့မယ် လမ်းကြောင်းပြောင်းတော့မယ် ဆိုတဲ့ message တွေပဲ တောက်လျောက်ရနေပါလိမ့်မယ်။

အရာအားလုံးက လမ်းကြောင်းပြောင်းရမယ့်အချိန် ကိုယ့်အတွက် မှန်ကန်တဲ့ လမ်းကြောင်းပေါ် စတင်အခြေချရမယ့်အချိန်မို့ အဟောင်းတွေ ဖြိုဖျက်ဖို့အတွက် တစစီ ပြိုလဲပျက်စီးဖို့ ကြုံရပါလိမ့်မယ်။ လုပ်နေကျ အလုပ်တွေ အဆင်မပြေတော့တာ၊ အခက်အခဲတွေကြောင့် ငြိမ်နေလို့ မရတော့တာမျိုးတွေ ကြုံလာရတတ်ပါတယ်။

Inner Calling ကလည်း အသစ်စတင်ဖို့ calling တွေ ကျယ်လောင်နေမှာ ဖြစ်သလို ပြင်ပကလည်း identity အဟောင်းတွေ patterns အဟောင်းတွေကို တစစီ ဖြိုပစ်တော့မှာပါ။ ဒါကို ကိုယ်က လက်မခံပဲ ငြင်းဆန်နေမယ်ဆိုရင် အရမ်းကို ခက်ခဲမယ့် လ တစ်လ ဖြစ်လာပါလိမ့်မယ်။

လမ်းကြောင်း ပြောင်းလဲတော့မယ့် အချိန်၊ လူတိုင်းအတွက် အသစ်ပြန်‌လည် မွေးဖွားလာတော့မယ့် Rebirth ဖြစ်မယ့် လဖြစ်တာကြောင့် စတင်ခြင်းရဲ့ ရှေ့ပြေးဖြစ်တဲ့ ပျက်စီးခြင်း၊ လမ်းပျောက်ခြင်းဆိုတဲ့ ကာလတွေကို ဖြတ်ကျော်ကြရမှာ ထုံးစံပဲမို့ ကြုံလာရသမျှကို တင်းခံဖို့ ထိန်းချုပ်ဖို့ ပြုပြင်ဖို့ ကြိုးစားတာထက် လက်လွှတ်ချဖို့ သင်ယူရမှာ ဖြစ်ပါတယ်။

အရင်က ကိုယ် ဘယ်သွားမယ်၊ ဘာလုပ်မယ် ဆိုတာကို ကိုယ်တိုင် control လုပ်ပြီး direction ရွေးခဲ့ပေမယ့် May လမှာတော့ ထိန်းချုပ်ဖို့ ကြိုးစားတာထက် ရလာတဲ့ message တွေ၊ Signs & Synchronicities အတိုင်း ကြုံလာရတဲ့ အခြေအနေအလိုက် အရှိန်လျော့ပြီး ဖြည်းဖြည်းလေး လျှောက်သွားဖို့ Flow နဲ့ နေဖို့က အရေးကြီးပါတယ်။

တစ်ခါတစ်လေမှာ လမ်းပျောက်တာကပဲ ကိုယ်သွားရမယ့် နေရာကို ရောက်သွားစေပါလိမ့်မယ်။ ဘယ်ရောက်နေမှန်း ဘာတွေ ဖြစ်နေမှန်း မသိရင်တောင် ကိုယ် သွားနေတဲ့ လမ်းပေါ်မှာ ယုံကြည်မှုရှိနေဖို့ပဲ လိုအပ်ပါတယ်။

ဘယ်လောက်ပဲ လမ်းတွေ ပျောက်နေပါစေ ကိုယ်ရောက်ရမယ့် နေရာကို ရောက်ကို ရောက်သွားလိမ့်မယ်ဆိုတဲ့ ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ရဲ့ လမ်းကြောင်းအပေါ် ယုံကြည်စိတ်နဲ့ပဲ ကျော်ဖြတ်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ ဒီလက အလျှင်အမြန် သွားရမယ့် လမဟုတ်ပဲ တည်တည်ငြိမ်ငြိမ် ဖြိုဖျက်ပြောင်းလဲရင်း မြင်ရသလောက်ကိုပဲ တစ်လှမ်းချင်း လှမ်းရင်း ရှေ့ဆက်ရမယ့် ကာလ ဖြစ်ပါတယ်။

ဒီလကို အကောင်းဆုံး အသုံးချခဲ့မယ်ဆိုရင်တော့ May လ အကုန်မှာ ကိုယ့်ရဲ့ လမ်းကြောင်းတွေ ပိုမိုရှင်းလင်းလာပြီး ရလဒ်ကောင်းတွေ တွေ့မြင်ကြရတော့မှာပါ။ အလုပ်ကောင်းကောင်း လုပ်ခဲ့တဲ့ သူတွေဟာ May လအကုန်မှာ စတင်ပြီး လွတ်လွတ်လပ်လပ် ပျံသန်းကြတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကနေ May လအထိ ကြုံခဲ့ရတဲ့ အခက်အခဲတွေကြောင့်ပဲ ကိုယ့်ဘဝဟာ ဘယ်လိုမျိုး ပြောင်းလဲ ခဲ့လဲ၊ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိလာပြီလဲ ဆိုတာကို June လမှာ သိသိသာသာ ပြန်လည် ရရှိခံစားလာရပါလိမ့်မယ်။ Physical reality မှာပါ ကိုယ် စောင့်မျှော်နေတဲ့ အရာတွေ၊ အခွင့်အရေးတွေ၊ လွတ်မြောက်ခြင်းတွေ၊ ကိုယ်လိုချင်နေတဲ့ transformation တွေ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က အခုချိန် May လမှာ ကတည်းက လုပ်စရာရှိတဲ့ အလုပ်တွေ မှန်မှန်ကန်ကန် လုပ်ခဲ့ဖို့ ရွေးချယ်ခဲ့ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

May လကို အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့အတွက် Guidance လိုအပ်တဲ့ သူတွေအတွက် Monthly Spiritual Guidance Reading ရယူနိုင်ပါတယ်။

🏮 Monthly Spiritual Guidance Reading မှာ
တစ်လစာအတွက် Overall energy အနေနဲ့သာမက တစ်ပတ်ချင်းစီ အတွက် ကြုံတွေ့ရမယ့် Spiritual Theme & Lessons တွေအပြင် လိုအပ်တဲ့ Guidance တွေနဲ့ပါ အသေးစိတ် Reading ဖတ်ပေးသွားမှာ ဖြစ်ပါတယ်။

🏮 ကိုယ့်ရဲ့ Spiritual Journey မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ Test တွေကို Greater Awareness ရှိရှိနဲ့ သေချာ နားလည်သဘောပေါက်ပြီး ကျော်ဖြတ်နိုငိချင်တဲ့ သူတွေနဲ့၊ ဘယ်လို ကျော်ဖြတ်ရမလဲ မသိပဲ လမ်းပျောက်နေတဲ့ သူတွေအတွက် ယူသင့်တဲ့ Reading ဖြစ်ပါတယ်။

🏮 ဒီ Reading က ကိုယ့်အနားမှာ Guide တစ်ယောက် အမြဲရှိနေသလို ခံစားရစေပါလိမ့်မယ်။ အသေးစိတ်ကို Comment မှာ ကြည့်နိုင်ပါတယ်။

May လ အတွက် ပြောပြချင်တဲ့ Energetic story နဲ့ သေချာလေး ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဒီအကြောင်းအရာပဲ ဖြစ်ပါတယ်။

“Unless the mists part, there is no way to navigate to the island; yet they will part only for those who believe Avalon waits behind them.”

🏮 Avalon Island ကို ရောက်ဖို့ဆိုတာ မြူ‌တွေ ဖုံးအုပ်ထားတဲ့ လမ်းကြောင်းကနေ မဖြစ်မနေ ဖြတ်ကျော်ကြဖို့ပဲ ရှိပါတယ်။

🏮 ဒါပေမယ့် အဆုံးမှာ Avalon က စောင့်ကြိုနေလိမ့်မယ်လို့ ယုံကြည်တဲ့ သူတွေကပဲ Avalon ဆီရောက်ပါလိမ့်မယ်။

ကိုယ့်မှာရော ကိုယ့်လမ်းကြောင်းနဲ့ ပက်သက်ပြီး ဘယ်လို ယုံကြည်မှုမျိုး ရှိလဲ။ ဘယ်လောက်ထိ ယုံကြည်မှု ရှိနေပြီလဲ။

အခက်အခဲတွေ ကြုံရချိန်၊ လမ်းပျောက်ချိန်တွေမှာရော ဆက်ပြီး ယုံကြည်နိုင်သေးရဲ့လား။

လမ်းအဆုံးမှာ ကိုယ့်ရဲ့ Avalon က စောင့်ကြိုနေလိမ့်မယ်လို့ ယုံကြည်နေရဲ့လား။

ကိုယ့်ရဲ့ လမ်းအဆုံးမှာ ကိုယ်က ဘယ်ကို ရောက်လိမ့်မယ်လို့ သိနေပြီလား။ ကိုယ့်ရဲ့ ပန်းတိုင်က ဘာလဲ ဆိုတာ ရှင်းလင်းပြတ်သားရဲ့လား။

ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရမှာပဲ ဖြစ်ပါတယ်။ May လ အကုန်မှာတော့ လူအနည်းငယ်သာ ပန်းတိုင်ကို ရောက်ကြမှာ ဖြစ်ပါတယ်။ Avalon က လူတိုင်းအတွက်တော့ မဟုတ်ဘူးပေါ့။

ဒီနေ့ ပြောပြမယ့် message လေးက May လမှာ လူတိုင်း ကျော်ဖြတ်ကြရမယ့် မေလရဲ့ Energetic story လေးပဲ ဖြစ်ပါတယ်။"Unless the mist...
27/04/2026

ဒီနေ့ ပြောပြမယ့် message လေးက May လမှာ လူတိုင်း ကျော်ဖြတ်ကြရမယ့် မေလရဲ့ Energetic story လေးပဲ ဖြစ်ပါတယ်။

"Unless the mists part, there is no way to navigate to the island; yet they will part only for those who believe Avalon waits behind them."

🏮 Avalon Island ကို ရောက်ဖို့ဆိုတာ မြူဖုံးနေတဲ့ လမ်းကြောင်းကနေ မဖြစ်မနေ ဖြတ်ကျော်ကြဖို့ပဲ ရှိပါတယ်။

🏮 ဒါပေမယ့် အဆုံးမှာ Avalon က စောင့်ကြိုနေလိမ့်မယ်လို့ ယုံကြည်တဲ့ သူတွေကပဲ Avalon ဆီရောက်ပါလိမ့်မယ်။

ဒါဟာ ‌May လမှာ လူတိုင်း ကြုံတွေ့ကြရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ May ထဲ ရောက်လာရင်တော့ သိဖို့ လိုအပ်တဲ့ Message အသေးစိတ်ကို တစ်ခေါက် ထပ်တင်ပေးပါဦးမယ်။

🏮 May လကို လမ်းမပျောက်တော့ပဲ ကြုံလာရသမျှကို အတည်ငြိမ်ဆုံး ကျော်ဖြတ်နိုင်ဖို့ Monthly Alignment Reading ကို ရယူနိုင်ပါတယ်။

🏮 Monthly Alignment Reading က May လမှာ ကိုယ် ကြုံတွေ့နေရတဲ့ အခြေအနေတွေက ကိုယ့်ကို ‌ပေးနေတဲ့ သင်ခန်းစာကို နားလည်သဘောပေါက်စေပြီး Clarity ရှိရှိနဲ့ ကျော်ဖြတ်နိုင်အောင်၊ Energy Align ဖြစ်အောင် လမ်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။

လစဉ် 3 ရက်နေ့ထိပဲ Monthly Alignment Reading ကို လက်ခံပေးသွားမှာ ဖြစ်လို့ May လ 3ရက်နေ့ နောက်ဆုံးထားပြီး Reading အပ်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို Comment မှာ ကြည့်ပါ။

New Moon in Aries: Ignite Your Inner Fireအခုချိန်မှာ ရှေ့ဆက်သွားဖို့ အသစ်စတင်ဖို့ ကိုယ့်ကို ဆွဲခေါ်နေတဲ့ Energy Force တစ...
18/04/2026

New Moon in Aries: Ignite Your Inner Fire

အခုချိန်မှာ ရှေ့ဆက်သွားဖို့ အသစ်စတင်ဖို့ ကိုယ့်ကို ဆွဲခေါ်နေတဲ့ Energy Force တစ်ခုကို လူတိုင်းခံစားနေကြရမယ် ထင်ပါတယ်။ စိတ်ထဲမှာ ငါ ဒီလို ဆက်နေလို့ မရတော့ဘူးဆိုတဲ့ အတွေးမျိုး ဖြစ်နေပြီး ဘာဆက်လုပ်ရမလဲဆိုတာ ရှင်းလင်းပြတ်သားတဲ့ အဖြေတစ်ခု မ‌တွေ့နေသေးတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။

တစ်ခုခုကို သေချာအောင် ရှင်းလင်းအောင် ထိုင်စောင့်မှာထက် ကိုယ့်ကို ဆွဲငင်နေတဲ့ Energy Force ရဲ့ Ebb & Flow တိုင်း လိုက်ပါ စီးမျောသွားပါ။ ဘာလုပ်ရမလဲ မသိတဲ့အခါ နှလုံးသားနဲ့ ကိုယ့် body ကို အာရုံပြုပြီး ဘာလုပ်ရမလဲ မေးပါ။ အဖြေတွေ ရလာပါလိမ့်မယ်။

တချို့တွေ အနေနဲ့ကတော့ Fire Energy ကြောင့် လုပ်ချင်စိတ်တွေ များပြီး အလုပ်ပေါင်းစုံ လုပ်နေမယ် ဆိုရင်တော့ ပင်ပန်းပြီး ခြေကုန်လက်ပန်းကျတတ်ပါတယ်။ အများကြီးကို စတင် လုပ်ဆောင်ရမယ့် အချိန် မဟုတ်ပဲ ကိုယ်ဟာ အခုချိန်မှာ ဘာလုပ်ရမယ့် အချိန်၊ ဘယ်လမ်းကို လျှောက်ရမယ့် အချိန်၊ ဘယ် identity နဲ့ စတင် နေထိုင်ရတော့မယ့် အချိန်ဆိုတဲ့ ကိုယ့်ကိုယ်ကို သိခြင်းနဲ့ လျှောက်မယ့် လမ်းတစ်ခုတည်းကိုပဲ စတင်ရွေးချယ် လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။

အခုချိန်မှာ ရလာတဲ့ အတွေးတွေ၊ ideas တွေ၊ opportunity တွေဟာ ကိုယ့်ဘဝကို ပြောင်းလဲစေမယ့် အရာတွေ ဖြစ်တယ်။ ဒီတော့ ရလာတဲ့ အချိန်မှာ Pause လုပ်မနေပဲ၊ တွေဝေမနေပဲ အမိအရ ဖမ်းဆုပ် လုပ်ဆောင်ကြရမယ့် အချိန် ဖြစ်ပါတယ်။ လူအများစုအတွက် identity ပြောင်းလဲတဲ့ အချိန်၊ အလုပ်အကိုင် ပြောင်းလဲတဲ့အချိန်၊ လုပ်ပုံကိုင်ပုံတွေ ပြောင်းလဲတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဘယ်လောက်ပဲ လုပ်စရာတွေ၊ စတင်စရာတွေ များနေပါစေ လုပ်သမျှတိုင်းမှာ Mind, Body, Soul 3ခုလုံးကို Balance မျှအောင် ဂရုစိုက်ဖို့ မမေ့ပါနဲ့။ Body ကပဲ အလုပ်တွေ လုပ်နေပြီး Mind က တခြား၊ Soul နဲ့လည်း align မဖြစ် ဒီလိုမျိုးတွေ ဖြစ်နေလို့ မရဘူး။

အဲ့လိုပဲ Mind နဲ့ Soul က အတွေးတွေ တွေး၊ Meditation၊ Breathwork တွေ လုပ်နေပေမယ့် Body က Action ထမယူဘူးဆို ဒီနေရာမှာပဲ ကျန်နေခဲ့တတ်ပါတယ်။ ကိုယ် လုပ်သမျှ အရာတိုင်းမှာ Mind, Body, Soul ၃ခုဟာ အချိုးကျကျ Balance ညီညီ ပါဝင်နေပါစေ။ ဒါဟာ ဒီကာလအတွက် ရှေ့ဆက်သွားဖို့ လိုအပ်တဲ့ Guidance Message ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Spiritual Journey နဲ့ ပက်သက်ပြီး Guidance လိုအပ်နေသူများကတော့ Spiritual & Intuitive Guidance Reading Package ကို ယူသင့်ပါတယ်။

ကိုယ့်ဘဝကို Transform လုပ်နိုင်ဖို့အတွက်
Aligning With Your Highest Version ဆိုတဲ့ အတန်းလေးလည်း Thingyan အတွင်းမှာ အောင်အောင်မြင်မြင် စတင် ဖွင့်လှစ်ခဲ့ပါပြီ။

မမှီလိုက်တဲ့ သူတွေအတွက်ကိုတော့ ဒီအတန်းအပြီးမှာ တစ်ခေါက်ပြန်ဖွင့်ပေးမှာမို့ ကိုယ့် Authentic Self၊ ကိုယ့်ရဲ့ Soul နဲ့ Align ဖြစ်တဲ့ ဘဝတစ်ခုကို Reality မှာပါ ပြောင်းလဲ တည်ဆောက်ချင်တယ် ဆိုရင် အတန်း လာအပ်ထားလို့ ရပါပြီ။

(Details in Comment 📩)

ကိုယ် လုပ်သမျှ အရာတိုင်းမှာ တစ်ခုခုကို ရချင်စိတ်နဲ့ပဲ လုပ်နေတယ်ဆိုရင် Survival mode မှာပဲ ပိတ်မိနေဦးမှာ ဖြစ်တယ်။ဆုံးဖြတ်...
11/04/2026

ကိုယ် လုပ်သမျှ အရာတိုင်းမှာ တစ်ခုခုကို ရချင်စိတ်နဲ့ပဲ လုပ်နေတယ်ဆိုရင် Survival mode မှာပဲ ပိတ်မိနေဦးမှာ ဖြစ်တယ်။

ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေ ပြုလုပ်တိုင်းမှာ ငါ ဒါမရလို့ မဖြစ်ဘူး၊ မရှိလို့ မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုတောင် sacrifice လုပ်ပြီး တစ်ခုခုကို ရဖို့ပဲ လုပ်ဆောင်တတ်ကြတယ်။

ပိုက်ဆံ ရချင်လို့ မပျော်ရတဲ့ ကိုယ်နဲ့ မကိုက်ညီတဲ့ ရပ်ဝန်းကို ရွေးချယ်တယ်။ ဒီလူနဲ့ အတူ ရှိချင်သေးလို့ မပျော်ရရင်တောင် ဆွဲထားနေမိတယ်။ ဒါမျိုး ရွေးချယ်မှုတွေ ပြုလုပ်တတ်ကြတယ်။

ဒါဟာ လူတွေ ဘဝမှာ မ‌ပျော်နိုင် ဖြစ်လာရတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ တစ်ခုခုကို လိုချင်လို့ လုပ်တယ် ဆိုတာထက် ကိုယ် ချစ်တဲ့ အလုပ် တန်ဖိုးထားတယ် ဆိုတဲ့ အရာတွေကို ရွေးချယ်တတ်လာမှ ဘဝက အဓိပ္ပာယ် ရှိလာမှာ ဖြစ်ပါတယ်။

အရှေ့ကို ပိုရောက်ချင်တဲ့ သူဟာ များများ လွှတ်ချနိုင်ဖို့ လိုအပ်ပါတယ်။ Spiritual အလုပ်တွေကို ငွေကြေး၊ အောင်မြင်မှု၊ လူထင်ကြီး ခံရမှု၊ သူများထက် ပိုသာတယ် ခံစားရဖို့ အတွက် လုပ်နေမိပြီဆို ကိုယ်ဟာ လမ်း‌တွေ မှားနေပါပြီ။

ကိုယ် လုပ်သမျှ အရာတိုင်း ရွေးချယ်မှုတိုင်းမှာ ငါရချင်လို့ လုပ်တယ် ဆိုတာထက် ငါ ဒီအရာကို နှစ်သက်လို့ တန်ဖိုးထားလို့ ဒါလေးက ငါ့အတွက် အမြတ်တနိုး တန်ဖိုးထားရလို့ ရွေးချယ်တယ် ဆိုတဲ့ စိတ်လေးနဲ့ လုပ်ကြည့်ပါ။ ရချင်စိတ်တွေကို လက်လွှတ်လိုက်ပါ။ ဒါဆို ကိုယ်ဟာ အဓိပ္ပာယ် ရှိတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်လာမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Soul နဲ့ align ဖြစ်တဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ပြင်ပက reality မှာပါ တည်ဆောက်ချင်တယ်၊ transform ဖြစ်ချင်တယ် ဆိုရင်တော့ မကြာခင်မှာ စတင်‌တော့မယ့် 🌙 Aligning With Your Highest Version ဆိုတဲ့ Training Course ‌ကို Join နိုင်ပါတယ်။

သင်တန်းနဲ့ ပက်သက်ပြီး အသေးစိတ်ကို comment မှာ ဖတ်ပါ။

🌙 Aligning With Your Highest Version

Transform your life into the reality your soul truly longs for.

ကိုယ် ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ကိုယ် လိုချင်တာတွေ ရလာဖို့ဆို ကိုယ်က တစ်ခုခု ထပ်ပြီး လိုအပ်နေတယ်လို့ပဲ ထင်နေမိတတ်ကြတယ်။ငါ...
10/04/2026

ကိုယ် ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ကိုယ် လိုချင်တာတွေ ရလာဖို့ဆို ကိုယ်က တစ်ခုခု ထပ်ပြီး လိုအပ်နေတယ်လို့ပဲ ထင်နေမိတတ်ကြတယ်။

ငါ ပိုကြိုးစားဖို့ လိုသေးတယ်။ ပိုက်ဆံရဖို့ ငါ ဒီ့ထက်ပို ပညာတတ်မှ ရမယ်။ ပိုအရည်အချင်း ရှိဖို့ လိုသေးတယ်။ Confidence ရှိဖို့ ဒီ့ထက် ပိုတော် ပိုလှဖို့ လိုအပ်တယ်။ အချစ်ခံရဖို့ ပိုလိမ္မာဖို့ လိုတယ်။ ဆိုပြီး I am not enough မှာ ပိတ်မိနေတတ်ကြတယ်။

တကယ်တော့ ကိုယ်လိုချင်တာတွေ ရလာဖို့၊ သက်တောင့်သက်သာ ရှင်သန်နိုင်တဲ့ ဘဝမှာ နေထိုင်ခွင့် ရဖို့ ဆိုတာ I need more. I need to do more. နဲ့ သွားရတာ မဟုတ်ပါဘူး။

ပိုရဖို့ ကြိုးစားရတာ မဟုတ်ပဲ I am already enough. နဲ့ ပိုလွှတ်ချနိုင်ဖို့ ကြိုးစားမှသာ ကိုယ့် Reality က အကောင်းဘက် ရောက်လာမယ်။ ကိုယ်သွားနေတဲ့ ခရီးတွေ ပိုတွင်လာမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Reality ကို ကိုယ့်soul နဲ့ align ဖြစ်အောင် ပြုပြင် ပြောင်းလဲချင်တယ်ဆို 🌙 Aligning With Your Highest Version ဆိုတဲ့ Training Course လေး မကြာခင် စတင်တော့မှာပဲ ဖြစ်ပါတယ်။

အတန်းနဲ့ ပက်သက်ပြီး အသေးစိတ်ကို Comment မှာ ကြည့်ပါ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lantern For The Lostผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์