Oracle Readings By Phoo

Oracle Readings By Phoo Energy is neither created nor destroyed.

05/09/2026

တချို့connection တွေကဖြတ်ချင်တိုင်းဖြတ်မရပါဘူး ☯️☯️
သံသရာလည်ခြင်းကို တစုံတယောက်က ဖောက်ထွက်ဖို့ ရုန်းထွက်ဖို့ လုပ်မသွားနိုင်မချင်း အထုံရေစက်ပါနေဖို့များပါတယ်တဲ့
ကိုယ် ဖြတ်ပစ်လိုက်ရင်လဲ ကိုယ့်ဆီပဲ ပင်လယ်လှိုင်းပုတ်သလို သံသရာတကွေ့မှာပြန်ရောက်လာနိုင်တဲ့ပက်သက်မှုမျိုးတဲ့☯️☯️

03/09/2026

🧠 Nervous System ဆိုတာဘာလဲ?
Nervous System ကခန္ဓာကိုယ်ရဲ့ အန္တရာယ်နဲ့ လုံခြုံမှုကို အမြဲ scan လုပ်နေတဲ့ system တစ်ခုလို့ပြောလို့ရတယ်
တခုခုမစဉ်းစားခင် မဆုံးဖြတ်ခင် ကိုယ်မသိခင်တောင်”Is this safe?”လို့ body က အရင်ဆုံးစစ်ဆေးနေပါတယ် အဲ့ဒါကြောင့် တစ်ခါတလေ ကိုယ့်ရဲ့စိတ်က “သူကဘာမှမလုပ်ပါဘူး” လို့ပြောနေပေမယ့် Body က “Something is wrong.” လို့ ခံစားနေရတာမျိုးဖြစ်တတ်တယ်

တစ်ခါတလေလည်း
အိပ်ရေးဝပေမယ့် ပင်ပန်းနေတယ်
အားမရှိဘူး
ဘာလုပ်ရမလဲဆိုတာ သိပေမယ့် မစနိုင်ဘူး
အလုပ်တွေများလာရင် ခေါင်းထဲမှာ အကုန်ရှုပ်ကုန်တယ်
ငွေကြေးအကြောင်းတွေးရင် စိုးရိမ်လာတယ်
ဆုံးဖြတ်ချက်ချရမှာကြောက်တယ်
အနာဂတ်ကိုတွေးရင် မသေချာမှုတွေကိုပဲ မြင်တယ်
ပြီးတော့ ကိုယ့်ကိုယ်ကို “ငါဘာလို့ ဒီလောက် lazy ဖြစ်နေတာလဲ?”
“ငါ discipline မရှိဘူးထင်တယ်…”
“ငါဘာလို့ မပြောင်းလဲနိုင်တာလဲ?”
လို့ အပြစ်တင်မိတတ်တယ်
ဒါပေမယ့်…
အဲ့ဒါတွေကNervous System က survival mode ထဲမှာ ရှိနေတာဖြစ်နိုင်တယ်
အဲ့လိုမျိုးဖြစ်နေပြီဆိုရင် ပြန်ပြီးဘယ်လို Nervous System ကို support လုပ်လဲ?
အကြီးကြီးပြောင်းဖို့ မလိုဘူး
နေ့တိုင်း
🌿 အသက်ရှူတာကို သတိထားပါ
🌿 နေရောင်ထဲ ခဏထွက်ပါ
🌿 လမ်းလျှောက်ပါ
🌿 ခန္ဓာကိုယ်ကို လှုပ်ရှားပါ
🌿 အိပ်ချိန်ကို ပုံမှန်ထားပါ
🌿 အစားအသောက်သေချာစားပါ
🌿 Information overload ကို လျှော့ပါ
🌿 တစ်ချိန်တည်းမှာ task တစ်ခုပဲလုပ်ပါ
🌿 ကိုယ့်ကိုယ်ကို အမြဲအပြစ်မတင်ပါနဲ့
🌿 ကိုယ်လုံခြုံတယ်လို့ ခံစားရစေတဲ့ routine တွေ တည်ဆောက်ပါ
အရေးကြီးဆုံးက
Consistency > Intensity တစ်နေ့တည်းနဲ့ ကိုယ့်ဘဝကို ပြောင်းဖို့မလိုဘူး
ခန္ဓာကိုယ်ကို
“You are safe.
You don't have to survive every moment.
You are allowed to slow down.”
ဆိုတာကို နေ့တိုင်း နည်းနည်းစီ ပြောပေးပြီး ပုံမှန်ဖြစ်အောင်လုပ်လို့ရပါတယ်

Nervous system ကိုregulate ဖြစ်အောင်ပြန်လုပ်တယ်ဆိုတာ မသေချာတဲ့အခြေအနေထဲရောက်နေလည်း
သူ reply မပြန်လည်း
“I am still okay.”
သူထွက်သွားလည်း
“I will not abandon myself.”
အရာအားလုံး plan အတိုင်းမဖြစ်လည်း
“I can handle what comes next.”
လို့ ကိုယ့် body ကို ပြန်သင်ပေးတာပါ

တခါတလေကျွန်မတို့ဘဝမှာ
You don't need more motivation.
You need a regulated nervous system ပါနော် 🤍

01/09/2026

💕 Love Reading — “A Love That Feels Safe”
တစ်ယောက်ယောက်က ကိုယ့်အပေါ်မှာ
နူးညံ့တဲ့ feeling လေးတွေရှိနေတယ်
စကားလေးတစ်ခွန်း၊ message လေးတစ်စောင်နဲ့
သူ့ရဲ့ feeling ကို ပြသလာနိုင်တယ်💌
ဒီ connection က fantasy သက်သက်မဟုတ်ဘူး
တကယ်စတင်တည်ဆောက်လို့ရမယ့်
new relationship / new beginning energy ပါတဲ့ရှင်
“ဒီတစ်ခါတော့ တကယ်ဖြစ်လာနိုင်မလား?” ဆိုတဲ့ answer က
Yes, there is potential. 🤍
ဒါပေမယ့် အလျင်မလိုပါနဲ့တဲ့
ဒီအချစ်က တဖြည်းဖြည်းနဲ့
နားလည်မှု၊ patience နဲ့ balance ရလာတဲ့အချစ်မျိုးပါနော် အရာရာကို force လုပ်စရာမလိုပါဘူး
What is meant for you will find its natural rhythm.

01/09/2026

🔥 Twin Flame

Twin Flame connection တစ်ခုမှာ အစပိုင်းက attraction နဲ့ longing အရမ်းပြင်းနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ personality၊ life experience၊ emotional pattern တွေရှိနေပေမယ့် တစ်ဖက်က တစ်ဖက်ရဲ့ မမြင်ချင်တဲ့အပိုင်းတွေကို ပြန်ပြပေးတတ်ပါတယ်။
ဒီကတ်က အခု connection ရဲ့ lesson ဟာ “သူ့ကိုရဖို့” ထက် “နှစ်ယောက်စလုံး balance ဖြစ်လာဖို့” ပိုအရေးကြီးနေတယ်လို့ ပြနေပါတယ်ရှင်

နှစ်ယောက်ကြား တူတာထက် မတူတာတွေက ပိုပြီး trigger ဖြစ်စေတတ်ပါတယ်
တစ်ယောက်က emotional ဖြစ်ရင် တစ်ယောက်က logical ဖြစ်နိုင်တယ်
တစ်ယောက်က အနီးကပ်ချင်ရင် တစ်ယောက်က space လိုချင်နိုင်တယ်
တစ်ယောက်က certainty လိုချင်ရင် တစ်ယောက်က uncertainty ထဲမှာ နေနိုင်တယ်
ဒါပေမယ့် ဒီကတ်က “မတူတာကြောင့် မဖြစ်နိုင်ဘူး” လို့မပြောပါဘူး
အဲဒီမတူညီမှုတွေက တစ်ယောက်ကိုတစ်ယောက် balance လုပ်ပေးနိုင်တဲ့ potential ဖြစ်တယ်လို့ ပြပါတယ်
တကယ့် lesson ကလေ
“သူ့လိုဖြစ်အောင်ပြောင်းလဲဖို့ထက်
ကိုယ်က ကိုယ်ဖြစ်နေပြီး သူက သူဖြစ်နေတဲ့အတိုင်း healthy way နဲ့တွေ့ဆုံနိုင်ဖို့ပါ”

နောက်တခုက connectionကို အတင်းအကြပ် control လုပ်ဖို့
“ဘယ်တော့လာမလဲ?”
“ဘယ်တော့ union ဖြစ်မလဲ?”
“သူက ငါ့ကိုရွေးမလား?”
“သူဘာတွေးနေလဲ?”
ဆိုတာတွေကို အမြဲလိုက်ရှာနေရတဲ့ energy ကနေ အေးဆေးတည်ငြိမ်တဲ့ energy ကို ပြန်သွားဖို့ ပြောနေပါတယ်နော်
Twin Flame journey မှာ balance ဆိုတာ အရမ်းအရေးကြီးပါတယ်။
အထူးသဖြင့်
Giving ↔ Receiving
Love ↔ Self-love
Connection ↔ Independence
Hope ↔ Reality
Feminine ↔ Masculine energy
Heart ↔ Mind
ဒီ balance တွေကို ပြန်ညှိရမယ့်အချိန်ပါ
တစ်ဖက်တည်းက ကြိုးစားနေရင် relationship က balanced မဖြစ်နိုင်ပါဘူး တစ်ဖက်တည်းက chase လုပ်နေပြီး တစ်ဖက်က retreat လုပ်နေရင်လည်း balance မဟုတ်ပါဘူး ဒါကြောင့် ဒီကတ်က “သူ့ဘက်က ဘာလုပ်မလဲ?” ဆိုတာထက်”ကိုယ့်ဘက်မှာ ဘာကို balance ပြန်လုပ်ရမလဲ?”ဆိုတာကို ပိုပြီးအဖြေရှာစေချင်ပါတယ် Balance မရှိဘဲ Union ကို force လုပ်လို့မရပါဘူး
ဒီ connection မှာ hot and cold / push and pull energy ရှိနိုင်ပါတယ်။
တစ်ခါတလေ အရမ်းနီးလာတယ်။
ပြီးတော့ ပြန်ဝေးသွားတယ်။
အရမ်းချစ်တယ်လို့ခံစားရတယ်။
ပြီးတော့ suddenly doubt ဝင်လာတယ်။
“ဒါက ငါ့လူပဲ” လို့ခံစားရတယ်။
ပြီးတော့ “ဒါကိုလွှတ်သင့်ပြီလား” လို့တွေးမိတယ် တကယ့် Healthy union တစ်ခုရဲ့ goal က push-pull cycle ကို ထပ်ခါထပ်ခါပြန်လုပ်နေတာမဟုတ်ဘဲ stability ရလာဖို့ ဖြစ်ပါတယ်

🔥 ဒီ Connection ရဲ့ Next Lessonက
Chasing → Surrender
Fear → Balance
Attachment → Inner Peace
Confusion → Clarity
Push & Pull → Mutuality
Fantasy → Real Partnership
ဆိုတဲ့ shift ပါ

အဓိကက သူ့ဆီက answer ကို စောင့်နေမယ့်အစား ကိုယ့်အတွင်းမှာ answer ရှာတွေ့လာဖို့ပါ။
ဒီလို balance ဖြစ်လာတဲ့အခါ relationship ဖြစ်လာရင်လည်း ပိုကျန်းမာတဲ့ partnership ဖြစ်လာနိုင်ပြီး၊ မဖြစ်ခဲ့ရင်တောင် ဒီ Connection ကြောင့် ကိုယ့်တန်ဖိုးကို မဆုံးရှုံးတော့ဘူး။ 🤍

Single love reading ❤️❤️❤️အချစ်ရေးမှာ အသစ်တစ်ခု စတင်ဖို့ energy ရှိနေပါတယ်Single ဖြစ်နေပေမယ့် အချစ်ကို လုံးဝပိတ်ထားတဲ့ e...
28/08/2026

Single love reading ❤️❤️❤️

အချစ်ရေးမှာ အသစ်တစ်ခု စတင်ဖို့ energy ရှိနေပါတယ်
Single ဖြစ်နေပေမယ့် အချစ်ကို လုံးဝပိတ်ထားတဲ့ energy တော့မတွေ့ရပါဘူး
တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ဝင်စားလာတာ၊ message ပို့လာတာ၊ ချဉ်းကပ်လာတာမျိုးတွေရှိနိုင်ပါတယ်
တဖက်သူရဲ့energy ကနူးညံ့တယ်
Romantic ဖြစ်တယ်

နောက်ထပ်ဝင်လာမယ့် connection က casual dating လောက်မဟုတ်ဘဲ နှစ်ဦးစလုံးရဲ့ ရွေးချယ်မှု၊ attraction နဲ့ emotional connection ပါလာနိုင်ပါတယ်
တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ
“ဒီလူနဲ့တော့ chemistry တစ်ခုရှိတယ်” ဆိုတဲ့ feeling ဖြစ်နိုင်တယ်
ဒါပေမယ့် The Lovers က choice လည်း ဆိုလိုတာကြောင့် အချစ်ရေးမှာ ကိုယ်တကယ်လိုချင်တဲ့ relationship ကို ရွေးချယ်ရမယ့်အချိန်လည်း ရောက်လာပြီလို့လည်းပြောလို့ရပါတယ်
ဒီ connection ကStrong attraction ရှိတာ Physical chemistryမိတာမျိုးလည်းတွေ့ရတယ်
အထူးသဖြင့် အပြင်ထွက်တာ၊ social activity, hobby/gym/work-related environment ကနေ လူသစ်တစ်ယောက်နဲ့ ဆုံနိုင်တဲ့ energy မျိုးပါ
✨ Timing အနေနဲ့တော့ Wands energy ကြောင့် မကြာခင်ဖြစ်နိုင်တဲ့ energy ပါ အရမ်းဝေးတဲ့ future လို့ မမြင်ရဘူးပြီးတော့ ဒီ reading ရဲ့ key message က “Don’t chase love. Let the spark meet you halfway.” တဲ့ရှင်💕

Career & financial transformation in Lunar Eclipse 🍀🍀Overall energy အနေနဲ့ အခုအချိန်မှာ ကိုယ့်ဘဝထဲက အလုပ်အကိုင်၊ ဝင်ငွေ၊...
28/08/2026

Career & financial transformation in Lunar Eclipse 🍀🍀

Overall energy အနေနဲ့ အခုအချိန်မှာ ကိုယ့်ဘဝထဲက အလုပ်အကိုင်၊ ဝင်ငွေ၊ future plan တွေကတစ်ခါတည်းပြောင်းလဲသွားမယ့် energy မဟုတ်ဘဲ တဖြည်းဖြည်း balance ပြန်ယူနေတဲ့ transition period ဖြစ်ပါတယ်ရှင်
အရင်က မသေချာခဲ့တာတွေ၊ ကြာမြင့်နေတဲ့ကိစ္စတွေ၊ စောင့်နေရတဲ့အရာတွေရှိခဲ့ရင် အဲဒီ cycle ကနေ တဖြည်းဖြည်းရွေ့လာပါလိမ့်မယ်နော်

Career ပိုင်းမှာ “သူများသွားတဲ့လမ်းကို မလိုက်နဲ့ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ့်တန်ဖိုးကို အသုံးချနိုင်တဲ့လမ်းကို ရွေးပါ”
လို့ပြောနေပါတယ်
အလုပ်အကိုင်နဲ့ပတ်သက်ပြီး အရင်ကလုပ်ခဲ့ဖူးတဲ့အရာ၊ ရရှိထားပြီးသား skill၊ experience တစ်ခုဟာ နောက်ပိုင်းမှာ ပြန်အသုံးဝင်လာနိုင်ပါတယ်
အထူးသဖြင့် အသစ်ကနေ အစအဆုံးစတင်တာထက် အရင်ကတည်ဆောက်ထားတာကို upgrade လုပ်ပြီး နောက် level တက်သွားတာ ပိုမြင်ရပါတယ်

လူတစ်ယောက်ရဲ့ support / connection ကနေ choice တစ်ခု ပေါ်လာပြီး နောက်ဆုံး agreement / contract တစ်ခုလုပ်ဖို့အခွင့်လမ်းပေါ်လာဖို့ရှိပါတယ်
အလုပ်အကိုင်မှာ contract, agreement, partnership, commitment ကိုမြင်ရပါတယ်
နောက်ထပ်အလုပ်လမ်းကြောင်း ၂ ခု ရွေးချယ်စရာတစ်ခုထက်ပိုလာတာမျိုးလည်းတွေ့ရပါတယ်
တစ်ယောက်တည်း ကြိုးစားပြီး အလုပ်ရှာတာ/လုပ်ငန်းတိုးချဲ့တာထက် connection/network/recommendation ကနေ opportunity ရလာနိုင်ခြေပိုများပါတယ်

Financial pressure တွေရှိရင်ဒါက temporary ပဲဖြစ်ပါတယ်နော်
ကိုယ့်လမ်းကို သေချာရွေးပြီး action ယူတဲ့အချိန်မှာ energy က တဖြည်းဖြည်း ပြောင်းလာပါလိမ့်မယ်ရှင်
ခုကာလမှာ ကိုယ့် career direction ကို ပြောင်းရမယ့်အချိန် ပြန်ရွှေးချယ်မှုတွေလုပ်ရမဲ့အချိန်လို့ အဓိကမြင်မိပါတယ်ရှင် 🍀🍀❤️❤️

24/08/2026

တစ်ခါတလေ ကိုယ်လိုချင်တဲ့အရာတစ်ခုကို အရမ်းလိုချင်လွန်းတဲ့အခါ Universe ကိုတောင် ကိုယ့်စိတ်ကူးထားတဲ့ပုံစံအတိုင်း ဖြစ်လာအောင် ကြိုးစားမိတတ်ပါတယ်
ဘယ်သူဖြစ်ရမယ်…
ဘယ်အချိန်ဖြစ်ရမယ်…
ဘယ်လိုဖြစ်ရမယ်…
ဘယ်နေ့မှာ result ရရမယ်…
ဆိုပြီး Outcome ကို အတိအကျသတ်မှတ်ထားမိတတ်ပါတယ်။
ဒါပေမယ့် Universal Law of Surrender ကတော့
“Your job is to set the intention.
The Universe’s job is to decide the route.”
လို့ သတိပေးနေပါတယ်ရှင်
ကိုယ်လိုချင်တာကို တောင်းလို့ရတယ်
Manifest လုပ်လို့ရတယ်
ဆုတောင်းလို့ရတယ်
Action လုပ်လို့ရတယ်
ဒါပေမယ့် ဘယ်လိုနည်းနဲ့ ရလာရမယ်ဆိုတာကိုတော့ Universe ကို ချန်ထားပေးရပါတယ်
အကြောင်းကတော့ ကိုယ်မြင်နေရတာက လက်ရှိအခြေအနေတစ်ခုတည်းပဲ ဖြစ်ပေမယ့်
Universe ကတော့ ကိုယ်မမြင်နိုင်သေးတဲ့ connection တွေ၊ opportunity တွေ၊ timing တွေကိုပါ ချိတ်ဆက်ပေးနေနိုင်လို့ပါ
တစ်ခါတလေ ကိုယ်ကတော့”ဒီလူပဲ ဖြစ်ရမယ်” လို့ထင်နေတဲ့အချိန်မှာ Universe က”ကိုယ့်အတွက် ဒီထက်ပိုသင့်တော်တဲ့ connection ရှိတယ်”လို့ လမ်းပြောင်းပေးနေနိုင်ပါတယ်။
တစ်ခါတလေ”ဒီအလုပ်ပဲ ရမှဖြစ်မယ်”လို့ တွေးနေတဲ့အချိန်မှာUniverse က ကိုယ်မစဉ်းစားဖူးတဲ့ door တစ်ခုပွင့်လာအောင် ပြင်ဆင်ပေးနေနိုင်ပါတယ်
ဒါကြောင့် Surrender ဆိုတာ လက်လျော့ခြင်းမဟုတ်ပါဘူး။
Surrender ဆိုတာ
“I trust that what is meant for me will find its way to me.”ဆိုတဲ့ ယုံကြည်မှုပါ။
ကိုယ်လုပ်ရမယ့်အပိုင်းကို လုပ်ပါ။
ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။
Intention ကို ရှင်းရှင်းလင်းလင်းထားပါ။
ပြီးရင်…
Let go.
နေ့တိုင်း signs ရှာနေဖို့ မလိုဘူး။
တစ်ယောက်ယောက်ရဲ့ energy ကို အမြဲစောင့်ကြည့်နေဖို့ မလိုဘူး။
“ဘယ်တော့ဖြစ်မလဲ” ဆိုပြီး Universe ကို အမြဲမေးနေဖို့ မလိုဘူး။
ဘာဖြစ်လို့လဲဆိုတော့
အလွန်အကျွံ control လုပ်တဲ့အခါ ကိုယ့်စိတ်က Universe ရဲ့ flow ကို မယုံကြည်တော့ဘဲ fear ကို ယုံကြည်နေမိတတ်လို့ပါ။
ဒီနေ့ရဲ့ messageလေးက—
🌌 Stop micromanaging the Universe.
🌌 Stop forcing the timeline.
🌌 Stop trying to control every detail.
ကိုယ့်ရဲ့ intention ကို မလွှတ်ပါနဲ့။
ဒါပေမယ့် intention ဖြစ်လာမယ့်ပုံစံကိုတော့ လွှတ်ပေးပါ။
အရာတစ်ခုကကိုယ့်အတွက်ဖြစ်ရင်
ကိုယ်က အတင်းဆွဲယူစရာမလိုဘဲ
အခြေအနေတွေ တဖြည်းဖြည်း align ဖြစ်လာပါလိမ့်မယ်။
တံခါးတစ်ခုပိတ်သွားရင်
အဲဒါဟာ punishment မဟုတ်နိုင်ပါဘူး။
တစ်ခါတလေ Redirection ဖြစ်ပါတယ်။
Delay ဖြစ်နေရင်လည်း
အမြဲတမ်း denial မဟုတ်ပါဘူး။
တစ်ခါတလေ Divine timing ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ
ကိုယ့်ဘဝကို အတင်းအကြပ် push လုပ်နေမယ့်အစား
အသက်ရှူပါ… 🌬️
ပြီးတော့ ပြောလိုက်ပါ
“I surrender my need to control.
I trust the timing.
I trust the path.
I trust that what is meant for me will unfold in the right way and at the right time.”
ကိုယ့်ရဲ့အလုပ်က တံခါးကို ဖွင့်ဖို့ ပါ
ဘယ်သူက အဲဒီတံခါးကနေ ဝင်လာမလဲ၊
ဘယ်လမ်းကိုသွားရမလဲ၊
ဘယ်အချိန်မှာ အရာတွေ align ဖြစ်မလဲဆိုတာကတော့
Universe ကို ယုံကြည်ပြီး ချန်ထားလိုက်ပါ။ 🤍
My will to thy will.
I release control.
I trust the flow of life. ❤️❤️❤️

20/08/2026

Coffee Lover Energy Reading ☕🤎
ကော်ဖီဆိုတာ မပေါ်ခဲ့ရင် လူတွေ ဘာဖြစ်ကြမလဲ?
မနက်အိပ်ရာထတာနဲ့
“Coffee မသောက်ရသေးဘူး…” ဆိုပြီး mood မတက်တဲ့သူတွေရှိတယ်
တချို့ကတော့ ကော်ဖီတစ်ခွက်မရမချင်း
လူတွေနဲ့ စကားမပြောချင်ဘူး ☕
Coffee က ကျွန်မအတွက်တော့
Energy drink တစ်ခွက်ထက်ပိုတယ်
အလုပ်လုပ်ဖို့ focus လိုတဲ့အချိန်၊
စိတ်ရှုပ်တဲ့အချိန်၊
တစ်ယောက်တည်း chill ချင်တဲ့အချိန်၊
ကိုယ့်ကိုယ်ကို little treat ပေးချင်တဲ့အချိန်တိုင်း ☕ Coffee လိုတယ်
ဒါကြောင့် ဒီနေ့ Reading ကိုလည်း
“ကိုယ့်ရဲ့ Coffee Energy က ဘာပြောနေလဲ?” ဆိုပြီး ဖတ်ကြည့်မယ် 🤎
☕ Coffee မရှိရင် မဖြစ်ဘူးဆိုရင်
ဒီ reading ကကိုယ့်အတွက်ပဲနော်
😍😍

ဒီ Reading ရဲ့ overall energy က Comfort , Calm Energy and Self-Love ဆိုတဲ့ energy လို့မြင်ရတယ်
ကော်ဖီချစ်တဲ့သူတွေအတွက် ကော်ဖီဆိုတာ ရိုးရိုး သောက်စရာတစ်ခု မဟုတ်ဘူးတစ်နေ့တာကို စတင်ပေးတဲ့ ritual တစ်ခု၊ စိတ်ရှုပ်တဲ့အချိန်မှာ ခဏနားပေးတဲ့အရာတစ်ခု၊ ကိုယ့်ကိုယ်ကို “ဒီနေ့လည်း အဆင်ပြေပါတယ်” လို့ ပြန်ပြောပေးတဲ့ little comfort တစ်ခုလို ဖြစ်နေတတ်ပါတယ်
အခု Reading ရဲ့ energy အရတချို့က အပြင်မှာတော့ အဆင်ပြေသလိုနေပေမယ့် အတွင်းမှာတော့ အများကြီးတွေးနေတဲ့သူ ဖြစ်နိုင်တယ် လူတွေအတွက် အားပေးပေးနိုင်ပေမယ့် ကိုယ့်အတွက်တော့ တစ်ခါတလေ ဘာလုပ်ရမှန်းမသိတဲ့အချိန်တွေရှိတတ်တယ်။
အဲ့လိုအချိန်မှာ Coffee တစ်ခွက်နဲ့ တစ်ယောက်တည်းထိုင်ပြီး
“Okay… let me breathe.” ☕🤎
ဆိုတဲ့ moment လေးက တကယ်အရေးကြီးတယ်နော် ဒီ Reading က နောက်ထပ်ပြောနေတာက ကိုယ့်ရဲ့ happiness ကို အကြီးကြီးတွေထဲမှာပဲ ရှာစရာမလိုဘူး ဆိုတာပါပဲ
ကော်ဖီတစ်ခွက်ကောင်းကောင်း၊
ကိုယ်ကြိုက်တဲ့သီချင်းတစ်ပုဒ်၊
မနက်ခင်းနေရောင်လေး၊
အေးအေးဆေးဆေးထိုင်ရတဲ့အချိန်လေး၊
ကိုယ်ချစ်တဲ့လူတစ်ယောက်နဲ့ conversation လေးတစ်ခု
ဒီလိုသေးသေးလေးတွေကပဲ တကယ့် happiness ဖြစ်လာနိုင်တယ်
❤️❤️Relationship အပိုင်းမှာလည်း တစ်ယောက်ယောက်ဆီက ကိုယ့် happiness ကို အပြည့်အဝမစောင့်တော့ဘဲ ကိုယ့်ဘဝကို ကိုယ်ပြန်တည်ဆောက်လာတဲ့ energy ရှိပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကိုရွေးမလား၊ မရွေးဘူးလားဆိုတာထက် “ငါ့ဘဝမှာ ငါပျော်နိုင်ဖို့ ဘာလိုလဲ?” ဆိုတာကို ပိုအာရုံစိုက်လာမယ့်အချိန်ပါရှင်
🍀💰Career / Money ဘက်မှာတော့ slow but steady energy ပါ။ အရာအားလုံးကို တစ်ရက်တည်းနဲ့ ပြောင်းလဲဖို့မလိုဘူး။ နေ့တိုင်း coffee တစ်ခွက်သောက်သလိုပဲ ကိုယ့်ရဲ့ goal တွေကိုလည်း တစ်နေ့ချင်း၊ တစ်ဆင့်ချင်း ဆက်လုပ်သွားရင် result က တဖြည်းဖြည်းပေါ်လာပါလိမ့်မယ်
ဒီ Reading ရဲ့ deeper message က
“Your life doesn’t have to be perfect for you to enjoy it.”
ဘဝမှာ မပြီးသေးတဲ့အရာတွေရှိနိုင်တယ်။
မဖြေရှင်းရသေးတဲ့ပြဿနာတွေရှိနိုင်တယ်။
မရသေးတဲ့အိပ်မက်တွေရှိနိုင်တယ်။
ဒါပေမယ့် အဲ့ဒါတွေကြားထဲမှာပဲ ကိုယ့်အတွက် happiness လေးတွေ ဖန်တီးခွင့်ရှိတယ်။
ကော်ဖီတစ်ခွက်လိုပဲ
ဘဝက ခါးတဲ့အချိန်တွေရှိပေမယ့် ခါးတာတစ်ခုတည်းနဲ့ ဘဝတစ်ခုလုံးကို မသတ်မှတ်လိုက်ပါနဲ့တဲ့ရှင် ☕🤎✨
Overall Energy: “Slow down. Enjoy the little things. You are allowed to romanticize your own life.” 🌿☕✨

19.8.2026 ဒီနေ့ရဲ့ Overall Energy 🍀🍀အခုချိန်မှာ ကိုယ်လိုချင်တာတွေကို “ဘယ်လိုလုပ်ရမလဲ၊ ဘယ်တော့ဖြစ်မလဲ” ဆိုပြီး အရမ်း cont...
19/08/2026

19.8.2026 ဒီနေ့ရဲ့ Overall Energy 🍀🍀
အခုချိန်မှာ ကိုယ်လိုချင်တာတွေကို “ဘယ်လိုလုပ်ရမလဲ၊ ဘယ်တော့ဖြစ်မလဲ” ဆိုပြီး အရမ်း control လုပ်နေမယ့်အစား ကိုယ့်ဘဝထဲမှာ ရှိပြီးသားကောင်းတဲ့အရာလေးတွေကို ခံစားဖို့ card ကပြောနေပါတယ်
တစ်ခါတလေ manifestation ဆိုတာပိုပြီးကြိုးစားတာမဟုတ်ဘဲ ကိုယ်က လက်ခံနိုင်တဲ့ state ထဲဝင်သွားတာ ဖြစ်တတ်တယ်
ဒီနေ့မှာ
✨ အလှအပ
✨ Self-love
✨ Pleasure
✨ Money/abundance
✨ Relationship
✨ Creativity
တွေက energy တက်လာနိုင်ပါတယ်ရှင်
💕 Love Energy
Venus card ဖြစ်လို့ အချစ်ရေးမှာ softness နဲ့ attraction energy ကောင်းပါတယ်
တစ်ယောက်ယောက်ကို chase လုပ်ဖို့၊ reply ရအောင် force လုပ်ဖို့ထက်”I am worthy of being loved, chosen and appreciated.” ဆိုတဲ့ energy ထဲနေပါနော်
တစ်ယောက်ယောက်နဲ့ connection ရှိနေပြီးသားဆိုရင်လည်း ဒီနေ့မှာ သူ့ဘက်က energy ကို အတင်းဖတ်ဖို့ထက် ကိုယ့်ခံစားချက်ကို ပြန်နားထောင်ဖို့ ပိုအရေးကြီးပါတယ်ရှင်
💰 Money / Career
ဒီနေ့က hustle energy ထက် receive energy ပိုများတာမို့
ကိုယ်လုပ်နေတဲ့အရာကို ပိုလှအောင်၊ ပို enjoyable ဖြစ်အောင်၊ ကိုယ့်ရဲ့ natural talent ကို အသုံးချဖို့ကောင်းတဲ့နေ့ဖြစ်ပါတယ်အထူးသဖြင့် creative work, beauty, spiritual work, content, social media, personal branding လုပ်သူတွေအတွက် Venus energy က အရမ်းလိုက်ဖက်ပါတယ်
🧘‍♀️ ဒီနေ့အတွက် Message
“You don't have to force what is meant to flow.”
ဒီနေ့မှာ ကိုယ့်ကိုယ်ကို
☕ ကော်ဖီကောင်းကောင်းတစ်ခွက်သောက်တာ
🌸 ကိုယ့်ကိုယ်ကိုလှအောင်ပြင်တာ
🎵 သီချင်းနားထောင်တာ
💆‍♀️ body care လုပ်တာ
🌿 နေရာလှလှလေးမှာ အချိန်ဖြုန်းတာ
လိုမျိုး သေးသေးလေးတွေကနေ pleasure ကို consciously ခံစားပါ
ဒီနေ့ရဲ့ key word ကတော့ “RECEIVE.”
အရာအားလုံးကို ကိုယ်တစ်ယောက်တည်း push လုပ်နေစရာမလိုဘူး ဘဝကပေးလာတာကိုလည်း ခံယူတတ်ဖို့ ဒီနေ့က သင်ပေးနေပါတယ်နော်
Affirmation:
“I allow life to be sweet. I am open to receiving love, joy, beauty and abundance.” 💗
ဒီနေ့မှာ နှင်းဆီပန်းကိုဘုရားကပ်တာဖြစ်ဖြစ် ကိုယ်ကိုးကွယ်ရာကို offer လုပ်ပြီး လိုရာဆုတခုလေးလေးနက်နက်တောင်းပါနော် ❤️❤️🍀🍀 ဆုတောင်းတွေပြည့်မယ်လို့ယုံကြည်ပါတယ်ရှင် 🙏🙏🙏

Cord cutting reading ဆိုတဲ့Package အသစ်လေးနဲ့မိတ်ဆက်ပေးချင်လို့ပါ 🍀🍀ကြည့်ပေးမဲ့အကြောင်းအရာက- Current Energyလက်ရှိ relati...
18/08/2026

Cord cutting reading ဆိုတဲ့Package အသစ်လေးနဲ့မိတ်ဆက်ပေးချင်လို့ပါ 🍀🍀

ကြည့်ပေးမဲ့အကြောင်းအရာက
- Current Energy
လက်ရှိ relationship/connection ရဲ့ energy ဘယ်လိုရှိလဲ
ဘာကြောင့် attachment ဖြစ်နေသေးလဲ
- The Cord
ဘယ်လို emotional pattern က ဆက်ချည်ထားတာလဲFear / guilt / longing / hope / anger / unfinished conversation စတာတွေထဲက ဘာက အဓိကလဲ
- What Needs to Be Released
ကိုယ်ဘက်က release လုပ်ရမယ့်အရာ
သူ့ဆီကို ပြန်ပေးရမယ့် energy
ကိုယ့်ဆီ ပြန်ယူရမယ့် energy
- Soul Lesson
ဒီ connection က ကိုယ့်ကို ဘာသင်ပေးခဲ့လဲ
ဘာကိုနားလည်ပြီး ရှေ့ဆက်ဖို့လိုလဲ
- Release လုပ်ပြီးနောက် ကိုယ့် emotional energy ဘယ်လိုပြောင်းနိုင်လဲ
Package fees - 33333 ပါရှင်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Oracle Readings By Phoo โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์